VZOchat博客 RSS Available

职位akyawmyint朋友

အားကျမိပါတယ်........

发布2011/12/4的 thi da nge

~
ဟီလာရီ စီးလေ့ရှိသည့် C-40B အထူးဂျက်လေယာဉ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အသုံးပြုတဲ့
လေယာဉ်တွေအနက် C-40B အမျိုးအစား ဘိုးရင်းဂျက်လေယာဉ်လဲ အပါအ၀င် ဖြစ်ပါတယ်။



C-40B အထူး ဂျက်လေယာဉ်ထဲမှာ အလုပ်လုပ်နေတဲ့ ဟီလာရီ


ဟီလာရီအတွက် အထူး သံတမန်လုံခြုံရေးအရာရှိ


C-40B ဂျက်လေယာဉ်ဟာ အလျား ပေ ၁၁၀နဲ့ လေးလက်မရှိပီး အမြင့် ၄၁ပေနဲ့ ၂ လက်မ ရှိပါတယ်။
GE-CFM 56-7B27 အမျိုးအစား အင်ဂျင် ၂ လုံး တပ်ဆင်ထားပြီး ရေမိုင် ၄၆၀၀ ထိ ဆီမဖြည့်ဘဲ
ဆက်တိုက် ပျံနိုင်စွမ်းရှိပါတယ်။ မူလအသုံးပြုဖို့ ရည်ရွယ်ချက်က တိုက်ပွဲဝင်မဲ့ အမေရိကန် တပ်မှူးတွေ
အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတွေကို သွားလိုရာ ကမ္ဘာ့ဒေသအသီးသီးကို သက်တောင့်သက်သာ
စိတ်ချလက်ချ သယ်ပို့ပေးဖို့ ဖြစ်ပါတယ်။

ဒီလေယာဉ်ဟာ အရပ်သုံး ဘိုးရင်းဂျက်လေယာဉ် ၇၃၇-၇၀၀ ကို စစ်သုံးဖြစ်အောင် အမေရိကန်လေတပ်
အတွက် ပြုပြင်ထားတဲ့ အထူးဂျက်လေယာဉ်ဖြစ်ပါတယ်။ C-40B ဂျက်လေယာဉ်ကို အမေရိကန်
ထိပ်တန်းစစ်အရာရှိတွေ အမေရိကန်အစိုးရ ခေါင်းဆောင်တွေအတွက် မိုးပျံရုံးခန်း ဖြစ်အောင်
ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဟီလာရီကလင်တန် စီးလာတဲ့ C-40B ဂျက်လေယာဉ်ပေါ်မှာ အချက်အလက်တွေ ဗီဒီယိုတွေ ပေးပို့
ဖမ်းယူနိုင်တဲ့ အမြန်နှုန်းကောင်းတဲ့ အင်တာနက်စနစ်တပ်ဆင်ထားသလို အသံနဲ့အချက်အလက်
ဆက်သွယ်ရေးစနစ်ကလဲ ရှင်းလင်းကြည်လင်ပြီး လုံခြုံမှုရှိတဲ့ စနစ်မျိုးတပ်ဆင်ထားပါတယ်။

ဒီလေယာဉ်ကို အသုံးပြုတဲ့ တိုက်ပွဲဝင် အမေရိကန်တပ်မှူးတွေအနေနဲ့ လေယာဉ်ပေါ်က အင်တာနက်
စနစ်၊ LAN အင်တာနက် ကွန်ယက်ဆက်သွယ်ရေးစနစ်၊ ကောင်းမွန်အောင် ပြုပြင်ထားတဲ့ တယ်လီ
ဖုန်းစနစ်၊ ဂြိုလ်တုစနစ်တွေ၊ တီဗွီမော်နီတာတွေ၊ ဖက်စ်ပို့တဲ့စက်တွေ မိတ္တူကူးစက်တွေကိုသုံးပီး
ကမ္ဘာ့ဘယ်ဒေသမှာမဆို စစ်ဆင်ရေးအတွက် အသုံးပြုနိုင်ပါတယ်။ ဟီလာရီကလင်တန် စီးလာတဲ့
C-40B ဂျက်လေယာဉ်ကို ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့အတွက် လက်နက်တပ်ဆင်ဖို့ လုပ်နေဆဲ ဖြစ်ပါတယ်။

C-40B ဂျက်လေယာဉ်ရဲ့ လေယာဉ်မှူး ခေါင်းခန်းကိုကြည့်ရင်လဲ
-ဂျီပီအက်စ်စနစ်နဲ့ ပေါင်းစပ်ထားတဲ့ လေယာဉ်ပျံသန်းမှု ထိန်းချုပ်ရေး ကွန်ပြူတာစနစ်
-နောင် အနာဂတ်မှာသုံးမဲ့ ဂျြိလ်တုဆက်သွယ်ရေးစနစ်အခြေခံ ကမ္ဘာလုံးဆိုင်ရာ လေကြောင်းစီ
မံခန့်ခွဲမှုစနစ် (GATM/FANS) နဲ့ လိုက်ဖက်တဲ့ လေယာဉ်မောင်းစနစ်
-လေယာဉ်တွေ လေထဲပျံနေစဉ် တစင်းနဲ့တစင်း ပုံမှန်ဒေါင်လိုက်အမြင့်ကို လျှော့ချနိုင်တဲ့စနစ်
- လေကြောင်းသတိပေးချက်နဲ့ လေယာဉ်ချင်းမတိုက်မိအောင် ရှောင်နိုင်တဲ့စနစ်-၂
-လေတိုက်နှုန်းခန့်မှန်းစနစ်
-Head-up Display (HUD) စနစ်လို့ခေါ်တဲ့ လေယာဉ်မှူးမျက်လုံးတည့်တည့်မြင်ကွင်းထဲမှာ ဒိုး
ယိုးပေါက်မြင်နေရတဲ့ ဒိုင်ခွက်စနစ်စတဲ့ ခေတ်မီ စနစ်တွေ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

လေယာဉ်ထဲမှာလဲ လေယာဉ်အမှုထမ်းတွေ နားနေခန်း၊ အိပ်စင်တွေ တပ်ဆင်ထားတဲ့ ဂုဏ်သရေရှိ
ဧည့်သည်တော်တွေအတွက် အခန်း၊ စားဖိုခန်း နှစ်ခု၊ ရုံးခန်းစားပွဲတွေပါတဲ့ business class
ထိုင်ခုံတွေ တပ်ဆင်ထားပါတယ်။

စစ်မြေပြင်မဟုတ်တဲ့ နိုင်ငံမျိုးကို သွားတဲ့အခါမှာသာ C-40B ဂျက်လေယာဉ်ကို အမေရိကန်နိုင်
ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က သုံးပေမဲ့ ကဒတ်ဖီကို ဖမ်းမိဖို့ ကြိုးစားနေတဲ့ကာလ
မြေပြင်ပစ်ခတ်မှုတွေ စိုးရိမ်ရတဲ့ လစ်ဗျားကို သွားတုံးကတော့ လုံခြုံရေးစနစ် ပိုကောင်းမွန်တဲ့
စစ်သုံး C-17 ဂလုပ်မာစတာ-၃ အမျိုးအစား ဧရာမ ဘိုးရင်းလေယာဉ်ကြီးနဲ့ သွားခဲ့ပါတယ်။


C-17 အထူးဂျက်လေယာဉ်ကြီး © Awie Badenhorst / Alamy


C-17 ဂလုပ်မာစတာ-၃ အမျိုးအစား ဘိုးရင်းလေယာဉ်ကတော့ ဧရာမဘိုးရင်းဂျက်လေယာဉ်ကြီးဖြစ်ပြီး
စစ်သားတွေ အစားအစာတွေ ထောက်ပို့ပစ္စည်းတွေကို ကမ္ဘာအနှံ့ သယ်ပို့ပေးနိုင်ပါတယ်။

C-17 လေယာဉ်တွင်း မြင်ကွင်း-၁


အထုးသဖြင့် စစ်တလင်းဖြစ်နေတဲ့ လစ်ဗျားလိုနိုင်ငံမျိုးက ပစ်နိုင်တဲ့ မြေပြင်ကနေ ဝေဟင်ပစ်
ဒုံးကျည်တွေ အသေးစားလက်နက်တွေရဲ့ ရန်ကို ကာကွယ်ဖို့အတွက် C-17 ဂျက်လေယာဉ်ဟာ
ကိုယ်ထည်ကြီးမားပေမဲ့ လေထဲကို မတ်စောက်တဲ့ ဒီဂရီအနေအထားမျိုးနဲ့ အတက်အဆင်း လုပ်နိုင်စွမ်း ရှိပါတယ်။

C-17 ဂျက်လေယာဉ် အတက်အဆင်းလုပ်နေချိန်မှာ လေယာဉ်မောင်းတဲ့တာဝန်မရှိတဲ့ လေယာဉ်
အမှုထမ်းတွေက လေယာဉ်ကို ပခုံးထမ်းဒုံးကျည်နဲ့ပစ်သလားဆိုတာ လေယာဉ် ပြတင်းပေါက်
ကနေ ကြည့်နေရပါတယ်။ ပခုံးထမ်း ဒုံးကျည်နဲ့ ပစ်တာမြင်ပီဆိုတာနဲ့ လေယာဉ်မှူးတွေကနေ
အပူဓါတ်ပါတဲ့ မီးကျည်သေနတ်ကို တည်ကြက်အနေနဲ့ ပစ်လွှတ်ပီး ကာကွယ်ရပါတယ်။
ဂျက်လေယာဉ် အင်ဂျင်ကထွက်တဲ့ မီးခိုးအပူဓါတ်ကို နောက်ယောင်ခံတက်လာတဲ့ မြေပြင်က
ပစ်တဲ့ ပခုံးထမ်း ဒုံးကျည်ဟာ လေယာဉ်မှူးတွေ ပစ်ချလိုက်တဲ့ အပူဓါတ် မီးကျည်နောက်ကို
ပစ်မှတ်ပြောင်း လိုက်သွားလေ့ရှိတဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး စီးတဲ့ လေယာဉ်
ဒုံးကျည်ရန်က လွှတ်ကင်းသွားမှာဖြစ်ပါတယ်။


C-17 လေယာဉ်တွင်း မြင်ကွင်း-၂

 


C-17 လေယာဉ်တွင်း မြင်ကွင်း-၃


========================================================
ဟီလာရီကလင်တန်ထက် လုံခြုံရေး အဆင့်ဆင့် ထူပြောလှတဲ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ၂၀၁၁ မေလ အင်္ဂလန်ခရီးစဉ်အကြောင်းက်ုလဲ ပြန်ပြောင်း ဖောက်သည်ချပါရစေ
==========================================================

  • အိုဘားမားရဲ့ ၂၀၁၁ မေလ လန်ဒန် ဘုရင်မနန်းတော်ခရီး လုံခြုံရေး



ပြီးခဲ့တဲ့ မေလထဲကလဲ အိုဘားမား ဇနီးမောင်နှံနဲ့အဖွဲ့ အင်္ဂလန်ကို လာလည်တော့လဲ လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုန်ပါတယ်။

လူ ၅၀၀ ကျော်လောက်ပါတဲ့ အိုဘားမားအဖွဲ့ထဲမှာ အိမ်ဖြူတော် အရာရှိတွေ၊ သမ္မတကို အရေးပေါ်ကုသဖို့ ဆရာဝန် ၆ ဦးပါ ဆေးအဖွဲ့၊ သမ္မတအတွက် စားဖိုမှူးတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ၂၀၀ ကျော်ရှိတဲ့ သမ္မတ ကိုယ်ရံတော် စုံထောက်တွေ ပါဝင်ပါတယ်။

အင်္ဂလန်မှာ ခရီးလှည့်နေစဉ် အမေရိကန်ကနေ လေယာဉ်နဲ့သယ်လာတဲ့ စီးတော်ယာဉ် The Beast ကို အိုဘားမား စီးနင်းပါတယ်။ အိုဘားမားကားကို တခြားမော်တော်ယာဉ် အစီး ၂၀ ကခြံရံပီး ဒီကားတန်းကိုမှ ရှေ့ပြေးမော်တော်ယာဉ်တွေက ဦးဆောင်ပါတယ်။

အိုးဘားမားရဲ့ အခြံအရံတွေထဲမှာ ညူကလီယာ ဒုံးပျံတွေ ပစ်လွှတ်ဖို့ လျို့ဝှက် ကုတ်နံပါတ်တွေပါတဲ့ လက်ဆွဲအိတ်ကိုင် အရာရှိတဦးအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနကြီး ၆ ခုရဲ့ ကိုယ်စားလှယ်တွေလဲ ပါဝင်ပါတယ်။ အိုဘားမား စီးတဲ့ Air Force One လေယာဉ်ကြီးဟာ အားကစားရုံတွေ ခွဲစိတ်ခန်းတွေပါဝင်တဲ့ ဧရာမ မိုးပျံဟော်တယ်ကြီးအသွင် ဆောင်နေပါတယ်။ ဒါ့ပြင် ညူကလီယာပေါက်ကွဲမြှုဖစ်ခဲ့ရင် ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည် ကာကွယ်တဲ့စနစ်လဲ တပ်ဆင်ထားပါတယ်။

တည်ကြက် လေယာဉ်တစီးခြံရံထားပီး ဇိမ်ခံဟော်တယ်ကြီးအသွင် အိုဘားမားစီးတော်မူတဲ့ Air Force One လေယာဉ်ကြီးဟာ တနာရီပျံသန်းတိုင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂သိန်းနီးပါးရှိပါသတဲ့။ အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်ကလဲ ဒုံးကျည်ရန်ကို ရှောင်လွဲနိုင်တဲ့ မီးကျည်တွေ တပ်ဆင်ထားပါတယ်။


ဒုံးကျည်ကို တည်ကြက်လုပ် လမ်းလွဲခေါ်နိုင်တဲ့ မီးကျည်စနစ်


အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်နဲ့ တည်ကြက်ယာဉ်တွေအပါအ၀င် ယာဉ်မျိုးစုံ ၄၅ စီးကို အိုဘားမားသွားမဲ့
ခရီးစဉ်မတိုင်ခင် C-17 ဂျက်လေယာဉ်ကြိးနဲ့ ကြိုတင် ပို့ထားရပါတယ်။ အရင်ကဆိုရင် သတင်းစာသမားတွေ
တီဗီံသမားတွေအတွက် ဘတ်စကား ၂ စီး၊ ရေဒါဖျက်တဲ့ယာဉ်တစီးနဲ့ SWAT ကွန်မင်ဒိုတွေအတွက် ကားတစီး
ပါလေ့ရှိပါတယ်။ သမ္မတ အိုဘားမားရဲ့ လန်ဒန်ခရီးစဉ်အတွင်း သမ္မတမိန့်ခွန်းရေးပေးသူ ၄ ဦး ပါလာပါတယ်။

အိုင်ယာလန်ကအပြန် လန်ဒန် ဘာကင်ကမ် ဘုရင်မနန်းတော်ကို အိုဘားဘား ညအိပ်လာရောက်
လည်ပတ်ခဲ့ပါတယ်။ ဘာကင်ကမ် နန်းတော်ဆိုတာ အင်္ဂလန် ပြည့်ရှင် အင်မတန် ချမ်းသာတဲ့
ဘုရင်မနန်းတော်မို့ အစစ ဘယ်လောက် ပြည့်စုံမလဲ ဧည့်ဝတ်ကျေမလဲ မှန်းကြည့်နိုင်ပါတယ်။
အိုဘားမား ဇနီးမောင်နှံထားမဲ့ နန်းတော်အခန်းဆိုတာကလဲ နယ်လဆင်မန်ဒဲလားတို့ အမေရိကန်
သမတ ကနေဒီတို့ လာတုံးက တည်းခိုခဲ့တဲ့ သမိုင်းဝင် အခန်းဖြစ်ပါတယ်။

ဘယ်လောက်ဘဲ ဘုရင်မနန်းတော်အရာရှိတွေဘက်က ပြည့်စုံအောင် လုပ်ထားပါစေ…အမေရိကန်
သမ္မတရဲ့ လုံခြုံရေးအရာရှိတွေအတွက်တော့ မပြည့်စုံဘူးလို့ ယူဆပါတယ်။ ဒီမှာတင် အမေရိကန်
ကနေ သမ္မတကိုယ်ရံတော် လုံခြုံရေးစုံထောက်တွေ ယူလာတဲ့ ဗုံးဒဏ် ကာကွယ်နိုင်တဲ့ မှန်နှစ်ထပ်
ပုံစံ အလွှာတခုကို အိုဘားမားအိပ်မဲ့ အခန်းပြတင်းပေါက်တွေမှာ အပြင်က ထပ်တပ်ခွင့်ပေးရမယ်လို့
တောင်းဆိုလာလို့ နန်းတော်အရာရှိ အံ့အားတသင့် ဖြစ်ကုန်ပါသတဲ့။

ဒီကြားထဲ သမ္မတအိုဘားမားရဲ့ ကိုယ်ရံတော် ထောက်လှမ်းရေးတပ်ဖွဲ့က နန်းတော်မြေအောက်ခန်းမှာ
စစ်တပ်ပုံစံ အိပ်စင်တွေနဲ့နေရာယူ…ကိုယ်ပိုင် ဆက်သွယ်ရေး စက်ကိရိယာတွေတပ်ထားပါတယ်။
အိုဘားမား လုံခြုံရေးစုံထောက်တွေ သေနတ်တွေ တကားကားနဲ့ အင်္ဂလန်ဘုရင်မ နန်းတော်ထဲမှာ
သူတို့ကိုယ်ပိုင်နန်းတော်အလား ပြေးလွှားနေလိုက်ကြတာ ၂၄ ဆိုတဲ့ တီဗွီဇာတ်လမ်းကြည့်နေရသ
လားထင်ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အိုဘားမား ကိုယ်ရံတော်တွေဟာ
သမ္မတကို အရေးပေါ် သွေးသွင်းနိုင်ဖို့ ပစ္စည်းတွေအပါအ၀င် ဆေးခန်းအသေးစားလေးတခုကို
ဆေးရုံးသုံးစက်ကရိယာတွေနဲ့ နန်းတော်ထဲမှာ တပ်ဆင်ထားပါတယ်။

နောက်ဆုံး အိုဘားမားကို အင်္ဂလန်ဘုရင်မအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သောက်ရေသန့်
ကိုတောင် တိုက်ခွင့်မပေးနိုင်၊ သူတို့အမေရိကန်က သယ်လာတဲ့ သမ္မတအိုဘားမား သောက်နေ
ကျ သောက်ရေသန့်ကိုသာ တိုက်မယ်လို့ အိုဘားမား ကိုယ်ရံတော်ထောက်လှမ်းရေးအရာ
ရှိတွေပြောတော့ နန်းတွင်းအရာရှိတွေ အံ့သြသွားပါတယ်။

ဘာကြောင့်လဲလို့မေးတော့ “ ကျွန်တော်တို့သမ္မတ ရေပြောင်းရေလွဲမှာ ဗိုက်နာတာမျိုး အဖြစ်မခံနိုင်လို့ပါ”
လို့ သမ္မတ ကိုယ်ရံတော်တွေက ဖြေပါသတဲ့….။ ဘာပြောကောင်းမလဲ။ အင်္ဂလိပ်သတင်းစာတွေဆိုတာ
ဆွေ့ဆွေ့ခုန်သွားတာဘဲ။ အိုဘားမားတို့ ဘုန်းကြီးလိုက်ပုံများ အင်္ဂလန်ဘုရင်မတောင် အရှုံးပေးရတယ်။
အင်္ဂလန်ဘုရင်မ သောက်တဲ့ရေတောင် အိုဘားမားကို မတိုက်နိုင်ဘူး…တဲ့။

ဘာပြောပြော အိုဘားမားအတွက် ခုလို နန်းတော်လုံခြုံရေးလုပ်နေတာတွေဟာ ၂၀၀၃ ခုနှစ်က
လာသွားတဲ့ အမေရိကန်သမတ ဂျော့ဒတ်ဗလူဘွတ်လာတုံးကထက်စာရင် အများကြီးတော်ပါသေး
တယ်လို့ နန်းတော်သတင်းရပ်ကွက်က ပြောပါတယ်။

သမ္မတဘွတ်လာတုံးကများဆိုရင် သမ္မတလုံခြုံရေးအဖွဲ့က ဘာကင်ကမ် နန်းတော် ပြတင်းပေါက်
၇၆၀ လုံးကို လဲပေးရမယ် တောင်းဆိုခဲ့သလို မစ္စတာဘွတ် စီးလာတဲ့ ရဟတ်ယာဉ်တွေကလဲ အလွန်ကြီး
မားလွန်းတဲ့အတွက် နန်းတော်က သစ်ပင်တွေ ပန်းပင်တွေ လေဟပ်ပီး ပြားချပ်ကုန်လို့ ဘုရင်
မကြီးတောင် အတော်စိတ်ဆိုးသွားပါသတဲ့။

ထူးခြားတာက အကြမ်းဘက်တိုက်ခိုက်မှုမျိုးစုံကနေ ကာကွယ်နိုင်စွမ်းရှိပါတယ်ဆိုတဲ့ အိုဘားမားစီး
လာတဲ့ The Beast စီးတော်ယာဉ် ကားကြီးဟာ အိုင်ယာလန် ဒပ်ဗလင်မြို အမေရိကန်သံရုံးကအထွက်
တံခါးဝမှာတင် ကားဗိုက်နဲ့ တခါးအထွက် အရှိန်တားတုံးနဲ့ တိုက်ပီး ထိုးရပ်သွားလို့ အင်္ဂလိပ်စာနယ်
ဇင်းတွေက အားမနာတမ်း လှောင်တာ ခံလိုက်ရပါတယ်။


အိုင်ယာလန် အမေရိကန်သံရုံးအထွက် တခါးဝမှာ ထိုးရပ်သွားတဲ့ အိုဘားမား ကားကြီး

 


အဆိုးထဲက အကောင်းလို့ပြောရရင်တော့ အင်္ဂလိပ်စာနယ်ဇင်းတွေ မသိလိုက်တဲ့ အချက်က အိုဘားမားစီးတဲ့ကားတန်းထဲမှာ The Beast နဲ့ ဆင်တူ တည်ကြက်ကားတွေလဲပါနေတာမို့ ထိုးရပ်သွားတဲ့ကားထဲမှာ အိုဘားမားပါသလား ဘယ်ကားမှာ အိုဘားမားပါသလဲဆိုတာကို အများပြည်သူတွ သံရုံးရှေ့က ကြည့်နေတဲ့ကြားက မျက်စေ့လည်သွားအောင် သမ္မတ ကိုယ်ရံတော်အဖွဲ့က လုံခြုံရေးစနစ်ကစား သွားခဲ့ပါသတဲ့။

=========================================================
အမေရိကန်သမ္မတ လုံခြုံရေးကို ဘယ်လောက်အလေးထားသလဲ နှိုင်းယှဉ်ကြည့်ဖို့အတွက် ၂၀၀၉ ခုနှစ် လန်ဒန်
ဂျှီ-၂၀ ထိပ်သီး ဆွေးနွေးပွဲ အိုဘားမား လာတုံးက ခေတ်ပြိုင် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လုံခြုံရေးစနစ်ကို ပြန်လည်
ကူးယူ ဖော်ပြလိုက်ပါတယ်။        (ခေတ်ပြိုင်ဂျာနယ်မရှိတော့တဲ့အတွက် အယ်ဒီတာအဖွဲကို  ခွင့်ပြုချက် မတောင်းနိုင်ခဲ့တာ တောင်းပန်ပါတယ်)
========================================================

သမ္မတ အိုဘားမား ဒုံးကျည်၊ ဓါတုလက်နက်ခံနိုင်တဲ့ ယာဉ်စစီးပြီ
(ခေတ်ပြိုင်ဂျာနယ်မှ)

အမေရိကန်သမ္မတ အိုဘားမား ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတက်ရန် လန်ဒန်ရောက်နေစဉ် မည်သည့်အကြမ်းဖက်မှု မျိုးမျှ မဖြစ်ပွားစေရန်နှင့် သမ္မတကြီးအား မှဲ့တပေါက် မစွန်းစေရန် အိမ်ရှင် ဗြိတိသျှအစိုးရက တာဝန်ယူထားသည်။

အိုဘားမားနှင့်အတူ အရာရှိ (၅၀၀) ၊ အထူးထောက်လှမ်းရေး (၂၀၀) နှင့် ဆရာဝန်သူနာပြုအဖွဲ့ စသည်တို့ လိုက်ပါလာပြီး အိုဘားမားနှင့်အဖွဲ့ လန်ဒန်တွင် အသုံးပြုမည့် ယာဉ်မျိုးစုံ (၃၅) စီးကိုလည်း အမေရိကန်လေတပ် စီ-၁၇ လေယာဉ်ကြီးဖြင့် တပါတည်း သယ်လာသည်။

လုံခြုံရေး အထူးအစီအစဉ်
သမ္မတအိုဘားမားစီးနင်းသည့် Air Force One အထူးလေယာဉ် အင်္ဂလန်လေကြောင်းပိုင်နက်ဝင်လာသည်နှင့် RAF အင်္ဂလန်ဘုရင့်လေတပ် တိုက်လေယာဉ်အုပ်စုက အိုဘားမားလေယာဉ် စတင်းစတက် လေဆိပ်ဆင်းသည်ထိ ကာကွယ်စောင့်ရှောက်မည်။

အိုဘားမား၏ Air Force One သမ္မတသုံး အထူးလေယာဉ်မှာ ဘိုးရင်း (၇၄၇) အမျိုးအစားဖြစ်ပြီး လေယာဉ်ပျံသန်းနေစဉ် သမ္မတအလုပ်လုပ်နိုင်အောင် လေယာဉ်အတွင်း စီမံထားသည်။ အားကစားလေ့ကျင့်ခန်း ၀ါသနာပါသူ အိုဘားမားအတွက် လေယာဉ်ထဲတွင် အားကစားလုပ်နိုင်ရန်လည်း စီစဉ်ထားသည်။

Air Force One အထူးလေယာဉ်ကို အီလက်ထရို မက်နက်တစ်လှိုင်းကာကွယ်သည့် လုံခြုံရေးပစ္စည်းများ တပ်ထားသည့်ပြင် လေယာဉ်တွင်း ဆက်သွယ်ရေးပစ္စည်းများမှာလည်း နျူကလီးယားလက်နက်တိုက်ခိုက်မှုမှ ထွက်လာသည့် ဓာတ်ရောင်ခြည်ဖြာထွက်မှုကိုပါ ကာကွယ်နိုင်သည်ဆို၏။
လေဆိပ်မှ လန်ဒန်လုံခြုံရေး


အိုဘားမားစီးတဲ့ AirForce One လေယာဉ်


အိုဘားမား စတင်းစတက် လေဆိပ်ရောက်ပြီး မိနစ်ပိုင်းအတွင်း အိုဘားမား၏ Marine One ခေါ် သမ္မတသုံး အထူးရဟတ်ယာဉ် (VH-3D) ဖြင့် လန်ဒန်မြို့လယ်သို့ သွားရောက်ခဲ့သည်။

မရင်းဝမ်း ရဟတ်ယာဉ်သည် အပူဓာတ်ကိုရှာပြီး ပစ်ခတ်သည့် ဒုံးကျည်များကို လမ်းလွှဲပေးနိုင်သည့် ရောင်ခြည်များ ပစ်လွှတ်နိုင်သည်။ အမေရိကန်သမ္မတလိုက်ပါသည့် မရင်းဝမ်း ရဟတ်ယာဉ်ကို သူ့ချည်းတစီးတည်း မပျံစေဘဲ တိုက်ခိုက်မှုများ ဖြစ်လာပါက မျက်စိလည်စေရန် အမျိုးအစားတူ အခြားရဟတ်ယာဉ်များနှင့် ရောနှောပျံသန်းလေ့ ရှိသည်။

ပျံသန်းသည့် အခါတွင်လည်း မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များ ပစ်ခတ်မှု ခက်ခဲစေရန် အမြင့်ပေ (၃၀၀) မှ (၅၀၀) ကြားပျံသန်းလေ့ရှိပြီး သမ္မတအိုဘားမားစီးသည့် မရင်းဝမ်းရဟတ်ယာဉ် မြေပြင်မှထွက်သည်နှင့် မရင်းဝမ်းနှင့်အတူ ပုံတူအခြားတည်ကြက် ရဟတ်ယာဉ် (၃-၄) စီးက လမ်းတလျှောက် အထက်တက်လိုက် အောက်ဆင်းလိုက်လုပ် ပျံနေခြင်းဖြင့် မည်သည့် ရဟတ်ယာဉ်မှာ သမ္မတပါလာမှန်းမသိအောင် ပရိယာယ်ဆင်ခြင်း ဖြစ်သည်။ ထိုနည်းကို Shell Game ဟု ခေါ်သည်။

စတင်းစတက်လေဆိပ်မှ လန်ဒန်မြို့လယ်ကောင်ရှိ အမေရိကန်သံအမတ်ကြီးအိမ်သို့ အိုဘားမားအား ပို့ဆောင်ပေးရန် ခရီးအတွက် ထိုမရင်းဝမ်းရဟတ်ယာဉ်ကို အမေရိကန်မှ သယ်လာခြင်းဖြစ်သည်။

အိုဘားမား၏ The Beast စီးတော်ယာဉ်

အမေရိကန်မှ လန်ဒန်သို့ တကူးတက သယ်လာသည့် အိုဘားမားစီးမည့် သမ္မတသုံးကားမှာ The Beast ဟု အမည်ပေးထားသည့် ဇိမ်ခံကားဒီးလက်အမျိုးအစားကားကြီးဖြစ်ပြီး ဂျိန်းစဘွန်းစီးသည့် ကားကဲ့သို့ Pump action ဖြင့် ပစ်နိုင်သည့် သေနတ်များ တပ်ဆင်ထားပြီး ယာဉ်မောင်းကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က လေ့ကျင့်ပေးထားသည်။

အမေရိကန်သမ္မတစီးမည့် The Beast ကားကြီးသည် ယခုနှစ်ဆန်းကမှ ထုတ်လုပ်ပြီးစီးခဲ့သည့် ကားသစ်ကြီး ဖြစ်ပြီး အိုဘားမား ပထမဆုံး စတင်သုံးမည့် သမ္မတသုံးကားဖြစ်သည်။ ဒေါ်လာ (၃၀၀,၀၀၀) တန်သည်ဆို၏။ အဆိုပါကားကို အိုဘားမား လန်ဒန်မှာ ခေတ္တရှိနေစဉ် စီးနင်းရန် အသုံးပြုမည်ဖြစ်သည်။

အမေရိကန်သမ္မတစီးသည့် The Beast ကားဘော်ဒီကို (၅) လက်မထူသည့် တိုက်တေနီယမ်နှင့် ကြွေထည်ရော ထားသည့် သတ္တုစပ်ဖြင့် ဆောက်လုပ်ထားပြီး မှန်များကိုလည်း ကျည်ကာမှန်များ တပ်ဆင်ထားသည်။ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခြင်း၊ ဒုံးကျည်နှင့် တိုက်ခိုက်ခြင်းတို့ကိုပင် ကာကွယ်နိုင်သည်ဟုဆိုသည်။

ကားတာယာများကလည်း မပေါက်နိုင်သည့် တာယာများဖြစ်ပြီး ကားထဲတွင် မျက်ရည်ယိုဗုံး၊ ညကြည့်ကင်မရာ အပြင် ဓာတုလက်နက်ဖြင့်တိုက်လာလျှင် လေသန့်အမြန် ထုတ်ပေးနိုင်မည့် အောက်ဆီဂျင်ဓာတ်အိုး စသည့် ပစ္စည်းများလည်း တပ်ဆင်ထားသည်။

အမေရိကန်သမ္မတ အခြံအရံများ
 

အိုဘားမားရဲ့ မရင်းဝမ်း အထူးရဟတ်ယာဉ်

လန်ဒန်၌ အိုဘားမားသွားလေရာ အထူးအမေရိကန်ထောက်လှမ်းရေး (၂၀၀) က လိုက်ပါစောင့်ကြပ်နေမည်ဖြစ်ပြီး အိုဘားမားကျန်းမာရေး ရုတ်တရက် ဖောက်လာလျှင် အရေးပေါ် သွေးသွင်းရန် သမ္မတ၏ အေဘီသွေးကို အသင့်ဆောင်ထားသည့် အမေရိကန်ဆရာဝန်များ၊ ခွဲစိတ်ကုဆရာဝန်များနှင့် သူနာပြုဆရာမများပါသည့် ဆေးအဖွဲ့လည်း ပါဝင်သည်။

အိုဘားမားစီးနင်းသည့် The Beast စီးတော်ယာဉ်ကို ကာကွယ်ရန်အတွက် အင်္ဂလန်မှ Specialist Protection Group နှင့် Diplomatic Protection Group မှ လုံခြုံရေးအရာရှိများက ကျည်ကာလင့်ရိုဘာ ကားများစီးပြီး စောင့်ရှောက်မည်။ အဆိုပါ လုံခြုံရေးအရာရှိများသည် (၉) မီလီမီတာ Glock ပစ္စတိုသေနတ်များ၊ MP5 ကာဘိုင်သေနတ်များ၊ G9 ရိုင်ဖယ်များ စသည်တို့ကို ကိုင်ဆောင်ထားမည်ဖြစ်သည်။

လန်ဒန်ရဲတပ်ဖွဲ့ ဗဟိုစစ်ဆင်ရေးဌာနခွဲ CO19 မှ လက်ဖြောင့်သေနတ်သမားများက အကြမ်းဖက်မည့် အလား အလာများကို ရှာဖွေနိုင်ရန် အိုဘားမားလာမည့် လမ်းတလျှောက် အဆောက်အဦခေါင်မိုးများပေါ်မှာ နေရာယူထားမည်။ အဆိုပါဌာနခွဲမှ ရဟတ်ယာဉ်များကလည်း အိုဘားမား၏ ကားတန်းကို ကောင်းကင်မှ ထက်ကြပ်မကွာ စောင့်ကြည့်နေပြီး အမေရိကန် သမ္မတ ကားတန်း လှုပ်ရှားသွားလာနေသည့် ဓာတ်ပုံများကို လန်ဒန် စကော့တလန်ယာဒ်အဖွဲ့ကြီး ထိန်းချုပ်ရေးဌာနသို့ ပို့ပေးမည်ဖြစ်သည်။

ကိုးကားချက်။     ။ http://freedomnewsgroup.com တွင် ဖော်ပြထားသော

 စာစုများ ဖြစ်သည် ။

Written By:

THIDA MOE PHYU (Japan)

President and Chief Operating Officer <Myanmar - editor >

Thidange VZO Corp:

阅读文章   新增评论

၂၀၁၁ ခုနစ်အတွက် ကျွန်မရဲ. ပုံပြင်လေးတစ်ပုဒ်

发布2011/3/24的 thi da nge

'' မိန်းမဖြစ်ရတဲ့ ဘ၀ ''

သတိပေးချက်။    ။သံဃာတော်များ ၊အသက်ဆယ့်ရှစ်နှစ်အောက် ကလေးများ နှင့် ယဉ်ကျေးသိမ်မွေ. အရှက်အကြောက်ကြီးသော မြန်မာမိန်းကလေးများ မဖတ်ကြပါရန် ။

တစ်ခုသော တနင်္ဂနွေနေ.လေး တစ်နေ.မှာ အလုပ်ပိတ်ရက်လည်းဖြစ်၍ ကျွန်မမှာ အိမ်မှုကိစ္စများ

လုပ်ဆောင်အပြီးတွင် ကွန်ပြူတာရှေ.သို. ရောက်ပြီး ကျွန်မရဲ. Gmail ရှိ inbox  ထဲတွင် မလေးရှား

မှ ကျွန်မရဲ. သူငယ်ချင်းဖြစ်သူ ကိုစောသူရ ပေးပို.လိုက်သော( Mail ) စာများအား ဘာရယ်မဟုတ်

ဖတ်နေမိပါသည်။ထိုစာလေးအား ဖတ်အပြီးတွင် ကျွန်မရဲ. ခေါင်းထဲသို. အတွေးများစွာက

မဖိတ်ခေါ်ဘဲ တောက်လျှောက် ထိုးဖောက် ၀င်ရောက်လာပါတော့သည်။အဲဒီလို အတွေးများထဲ

တွင် ကျွန်မရဲ. သူငယ်ချင်း တစ်ယောက်ဖြစ်သော ကိုဇော်လတ် ရဲ. စကားများစွာကို လည်းပြန်

လည် အမှတ်ရမိပါသည်။ ကျွန်မမှာ ထိုစာလေးအား ဖတ်အပြီးတွင် သြော်.....ဒို.မြန်မာနိုင်ငံမှာ

လည်း အဲဒီလိုပဲ တရားဝင် လက်မထပ်ရသေးဘဲ ကုတင်ပေါ်သို. အတူတူ တက်ပြီးသွားသလို ၊

လက်ထက်ပြီးသား တရားဝင်ကာမပိုင် လင်ယောကျာင်္း ရှိသော်လည်း နောက်မီးလင်း ဖောက်ပြန်

မှုတွေ ရှေးအရင်းကတည်းက ရှိခဲ့ပေမဲ့ ဒီဘက်ခေတ်မှာ ပိုပြီးများလာသလိုပဲ ဟုကျွန်မ တွေး

တောနေမိပါသည် ။ “  ဖက်ပေါ် ဆူးကျလဲ ဖက်ပဲပေါက်သလို ၊ဆူးပေါ် ဖက်ကျလဲ ဖက်ပဲ ပေါက်

ပါတယ် '' ဆိုသကဲ့သို. ကျွန်မတို. မိန်းမသားဘ၀မှာ နာစရာရှိရင် ကိုယ်တွေကပဲ နစ်နာတာပါ ။

ယခုခေတ် မြန်မာမိန်းကလေးတွေ ခေတ်မှီလာတာကတော့ အဲဒီလိုမျိုး မဟုတ်တဲ့နေရာမှာ

ထူးချွန်ပါပေတယ် ။ထားလိုက်ပါတော့လေ.....ကျွန်မသူငယ်ချင်း ပေးပို.လိုက်တဲ့ စာလေးအား

အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

တိုက်ဆိုင်လိုက်တာ

 

ရတနာထွန်း
အတွဲ ၂၆ ၊ အမှတ် ၅၀၉ (၁၁ - ၁၇ ၊ ၃ ၊ ၂၀၁၁)

လူတစ်ယောက်က စားသောက်ဆိုင် တစ်ခုရဲ့ဘားမှာထိုင်ပြီး ၀ိုင်နီ တစ်ခွက် မှာပါတယ်။

သူ့နံဘေးကမိန်းမက ကျွန်မလည်း အဲဒါပဲမှာလိုက်တာလို့ ပြောတော့

သူက"ကျွန်တော်ကတော့ပျော်စရာကြုံလို့ ဂုဏ်ပြုတဲ့အနေနဲ့သောက် မှာ"လို့ ဆိုပါတယ်။

အမျိုးသမီးကလည်း"တိုက်ဆိုင်လိုက်တာရှင်။ ကျွန်မလည်း ပျော်စရာရှိ နေလို့ ၀ိုင်နီ

မှာသောက်တာ"လို့ဆိုတော့ အမျိုးသားက ဘာများလဲလို့ မေးတော့"ကျွန်မတို့လင်မယားက

အိမ်ထောင်ကျတာကြာပြီ။ ဒါပေမယ့် ကလေးမရဘူး။ ဒီနေ့ ဆရာဝန်က ကျွန်မမှာကိုယ်ဝန်ရှိနေပြီလို့

ပြော လိုက်တာနဲ့ ပျော်နေတာ"လို့ ဆိုပါတယ်။

အဲဒီအခါမှာအမျိုးသားက "တိုက်ဆိုင်လိုက်တာဗျာ။ကျွန်တော်က ကြက် မွေးမြူရေးလုပ်တာပါ။

ကျွန်တော့ကြက်မတွေ ဥမဥတာကြာပြီ။ ဒီနေ့ ကြက်မတွေ ဥပြန်ဥလို့ ပျော်နေတာ"လို့ဆိုတော့

အမျိုးသမီးက"ရှင်က ဘယ်လိုနည်းလမ်းသုံးလိုက်လို့တုံး"လို့ မေးပါတယ်။

ဒီတော့သူက "ကျွန်တော်လား၊ ကြက်ဖတွေလဲလိုက်တယ်လေ။ ခင်ဗျားရော"လို့ မေးလိုက်တော့

အမျိုးသမီးက "အို၊ တိုက်ဆိုင်လွန်း လိုက်တာရှင်"တဲ့။

 ( မှတ်ချက် ။     ။ ထိုစာလေးမှာ မြန်မာတိုင်းဂျာနယ် အတွဲ ၂၆  ၊အမှတ် ၅၀၉ မှ နားနားနေနေ

စိတ်အပန်းဖြေ ခေါင်းစဉ်အောက်ရှိ တိုက်ဆိုင်လိုက်တာ ဆိုတဲ့ ဟာသ အကြောင်းအရာလေး

အား ကျွန်မ ဖတ်ရန်အလို.ငှါ ၄င်းမှ သူငယ်ချင်းကောင်း ပီသစွာ အားအားရားရားဖြင့် ပေးပို.

လာတာပါ ) ။

အောက်ဖော်ပြပေးမဲ့ စာသားများသည် ကိုဇော်လတ် တွေ.ကြုံခဲ့မှုများနှင့် ကျွန်မရဲ. အတွေ.

အကြုံများကို ပေါင်းစပ်ပြီး ရေးသားထားခြင်းပါ ။

တစ်ခု မှာကြားချင်တာကတော့ ဒီနေရာမှ စတင်ပြီး အစ္စလာမ်ဘာသာဝင်များ ဖတ်၈ှုရန် မသင့်

တော်၍ စာရေးသူ ကျွန်မ အနေဖြင့် များစွာ များစွာဖြင့် တားမြစ်ပါသည် ။တားမြစ်ချက်အား

မလိုက်နာဘဲ ဖတ်၈ှုလိုက်မိပါက ကောင်းသည်ဖြစ်စေ ၊ဆိုးသည်ဖြစ်စေ ကျွန်မနှင့် လုံးဝ လုံးဝ

မသက်ဆိုင်ပါကြောင်း ။

 

အချိန်ကာလမှာ ကျွန်ုပ် ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ရောက်ရန် စောင့်မျှော်နေတဲ့

ကြားကာလလေးပါ ။ကျွန်ုပ်မှာ ၁၉၉၆ ခုနစ်တွင် ဆယ်တန်းအောင်သောကြောင့် ကံဆိုးချင်တော့

မြန်မာနိုင်ငံရဲ. နိုင်ငံရေး အခြေအနေကြောင့် တက္ကသိုလ်များအား ပိတ်ထားသော အချိန်နှင့်

သွားတိုက်ဆိုင်နေပါသည် ။ကျွန်ုပ် ဇော်လတ်မှာ တက္ကသိုလ်တက်ရောက်ရန် (ဆင် -ီး ခွေးမျှော်

သလို ) စောင့် နေပါသော်လည်း အစိုးရမှ ရက်အကန်.အသတ်မရှိ ပိတ်ထားလိုက်သောကြောင့်

လွန်စွာမှ အားရားနေတဲ့ ကျွန်ုပ်အား ဖခင်မှ '' ဟေ့ကောင်...ဒီခေတ်က နည်းပညာတိုးတက်

လာတဲ့ခေတ်ဖြစ်တဲ့ အတွက်ကြောင့် ကွန်ပြူတာ သင်တန်းတက်ကွာ ။အင်္ဂလိပ်စာ ၊အင်္ဂလိပ်စကား

ပြော သင်တန်းလဲတက်အုံးကွ ။နောက်ပြီး လူဆိုတာ အတတ်ပညာတစ်ခုခု တတ်ထားရင် ထမင်း

မငတ်နိုင်ဘူးကွ ။ဒါကြောင့် ကားမောင်း ၊ကားပြင်သင်တန်းလဲတက်ကွ ''  ဆိုပြီး ကျွန်ုပ်ရဲ. အားရား

ပြီး ၁၀၉ ၊၁၁၀  အလုပ်မရှိ ၊အကိုင်မရှိ ၊ကျောင်းသားဆိုလဲ ပြောလို.မရတော့တဲ့ ဖားတစ်ပိုင်း၊

ငါးတစ်ပိုင်း ဖြစ်စဉ်ကို လွန်စွာ မျက်စီနောက်လှသောကြောင့် သင်တန်းတစ်ခုပြီး တစ်ခုတက်ခိုင်း

လေတော့သည် ။

အဲဒီလိုပဲ သင်တန်းတစ်ခုပြီး တစ်ခုတက်ရင်း ၊တစ်ဖက်မှ ကျွန်ုပ်ဖခင်ရဲ. စီးပွါးရေးဖြစ်သော

စားသောက်ဆိုင်ကလေးမှာ ၀ိုင်းကူလုပ်ရင်း အချိန်တွေဟာ တစ်နှစ်ပြီး တစ်နှစ်ကုန်ဆုံးလာရင်း

၂၀၀၀ ခုနစ်မှပဲ တက္ကသိုလ်တက်ရန် ကျောင်းများပြန်လည် ဖွင့်ပါတော့လေသည်။ကျွန်ုပ်မှာ

ထိုသတင်းကြားရလျှင် ကြားရချင်းပဲ ပျော်ရွှင်သွားတော့သည်။အဘယ်ကြောင့်ဆိုသော် မွေးချင်း

မောင်နှမ ငါးယောက်ထဲမှာမှ အထွေးဆုံး(အငယ်ဆုံး) ဖြစ်သော ကျွန်ုပ်တစ်ယောက်ထဲသာ

ဆယ်တန်းအောင်ပြီး တက္ကသိုလ်သို. တက်ရောက်နိုင်သော အတွက်ကြောင့်သော်လည်းကောင်း၊

ကျောင်းတက်ရတော့မယ်ဆိုတော့ ဖခင်ရဲ. အလုပ်ကို ၀ိုင်းလုပ်ပေးစရာ မလိုတော့တဲ့ အတွက်

ကြောင့် သော်လည်းကောင်း ၊ဆွေမျိုးများထဲတွင်လည်းကောင်း ၊ရပ်ကွက်ထဲတွင်လည်းကောင်း

မျက်နှာငယ်လေးနှင့် တစ်ယောက်လာလဲ ကိုးတန်းနှင့် ကျောင်းထွက်၊နောက်တစ်ယောက်လာလဲ

ဆယ်တန်းနှစ်ခါ၈ှုံးပြီး ကျောင်းထွက်နှင့် ပညာရေးဘက်မှာ လွန်စွာမှ အသုံးမကျသော ကျွန်ုပ်ရဲ.

အစ်ကို ၊အစ်မတွေရဲ. အရိပ်မည်းကို ကျွန်ုပ်တစ်ယောက်တည်းသာလျှင် ဘွဲ.ဓါတ်ပုံချိတ်ကာ 

ကုန်သည်မျိုးရိုးဖြစ်တဲ့ ပညာရေးကို အားမပေးတဲ့ ကျွန်ုပ်မိသားစုကလေးမှာ ကျွန်ုပ်ကြောင့်လူတွေ

အထင်သေးချင်မှ ကင်းလွှတ်ခဲ့တဲ့အတွက်ကြောင့် ကျွန်ုပ်မိခင် ဒေါ်မာလာမှာ တစ်ရပ်ကွက်လုံးသို.

လိုက်လံကြွားဝါ နေတော့လေသည်။( ကျွန်ုပ် ဆယ်တန်းအောင်တဲ့နေမှာလည်း ကျွန်ုပ်မိခင်မှာ ထ

ကပြီး တစ်ရပ်ကွက်လုံးသို. မမောတမ်း ၊မပန်းတမ်း လိုက်လံကြွားခဲ့ပြီးပါပြီ ) ။

နောက်နေ.နံနက်စောစောတွင် တစ်ရပ်ကွက်ထဲ အတူတူနေတဲ့ သူငယ်ချင်းလည်းဖြစ်သော ၊

အလယ်တန်းမှ စပြီး ဆယ်တန်းဖြေပြီးတဲ့အထိ ကျောင်းတစ်ကျောင်းထဲတွင် အခန်းတူလည်းဖြစ်

သော ၊မောင်နှမ အရင်းကဲ့သို. ပွင့်ပွင့်လင်းလင်းဖြင့် ဆိုးပေ့ ၊ကောင်းပေ့ တိုင်ပင်ဖော်တိုင်ပင်ဖက်

ကျွန်ုပ်ရဲ. အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ မအေးအေးသက် တို. မုန်.ဟင်းခါး ဆိုင်လေးသို.

ထွက်လာခဲ့လေသည် ။( ဤနေရာတွင် အေးအေးသက်ရဲ. အကြောင်းကို အနည်းငယ် ဖော်ပြပါ

ရစေ )။

အေးအေးသက် တို.အိမ်မှာ ကျွန်ုပ်တို. အိမ်နှင့် ရှစ်လုံးမြောက်တွင် ရှိပါသည် ။၎င်းဖခင်ဦးအောင်မြင့်

မှာ ဆက်သွယ်ရေးဝန်ကြီးဌါနတွင် အစိုးရ၀န်ထမ်း စာပို.သမား တစ်ဦးပါ ။၎င်းမိခင်ဒေါ်သန္တာအေး

မှာအရင်ကတော့ အလယ်တန်းပြကျောင်းဆရာမပါ ။ယခုတော့ ထိုအလုပ်မှထွက်ကာ မှီခိုသူပါ ။

၎င်းအေးအေးသက်တွင် လွန်စွာချောမောလှပသော ခြူးခြူးနွယ် ဆိုသော ညီမလေးတစ်ယောက်ထဲ

သာရှိသည် ။ သာမန်အစိုးရ၀န်ထမ်း ၄င်းဖခင်တစ်ဦးတည်းရဲ. ၀င်ငွေကိုသာ မှီခိုနေရတဲ့အတွက်ကြောင့်

အေးအေးသက်တို. မိသားစုမှာ ချောင်ချောင်လည်လည်မရှိလှပါ ။ကံတရားရဲ.မျက်နှာသာ မပေးမှု

ကြောင့် ၄င်းဖခင်ဦးအောင်မြင့်မှာ မနှစ်က အရက်သောက်များမှုကြောင့် အသည်းရောဂါဖြင့် ကွယ်လွန်

ခဲ့လေသည် ။၎င်းတို.ရဲ.မိသားစုတွင် ရွှေတောင်ကြီးပြိုလဲခဲ့သောကြောင့် စားဝတ်နေရေးအတွက်

အထက်တွင်ဖော်ပြခဲ့သလို ကျွန်ုပ်တို.ရဲ.လမ်းထိပ်တွင် မုန်.ဟင်းခါးဆိုင်လေးဖွင့်ကာ သားအမိသုံး

ယောက်သား လူ.ဘ၀ကို ပင်ပန်းဆင်းရဲ.စွာဖြင့် ရုန်းကန်ခဲ့ရလေသည် ။အေးအေးသက်မှာ အသား

ညိုကာ အရပ်ရှည်၍ ပိန်ပါသည် ။၎င်းတို.ကျန်တဲ့ မိသားစုအားလုံးမှာ အသားဖြူ၍ အရုပ်ပုသော

ကြောင့် ရပ်ကွက်ထဲမှ လွန်စွာရင်းနှီးသောသူများက ၄င်းအား  မွေးစားသမီးဆိုပြီးလည်းကောင်း ၊

သိပ်မရင်းနှီးလှသောသူများက ညိုမ ဆိုပြီးလည်းကောင်း ခေါ်ဝေါ်ကြလေသည် ။ကျွန်ုပ်မှာတော့

ထိုကဲ့သို. ၄င်းအားမခေါ်ဘဲ ကျောင်းနံမည်ဖြစ်သော အေးအေးသက် ဟုသာခေါ်ပါသည် ။၎င်းရဲ.

ညီမဖြစ်သူ ခြူးခြူးနွယ်မှာတော့ ဒီနှစ်မှာ ဆယ်တန်းကျောင်းသူလေးပါ ။ခြူးခြူးနွယ်သည် ယခုခေတ်

တက်သစ်စ ရုပ်ရှင်မင်းသမီးလေး ၀တ်မှုန်ရွှေရည်လိုမျိုး လူကောင်ပုပုသေးသေး ဖြူဖြူဖွေးဖွေးဖြင့်

ချစ်စရာကောင်းသောကြောင့် ရပ်ကွက်ထဲမှကာလသားများသာမက အခြားသောရပ်ကွက်မှကာလ

သားများပါလာရောက်ပိုးပန်းကြလေသည် ။သူကလည်း သူပါပဲ။ရုပ်ရည်အားကိုးနှင့် ရည်းစားထည်လဲ

တွဲပါကြောင့် ရပ်ကွက်ထဲမှာတော့ နာမည်ကြီးသူတစ်ဦးပါ ။ထားပါတော့လေ....အထက်တွင်ဆိုခဲ့သလို

ကျွန်ုပ်မှာ အေးအေးသက်တို.ဆိုင်ကိုရောက်တော့ မနက်စောစော ဆိုင်စဖွင့်စဆိုတော့ ခုံလွတ်တစ်ခုကို

ဆွဲယူလိုက်ပြီး ၀င်ထိုင်လိုက်လေသည် ။

 

အေးအေးသက်မှာ ကျွန်ုပ်အားမြင်လျှင် မြင်ခြင်းပင် '' ဟဲ့...ဇော်လတ် နင်ကျောင်းအပ် ပြီးပြီလား ။

ဘာမေဂျာရတာလဲ ။အစရှိသဖြင့်မေးပါလေတော့သည် ။ '' ကျွန်ုပ်မှ ကျောင်းအပ်ပြီး၍ သတ္တဗေဒ

အဓိကဘာသာရကြောင်းပြောသောအခါ သူမလည်းကျောင်းအပ်ပြီး၍ ရူပဗေဒဘာသာရကြောင်း

တောက်လျှောက်ပြောလေသည် ။ကျွန်ုပ်တို.နှစ်ယောက် စကားပြောကောင်းမယ်ရုံရှိသေး တစ်ဖက်

ဝိုင်းသို. လူသုံးယောက် ရောက်ရှိလာပြီး မှာစရာရှိ၍ သူမအားလှမ်းခေါ်လေသည် ။ထိုအခါသူမမှ

ဇော်လတ် နင်ဘာစားမလဲ ။ထုံးစံအတိုင်း ဗူးသီးကြော်နဲ.မုန်.ဟင်းခါး မဟုတ်လား ဆိုတော့ ကျွန်ုပ်မှ

အေး....ဆိုပြီးပြန်ဖြေလိုက်လေသည် ။ပြီးနောက်သူမမှ တစ်ဖက်ဝိုင်းသို. လာပြီ လာပြီ ဟုဆိုကာ

သွားလေသည် ။တဖက်ဝိုင်းသို. အေးအေးသက်ရောက်သွားသောအခါ ဘာမှာမလဲ အစ်ကိုတို. ဟု

မေးသောအခါ လူတစ်ယောက်မှ ဟေ့...ငါ နင်ကိုခေါ်နေတာ အခွန်းတစ်ရာမကတော့ဘူး ။မင်း

နားလေးနေသလားကွ ဆိုပြီးပြောလေသည် ။အေးအေးသက်မှ တစ်ခြားဝိုင်းမှလည်းမှာကြားနေ၍

မကြားမိတာကို စိတ်မရှိနှင့်လို. တောင်းပန်လေသည် ။ထိုအခါ ထိုသူမှ ခါးကြားမှ အရက်ပုလင်းဆွဲ

ထုတ်ကာ စားပွဲပေါ်သို.တင်လိုက်လေသည် ။ထိုလူသုံးယောက်ပုံစံမှာလည်း မနေ.ညကတည်းက

တစ်ညလုံးသောက်ထားတဲ့ ပုံစံပေါက်နေကာ မူးရူးနေပါသည် ။ထိုအခါ အေးအေးသက်မှ ဟို...ဟို

အစ်ကိုတို. စိတ်မရှိနဲ.နော် ။ဒီဆိုင်က မုန်.ဟင်းခါးပဲရောင်းတဲ့ ဆိုင်ဆိုတော့ ဒီမှာအရက်သောက်လို.

မရဘူးနော် ဆိုတော့ ထိုသူမှ ဟေ့...သောက်လို.မရဘူးလား မရတော့လည်းပြီးတာပဲဆိုပြီး ၄င်းရဲ.

ခါးကြားထဲသို.ပြန်ထိုးထဲ့လိုက်ပြီးမှ အစ်ကို.အတွက် ကြက်သွန်ကြော်နဲ.မုန်.ဟင်းခါးတစ်ပွဲပေးကွာ

ဟေ့ကောင်တွေ...မင်းတို.ရောဘာနဲ.စားကြမလဲဆိုပြီး ကျန်တဲ့၎င်းရဲ.သူငယ်ချင်းအား မေးလေသည်။

ထိုအခါ အနီးအနားမှကျွန်ုပ်မှာ ၄င်းတို.အုပ်စုကို သေသေချာချာကြည့်လိုက်သောအခါ တဖက်ရပ်ကွက်

မှ နာမည်ဆိုးဖြင့်ကျော်ကြားသော လူမိုက်သားကြီးတို. အုပ်စုဖြစ်နေသည်။ ခုနက အရက်ပုလင်း

ထုတ်ကာမိုက်မိုက်ရိုင်းရိုင်းဖြင့် ပြုမှုနေသူမှာ ထိုလူမိုက်သားကြီးဖြစ်ပေသည် ။ပြီးနောက်၎င်းရဲ.

ဘေးနားမှလူတစ်ယောက်မှ ညီမလေးရေ...အစ်ကိုအတွက် ဘေးနားက လက်ဖက်ရည်ဆိုင်မှာ

ကော်ဖီမစ် ပလိန်းတစ်ခွက်မှာပေးပါ ။ မုန်.ဟင်းခါးတစ်ပွဲ ဘာအကြော်မှမထဲ့နဲ.နော်...

နောက်ပြီးကြက်သွန်ဆီကျက်တို. ၊နံနံပင်တို. ၊ပူစီနံတို. ဘာညာတွေ ဘာမှမထဲ့နဲ.ကွာ ။

 

 

ဘယ်လိုပြောရမလဲ...ခုနကမှာသလိုကော်ဖီလိုမျိုး မုန်.ဟင်းခါး ပလိန်းတစ်ပွဲပေးကွာ ဆိုပြီး အဆီအငေါ့ 

မတဲ့သောစကားမျိုးဖြင့် မှာကြားလေတော့သည် ။၎င်းရဲ.ဘေးနားရှိတတိယမြောက်လူ မုတ်ဆိတ်မွှေးများ

နှင့် မွတ်ဆလင်ကုလားမှ  ဒီလိုညီမလေးရေ...စိတ်မရှိနဲ.နော် ၊ဒီကောင်က အဲဒီလိုမျိုး ကော်ဖီသောက်

တော့လည်းပလိန်းမှ ၊ဟိုအိမ်သွားလို. ဟိုကအပျက်မတွေနဲ.အိပ်တော့လည်း ပလိန်းမှ ဘယ်တော့မှ

အဖော်တို. ၊အစွတ်တို. မသုံးဘူး ၊လုံချည်ဝတ်တော့လည်းအဆင်တွေ ၊အကွက်တွေမပါတဲ့ ပလိန်း

နဲ.မှ ၊အခုလည်းကြည့်လေ မုန်.ဟင်းခါးစားတော့လည်း ပလိန်းတဲ့ ပေါက်ပေါက်ရှာရှာကွာ...

ဒါကြောင့်ဒီကောင်ကို အစ်ကိုတို.အုပ်စုက မောင်မောင်မြင့် လို.မခေါ်ဘဲ ပလိန်းမောင်မောင်လို.

ခေါ်တာကွ ။အေး...ငါ့အတွက် အီကြာကွေးနဲ.တစ်ပွဲ ညီမလေးရော မုန်.ဟင်းခါးစားရင် အဲဒီလို

အီကြာကွေးမျိုး အချောင်းကြီးကြီးနဲ.စားရတာ မကြိုက်ဘူးလားဆိုပြီး  ၄င်းရဲ. မုတ်ဆိတ်ကို ဆွဲနေကာ

မချိုမချဉ်မျက်နှာ နဲ. အသီးသီးမှာကြားလေသည် ။

 

 

 

အဲဒီလို မသိသာဆိုးရွားလှပြီး ၊မောင်နှမချင်း ကိုယ်ချင်းမစာနာ ၊တိရစ္ဆာန်ကဲ့သို. ရိုင်းစိုင်းလှသော

ထိုသူသုံးဦးသားမှာ အေးအေးသက်အား အမျိုးမျိုးမဖုံဖုံ စိတ်အနှောက်အယှက် ပေးပြီးမှ ထပြန်

ကြလေတော့သည် ။ထိုသူတို. ပြန်သွားမှ အေးအေးသက်မှာ ပန်းကန်ခွက်ယောက်များ သိမ်းဆည်း

ကာ ပန်ကန်းဆေးမည့်နေရာတွင် ပန်းကန်ခွက်ယောက်များအား ဆေးကြေားနေရင်းမှ ၄င်းမိခင်အား

  အမေရယ်...သမီးတို.လို မရှိလို. ရိုးရိုးသားသားနဲ. ရှာဖွေစားသောက်တာကို လူတွေက အထင်သေး

ချင် ၊စော်ကားချင်ကြတယ် ။သြော်...လူတွေဟာ မြေနိမ့်ရာလှံစိုက် ဆိုသလိုပဲ ပိုက်ဆံမရှိရင် အရမ်းပဲ

နှိမ်ချင်ကြတယ် ။တကယ်လို. အခုနေများ သမီးတို. ရွှေဆိုင်လား ၊ပွဲရုံလား ၊ကုမ္ပဏီလား တစ်ခုခု

ပြောင်းဖွင့်ကြည့်ပါလား ခုနကလိုမျိုး ဘယ်သူမှ လာစော်ကားရဲမှာ မဟုတ်ဘူး ။နောက်ပြီးအဆိုးဆုံး

ကတော့ အမေ သမီးကို   ဘာဖြစ်လို. ယောင်္ကျားလေးဆိုပြီး မမွေးခဲ့တာလဲ ။တကယ်လို. သမီးဟာ

ယောင်္ကျားတစ်ယောက်ဖြစ်ခဲ့ရင်လဲ စောစောတုန်းလိုမျိုး စော်ကားခံထိမှာ မဟုတ်ဘူး ။ဒါမမှဟုတ်ရင်

လဲ သမီးတို.မွေးချင်း မောင်နှမမှာ ကျားကျားရားရား အစ်ကို တစ်ယောက်လောက် ဒါမှမဟုတ်

မောင်လေးတစ်ယောက်လောက် ရှိခဲ့ရင်လဲ အရမ်းကောင်းမှာပဲနော် လောကကြီးဟာ လုံးဝ မတရား

ပါလားဆိုပြီး ၄င်းရဲ.မျက်ရည်များ ပန်းကန်ဆေးဇလုံထဲသို. ပေါက်ပေါက် ပေါက်ပေါက်ကျကာ

 ငိုယိုလေတော့သည် ။ထိုအခါ ဘေးနားမှ ကျွန်ုပ်မှာ ကြားဖူးတာကတော့ ပြိတ္တာတို. မျက်ရည်မြေ

မကျကောင်းလို. ရပ်ကွက်ထဲတွင် ကြားဖူးခဲ့သော်လည်း ယခုငိုကြွေးနေသူမှာ ပြိတ္တာတစ်ကောင်

မဟုတ်ဘဲ ကျွန်ုပ်ရဲ. အချစ်ဆုံးသူငယ်ချင်း အေးအေးသက် ဆိုတဲ့လူသတ္တာဝါ တစ်ယောက်ပါ ။ကျွန်ုပ်

မှာ ၄င်းငိုနေတာကို ငေးစိုက်ကြည့်နေရုံမှ တစ်ပါးဘာမှ အကူအညီမပေးနိုင်ခဲ့၍ စိတ်မကောင်းဖြစ်မိ

ပါသည် ။အဲလိုဖြစ်ပျက်ပြီး နောက်နှစ်လခန်.အကြာတွင် အေးအေးသက်တို.မိသားစု သုံးယောက်သား

၎င်းတို. အဒေါ်ရှိသော မန္တလေးမြို.သို. အပြီးအပိုင် ပြောင်းရွေ.သွားကြလေသည် ။အစပိုင်း သုံး လေး

လ အထိ ကျွန်ုပ်နှင့် စာအဆက်အသွယ် ၊ဖုန်းအဆက်အသွယ်ရှိသေးခဲ့ပေမဲ့ နောက်ပိုင်းတွင် ကျွန်ုပ်ထံ

သို. စာလည်းမရေးတော့ ၊ဖုန်းလည်း မဆက်တော့ပါ ။အဲဒီလိုနဲ.ပဲ ကျွန်ုပ်လည်း ပြည်ပနိုင်ငံခြားသို.

ထွက်ခွါလာသဖြင့် ၄င်းနှင့် လူချင်းပြန်မဆုံတော့တာ ယနေ.ထက်ထိတိုင်အောင်ပင် ဖြစ်ပါတော့

လေသည် ။သြော်...အချစ်ဆုံးသူငယ်ချင်း အေးအေးသက်ရေ...အခုထက်ထိတိုင်အောင်ပဲ မင်းကို

သတိရနေတယ်ဆိုတာကို မင်းသက်ရှိထင်ရှားလူ.ပြည်မှာရှိနေသေးခဲ့ရင် အခုငါရေးတဲ့ စာကိုဖတ်ပြီး

မင်းသိနိုင်လောက်ပြီလေ ။သြော်...တစ်ခုအရေးကြီးတဲ့ စကားတစ်ခုမင်းကို မှာစရာရှိတယ် ။ငါ့အသိ

မိတ်ဆွေတွေကို မင်းသိပ်ဖြစ်ချင်တဲ့ ယောကျာင်္းလေးဘ၀ကို နောက်ဘ၀မှာ မင်းလူပြန်ဖြစ်ခဲ့ရင်

အခွင်အရေးရှိတဲ့ နည်းလမ်းကွ ။စပ်စုတယ်လို. အထင်နဲ.နော် မင်းအခုအိမ်ထောင်ကျပြီးပြီလား ။

တကယ်လို. မင်းမှာ အခု ကာမပိုင်လင်ယောကျာင်္းရှိခဲ့ရင် မင်းရဲ.ယောကျာင်္းကို မယားဝတ်နှင့် အညီ

ချစ်ကြောက်ရိုသေလေးစားစွာနှင့် ပြုမူမယ်ဆိုရင် နောက်ဘ၀မှာ မင်းလူပြန် ဖြစ်ရင် ယောကျာင်္လေး

ဘ၀ကိုရနိုင်မယ်တဲ့ ။(နောက်တာနော်.....ဟီး ဟီး) ။မင်း အခုယောကျာင်္းမရသေးရင်လည်း ခပ်မြန်မြန်

လေးရှာယူလိုက်တော့ ဟာ ။ငါ့လို ခန်.ချော၊ သဘောကောင်း၊ ငွေကြေးအသင်တင့်ရှိ ၊ပညာတတ် ၊

မျိုးရိုးကောင်း ၊မသောက်မစား လောင်းကစား မလုပ်တဲ့လူမျိုးကို ယူပေါ့ နော်။ဟား...ဟား...ဟား

( မှတ်ချက် ။     ။အထက်တွင်ဖော်ပြခဲ့ပြီးသော စာများမှာ ကျွန်မရဲ.သူငယ်ချင်း ဖြစ်သော ကိုဇော်လတ်

ရဲ. စာများဖြစ်ပါသည် ။၎င်းစာတွင် အေးအေးသက်ဆိုသော ထိုအမျိုးသမီးမှာ ပြင်ပတွင် သက်ရှိထင်ရှား

ရှိခဲ့သေးပါ လျှင်ဒီ ပို.(စ်) လေးကို ဖတ်ပြီးလောက်ပါပြီ ။ယခုမှာတော့ ကိုဇော်လတ်လဲ ကွယ်လွန်သွားခဲ့

ပြီး ဖြစ်သောကြောင့် အမရေ...အမကိုတော့ ကိုဇော်လတ်က သတိရကြောင်း အမြဲတမ်းပြောပြော

တယ် ။အမရဲ. ခွင့်ပြုချက်မပါဘဲ နာမည်အစစ်အမှန်သုံးပြီး ရေးသားဖော်ပြခဲ့တာကို နားလည်ပေးပါနော်။

အဲ.......အရမ်းအရေးကြီးဆုံးတစ်ခုကို ကျွန်မမေ့သွားခဲ့တယ် ။အဲဒါကတော့ ယခုစာတွင် ပါဝင်သော  

မအေးအေးသက်လဲ ကိုဇော်လတ်လိုပဲ ဒီလောကကြီးထဲမှာ မရှိတော့ဘူးဆိုလျှင် ခုနက  ကျွန်မ

ရေးခဲ့သော မအေးအေးသက်အား  ကိုဇော်လတ် အမြဲတမ်းသတိရပါတယ်ဆိုတဲ့ စကားကိုတော့

ကျွန်မ နေထိုင်မကောင်းဖြစ်စဉ် အိမ်မက်မက်နေတုန်း သွေးလေခြောက်ခြား ကယောင်ကတမ်း

ဖြစ်နေတုန်းရေးသားထားတဲ့ စာများပဲလို.သာ ။                       မှ........စာရေးသူ   )

 

တစ်ခုသော ကျွန်ုပ်ရဲ. ဒုတိယနှစ်တက္ကသိုလ်ကျောင်းသားဘ၀ရဲ. နေ.ကလေးတစ်နေ.ပါ ။ထိုနေ.ကလဲ

တိုက်တိုက်ဆိုင်ဆိုင်ပင် မြန်မာနိုင်ငံရှိ မူစလင်ဘာသာဝင်များရဲ. ရိုးရာပွဲတော်နေ.ကလေးတစ်နေ.ပါ ။

ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်တဲ့ကျွန်ုပ်မှာ မူစလင်သူငယ်ချင်းများရှိခဲ့သော်လည်း ကျွန်ုပ်သိထားသည်မှာ

၎င်းတို.တွင် ပွဲတော်ကြီး(အသားအစ်)နှင့် ပွဲတော်လေး(မုန်.အစ်) နှစ်နေ.သာဖြစ်ပါသည် ။ကျန်တဲ့၎င်း

တို.တွင် အခြားသော ပွဲတော်နေ.များရှိခဲ့သေးပါလျှင် ဗဟုသုတနည်းပါးလှသော ကျွန်ုပ်ရဲ. အားနည်း

ချက်အား ၀န်ခံပါရစေ ။ကျွန်ုပ်သိထားသော  ၄င်းတို.ရဲ. အစ်နေ.ပွဲတော်များကိုလည်း အောက်တွင်

အနည်းကျဉ်းဖော်ပြပေးလိုက်ပါတယ် ။

Burma/Myanmar

Eid ul-Fitr lasts for only one day among Burmese Muslims, who call the day Eid Nei’ (Nei’=day) or Eid Ka Lay (Ka Lay=small) or Shai Mai Eid (Shai Mai=a meal of sweet vermicelli served with fried cashews, coconut shreds, raisins, and milk that is traditionally eaten by Burmese Muslims during Eid). Burmese Muslims predominantly follow the Hanafi school of jurisprudence in Sunni Islam.

During Ramadan, in the small towns and big villages with significant Muslim populations, Burmese Muslim youth organize singing teams called Jago (in Urdu and Hindi), which means "wake up." Jago teams usually do not use musical instruments apart from the occasional use of harmonica mouth organs.[27] These youth will walk throughout the neighborhoods before sunrise to wake up the fellow Muslims for Suhoor (pre-dawn meal), which precludes the day of fasting.

The roving groups of singers will take the tunes of popular Hindi movie songs, replaced with Burmese lyrics and invocations about fasting, the do's and don’ts of Islam and about the benefits of Salaat.[28] These songs could also be called Qawwali, which are popular in India and Pakistan. Sometimes these Jago groups will also visit Muslim homes on the Eid day, where they are welcomed with food and monetary donations for the team with Eidi or Duit Raya.

Although Eid ul-Fitr is not a public holidays in Burma, most employers have an understanding of the festival and are usually willing to accommodate days off for Muslim staff. Some may even take time off during office hours to visit with Muslim staff at their homes, usually accompanied by other non-Muslim coworkers. As there is no single Islamic authority in Burma to make official decisions on moon-sighting, it is sometimes difficult to reach consensus on the start and end of Ramadan. This often results in Eid being celebrated on different days in small towns and villages.

The Eid al-Adha "Festival of Sacrifice" or "Greater Eid" is a public holiday in Burma as this event falls annually on the 10th day of the month of Dhu al-Hijjah (ذو الحجة) in the lunar Islamic calendar. Unlike Muslim countries that observe a three-day festival, Eid al-Adha is only observed on one day in Burma. During both Eids, the traditional greeting is merely the common Islamic greeting of Assalamualaikum, and Eid Mubarak is only seldom heard. The greeting is followed by placing the right hand on the forehead (as if giving a salute); there is no shaking of hands and rarely only includes a formal embrace.

Gifts and food are frequently given to the elder relatives and even to non-Muslim employers and government authorities. New clothes are traditionally given to family members and coworkers, but Burmese Muslims elders will give Eidi gifts to children. Children will receive at least token amounts of money, even from strangers, especially if they went around the neighborhoods in groups just to collect Eidi. It is common for children and young people to go around giving greetings of "salaam" to parents, elder relatives and other elders in the community. During Eid, Burmese Muslims ask forgiveness from parents and elders and themselves try to forgive and forget any misunderstandings that may have occurred amongst one other.

Sometimes Burmese Muslims pray or perform Eid salah (called Eid Namaz) at an Eidgah at in open spaces outdoors. Burmese Muslim women typically do not attend the mosque or join with the men at an Eidgah.

As Burmese Muslims are discouraged by the religious authorities from decorating their homes with lights, lamps or colorful bulbs, sending Eid cards, and more recently, sending e-cards through the internet, is fairly common. Children and adults are also urged not to celebrate the religious festival with fireworks firecrackers.

 

ထိုနေ.က ကျွန်ုပ်မှာ ပျင်းရိလှသောကြောင့် နံနက်ပိုင်းတွင် အတန်းမတက်ဘဲ နေ.လယ်နှစ်နာရီမှသာ

ကန်.မတ်စထရီ ကလယ်တီကယ် သွားတက်မည်ဟု စိတ်ကူးထားပြီး အိမ်တွင် မဂ္ဂဇင်းစာအုပ်တစ်အုပ်

ကို အားရားစွာဖြင့်  လျှောက်ဖတ်နေတော့သည် ။ထိုနေ.ကလည်း ကျွန်ုပ်မိခင် ဒေါ်မာလာမှာ ခွင့်ယူထား

သဖြင့် ကျွန်ုပ်တို. သားအမိနှစ်ယောက်သား ကျွန်ုပ်ကြိုက်နှစ်သက်လှသော အုန်းထမင်းနှင့်ကြက်သား

ဟင်းဆီပြန် ကျက်စားကြပါသည် ။အချိန်မှာ နံနက် ဆယ်နာရီကျော်ကျော်လေး တွင်ဖြစ်မည် ။ကျွန်ုပ်မှာ

ဘုရားခန်းထဲတွင် ဘုရားဝတ်ပြုနေသော မိခင်အား ထမင်းလက်စုံစားရန် အတွက် ကျွန်ုပ်မိခင်အား

ဧည့်ခန်းထဲတွင် ထိုမဂ္ဂဇင်းလေးအား ဖတ်ကာ စောင့်နေပါတော့လေသည် ။

ထိုအချိန်မှာပင် အိမ်ရှေ.တံခါးခေါက်သံနှင့် အတူ ဆရာမလေး...ဆရာမလေး ဆိုသော အသံပါ

ဆက်တိုက်ထွက်ပေါ်လာသည် ။ကျွန်ုပ်မှာ အိမ်ရှေ.တံခါးအားဖွင့်ပေးလိုက်သော အခါတွင် သုံးဆင့်

ချိုင့် စတီးချိုင့်လေးအား လက်တစ်ဖက်တွင် ကိုင်ကာ ကုလားမကြီးတစ်ဦးအား တွေ.လိုက်

ရလေသည် ။ထိုအမျိုးသမီးကြီးမှ ကောင်လေးရေ....ဒီအိမ်က ဆရာမလေး ရင်စိန် တို.အိမ်ပါလား

ဟု မေးသောအခါ ကျွန်ုပ်မှ ဟုတ်မှန်ကြောင်း နှင့် အိမ်ထဲဝင်ထိုင်ရန် ဖိတ်မန္တကပြုရလေသည် ။

အမျိုးသမီးကြီးမှ ဧည့်ခန်းထဲတွင် ၀င်ထိုင်လိုက်ပြီး ၄င်းယူဆောင်လာသော ချိုင့်လေးအား စားပွဲ

ပေါ်သို.တင်လိုက်ပြီး ကျွန်ုပ်အား ဆရာမလေး ရော မတွေ.မိပါလား ဟုမေးသောအခါ

ကျွန်ုပ်မှ အမေ ဘုရားဝတ်ပြုနေ၍ ခဏလေးစောင့်ပါရန် ပြောပြီး၎င်းနဲ. ခပ်လှမ်းလှမ်းတွင် ထိုင်

လိုက်ပါသည် ။ထိုအမျိုးသမီးကြီးမှာ သြော်.....သားက ဆရာမလေးရဲ. သားလားဆို

တော့ ဟုတ်ပါတယ်လို. ကျွန်ုပ်မှ တိုတို တုတ်တုတ်ပင် ပြန်ဖြေလိုက်လေသည် ။

ကျွန်ုပ်တို.အိမ်ရဲ. ဘုရားခန်းမှာ ဧည့်ခန်းနှင့် ကပ်လျှက်ဖြစ်သောကြောင့် ဧည့်ခန်းမှ လှမ်းကြည့်ပါ

လျှင် လိုက်ကာပါးပါးလေးသာ ကာထားသောကြောင့် ကျွန်ုပ်မိခင်အား လှမ်းမြင်ရပါသည် ။တစ်အောင့်

လောက်အကြာတွင် ကျွန်ုပ်မိခင်မှာ ဘုရားရှိခိုးခြင်းပြီး၍ ဘုရးခန်းမအထွက် ဧည့်ခန်းတွင်ထိုင်နေသော

ထိုအမျိုးသမီးအားမြင်လိုက်သောအခါ ၄င်းရဲ.လူနာအား မှတ်မိစွာဖြင့် အို....အမာ ပါလား ဘာကိစ္စနဲ.

ကျွန်မဆီ လှည့်လာတာလဲ ဆိုပြီး ကျွန်ုပ်မိခင်မှ မေးလိုက်လေသည် ။အဲဒီအခါ ထိုအမာ ဆိုသော

မူဆလင် ကုလားမကြီးမှ  ဟုတ်တယ်ဆရာမလေးရေ...ဒီနေ.က ကျွန်မတို. အစ်တဲ့နေ.လေ ၊ဒါကြောင့်

ဆရာမလေးတို. စားဖို.မုန်.လာပို.တာ ဟုဆိုပြီး ကျွန်ုပ်မိခင်အား ၄င်း.ယူလာသောချိုင့်လေးအား လှမ်း

ပေးလိုက်လေသည် ။ကျွန်ုပ်မိခင်မှ သားရေ...ချိုင့်အားပေးလိုက်ပါအုံး ၊ပြီးတော့ဒီက အမာသောက်ဖို.

တစ်ခုခု လုပ်ပေးပါအုံး ဟုပြောက ကျွန်ုပ်အား ချိုင့်လှမ်းပေးလေသည် ။

ကျွန်ုပ်မှမိခင်လှမ်းပေးသောချိုင့်အား ယူလိုက်ပြီး မီဖိုချောင်ထဲသို.၀င်ကာ သာကူနှင့်အလွန်တူသော

၎င်းတို.အခေါ် ဆမိုင်မုန်.အား ဇလုံတစ်ခုထဲသို. ပြောင်းထဲ့ ၊ကျန်တဲ့ မုန်.အချိုလုံးကလေးများကို

လည်း ပန်းကန်ပြားလွတ်ပေါ်သို.ပြောင်းထဲ့လိုက်ပြီး ၄င်းရဲ.ချိုင့်လေးအား ဆေးကြောလိုက်ပြီး ၄င်း

အတွက် ကော်ဖီတစ်ခွက် ဖျော်ပြီး ဧည့်ခန်းသို. ပြန်ထွက်လာလေသည် ။ကျွန်ုပ်ထွက်လာတာကို မြင်တဲ့

ကျွန်ုပ်မိခင်မှ သားရေ....ဒီက အမာက လွန်ခဲ့တဲ့ သုံးလလောက်တုန်းက အမေ ကလေးမွေးပေးလိုက်တဲ့

အမေရဲ.လူနာလေး ဟုမိတ်ထပ်ဆက်ပေးပြန်ပါသည် ။ကျွန်ုပ်မှ ဟုတ်ကဲ့ တွေ.ရတာဝမ်းသာပါတယ်ဟု

မုန်.မျက်နှာကြောင့် ပြောလိုက်ရလေသည်။ ( ထိုအမျိုးသမီးကြီးမှ ကျွန်ုပ်မိခင်အား ဆရာမလေး ၊

ဆရာမလေး ဟု ခေါ်နေခြင်းမှာ ကျွန်ုပ်မိခင်မှာ ကျွန်ုပ်တို. နယ်မြို.လေးရဲ. သူနာပြု ဆရာမလေးပါ ။ထို

ခေတ်အချိန်ကာလတွင်  လူနာများမှာ ဆရာဝန် ၊ဆရာမနှင့် သူနာပြုဆရာမများကို အလွန်ပင်အားကိုး

ပြီး ချစ်ကြောက် ရိုသေကြပါသည် ။ထို ခေတ်အချိန်တုန်းကလည်း ပညာတတ်များအလွန်ပင်ရှားပါး

သောကြောင့် စေတနာခေတ်လို.လူကြီးများမှ ပြောဆိုကြပြီး ယခုခေတ်တွင်မူ ပညာတတ်များအလွန်များ

လာပြီး အဿပြာ (ပိုက်ဆံ) ခေတ်သို.ရောက်လာမှန်း မသိရောက်လာခဲ့ပါပြီး ) ။

ထိုနောက် မူဆလင်အမျိုးသမီးကြီးမှ ၄င်းရဲ.ချိုင့်လေးအား ပြန်ယူလိုက်ပြီး အိမ်ပြန်ရန် ထရပ်လိုက်

လေသည် ။ပြီးနောက် ဧည့်ခန်းမှ ကျွန်ုပ်တို. ဘုရားခန်းသို. မျက်လုံးဝေ့လိုက်ပြီး ကျွန်ုပ်မိခင်

အား ဆရာမလေးရေ စိတ်မရှိနဲ.နော် ဆရာမလေးတို. ဘုရားခန်းကို ကျွန်မ ကြည့်လို.ရမလားဆိုပြီး

ခွင့်တောင်းလေသည် ။ကျွန်ုပ်မိခင်မှ အို...အမာ ကလည်းဘာလုပ်မလို.လဲ ဆိုပြီးမေးလိုက်သောအခါ

အဲဒီမူဆလင်ကုလားမကြီးမှ ဟို ...စပ်စုတယ်လို.တော့မထင်နဲ. ခဏလေးဖြစ်ဖြစ်ဝင်ကြည့်ချင်လို.ပါ ။

ထိုအခါ ကျွန်ုပါမိခင်မှ အမာကြည့်ချင်သပဆိုရင် ခဏမဟုတ်ဘူး ကြိုက်သလောက်ကြည့်လို.ရတယ် ဟု

ပြောပြီး ကျွန်ုပ်မိခင်မှ ဦးဆောင်ပြီး ဘုရားခန်းထဲသို. ခေါ်လေသည် ။ဘုရားခန်းထဲသို.ရောက်သော်

ထိုအမာမှ အို...ဆရာမလေးတို. ဘုရားခန်းလေးက ကျယ်ကျယ်ဝန်းဝန်းနဲ. သပ္ပါယ်လိုက်တာနော် ။အိုး..

ဒါနဲ.ဆရာမလေးတို.ကိုးကွယ်တဲ့ ဘုရားက ဘာဘုရားပါလိမ့် ။အစိမ်းရောင်နဲ. ဖန်ပုလင်းခေါင်းပွနဲ.

ပါလားဆိုပြီး မေးလေတော့သည် ။ကျွန်ုပ်မိခင်မှ ဟုတ်တယ်အမာရေ... ကျွန်မအမျိုးသား ထိုင်းနိုင်ငံကို

အလည်သွားတုန်းက ပင့်လာ (၀ယ်လာ)ခဲ့တဲ့ ဘုရားပါ ။သူပြောတာတော့ မြဘုရားလို.ပြောတာပဲ ။

ထိုအခါ ထိုအမာဆိုသော မူဆလင်ကုလားမကြီးမှာ အို...ကျွန်မ တစ်သက်နှင့်တစ်ကိုယ် ဒီလို မြ ဘုရား

မျိုး တစ်ခါမှ မတွေ.ဖူးဘူး ။သပ္ပါယ်လိုက်တာဆိုပြီး ၄င်းလက်ထဲမှ ချိုင့်ကလေးအား ကြမ်းပြင်ပေါ်သို.

ချလိုက်ပြီး ၄င်းလည်း ကြိမ်းပြင်ပေါ်သို.ထိုင်ချလိုက်ကာ ထိခြင်းငါးပါးဖြင့် မြတ်စွာဘုရားအား ရှိခိုးလေ

ကန်တော လေတော့သည် ။ထိုဖြစ်ရပ်အား သားအမိနှစ်ဦးစလုံးက မှင်သက်စွာဖြင့် ဘယ်နှယ့် မူဆလင်

ကုလားမကြီးမှ ကျွန်ုပ်တို. ဘုရားအား ထိုင်ကန်တော့ နေရပါသလဲဆိုတာပါ ။

၎င်းသည် မြတ်စွာဘုရားအား ကန်တော့ပြီးနောက် မတ်တပ်ရပ်လိုက်ပြီးမှ ဆရာမလေးရေ

ကျွန်မတွေ.ဖူးတဲ့ ဘုရားတွေကတော့ ကြေးနဲ.ထုထားတဲ့ဘုရား ၊ရွှေနဲ.ထုထားတဲ့ ဘုရား ၊

စကျင်ကျောက်နဲ. ထုထားတဲ့ ဘုရား ၊သစ်သားအမျိုးမျိုးနဲ.ထုတားတဲ့ ဘုရား တို.ဒါတွေပဲ

တွေ.ဖူးတယ် ။   နောက်ပြီး  ဆရာမလေးတို. ဘုရားစင်ရဲ. ထူးခြားချက်က

တစ်ခြားသော အိမ်တွေကလို ဘာနတ်မှ မကိုးကွယ်တဲ့ အတွက်ကြောင့် ဘာနတ်ရုပ်မှမတွေ.

ရဘဲ ရှင်းရှင်းလင်းလင်း မြတ်စွာဘုရားတစ်မျိုးတည်းသာ ကိုးကွယ်တဲ့ ကောင်းသော ၊စစ်မှန်

သော ကိုးကွယ်မှုပါ ။နောက်ပြီး အိမ်မှာ ဘုရားဆင်းထုကိုးကွယ်တယ်ဆိုတာ တတ်သိနားလည်

တဲ့ ကျောင်းထိုင် ဆရာတော်ကြီးတွေမှာရော ဆရာမလေးရဲ. အမျိုးသားရဲ. မွေးနေ. ၊မွေးနံနဲ.ရော

ကိုက်ညီမှုရှိမရှိ မေးမြန်းကြည့်ဖူးပါသလား ။နောက်ပြီး အဲဒီလိုသစ်သီးကပ်လှုပူဇော်တော့လည်း

ပန်းသီးကို အလုံးလိုက် ဘုရားအားမကပ်ဘဲ အကယ့်အပြင်မှာ လူတွေစားသလိုမျိုး အခွံနွာ ခွဲခြမ်း

ပြီးမှ ကပ်လှုရင် ပိုကောင်းတယ်တဲ့ နောက်ပြီး.........

၎င်းရဲ. ရေပက်မ၀င် တောက်လျှောက်ပြောနေခြင်းကို ကျွန်ုပ်တို. သားအမိနှစ်ဦးမှုာ လက်ကလေး

ပိုက်ကာ နားထောင်နေမိပါသည် ။နောက်ပြီး နောက်ပြီး ဆိုကာဆက်ပြောမလို. အရှိန်ယူနေတုန်း

ကျွန်ုပ်တို.သားအမိ နှစ်ဦးဘာမှ ပြန်မပြောသဖြင့် ၄င်းမှာ အခုမှ သတိပြန်ဝင်လာပြီး ကျွန်ုပ်မိခင်

အား အိုး......မှားသွားလို. ၊ဆရာမလေးရေ တောင်းပန်ပါတယ်နော် ၊ကန်တော့နော် ဆိုပြီး လက်အုပ်

လေးချီကာ ကျွန်ုပ်မိခင်ကာ တောင်းပန်လေတော့သည် ။ထိုအခါမှ ကျွန်ုပ်လည်း အလွန်သိချင်

လှသောမေးခွန်းအား ကျွန်ုပ်မိခင်မှ ထို မူဆလင်ကုလားမကြီးအား  အမာက...ဘာဖြစ်လို. ကျွန်မတို.

ဗုဒ္ဓမြတ်စွာဘုရားကို ခုနတုန်းက ထိုင်ကန်တော့ရတာလဲ ။နောက်ပြီး ကျွန်မတို.ရဲ. ဗုဒ္ဓ အကြောင်းတွေ

ကိုသိနေရတာလဲ ဟုမေးလိုက်သောအခါ ၄င်းမှာ ကျောင်းအိမ်စာ မလုပ်လာခဲ့၍ အပြစ်ရှိသော

ကျောင်းသားမှာ ဆရာမရှေ.တွင် ကြောက်နေတဲ့ ပုံစံကဲ့သို. တုန်ုတုန်ရင်ရင်နဲ. မျက်ရည်များကျလာကာ

၎င်းမှ တကယ်တော့ ကျွန်မဟာ ဆရာမလေးတို. ထင်သလိုမျိုး မူစလင်ကုလားစစ်စစ်တစ်ယောက်

မဟုတ်ပါဘူး ။ကျွန်မဟာ ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ မိရိုးဖလားဗုဒ္ဓဘာသာ မြန်မာလူမျိုးစစ်စစ် မိဘ

နှစ်ပါးမှ မွေးဖွားလာတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေး စစ်စစ်တစ်ယောက်ဖြစ်နေလို.ပါပဲ ဟု၎င်းရဲ.

ပြန်ဖြေလိုက်စကားကို ကြားလိုက်ရသော ကျွန်ုပ်တို. သားအမိနှစ်ယောက်စလုံးမှာ တိုင်ပင်မထားဘဲ

ဗျာ  ၊ရှင်  ဆိုပြီး အံ့သြလွန်း အာမေဍိတ် အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာလေတော့သည် ။

 

 

 

ဆက်ရန်..................................................................................

 

 

Written By:

THIDA MOE PHYU (Japan)

President and Chief Operating Officer <Myanmar - editor >

Thidange VZO Corp:

阅读文章   讨论 [1]

ဆိုက်ပရပ်စ်နိုင်ငံမှာရှိတဲ့ အမျိုးသားများရဲ့ လက်ထဲက ပုတီး

发布2011/3/21的 nan_ma_wa




လွန်ခဲ့တဲ့ (၆)နှစ်ခွဲတုန်းကပေါ့ရှင်.....
ဆိုက်ပရပ်စ်နိုင်ငံကို “စ”ရောက်ခဲ့စဉ်က ဆိုက်ပရပ်စ်နိုင်ငံမှာရှိတဲ့ အရွယ်ရောက်ပြီးသော ဆီပရိယို အမျိုးသားတိုင်းလိုလိုရဲ့ လက်ထဲမှာ ပုတီးလေးတွေကိုင်ထားတာကို ကျမ အံ့သြစွာတွေ့ခဲ့ရတယ်။
သူတို့ဟာ အဲဒီပုတီးလေးကို လက်ညှိုးလေးမှာပတ်ပြီး လှည့်ပတ်ကစားနေလေ့ရှိတယ်။
စိတ်ထဲကလည်း “ဒီနိုင်ငံသားတွေ တော်တော်ကို ဘုရားတရားမြဲတာပဲ.. ပုတီးကို လက်က မချဘူး” ပေါ့လေ..။
“အ” ခဲ့ပုံပြောပါတယ်..။

နောက်(၁)နှစ်လောက်နေတော့ ဆီပရိယိုလူမျိုးတွေနဲ့ ကျမရင်းနှီးလာတဲ့အခါမှာတော့ အဲဒီပုတီးလေးအကြောင်း မေးဖြစ်ခဲ့ရင်း ကျမ သိခဲ့ရတာကတော့...
အဲဒီပုတီးကို Komboloi (ကုမ်ဘိုလိုရိ) လို့ခေါ်ပါတယ်။
အင်္ဂလိပ်လို Worry beads ( စိုးရိမ်မှုများကို ဖြေဖျောက်ပေးသည့်လုံးဝိုင်းသော ပုတီးလုံးများ) လို့ အဓိပ္ပါယ်ရပါတယ်။

Worry beads များကို တူရကီနိုင်ငံမှ စတင်အသုံးပြုခဲ့ရာမှ ဂရိနိုင်ငံနှင့်ဆိုက်ပရပ်စ်နိုင်ငံများသို့ တဖြည်းဖြည်းကူဆက်လာခဲ့တယ်လို့ သိခဲ့ရတယ်။
ရိုမန်ကက်သလစ်ဘုန်းတော်ကြီးများ ကိုင်ဆောင်သော စိတ်ပုတီးများနှင့် ဆင်တူပြီး
ပုတီးလုံးအရည်အတွက်မှာ (၂)နှင့် စား၍ မပြတ်သော “မ”ဂဏန်းအရည်အတွက်ဖြစ်သည်။
များသောအားဖြင့် (၃)၊ (၁၇)၊ (၁၉)၊ (၂၃)၊ (၃၇) လုံးရှိသော ပုတီးကုန်းများကိုတွေရသည်။
ပုတီး၏ အသားမှာ လေး၍ ပုတီးတလုံးနှင့်တလုံး ထိရိုက်ပါက အသံမြည်နိုင်သော သတ္တု၊ ကျောက်၊ ဖန်၊ ပလပ်စတိတ် အသားများကို လှပသော အရောင်ဒီဇိုင်းများဖြင့်ပြုလုပ်ကြသည်။



ခိုင်ခံ့သော ကြိုးဖြင့် သီကုန်းထားသော ပုတီးကုန်းတွင် ပုတီးလုံးများကို ထိရိုက်ကစားနိုင်ရန် နေရာအလွတ်အနည်းငယ်ထားရှိပေးထားသည်။
သာမန်ပုတီးကုန်းကဲ့သို့ပင် ပုတီးစေ့လေးများ ကြိုးကုန်းမှ ထွက်ကျမသွားစေရန် ထိပ်နှစ်ဘက်တွင် ထိပ်ပိတ်များဖြင့် ခိုင်ခန့် မြဲမြန်စွာ ခြည်နှောင်ပြီး လှပသောဒီဇိုင်းအဖြစ် ဖန်တီးထားသည်။
ပုတီးကုန်း၏ အရွယ်အစားမှာ ဒေါင်လိုက်လက်ဖဝါးအရွယ်ခန့်ရှိသည်။




Worry beads ဟုခေါ်သော “ကုမ်ဘိုလိုရိ” ပုတီးလေးများကို ကိုင်ဆောင်ကြသည့် ရည်ရွယ်ချက်မှာ
၁။ လွင့်မြောနေသောစိတ်ကို တည်ငြိမ်စေရန်၊
၂။ လှုပ်ရှားနေသောစိတ်ကို ထိန်းချုပ်နိုင်ရန်၊
၃။ စိတ်ဖိစီးမှုများကို လျှော့ကျစေရန်၊
၎။ အထူးသဖြင့် ဆေးလိပ်သောက်သုံးသူများ ဆေးလိပ်သောက်သုံးမှုလျှော့ကျစေရန် အာရုံပြောင်းရင်း ပုတီးလုံးလေးများကို လက်ချောင်းများကြားတွင် ကစားရင်း မိမိတို့၏ စိတ်ကို တည်ငြိမ်အောင်လုပ် ဖန်တီးယူရန် ထိုပုတီးကို အသုံးပြုကြခြင်းဖြစ်သည်။
တချို့ကတော့ Style တခုအနေနှင့် အသုံးပြုကြသည်။
ဆိုက်ပရပ်စ်နိုင်ငံက အမျိုးသားများကိုင်ဆောင်သော Worry Beads (သို့) ကုမ်ဘိုလိုရိ ပုတီးကစားနည်းကို Video File နှင့်တကွ ဖော်ပြရင်း
လက်ထဲမှာ ပုတီးကိုင်ထားတိုင်း ကျမ တွေးထင်ခဲ့သလို မတွေးကြစေဖို့... ဗဟုသုတအနေဖြင့် တင်ပြလိုက်ရပါတယ်ရှင်...။




မှတ်ချက်။ ။ တိုက်ဆိုင်လို့ ရီစရာ တခုပြောပြရအုံးမယ်...
ကျမ အလယ်တန်းကျောင်းသူဘဝကပေါ့...
ကျမမှာ “နန်းသုမာအောင်” ဆိုတဲ့ သူငယ်ချင်းတယောက်ရှိခဲ့ဖူးတယ်။
သူ့ပုံစံလေးက ထက်ထက်မိုးဦးလိုပုံစံလေးပါ။ ကျောင်းမှာတော့ Star ပေါ့..။
သူနဲ့ကျမကျောင်းကို အတူတူသွားလေ့ရှိတာကြောင့် သူအမြဲကိုင်ထားလေ့ရှိတဲ့ သူ့လက်ထဲက ဘုရားစာအုပ်လေးတအုပ်ကို ကျမ သတိပြုမိခဲ့တယ်။
သူဟာ အဲဒီစာအုပ်ကို ဘယ်သွားသွား လက်က မချတဲ့အတွက် သူ့ကို ဘာသာတရားကိုင်းရှိုင်းတဲ့သူပဲလို့ စိတ်ထဲက ကြိတ်ပြီးလေးစားခဲ့တာ အမှန်ပါ။
ကျမတို့ကျောင်းဟာ အမှတ်(၃)မင်္ဂလာတောင်ညွန့် (အဆိုတော် မကော်နီ၊ သရုပ်ဆောင် နဝရတ် တို့ဟာ ကျမတို့ကျောင်းကပါ)။
မိန်းခလေးသီးသန့် ကျောင်းဖြစ်တဲ့အတွက် အချစ်တော်ကိစ္စ၊ ရည်းစားကိစ္စများ အလွန်ခေတ်စားပါတယ်။
တနေ့တော့ ကျမတို့ကျောင်းမှာ surprise check အနေနဲ့ ဆရာမများက ကျောင်းသူများကို အတန်းပြင်ထွက်ခိုင်းပြီး လွယ်အိတ်များထဲမှ ရည်းစားစာများ၊ အချစ်တော်စာများကို စစ်ဆေးပါတယ်။ ကျမတို့လည်း လွယ်အိတ်တလုံးချင်းစီကို စစ်ဆေးနေတဲ့ ဆရာမများကို အတန်းအပြင်ကနေ လက်ပိုက်ပြီးကြည့်နေကြတာပေါ့ရှင်...။
အဲဒီမှာပဲ ကျမသူငယ်ချင်းဟာ အလန့်တကြား ထအော်ပါတော့တယ်..။
ကျမလည်း “ဘာဖြစ်လို့လဲ” လို့မေးတော့..
သူပြန်ဖြေလိုက်တာက...
“ငါ့ရည်းစားစာတွေနဲ့ အချစ်တော်စာတွေကို ဘယ်သူမှ မသိအောင် ငါကိုင်နေကျ ဘုရားစာအုပ်ကြားထဲမှာ ဝှက်ထားတာ... အခုတော့ အဲဒီစာအုပ်လေးကို ဆရာမသိမ်းသွားပြီ... ငါ့အကြောင်းတော့ ပေါ်ပါပြီ”...တဲ့လေ...။
ကျမလည်း ပါးစပ်အဟောင်းသားနဲ့ ဘာပြောရမှန်းမသိအောင်ဖြစ်ခဲ့ရပါတယ်..။
ကျမကိုယ်တိုင်က သူ့ကို ဘာသာတရားကိုင်းရှိုင်းတဲ့သူအဖြစ် သတ်မှတ်ခဲ့မိတာကိုး.... ..... ....

阅读文章   讨论 [1]

ဆိုက်ပရပ်စ်မှာ ရွာတဲ့“မိုးသီး”

发布2011/3/21的 nan_ma_wa


“ နိုင်ငံတကာ အမျိုးသမီးများနေ့”
ဖြစ်တဲ့ (9.3.2011)နေ့က မှတ်မှတ်ရရပါပဲ..
ကျမနေတဲ့ မြို့လေးမှာ မိုးသီးတွေရွာပါတယ်..။
ကျွန်းနိုင်ငံဖြစ်တဲ့အတွက် ရာသီဥတုလည်း ကြမ်းပါတယ်၊ ချက်ချင်းမိုးရွာ ချက်ချင်းနေပူ တတ်တဲ့ ရာသီဥတုမျိုးပါ။


အဲဒီလိုနဲ့ပဲ တနေလုံး မိုးရွာလိုက် နေပူလိုက်နဲ့ ညဘက်မှာ မိုးသီးတွေပါ ရွာလာတာမို့ မမြင်ဖူးတဲ့သူငယ်ချင်းတွေအတွက် မိုးသီးများကို ဓာတ်ပုံရိုက်ပြီး တင်ပေးလိုက်ပါတယ်။




ပုံထဲမှာမြင်တွေ့ရတဲ့ မိုးသီးများဟာ မုန့်ကြာစေ့အရွယ်ခန့် ရှိသော ရေခဲတုံးကလေးများဖြစ်ပါတယ်၊






ကားလမ်းမပေါ်မှာ ပြန့်ကျဲနေတဲ့ မိုးသီးကလေးများကို ဆိုင်ထဲကနေရိုက်ထားတဲ့ပုံပါ။

阅读文章   新增评论

CTRL
http://vzochat.com/zh/blogroll/akyawmyint/page/2
© 2006-2012 免费视频聊天VZOchat! 保留所有权利。
发现了一个bug或翻译错误?选择它与鼠标和按Ctrl + Enter报告。