ဗလဗွီ
发布2010/12/1的
royaldavide
心情:
.
标签:ကဗျာ
အချေဘဝက
ငယ်စဉ်ကပင်
ရူးရူးမူးမူး
အချစ်ထူးရေ
ချစ်ဦးချေကို
တအောင့်ချေလည်း
ငါ့ရင်ထဲးမှာ
မိန့်လို့မရ
လွမ်းဆွေးရလို့
အိပ်ပျက်ညဥ့်တိ
ဗလဗွီ...။
.....
၂၉-၁၁-၂၀၁၀
http://kyawdiary.blogspot.com/
阅读文章
新增评论
ချစ်သူသို့တမ်းတခြင်း...
发布2010/10/5的
royaldavide
标签:ကဗျာ
ချစ်သူ...
ငါ့ဘ၀အတွက် ပိုင်ဆိုင်ခြင်းသမျှ
လွမ်းဆွေး တမ်းတခြင်းတိကရာ
တဘ၀လုံးအတွက်
ထာဝရလက်ဆောင်တိရာလား...။
အချစ်ကြီးချစ်လို့
အလွမ်းကြီးစွာနန့်လွမ်းနိန်ရရေဘဝ
အိပ်ပျက်ညဥ့်တိဆိုစွာလည်း
အထီးကျန် ငါ့ဘ၀အတွက်
ထာဝအဖော်မွန်တခုပါရာ...။
အေနိန့် ညဇာဖက်ကလည်း
မင်းပြန်ရောက်တေလို့သိရလို့
မင်းကိုတွိ့ချင်ဇောနန့်
ငါဖုန်းဆက်လိုက်သီးရေ...။
ယကေလည်း ချစ်သူ..
မင်း Field ထွက်လားလို့
ငါ မင်းကိုမတွိ့လိုက်ရလေ...။
မင်းတယောက်က
ကကောင်းနိန်နိုင်ရေလို့လည်း
ငါမစွပ်စွဲချင်ဝေး...။
ဇာဖြစ်လို့လဲဆိုကေ
ငါက မင်းကိုမိန့်မရရေပိုင်
မင်းတယောက်ကလည်း
ငါ့ကို သတိရလီဖို့လို့
ယုံကြည်လို့ပါ...။
ငယ်စဉ်ဘ၀က
ငါ့ရို့နှစ်ယောက်ကမ္ဘ္ဘာထဲမှာ
အမှတ်တရများစွာတိလည်း
အများကြီးပါမလား ချစ်သူ...။
ယင်းစွာတိက
ငါရို့နှစ်ယောက်ဘ၀အတွက်
မိန့်လို့ရနိုင်စရာမှမဟုတ်စွာလေ...။
ဇာပိုင်ပင်ဖြစ်ဖြစ် ချစ်သူ..
မိုင်ထောင်သောင်းချီလို့ ဝီးနိန်ရကေလည်း
မပြောင်းမလဲ ခိုင်မြဲသစ္စာ
ယုံကြည်စွာနန့်
မြတ်မြတ်နိုးနိုး မေတ္တာပျိုးပနာ
မင်းတယောက်တည်းကိုရာ
ရူးမိုက်စွာနန့် ချစ်နိန်ရစွာကိုတော့ခါ
မင်းသိပါလီဝေး...။
------------
၀၃း၁၀း၂၀၁၀
၈း၂၁ ပီအမ်
阅读文章
新增评论
မင်းကိုလွမ်းရေနိန့်
发布2010/9/24的
royaldavide
心情:
.
标签:ကဗျာ
ချစ်သူ..
မင်းအသံကိုမကြားရရေနိန်တိမှာ
ပုံမှန်လည်ပတ်နိန်ကျ
နံရံထက်က နာရီလက်တံတိက
နှေးကွေးလို့….။
ပုံမှန်ကုန်ဆုံးနိန်ကျ
ပြက္ခဒိန်ထက်က ရက်စွဲတိလည်း
အီးစက်စွာနန့်
ငါ့ကိုနှိပ်စက်လို့…။
အိမ်နံဘေး အပင်ထက်က
မြည်တွန်နိန်ကျ
ကျီးငှက်သာရကာတိ၏
ချိုမြတေးသံတိကလည်း
အလွမ်းသခြင်းတိဖြစ်လို့…။
ချစ်သူ…
တခါတလီ ငါစဉ်းစားမိရေ
“အိပ်မက်ထဲမှာဒါလေ့
မင်းကိုမိန့်နိုင်ကောင်းယက်”လို့…။
ယကေလေ့
မင်းကို အိပ်မက်ထဲမှာ
မိန့်နိုင်ဖို့ဆိုစွာကိုထားလိုက်
မင်းကိုချစ်အားကြီးလို့
အလွမ်းဒဏ်သင့်နိန်ရေ
ငါဆိုရေ အကောင်က
အိပ်ပျော်ရေနိန်ဆိုစွာလည်း
နတ္ထိပါ…။
----------
၂၄၊ ၀၉၊ ၂၀၁၀
阅读文章
讨论
[2]
ရခိုင်သားသို့မှာကြားခြင်း
发布2010/9/20的
royaldavide
标签:ကဗျာ
ရခိုင်ပြည်ပေါက်ဖွား ရခိုင်သားသို့
မှာခြင်းတခု ပြုချင်ရေ။
တိုက်ကြီးတိုက်ငယ် အသွယ်သွယ်နန့်
ဇိမ်ခံကားများ တဖားဖားနန့်
စီးပွားဥစ္စာ ကြွယ်ချမ်းသာလို့
ငါမှငါဟု ဂုဏ်မော်ပြုကာ
ဂေါင်းမော်ကာဖြင့် မနိန်သင့်။
ရခိုင်စာပီ ရခိုင်မြီနန့်
ခိုင်ပြည်ရက္ခ တိုးတက်ရအောင်
ချိန်မှီကြိုးပမ်း တာဝန်ထမ်းဖို့
ရခိုင်သားတိုင်း တာဝန်ပင်။
……………………..
၁၆-၀၆-၂၀၀၃
阅读文章
新增评论
သံသယတပိဿာနန့် “ငါ”
发布2010/9/20的
royaldavide
标签:ပေါက်ကရအတွေး ပေါက်ကရအရွီး
ကုန်ဆုံးဖို့နီးပါးဖြစ်နိန်ရေ ငါ့အချစ်တိက ကြယ်ရောင်တိမတောက်ပရေ လမိုက်ညဥ့်အမှောင်အောက်ထဲမှာ ဆက်လက်ရှင်သန်းနိန်ရရေချစ်သူ။
အိပ်မက်မဆန်ဒဏ္ဍာရီမဟုတ်ခလို့ ငါ့နှလုံးသားမှ ချစ်ခြင်းဖွဲ့သံစဉ်တိစွာ အမြဲတမ်းရှင်သန်နိန်ရရေ။ တသက်မှာတခါ တဘဝမှာတယောက်အဖြစ်နန့် မင်းကိုချစ်နိန်ရရေ။ တသက်မှာတခါ ရင်မှာပွင့်လန်းလာရရေ ငါ့မေတ္တာပန်းချေတပွင့်ကို ငါ့အချစ်ဆုံးသူ မင်းဂေါင်းထက်မှာ ပန်းခွင့်မရလိုက်ဘဲနန့် ကြွီးနွမ်းပနာ ရင်တဖိုဖိုနန့် ငိုကြွီးကျန်ခဖို့ကို တွက်ကြည့်လို့ ငါ့ရင်ထဲမှာ သဲပျက်မတတ်ပါ။
ငါ့ရင်ထဲမှာပွင့်လာရေပန်းချေတပွင့်က အပယ်ခံပန်းတစ်ပွင့်မဟုတ်ခကေ မင်းဘဝအတွက် အတွယ်တာပန်းချေတပွင့်တော့ခါ ဖြစ်သင့်ရေလေ။ အစားထိုးမိန့်မရခြင်းတိနန့် မင်းတယောက်တည်းကိုသာ ချစ်နိန်စွာပါရာ။
ယကေလေ့ တွယ်တာတတ်တေနှလုံးသားတခုကို မတွယ်တာတတ်တေပိုင်၊ မိန့်လို့မရ နိန့်နိန့်ညည လွမ်းနိန်ရစွာတိကို မလွမ်းတတ်တေပိုင် နှုတ်ပိတ်နိန်ရရေသူပါရာ။ ဇာဖြစ်လို့လည်းဆိုကေ မိုးနန့်မြီပနာ အလှမ်းကွာဝီးရေငါ့ဘဝက စန္ဒာလမင်းကြီးနန့် မှိတ်တုတ် မှိတ်တုတ်နန့် ဖြစ်နိန်ရေကြယ်ချေပိုင်ချောင် လင်းအားတိကွာနိန်ရေဘဝမှာ မဟာပထဝီမြီကြီးမှာ ခြီစုံရပ်လို့ ထို… အာကာထက်က လမင်းကြီးကို လိုချင်လို့ လွမ်းဆွေးပနာ ငိုရေပိုင်ချောင်ရာ ဖြစ်လီဖို့လား။ အလှဒေဝီ သီတာဒေဝီကို ချစ်ခီမှားကေ ဒသဂီရိပိုင်ရာ ဖြစ်လီဖို့လား။ အေပိုင်လားပေါင်းများစွာ ရင်ထဲမှာရောထွီးယင်းနန့် မင်းနန့်တွိ့ဆုံနိုင်ဖို့ အင်အားတိလည်း ငါ့မှမဟိပါဗျာယ်ဝေး.. ချစ်သူ။
၂၃-၀၇-၂၀၀၃
阅读文章
讨论
[2]
မပြောင်းလဲပါ
发布2010/9/11的
royaldavide
标签:ကဗျာ
ကိုယ့်ပျိုးသည်ပန်း ကြွီကာနွမ်းပြီး
မြီမှာခ,ယ ဝပ်စင်းခလည်း
ပြာတိကိုမှုတ် ဖုံကိုသုတ်ပြီး
ဲမြတ်မြတ်နိုးနိုး ရင်မှာပျိုးပြီး
ချစ်ခင်တွယ်တာ ယုယစွာဖြင့်
ထာဝရသာ သိမ်းထားပါဖို့။
------------------
၂၀-၀၁-၂၀၀၄
阅读文章
新增评论
ဝီရိယ
发布2010/9/11的
royaldavide
标签:ကဗျာ
လုံးလဝီရိယ ညံ့ဖျင်းလှက
အထွတ်ထိပ်ပန်းတိုင် မရောက်နိုင်ချေ။
မြင့်မြတ်ထိပ်ဖျား ရောက်ချင်ငြားက
ဇွဲလုံးလသန် ပြင်းပြင်းထန်နန့်
မရပ်မနား လွန်ကြိုးစားက
မိုးထိပန်းတိုင် တက်လှမ်းနိုင်၏။
-------------
၀၂-၀၁-၂၀၀၄
阅读文章
新增评论
CTRL
前 →
http://vzochat.com/zh/blogroll/royaldavide/page/2