Blog of SALEISHA RSS Available

အားကျမိပါတယ်........

发布2011/12/4的 thi da nge

~
ဟီလာရီ စီးလေ့ရှိသည့် C-40B အထူးဂျက်လေယာဉ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အသုံးပြုတဲ့
လေယာဉ်တွေအနက် C-40B အမျိုးအစား ဘိုးရင်းဂျက်လေယာဉ်လဲ အပါအ၀င် ဖြစ်ပါတယ်။



C-40B အထူး ဂျက်လေယာဉ်ထဲမှာ အလုပ်လုပ်နေတဲ့ ဟီလာရီ


ဟီလာရီအတွက် အထူး သံတမန်လုံခြုံရေးအရာရှိ


C-40B ဂျက်လေယာဉ်ဟာ အလျား ပေ ၁၁၀နဲ့ လေးလက်မရှိပီး အမြင့် ၄၁ပေနဲ့ ၂ လက်မ ရှိပါတယ်။
GE-CFM 56-7B27 အမျိုးအစား အင်ဂျင် ၂ လုံး တပ်ဆင်ထားပြီး ရေမိုင် ၄၆၀၀ ထိ ဆီမဖြည့်ဘဲ
ဆက်တိုက် ပျံနိုင်စွမ်းရှိပါတယ်။ မူလအသုံးပြုဖို့ ရည်ရွယ်ချက်က တိုက်ပွဲဝင်မဲ့ အမေရိကန် တပ်မှူးတွေ
အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတွေကို သွားလိုရာ ကမ္ဘာ့ဒေသအသီးသီးကို သက်တောင့်သက်သာ
စိတ်ချလက်ချ သယ်ပို့ပေးဖို့ ဖြစ်ပါတယ်။

ဒီလေယာဉ်ဟာ အရပ်သုံး ဘိုးရင်းဂျက်လေယာဉ် ၇၃၇-၇၀၀ ကို စစ်သုံးဖြစ်အောင် အမေရိကန်လေတပ်
အတွက် ပြုပြင်ထားတဲ့ အထူးဂျက်လေယာဉ်ဖြစ်ပါတယ်။ C-40B ဂျက်လေယာဉ်ကို အမေရိကန်
ထိပ်တန်းစစ်အရာရှိတွေ အမေရိကန်အစိုးရ ခေါင်းဆောင်တွေအတွက် မိုးပျံရုံးခန်း ဖြစ်အောင်
ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဟီလာရီကလင်တန် စီးလာတဲ့ C-40B ဂျက်လေယာဉ်ပေါ်မှာ အချက်အလက်တွေ ဗီဒီယိုတွေ ပေးပို့
ဖမ်းယူနိုင်တဲ့ အမြန်နှုန်းကောင်းတဲ့ အင်တာနက်စနစ်တပ်ဆင်ထားသလို အသံနဲ့အချက်အလက်
ဆက်သွယ်ရေးစနစ်ကလဲ ရှင်းလင်းကြည်လင်ပြီး လုံခြုံမှုရှိတဲ့ စနစ်မျိုးတပ်ဆင်ထားပါတယ်။

ဒီလေယာဉ်ကို အသုံးပြုတဲ့ တိုက်ပွဲဝင် အမေရိကန်တပ်မှူးတွေအနေနဲ့ လေယာဉ်ပေါ်က အင်တာနက်
စနစ်၊ LAN အင်တာနက် ကွန်ယက်ဆက်သွယ်ရေးစနစ်၊ ကောင်းမွန်အောင် ပြုပြင်ထားတဲ့ တယ်လီ
ဖုန်းစနစ်၊ ဂြိုလ်တုစနစ်တွေ၊ တီဗွီမော်နီတာတွေ၊ ဖက်စ်ပို့တဲ့စက်တွေ မိတ္တူကူးစက်တွေကိုသုံးပီး
ကမ္ဘာ့ဘယ်ဒေသမှာမဆို စစ်ဆင်ရေးအတွက် အသုံးပြုနိုင်ပါတယ်။ ဟီလာရီကလင်တန် စီးလာတဲ့
C-40B ဂျက်လေယာဉ်ကို ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့အတွက် လက်နက်တပ်ဆင်ဖို့ လုပ်နေဆဲ ဖြစ်ပါတယ်။

C-40B ဂျက်လေယာဉ်ရဲ့ လေယာဉ်မှူး ခေါင်းခန်းကိုကြည့်ရင်လဲ
-ဂျီပီအက်စ်စနစ်နဲ့ ပေါင်းစပ်ထားတဲ့ လေယာဉ်ပျံသန်းမှု ထိန်းချုပ်ရေး ကွန်ပြူတာစနစ်
-နောင် အနာဂတ်မှာသုံးမဲ့ ဂျြိလ်တုဆက်သွယ်ရေးစနစ်အခြေခံ ကမ္ဘာလုံးဆိုင်ရာ လေကြောင်းစီ
မံခန့်ခွဲမှုစနစ် (GATM/FANS) နဲ့ လိုက်ဖက်တဲ့ လေယာဉ်မောင်းစနစ်
-လေယာဉ်တွေ လေထဲပျံနေစဉ် တစင်းနဲ့တစင်း ပုံမှန်ဒေါင်လိုက်အမြင့်ကို လျှော့ချနိုင်တဲ့စနစ်
- လေကြောင်းသတိပေးချက်နဲ့ လေယာဉ်ချင်းမတိုက်မိအောင် ရှောင်နိုင်တဲ့စနစ်-၂
-လေတိုက်နှုန်းခန့်မှန်းစနစ်
-Head-up Display (HUD) စနစ်လို့ခေါ်တဲ့ လေယာဉ်မှူးမျက်လုံးတည့်တည့်မြင်ကွင်းထဲမှာ ဒိုး
ယိုးပေါက်မြင်နေရတဲ့ ဒိုင်ခွက်စနစ်စတဲ့ ခေတ်မီ စနစ်တွေ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

လေယာဉ်ထဲမှာလဲ လေယာဉ်အမှုထမ်းတွေ နားနေခန်း၊ အိပ်စင်တွေ တပ်ဆင်ထားတဲ့ ဂုဏ်သရေရှိ
ဧည့်သည်တော်တွေအတွက် အခန်း၊ စားဖိုခန်း နှစ်ခု၊ ရုံးခန်းစားပွဲတွေပါတဲ့ business class
ထိုင်ခုံတွေ တပ်ဆင်ထားပါတယ်။

စစ်မြေပြင်မဟုတ်တဲ့ နိုင်ငံမျိုးကို သွားတဲ့အခါမှာသာ C-40B ဂျက်လေယာဉ်ကို အမေရိကန်နိုင်
ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က သုံးပေမဲ့ ကဒတ်ဖီကို ဖမ်းမိဖို့ ကြိုးစားနေတဲ့ကာလ
မြေပြင်ပစ်ခတ်မှုတွေ စိုးရိမ်ရတဲ့ လစ်ဗျားကို သွားတုံးကတော့ လုံခြုံရေးစနစ် ပိုကောင်းမွန်တဲ့
စစ်သုံး C-17 ဂလုပ်မာစတာ-၃ အမျိုးအစား ဧရာမ ဘိုးရင်းလေယာဉ်ကြီးနဲ့ သွားခဲ့ပါတယ်။


C-17 အထူးဂျက်လေယာဉ်ကြီး © Awie Badenhorst / Alamy


C-17 ဂလုပ်မာစတာ-၃ အမျိုးအစား ဘိုးရင်းလေယာဉ်ကတော့ ဧရာမဘိုးရင်းဂျက်လေယာဉ်ကြီးဖြစ်ပြီး
စစ်သားတွေ အစားအစာတွေ ထောက်ပို့ပစ္စည်းတွေကို ကမ္ဘာအနှံ့ သယ်ပို့ပေးနိုင်ပါတယ်။

C-17 လေယာဉ်တွင်း မြင်ကွင်း-၁


အထုးသဖြင့် စစ်တလင်းဖြစ်နေတဲ့ လစ်ဗျားလိုနိုင်ငံမျိုးက ပစ်နိုင်တဲ့ မြေပြင်ကနေ ဝေဟင်ပစ်
ဒုံးကျည်တွေ အသေးစားလက်နက်တွေရဲ့ ရန်ကို ကာကွယ်ဖို့အတွက် C-17 ဂျက်လေယာဉ်ဟာ
ကိုယ်ထည်ကြီးမားပေမဲ့ လေထဲကို မတ်စောက်တဲ့ ဒီဂရီအနေအထားမျိုးနဲ့ အတက်အဆင်း လုပ်နိုင်စွမ်း ရှိပါတယ်။

C-17 ဂျက်လေယာဉ် အတက်အဆင်းလုပ်နေချိန်မှာ လေယာဉ်မောင်းတဲ့တာဝန်မရှိတဲ့ လေယာဉ်
အမှုထမ်းတွေက လေယာဉ်ကို ပခုံးထမ်းဒုံးကျည်နဲ့ပစ်သလားဆိုတာ လေယာဉ် ပြတင်းပေါက်
ကနေ ကြည့်နေရပါတယ်။ ပခုံးထမ်း ဒုံးကျည်နဲ့ ပစ်တာမြင်ပီဆိုတာနဲ့ လေယာဉ်မှူးတွေကနေ
အပူဓါတ်ပါတဲ့ မီးကျည်သေနတ်ကို တည်ကြက်အနေနဲ့ ပစ်လွှတ်ပီး ကာကွယ်ရပါတယ်။
ဂျက်လေယာဉ် အင်ဂျင်ကထွက်တဲ့ မီးခိုးအပူဓါတ်ကို နောက်ယောင်ခံတက်လာတဲ့ မြေပြင်က
ပစ်တဲ့ ပခုံးထမ်း ဒုံးကျည်ဟာ လေယာဉ်မှူးတွေ ပစ်ချလိုက်တဲ့ အပူဓါတ် မီးကျည်နောက်ကို
ပစ်မှတ်ပြောင်း လိုက်သွားလေ့ရှိတဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး စီးတဲ့ လေယာဉ်
ဒုံးကျည်ရန်က လွှတ်ကင်းသွားမှာဖြစ်ပါတယ်။


C-17 လေယာဉ်တွင်း မြင်ကွင်း-၂

 


C-17 လေယာဉ်တွင်း မြင်ကွင်း-၃


========================================================
ဟီလာရီကလင်တန်ထက် လုံခြုံရေး အဆင့်ဆင့် ထူပြောလှတဲ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ၂၀၁၁ မေလ အင်္ဂလန်ခရီးစဉ်အကြောင်းက်ုလဲ ပြန်ပြောင်း ဖောက်သည်ချပါရစေ
==========================================================

  • အိုဘားမားရဲ့ ၂၀၁၁ မေလ လန်ဒန် ဘုရင်မနန်းတော်ခရီး လုံခြုံရေး



ပြီးခဲ့တဲ့ မေလထဲကလဲ အိုဘားမား ဇနီးမောင်နှံနဲ့အဖွဲ့ အင်္ဂလန်ကို လာလည်တော့လဲ လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုန်ပါတယ်။

လူ ၅၀၀ ကျော်လောက်ပါတဲ့ အိုဘားမားအဖွဲ့ထဲမှာ အိမ်ဖြူတော် အရာရှိတွေ၊ သမ္မတကို အရေးပေါ်ကုသဖို့ ဆရာဝန် ၆ ဦးပါ ဆေးအဖွဲ့၊ သမ္မတအတွက် စားဖိုမှူးတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ၂၀၀ ကျော်ရှိတဲ့ သမ္မတ ကိုယ်ရံတော် စုံထောက်တွေ ပါဝင်ပါတယ်။

အင်္ဂလန်မှာ ခရီးလှည့်နေစဉ် အမေရိကန်ကနေ လေယာဉ်နဲ့သယ်လာတဲ့ စီးတော်ယာဉ် The Beast ကို အိုဘားမား စီးနင်းပါတယ်။ အိုဘားမားကားကို တခြားမော်တော်ယာဉ် အစီး ၂၀ ကခြံရံပီး ဒီကားတန်းကိုမှ ရှေ့ပြေးမော်တော်ယာဉ်တွေက ဦးဆောင်ပါတယ်။

အိုးဘားမားရဲ့ အခြံအရံတွေထဲမှာ ညူကလီယာ ဒုံးပျံတွေ ပစ်လွှတ်ဖို့ လျို့ဝှက် ကုတ်နံပါတ်တွေပါတဲ့ လက်ဆွဲအိတ်ကိုင် အရာရှိတဦးအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနကြီး ၆ ခုရဲ့ ကိုယ်စားလှယ်တွေလဲ ပါဝင်ပါတယ်။ အိုဘားမား စီးတဲ့ Air Force One လေယာဉ်ကြီးဟာ အားကစားရုံတွေ ခွဲစိတ်ခန်းတွေပါဝင်တဲ့ ဧရာမ မိုးပျံဟော်တယ်ကြီးအသွင် ဆောင်နေပါတယ်။ ဒါ့ပြင် ညူကလီယာပေါက်ကွဲမြှုဖစ်ခဲ့ရင် ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည် ကာကွယ်တဲ့စနစ်လဲ တပ်ဆင်ထားပါတယ်။

တည်ကြက် လေယာဉ်တစီးခြံရံထားပီး ဇိမ်ခံဟော်တယ်ကြီးအသွင် အိုဘားမားစီးတော်မူတဲ့ Air Force One လေယာဉ်ကြီးဟာ တနာရီပျံသန်းတိုင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂သိန်းနီးပါးရှိပါသတဲ့။ အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်ကလဲ ဒုံးကျည်ရန်ကို ရှောင်လွဲနိုင်တဲ့ မီးကျည်တွေ တပ်ဆင်ထားပါတယ်။


ဒုံးကျည်ကို တည်ကြက်လုပ် လမ်းလွဲခေါ်နိုင်တဲ့ မီးကျည်စနစ်


အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်နဲ့ တည်ကြက်ယာဉ်တွေအပါအ၀င် ယာဉ်မျိုးစုံ ၄၅ စီးကို အိုဘားမားသွားမဲ့
ခရီးစဉ်မတိုင်ခင် C-17 ဂျက်လေယာဉ်ကြိးနဲ့ ကြိုတင် ပို့ထားရပါတယ်။ အရင်ကဆိုရင် သတင်းစာသမားတွေ
တီဗီံသမားတွေအတွက် ဘတ်စကား ၂ စီး၊ ရေဒါဖျက်တဲ့ယာဉ်တစီးနဲ့ SWAT ကွန်မင်ဒိုတွေအတွက် ကားတစီး
ပါလေ့ရှိပါတယ်။ သမ္မတ အိုဘားမားရဲ့ လန်ဒန်ခရီးစဉ်အတွင်း သမ္မတမိန့်ခွန်းရေးပေးသူ ၄ ဦး ပါလာပါတယ်။

အိုင်ယာလန်ကအပြန် လန်ဒန် ဘာကင်ကမ် ဘုရင်မနန်းတော်ကို အိုဘားဘား ညအိပ်လာရောက်
လည်ပတ်ခဲ့ပါတယ်။ ဘာကင်ကမ် နန်းတော်ဆိုတာ အင်္ဂလန် ပြည့်ရှင် အင်မတန် ချမ်းသာတဲ့
ဘုရင်မနန်းတော်မို့ အစစ ဘယ်လောက် ပြည့်စုံမလဲ ဧည့်ဝတ်ကျေမလဲ မှန်းကြည့်နိုင်ပါတယ်။
အိုဘားမား ဇနီးမောင်နှံထားမဲ့ နန်းတော်အခန်းဆိုတာကလဲ နယ်လဆင်မန်ဒဲလားတို့ အမေရိကန်
သမတ ကနေဒီတို့ လာတုံးက တည်းခိုခဲ့တဲ့ သမိုင်းဝင် အခန်းဖြစ်ပါတယ်။

ဘယ်လောက်ဘဲ ဘုရင်မနန်းတော်အရာရှိတွေဘက်က ပြည့်စုံအောင် လုပ်ထားပါစေ…အမေရိကန်
သမ္မတရဲ့ လုံခြုံရေးအရာရှိတွေအတွက်တော့ မပြည့်စုံဘူးလို့ ယူဆပါတယ်။ ဒီမှာတင် အမေရိကန်
ကနေ သမ္မတကိုယ်ရံတော် လုံခြုံရေးစုံထောက်တွေ ယူလာတဲ့ ဗုံးဒဏ် ကာကွယ်နိုင်တဲ့ မှန်နှစ်ထပ်
ပုံစံ အလွှာတခုကို အိုဘားမားအိပ်မဲ့ အခန်းပြတင်းပေါက်တွေမှာ အပြင်က ထပ်တပ်ခွင့်ပေးရမယ်လို့
တောင်းဆိုလာလို့ နန်းတော်အရာရှိ အံ့အားတသင့် ဖြစ်ကုန်ပါသတဲ့။

ဒီကြားထဲ သမ္မတအိုဘားမားရဲ့ ကိုယ်ရံတော် ထောက်လှမ်းရေးတပ်ဖွဲ့က နန်းတော်မြေအောက်ခန်းမှာ
စစ်တပ်ပုံစံ အိပ်စင်တွေနဲ့နေရာယူ…ကိုယ်ပိုင် ဆက်သွယ်ရေး စက်ကိရိယာတွေတပ်ထားပါတယ်။
အိုဘားမား လုံခြုံရေးစုံထောက်တွေ သေနတ်တွေ တကားကားနဲ့ အင်္ဂလန်ဘုရင်မ နန်းတော်ထဲမှာ
သူတို့ကိုယ်ပိုင်နန်းတော်အလား ပြေးလွှားနေလိုက်ကြတာ ၂၄ ဆိုတဲ့ တီဗွီဇာတ်လမ်းကြည့်နေရသ
လားထင်ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အိုဘားမား ကိုယ်ရံတော်တွေဟာ
သမ္မတကို အရေးပေါ် သွေးသွင်းနိုင်ဖို့ ပစ္စည်းတွေအပါအ၀င် ဆေးခန်းအသေးစားလေးတခုကို
ဆေးရုံးသုံးစက်ကရိယာတွေနဲ့ နန်းတော်ထဲမှာ တပ်ဆင်ထားပါတယ်။

နောက်ဆုံး အိုဘားမားကို အင်္ဂလန်ဘုရင်မအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သောက်ရေသန့်
ကိုတောင် တိုက်ခွင့်မပေးနိုင်၊ သူတို့အမေရိကန်က သယ်လာတဲ့ သမ္မတအိုဘားမား သောက်နေ
ကျ သောက်ရေသန့်ကိုသာ တိုက်မယ်လို့ အိုဘားမား ကိုယ်ရံတော်ထောက်လှမ်းရေးအရာ
ရှိတွေပြောတော့ နန်းတွင်းအရာရှိတွေ အံ့သြသွားပါတယ်။

ဘာကြောင့်လဲလို့မေးတော့ “ ကျွန်တော်တို့သမ္မတ ရေပြောင်းရေလွဲမှာ ဗိုက်နာတာမျိုး အဖြစ်မခံနိုင်လို့ပါ”
လို့ သမ္မတ ကိုယ်ရံတော်တွေက ဖြေပါသတဲ့….။ ဘာပြောကောင်းမလဲ။ အင်္ဂလိပ်သတင်းစာတွေဆိုတာ
ဆွေ့ဆွေ့ခုန်သွားတာဘဲ။ အိုဘားမားတို့ ဘုန်းကြီးလိုက်ပုံများ အင်္ဂလန်ဘုရင်မတောင် အရှုံးပေးရတယ်။
အင်္ဂလန်ဘုရင်မ သောက်တဲ့ရေတောင် အိုဘားမားကို မတိုက်နိုင်ဘူး…တဲ့။

ဘာပြောပြော အိုဘားမားအတွက် ခုလို နန်းတော်လုံခြုံရေးလုပ်နေတာတွေဟာ ၂၀၀၃ ခုနှစ်က
လာသွားတဲ့ အမေရိကန်သမတ ဂျော့ဒတ်ဗလူဘွတ်လာတုံးကထက်စာရင် အများကြီးတော်ပါသေး
တယ်လို့ နန်းတော်သတင်းရပ်ကွက်က ပြောပါတယ်။

သမ္မတဘွတ်လာတုံးကများဆိုရင် သမ္မတလုံခြုံရေးအဖွဲ့က ဘာကင်ကမ် နန်းတော် ပြတင်းပေါက်
၇၆၀ လုံးကို လဲပေးရမယ် တောင်းဆိုခဲ့သလို မစ္စတာဘွတ် စီးလာတဲ့ ရဟတ်ယာဉ်တွေကလဲ အလွန်ကြီး
မားလွန်းတဲ့အတွက် နန်းတော်က သစ်ပင်တွေ ပန်းပင်တွေ လေဟပ်ပီး ပြားချပ်ကုန်လို့ ဘုရင်
မကြီးတောင် အတော်စိတ်ဆိုးသွားပါသတဲ့။

ထူးခြားတာက အကြမ်းဘက်တိုက်ခိုက်မှုမျိုးစုံကနေ ကာကွယ်နိုင်စွမ်းရှိပါတယ်ဆိုတဲ့ အိုဘားမားစီး
လာတဲ့ The Beast စီးတော်ယာဉ် ကားကြီးဟာ အိုင်ယာလန် ဒပ်ဗလင်မြို အမေရိကန်သံရုံးကအထွက်
တံခါးဝမှာတင် ကားဗိုက်နဲ့ တခါးအထွက် အရှိန်တားတုံးနဲ့ တိုက်ပီး ထိုးရပ်သွားလို့ အင်္ဂလိပ်စာနယ်
ဇင်းတွေက အားမနာတမ်း လှောင်တာ ခံလိုက်ရပါတယ်။


အိုင်ယာလန် အမေရိကန်သံရုံးအထွက် တခါးဝမှာ ထိုးရပ်သွားတဲ့ အိုဘားမား ကားကြီး

 


အဆိုးထဲက အကောင်းလို့ပြောရရင်တော့ အင်္ဂလိပ်စာနယ်ဇင်းတွေ မသိလိုက်တဲ့ အချက်က အိုဘားမားစီးတဲ့ကားတန်းထဲမှာ The Beast နဲ့ ဆင်တူ တည်ကြက်ကားတွေလဲပါနေတာမို့ ထိုးရပ်သွားတဲ့ကားထဲမှာ အိုဘားမားပါသလား ဘယ်ကားမှာ အိုဘားမားပါသလဲဆိုတာကို အများပြည်သူတွ သံရုံးရှေ့က ကြည့်နေတဲ့ကြားက မျက်စေ့လည်သွားအောင် သမ္မတ ကိုယ်ရံတော်အဖွဲ့က လုံခြုံရေးစနစ်ကစား သွားခဲ့ပါသတဲ့။

=========================================================
အမေရိကန်သမ္မတ လုံခြုံရေးကို ဘယ်လောက်အလေးထားသလဲ နှိုင်းယှဉ်ကြည့်ဖို့အတွက် ၂၀၀၉ ခုနှစ် လန်ဒန်
ဂျှီ-၂၀ ထိပ်သီး ဆွေးနွေးပွဲ အိုဘားမား လာတုံးက ခေတ်ပြိုင် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လုံခြုံရေးစနစ်ကို ပြန်လည်
ကူးယူ ဖော်ပြလိုက်ပါတယ်။        (ခေတ်ပြိုင်ဂျာနယ်မရှိတော့တဲ့အတွက် အယ်ဒီတာအဖွဲကို  ခွင့်ပြုချက် မတောင်းနိုင်ခဲ့တာ တောင်းပန်ပါတယ်)
========================================================

သမ္မတ အိုဘားမား ဒုံးကျည်၊ ဓါတုလက်နက်ခံနိုင်တဲ့ ယာဉ်စစီးပြီ
(ခေတ်ပြိုင်ဂျာနယ်မှ)

အမေရိကန်သမ္မတ အိုဘားမား ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတက်ရန် လန်ဒန်ရောက်နေစဉ် မည်သည့်အကြမ်းဖက်မှု မျိုးမျှ မဖြစ်ပွားစေရန်နှင့် သမ္မတကြီးအား မှဲ့တပေါက် မစွန်းစေရန် အိမ်ရှင် ဗြိတိသျှအစိုးရက တာဝန်ယူထားသည်။

အိုဘားမားနှင့်အတူ အရာရှိ (၅၀၀) ၊ အထူးထောက်လှမ်းရေး (၂၀၀) နှင့် ဆရာဝန်သူနာပြုအဖွဲ့ စသည်တို့ လိုက်ပါလာပြီး အိုဘားမားနှင့်အဖွဲ့ လန်ဒန်တွင် အသုံးပြုမည့် ယာဉ်မျိုးစုံ (၃၅) စီးကိုလည်း အမေရိကန်လေတပ် စီ-၁၇ လေယာဉ်ကြီးဖြင့် တပါတည်း သယ်လာသည်။

လုံခြုံရေး အထူးအစီအစဉ်
သမ္မတအိုဘားမားစီးနင်းသည့် Air Force One အထူးလေယာဉ် အင်္ဂလန်လေကြောင်းပိုင်နက်ဝင်လာသည်နှင့် RAF အင်္ဂလန်ဘုရင့်လေတပ် တိုက်လေယာဉ်အုပ်စုက အိုဘားမားလေယာဉ် စတင်းစတက် လေဆိပ်ဆင်းသည်ထိ ကာကွယ်စောင့်ရှောက်မည်။

အိုဘားမား၏ Air Force One သမ္မတသုံး အထူးလေယာဉ်မှာ ဘိုးရင်း (၇၄၇) အမျိုးအစားဖြစ်ပြီး လေယာဉ်ပျံသန်းနေစဉ် သမ္မတအလုပ်လုပ်နိုင်အောင် လေယာဉ်အတွင်း စီမံထားသည်။ အားကစားလေ့ကျင့်ခန်း ၀ါသနာပါသူ အိုဘားမားအတွက် လေယာဉ်ထဲတွင် အားကစားလုပ်နိုင်ရန်လည်း စီစဉ်ထားသည်။

Air Force One အထူးလေယာဉ်ကို အီလက်ထရို မက်နက်တစ်လှိုင်းကာကွယ်သည့် လုံခြုံရေးပစ္စည်းများ တပ်ထားသည့်ပြင် လေယာဉ်တွင်း ဆက်သွယ်ရေးပစ္စည်းများမှာလည်း နျူကလီးယားလက်နက်တိုက်ခိုက်မှုမှ ထွက်လာသည့် ဓာတ်ရောင်ခြည်ဖြာထွက်မှုကိုပါ ကာကွယ်နိုင်သည်ဆို၏။
လေဆိပ်မှ လန်ဒန်လုံခြုံရေး


အိုဘားမားစီးတဲ့ AirForce One လေယာဉ်


အိုဘားမား စတင်းစတက် လေဆိပ်ရောက်ပြီး မိနစ်ပိုင်းအတွင်း အိုဘားမား၏ Marine One ခေါ် သမ္မတသုံး အထူးရဟတ်ယာဉ် (VH-3D) ဖြင့် လန်ဒန်မြို့လယ်သို့ သွားရောက်ခဲ့သည်။

မရင်းဝမ်း ရဟတ်ယာဉ်သည် အပူဓာတ်ကိုရှာပြီး ပစ်ခတ်သည့် ဒုံးကျည်များကို လမ်းလွှဲပေးနိုင်သည့် ရောင်ခြည်များ ပစ်လွှတ်နိုင်သည်။ အမေရိကန်သမ္မတလိုက်ပါသည့် မရင်းဝမ်း ရဟတ်ယာဉ်ကို သူ့ချည်းတစီးတည်း မပျံစေဘဲ တိုက်ခိုက်မှုများ ဖြစ်လာပါက မျက်စိလည်စေရန် အမျိုးအစားတူ အခြားရဟတ်ယာဉ်များနှင့် ရောနှောပျံသန်းလေ့ ရှိသည်။

ပျံသန်းသည့် အခါတွင်လည်း မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များ ပစ်ခတ်မှု ခက်ခဲစေရန် အမြင့်ပေ (၃၀၀) မှ (၅၀၀) ကြားပျံသန်းလေ့ရှိပြီး သမ္မတအိုဘားမားစီးသည့် မရင်းဝမ်းရဟတ်ယာဉ် မြေပြင်မှထွက်သည်နှင့် မရင်းဝမ်းနှင့်အတူ ပုံတူအခြားတည်ကြက် ရဟတ်ယာဉ် (၃-၄) စီးက လမ်းတလျှောက် အထက်တက်လိုက် အောက်ဆင်းလိုက်လုပ် ပျံနေခြင်းဖြင့် မည်သည့် ရဟတ်ယာဉ်မှာ သမ္မတပါလာမှန်းမသိအောင် ပရိယာယ်ဆင်ခြင်း ဖြစ်သည်။ ထိုနည်းကို Shell Game ဟု ခေါ်သည်။

စတင်းစတက်လေဆိပ်မှ လန်ဒန်မြို့လယ်ကောင်ရှိ အမေရိကန်သံအမတ်ကြီးအိမ်သို့ အိုဘားမားအား ပို့ဆောင်ပေးရန် ခရီးအတွက် ထိုမရင်းဝမ်းရဟတ်ယာဉ်ကို အမေရိကန်မှ သယ်လာခြင်းဖြစ်သည်။

အိုဘားမား၏ The Beast စီးတော်ယာဉ်

အမေရိကန်မှ လန်ဒန်သို့ တကူးတက သယ်လာသည့် အိုဘားမားစီးမည့် သမ္မတသုံးကားမှာ The Beast ဟု အမည်ပေးထားသည့် ဇိမ်ခံကားဒီးလက်အမျိုးအစားကားကြီးဖြစ်ပြီး ဂျိန်းစဘွန်းစီးသည့် ကားကဲ့သို့ Pump action ဖြင့် ပစ်နိုင်သည့် သေနတ်များ တပ်ဆင်ထားပြီး ယာဉ်မောင်းကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က လေ့ကျင့်ပေးထားသည်။

အမေရိကန်သမ္မတစီးမည့် The Beast ကားကြီးသည် ယခုနှစ်ဆန်းကမှ ထုတ်လုပ်ပြီးစီးခဲ့သည့် ကားသစ်ကြီး ဖြစ်ပြီး အိုဘားမား ပထမဆုံး စတင်သုံးမည့် သမ္မတသုံးကားဖြစ်သည်။ ဒေါ်လာ (၃၀၀,၀၀၀) တန်သည်ဆို၏။ အဆိုပါကားကို အိုဘားမား လန်ဒန်မှာ ခေတ္တရှိနေစဉ် စီးနင်းရန် အသုံးပြုမည်ဖြစ်သည်။

အမေရိကန်သမ္မတစီးသည့် The Beast ကားဘော်ဒီကို (၅) လက်မထူသည့် တိုက်တေနီယမ်နှင့် ကြွေထည်ရော ထားသည့် သတ္တုစပ်ဖြင့် ဆောက်လုပ်ထားပြီး မှန်များကိုလည်း ကျည်ကာမှန်များ တပ်ဆင်ထားသည်။ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခြင်း၊ ဒုံးကျည်နှင့် တိုက်ခိုက်ခြင်းတို့ကိုပင် ကာကွယ်နိုင်သည်ဟုဆိုသည်။

ကားတာယာများကလည်း မပေါက်နိုင်သည့် တာယာများဖြစ်ပြီး ကားထဲတွင် မျက်ရည်ယိုဗုံး၊ ညကြည့်ကင်မရာ အပြင် ဓာတုလက်နက်ဖြင့်တိုက်လာလျှင် လေသန့်အမြန် ထုတ်ပေးနိုင်မည့် အောက်ဆီဂျင်ဓာတ်အိုး စသည့် ပစ္စည်းများလည်း တပ်ဆင်ထားသည်။

အမေရိကန်သမ္မတ အခြံအရံများ
 

အိုဘားမားရဲ့ မရင်းဝမ်း အထူးရဟတ်ယာဉ်

လန်ဒန်၌ အိုဘားမားသွားလေရာ အထူးအမေရိကန်ထောက်လှမ်းရေး (၂၀၀) က လိုက်ပါစောင့်ကြပ်နေမည်ဖြစ်ပြီး အိုဘားမားကျန်းမာရေး ရုတ်တရက် ဖောက်လာလျှင် အရေးပေါ် သွေးသွင်းရန် သမ္မတ၏ အေဘီသွေးကို အသင့်ဆောင်ထားသည့် အမေရိကန်ဆရာဝန်များ၊ ခွဲစိတ်ကုဆရာဝန်များနှင့် သူနာပြုဆရာမများပါသည့် ဆေးအဖွဲ့လည်း ပါဝင်သည်။

အိုဘားမားစီးနင်းသည့် The Beast စီးတော်ယာဉ်ကို ကာကွယ်ရန်အတွက် အင်္ဂလန်မှ Specialist Protection Group နှင့် Diplomatic Protection Group မှ လုံခြုံရေးအရာရှိများက ကျည်ကာလင့်ရိုဘာ ကားများစီးပြီး စောင့်ရှောက်မည်။ အဆိုပါ လုံခြုံရေးအရာရှိများသည် (၉) မီလီမီတာ Glock ပစ္စတိုသေနတ်များ၊ MP5 ကာဘိုင်သေနတ်များ၊ G9 ရိုင်ဖယ်များ စသည်တို့ကို ကိုင်ဆောင်ထားမည်ဖြစ်သည်။

လန်ဒန်ရဲတပ်ဖွဲ့ ဗဟိုစစ်ဆင်ရေးဌာနခွဲ CO19 မှ လက်ဖြောင့်သေနတ်သမားများက အကြမ်းဖက်မည့် အလား အလာများကို ရှာဖွေနိုင်ရန် အိုဘားမားလာမည့် လမ်းတလျှောက် အဆောက်အဦခေါင်မိုးများပေါ်မှာ နေရာယူထားမည်။ အဆိုပါဌာနခွဲမှ ရဟတ်ယာဉ်များကလည်း အိုဘားမား၏ ကားတန်းကို ကောင်းကင်မှ ထက်ကြပ်မကွာ စောင့်ကြည့်နေပြီး အမေရိကန် သမ္မတ ကားတန်း လှုပ်ရှားသွားလာနေသည့် ဓာတ်ပုံများကို လန်ဒန် စကော့တလန်ယာဒ်အဖွဲ့ကြီး ထိန်းချုပ်ရေးဌာနသို့ ပို့ပေးမည်ဖြစ်သည်။

ကိုးကားချက်။     ။ http://freedomnewsgroup.com တွင် ဖော်ပြထားသော

 စာစုများ ဖြစ်သည် ။

Written By:

THIDA MOE PHYU (Japan)

President and Chief Operating Officer <Myanmar - editor >

Thidange VZO Corp:

阅读文章   新增评论

၂၀၁၁ ခုနစ်အတွက် ကျွန်မရဲ. ပုံပြင်လေးတစ်ပုဒ်

发布2011/3/24的 thi da nge

'' မိန်းမဖြစ်ရတဲ့ ဘ၀ ''

သတိပေးချက်။    ။သံဃာတော်များ ၊အသက်ဆယ့်ရှစ်နှစ်အောက် ကလေးများ နှင့် ယဉ်ကျေးသိမ်မွေ. အရှက်အကြောက်ကြီးသော မြန်မာမိန်းကလေးများ မဖတ်ကြပါရန် ။

တစ်ခုသော တနင်္ဂနွေနေ.လေး တစ်နေ.မှာ အလုပ်ပိတ်ရက်လည်းဖြစ်၍ ကျွန်မမှာ အိမ်မှုကိစ္စများ

လုပ်ဆောင်အပြီးတွင် ကွန်ပြူတာရှေ.သို. ရောက်ပြီး ကျွန်မရဲ. Gmail ရှိ inbox  ထဲတွင် မလေးရှား

မှ ကျွန်မရဲ. သူငယ်ချင်းဖြစ်သူ ကိုစောသူရ ပေးပို.လိုက်သော( Mail ) စာများအား ဘာရယ်မဟုတ်

ဖတ်နေမိပါသည်။ထိုစာလေးအား ဖတ်အပြီးတွင် ကျွန်မရဲ. ခေါင်းထဲသို. အတွေးများစွာက

မဖိတ်ခေါ်ဘဲ တောက်လျှောက် ထိုးဖောက် ၀င်ရောက်လာပါတော့သည်။အဲဒီလို အတွေးများထဲ

တွင် ကျွန်မရဲ. သူငယ်ချင်း တစ်ယောက်ဖြစ်သော ကိုဇော်လတ် ရဲ. စကားများစွာကို လည်းပြန်

လည် အမှတ်ရမိပါသည်။ ကျွန်မမှာ ထိုစာလေးအား ဖတ်အပြီးတွင် သြော်.....ဒို.မြန်မာနိုင်ငံမှာ

လည်း အဲဒီလိုပဲ တရားဝင် လက်မထပ်ရသေးဘဲ ကုတင်ပေါ်သို. အတူတူ တက်ပြီးသွားသလို ၊

လက်ထက်ပြီးသား တရားဝင်ကာမပိုင် လင်ယောကျာင်္း ရှိသော်လည်း နောက်မီးလင်း ဖောက်ပြန်

မှုတွေ ရှေးအရင်းကတည်းက ရှိခဲ့ပေမဲ့ ဒီဘက်ခေတ်မှာ ပိုပြီးများလာသလိုပဲ ဟုကျွန်မ တွေး

တောနေမိပါသည် ။ “  ဖက်ပေါ် ဆူးကျလဲ ဖက်ပဲပေါက်သလို ၊ဆူးပေါ် ဖက်ကျလဲ ဖက်ပဲ ပေါက်

ပါတယ် '' ဆိုသကဲ့သို. ကျွန်မတို. မိန်းမသားဘ၀မှာ နာစရာရှိရင် ကိုယ်တွေကပဲ နစ်နာတာပါ ။

ယခုခေတ် မြန်မာမိန်းကလေးတွေ ခေတ်မှီလာတာကတော့ အဲဒီလိုမျိုး မဟုတ်တဲ့နေရာမှာ

ထူးချွန်ပါပေတယ် ။ထားလိုက်ပါတော့လေ.....ကျွန်မသူငယ်ချင်း ပေးပို.လိုက်တဲ့ စာလေးအား

အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

တိုက်ဆိုင်လိုက်တာ

 

ရတနာထွန်း
အတွဲ ၂၆ ၊ အမှတ် ၅၀၉ (၁၁ - ၁၇ ၊ ၃ ၊ ၂၀၁၁)

လူတစ်ယောက်က စားသောက်ဆိုင် တစ်ခုရဲ့ဘားမှာထိုင်ပြီး ၀ိုင်နီ တစ်ခွက် မှာပါတယ်။

သူ့နံဘေးကမိန်းမက ကျွန်မလည်း အဲဒါပဲမှာလိုက်တာလို့ ပြောတော့

သူက"ကျွန်တော်ကတော့ပျော်စရာကြုံလို့ ဂုဏ်ပြုတဲ့အနေနဲ့သောက် မှာ"လို့ ဆိုပါတယ်။

အမျိုးသမီးကလည်း"တိုက်ဆိုင်လိုက်တာရှင်။ ကျွန်မလည်း ပျော်စရာရှိ နေလို့ ၀ိုင်နီ

မှာသောက်တာ"လို့ဆိုတော့ အမျိုးသားက ဘာများလဲလို့ မေးတော့"ကျွန်မတို့လင်မယားက

အိမ်ထောင်ကျတာကြာပြီ။ ဒါပေမယ့် ကလေးမရဘူး။ ဒီနေ့ ဆရာဝန်က ကျွန်မမှာကိုယ်ဝန်ရှိနေပြီလို့

ပြော လိုက်တာနဲ့ ပျော်နေတာ"လို့ ဆိုပါတယ်။

အဲဒီအခါမှာအမျိုးသားက "တိုက်ဆိုင်လိုက်တာဗျာ။ကျွန်တော်က ကြက် မွေးမြူရေးလုပ်တာပါ။

ကျွန်တော့ကြက်မတွေ ဥမဥတာကြာပြီ။ ဒီနေ့ ကြက်မတွေ ဥပြန်ဥလို့ ပျော်နေတာ"လို့ဆိုတော့

အမျိုးသမီးက"ရှင်က ဘယ်လိုနည်းလမ်းသုံးလိုက်လို့တုံး"လို့ မေးပါတယ်။

ဒီတော့သူက "ကျွန်တော်လား၊ ကြက်ဖတွေလဲလိုက်တယ်လေ။ ခင်ဗျားရော"လို့ မေးလိုက်တော့

အမျိုးသမီးက "အို၊ တိုက်ဆိုင်လွန်း လိုက်တာရှင်"တဲ့။

 ( မှတ်ချက် ။     ။ ထိုစာလေးမှာ မြန်မာတိုင်းဂျာနယ် အတွဲ ၂၆  ၊အမှတ် ၅၀၉ မှ နားနားနေနေ

စိတ်အပန်းဖြေ ခေါင်းစဉ်အောက်ရှိ တိုက်ဆိုင်လိုက်တာ ဆိုတဲ့ ဟာသ အကြောင်းအရာလေး

အား ကျွန်မ ဖတ်ရန်အလို.ငှါ ၄င်းမှ သူငယ်ချင်းကောင်း ပီသစွာ အားအားရားရားဖြင့် ပေးပို.

လာတာပါ ) ။

အောက်ဖော်ပြပေးမဲ့ စာသားများသည် ကိုဇော်လတ် တွေ.ကြုံခဲ့မှုများနှင့် ကျွန်မရဲ. အတွေ.

အကြုံများကို ပေါင်းစပ်ပြီး ရေးသားထားခြင်းပါ ။

တစ်ခု မှာကြားချင်တာကတော့ ဒီနေရာမှ စတင်ပြီး အစ္စလာမ်ဘာသာဝင်များ ဖတ်၈ှုရန် မသင့်

တော်၍ စာရေးသူ ကျွန်မ အနေဖြင့် များစွာ များစွာဖြင့် တားမြစ်ပါသည် ။တားမြစ်ချက်အား

မလိုက်နာဘဲ ဖတ်၈ှုလိုက်မိပါက ကောင်းသည်ဖြစ်စေ ၊ဆိုးသည်ဖြစ်စေ ကျွန်မနှင့် လုံးဝ လုံးဝ

မသက်ဆိုင်ပါကြောင်း ။

 

အချိန်ကာလမှာ ကျွန်ုပ် ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ရောက်ရန် စောင့်မျှော်နေတဲ့

ကြားကာလလေးပါ ။ကျွန်ုပ်မှာ ၁၉၉၆ ခုနစ်တွင် ဆယ်တန်းအောင်သောကြောင့် ကံဆိုးချင်တော့

မြန်မာနိုင်ငံရဲ. နိုင်ငံရေး အခြေအနေကြောင့် တက္ကသိုလ်များအား ပိတ်ထားသော အချိန်နှင့်

သွားတိုက်ဆိုင်နေပါသည် ။ကျွန်ုပ် ဇော်လတ်မှာ တက္ကသိုလ်တက်ရောက်ရန် (ဆင် -ီး ခွေးမျှော်

သလို ) စောင့် နေပါသော်လည်း အစိုးရမှ ရက်အကန်.အသတ်မရှိ ပိတ်ထားလိုက်သောကြောင့်

လွန်စွာမှ အားရားနေတဲ့ ကျွန်ုပ်အား ဖခင်မှ '' ဟေ့ကောင်...ဒီခေတ်က နည်းပညာတိုးတက်

လာတဲ့ခေတ်ဖြစ်တဲ့ အတွက်ကြောင့် ကွန်ပြူတာ သင်တန်းတက်ကွာ ။အင်္ဂလိပ်စာ ၊အင်္ဂလိပ်စကား

ပြော သင်တန်းလဲတက်အုံးကွ ။နောက်ပြီး လူဆိုတာ အတတ်ပညာတစ်ခုခု တတ်ထားရင် ထမင်း

မငတ်နိုင်ဘူးကွ ။ဒါကြောင့် ကားမောင်း ၊ကားပြင်သင်တန်းလဲတက်ကွ ''  ဆိုပြီး ကျွန်ုပ်ရဲ. အားရား

ပြီး ၁၀၉ ၊၁၁၀  အလုပ်မရှိ ၊အကိုင်မရှိ ၊ကျောင်းသားဆိုလဲ ပြောလို.မရတော့တဲ့ ဖားတစ်ပိုင်း၊

ငါးတစ်ပိုင်း ဖြစ်စဉ်ကို လွန်စွာ မျက်စီနောက်လှသောကြောင့် သင်တန်းတစ်ခုပြီး တစ်ခုတက်ခိုင်း

လေတော့သည် ။

အဲဒီလိုပဲ သင်တန်းတစ်ခုပြီး တစ်ခုတက်ရင်း ၊တစ်ဖက်မှ ကျွန်ုပ်ဖခင်ရဲ. စီးပွါးရေးဖြစ်သော

စားသောက်ဆိုင်ကလေးမှာ ၀ိုင်းကူလုပ်ရင်း အချိန်တွေဟာ တစ်နှစ်ပြီး တစ်နှစ်ကုန်ဆုံးလာရင်း

၂၀၀၀ ခုနစ်မှပဲ တက္ကသိုလ်တက်ရန် ကျောင်းများပြန်လည် ဖွင့်ပါတော့လေသည်။ကျွန်ုပ်မှာ

ထိုသတင်းကြားရလျှင် ကြားရချင်းပဲ ပျော်ရွှင်သွားတော့သည်။အဘယ်ကြောင့်ဆိုသော် မွေးချင်း

မောင်နှမ ငါးယောက်ထဲမှာမှ အထွေးဆုံး(အငယ်ဆုံး) ဖြစ်သော ကျွန်ုပ်တစ်ယောက်ထဲသာ

ဆယ်တန်းအောင်ပြီး တက္ကသိုလ်သို. တက်ရောက်နိုင်သော အတွက်ကြောင့်သော်လည်းကောင်း၊

ကျောင်းတက်ရတော့မယ်ဆိုတော့ ဖခင်ရဲ. အလုပ်ကို ၀ိုင်းလုပ်ပေးစရာ မလိုတော့တဲ့ အတွက်

ကြောင့် သော်လည်းကောင်း ၊ဆွေမျိုးများထဲတွင်လည်းကောင်း ၊ရပ်ကွက်ထဲတွင်လည်းကောင်း

မျက်နှာငယ်လေးနှင့် တစ်ယောက်လာလဲ ကိုးတန်းနှင့် ကျောင်းထွက်၊နောက်တစ်ယောက်လာလဲ

ဆယ်တန်းနှစ်ခါ၈ှုံးပြီး ကျောင်းထွက်နှင့် ပညာရေးဘက်မှာ လွန်စွာမှ အသုံးမကျသော ကျွန်ုပ်ရဲ.

အစ်ကို ၊အစ်မတွေရဲ. အရိပ်မည်းကို ကျွန်ုပ်တစ်ယောက်တည်းသာလျှင် ဘွဲ.ဓါတ်ပုံချိတ်ကာ 

ကုန်သည်မျိုးရိုးဖြစ်တဲ့ ပညာရေးကို အားမပေးတဲ့ ကျွန်ုပ်မိသားစုကလေးမှာ ကျွန်ုပ်ကြောင့်လူတွေ

အထင်သေးချင်မှ ကင်းလွှတ်ခဲ့တဲ့အတွက်ကြောင့် ကျွန်ုပ်မိခင် ဒေါ်မာလာမှာ တစ်ရပ်ကွက်လုံးသို.

လိုက်လံကြွားဝါ နေတော့လေသည်။( ကျွန်ုပ် ဆယ်တန်းအောင်တဲ့နေမှာလည်း ကျွန်ုပ်မိခင်မှာ ထ

ကပြီး တစ်ရပ်ကွက်လုံးသို. မမောတမ်း ၊မပန်းတမ်း လိုက်လံကြွားခဲ့ပြီးပါပြီ ) ။

နောက်နေ.နံနက်စောစောတွင် တစ်ရပ်ကွက်ထဲ အတူတူနေတဲ့ သူငယ်ချင်းလည်းဖြစ်သော ၊

အလယ်တန်းမှ စပြီး ဆယ်တန်းဖြေပြီးတဲ့အထိ ကျောင်းတစ်ကျောင်းထဲတွင် အခန်းတူလည်းဖြစ်

သော ၊မောင်နှမ အရင်းကဲ့သို. ပွင့်ပွင့်လင်းလင်းဖြင့် ဆိုးပေ့ ၊ကောင်းပေ့ တိုင်ပင်ဖော်တိုင်ပင်ဖက်

ကျွန်ုပ်ရဲ. အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ မအေးအေးသက် တို. မုန်.ဟင်းခါး ဆိုင်လေးသို.

ထွက်လာခဲ့လေသည် ။( ဤနေရာတွင် အေးအေးသက်ရဲ. အကြောင်းကို အနည်းငယ် ဖော်ပြပါ

ရစေ )။

အေးအေးသက် တို.အိမ်မှာ ကျွန်ုပ်တို. အိမ်နှင့် ရှစ်လုံးမြောက်တွင် ရှိပါသည် ။၎င်းဖခင်ဦးအောင်မြင့်

မှာ ဆက်သွယ်ရေးဝန်ကြီးဌါနတွင် အစိုးရ၀န်ထမ်း စာပို.သမား တစ်ဦးပါ ။၎င်းမိခင်ဒေါ်သန္တာအေး

မှာအရင်ကတော့ အလယ်တန်းပြကျောင်းဆရာမပါ ။ယခုတော့ ထိုအလုပ်မှထွက်ကာ မှီခိုသူပါ ။

၎င်းအေးအေးသက်တွင် လွန်စွာချောမောလှပသော ခြူးခြူးနွယ် ဆိုသော ညီမလေးတစ်ယောက်ထဲ

သာရှိသည် ။ သာမန်အစိုးရ၀န်ထမ်း ၄င်းဖခင်တစ်ဦးတည်းရဲ. ၀င်ငွေကိုသာ မှီခိုနေရတဲ့အတွက်ကြောင့်

အေးအေးသက်တို. မိသားစုမှာ ချောင်ချောင်လည်လည်မရှိလှပါ ။ကံတရားရဲ.မျက်နှာသာ မပေးမှု

ကြောင့် ၄င်းဖခင်ဦးအောင်မြင့်မှာ မနှစ်က အရက်သောက်များမှုကြောင့် အသည်းရောဂါဖြင့် ကွယ်လွန်

ခဲ့လေသည် ။၎င်းတို.ရဲ.မိသားစုတွင် ရွှေတောင်ကြီးပြိုလဲခဲ့သောကြောင့် စားဝတ်နေရေးအတွက်

အထက်တွင်ဖော်ပြခဲ့သလို ကျွန်ုပ်တို.ရဲ.လမ်းထိပ်တွင် မုန်.ဟင်းခါးဆိုင်လေးဖွင့်ကာ သားအမိသုံး

ယောက်သား လူ.ဘ၀ကို ပင်ပန်းဆင်းရဲ.စွာဖြင့် ရုန်းကန်ခဲ့ရလေသည် ။အေးအေးသက်မှာ အသား

ညိုကာ အရပ်ရှည်၍ ပိန်ပါသည် ။၎င်းတို.ကျန်တဲ့ မိသားစုအားလုံးမှာ အသားဖြူ၍ အရုပ်ပုသော

ကြောင့် ရပ်ကွက်ထဲမှ လွန်စွာရင်းနှီးသောသူများက ၄င်းအား  မွေးစားသမီးဆိုပြီးလည်းကောင်း ၊

သိပ်မရင်းနှီးလှသောသူများက ညိုမ ဆိုပြီးလည်းကောင်း ခေါ်ဝေါ်ကြလေသည် ။ကျွန်ုပ်မှာတော့

ထိုကဲ့သို. ၄င်းအားမခေါ်ဘဲ ကျောင်းနံမည်ဖြစ်သော အေးအေးသက် ဟုသာခေါ်ပါသည် ။၎င်းရဲ.

ညီမဖြစ်သူ ခြူးခြူးနွယ်မှာတော့ ဒီနှစ်မှာ ဆယ်တန်းကျောင်းသူလေးပါ ။ခြူးခြူးနွယ်သည် ယခုခေတ်

တက်သစ်စ ရုပ်ရှင်မင်းသမီးလေး ၀တ်မှုန်ရွှေရည်လိုမျိုး လူကောင်ပုပုသေးသေး ဖြူဖြူဖွေးဖွေးဖြင့်

ချစ်စရာကောင်းသောကြောင့် ရပ်ကွက်ထဲမှကာလသားများသာမက အခြားသောရပ်ကွက်မှကာလ

သားများပါလာရောက်ပိုးပန်းကြလေသည် ။သူကလည်း သူပါပဲ။ရုပ်ရည်အားကိုးနှင့် ရည်းစားထည်လဲ

တွဲပါကြောင့် ရပ်ကွက်ထဲမှာတော့ နာမည်ကြီးသူတစ်ဦးပါ ။ထားပါတော့လေ....အထက်တွင်ဆိုခဲ့သလို

ကျွန်ုပ်မှာ အေးအေးသက်တို.ဆိုင်ကိုရောက်တော့ မနက်စောစော ဆိုင်စဖွင့်စဆိုတော့ ခုံလွတ်တစ်ခုကို

ဆွဲယူလိုက်ပြီး ၀င်ထိုင်လိုက်လေသည် ။

 

အေးအေးသက်မှာ ကျွန်ုပ်အားမြင်လျှင် မြင်ခြင်းပင် '' ဟဲ့...ဇော်လတ် နင်ကျောင်းအပ် ပြီးပြီလား ။

ဘာမေဂျာရတာလဲ ။အစရှိသဖြင့်မေးပါလေတော့သည် ။ '' ကျွန်ုပ်မှ ကျောင်းအပ်ပြီး၍ သတ္တဗေဒ

အဓိကဘာသာရကြောင်းပြောသောအခါ သူမလည်းကျောင်းအပ်ပြီး၍ ရူပဗေဒဘာသာရကြောင်း

တောက်လျှောက်ပြောလေသည် ။ကျွန်ုပ်တို.နှစ်ယောက် စကားပြောကောင်းမယ်ရုံရှိသေး တစ်ဖက်

ဝိုင်းသို. လူသုံးယောက် ရောက်ရှိလာပြီး မှာစရာရှိ၍ သူမအားလှမ်းခေါ်လေသည် ။ထိုအခါသူမမှ

ဇော်လတ် နင်ဘာစားမလဲ ။ထုံးစံအတိုင်း ဗူးသီးကြော်နဲ.မုန်.ဟင်းခါး မဟုတ်လား ဆိုတော့ ကျွန်ုပ်မှ

အေး....ဆိုပြီးပြန်ဖြေလိုက်လေသည် ။ပြီးနောက်သူမမှ တစ်ဖက်ဝိုင်းသို. လာပြီ လာပြီ ဟုဆိုကာ

သွားလေသည် ။တဖက်ဝိုင်းသို. အေးအေးသက်ရောက်သွားသောအခါ ဘာမှာမလဲ အစ်ကိုတို. ဟု

မေးသောအခါ လူတစ်ယောက်မှ ဟေ့...ငါ နင်ကိုခေါ်နေတာ အခွန်းတစ်ရာမကတော့ဘူး ။မင်း

နားလေးနေသလားကွ ဆိုပြီးပြောလေသည် ။အေးအေးသက်မှ တစ်ခြားဝိုင်းမှလည်းမှာကြားနေ၍

မကြားမိတာကို စိတ်မရှိနှင့်လို. တောင်းပန်လေသည် ။ထိုအခါ ထိုသူမှ ခါးကြားမှ အရက်ပုလင်းဆွဲ

ထုတ်ကာ စားပွဲပေါ်သို.တင်လိုက်လေသည် ။ထိုလူသုံးယောက်ပုံစံမှာလည်း မနေ.ညကတည်းက

တစ်ညလုံးသောက်ထားတဲ့ ပုံစံပေါက်နေကာ မူးရူးနေပါသည် ။ထိုအခါ အေးအေးသက်မှ ဟို...ဟို

အစ်ကိုတို. စိတ်မရှိနဲ.နော် ။ဒီဆိုင်က မုန်.ဟင်းခါးပဲရောင်းတဲ့ ဆိုင်ဆိုတော့ ဒီမှာအရက်သောက်လို.

မရဘူးနော် ဆိုတော့ ထိုသူမှ ဟေ့...သောက်လို.မရဘူးလား မရတော့လည်းပြီးတာပဲဆိုပြီး ၄င်းရဲ.

ခါးကြားထဲသို.ပြန်ထိုးထဲ့လိုက်ပြီးမှ အစ်ကို.အတွက် ကြက်သွန်ကြော်နဲ.မုန်.ဟင်းခါးတစ်ပွဲပေးကွာ

ဟေ့ကောင်တွေ...မင်းတို.ရောဘာနဲ.စားကြမလဲဆိုပြီး ကျန်တဲ့၎င်းရဲ.သူငယ်ချင်းအား မေးလေသည်။

ထိုအခါ အနီးအနားမှကျွန်ုပ်မှာ ၄င်းတို.အုပ်စုကို သေသေချာချာကြည့်လိုက်သောအခါ တဖက်ရပ်ကွက်

မှ နာမည်ဆိုးဖြင့်ကျော်ကြားသော လူမိုက်သားကြီးတို. အုပ်စုဖြစ်နေသည်။ ခုနက အရက်ပုလင်း

ထုတ်ကာမိုက်မိုက်ရိုင်းရိုင်းဖြင့် ပြုမှုနေသူမှာ ထိုလူမိုက်သားကြီးဖြစ်ပေသည် ။ပြီးနောက်၎င်းရဲ.

ဘေးနားမှလူတစ်ယောက်မှ ညီမလေးရေ...အစ်ကိုအတွက် ဘေးနားက လက်ဖက်ရည်ဆိုင်မှာ

ကော်ဖီမစ် ပလိန်းတစ်ခွက်မှာပေးပါ ။ မုန်.ဟင်းခါးတစ်ပွဲ ဘာအကြော်မှမထဲ့နဲ.နော်...

နောက်ပြီးကြက်သွန်ဆီကျက်တို. ၊နံနံပင်တို. ၊ပူစီနံတို. ဘာညာတွေ ဘာမှမထဲ့နဲ.ကွာ ။

 

 

ဘယ်လိုပြောရမလဲ...ခုနကမှာသလိုကော်ဖီလိုမျိုး မုန်.ဟင်းခါး ပလိန်းတစ်ပွဲပေးကွာ ဆိုပြီး အဆီအငေါ့ 

မတဲ့သောစကားမျိုးဖြင့် မှာကြားလေတော့သည် ။၎င်းရဲ.ဘေးနားရှိတတိယမြောက်လူ မုတ်ဆိတ်မွှေးများ

နှင့် မွတ်ဆလင်ကုလားမှ  ဒီလိုညီမလေးရေ...စိတ်မရှိနဲ.နော် ၊ဒီကောင်က အဲဒီလိုမျိုး ကော်ဖီသောက်

တော့လည်းပလိန်းမှ ၊ဟိုအိမ်သွားလို. ဟိုကအပျက်မတွေနဲ.အိပ်တော့လည်း ပလိန်းမှ ဘယ်တော့မှ

အဖော်တို. ၊အစွတ်တို. မသုံးဘူး ၊လုံချည်ဝတ်တော့လည်းအဆင်တွေ ၊အကွက်တွေမပါတဲ့ ပလိန်း

နဲ.မှ ၊အခုလည်းကြည့်လေ မုန်.ဟင်းခါးစားတော့လည်း ပလိန်းတဲ့ ပေါက်ပေါက်ရှာရှာကွာ...

ဒါကြောင့်ဒီကောင်ကို အစ်ကိုတို.အုပ်စုက မောင်မောင်မြင့် လို.မခေါ်ဘဲ ပလိန်းမောင်မောင်လို.

ခေါ်တာကွ ။အေး...ငါ့အတွက် အီကြာကွေးနဲ.တစ်ပွဲ ညီမလေးရော မုန်.ဟင်းခါးစားရင် အဲဒီလို

အီကြာကွေးမျိုး အချောင်းကြီးကြီးနဲ.စားရတာ မကြိုက်ဘူးလားဆိုပြီး  ၄င်းရဲ. မုတ်ဆိတ်ကို ဆွဲနေကာ

မချိုမချဉ်မျက်နှာ နဲ. အသီးသီးမှာကြားလေသည် ။

 

 

 

အဲဒီလို မသိသာဆိုးရွားလှပြီး ၊မောင်နှမချင်း ကိုယ်ချင်းမစာနာ ၊တိရစ္ဆာန်ကဲ့သို. ရိုင်းစိုင်းလှသော

ထိုသူသုံးဦးသားမှာ အေးအေးသက်အား အမျိုးမျိုးမဖုံဖုံ စိတ်အနှောက်အယှက် ပေးပြီးမှ ထပြန်

ကြလေတော့သည် ။ထိုသူတို. ပြန်သွားမှ အေးအေးသက်မှာ ပန်းကန်ခွက်ယောက်များ သိမ်းဆည်း

ကာ ပန်ကန်းဆေးမည့်နေရာတွင် ပန်းကန်ခွက်ယောက်များအား ဆေးကြေားနေရင်းမှ ၄င်းမိခင်အား

  အမေရယ်...သမီးတို.လို မရှိလို. ရိုးရိုးသားသားနဲ. ရှာဖွေစားသောက်တာကို လူတွေက အထင်သေး

ချင် ၊စော်ကားချင်ကြတယ် ။သြော်...လူတွေဟာ မြေနိမ့်ရာလှံစိုက် ဆိုသလိုပဲ ပိုက်ဆံမရှိရင် အရမ်းပဲ

နှိမ်ချင်ကြတယ် ။တကယ်လို. အခုနေများ သမီးတို. ရွှေဆိုင်လား ၊ပွဲရုံလား ၊ကုမ္ပဏီလား တစ်ခုခု

ပြောင်းဖွင့်ကြည့်ပါလား ခုနကလိုမျိုး ဘယ်သူမှ လာစော်ကားရဲမှာ မဟုတ်ဘူး ။နောက်ပြီးအဆိုးဆုံး

ကတော့ အမေ သမီးကို   ဘာဖြစ်လို. ယောင်္ကျားလေးဆိုပြီး မမွေးခဲ့တာလဲ ။တကယ်လို. သမီးဟာ

ယောင်္ကျားတစ်ယောက်ဖြစ်ခဲ့ရင်လဲ စောစောတုန်းလိုမျိုး စော်ကားခံထိမှာ မဟုတ်ဘူး ။ဒါမမှဟုတ်ရင်

လဲ သမီးတို.မွေးချင်း မောင်နှမမှာ ကျားကျားရားရား အစ်ကို တစ်ယောက်လောက် ဒါမှမဟုတ်

မောင်လေးတစ်ယောက်လောက် ရှိခဲ့ရင်လဲ အရမ်းကောင်းမှာပဲနော် လောကကြီးဟာ လုံးဝ မတရား

ပါလားဆိုပြီး ၄င်းရဲ.မျက်ရည်များ ပန်းကန်ဆေးဇလုံထဲသို. ပေါက်ပေါက် ပေါက်ပေါက်ကျကာ

 ငိုယိုလေတော့သည် ။ထိုအခါ ဘေးနားမှ ကျွန်ုပ်မှာ ကြားဖူးတာကတော့ ပြိတ္တာတို. မျက်ရည်မြေ

မကျကောင်းလို. ရပ်ကွက်ထဲတွင် ကြားဖူးခဲ့သော်လည်း ယခုငိုကြွေးနေသူမှာ ပြိတ္တာတစ်ကောင်

မဟုတ်ဘဲ ကျွန်ုပ်ရဲ. အချစ်ဆုံးသူငယ်ချင်း အေးအေးသက် ဆိုတဲ့လူသတ္တာဝါ တစ်ယောက်ပါ ။ကျွန်ုပ်

မှာ ၄င်းငိုနေတာကို ငေးစိုက်ကြည့်နေရုံမှ တစ်ပါးဘာမှ အကူအညီမပေးနိုင်ခဲ့၍ စိတ်မကောင်းဖြစ်မိ

ပါသည် ။အဲလိုဖြစ်ပျက်ပြီး နောက်နှစ်လခန်.အကြာတွင် အေးအေးသက်တို.မိသားစု သုံးယောက်သား

၎င်းတို. အဒေါ်ရှိသော မန္တလေးမြို.သို. အပြီးအပိုင် ပြောင်းရွေ.သွားကြလေသည် ။အစပိုင်း သုံး လေး

လ အထိ ကျွန်ုပ်နှင့် စာအဆက်အသွယ် ၊ဖုန်းအဆက်အသွယ်ရှိသေးခဲ့ပေမဲ့ နောက်ပိုင်းတွင် ကျွန်ုပ်ထံ

သို. စာလည်းမရေးတော့ ၊ဖုန်းလည်း မဆက်တော့ပါ ။အဲဒီလိုနဲ.ပဲ ကျွန်ုပ်လည်း ပြည်ပနိုင်ငံခြားသို.

ထွက်ခွါလာသဖြင့် ၄င်းနှင့် လူချင်းပြန်မဆုံတော့တာ ယနေ.ထက်ထိတိုင်အောင်ပင် ဖြစ်ပါတော့

လေသည် ။သြော်...အချစ်ဆုံးသူငယ်ချင်း အေးအေးသက်ရေ...အခုထက်ထိတိုင်အောင်ပဲ မင်းကို

သတိရနေတယ်ဆိုတာကို မင်းသက်ရှိထင်ရှားလူ.ပြည်မှာရှိနေသေးခဲ့ရင် အခုငါရေးတဲ့ စာကိုဖတ်ပြီး

မင်းသိနိုင်လောက်ပြီလေ ။သြော်...တစ်ခုအရေးကြီးတဲ့ စကားတစ်ခုမင်းကို မှာစရာရှိတယ် ။ငါ့အသိ

မိတ်ဆွေတွေကို မင်းသိပ်ဖြစ်ချင်တဲ့ ယောကျာင်္းလေးဘ၀ကို နောက်ဘ၀မှာ မင်းလူပြန်ဖြစ်ခဲ့ရင်

အခွင်အရေးရှိတဲ့ နည်းလမ်းကွ ။စပ်စုတယ်လို. အထင်နဲ.နော် မင်းအခုအိမ်ထောင်ကျပြီးပြီလား ။

တကယ်လို. မင်းမှာ အခု ကာမပိုင်လင်ယောကျာင်္းရှိခဲ့ရင် မင်းရဲ.ယောကျာင်္းကို မယားဝတ်နှင့် အညီ

ချစ်ကြောက်ရိုသေလေးစားစွာနှင့် ပြုမူမယ်ဆိုရင် နောက်ဘ၀မှာ မင်းလူပြန် ဖြစ်ရင် ယောကျာင်္လေး

ဘ၀ကိုရနိုင်မယ်တဲ့ ။(နောက်တာနော်.....ဟီး ဟီး) ။မင်း အခုယောကျာင်္းမရသေးရင်လည်း ခပ်မြန်မြန်

လေးရှာယူလိုက်တော့ ဟာ ။ငါ့လို ခန်.ချော၊ သဘောကောင်း၊ ငွေကြေးအသင်တင့်ရှိ ၊ပညာတတ် ၊

မျိုးရိုးကောင်း ၊မသောက်မစား လောင်းကစား မလုပ်တဲ့လူမျိုးကို ယူပေါ့ နော်။ဟား...ဟား...ဟား

( မှတ်ချက် ။     ။အထက်တွင်ဖော်ပြခဲ့ပြီးသော စာများမှာ ကျွန်မရဲ.သူငယ်ချင်း ဖြစ်သော ကိုဇော်လတ်

ရဲ. စာများဖြစ်ပါသည် ။၎င်းစာတွင် အေးအေးသက်ဆိုသော ထိုအမျိုးသမီးမှာ ပြင်ပတွင် သက်ရှိထင်ရှား

ရှိခဲ့သေးပါ လျှင်ဒီ ပို.(စ်) လေးကို ဖတ်ပြီးလောက်ပါပြီ ။ယခုမှာတော့ ကိုဇော်လတ်လဲ ကွယ်လွန်သွားခဲ့

ပြီး ဖြစ်သောကြောင့် အမရေ...အမကိုတော့ ကိုဇော်လတ်က သတိရကြောင်း အမြဲတမ်းပြောပြော

တယ် ။အမရဲ. ခွင့်ပြုချက်မပါဘဲ နာမည်အစစ်အမှန်သုံးပြီး ရေးသားဖော်ပြခဲ့တာကို နားလည်ပေးပါနော်။

အဲ.......အရမ်းအရေးကြီးဆုံးတစ်ခုကို ကျွန်မမေ့သွားခဲ့တယ် ။အဲဒါကတော့ ယခုစာတွင် ပါဝင်သော  

မအေးအေးသက်လဲ ကိုဇော်လတ်လိုပဲ ဒီလောကကြီးထဲမှာ မရှိတော့ဘူးဆိုလျှင် ခုနက  ကျွန်မ

ရေးခဲ့သော မအေးအေးသက်အား  ကိုဇော်လတ် အမြဲတမ်းသတိရပါတယ်ဆိုတဲ့ စကားကိုတော့

ကျွန်မ နေထိုင်မကောင်းဖြစ်စဉ် အိမ်မက်မက်နေတုန်း သွေးလေခြောက်ခြား ကယောင်ကတမ်း

ဖြစ်နေတုန်းရေးသားထားတဲ့ စာများပဲလို.သာ ။                       မှ........စာရေးသူ   )

 

တစ်ခုသော ကျွန်ုပ်ရဲ. ဒုတိယနှစ်တက္ကသိုလ်ကျောင်းသားဘ၀ရဲ. နေ.ကလေးတစ်နေ.ပါ ။ထိုနေ.ကလဲ

တိုက်တိုက်ဆိုင်ဆိုင်ပင် မြန်မာနိုင်ငံရှိ မူစလင်ဘာသာဝင်များရဲ. ရိုးရာပွဲတော်နေ.ကလေးတစ်နေ.ပါ ။

ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်တဲ့ကျွန်ုပ်မှာ မူစလင်သူငယ်ချင်းများရှိခဲ့သော်လည်း ကျွန်ုပ်သိထားသည်မှာ

၎င်းတို.တွင် ပွဲတော်ကြီး(အသားအစ်)နှင့် ပွဲတော်လေး(မုန်.အစ်) နှစ်နေ.သာဖြစ်ပါသည် ။ကျန်တဲ့၎င်း

တို.တွင် အခြားသော ပွဲတော်နေ.များရှိခဲ့သေးပါလျှင် ဗဟုသုတနည်းပါးလှသော ကျွန်ုပ်ရဲ. အားနည်း

ချက်အား ၀န်ခံပါရစေ ။ကျွန်ုပ်သိထားသော  ၄င်းတို.ရဲ. အစ်နေ.ပွဲတော်များကိုလည်း အောက်တွင်

အနည်းကျဉ်းဖော်ပြပေးလိုက်ပါတယ် ။

Burma/Myanmar

Eid ul-Fitr lasts for only one day among Burmese Muslims, who call the day Eid Nei’ (Nei’=day) or Eid Ka Lay (Ka Lay=small) or Shai Mai Eid (Shai Mai=a meal of sweet vermicelli served with fried cashews, coconut shreds, raisins, and milk that is traditionally eaten by Burmese Muslims during Eid). Burmese Muslims predominantly follow the Hanafi school of jurisprudence in Sunni Islam.

During Ramadan, in the small towns and big villages with significant Muslim populations, Burmese Muslim youth organize singing teams called Jago (in Urdu and Hindi), which means "wake up." Jago teams usually do not use musical instruments apart from the occasional use of harmonica mouth organs.[27] These youth will walk throughout the neighborhoods before sunrise to wake up the fellow Muslims for Suhoor (pre-dawn meal), which precludes the day of fasting.

The roving groups of singers will take the tunes of popular Hindi movie songs, replaced with Burmese lyrics and invocations about fasting, the do's and don’ts of Islam and about the benefits of Salaat.[28] These songs could also be called Qawwali, which are popular in India and Pakistan. Sometimes these Jago groups will also visit Muslim homes on the Eid day, where they are welcomed with food and monetary donations for the team with Eidi or Duit Raya.

Although Eid ul-Fitr is not a public holidays in Burma, most employers have an understanding of the festival and are usually willing to accommodate days off for Muslim staff. Some may even take time off during office hours to visit with Muslim staff at their homes, usually accompanied by other non-Muslim coworkers. As there is no single Islamic authority in Burma to make official decisions on moon-sighting, it is sometimes difficult to reach consensus on the start and end of Ramadan. This often results in Eid being celebrated on different days in small towns and villages.

The Eid al-Adha "Festival of Sacrifice" or "Greater Eid" is a public holiday in Burma as this event falls annually on the 10th day of the month of Dhu al-Hijjah (ذو الحجة) in the lunar Islamic calendar. Unlike Muslim countries that observe a three-day festival, Eid al-Adha is only observed on one day in Burma. During both Eids, the traditional greeting is merely the common Islamic greeting of Assalamualaikum, and Eid Mubarak is only seldom heard. The greeting is followed by placing the right hand on the forehead (as if giving a salute); there is no shaking of hands and rarely only includes a formal embrace.

Gifts and food are frequently given to the elder relatives and even to non-Muslim employers and government authorities. New clothes are traditionally given to family members and coworkers, but Burmese Muslims elders will give Eidi gifts to children. Children will receive at least token amounts of money, even from strangers, especially if they went around the neighborhoods in groups just to collect Eidi. It is common for children and young people to go around giving greetings of "salaam" to parents, elder relatives and other elders in the community. During Eid, Burmese Muslims ask forgiveness from parents and elders and themselves try to forgive and forget any misunderstandings that may have occurred amongst one other.

Sometimes Burmese Muslims pray or perform Eid salah (called Eid Namaz) at an Eidgah at in open spaces outdoors. Burmese Muslim women typically do not attend the mosque or join with the men at an Eidgah.

As Burmese Muslims are discouraged by the religious authorities from decorating their homes with lights, lamps or colorful bulbs, sending Eid cards, and more recently, sending e-cards through the internet, is fairly common. Children and adults are also urged not to celebrate the religious festival with fireworks firecrackers.

 

ထိုနေ.က ကျွန်ုပ်မှာ ပျင်းရိလှသောကြောင့် နံနက်ပိုင်းတွင် အတန်းမတက်ဘဲ နေ.လယ်နှစ်နာရီမှသာ

ကန်.မတ်စထရီ ကလယ်တီကယ် သွားတက်မည်ဟု စိတ်ကူးထားပြီး အိမ်တွင် မဂ္ဂဇင်းစာအုပ်တစ်အုပ်

ကို အားရားစွာဖြင့်  လျှောက်ဖတ်နေတော့သည် ။ထိုနေ.ကလည်း ကျွန်ုပ်မိခင် ဒေါ်မာလာမှာ ခွင့်ယူထား

သဖြင့် ကျွန်ုပ်တို. သားအမိနှစ်ယောက်သား ကျွန်ုပ်ကြိုက်နှစ်သက်လှသော အုန်းထမင်းနှင့်ကြက်သား

ဟင်းဆီပြန် ကျက်စားကြပါသည် ။အချိန်မှာ နံနက် ဆယ်နာရီကျော်ကျော်လေး တွင်ဖြစ်မည် ။ကျွန်ုပ်မှာ

ဘုရားခန်းထဲတွင် ဘုရားဝတ်ပြုနေသော မိခင်အား ထမင်းလက်စုံစားရန် အတွက် ကျွန်ုပ်မိခင်အား

ဧည့်ခန်းထဲတွင် ထိုမဂ္ဂဇင်းလေးအား ဖတ်ကာ စောင့်နေပါတော့လေသည် ။

ထိုအချိန်မှာပင် အိမ်ရှေ.တံခါးခေါက်သံနှင့် အတူ ဆရာမလေး...ဆရာမလေး ဆိုသော အသံပါ

ဆက်တိုက်ထွက်ပေါ်လာသည် ။ကျွန်ုပ်မှာ အိမ်ရှေ.တံခါးအားဖွင့်ပေးလိုက်သော အခါတွင် သုံးဆင့်

ချိုင့် စတီးချိုင့်လေးအား လက်တစ်ဖက်တွင် ကိုင်ကာ ကုလားမကြီးတစ်ဦးအား တွေ.လိုက်

ရလေသည် ။ထိုအမျိုးသမီးကြီးမှ ကောင်လေးရေ....ဒီအိမ်က ဆရာမလေး ရင်စိန် တို.အိမ်ပါလား

ဟု မေးသောအခါ ကျွန်ုပ်မှ ဟုတ်မှန်ကြောင်း နှင့် အိမ်ထဲဝင်ထိုင်ရန် ဖိတ်မန္တကပြုရလေသည် ။

အမျိုးသမီးကြီးမှ ဧည့်ခန်းထဲတွင် ၀င်ထိုင်လိုက်ပြီး ၄င်းယူဆောင်လာသော ချိုင့်လေးအား စားပွဲ

ပေါ်သို.တင်လိုက်ပြီး ကျွန်ုပ်အား ဆရာမလေး ရော မတွေ.မိပါလား ဟုမေးသောအခါ

ကျွန်ုပ်မှ အမေ ဘုရားဝတ်ပြုနေ၍ ခဏလေးစောင့်ပါရန် ပြောပြီး၎င်းနဲ. ခပ်လှမ်းလှမ်းတွင် ထိုင်

လိုက်ပါသည် ။ထိုအမျိုးသမီးကြီးမှာ သြော်.....သားက ဆရာမလေးရဲ. သားလားဆို

တော့ ဟုတ်ပါတယ်လို. ကျွန်ုပ်မှ တိုတို တုတ်တုတ်ပင် ပြန်ဖြေလိုက်လေသည် ။

ကျွန်ုပ်တို.အိမ်ရဲ. ဘုရားခန်းမှာ ဧည့်ခန်းနှင့် ကပ်လျှက်ဖြစ်သောကြောင့် ဧည့်ခန်းမှ လှမ်းကြည့်ပါ

လျှင် လိုက်ကာပါးပါးလေးသာ ကာထားသောကြောင့် ကျွန်ုပ်မိခင်အား လှမ်းမြင်ရပါသည် ။တစ်အောင့်

လောက်အကြာတွင် ကျွန်ုပ်မိခင်မှာ ဘုရားရှိခိုးခြင်းပြီး၍ ဘုရးခန်းမအထွက် ဧည့်ခန်းတွင်ထိုင်နေသော

ထိုအမျိုးသမီးအားမြင်လိုက်သောအခါ ၄င်းရဲ.လူနာအား မှတ်မိစွာဖြင့် အို....အမာ ပါလား ဘာကိစ္စနဲ.

ကျွန်မဆီ လှည့်လာတာလဲ ဆိုပြီး ကျွန်ုပ်မိခင်မှ မေးလိုက်လေသည် ။အဲဒီအခါ ထိုအမာ ဆိုသော

မူဆလင် ကုလားမကြီးမှ  ဟုတ်တယ်ဆရာမလေးရေ...ဒီနေ.က ကျွန်မတို. အစ်တဲ့နေ.လေ ၊ဒါကြောင့်

ဆရာမလေးတို. စားဖို.မုန်.လာပို.တာ ဟုဆိုပြီး ကျွန်ုပ်မိခင်အား ၄င်း.ယူလာသောချိုင့်လေးအား လှမ်း

ပေးလိုက်လေသည် ။ကျွန်ုပ်မိခင်မှ သားရေ...ချိုင့်အားပေးလိုက်ပါအုံး ၊ပြီးတော့ဒီက အမာသောက်ဖို.

တစ်ခုခု လုပ်ပေးပါအုံး ဟုပြောက ကျွန်ုပ်အား ချိုင့်လှမ်းပေးလေသည် ။

ကျွန်ုပ်မှမိခင်လှမ်းပေးသောချိုင့်အား ယူလိုက်ပြီး မီဖိုချောင်ထဲသို.၀င်ကာ သာကူနှင့်အလွန်တူသော

၎င်းတို.အခေါ် ဆမိုင်မုန်.အား ဇလုံတစ်ခုထဲသို. ပြောင်းထဲ့ ၊ကျန်တဲ့ မုန်.အချိုလုံးကလေးများကို

လည်း ပန်းကန်ပြားလွတ်ပေါ်သို.ပြောင်းထဲ့လိုက်ပြီး ၄င်းရဲ.ချိုင့်လေးအား ဆေးကြောလိုက်ပြီး ၄င်း

အတွက် ကော်ဖီတစ်ခွက် ဖျော်ပြီး ဧည့်ခန်းသို. ပြန်ထွက်လာလေသည် ။ကျွန်ုပ်ထွက်လာတာကို မြင်တဲ့

ကျွန်ုပ်မိခင်မှ သားရေ....ဒီက အမာက လွန်ခဲ့တဲ့ သုံးလလောက်တုန်းက အမေ ကလေးမွေးပေးလိုက်တဲ့

အမေရဲ.လူနာလေး ဟုမိတ်ထပ်ဆက်ပေးပြန်ပါသည် ။ကျွန်ုပ်မှ ဟုတ်ကဲ့ တွေ.ရတာဝမ်းသာပါတယ်ဟု

မုန်.မျက်နှာကြောင့် ပြောလိုက်ရလေသည်။ ( ထိုအမျိုးသမီးကြီးမှ ကျွန်ုပ်မိခင်အား ဆရာမလေး ၊

ဆရာမလေး ဟု ခေါ်နေခြင်းမှာ ကျွန်ုပ်မိခင်မှာ ကျွန်ုပ်တို. နယ်မြို.လေးရဲ. သူနာပြု ဆရာမလေးပါ ။ထို

ခေတ်အချိန်ကာလတွင်  လူနာများမှာ ဆရာဝန် ၊ဆရာမနှင့် သူနာပြုဆရာမများကို အလွန်ပင်အားကိုး

ပြီး ချစ်ကြောက် ရိုသေကြပါသည် ။ထို ခေတ်အချိန်တုန်းကလည်း ပညာတတ်များအလွန်ပင်ရှားပါး

သောကြောင့် စေတနာခေတ်လို.လူကြီးများမှ ပြောဆိုကြပြီး ယခုခေတ်တွင်မူ ပညာတတ်များအလွန်များ

လာပြီး အဿပြာ (ပိုက်ဆံ) ခေတ်သို.ရောက်လာမှန်း မသိရောက်လာခဲ့ပါပြီး ) ။

ထိုနောက် မူဆလင်အမျိုးသမီးကြီးမှ ၄င်းရဲ.ချိုင့်လေးအား ပြန်ယူလိုက်ပြီး အိမ်ပြန်ရန် ထရပ်လိုက်

လေသည် ။ပြီးနောက် ဧည့်ခန်းမှ ကျွန်ုပ်တို. ဘုရားခန်းသို. မျက်လုံးဝေ့လိုက်ပြီး ကျွန်ုပ်မိခင်

အား ဆရာမလေးရေ စိတ်မရှိနဲ.နော် ဆရာမလေးတို. ဘုရားခန်းကို ကျွန်မ ကြည့်လို.ရမလားဆိုပြီး

ခွင့်တောင်းလေသည် ။ကျွန်ုပ်မိခင်မှ အို...အမာ ကလည်းဘာလုပ်မလို.လဲ ဆိုပြီးမေးလိုက်သောအခါ

အဲဒီမူဆလင်ကုလားမကြီးမှ ဟို ...စပ်စုတယ်လို.တော့မထင်နဲ. ခဏလေးဖြစ်ဖြစ်ဝင်ကြည့်ချင်လို.ပါ ။

ထိုအခါ ကျွန်ုပါမိခင်မှ အမာကြည့်ချင်သပဆိုရင် ခဏမဟုတ်ဘူး ကြိုက်သလောက်ကြည့်လို.ရတယ် ဟု

ပြောပြီး ကျွန်ုပ်မိခင်မှ ဦးဆောင်ပြီး ဘုရားခန်းထဲသို. ခေါ်လေသည် ။ဘုရားခန်းထဲသို.ရောက်သော်

ထိုအမာမှ အို...ဆရာမလေးတို. ဘုရားခန်းလေးက ကျယ်ကျယ်ဝန်းဝန်းနဲ. သပ္ပါယ်လိုက်တာနော် ။အိုး..

ဒါနဲ.ဆရာမလေးတို.ကိုးကွယ်တဲ့ ဘုရားက ဘာဘုရားပါလိမ့် ။အစိမ်းရောင်နဲ. ဖန်ပုလင်းခေါင်းပွနဲ.

ပါလားဆိုပြီး မေးလေတော့သည် ။ကျွန်ုပ်မိခင်မှ ဟုတ်တယ်အမာရေ... ကျွန်မအမျိုးသား ထိုင်းနိုင်ငံကို

အလည်သွားတုန်းက ပင့်လာ (၀ယ်လာ)ခဲ့တဲ့ ဘုရားပါ ။သူပြောတာတော့ မြဘုရားလို.ပြောတာပဲ ။

ထိုအခါ ထိုအမာဆိုသော မူဆလင်ကုလားမကြီးမှာ အို...ကျွန်မ တစ်သက်နှင့်တစ်ကိုယ် ဒီလို မြ ဘုရား

မျိုး တစ်ခါမှ မတွေ.ဖူးဘူး ။သပ္ပါယ်လိုက်တာဆိုပြီး ၄င်းလက်ထဲမှ ချိုင့်ကလေးအား ကြမ်းပြင်ပေါ်သို.

ချလိုက်ပြီး ၄င်းလည်း ကြိမ်းပြင်ပေါ်သို.ထိုင်ချလိုက်ကာ ထိခြင်းငါးပါးဖြင့် မြတ်စွာဘုရားအား ရှိခိုးလေ

ကန်တော လေတော့သည် ။ထိုဖြစ်ရပ်အား သားအမိနှစ်ဦးစလုံးက မှင်သက်စွာဖြင့် ဘယ်နှယ့် မူဆလင်

ကုလားမကြီးမှ ကျွန်ုပ်တို. ဘုရားအား ထိုင်ကန်တော့ နေရပါသလဲဆိုတာပါ ။

၎င်းသည် မြတ်စွာဘုရားအား ကန်တော့ပြီးနောက် မတ်တပ်ရပ်လိုက်ပြီးမှ ဆရာမလေးရေ

ကျွန်မတွေ.ဖူးတဲ့ ဘုရားတွေကတော့ ကြေးနဲ.ထုထားတဲ့ဘုရား ၊ရွှေနဲ.ထုထားတဲ့ ဘုရား ၊

စကျင်ကျောက်နဲ. ထုထားတဲ့ ဘုရား ၊သစ်သားအမျိုးမျိုးနဲ.ထုတားတဲ့ ဘုရား တို.ဒါတွေပဲ

တွေ.ဖူးတယ် ။   နောက်ပြီး  ဆရာမလေးတို. ဘုရားစင်ရဲ. ထူးခြားချက်က

တစ်ခြားသော အိမ်တွေကလို ဘာနတ်မှ မကိုးကွယ်တဲ့ အတွက်ကြောင့် ဘာနတ်ရုပ်မှမတွေ.

ရဘဲ ရှင်းရှင်းလင်းလင်း မြတ်စွာဘုရားတစ်မျိုးတည်းသာ ကိုးကွယ်တဲ့ ကောင်းသော ၊စစ်မှန်

သော ကိုးကွယ်မှုပါ ။နောက်ပြီး အိမ်မှာ ဘုရားဆင်းထုကိုးကွယ်တယ်ဆိုတာ တတ်သိနားလည်

တဲ့ ကျောင်းထိုင် ဆရာတော်ကြီးတွေမှာရော ဆရာမလေးရဲ. အမျိုးသားရဲ. မွေးနေ. ၊မွေးနံနဲ.ရော

ကိုက်ညီမှုရှိမရှိ မေးမြန်းကြည့်ဖူးပါသလား ။နောက်ပြီး အဲဒီလိုသစ်သီးကပ်လှုပူဇော်တော့လည်း

ပန်းသီးကို အလုံးလိုက် ဘုရားအားမကပ်ဘဲ အကယ့်အပြင်မှာ လူတွေစားသလိုမျိုး အခွံနွာ ခွဲခြမ်း

ပြီးမှ ကပ်လှုရင် ပိုကောင်းတယ်တဲ့ နောက်ပြီး.........

၎င်းရဲ. ရေပက်မ၀င် တောက်လျှောက်ပြောနေခြင်းကို ကျွန်ုပ်တို. သားအမိနှစ်ဦးမှုာ လက်ကလေး

ပိုက်ကာ နားထောင်နေမိပါသည် ။နောက်ပြီး နောက်ပြီး ဆိုကာဆက်ပြောမလို. အရှိန်ယူနေတုန်း

ကျွန်ုပ်တို.သားအမိ နှစ်ဦးဘာမှ ပြန်မပြောသဖြင့် ၄င်းမှာ အခုမှ သတိပြန်ဝင်လာပြီး ကျွန်ုပ်မိခင်

အား အိုး......မှားသွားလို. ၊ဆရာမလေးရေ တောင်းပန်ပါတယ်နော် ၊ကန်တော့နော် ဆိုပြီး လက်အုပ်

လေးချီကာ ကျွန်ုပ်မိခင်ကာ တောင်းပန်လေတော့သည် ။ထိုအခါမှ ကျွန်ုပ်လည်း အလွန်သိချင်

လှသောမေးခွန်းအား ကျွန်ုပ်မိခင်မှ ထို မူဆလင်ကုလားမကြီးအား  အမာက...ဘာဖြစ်လို. ကျွန်မတို.

ဗုဒ္ဓမြတ်စွာဘုရားကို ခုနတုန်းက ထိုင်ကန်တော့ရတာလဲ ။နောက်ပြီး ကျွန်မတို.ရဲ. ဗုဒ္ဓ အကြောင်းတွေ

ကိုသိနေရတာလဲ ဟုမေးလိုက်သောအခါ ၄င်းမှာ ကျောင်းအိမ်စာ မလုပ်လာခဲ့၍ အပြစ်ရှိသော

ကျောင်းသားမှာ ဆရာမရှေ.တွင် ကြောက်နေတဲ့ ပုံစံကဲ့သို. တုန်ုတုန်ရင်ရင်နဲ. မျက်ရည်များကျလာကာ

၎င်းမှ တကယ်တော့ ကျွန်မဟာ ဆရာမလေးတို. ထင်သလိုမျိုး မူစလင်ကုလားစစ်စစ်တစ်ယောက်

မဟုတ်ပါဘူး ။ကျွန်မဟာ ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ မိရိုးဖလားဗုဒ္ဓဘာသာ မြန်မာလူမျိုးစစ်စစ် မိဘ

နှစ်ပါးမှ မွေးဖွားလာတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေး စစ်စစ်တစ်ယောက်ဖြစ်နေလို.ပါပဲ ဟု၎င်းရဲ.

ပြန်ဖြေလိုက်စကားကို ကြားလိုက်ရသော ကျွန်ုပ်တို. သားအမိနှစ်ယောက်စလုံးမှာ တိုင်ပင်မထားဘဲ

ဗျာ  ၊ရှင်  ဆိုပြီး အံ့သြလွန်း အာမေဍိတ် အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာလေတော့သည် ။

 

 

 

ဆက်ရန်..................................................................................

 

 

Written By:

THIDA MOE PHYU (Japan)

President and Chief Operating Officer <Myanmar - editor >

Thidange VZO Corp:

阅读文章   讨论 [1]

အတွေး.....

发布2010/12/11的 thi da nge

 

သတိပေးချက်။    ။သံဃာတော်များ ၊အသက်ဆယ့်ရှစ်နှစ်

အောက် ကလေးများ နှင့် ယဉ်ကျေးသိမ်မွေ. အရှက်အကြောက်ကြီးသော 

မြန်မာမိန်းကလေးများ မဖတ်ကြပါရန် ။

 

 အထက်တွင် ဖော်ပြထားသော ဓါတ်ပုံမှာ ကျွန်မ ရောက်ခဲ့သော အများသုံးသန်.စင်ခန်း

( Public Toilet ) တွင်ကပ်ထားသော စာရွက်ကလေးပါ ။အဲဒါကို ကျွန်မရဲ. သူငယ်ချင်း

ဖြစ်သော kate ဆိုတဲ့ (ဖိလစ်ပိုင် အမျိုးသမီး)မှ ကျွန်မ အား Please keep clean and

tidy for the next visitor. စာလေးကို ဟေ့ You ... Please keep your ass-hole 

clean and tidy for the next visitor. ဆိုပြီး လှမ်းနောက်လေသည်။  ကျွန်မရဲ.

ခေါင်းထဲတွင် အတွေးတစ်ခု  ၀င်သွားသည် ။

တစ်နေ. လမ်းပေါ်တွင် တရုတ်မလေး တစ်ယောက် ကျွန်မ အရှေ့မှ ကျော်တက်ကာ ခပ်

သုတ်သုတ်လေး လျှောက်သွားသည်။ ဆိုတော့ ......

သူမရဲ. ဘောင်းဘီရှည်နောက်မှာ တွေ.လိုက်ရတဲ့ စာလေးကြောင့် ကျွန်မမှာ အလွန်ပင်

အံ့အားသင့် သွားလေသည်။ထို စာလေးမှာ '' Juicy '' တဲ့ ။အင်း...စာရဲ.အဓိပ္ပါယ် ကို

နားမလည်လို. ၀တ်ထားမိတာလား ဒါမှမဟုတ် လူအကြည့်ခံချင်လို.လား ။

ကျွန်မရဲ. ခေါင်းထဲတွင် အတွေးတစ်ခု ၀င်သွားသည်။

ထို ဟောင်ကောင်ရှိ တရုတ်မလေးရဲ. ဘောင်းဘီနောက်ရှ်ိ စာလေးအား အောက်တွင်

ဖော်ပြထားတဲ့ ဓါတ်ပုံလေးထဲက စာလေး ပြောင်းပြီးကပ်ထားလိုက်ပါတော့လားဟု

 

 

 

Out of service

ဒါမှမဟုတ်ရင်

Instant Ass-hole

ဆိုပြီး ကျွန်မရဲ. ခေါင်းထဲတွင် အတွေးတစ်ခု ၀င်သွားသည်။

Written By:

THIDA MOE PHYU (Japan)

President and Chief Operating Officer<Myanmar - editor >   

Thidange VZO Corp:

 

 

 

阅读文章   新增评论

သုံးဆယ့်တစ်ဘုံမှာ ကျင်လည်နေတဲ့ လူတွေအကြောင်း

发布2010/7/17的 thi da nge

သတိပေးချက်။    ။သံဃာတော်များ ၊အသက်ဆယ့်ရှစ်နှစ်အောက် ကလေးများ နှင့် ယဉ်ကျေးသိမ်မွေ. အရှက်အကြောက်ကြီးသော မြန်မာမိန်းကလေးများ မဖတ်ကြပါရန် ။

 

ကျွန်ုပ်ငယ်စဉ်က ကျွန်ုပ်အဖေ မကြာခဏ ပြောလေ့ရှိတဲ့ စကားလေးကို အခုထက်ထိ

တိုင်အောင် မှတ်မိနေဆဲ ၊ကြားယောင်နေဆဲပါ။

အဲဒီစကားလေးကတော့........

ဒီမှာငါ့သား...ဒီလောကကြီးမှာ လူရယ်လို.ဖြစ်လာရင် မသွားသင့် ၊မသွားအပ်တဲ့

နေရာ သုံးနေရာရှိတယ်။အဲဒါကတော့

(၁) ဆေးရုံ [ Hospital ]

(၂) ထောင် [ Prison ]

(၃) သချိုင်းကုန်း [ Graveyard (or) Cemetery ] တွေပဲ။

( မှတ်ချက်။     ။အဲဒီလို မသွားသင့် ၊မသွားအပ်တဲ့နေရာတွေထဲမှာမှ နောက်ဆုံး

အမှတ်စဉ်ဖြစ်တဲ့ သချိုင်းကိုတော့ အခုစာဖတ်သူ သင်ဟာလည်း လူတွေထဲက

လူသားတစ်ယောက်ဖြစ်ခဲ့လို. တစ်နေနေ. တစ်ချိန်ချိန်မှာ သွားကို သွားရပါမယ်။

အဲဒီလို သွားရတာဟာလည်း သင်နှင့် အလွန်ရင်းနှီးသော လူတစ်ယောက်

ယောက်အတွက် သော်လည်းကောင်း ၊သင်နှင့် မရင်းနှီးသော လူတစ်ယောက်

ယောက်အတွက် သော်လည်းကောင်း ၊သင့် ကိုယ်တိုင် အတွက် သော်လည်းကောင်း

သေခြင်းတရားအတွက် မသွားချင်လဲ သွားရပါမည်။ )

 ဆက်ရန်....................................................................

 

Written By:

THIDA MOE PHYU (Japan)

President and Chief Operating Officer <Myanmar - editor >

Thidange VZO Corp:

 

阅读文章   新增评论

မိန်းကလေးများရဲ. အရှက်အား ဘယ်အချိန်မှာ ပြကြပါသလဲ ?

发布2010/6/12的 thi da nge

သတိပေးချက်။    ။သံဃာတော်များ ၊အသက်ဆယ့်ရှစ်နှစ်အောက် ကလေးများ နှင့် ယဉ်ကျေးသိမ်မွေ. အရှက်အကြောက်ကြီးသော မြန်မာမိန်းကလေးများ မဖတ်ကြပါရန် ။

 

မိန်းကလေးများရဲ. အရှက်များကို အောက်ဖော်ပြပါ အချက်များတွင် မဖြစ်မနေဖော်ပြ

ရပါ၏ ။ ( အထူးသဖြင့် ရှက်တတ်လွန်းတဲ့ မြန်မာမိန်းကလေးများကို ဆိုလိုပါသည် )

- အိမ်ထောင်ကျလို. ၄င်းချစ်တဲ့သူပဲဖြစ်ဖြစ် ၊ ၄င်းမချစ်တဲ့သူပဲဖြစ်ဖြစ် ည အိပ်ရာဝင်

အတူတူ အိပ်ကြသော အခါမှာ ကာမဆက်ဆံဖို. ထိုအချိန်မှာ ၄င်းရဲ. အရှက်ကို

ပြရပါသည်။

- ၄င်း ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးသောအခါ ၀မ်းဆွဲကိုပဲဖြစ်ဖြစ် ၊ဆရာဝန်ကိုပဲ

ဖြစ်ဖြစ် ၊ သူနာပြုဆရာမကိုပဲ ဖြစ်ဖြစ် ကလေးမွေးဖို.ကူညီလုပ်ပေးတဲ့လူကို

ထိုအချိန်မှာ ၄င်းရဲ. အရှက်ကို ပြရပါသည်။

- ထိုသူသည် အိုရမယ် ၊သေရမယ် ၊နာရမယ်ဆိုတဲ့ ပုတုဇဉ်လူသားဖြစ်တဲ့အတွက်

ကြောင့် ၄င်းသေသောအခါတွင် ၄င်းရဲ. ကိုယ်ခန္ဓာကို ရေချိုးပေးတဲ့ မသာရေချိုး

ပေးတဲ့လူကို ထိုအချိန်မှာ ၄င်းရဲ. အရှက်ကို ပြရပါသည်။ ( ၄င်း ဆန္ဒ ပါသည်ဖြစ်စေ

မပါသည် ဖြစ်စေ မသာရေချိုးတဲ့သူကို ပေးမြင်ရပါသည်) ။

- ကျန်သေးတဲ့ ၄င်း ပြတတ်တဲ့ အချိန်များစွာကိုတော့ ၄င်းနှင့် ၄င်းရဲ.ကိုယ်စောင့်နတ်

ကလွဲပြီး ကျွန်ုပ်တို.မသိနိုင်ပါ ။(ဥပမာ ။    ။၎င်းရဲ.မွေးရာပါအင်္ဂါ အနီးတစ်ဝိုက်တွင်

ပွေး  ၀ဲ စတဲ့ ကိုယ်အရေပြား ယားနာရောဂါတစ်ခုခုဖြစ်လာသောအခါ - ၄င်းသည်

မိန်းကလေးဖြစ်သောကြောင့် အမျိုးသမီးရောဂါတစ်ခုဖြစ်သော သားအိမ်ရောဂါ ဖြစ်

လာသောအခါ - လိပ်ခေါင်း ၊ဂရင်ဂျီနာစတဲ့ စအို အူမကြီး နှင့်ဆိုင်သော ရောဂါ ဖြစ်

လာသောအခါ - နှပ်ချီးမစင်သေး ၊အချွဲမစင်သေးတဲ့အရွယ် ဖြစ်သော အသက် ၁၇ ၊

၁၈ နှစ်အရွယ်တွင် သမီးရည်းစားဘ၀မှာပဲ လွန်လွန်ကျူးကျူး ဖြစ်ကြပြီး ကိုယ်ဝန်

ဖျက်ချရန် ဆေးကုသခွင့်မရှိတဲ့ (ဆမ) မရှိသောဆရာဝန်တွင်သော်လည်းကောင်း၊

 ဘာမှဆေးကုသခွင့်ဆိုင်ရာ အောင်လက်မှတ်တစ်ခုမှ မရှိတဲ့ ၀မ်းဆွဲသည်ထံတွင်

သော်လည်းကောင်း သွားရောက်ပြီး ၄င်းရဲ.ကိစ္စ ဖြေရှင်းသောအခါ အစရှိသဖြင့်

ထိုအချိန်မှာ ၄င်းရဲ. အရှက်ကို ပရပါသည်။

အရှက်အကြောက်ကြီးတဲ့ နေရာမှာ မြန်မာမိန်းကလေးများဟာ တစ်ခြားနိုင်ငံက

မိန်းကလေးများထက် ပိုမယ်လို. ကျွန်ုပ်အနေနှင့် ထင်မြင်မိပါသည်။

( ကျွန်ုပ်ရဲ.ထင်မြင်ချက်ကို ပြောတာနော်)

---ကျွန်ုပ်ရောက်ခဲ့ဖူးသော နိုင်ငံများမှ ဟောင်ကောင်ရှိ တရုပ်မလေးများ နှင့် မြန်မာ

မိန်းကလေးများ၏ ရှက်ကြောက်မှုများကို နှိုင်းယှဉ်ပြီးရေးပါရစေ။ငယ်ရွယ်စဉ်

ကျောင်းသူဘ၀မှာ ကျွန်ုပ်တို.မြန်မာမိန်းကလေးများ အိမ်သာသွားလျှင် မိန်းကလေး

ဆိုရင် တစ်ယောက်ထဲ မသွားဘဲ နှစ်ယောက်တွဲပြီး သွားကြပါသည်။ယောကျာင်္းလေး

များကတော့ တစ်ယောက်ချင်းဆီပဲ သွားတာနော်။ ဒါပေမဲ့ သူတို.နိုင်ငံမှာကျတော့

တစ်ယောက်ချင်းဆီပဲ သွားကြပါတယ်။အချိန်တန် အရွယ်ရောက်လာတော့ အလုပ်

ခွင်ဝင်ကြသောအခါ အိမ်သာသို.သွားပါကလည်း တစ်ယောက်ချင်းဆီပဲ သွားကြ

ပါသည်။နောက်ပြီး နိုင်ငံရဲ.အခြေအနေနှင့် ယဉ်ကျေးမှုတွေ ကွာခြားတာနှင့်လည်း

သက်ဆိုင်တယ်လို. ထင်မိပါတယ်။သူတို. နိုင်ငံမှာ လျှပ်စစ်မီးက ၂၄ နာရီလာတယ်

ဆိုပေမဲ့ လူသူရှင်းလင်းပြီး ချောင်ကျမှောင်နေတဲ့ နေရာတွေရှိပေမဲ့ သူတို.ဆီက

မိန်းကလေးတွေ အလုပ်မှ အိမ် ၊အိမ် မှ အလုပ်သို. အသွား အပြန်တွင်လည်း အုပ်စု

လိုက်ပြန်တတ်သလို ၊တစ်ယောက်ထဲလည်း သွားရဲ လာရဲပါသည်။ဆိုလိုချင်တာ

မြန်မာမိန်းကလေးများ သူတို.နိုင်ငံကလို. ညကြီးအချိန်မတော်ဆိုရင် တစ်ယောက်ထဲ

သွားရဲ လာရဲခြင်း မရှိကြပါ။( မိန်းမကောင်း များကိုသာ ရည်ရွယ်ပါသည် )

ကျွန်ုပ်နိုင်ငံခြားသို. မထွက်ခင် မြန်မာပြည်မှာရှိစဉ် ကျွန်ုပ်တို. သူငယ်ချင်းတစ်စု

ကျိုက်ထီးရိုး ဘုရားသို. ဘုရားဖူး ထွက်ကြပါသည်။ခပ်ညံ့ညံ့ တည်းခိုးခန်းတစ်ခုတွင်

တည်းခိုကြပြီး ရေချိုးသောအခါ ယောင်္ကျားလေးများတစ်ခန်း ၊မိန်းကလေးများက

တစ်ခန်းဆိုပြီး အဲဒီလိုစုပြီး ရေချိုးကြပါသည်။ကျွန်ုပ်တစ်သက်နှင့်တစ်ကိုယ် အဲဒီလို

မျိုးအခန်းကျယ်တစ်ခုထဲတွင် လူအများနှင့် ရေချိုးဖူးတာ ကျွန်ုပ်ဘ၀ရဲ. ပထမဦးဆုံး

အကြိမ်ပါပဲ။ မြန်မာပြည်ရဲ. လူနေမှု ယဉ်ကျေးမှု စရိုက်ကြောင့် ရေချိုးခန်းထဲတွင်

အားလုံးမှာ ယောင်္ကျားလေးတွေချည်းပဲ ဖြစ်ပေမဲ့ တစ်ချို.က အတွင်းခံဘောင်းဘီ

ဖြင့်လည်းကောင်း ၊ တစ်ချို.က အားကစားဘောင်းဘီ အတိုဖြင့်လည်းကောင်း ၊

တစ်ချို.က လုံချည်ဖြင့် လည်းကောင်း ရေချိုးကြပါသည်။ကျွန်ုပ်လည်း ဘောင်းဘီတို

ဖြင့် ရေ၀င်ချိုးပါသည်။မည်သူမှ အမေမွေးထုတ်ခဲ့တုန်းကလို ဘာအ၀တ်အစားမှ

မပါဘဲ (Naked) ကိုယ်တုံးလုံးဖြင့် ရေမချိုးကြပါ။ ကျွန်ုပ်ပြည်ပသို.ထွက်လာခဲ့တော့

ဟောင်ကောင်တွင် အကြောင်းကိစ္စတစ်ခုနှင့် အလုပ်အတူတူလုပ်ကိုင်နေတဲ့ ကုမ္ပဏီ

မှ တရုပ်လေးတွေနှင့် အထက်တွင်ဆိုခဲ့သလို အခန်းကျယ်တစ်ခုထဲတွင် ရေချိုးရပြန်

ပါသည်။ ကျွန်ုပ်ဘ၀ရဲ. ဒုတိယအကြိမ်မြောက် အခန်းတစ်ခုထဲတွင် လူအများနှင့်စုပြီး 

ရေချိုးရခြင်းပါ။ သို.သော်..... အဲဒီမှာကတော့ မြန်မာပြည်နှင့် စရိုက်ခြင်းကွာခြား

သွားပါပြီး။ ကျွန်ုပ်ရေချိုးခန်းထဲ ၀င်လျှင် ၀င်ခြင်းပင် မြင်လိုက်ရတာကတော့ အားလုံး

မှာ ဘာအ၀တ်အစားတစ်ခုမှမပါဘဲ ကိုယ်တုံးလုံးဖြင့်ရေချိုးနေကြခြင်းပင်။ ကျွန်ုပ်မှာ

အကျင့်လည်းမရှိ ၊အဲဒီလိုကိုယ်တုံးလုံးဖြင့် လူအများနှင့် ရေမချိုးဘူးတော့ ဘောင်းဘီ

တိုဖြင့် ရေချိုးခန်းထဲဝင်သွားတော့ ကျွန်ုပ်နှင့် အရမ်းပဲ ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်သူ

စရူးမန်ပန်း ဆိုတဲ့တရုတ်လေးမှ ဟေ့.....ဘာလို.ဘောင်းဘီကြီးဝတ်ပြီး ရေ၀င်ချိုး

ရတာလဲဆိုပြီး အထူးအဆန်း သဖွယ်ကြည့်ပြီး ကျွန်ုပ်အား မေးလေတော့သည်။ 

( ကျွန်မ အနေနှင့် ဥပမာအရ ညွှန်းရပါလျှင် ကမ္ဘာကျော် ဟောင်ကောင်မင်းသား

ဂျက်ကီချန်းပါဝင်သော Police story ရုပ်ရှင်ကားတွင် ထိုကဲ့သို. ယောကျာင်္းလေးများ

စုပြီး ကိုယ်တုံးလုံးဖြင့်ရေချိုးနေပုံကို တွေ့ မြင်ရပါမည်။ယခုစာဖတ်သူကိုယ်တိုင်

ကြည့်၈ှုလိုပါလျှင် သင်၏ ကွန်ပြူတာမှ www.youtube.com သို.သွားလိုက်ပါ။

ပြီးလျှင် ထို Wedsite ရှိ  Address Bar တွင်  police story II part 5 ကို ရိုက်နှိပ်ပြီး

ဝင်ရောက်ကြည့်၈ှုနိုင်ပါသည်။ 

မှ.......... စာရေးသူ )

ကျွန်ုပ်မှာလည်း ရှက်ကလဲ ရှက်၊ တစ်ခါမှလည်း အဲဒီလို လူအများနှင့် ကိုယ်တုံးလုံး

ဖြင့် ရေမချိုးဖုးဘူးတော့ ဘောင်းဘီချွတ်ပြီး ရေချိုးရမှာ ခပ်တွန်.တွန်.ဖြစ်နေပါသည်။

နောက်မှ မိမိကိုယ် ကိုမိမိ အားတင်းလိုက်ပြီး ငါ ဟာယောင်္ကျားလေးစစ်စစ်ကွ.....။

ငါ ဟာ အခြောက်( Gay ) မှ မဟုတ်တာ ဘာဖြစ်မှာလည်းဆိုပြီး ကျွန်ုပ်လည်း

ကိုယ်တုံးလုံးဖြင့် ရေ၀င်ချိုးပါတော့သည်။ဒီမှာပြောစရာရှိတာ ယောကျာင်္ာလေး

မပြောနဲ. အနောက်နိုင်ငံလိုမျိုးနဲ. လွတ်လပ်ပွင့်လင်းတဲ့ အာရှနိုင်ငံရှိ မိန်းကလေးများ

လည်း အဲဒိလိုပဲ ကိုယ်တုံးလုံးဖြင့် စုရုံးပြီး ရေချိုးကြပါတယ်။ (မြန်မာမိန်းကလေးများ

အဲဒီလိုမျိုး ရေချိုးရဲကြတယ်လို. မကြားဖူးသေးပါ။ကျွန်ုပ်အတွေ.အကြုံနဲ.ဖြတ်သန်း

လာခဲ့ဘ၀အတွေ.အကြုံအရ မကြားဖူးသေးတာကိုပြောတာနော်။နောင်မျိုးဆက်သစ်

တွေကတော့ အဲဒီလိုမျိုးရေချိုးလာခဲ့ရင်တော့ ကျွန်ုပ်လည်း မသိနိုင်ပါ။ သေချာတာက

တော့ မြန်မာမိန်းကလေးများ အဲဒီလိုမျိုးအချိန်မှာ ၄င်းတို.ရဲ.အရှက်ကို ပြတတ်လေ့

မရှိပါ။ )

ကျွန်ုပ် အမြဲတမ်း သွားတတ်သော ..... ဟိုတယ်တွင် အဲဒီမှာလုပ်စားနေတဲ့

ပြည့်တန်ဆာများ အားလုံးနီးပါး ကျွန်ုပ်နဲ. သူငယ်ချင်းလို ခင်မင်နေပါပြီး ။အလုပ်

နားရက်တစ်နေ.တွင် ကျွန်ုပ်လည်းလွန်စွာ အရက်မူးနေပြီး အသစ်ရောက်လာသော

(အခြားဟိုတယ်မှာတော့ အဟောင်းပေါ့) ချန်မေးဝါ ဆိုတဲ့ တရုတ်မလေးနဲ. ပျော်ပါး

ပြီးနောက် ရေချိုးရန်အတွက် ကျွန်ုပ်ရေချိုးခန်း သို.ထွက်လာခဲ့ပါတယ်။ အရက်

အလွန်အကျွံမူးနေတဲ့ ကျွန်ုပ်မှာ ရေချိုးခန်းမှားပြီးတော့ မိန်းကလေးများ ရေချိုးခန်းထဲ

သို.၀င်သွားပါလေရော ။ကျွန်ုပ်ဝင်လာတာကိုမြင်တော့ အားလုံးမှာ အံ့အားသင့်ပြီး

ထအော်ကြပါရော ။ဒါပေမဲ့ အဲဒီအခန်းက အပျက်မတွေ စုပြီးရေချိုးနေတဲ့ အချိန်ဆို

တော့ ကျွန်ုပ်နဲ.လည်း ခင်မင်တဲ့သူများတော့ ဘာပြဿနာမှ မဖြစ်ဘဲ ကျွန်ုပ်နဲ.အနီး

ဆုံးမှာ ရပ်နေတဲ့ ကိုးချွေရိန်း ဆိုတဲ့တရုတ်မလေးမှ ကျွန်ုပ်အား လာ... လာ ဒို.တွေနဲ.

ရေအတူတူ ချိုးဆိုပြီး ကျွန်ုပ်ရဲ.လက်အား ဆွဲယူလိုက်ပြီး ၄င်းတို.အုပ်ထဲသို. အတင်း

ဆွဲသွားပါတော့သည်။ ကျွန်ုပ်လည်း မထူးတော့ပါဆိုပြီး ၄င်းအုပ်စုနှင့် အတူတူ 

ရောပြီးကိုယ်တုံးလုံးဖြင့် ရေ၀င်ချိုးရင်း သူ.ဟာငါကလိ ၊ငါ့ဟာသူ နှိက်ရင်း ကျီးစယ်

ရင်း ထိုအခန်းလေးထဲတွင်  ဟေး...အာ့ရို ...ဟား ဟား ဟား ဟီး ဟီး စတဲ့စတဲ့

အသံမျိုးစုံဖြင့် ဆူညံ့နေပါတော့တယ် ။ဒီတစ်ကြိမ်ကတော့ ကျွန်ုပ်ရဲ. တတိယ

အကြိမ်မြောက် ကိုယ်တုံးလုံးဖြင့် လူအများနှင့် အခန်းတစ်ခုထဲမှာ ရေချိုးခဲ့ ရတဲ့

ဘ၀အတွေ.အကြုံလေးပါပဲ ။ မိန်းကလေးများ ထိုအချိန်မှာလည်း ၄င်းရဲ.

အရှက်ကို ပပါသည်။

စာရေးသူအမှာစာ

ယခုရေးသားဖော်ပြခဲ့တဲ့စာကို ထုံးစံအတိုင်းပဲ ကျွန်မရဲ.သူငယ်ချင်း ကိုဇော်လတ်ရဲ.

စာမူကြမ်းကို ပြုပြင်ပြီး မလေးရှားရှိ ကျွန်မရဲ. သူငယ်ချင်း တစ်ယောက်ဖြစ်သော

စောသူရနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ရေးသားထားခြင်းပါ ။တစ်စုံတစ်ယောက်ရဲ.ဘ၀နှင့်

တိုက်ဆိုင်မှုလေးများရှိခဲ့ပါက ၄င်းကိုစောသူရ သော်လည်းကောင်း ၊ကိုဇော်လတ်

သော်လည်းကောင်း ၊ယခု စာရေးသားစဉ်အခါတုန်းက ကျွန်မအားတစ်စုံတရာအကြံ

ပေးခဲ့သော ကျွန်မ ခင်ပွန်း ကိုမင်းမြတ်သန်းထွန်း သော်လည်းကောင်း ထိုသူများ

အားလုံးနှင့် မသက်ဆိုင်ဘဲ တစ်စုံတစ်ရာ ဤစာတွင် မှားတာလေးများ ပါရှိခဲ့ပါက

ကျွန်မ တစ်ဦးထဲသာ  သက်ဆိုင်သောကြောင့် အားလုံးရဲ.ကိုယ်စား

တောင်းပန်ပါရစေ။

 

Written By:

THIDA MOE PHYU (Japan)

President and Chief Operating Officer <Myanmar - editor >

Thidange VZO Corp:

 

And

SAW THUYA (Malaysia) [Co - Writer ]

Drector Of Operations <Associate myanmar-editor>

Thidange VZO Corp:

 

 

 

 

阅读文章   新增评论

၂၀၁၀ ခုနစ်အတွက် ကျွန်မရဲ. ပုံပြင်လေးတစ်ပုဒ်

发布2010/3/22的 thi da nge

 

'' ကိုရင်ကြီးနှင့်လွင်ဦးတို.အကြောင်း ''

 

သတိပေးချက်။    ။ခြေနှစ်ချောင်း ၊နားရွက်တို ရှိတဲ့ လူမှန်သမျှအားလုံးဖတ်၈ှုခွင့်ရှိသည်။

သို.ရာတွင် သံဃာတော်များ ၊အသက်ဆယ့်ရှစ်နှစ်အောက် ကလေးများ ၊

ယဉ်ကျေးသိမ်မွေ. အရှက်အကြောက်ကြီးသော မြန်မာမိန်းကလေးများ နှင့်

မြန်မာနိုင်ငံရှိ ကူညီပါရစေဆိုတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ.၀င်များ ဖတ်ရန် လုံးဝ

မသင့်တော်ဘူးလို. ယူဆတဲ့ အတွက် မဖတ်ကြပါရန် တားမြစ်သည် ။တားမြစ်ချက်အား

မလိုက်နာဘဲ ဖတ်လို.က ဖတ်နိုင်ပါတယ်။ဖတ်ပြီးသွားလို. ကောင်းပေ့ ၊ဆိုးပေ့ ၊အစရှိတဲ့

ကွန်မန်းများ ကျေးဇူးပြုပြီး လုံးဝ မပို.ကြပါရန် တောင်းပန်အပ်ပါသည်။အချို.သော

လူကမွေးပြီး လူ.ယဉ်ကျေးမှုမရှိသောသူတွေရဲ. ယုတ်ညံ့အောက်တန်းကျသော

( Comment )ကွန်မန်းများ နှင့် ၊Message စာများကို ဖတ်ရမှာ ကျွန်မ အနေဖြင့်

အတော့်ကို စိတ်ပျက်လို.ပါ။အခုကျွန်မရဲ. စာကိုသော်လည်းကောင်း၊ကျွန်မရဲ. ဓါတ်ပုံကိုသော်

လည်းကောင်း ၊ကျွန်မရဲ. VZO Blog သို.လည်းကောင်း ၀င်ရောက်ဖတ်၈ှုပါလို.လဲ မည်သူ.ကိုမှ

လုံးဝ မဖိတ်ခေါ်ပါ။သင့်ဘာသာ သင် အားရားပြီး လာဖတ်တာကိုတော့ သင့်ရဲ.တာဝန်သာ

ဖြစ်ပါတယ်။

 

 

တစ်ခုသော တနင်္ဂနွေ နေ.လေးတစ်နေ. ကျွန်မရဲ. အလုပ်နားရက်တွင် အားအား

ရားရားရှိလှသောကြောင့်ကျွန်မရဲ.၀ါသနာ ဖြစ်သော စာရေးခြင်း ၊စာဖတ်ခြင်း ကို

ပြုလုပ်လေ့ရှိပါတယ် ။ယနေ.ခေတ်မှာ အိုင်တီခေတ်ဖြစ်သောကြောင့် ဟိုးတုန်းကလို

စာအုပ်နဲ. စာဖတ်မှ မဟုတ်ဘဲ ကျွန်မရဲ. IBM လက်တော့ ကွန်ပြူတာလေးကို

ဖွင့်ကာ Internet  ပေါ်မှာ VZO  Web ကိုကြည့်လိုက် ၊ Planet Myanmar Web ကို

ရှာဖတ်လိုက် ၊ Irrawaddy Magazine Web ကို လှန်ကြည့်လိုက်နဲ. တောင်စဉ်

ရေရာမရ ၊ ဦးတည်ချက် မရှိဘဲ ၊ဟို Web Page  ကို ဖွင့်ကြည့်လိုက် ၊ဒီ Web Page

ကို လှန်ကြည့်လိုက်နဲ. စိတ်မပါလှစွာ လျှောက်ကလိနေပါတယ်။အဲဒီလို လျှောက်နှိပ်

နေရင်းမှ Irrawaddy Magazine Web Page  ရှိ ၂၀၁၀ ခုနစ်အတွက် မြန်မာနိုင်ငံ

တွင် စပါးလုံးလား၊ ဆန်ကွဲလား ရွေးကောက်ပွဲ ရှိတယ်ဆိုတဲ့ စာများကို ဖတ်နေ

မိတယ် ။အဲဒီလိုဖတ်နေရင်း ဟိုတုန်းက ကျွန်မ သူငယ်ချင်းကိုဇော်လတ် ပြောပြခဲ့တဲ့

ပုံပြင်လေးတစ်ပုဒ်ကို ခပ်ရေးရေးလား ၊မသဲမကွဲလား ၊မှုန်ဝါးဝါးလားပဲ ပြန်လည်သွား

သတိရမိပါတယ်။

မှတ်ချက်။     ။ အောက်ဖော်ပြပါစာများတွင် ကျွန်မ တို.ဗုဒ္ဓမြတ်စွာဘုရား ဟောပြော

ခဲ့သလို သင်္ကန်းခြုံလွှမ်းထားသော မည်သည့်ပုဂ္ဂိုလ်ကိုမဆို ငါ...ဘုရား၏သားတော်

ဖြစ်ပါသည်။ဒါကြောင့် အခုကျွန်မရေးသား ဖော်ပြမဲ့ စာတွင် မည်သူတစ်ဦး

တစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ပြီး ရေးသားထားခြင်း မဟုတ်တဲ့အတွက် တိုက်ဆိုင်

မှုများပါရှိခဲ့ပါလျှင် ကျွန်မအနေနဲ.တောင်းပန်ပါရစေ။မည်သူ.ကိုမှ လုံးဝ လုံးဝ

မရည်ရွယ်ပါကြောင်း။

 

ဟိုးရှေးရှေးတုန်းက နယ်မြို.လေးတစ်မြို.ရှိ သဲကုန်းဘုန်းကြီးကျောင်း တစ်ခုတွင်

ဝါတော် (၅)၀ါ ရှိခဲ့ပြီးတဲ့ ဇဋိလ ဆိုတဲ့ ကိုရင်ကြီးတစ်ပါးရှိလေသတဲ့။အဲဒီ

ကိုရင်ကြီးဟာ သက်တော်(၃၂)နှစ်ရှိခဲ့ပေမဲ့ ဦးဇင်း အဖြစ်မပြောင်းလဲပဲ ကိုရင်ကြီး

အဖြစ်နဲ.သာဆက်လက်တည်ရှိသတဲ့။မိဘမဲ့ဖြစ်သော ကိုရင်ကြီးအား ၄င်းရဲ.

ဘကြီးတော်စပ်သူ ထိုသဲကုန်းဘုန်းကြီးကျောင်းထိုင်ဆရာတော် ဘဒ္ဒန္ဘ ကောသလ္လ

မှ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကပင် မွေးစားခဲ့ပါတယ်။ကိုရင်ကြီးမှာ ငယ်စဉ်က

လွန်စွာ အဆော့သန် ၊ကစားသန်သောကြောင့် တစ်နေ.တွင်သစ်ပင်ကြီးတစ်ပင်ပေါ်

သို.တက်ဆော့ပြီး မတော်တဆ ထိုသစ်ပင်ပေါ်မှ ပြုတ်ကျကာ ဦးခေါင်းမှာ ဒဏ်ရာ

ရခဲ့ပြီး စိတ်မနှံသလိုလို ၊ရူးသလိုလို ၊ပေါသလိုလို ဖြစ်နေတယ်။ထို အထက်ပါ

အကြောင်းကြောင်းကြောင့် ၄င်းရဲ.မွေးစားအဖေ တစ်ဖြစ်လည်း ဘကြီးတော်မှ

၎င်းရဲ.ဘုန်းကြီးကျောင်းမှာပဲ နေစေခဲ့ပြီး ပညာလဲထိုဘုန်းကြီးကျောင်းမှာပဲသင်

ယူစေခဲ့တယ်။ လူပျိုကြီး ဖြစ်တဲ့ဆရာတော်မှ ဘယ်လောက်ပဲ သင်ပေးပေး

နဂိုဦးနှောက်မှတ်ဥာဏ်အားနည်းပြီး ၊ဦးခေါင်းမှာ ရထားတဲ့ဒဏ်ရာကြောင့်

၎င်းကိုရင်ကြီးမှာ မူလတန်းမှာပင် စာကိုဆက်လက်သင်ယူ့ခြင်းမပြုတော့ပဲ ကိုရင်ကြီး

အဖြစ်နဲ. ဘကြီးတော်စပ်သူ ဆရာတော်အား အနီးကပ်ကူညီရင်း အချိန်များကို

ကုန်လွန်စေခဲ့တယ်။လှံထမ်းလာတာမြင်ရတယ် ၊ကံထမ်းလာတာ မမြင်ရဘူး ဆိုတဲ့

စကားပုံလိုပဲ ကိုရင်ကြီးအား ဘ၀အလှည့်အပြောင်း ဖြစ်လာမဲ့ နေ.ကတော့ .....။

တစ်ခုသော တနင်္ဂနွေနေ.ညနေခင်းတစ်နေ.မှာ ကိုရင်ကြီးမှာ ကဏန်းသားစားချင်တဲ့

အာသီတပြင်းပြ လာသောကြောင့် ဘုန်းကြီးကျောင်းရဲ. ဒကာရင်းဖြစ်တဲ့ အမြဲတမ်း

လည်းဘုန်းကြီးကျောင်းအား လာတတ်လေ့ရှိသော ၊ကိုရင်ကြီးအား ရင်းနှီးမှုရှိကာ

၎င်းဘုန်းကြီးကျောင်းလာပြီး ပြန်သောအခါတွင်  ၀တ္တု(ပိုက်ဆံ) အား အမြဲတမ်း

လိုလို လှုတတ်သော ဒကာ ရဲအုပ်လွင်ဦး အား '' ဒကာကြီး မနေ.ညတုန်းက

ကိုရင်ကြီး အိမ်မက်တစ်ခုမက်တယ်။ပင်လယ်စပ်မှာ ကဏန်း တွေပြေးလွှားနေတာကို

မြင်မက်တယ်။ကိုရင်ကြီးက ဘာဖြစ်လို.ပြေးလွှားနေတာလဲလို. မေးတော့ ကဏန်း

တစ်ကောင်မှ မိမိကိုယ်ကျိုးကိုသာကြည့်တတ်တဲ့ လူတစ်စုက တပည့်တော်တို.ကို

လိုက်ဖမ်းနေလို. တပည့်တော်တို.အိမ်ကို စွန်.ပြီး တစ်ခြားအိမ် တစ်ခုခုကို ပြောင်းနေ

ဖို. ကြောက်လန်.တကြားပြောင်းရွေ.ဖို. ပြေးလွှားနေကြတာပါ ဟုပြန်ပြောလေသည်။

ဒါနဲ.ပဲ ကိုရင်ကြီးက အဲဒီလို လျှောက်ပြေးနေမဲ့အစား နေစရာအိမ်မရှိတဲ့အတူတူ

ကိုရင်ကြီးရဲ. ဘုန်းကြီးကျောင်းမှာ လာနေပါလား လို.ပြန်ပြောလိုက်ရော ၄င်း ကဏန်း

မှ အမလေး...မလုပ်ပါနဲ. ကိုရင်ကြီးရေ အဲ့ဒီကောင်တွေက ဘုန်းကြီးဆိုပြီး ညှာမယ်

မထင်နဲ. စာမတတ် ပေမတတ် တောထဲ့ကတိရစ္ဆာန်သာသာ ဦးနှောက်ပဲရှိတဲ့ကောင်

တွေဆိုတော့ ကိုရင်ကြီးကို လည်းဒုက္ခ ပေးချင်ပါဘူးလေ ဟော...ပြောရင်းဆိုရင်း

သူတို.တွေလာနေကြပြီး တပည့်တော်တော့ ပြေးပြီဆိုကာ ပြေးလေသည်။ကိုရင်ကြီးမှ

ဘယ်သူများလဲလို.သိလို၍ အနောက်လက်ကို လှည့်လိုက်ရုံရှိသေး အိမ်မက်မှလန်.နိုး

လာတယ် '' ။အင်း ကဏန်း ကဏန်း သနားစရာကောင်းတဲ့ ကဏန်းလေးတွေ ဆိုပြီး

ကိုရင်ကြီး စုတ်တသတ်သတ် နဲ. ပေါ့ ။

[ မှတ်ချက်။     ။အထက်တွင် ဖော်ပြခဲ့သော ရဲအုပ်လွင်ဦး ဆိုသည်မှာ ၄င်း ကိုလွင်ဦး

သည် တကယ့်ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော အစိုးရ၀န်ထမ်း

အစစ်မဟုတ်ပါ။ အပြောသန် ၊အကြွားသန်သော ကိုလွင်ဦးရဲ. ဇနီးမှာ ဒုရဲအုပ်

နီလာဝင်း(ရဲမေ)ပါ။အဲဒါကို ၄င်းတို.ရဲ. သူငယ်ချင်းများက အမြင်ကပ်ပြီး ရဲမေကို

လက်ထပ်လိုက်လို. (ဘန်းစကားအဖြစ် ရဲမေကို အုပ်လိုက်တဲ့ အတွက် ရဲအုပ်) ဆိုပြီး 

စိုးမိုးထွန်းဆိုတဲ့ ခပ်နောက်နောက်လူ မှ စခေါ် စနောက်ရင်း တစ်ရပ်ကွက်လုံးမှ

ရဲအုပ်လွင်ဦး ဆိုပြီး အားလုံး ခေါ်ကြရာမှ ရဲအုပ်လွင်ဦး ဆိုပြီး နာမည်တွင်သွားလေ

တော့သည် ။သူကိုယ်တိုင်ကလည်း ထိုကဲ့သို. ရဲအုပ်လွင်ဦး ဆိုတဲ့ နာမည်ကို

ကြိုက်နှစ်သက်တယ်။ ဟုတ်တယ်လေ မသိတဲ့လူဆိုရင် တကယ့် ရဲအုပ်လို. အထင်ခံ

ရလဲ နည်းမလား ဆိုတဲ့ သူ.အတွေးနဲ. သူပါပဲလေ ] ။ 

အဲဒီလို ကိုရင်ကြီး ပြောတဲ့ အိမ်မက်ထဲမှ ကဏန်း ဆိုတဲ့စကားကို ရဲအုပ်လွင်ဦးမှ

ဘာအဓိပ္ပါယ်ပေါက်သွားသလဲမသိဘူး ။အဲဒီနေ.မှာ ၂၇ ဆိုပြီးကျပ်၂၀၀(နှစ်ရာ)ဖိုး

နှစ်လုံးထီ ထိုးလိုက်တယ်။ ထိုးတာမှ တစ်ကွက်ထဲရယ် ၇၂ တောင်မလှန်ဘူး ။

တကယ်ပါပဲ တိုက်တိုက် ဆိုင်ဆိုင်အဲဒီနေ. မနက်(၉)နာရီကျော်ကျော်လေးမှာ ၂၇

ဆိုပြီး နှစ်လုံးထီထွက်ခဲ့တယ်။(ရဲအုပ်လွင်ဦး နှစ်လုံးထီထိုးစဉ်ကာလမှာ မြန်မာနိုင်ငံရှိ

အောင်ဘာလေ သိန်းထီဆုကြီးရဲ. နောက်ဆုံး ဂဏန်းနှစ်လုံးကို ယူပြီး အလျှော်အစား

လုပ်တဲ့ကာလတုန်းကပါ )။နောက်နေ.တွင် ရဲအုပ်လွင်ဦးမှ ကိုရင်ကြီးအား ''ကိုရင်ကြီး

ရေ... မနေ.ညက အိမ်မက်လေး ၊ဘာလေး မမက်ဘူး''ဟုမေးသောအခါ ကိုရင်ကြီးက

ဘာဖြစ်လို.တုန်း ဒကာရဲ. ဆိုတော့ ရဲအုပ်လွင်ဦး မှ မနေ.တုန်းက ကိုရင်ကြီး ပေးတဲ့

အိမ်မက်ကို တပည့်တော် နှစ်လုံးထီထိုးလိုက်တော့ နှစ်ရာဖိုး ပေါက်တယ်။ဒါကြောင့်

တပည့်တော် ထီပေါက်လို. ၀တ္တု(ပိုက်ဆံ) ကပ်လှုပါတယ်ဘုရားဆိုပြီး ၄င်းအိပ်ကပ်ထဲ

မှ စာအိပ်ဖြူလေးကို ဆွဲထုတ်လိုက်ပြီး လက်နှစ်ဘက်ဖြင့် ကိုရင်ကြီးအား ရိုသေစွာ

န၀ကမ္မ ပါ ဘုရား ဟုဆိုပြီး စာအိပ်ထဲတွင်ထည့်ထားသော ငွေသားတစ်ထောင်တန်

ရှိသော စာအိပ်ဖြူလေးအား ကိုရင်ကြီးကို ကပ်လှုပါလေသည်။ကိုရင်ကြီးမှ လက်ခံ

ရယူလိုက်ပြီး ကျန်းမာ ၊ချမ်းသာပါစေ ဟုဆုတောင်းပေးလိုက်ပြီး ကိုရင်ကြီးမှ

သြော်.....ပုတုဇဉ်လူသားတွေ သင်တို.က မပင်မပန်း အလွယ်လမ်း ၊ဖြတ်လမ်းနည်း

နဲ. နှစ်လုံးထီ ၊သုံးလုံးထီ ထိုးဖို.လောဘကြောင့်  (Arithmetic)  ဆိုတဲ့

ဂဏန်းကို ငါ့ဆီက လိုချင်တယ်။ငါကလည်း လူမှာ အရိုးမရှိတဲ့ အရာနှစ်ခု

(ငယ်စဉ်က ကြားဖူးသောစကားပုံမှာ အရိုးမရှိတဲ့ အရာနှစ်ကို အလိုမလိုက်နဲ. ။

ထို နှစ်ခုကို များစွာ အလိုလိုက်ပါက လွန်စွာဒုက္ခ ရောက်တတ်ကြောင်း အဲဒီ အရိုး

မရှိတဲ့ အရာနှစ်ခုမှာ တစ်ခုက လျှာ ဖြစ်ပြီး နောက်တစ်ခုကတော့ ဖိုသတ္တ၀ါရဲ.

အင်္ဂါကို ဆိုလိုတာပါ။အခြားအရိုးမရှိတဲ့ အရာများကို မဆိုလိုပါ။ ဥပမာ။       ။

နှလုံး ၊ကျောက်ကပ် ၊အသည်း ၊အဆုတ် ၊ဆီးအိမ် အစရှိသဖြင့် )

 မှ တစ်ခုဖြစ်တဲ့ လျှာ ဆိုတဲ့အရာကို အလိုလိုက်ဖို.ပင်လယ်စာ ( Seafood ) သတ္တ၀ါ 

တစ်မျိုးဖြစ်တဲ့ ကဏန်းသားကို စားချင်လို. သင့်ဆီက လိုချင်တယ်။ဟင်....မင်းက

 နှစ်လုံးထီ ၊သုံးလုံးထီ တို.ဆိုတဲ့ လောင်းကစားလုပ်ပြီး ပိုက်ဆံ ချမ်းသာဖို. ဂဏန်း

နှင့် ၈ှုပ်ချင်ပြီး ငါကတော့ စားလို.ရတဲ့ ကဏန်းကို ငါရဲ.အရိုးမရှိတဲ့ လျှာကို ပါးစပ် 

အရသာ ချမ်းသာဖို. ၈ှုပ်ချင်နေပါလား အင်း.....ကဏန်း ၊ဂဏန်း ဆိုပြီး တွေးနေမိ

ပါတော့လေသည်။ [ မှတ်ချက်။   ။အသံထွက်သာတူပြီး အဓိပ္ပါယ်နဲ. စာလုံးပေါင်းမှာ

လုံးဝ မတူညီပါ ။ ကဏန်း = ပင်လယ်စာသတ္တ၀ါတစ်မျိုး  ( Seafood )

                      ဂဏန်း  = ဂဏန်းသချာင်္ ( Arithmetic ) ]

ထို.နောက် ကိုရင်ကြီးမှ ရဲအုပ်လွင်ဦးအား မနက်ဖြန်ကျရင် မနက်(၉း၀၀) လောက်

မှာ ဒကာကြီးဈေးမှာ ကဏန်းအရှင်တွေဝယ်ထားပြီး စောင့်နေပါ  ဒကာကြီးရဲ.အိမ်ကို

ကိုရင်ကြီး ကြွလာမယ်။ အဲဒီကဏန်း အရှင်ကိုလည်း ဘာမှမလုပ်နဲ.နော်။ ကိုရင်ကြီး

ကိုယ်တိုင်ချက်မလို. ဟုပြောသောအခါ ရဲအုပ်လွင်ဦးမှ   အား.....ကိုရင်ကြီးတော့

လုပ်ချလိုက်ပြန်ပြီး ဘယ်နှယ့် ကိုရင်ကြီး ကိုယ်တိုင်ချက်မလို.တုန်း ငရဲကြီးနေပါ့မယ်။

ထိုအခါ ကိုရင်ကြီးမှ ဒကာကြီး မသိပါဘူး ။ကဏန်းဆိုတာ သေသွားပြီးရင် မိနစ်ပိုင်း

အတွင်း ပုပ်တတ်တဲ့ အမျိုးကွ အဲဒီလိုကဏန်း အရှင်ကို ချက်ချင်းပြုတ်ချက်ပြီး

ချက်ချင်းပဲစားမှ လတ်ဆတ်ပြီး အရသာရှိတာ ကိုရင်ကြီးကတော့ အဲဒီလို ကဏန်း

သားကို  ကိုယ် ကိုယ်တိုင် ချက်ပြီးမှစားရတာကိုကြိုက်တယ်။အဲဒီလိုလည်းဘယ်ဟုတ်

ပါ့ မလဲ တပည့်တော်က ဟင်းချက်မတတ်ပေမဲ့ တပည့်တော်မိန်းမ အ၀င်း

(အ၀င်း ဆိုသည်မှာ ၄င်းရဲ. ဇနီး ရဲမေ နီလာဝင်း ကိုဆိုလိုတာပါ) ကိုချက်ခိုင်းလိုက်

ရင်ရတာပဲ ပြောသောအခါ ကိုရင်ကြီးမှာ အတွန်.တက်လာသောရဲအုပ်လွင်ဦးအား 

ဒေါသထွက်လာပြီး ဟေ့.....ဒကာကြီး မင်း အိမ်မှာ ငါမနက်ဖြန်ကျရင် ကဏန်းဟင်း

စားချင်လို. ငါကိုယ်တိုင်ချက်မလို. အဲဒါသဘောတူလား မတူဘူးလား တစ်ခွန်း

ပဲ အခုဖြေကွာ ဟုကိုရင်ကြီး မေးလိုက်သောအခါ ရဲအုပ်လွင်ဦးမှာ ဇက်ကလေးပုသွား

ပြီး မျက်နှာချိုလေးသွေးကာ သဘောတူပါတယ် ဘုရား  သဘောတူပါတယ် ဘုရား

ဆိုပြီး လက်အုပ်လေးချီကာပြန်ဖြေတဲ့ အခါမှ ကိုရင်ကြီးမှ ဒီလိုလိမ္မာမှပေါ့  နိုးမဟုတ်

ရင် မနက်ဖြန်မှာ ကိုရင်ကြီး မက်တဲ့ အိမ်မက်ကို မပြောပြဘူး ဟု ခြိမ်းခြောက်လိုက်

တဲ့အခါ ရဲအုပ်လွင်ဦးမှ ပြာပြာသလဲ တင်ပါ့ဘုးရား တပည့်တော် သဘောတူပါတယ်

လို.ပြောထားပြီး ပြီလေ တင်ပါ့ ဘုရား ဟု ဆိုကာ နှစ်လုံးထီ နံပါတ် မရမှာစိုး၍

ပြာပြာသလဲ တောင်းပန်လေသည်။

နောက်နေ.မနက်တွင် ကိုရင်ကြီးမှ ရဲအုပ်လွင်ဦး ၀ယ်လာသော ကဏန်းများအား

ကိုယ်တိုင်ချက်ပြုတ်ရန် မိုးပြဲဒယ်အိုးကို အသုံးပြုပြီး ပြုတ်လိုသောကြောင့် ၄င်း

ဒယ်အိုးဖြင့် ရေနွေးအိုးတည်လေသည်။ အချိန်အတန်ကြာသောအခါ ရေနွေးများ

ပွတ်ပွတ်ဆူလာ၍ ကိုရင်ကြီးမှ ၀ါးလုံး တစ်လုံးကို ဓါးဖြင့် ထက်ခြမ်းခွဲပြီး ၀ါးပြားဖြစ်

အောင်လုပ်လေသည် ။ပြီးမှ ထိုဝါးခြမ်းပြားကို မိုးပြဲဒယ်အိုးပေါ်တွင် ကန်.လန်.ဖြတ်

တင်လိုက်သည်။အဲဒီလို ကိုရင်ကြီး လုပ်နေသမျှကို ဘေးနားမှာ ကြည့်နေတဲ့ ရဲအုပ်

လွင်ဦးမှ ကိုရင်ကြီးဘာကြောင့် ၀ါခြမ်းပြားကို ဒယ်အိုးပေါ်တင်ပြီး ဘာလုပ်မလဲ

ဆိုတာသိလို၍ မေးသောအခါ ကိုရင်ကြီးမှ “ဒီလို ... ဒကာကြီးရေ အခုကဏန်းကို

ကိုရင်ကြီး ကိုယ်လက်နဲ.ကိုယ် ကိုယ်တိုင်ပြုတ်လို.ကတော့ ကိုရင်ကြီးမှာ အပြစ်ဖြစ်

မယ်လေ။ဒါကြောင့်သူတို.လေးတွေကို ဒီဝါးခြမ်းပြားကနေ နင်တို.ကို ဘေးမဲ့လွှတ်ပေး

တာ ဆိုပြီး လျှောက်ခိုင်းမယ်။အဲဒီလို လျှောက်နေတုန်း အပူဒဏ် မခံနိုင်ဘဲ ရေနွေး

အိုးထဲ ကျမယ်လေ။ဒါဆိုရင် ကိုရင်ကြီးနဲ. ဘာမှမဆိုင်ဘူးလေ။အင်း...သတ္တ၀ါဆိုတာ

လူချွတ်မှ ကျွတ်တာဆိုတော့ သူတို.လေးတွေ မြန်မြန်ကျွတ်အောင် ကူညီရာလည်း

ရောက်တာလေ ဟုဆိုပြီးမှ ကိုရင်ကြီးမှ ကဲကဲ...ဒကာကြီးရေ အဲဒီကဏန်းတွေရဲ.

လက်မတွေကို ကြိုးချည်ပြီး ကျန်တဲ့ ဘေးက လက်ချောင်းတွေကို မချည်နဲ. ကူညီ

ပါအုံး ကိုရင်ကြီးပြောသောအခါ ရဲအုပ်လွင်ဦးမှ တင်ပါ့ဘုရားလို ပြန်ပြောပြီးကိုရင်ကြီး

ခိုင်းတဲ့အတိုင်း လုပ်လေသည်။ပြီးနောက် ကိုရင်ကြီးမှ ကဏန်းများအား ၀ါးခြမ်းပြား

ပေါ်သို.တစ်ကောင်ချင်းစီတင်ပြီး လျှောက်ခိုင်းလေသည်။၎င်း ပါးစပ်မှလည်း

သတ္တ၀ါတစ်ခု ကံတစ်ခု ကျွတ်ကြ လွှတ်ကြပါစေ ဟုဆိုပြီး ၀ါးပြားပေါ်သို.တင်ပြီး

လျှောက်ခိုင်းလေသည်။နဂိုကတည်းက ကဏန်းဆိုတဲ့ သတ္တ၀ါဟာ အခြားသတ္တ၀ါ

တွေလို လမ်းလျှောက်တဲ့ အခါ မျက်နှာမူရာတည့်တည့်မလျှောက်ဘဲ ဘေးတိုက်

လျှောက်တဲ့ အမျိုးဆိုတော့ အဲဒီလို ၀ါးပြားပေါ်မှာ နဲ.နဲ.ပဲလျှောက်ရတယ် ရေနွေးအိုး

ထဲ့သို. တစ်ကောင်ပြီး တစ်ကောင်ပြုတ်ကျပါလေရော။ထိုအခါ ကိုရင်ကြီးမှ မင်းလမ်း

မင်းသွား ၊ငါ့ လမ်း ငါ့ သွား ဟုပါးစပ်မှလည်းပြော ထင်းစည်းများကိုလည်း မီးအားပြင်း

လာအောင် မီးဖိုထဲသို. ထိုးထဲ့နေတော့သည်။ဘေးနားမှ ရဲအုပ်လွင်ဦး မှလည်း  

တစ်ချို.ကဏန်းများ ၀ါးခြမ်းပြားပေါ်တွင် ကိုးရိုးကားရားနှင့် ဘေးတိုက်လျှောက်နေ

တာကို တဟား ဟားနှင့် အော်ရီတော့လေသည်။စကားပုံတွင် ကြားဖူးတာကတော့

ဘုန်းကြီးရူးနှင့် လှေလူးပါ ။အခုကတော့ ကိုရင်ကြီးတကယ်ရူးနှင့် ရဲအုပ်အတု

လွင်ဦး လူး ဆိုပြီး ဒီဘက်ခေတ်မှာ စကားပုံအသစ် ပြောင်းရတော့မလို ဖြစ်နေပါ

တော့တယ်။တစ်ချို. အကောင်ကြီးတဲ့ ကဏန်းကြီးတွေကျတော့ လျှောက်ရင်း

လျှောက်ရင်းနဲ. အခြားတစ်ဖက်ကို ရောက်သွားတယ်။အဲဒီလိုရေနွေအိုးထဲသို. မကျဘဲ

လွှတ်သွားတဲ့ ကဏန်း အကြီးကောင်တွေကို ကိုရင်ကြီးမှ ကောက်ယူလိုက်ပြီး

  ဟင်း...ငါကတော့ အလုပ်ကို တရားမျှမျှတတပဲ လုပ်တာကြိုက်တယ်။မင်းက

အကောင်ကြီးတော့ နှစ်ခါလျှောက်ကွာ ဆိုပြီး ၀ါခြမ်းပြားပေါ်သို. တင်လိုက်ပြီး

ထပ်လျှောက်ခိုင်းလေသည်။နဂိုမှ အပူဒဏ်ကြောင့် ပထမတစ်ခေါက်ကတည်းက

ကျချင်ချင် ဖြစ်နေတဲ့အထဲ အခု တစ်ခါ ဒုတိယအကြိမ်မှာတော့ ရေနွေးအိုးထဲ ကျပါ

လေရော။ ကိုရင်ကြီးပုံစံက ဒုတိယအကြိမ် လွှတ်သွားလည်း နောက်တစ်ခါ တတိယ

အကြမ်လျှောက်ခိုင်းမဲ့ ပုံစံပါ။

( ဟင်း...ဒီပုံပြင်ထဲကလိုပဲ ၁၉၉၀ ခုနစ်မှာ ကဏန်းတွေ ကိုတစ်ခါလျှောက်ခိုင်းပြီး

ပြီလေ။ အခုလည်း ၂၀၁၀ ခုနစ်မှာ တစ်ခါထပ်လျှောက်ခိုင်းပြန်ပြီး။မလျှောက်ချင်တဲ့

ကဏန်းတွေကတော့ သူ.ဘာသာသူ ကဏန်းအဖြစ်မှ နုတ်ထွက်ရတော့မယ်။စကားပုံ

မှာတော့  သူ.လက်ခုပ်ထဲက ရေဆိုတော့ မှောက်ချင်မှောက် ၊သောက်ချင်သောက်

ဆိုသလိုပဲ ကိုရင်ကြီး လက်ခုပ်ထဲက ကဏန်းတွေဆိုတော့ အင်း..သူ.သဘောပဲလေ။

အဲဒီကိုရင်ကြီးကလည်း ဟိုးတုန်းက ရှင်အဇ္ဈဂေါဏ ဘုန်းကြီး ကို အားကျပြီး ဓါတ်လုံး

ရအောင် ဖိုထိုးနေတယ်။ ဒီဘက်ခေတ်မှာတော့ တစ်စုံတစ်ယောက်က ၄င်းရဲ.

ပါဝါအစွမ်း ဆက်လက် တည်တံ့ ခိုင်မြဲအောင် မြောက်ကိုရီးယားကို အားကျပြီး

နူးကလီးယား ရှိလာရအောင် လုပ်နေတာဆိုတော့ တကယ်လို. အဲဒီ

တစ်စုံတစ်ဦးကသာ သူ.လက်ထဲမှာ အဲဒီဟာကြီးရသွားလို.ကတော့ အမေရိကန်

မပြောနဲ. သိကြားမင်းဆင်းလာပြီး လာရောက်ဖြေရှင်းမယ် ဆိုရင်တောင် ဘယ်လိုမှ

မဖြစ်နိုင်တော့တဲ့အတွက် ကျွန်မတို.မျှော်လင့်တောင့်တနေတဲ့ ရွှေပြည်တော်ကြီး

လည်း  မျှော်လေတိုင်းဝေးလို. ကျွန်မ အနေနဲ. ဆိုလိုက်ချင်ပါတော့တယ်။ )

ဟင်း...ကဏန်း ၊ကဏန်း  အင်မတန်.  အင်မတန်မှ သနားစရာ ကောင်းတဲ့

ကြားခံ ၊တန်ဆာခံ ပေးဆပ်လိုက်ရတဲ့ အချို. ၊တချို.သော ကဏန်းတွေ။

'' ဒုန်း '' လူစည်ကားသော ရန်ကုန်မြို.လယ်ခေါင် တစ်နေရာတွင် ဗုံးပေါက်ကွဲပြီး

ထွက်ပေါ်လာသော အသံမဟုတ်ပါ။ ကိုရင်ကြီး ကယောင်ချောက်ချား အိမ်မက်တွေ

မက်ပြီး ကုတင်ပေါ်မှ အိပ်ဆော့ပြီး ပြုတ်ကျ၍ ၄င်းရဲ.ပြောင်နေသော ကတုံးနှင့်

ကြမ်းပြင် ထိပြီးထွက်ပေါ်လာတဲ့ မြည်သံပါ။ကိုရင်ကြီးမှာ အလွန်ပဲနာကျင်သွားသော

၎င်းရဲ.ကတုံးကို ပွတ်သပ်နေပြီး '' သြော်...  ငါအိမ်မက် မက်နေပါလား ။တော်ပါ

သေးရဲ. တကယ့်အပြင်မှာ ကဏန်းတွေကို မချက်စားခဲ့လို. ''  ။နောက်နေ.မနက်တွင်

ရဲအုပ်လွင်ဦးအား မနေ.ညက ကဏန်းအကြောင်းကို ထပ်ပြီးအိမ်မက် မက်တဲ့

အကြောင်းပြောပြတော့ ၄င်းမှ အား...ကိုရင်ကြီးကလည်း ဒီကဏန်းတွေအကြောင်းပဲ

ပြန်မက်သလား တစ်ခြားအကြောင်း ဘာညာတွေမမက်ဘူးလား  ဆိုပြီး မေးလေ

သည်။ထိုအခါ ကိုရင်ကြီးမှ  အေး...အဲဒီကဏန်း အကြောင်းပဲ မက်တယ်ကွ လို.ပြန်

ဖြေလေသည်။ ရဲအုပ်လွင်ဦးလည်း နှစ်လုံးထီထိုးရန် အတွက် ချဲထီဒိုင်ကြီး အိမ်သို.

သွားလေသည်။ ထိုအိမ်သို.ရောက်သော် ရဲအုပ်လွင်ဦးမှ ၂၇ ကို ၂၅၀၀ဖိုး ပေးကွာ

ဆိုတော့ ချဲထီအရောင်း စာရေးမလေးမှ ထူးဆန်းသတ္တ၀ါကို တွေ.လိုက်ရသလို ၄င်း

အား ''ဟာ...ကိုလွင်ဦးကတော့ ဒီနေ.ဆေးသောက်တာ လှုပ်ပြီးသောက်ဖို.

မေ့သွားသလား မနေ.ကပဲ  ၂၇ ထွက်ပြီး ပြီလေ...လာနောက်မနေနဲ. '' လို.ပြော

လိုက်ရော ရဲအုပ်လွင်ဦးမှ  ဟေ့...၂၇ မှ ၂၇ တစ်ကွက်ထဲပဲ လို.ဒေါသအသံနှင့်

ပြောတော့ အနီးအနားမှ အခြားသော ကောင်လေး ၊ကောင်မလေးတွေမှ ဒီနေ.မှာ

ဘယ်သူမှ ဒီဂဏန်းမထိုးဘူး ။ဒီ ကျွန်မရောင်းတဲ့ စာအုပ်မှာ ခေါင်က ၅၀၀၀ တိုက်

နော်...ကျန်တဲ့ ၂၅၀၀ ဖိုး အကွက် လွတ်နေတယ် ၊ ယူလိုက်ပါလားလို. အကြံပြု

သလိုနဲ. ပြက်ရယ် ပြုပြီး လှောင်ပြောင်စွာ နောက်လေသည်။ထိုအခါ ရဲအုပ်လွင်ဦးမှ

မနေ.ကပေါက်ထားတဲ့ ၊အလကားရထားတဲ့ ပိုက်ဆံ အားကိုးနဲ. ဒီလောက်တောင်

ဖြစ်လှတာ .....ပေးကွာ ကျန်တဲ့ ၂၅၀၀ ဖိုး ဆိုပြီးထိုးလိုက်လေသည်။အဲဒီအခါတွင်

ဘေးမှ အရောင်းစာရေးကောင်လေး ကျော်မြင့်ဆိုသူမှ ကိုလွင်ဦးရေ ကျွန်တော့်

စာအုပ်ကိုတော့ အားမပေးဘူး...ဘာလဲ ကောင်မလေးတွေ ရောင်းတဲ့ စာအုပ်မှ

ချဲစာအုပ် မဟုတ်ဘူးနော်။ကျွန်တော့်မှာလည်း ထိုးသွားအုံး ဆိုတော့ အေး...မင်း

စာအုပ်ဒီနေ. ခေါင်ဘယ်လောက်ဖွင့် သလဲကွ ဟု ရဲအုပ်လွင်ဦးမှ မေးလိုက်သောအခါ

ခေါင်က ၅၀၀၀ တိုက်ပါ။အစ်ကိုဘယ်လောက်ယူမလဲဆိုတော့ ရဲအုပ်လွင်ဦးမှ ၂၇ ကို

၅၀၀၀ တိုက်ပေးကွာ ဆိုလေသည်။ဟာ...အစ်ကို ၇၂ ကိုရော အလှန်မထိုးဘူးလား

လို. ကျော်မြင့်မှ မေးသောအခါ စကားမများနဲ. ဟေ့ရောင် လှန်ချင်ရင် ငါ့မိန်းမ ထမိန်

ပဲ အိမ်ပြန်ပြီး လှန်တော့မယ် လို. ရဲအုပ်လွင်ဦးလဲ ပြောလိုက်ရော အားလုံးမှာ

ဝိုင်းရီ ကြတော့လေသည်။

ယုံချင်ယုံ ၊မယုံချင်နေ နောက်နေ.မှာ တကယ်ပဲ ၂၇ ဆိုပြီး ထွက်လာပါလေရော။

အဲဒီနေ.မှာ ရဲအုပ်လွင်ဦး (၁၀၀၀၀) တိုက်ဖိုး နှစ်လုံးထီ ပေါက်လေသည်။အလျှော်

အစားမှာ အဲဒီခေတ်တုန်းက ဆိုရင် တစ်ရာဖိုးဆိုရင် ရှစ်ထောင်ဖိုး(အဆရှစ်ဆယ်)

လျှော်တဲ့ အချိန်မှာ ဆိုတော့  ရဲအုပ်လွင်ဦး သိန်းရှစ်ဆယ်ဖိုး ချဲပေါက်လေသည်။

[ အဲဒီခေတ်အခါတုန်းက မတ်တူးကား မော်ဒယ် ၉၄-၉၅ မှ သိန်း ၅၀နဲ.၆၀ကြားမှာ

ရှိတဲ့ ခေတ်ကာလဆိုတော့ ရဲအုပ်လွင်ဦးပေါက်သွားတဲ့ ပိုက်ဆံဟာ နဲ.နဲ.နှောနှောမှ

မဟုတ်တာ ]။ ပန်းသတင်း လေချင်းဆောင် ၊လူ.သတင်း လူချင်းဆောင် ဆိုသလိုပဲ

ရဲအုပ်လွင်ဦး ချဲထီပေါက်သွားတယ်ဆိုတဲ့ သတင်းဟာ ရပ်ကွက်ထဲရှိ ဈေးမှာရော၊

အရက်ဆိုင်မှာရော ၊လက်ဖက်ရည်ဆိုင်မှာရော စသည့် စသည့် နေရာအနှံအပြားသို.

လျင်မြန်စွာပျံနှံ.သွားလေတော့သည်။အဲဒီလိုချဲဂဏန်းကို သဲကုန်းဘုန်းကြီးကျောင်းမှ

ကိုရင်ကြီး ပေးတယ်လို. ရဲအုပ်လွင်ဦး အာချောင်မိ၍ နောက်နေ.တွင် ၄င်းဘုန်းကြီး

ကျောင်းရှိ ကိုရင်ကြီးရဲ. တစ်ပါးသုံးကျောင်းဆောင်တွင် လူအများ အုပ်ကြီး ၊အုပ်ငယ်

နဲ.ရောက်ချလာပြီး တပည့်တော်တို.ကိုလည်း ချဲနံပါတ်စွန်.ပါ (ပေးပါ) ဟု

တစ်ယောက် တစ်ပေါက်ဖြင့် လာရောက် တောင်းလေတော့သည်။ထိုအခါကိုရင်ကြီး

မှာ ဆွမ်းဘုန်း(ထမင်းစားချိန်)တွင် လည်းကောင်း ၊ကျိန်းမဲ့အချိန်(အိပ်ချိန်) ၊

ကုဋ္ဋီ (အိမ်သာ) သွားချိန် မှာတောင်လွတ်လွတ်လပ်လပ်သွားလာ၍  မရ ၊

စကားပြောရင်လည်း မလွတ်မလပ်တော့သဖြင့် ကိုရင်ကြီးမှာ ဤသို.စဉ်းစား

မိလေသည်။အင်း.....ငါဟာ တကယ့်ကို ချဲနံပါတ်ပေးနိုင်အစွမ်းရှိတဲ့ ဘုန်းကြီးလည်း

မဟုတ် ၊လူတွေကလည်း ငါဘာလုပ်လုပ်လိုက်ကြည့်နေတယ် မဖြစ်ပါဘူးလေ ဆိုပြီး

 လူသူအရောက်ပေါက်နည်းလှသော တောတွင်းတစ်နေရာသို. နောက်နေ.မှစ၍

ကိုရင်ကြီးမှာ ထိုလူအုပ်နှင့် ဝေးရာသို. စိတ်ညစ်စွာဖြင့် ရှောင်ရှားသွားလေသည်။

သို.ပေမဲ့ ရဲအုပ်လွင်ဦးမှာ ရလေလိုလေ အိုသစ္ဆေဆိုတဲ့ အတိုင်းပဲ လောဘဇော

အတေားမသတ်ကာ ကိုရင်ကြီးမရှိတော့ပေမဲ့ ရပ်ကွက်ထဲရှိ ဗေဒင်ဆရာများသို.

လည်းကောင်း ၊ချဲနံပါတ်ပေးတတ်သော နတ်ကတော်များထံသို. လည်းကောင်း၊

တွက်နည်း ဆရာများသို. ထံသို.လည်းကောင်း လိုက်လံပြီး နံပါတ်တောင်းကာထိုး

သလို တစ်ခါတစ်လေ ၄င်းကိုယ်တိုင်အိမ်မက်ပါကလဲ ချဲထီထိုးလေသည်။ဤကဲ့သို.

ရမ်းသမ်းပြီးထိုးလာ၍ ၄င်းပေါက်ထားသော ပိုက်ဆံများအပြင် သူ.မှာအရင်ရှိသော

ပိုက်ဆံများပါကုန်လာပြီး လင်မယားချင်းလည်း စကားများကာ ကွာရှင်းတဲ့အဆင့်

ရောက်ကုန်ကာ ရဲအုပ်လွင်ဦးမှာလည်း တဖြည်းဖြည်းနဲ.  မွဲသွားလာလေတော့

သည်။ထိုကဲ့သို. ဖြစ်ပွားပြီး ရဲအုပ်လွင်ဦးမှာ တစ်နေ.တွင် ကိုမောင် အရက်ဖြူဆိုင်မှ

အရက်မူးလွန်လာပြီး ဇော်ပိုင်ရဲ. မင်းနဲ.မှ ချစ်တတ်လာပြီး သီချင်းကို ဖျက်ဆိုကာ

အာလေး ၊လျှာလေးနှင့်အော်ဆိုကာ ဒယီးဒယိုင်ဖြင့် ၄င်းရဲ.အိမ်သို.ပြန်လာလေသည်။

 

-နှစ်လုံးတိုက်အကြောင်းမသိခဲ့ဘူး ငယ်စဉ်ကအသက်အရွယ်မှာ

ကိုရင်ကြီးပေးတဲ့ အတိတ်မျိုးလည်း ကိုယ်မကောက်တတ်သေးပါ

ဝင်္ကဘာဆန်တဲ့ ဒီတွက်နည်းမျိုးနဲ. တစ်နေ.တော့ဖြင့် ပေါက်နိုင်မှာတွေးမိသေး.....

CHOး ကိုယ့်ဦးနှောက်လေးလည်း ဒီနှစ်လုံးတိုက်အကြောင်း တစ်နေ.လုံးတွေးတယ်

ဘာလိုနည်းနဲ.ပေါက်ပေါက် တကယ်ပေါက်ဖို. ကြံစဉ်ရင်းနဲ.

ဒါလောင်းကစားလို.ခေါ်မလား ကိုယ်မသိလိုက်မီ ဒီတစ်ကွက်ထဲထိုး

နောက်ဆုံးတော့ နှစ်လုံးတိုက်နဲ.မွဲခဲ့ပြီးမို. ............................... 

 

ဤကဲ့သို. ညကြီးအချိန်မတော် သီချင်းအော်ဆိုလာသော ရဲအုပ်လွင်ဦးမှာ လမ်း

ထောင့်အကွေ.တွင် ပတ္တရောင်လှည့်(ကင်းလှည့်)လာသော နယ်မြေလုံခြံရေးမှုး

ဒုရဲအုပ် စိုးမြင့်နှင့် နယ်ထိန်း ရဲတပ်ကြပ်ကြီး သန်းမြင့်တို.နှင့် ပက်ပင်းတွေ.ဆုံကြ

လေတော့သည်။ထိုအခါ နယ်ထိန်း သန်းမြင့်မှ .....

ဘယ်လိုဖြစ်တာလဲ ကိုလွင်ဦး ခင်ဗျားမူးရူးလာရင်လည်း အေးအေးဆေးဆေး

အိမ်ပြန်ပေါ့ ။အချိန်ကလည်း ည ၁၁ နာရီခွဲ ဆိုတော့ လူတွေအိပ်ချိန်ဗျာ. ။ခင်ဗျား

နားမလည်ဘူးလား ဆိုပြီး အောက်ဟောက်ကာ တရားခံအစစ်ကို မိသလိုမျိုး စစ်မေး

လေသည်။

ထိုအခါ ရဲအုပ်လွင်ဦးမှ ဟာ.....ဆရာတို.ပါလား ဆောရီးဗျာ ဒီနေ.နဲနဲများသွားပြီး

သီချင်းအော်ဆိုမိတာပါ ။ ကျုပ့်ဘယ်သူ.ကိုမှ မစော်ကားရပါလား ဘာများမှားသွားလို.

လဲ ဟု မချေမငံ ပုံစံနှင့်ပြန်ဖြေသောကြောင့် ၄င်းရဲ. ဆရာရှေ့မှာ ဤကဲ့သို.ပြန်ခံ

ပြောလာသော ရဲအုပ်လွင်ဦးအား ဒေါသထွက်လာသော နယ်ထိန်း သန်းမြင့်မှ

ဟေ့...လူ  ခင်ဗျားကို ၀တ္တရားနှောက်ယှက်မှုနဲ. အခုဖမ်းလို.ရတယ် နားလည်လား။

ပြောလဲပြော ပြီး ၄င်းခါးကြားမှ လက်ထိပ်အား ဆွဲထုတ်လိုက်လေသည်။အရက်သမား

ဘယ်လောက်မူးမူး ၊မူးတဲ့လူကို ချီးကျွေးရင်မစားသလိုပဲ ရဲအုပ်လွင်ဦးမှာ လက်ထိပ်

ကိုမြင်တွေ.လိုက်ရ၍ ပြာပြာသလဲ တောင်းပန်ကာ ထိုကဲ့သို.ပြောလေသည်။

အာ...ဆရာတို.ကလည်း စိတ်အရမ်းကြီးတာပဲကိုး ဆရာတို.သောက်ဖို.လက်ဖက်

ရည်ဖိုးဆိုကာ ၄င်းခါးကြားရှိ လုံချည်တွင် လိမ့်ပြီးကျစ်ထားသော ပိုက်ဆံများကို ဆွဲ

ထုတ်လိုက်ပြီး ၂၀၀ တန်တစ်ရွက်ကို နယ်ထိန်း သန်းမြင့်အားပေးလိုက်လေသည်။

(အဲဒီခေတ်အခါက လက်ဖက်ရည်တစ်ခွက်မှ ကျပ် ၅၀ -၆၀ ခေတ်တုန်းပါ)

နယ်ထိန်းမှ ဆွဲယူပြီး ၄င်းရဲအုပ်လွင်ဦး လက်ထဲတွင်ကျန်နေသေးသော ပိုက်ဆံများ

ကို ကြည့်လိုက်ပြီး လက်ဖက်ရည်ဖိုးပဲလား ၊အခုအချိန်ကလက်ဖက်ရည်အချိန်မဟုတ်

တော့ဘူးလေ ခင်ဗျားက အခုသီချင်းအော်ဆိုပြီး မူးရစ်လာလို. မူးယစ်ရမ်းကာမှု

နဲ. စခန်းကို လိုက်ခဲ့ဗျာ ဟုပြောသောအခါ ရဲအုပ်လွင်မှ ဟာ...ဆရာကလည်းဒီလူနဲ.

ဒီလူ ရော. ....အရက်ဖိုးဟုဆိုကာ ၄င်းပိုက်ဆံခေါက်မှ ၅၀၀ တန်တစ်ရွက် ထုတ်ပေး

လိုက်သောအခါ နယ်ထိန်း သန်းမြင့်မှ အရက်ချည်းသက်သက်ပဲလား သူကြီးမရှိရင်

ရွာဆူ အမြည်းမရှိရင် အာပူတဲ့ အရက်သမားဖြစ်ပြီး ဒီလောက်တောင်မှ ခင်ဗျား

နားမလည် ဘူးလားဟုငေါက်လိုက်သောအခါ ၄င်းဘေးနားမှ ဒုရဲအုပ် စိုးမြင့်မှ

သဘောကျစွာနဲ. သူ.ရဲ.တပည့်ဖြစ်သူရဲ. ကလိမ်ကကျစ်နည်းမျိုးစုံးသုံးပြီးပြောဆိုဖြဲ

ခြောက်ကာ ပိုက်ဆံတောင်းယူနေပုံကို သဘောကျစွာ တဟီးဟီးနဲ.ခါးထောက်ပြီး

ရီနေတော့သည်။ရဲအုပ်လွင်ဦးမှ နောက်ဆုံးကျန်တော့တဲ့ ၂၀၀ တန် နှစ်ရွက်ရယ်၊

၅၀၀ တန်တစ်ရွက် အကုန်လုံးကို နယ်ထိန်းသန်းမြင့်လက်ထဲသို.ထိုးထဲ့ပေးလိုက်ပြီး

ဒါအကုန်ပဲဆရာရေ ...ဆရာတို.အတွက် အရက်နဲ. အမြည်းဖိုးပါ ။ထို.နောက်

နယ်ထိန်း သန်းမြင့်မှ အရက်ဖိုးတင်ပဲလား ၊အရက်သောက်ပြီးရင် အိမ်က မိန်းမနဲ.

ကလေးတွေစားဖို. ထမင်းဖိုးရော။အခုနေ ခင်ဗျားကို မှောင်ရိပ်ခိုမှုနဲ. ဆွဲစိလို.ရတယ်

ဆိုတော့ ရဲအုပ်လွင်ဦးမှ ကျွန်တော့်မှာ ပေးစရာလဲမရှိတော့ဘူး ဖမ်းမယ်ဆိုလဲ ဖမ်း

သာဖမ်းပေးတော့ ဟုဆိုပြီး လက်နှစ်ဖက်ကို ပူးပြီးရှေ့သို.ဆန်.ပေးလိုက်သောအခါ

နယ်ထိန်း သန်းမြင့်မှ ခင်ဗျားလုံချည် ခါပြ ပါဟုပြောသောအခါ ရဲအုပ်လွင်ဦးလည်း

၎င်းလုံချည်ကို ဖြည်ကာ ခါပြလေသည်။ထိုအခါ နယ်ထိန်း သန်းမြင့်မှ ငုံ.ကြည့်လိုက်

သည် ။တကယ်လို. ရဲအုပ်လွင်ဦးသာ အတွင်းခံဘောင်းဘီဝတ်လာပါက ထိုအထဲသို.

လက်နှိက်ကာ စမ်းအုံးမလားပဲ။ဟား..ဟား..ဟား ခင်ဗျားကို နောက်တာပါ။ခင်ဗျားမှာ

တကယ်ပိုက်ဆံကျန်သေးလားဆိုတာ ကျုပ်ကသက်သက်မေးနေတာပါ။တကယ်မရှိ

တော့လဲပြီးတာပဲ ။အစောကြီးကတည်းက ကျုပ်ကြည့်ပြီးပြီ ။သိတယ်မဟုတ်လား 

ရဲတစ်ယောက်ရဲ.မျက်စီဟာ ကျီးကန်းဆယ်ကောင်မျက်စီ နဲ.ညီတယ်တဲ့ ။ကဲ ကဲ...

ခင်ဗျားအရင်တုန်းက ခင်ဗျားမိန်းမ ဗိုလ်ကြီး နီလာဝင်း မျက်နှာထောက်လိုက်ပြီး 

ခင်ဗျားကို လွှတ်ပေးလိုက်တယ်။နောင်ကို မူးပြီးအိမ်ပြန်ရင် အေးအေးဆေးဆေး

သောက်စားပြီး ပြန်ပေါ့ ။သွားတော့ ဟုဆိုပြီး ၄င်းတို.နှစ်ယောက်မှာ လည်းထွက်ခွါ

သွားလေသည်။သူခိုးပြေးမှ ထိုးကွင်းထ ဆိုတဲ့စကားပုံလေး အတိုင်း ထိုရဲနှစ်ကောင်

၎င်းရဲ. အနီးအပါးမှ ထွက်ခွါလဲသွားရော ရဲအုပ်လွင်ဦးမှ အောက်ဖော်ပြပါအတိုင်း

ဆဲဆိုပါတော့လေသည်။

ဘယ် ခုနစ်ပဲမှ ရဲမထင်ဘူးကွ ။(ခုနစ်ပဲဆိုသည်မှာ ရွှေအရောင်းအ၀ယ်လုပ်သူများ

သိပါလိမ့်မယ်။ရွှေ ရောင်းဝယ်သူများသုံးသောစကားပါ။ဥပမာ။   ။တစ်မူး ၊တစ်ပဲ ၊

တစ်ရွေး ၊တစ်မတ် ၊တစ်ပြား စသည့်တို.တွင် ခုနစ်ပဲ ဆိုသည်မှာ ရ ကောက်နောက်

ပြင် ရဲ ဆိုတဲ့စာလုံးပေါင်းအား ၄င်းလွင်ဦးမှ ဘန်းစကားအဖြစ် ခုနစ်နောက်ပြင် ၇ဲ

ဆိုတော့ ကူညီပါရစေဆိုတဲ့ ရဲ အားဆိုလိုပါသည်)။ခွေးသူတောင်းစား ရဲစုတ်၊ရဲနာ၊

ရဲပဲ့ တွေ ၊ဓါးမြနဲ. သူတောင်းစား စပ်ဖေါက်ပြီးမွေးလာခဲ့တဲ့ အမျိုးယုတ်ကောင်တွေ၊

ဘဲနှင့် မန်ဒါလီ စပ်ပြီး ဘဲမမှ ဥပြီးကြက်မကို ၀ပ်ခိုင်းပြီး မွေးလာတဲ့ ကြက်လည်း

မဟုတ်၊ ဘဲလည်းမကျ ၊မန်ဒါလီလို.လည်း မခေါ်တဲ့ အမျိုးမစစ်တဲ့ ကောင်တွေ ၊

အမြီးကျက် အမြီးစား ၊ခေါင်းကျက်ခေါင်းစား ရုံတင်မကဘူး တစ်ကိုယ်လုံးကျက်လို.

ကတော့ အရေခွံမဆုတ်ဘဲ အကောင်လိုက်မြိုချမဲ့ဟာတွေ၊ !*&#&%^&*+.......

(ကျန်သေးတဲ့ လွန်စွာမှညစ်ညမ်းမိုက်ရိုင်းပြီး သူ.မှာရှိတဲ့မွေးရာပါ ပစ္စည်းနဲ.ရော၊

သူ.မှာမရှိတဲ့ မွေးရာပါ ပစ္စည်းနဲ.ရော တိုင်းထွာခိုင်းနှိုင်းပြီး သုံးနှုန်းဆဲဆိုမှုများကို

ကျွန်မ အနေဖြင့် ရေးသားဖော်ပြရန် လုံးဝမသင့်ဘူးလို. ယူဆတဲ့အတွက် ရေးသား

ခြင်းမပြုဘဲ ချန်လှပ်ထားပါသည်။အကယ်၍ စာဖတ်သူအနေဖြင့် ရဲအုပ်လွင်ဦးရဲ.

ဆဲဆိုမှုများကို သင်ကိုယ်တိုင် နားထောင်လိုပါက ကျွန်မအနေနဲ. အနီးစပ်ဆုံး ဆဲဆိုမှု

ကို လမ်းညွှန်ပေးပါမည်။ယခုပဲ သင်ရဲ.ကွန်ပြူတာမှာ www.youtube.com

ဝက်ဆိုက်သို. နှိက်လိုက်ပါ။ပြီးရင် ၄င်း youtube  ၀က်ပေ့ (Web page) ထဲရှိ

Address bar  ထဲတွင် Thein Sein clip 0 (သို.)  1 ဆိုတဲ့စာကို ရိုက်နှိပ်ပြီး

ဝင်ကြည့်ပါ။ထိုလူအုပ်ထဲမှဆဲဆိုသံများသည် ရဲအုပ်လွင်ဦးမှ အထက်ဖော်ပြပါ ကူညီ

ပါရစေဆိုတဲ့ ရဲ နှစ်ကောင်အား ဆဲဆိုသလိုပါ။ မှတ်ချက်။   ။ကျွန်မ အနေဖြင့်ယခုလို

ဆဲဆိုသံများပါသော Website  အားလမ်းညွှန်ဖော်ပြခြင်းမှာ ယခုစာဖတ်သူအား

ရဲအုပ်လွင်ဦးမှ မည်ကဲ့သို. ဆဲဆိုကြောင်းသိစေရုံသက်သက်ပါ။ ဆဲဆိုနည်းအား

လေ့လာအတုခိုးယူရန် လုံးဝ မရည်ရွယ်ပါကြောင်း  ကြိုတင်သတိပေးပါရစေ)

ဒီနေ.ကတော့ သဲကုန်းဘုန်းကြီးကျောင်းရဲ. သီတင်းကျွတ် ကထိန်သင်္ကန်း ကပ်လှု

ပူဇော်တဲ့ နေ.ကလေးပါ ။မြန်မာလူမျိုးတို.ရဲ. ချစ်စရာ ဗုဒ္ဓဘာသာဝင်တို.ရဲ. နေ.ထူး

နေ.မြတ်လိုမျိုးမှာ သဲကုန်းဘုန်းကြီးရဲ. ဒကာ၊ ဒကာမများ ဆရာတော်နှင့် သံဃာ

တော်များအား လှုဖွယ်ပစ္စည်းများ ၊ဆွမ်း ကွမ်းစသည်နှင့် ကထိန်သင်္ကန်းများ ၊၀တ္တု

များ အစရှိသဖြင့်  ကပ်လှုပူဇော်တဲ့နေ.ကလေးပေါ့ ။

အဲဒီနောက် ဒကာ ၊ဒကာမများက '' နမောတသ ''  ဘုရားကန်တော့ခြင်းဖြင့် တရားပွဲအား

စတင်လိုက်ပါသည်။ပြီးလျှင် ဆရာတော်မှ ငါးပါးသီလပေးခြင်း ၊နိဗ္ဗာန်ရောက်ကြောင်း တရား

ဟောခြင်းများပြုလုပ်ပြီးလျှင် အနီးနားရှိ ဒကာရင်းလည်းတဖြစ် ရဲအုပ်လွင်ဦး အား

'' ဒကာကြီးရဲ. သတင်းတွေဘုန်းကြီးကြားရတာ စိတ်မကောင်းစရာပဲ ဘယ်လိုဖြစ်ရတာတုန်း

ဟု '' ဆရာတော်မှ မေးမြန်းသောအခါ ရဲအုပ်လွင်ဦးမှ ဟုတ်ပါတယ်ဘုရား တပည့်တော် အခု

ဆိုရင် စီးပွါးပျက် ၊အိမ်ထောင်လဲကွဲ ၊စိတ်အရမ်းညစ်၊ စိတ်ဓါတ်အရမ်းကိုကျနေပါတယ်ဘုရား

ဒီမှာနေလို.ကတော့ ဒီလိုပဲ ပိုက်ဆံရှာလိုက် ၊ချဲထီထိုးလိုက် ၊သောက်လိုက်စားလိုက်နဲ. ဘဝ

မှာ ဘာမှဖြစ်လာမှာ မဟုတ်ဘူး တပည့်တော်ဦးလေးရှိတဲ့ မလေးရှားမှာ အလုပ်သွားလုပ်ပြီး

ပိုက်ဆံရှာဖို. နောက်လဆိုရင် တပည့်တော် မလေးရှားကို သွားပါတော့မယ်။

ဒါကြောင့် နောက်နေ.မနက်ဖြန်မှာ ရန်ကုန်ကို သွားပြီး ပက်(စ်)ပို. [ Passport ]  လုပ်ဖို.

နဲ. အလုပ်အတွက် တပည့်တော်ခရီးထွက်ရတော့မှာမို. ဒီကနေ. တရားပွဲလဲလာရင်း ဘုန်းဘုန်းကို

လာနှုတ်ဆက်တာပါ ဘုရား။ ထိုအခါ ဆရာတော်မှ အင်း..... လေ လူမျိုးခြား၊ တိုင်းတစ်ပါးမှာ အလုပ်

သွားလုပ်မယ်ဆိုတော့ အစစ အရာရာ သတိရှိပေါ့။ ကျန်းမာရေးကိုလဲ ဂရုစိုက်ပြီး ဘုရား၊တရားလဲ

မမေ့နဲ.ပေါ့ ဟုဆိုလေသည်။အဲဒီနောက် ဆရာတော်မှ ဒကာတို.လို ကိလေသာ တဏှာတွေ ပြည့်နှက်

နေတဲ့ ပုတုဇဉ် လူသားတွေဟာ ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့နေရာမှာတော့ သိပ့်တော်တယ်ကွဲ. ။

'' အင်း..... ဘုန်းကြီး ငယ်ငယ်တုန်းက ဘုန်းကြီးရဲ.ဘကြီးတော် ပြောပြခဲ့တဲ့ ပုံပြင်လေးတစ်ခုကို သွား

သတိရမိတယ်။ '' အဲဒီပုံပြင်လေးကတော့ ဒီကနေ.ထိတိုင်အောင် လူတွေပြောနေကြတဲ့ '' မျောက်ဒုက္ခ ၊

မျောက်ရှာ'' တဲ့ ။

ကဲကဲ ... ဒီနေ.တော့ အဲဒီပုံပြင်လေးကို တရားနာတယ် သဘောထားပြီး ဘုန်းကြီး ဟောပြောပေးမယ်။

ဒကာ့အနေနဲ. ကြားနာချင်ပါသလား ဟု ဆရာတော်မှ မေးမြန်းလိုက်သောအခါ ရဲအုပ်လွင်ဦးမှ

တင်ပါ့  ဘုရား ...ဟောကြားတော်မူပါ ဘုရားဟု လျှောက်တင်လိုက်သောအခါ ဆရာတော်မှ.........

ဟိုး...ရှေးရှေးတုန်းက ရွာလေးတစ်ရွာအနီးရှိ တောအုပ်လေးတစ်ခုမှာ မုဆိုးအလုပ်ဖြင့်

အသက်မွေးဝမ်းကြောင်း ပြုလုပ်တဲ့ မုဆိုးအောင်ကြီးဆိုတဲ့ လူတစ်ယောက် ရှိသတဲ့ ။

အဲဒီတောအုပ်မှ ခပ်လှမ်းလှမ်းလေး ဆက်သွားမယ်ဆိုရင် ဘာသစ်ပင်မှ ၊ဘာရေမှ မရှိတဲ့

သဲကန္တာရလေး တစ်ခုလည်းရှိသတဲ့ ။တစ်နေ.မှာ မုဆိုးဟာ အမဲပစ်ထွက်ရင်း မျောက်ကလေး

တစ်ကောင်ကို သွားတွေ.သတဲ့ ။ဒါနဲ.တိုတိုပြောရရင် မုဆိုးဟာ အဲဒီမျောက်ကလေးကို

သတ်မပစ်ဘဲ မွေးထားလိုက်သတဲ့ ။ဒါနဲ.မျောက်ကလေးဟာ အချိန်တွေကြာလာတာနှင့် အမျှ

မျောက်ကလေး မှ မျောက်လေးဆိုပြီး အရွယ်ရောက်လာတာပေါ့။မုဆိုးမှ ထိုမျောက်လေးကို

သားကြီးဆိုပြီး သူ.ဘာသာ သူပဲစိတ်ကြိုက် နာမည်မှည့်ပေးလိုက်သတဲ့ ။မုဆိုးအမဲရတိုင်း

ထိုတောအုပ်လေးမှ အနီးနားရှိ ရွာကလေးသို. အမဲသွားရောင်းတိုင်း မျောက်လေးကို ခေါ်ခေါ်

သွားတဲ့အတွက်ကြောင့် လူတွေနှင့် မကြာခဏ ထိတွေ.ပါများတော့ မျောက်လေးလဲ လူတွေရဲ.

စကားကို နားထောင်တတ် ၊ပြောတတ် လာသတဲ့ ။( မျောက်လေးမှ လူ.စကားပြောတတ် ၊နား

ထောင်တတ်တာကိုတော့ ပုံပြင်ကို ပုံပြင်လို.ပဲ သတ်မှတ်ပေးပါရန် )

တစ်နေ.မှာ မျောက်ကလေးဟာ မုဆိုးအား ထူးထူးဆန်းဆန်း မေးခွန်းတစ်ခုမေးသတဲ့ ။ဟေ့...

မုဆိုး လူတွေပြောပြောနေတဲ့ ဒုက္ခ ဆိုတာဘာလဲကွ ။ငါ အဲဒီ ဒုက္ခ ဆိုတဲ့ ဟာကြီးကို တွေ.ချင် ၊

သိချင်တယ်ဟု မေးလေသည်။ ထိုအခါ မုဆိုးမှ သားကြီးရာ ခြေနှစ်ချောင်း ၊နားရွက်တိုရှိတဲ့ အဲဒီ

လူတွေ ပြောပြောနေတဲ့ အဲဒီ ဒုက္ခ ဆိုတဲ့ စကားကို သွားနားထောင်မနေနဲ. မင်းဘာသာ မင်း

မျောက်ဆိုတော့ မျောက်လိုပဲနေစမ်းပါ မင်းတို.လို တိရစ္ဆာန်မှာ အဲဒီ ဒုက္ခ ဆိုတာ မရှိဘူး ၈ှုပ်၈ှုပ်

ရှက်ရှက် မေးတတ်တယ်ကွာ ဆိုပြီးဒေါသနှင့် ပြန်ဖြေလေသည်။ ထိုနေ.မှစပြီး မျောက်လေးဟာ

အစားအသောက်လဲ ပုံမှန် မစား ၊ မသောက်တော့ဘဲ မှိုင်တွေတွေနဲ.ဖြစ်နေတော့ပါတယ်။မုဆိုးမှ

မျောက်လေးအား ဘာဖြစ်နေတာလဲ ဟု မေးသောအခါ မျောက်လေးမှ မုဆိုးရာငါ့ ကို ပြောစမ်းပါ

အဲဒီ ဒုက္ခဆိုတာ ဘာကြီးလဲ စားလို.ရတဲ့ဟာလား ၊ဒါမှမဟုတ် မင်းသောက် သောက်နေတဲ့ သေရည်

လိုမျိုးလား ငါ့ကိုပြောစမ်းပါဟု ပူဆာလေတော့သည်။မုဆိုးမှ မင်းသိပ့်ပြီး သိချင်နေတဲ့ ဒုက္ခ ဆိုတာ

တကယ်တော့ အရာဝတ္တုလဲ မဟုတ်ဘူး ၊ အရည်လဲ အဟုတ်ဘူး ၊အငွေ.လဲ မဟုတ်ဘူး စိတ္တဇနာမ်

ကွ ပြလို. မရဘူး ဟု ပြန်ဖြေတော့ မျောက်လေးမှ စိတ္တဇနာမ် ဆိုတာဘာလဲဟ ထမင်းနဲ.ရောပြီး

စား စားနေတဲ့ ဟင်းလိုဟာလား ၊ ဘာတွေလဲ ဟုမေးလိုက်သောအခါ မုဆိုးမှ စိတ်၈ှုပ်ထွေးလာပြီး

မင်းနဲ.ငါ ဒီလိုမျိုး ဆက်ပြောနေလို.ကတော့   ခွေးကို သေရည်တိုက် ၊နွားကို ဆန်ပြုတ်ကျွေး ၊

ဆိတ်ကို ငါ့ ဟာလှန်ပြ သလိုဖြစ်နေတယ်ဟု ဆိုပြီး မုဆိုး ခေါင်းကို တွင်တွင်ခါပြီး ညည်းညူးနေတော့

လေသည်။

 

( မှတ်ချက် ။   ။ အထက်တွင်ဖော်ပြခဲ့သော ခွေးကို သေရည်တိုက် ၊နွားကို ဆန်ပြုတ်ကျွေး ၊

ဆိတ်ကို ငါ့ ဟာလှန်ပြ ဆိုသောစကားပုံ ကို ဒီဘက်ခေတ်တွင် လူတွေပြောပြောနေသော

ခွေးကို ပက်(စ်)စီ တိုက် ၊နွားကို ပလာတာကျွေး ၊ ဆိတ်ကို ဗီဒီယိုပြ ဆိုပြီး ပြောဆိုနေကြတော့

ကျွန်မ အနေနှင့် ထင်မြင်မိတာ အဲဒီစကားပုံကို ထိုမုဆိုးကြီးကပဲ စတင်ပြီးတီထွင်ခဲ့သလားဆိုတာ

ကတော့ ရှေးမှီ နောက်မှီ လူကြီးတွေကလွဲပြီး ကျွန်မလဲ တိတိကျကျ အတတ်မသိနိုင်၍ ကျွန်မရဲ.

ထင်မြင်ချက် မှားခဲ့ရင် ခွင့်လွှတ်ပေးပါရန်။ဥပမာအနေနှင့် ပြောရရင် ကျွန်မ ဟောင်ကောင်နိုင်ငံ

သို. စရောက်ရောက်ချင်းမှာ အထက်မှာဖော်ပြခဲ့သော မုဆိုးနှင့်မျောက်လေးတို. သူပြောတာငါမသိ

ငါပြောတာ သူနားမလည် ဖြစ်နေသလိုပဲ ကျွန်မက အဲဒီနိုင်ငံက ကောင်းတုံဝ တရုတ်စကားကို မတတ်

တော့ တစ်နေ.တွင် ဈေးထဲရှိ ဟင်းရွက်ရောင်းသော တရုတ်မလေးအား ကျွန်မမှ ဒီအရွက်တွေက

လတ်ဆတ်ပါသလားဟု အင်္ဂလိပ်လို မေးတာကို ၄င်းတရုတ်မမှာ ကျွန်မမေးတာကို တရုတ်စကား

ဖြင့်ပြန်ဖြေလေသည်။နှစ်ယောက်သားမှာ သူ.ပြောတာငါမသိ ၊ငါပြောတာသူနားမလည်နှင့် ဖြစ်နေပြီး

ထိုတရုတ်မမှ ကျွန်မအား  ကိုင်းထုံ ၊ငတ့်ကောင်း ဆိုပြီးပြောလေသည် ။ကျွန်မမှ ၄င်းပြောသောစကား

ဟာငါ့ကို ဆဲတာလား ၊အကောင်းပြောတာလားသိချင်၍ ကျွန်မမှာ အမြဲတမ်းဆောင်ထားတတ်သော

စာအုပ်လေးမှာ ရေးထားပြီး ဒီနိုင်ငံကို ကျွန်မထက်အရင်ရောက်နှင့်နေတဲ့ ကောင်းတုံစကားတတ်ကျွမ်း

သော မြန်မာလူမျိုးတွေကို သိလိုသော ထိုစကားအား မေးမြန်းသောအခါ ထိုသူမှ ဒီလို မသီတာငယ်ရေ

အဲဒီတရုတ်မပြောတဲ့ ကိုင်းထုံ ၊ငတ့်ကောင်း ဆိုတာ ကြက်နှင့်ဘဲ စကားပြောကြတာတဲ. ။ကြက်က

ကွပ့်ကွပ်လို.ပြော ဘဲကလည်း ဂတ့်ဂတ့်ဆိုပြီး သူပြောတာငါမသိ ငါဆိုလိုတာသူနားမလည်တာကိုပြော

တာတဲ့ အင်္ဂလိပ်လိုဆိုရင်တော့ Chicken with talk to Duck လို. ထိုသူမှ ရှင်းပြသောအခါ

ကျွန်မမှသြော်...ဒီလိုလားဆိုပြီး ကျွန်မရဲ. ဘယ်ဘက်ရှိ သွားတက့်လေးအား ကျွန်မရဲ. လက်သည်း

အရှည်မရှိသော ၊ လက်သည်းဆိုးဆေး ဆိုးမထားသော ညာဘက်လက်ချောင်း သွယ်သွယ်လေးဖြင့်

ရှပ်ရှင်များထဲတွင် အကယ်ဒမီရ မြန်မာမင်းသမီးများကဲ့သို. ပဲများ၍ ကာကွယ်ပြီး မပွင့်တပွင့် လေသံ

တိုးတိုးလေးဖြင့် ကိုယ်ခန္ဓာလေးအား တသိမ့်သိမ့် လှုပ်ကာ ခစ်..ခစ် ..ခစ် ဆိုပြီး ရီလိုက်

လေတော့သည် ။ မှ.......  စာရေးသူ )

နောက်နေ.မနက်စောစောတွင် မုဆိုးသည် ၄င်းတစ်ယောက်တည်း ရွာထဲသို. ထွက်သွား

လေသည် ။ညနေခင်းလိုမှ အိမ်ပြန်ရောက်လာသော မုဆိုးမှ ၄င်းပုခုံးတွင် ထမ်းလာခဲ့သော

ဝါးခြင်းတောင်းလေးအား မျောက်ကလေးကို မင်းသိပ့်ပြီး မြင်ချင် ၊တွေ.ချင်လှတဲ့ ဒုက္ခ ဆိုတာ

ကြီးကို ငါအခုယူလာခဲ့ပြီး မင်းဒီနေရာမှာ ကြည့်လို.မရဘူးကွ ဟိုးအရှေ့က သဲကန္တာရ ထဲကို

ဒီနေရာမှနေပြီး မင်းလျှောက်နိုင်သလောက် ဝေးသတဲ့ဝေးအောင် ထမ်းသွားပြီးလျှောက်ပေ

တော့ ။မင်း ဆက်မလျှောက်နိုင်တော့မှ အဲဒီခြင်းတောင်းလေးကို ဖွင့်ပြီးကြည့်ပေတော့ အခုပဲ

သွားတော့ဟု မုဆိုးမှ ပြောလိုက်လေသည်။ မျောက်လေးမှ ၀မ်းသာအားရနှင့် ထိုခြင်းတောင်းလေး

အား ထမ်းကာ သဲကန္တာရသို. လျှောက်ပါတော့လေသည်။၎င်းမှ မုဆိုးမှာကြားထားတဲ့အတိုင်း

အတော်ကြာကြာလေး လျှောက်ခဲ့ပြီး မောပန်းလာကာမှ ထိုခြင်းတောင်းလေးအား သိလိုဇောဖြင့်

အလျင်အမြန် ဖွင့်ကြည့်လေသည်။ ထိုအခါ ၀ါးခြင်းမှ ထွက်လာသောအရာမှာ တစ်ခြားတစ်ကမ္ဘာမှ

ဂြိုလ်သားတစ်ယောက်လဲမဟုတ်ဘဲ သာမန်အိမ်ခွေးလေးတစ်ကောင်သာ ဖြစ်လေတော့သည် ။

ခြင်းထဲမှထွက်လာသော ခွေးလေးမှာ မျောက်လေးအားတွေ.လျင်တွေ့ ခြင်းလိုက်ကိုက်ပါတော့

လေသည် ။မျောက်လေးမှာ အကိုက်ခံထားရသော ဒဏ်ရာနှင့်အတူ အသက်ဘေးအတွက် ဖင်

ပိတ်ပြီး လာရာလမ်းကြောင်းအတိုင်း တောအုပ်လေးသို. ပြန်လှည့်ပြေးလေတော့သည်။ဘာကြောင့်

လဲဆိုတော့ ဒီလိုသဲကန္တာရမှာ လှည့်ပတ်ပြေးနေလို.ကတော့ ခုနကပဲ ၀ါးခြင်းတောင်းလေးအား

ထမ်းပြီးလျှောက်လာတဲ့ မောပန်းမှုကြောင့် တစ်ချိန်ချိန်မှာ ခွေးလေးလိုက်လို.မိမှာပဲ ။တောအုပ်ထဲ

သို.ရောက်မှပဲ အနီးဆုံးရှိ သစ်ပင်တစ်ပင်ပေါ်သို.တက်ပြေးလေသည် ။သစ်ပင်ပေါ်သို.ရောက်မှ

နောက်ကနေ.ဆက်မလိုက်နိုင်တော့ဘဲ သစ်ပင်အောက်မှ ၀ုတ်...၀ုတ်...၀ုတ် ဆိုပြီးထိုးဟောင်နေ

သော မုဆိုးပြောတဲ့ ဒုက္ခ ဆိုတဲ့ ခွေးလေးအား အောက်သို.ငုံ့ ကြည့်လိုက်ပြီး စောစောကမုဆိုးကို

အိမ်တွင် ၀ါးခြင်းတောင်း ဖွင့်ပြီးမိမိမှ ကြည့်ပါရစေဆိုသော်လည်း မုဆိုးမှ တမင်တစ်ကာဖြင့် ဒုက္ခ

ပေးလိုသောကြောင့် ဘာသစ်ပင်မှ မရှိသောသဲကန္တာရသို.ထမ်းသွားစေပြီး မိမိခြေကုန် လက်ပန်းကျ

မောပန်းတဲ့အခါမှ ဖွင့်ကြည့်ခိုင်းသော မုဆိုးရဲ. ကလိမ်ကကျစ်ကျသော ဥာဏ်နီ ၊ဥာဏ်နက်အား အခု

မှ သဘောပေါက်လေတော့သည် ။ထိုအခါမျောက်လေးရဲ.စိတ်မှ သြော်...ခြေနှစ်ချောင်း ၊နားရွက်တို

ရှိတဲ့ လူဆိုတဲ့သတ္တ၀ါ ဟာ ကောက်ကျစ်စဉ်းလဲ ၊ယုတ်မာတတ်တဲ့နေရာမှာ တော်တော်လေးကို

ထူးချွန်ပါလားဆိုပြီး သစ်ပင်အောက်မှ မိမိအား တစ်စစီကိုက်ဖဲ့ရန် တ၀ုတ်ဝုတ်နှင့်ထိုးဟောင်နေသော

ခွေးအား ငုံ.ကြည့်ပြီး မိမိရဲ. စပ်စပ်စုစု သိချင်လိုလှသော စိတ်အား မှားလေစွာဟုဆိုပြီး သံဝေဂ

ရရုံတင်မက ကြေးဝေဂ ၊သတ္တုဝေဂ တွေပါ ရသွားလေတော့သည် ။

နောက်နေ.မနက်တွင် မုဆိုးမှ သစ်ပင်အောက်တွင် တစ်ညလုံးစောင့်နေသော ခွေးလေးအား

အနီးရှိသစ်ပင်တစ်ပင်မှာ ကြိုးဖြင့်ချည်ပြီးမှ မျောက်လေးအား သားကြီးရေ ဆင်းလာခဲ့တော့

ဟုဆိုပြီးအော်ခေါ်လေသည်။ ထိုအခါ သစ်ပင်ပေါ်မှ ဆင်းလာသော မျောက်လေးအား

ဘယ်နှယ့်ရှိစ ဒုက္ခ ဆိုတဲ့အရာ ဘယ်လိုတုန်း ငါ့ ကိုပြောပြစမ်းပါဟု မေးလိုက်သောအခါ

မျောက်လေးမှ ဒေါသသံဖြင့် အောင်မလေး...မုဆိုးရေ ဒုက္ခဆိုတာ မောလိုက်တာ ၊

ဗိုက်လဲဆာလိုက်တာ ၊ အဲဒီခွေးမသား ကိုက်ထားလို.ရထားတဲ့ ဒဏ်ရာကြောင့် တစ်ညလုံး

နာကျင်လိုက်တာ ၊ရေငတ်တဲ့ ဝေဒနာရောပဲ အဲ...ကျန်သေးတယ် အဲဒီ ဒုက္ခ ဆိုတဲ့အကောင်ဟာ

အစွယ်တဖွေးဖွေး နဲ.ပါလား လို.မျောက်လေးလဲ ပြန်ဖြေတော့ မုဆိုးမှ အစောကြီးကတည်းက

ငါမပြောဘူးလား မင်းဘာမင်း မျောက်ဒုက္ခ ၊ မျောက်ရှာတာကိုး ဟုပြောပြီး တဟားဟား ဖြင့်

အော်ရီလိုက်လေသည် ။

ပုံပြင်လေးကတော့ ဒါပါပဲ ဒကာကြီး ရေ ... အဲဒီပုံပြင်ထဲက မျောက်ကလေးလိုပဲ ကိုယ့်ဒုက္ခ ကိုယ်ရှာ

သလိုမဖြစ်ပါစေနဲ.လို. ဘုန်းကြီး ဆုတောင်းပေးလိုက်မယ် ။သူတစ်ပါး နိုင်ငံမှာဆိုတော့

အစားအသောက် ၊အနေအထိုင် ယဉ်ကျေးမှု ၊ အစစအရာရာ မတူညီတော့ ဒုက္ခ

ဆိုတဲ့အရာကတော့ အနဲ အများတော့ ကြုံရမှာပဲ ။အဲဒီလို ဘာသာစကားအခက်အခဲ ဒုက္ခ ၊

ဓလေ့ထုံးစံမတူညီတဲ့ ဒုက္ခတွေကို အောင်မြင်စွာနဲ. ချောချောမောမော ကျော်လွှားနိုင်ပါစေလို.

ထပ်ပြီးတော့ ဘုန်းကြီး ဆုတောင်းပေးလိုက်တယ် ။ အဲဒီနောက် ဆရာတော်မှ စကားများ

တောက်လျှောက် ပြောလိုက်ရ၍ မောပန်းလာသဖြင့် အနီးရှိ ရေတစ်ခွက်အား ယူသောက်ပြီး

ကွမ်းအစ်ထဲမှ ကွမ်းယာ တစ်ယာကိုလဲ နှိက်ယူလိုက်ပြီး ၀ါးမြုံနေကာ စကားပြောခြင်းအား

ခေတ္တမျှ ရပ်နားလိုက်လေသည် ။ပြီးနောက် ဆရာတော်မှ ကဲကဲ...ဒကာ ၊ဒကာမ တို. ဘုန်းကြီးလဲ

နားချိန် ၊ကျိန်းရတော့မဲ့ အချိန်လဲ ရောက်လာလို.ရေစက်ကျအမျှဝေဖို. အသင့်ပြင်ထားတော့လို.

ဆိုပြီး ဆရာတော်မှ အရပ်ရှစ်မျက်နှာရှိ သတ္တ၀ါများအားလည်းကောင်း ၊ အထက်အရပ်

အောက်အရပ်ရှိ သတ္တ၀ါများ၊ ကြားနိုင်မကြားနိုင် ၊မြင်နိုင်မမြင်နိုင်သော ပုဂ္ဂိုလ်များ သတ္တ၀ါများ ၊

နတ်ပြည်ခြောက်ထပ် ငရဲ ရှစ်ထပ်မှ ပုဂ္ဂိုလ်များ ၊ကျွတ်သင့် ကျွတ်ထိုက်သောပုဂ္ဂိုလ်များ အားလုံး ၊

ဤ သဲကုန်းဘုန်းကြီးကျောင်းမှ အမျှပေးဝေလိုက်ပါတယ် ။

ကြားကြားသမျှ အမျှ အမျှ ၊အမျှ ယူတော်မူကြပါကုန်လော သာဓု...သာဓု...သာဓု ဆိုပြီး

တရားပွဲအား ရပ်နားလိုက်လေသည် ။

တရားပွဲပြီး၍ ရဲအုပ်လွင်ဦးမှ ဆရာတော်အား နူတ်ဆက်ကာ အိမ်သို.ပြန်ရန် ဘုန်းကြီးကျောင်းရဲ.

လှေကားထစ်အတိုင်း ဆင်းလာခဲ့လေသည် ။လှေကားထစ် တစ်ဝက်မှာတင်  ဟာ...ဆိုပြီး

ပါးစပ်မှလဲ ကိုရင်ကြီး ဟု အံ့အားသင့်စွာဖြင့် လွှတ်ကနဲ. ထွက်သွားလေသည် ။ဟုတ်ပါသည်

ကိုရင်ကြီးမှ ကိုရင်ကြီး စစ်စစ်ပါ။

ရဲအုပ်လွင်ဦးမှ ကိုရင်ကြီးရေ မတွေ.တာ အတော်တောင်ကြာပါပြီးနော် ။ဘယ်ကနေ ဘယ်လို

မျက်စီလည် လမ်းမှားလာတာလဲ ဟု မေးလိုက်သောအခါ ကိုရင်ကြီးမှ ဟုတ်တယ် ဒကာကြီးရေ

ကိုရင်ကြီးလဲ ဘုန်းဘုန်းဘုရားကို မတွေ.တာကြာပြီးမို. ဒီနေ.လဲ ကထိန်သင်္ကန်းကပ်လှု

ပူဇော်တဲ့နေ.ဆိုတော့ လာပြန်လည်တာ ဟုပြန်ဖြေလေသည် ။ထို.နောက် ရဲအုပ်လွင်ဦးမှ

ခုနလေးကတောင် ဘုန်းဘုန်းက မျောက်ဒုက္ခ ၊ မျောက်ရှာ ဆိုပြီး တရားအဖြစ်နဲ. ပုံပြင်လေး

တစ်ပုဒ်တောင် ဟောပြောပေးခဲ့သေးတယ် ။အဲဒီပုံပြင်လေးက တော်တော်လေးကို နားထောင်လို.

ကောင်းသားပဲ ဟု ဆိုတော့ ကိုရင်ကြီးမှ ဟုတ်တယ် ဒကာကြီးရေ ဘုန်းဘုန်းက ကိုရင်ကြီးကိုလဲ

ဟောပြောဖူးပါတယ်။ ကိုရင်ကြီးလဲ အဲဒီပုံပြင်ကို အရမ်းကြိုက်ပါတယ် ။ထို.နောက် ရဲအုပ်လွင်ဦးမှ

ကိုရင်ကြီးရေ တပည့်တော် နောက်လဆိုရင် မလေးရှားကို သွားတော့မယ် ။အလုပ်သွားလုပ်ဖို.ပါ

ဘုရား ။ ဒါကြောင့် ကိုရင်ကြီးရေ တပည့်တော်ကို အစစ၊ အရာရာ အန္တာရယ်ကင်း ၊ဘေးရှင်းပြီး

အလုပ်အကိုင် အဆင်ပြေဖို. အဆောင်လေးဘာလေး ၊ဂါထာလေးများလဲ စွန်.ပေးပါအုံး ဟု

လျှောက်တင်လိုက်သောအခါ ကိုရင်ကြီးမှ ပြောင်နေသော ဦးခေါင်းအား ပွတ်သပ်နေပြီး

အတန်ကြာ စဉ်းစားလိုက်ပြီးမှ အင်း...ဒကာကြီးက ဘယ်နေ.မှာမွေးတဲ့ ဘာနေ.သားတုန်း

ဟု မေးသောအခါ ရဲအုပ်လွင်ဦးမှ တပည့်တော်ဟာ ဗုဒ္ဓဟူးနေ.မှာ မွေးတဲ့ ဗုဒ္ဓဟူးနေ.သားပါ ၊။

ဒီလိုဆိုရင် ခုနက ဆရာတော်ဘုရားကြီး ဟောပြောခဲ့တဲ့ ပုံပြင်လေးထဲက ခေါင်းစဉ်

ကို လေးကြိမ် ၊လေးခါတိတိ ပါးစပ်မှ အသံထွက် ရွတ်ဆိုကွာ ဟု ဆိုတော့ ရဲအုပ်လွင်ဦး မှ

ဘယ်ခေါင်းစဉ်တုန်း ၊ဘာကြီးကို လေးကြိမ် လေးခါ ရွတ်ဆိုရမှာလဲဘုရားလို. ပြန်မေးရော

ကိုရင်ကြီးမှ အင်း.....ဒကာကြီး အလုပ်ကိစ္စတစ်ခုခုအတွက် ပဲဖြစ်ဖြစ်၊ အခက်အခဲတစ်ခုခု

အတွက် ပဲဖြစ်ဖြစ် ၊အချစ်ရေး အိမ်ထောင်ရေးအတွက် ပဲဖြစ်ဖြစ် ဒုက္ခကြုံလာတိုင်း

မျောက်ဒုက္ခ ၊မျောက်ရှာ.....မျောက်ဒုက္ခ ၊မျောက်ရှာ.....

မျောက်ဒုက္ခ ၊မျောက်ရှာ.....မျောက်ဒုက္ခ ၊မျောက်ရှာ..... ဆိုပြီး လေးကြိမ်လေးခါ တိတိသာ

ရွတ်ပေးတော့ ဟု ဆိုလေသည်။ ထိုအခါမှ ရဲအုပ်လွင်ဦးမှ အာ...ကိုရင်ကြီးကတော လုပ်ချ

လိုက်ပြန်ပြီး ဒီဟာက ဘုရားစာလဲ မဟုတ် ၊ဂါထာလဲ မဟုတ် နောက်ပြီး တပည့်တော်

တစ်သက်နှင့် တစ်ကိုယ်၊ တစ်ခါမှလဲ မကြားဖူးဘူး အကောင်းပြောပါဘုရား ဆိုတော့

ကိုရင်ကြီးမှ အခုကြားဖူးပြီး မဟုတ်လား ၊ဒါဟာကိုရင်ကြီးတီထွင် လိုက်တဲ့ နောက်ဆုံးခေတ်ပေါ်

ဂါထာပဲ ။   ယုံယုံကြည်ကြည်နဲ.သာ ရွတ်ဆိုပေတော့ ဟု ဆိုလေသည်။

ရဲအုပ်လွင်ဦးမှ အတွန်.တက်ကာ ဘုရားစာတို. ၊ဂါထာတို.ဆိုတာ သူ.မှာ အနက်အဓိပ္ပါယ်

ရှိတယ်လို. ကြားဖူးတယ် ။အဲဒီတော့ ကိုရင်ကြီးရေ အနက်အဓိပ္ပါယ်လေး ၊ဘာလေးများရှိ

ရင်လဲ ရှင်းပြပေးပါအုံး ဟု ဆိုကာ  ကတ်ဖိုးကတ်ဖဲ့ ပြန်မေးလေသည် ။ကိုရင်ကြီးလဲ

ဟင်း.....ဆိုပြီး သက်ပြင်းချလိုက်ပြီးမှ ကောင်းပြီးလေ ဒါဆိုလဲပြောရတာပေါ့ ။

မျောက်ဒုက္ခ ၊မျောက်ရှာ ဆိုတော့ ကိုယ်ဖြစ်တော့ ၊ကိုယ်ခံပေါ့  ဟု ဆိုလိုက်ပြီးနောက်

လှေကားထစ်အတိုင်း ကျောင်းတော်သို. တစ်လှမ်းချင်း ညင်ညင်သာသာဖြင့် ဣိနြေ္ဒရရ နှင့်

လျှောက်တက်သွားလေတော့သတည်း ။

(မှတ်ချက်။     ။အထက်ပါ ကိုရင်ကြီးပြောခဲ့သော မျောက်ဒုက္ခ၊မျောက်ရှာ ဆိုတဲ့ ဂါထာ

လေးအား ယုံကြည်သူများ ရွတ်ဆိုလိုပါက ကျန်သေးသော မွေးနံများအား အောက်တွင်

ဖော်ပြ ပေးထားပါသည် ။မှ.....စာရေးသူ )

တနင်္လာသား ၊သမီးများအတွက်         =                နှစ်ကြိမ်ရွတ်ဆိုပါရန် ။

အင်္ဂါသား ၊သမီးများအတွက်             =                သုံးကြိမ်ရွတ်ဆိုပါရန် ။

ဗုဒ္ဓဟူးသားသမီးများအတွက်            =                လေးကြိမ်ရွတ်ဆိုပါရန်။

ကာသာပတေးသား ၊သမီးများအတွက်  =                ငါးကြိမ်ရွတ်ဆိုပါရန်။

သောကြာသား ၊သမီးများအတွက်       =                ခြောက်ကြိမ်ရွတ်ဆိုရန်။

စနေသား ၊သမီးများအတွက်            =                ခုနစ်ကြိမ်ရွတ်ဆိုရန်။

တနင်္ဂနွေသား ၊သမီးများအတွက်       =                တစ်ကြိမ်ရွတ်ဆိုရန်။

ရာဟုသား ၊သမီးများအတွက်           =                ရှစ်ကြိမ်ရွတ်ဆိုရန်။

 

ဥမမာ။  ။တနင်္ဂနွေသား ၊သမီးဆိုလျှင် မျောက်ဒုက္ခ ၊မျောက်ရှာဆိုတော့ ကိုယ်ဖြစ်

တော့ ကိုယ်ခံပေါ့ ဟု ဆိုပြီး စိတ်ထဲမှ ရွတ်ဆိုရန် မဟုတ်ဘဲ မိမိတစ်ကိုယ်စာ

တစ်ယောက်စာ ကြားရရုံလေး ပါးစပ်မှ တစ်ကြိမ် ၊တစ်ခါသာ ရွတ်ဆိုပေးပါရန် ။ ......

 

စာရေးသူရဲ. အမှာစာ.........

၂၀၁၀ ခုနစ်အတွက် ကျွန်မရဲ. ပုံပြင်လေးတစ်ပုဒ် ဆိုတဲ့ ပို.(စ်) လေးအား

အထောက်အကူ ပြုခဲ့သူများဖြစ်ကြသော ကျွန်မ ငယ်စဉ်တုန်းက ကျွန်မ အပျင်းပြေ

နားထောင်ရန် အမြဲတမ်း ပုံပြင်များပြောပြခဲ့သော အရက်အလွန်အကျွံ သောက်မှုကြောင့်

အသဲရောဂါဖြင့် ၂၀၀၁ ခုနစ်တွင် ကွန်လွန်သွားရှာပြီးဖြစ်သော ကျွန်မရဲ. ဦးလေးငယ်

ဦးမြင့်အောင်အား လည်းကောင်း ၊ရဲနှစ်ကောင်မှ ကိုဇော်လတ်အား တကယ့်ပြင်ပတွင်

ဒုက္ခပေးခဲ့မှုအား ကိုဇော်လတ်ရဲ.ပြောပြမှု.အတွက် ယခုပို.(စ်) လေးတွင် ပြန်လည်ဖော်ပြ

နိုင်ခဲ့တဲ့အတွက် ကိုဇော်လတ်အား လည်းကောင်း ၊ကိုရင်ကြီးနှင့်ရဲအုပ်လွင်ဦး ဆိုတဲ့

ဇာတ်လမ်းလေးအား ပြောပြပေးခဲ့သော ရန်ကုန်မြို. ၊အင်းစိန်မှ သူငယ်ချင်းဖြစ်သော

မကေသီအား လည်းကောင်း ၊ ဤ ပို.(စ်) လေးအား ၀ိုင်းဝန်းကူညီ အကြံပေးခဲ့တဲ့

အားလုံးသော သူငယ်ချင်းများအား ကျေးဇူးတင်လျှက်.........

 

Written By:

THIDA MOE PHYU (Japan)

President and Chief Operating Officer<Myanmar - editor >   

Thidange VZO Corp:

 

阅读文章   讨论 [6]

တရုတ်နှစ်ကူးကပေးသော အတွေးများ

发布2010/3/20的 thi da nge

ကျနော် တရုတ်လူမျိုး မဟုတ်ပါ။ လူမျိုးရေး အစွဲ၊ ဒေသအစွဲ ကြီးသူလည်း မဟုတ်ဟု စကားပလ္လင် ခံလိုပါသည်။ ပြီးခဲ့သော တရုတ် နှစ်ကူးက ပေးလိုက်သည့် အတွေးများကို အခြေခံ၍ ရေးလိုက်ခြင်းသာ ဖြစ်ပါသည်။

တရုတ်ရိုးရာပြက္ခဒိန်အရ နှစ်ဆန်းတရက်နေ့ (ဖေဖော်ဝါရီလ ၁၄ ရက်)  မနက်ပိုင်းတွင် ရန်ကုန်မြို့ထဲမှနေ၍  ဘတ်စ်ကားစီးကာ ပြန်လာခဲ့သည်။ ဘတ်စ်ကားသည် မီးပွိုင့်တခုကို ကျော်လာပြီး ရုတ်တရက် ရပ်လိုက်ရသည်။ ရှေ့တွင် ယာဉ်တန်းကြီးက အရှည်ကြီး ဖြစ်နေသည်။ ယာဉ်တိုက်မှုများ ကြီးကြီးမားမား ဖြစ်၍လား၊ သို့မဟုတ် ဗီအိုင်ပီ ယာဉ်တန်းများလာ၍လား၊ တက္ကသိုလ်ရိပ်သာ လမ်းထိပ်တွင် ဒေါ်..................နှင့် ပတ်သက်သော အရေးကိစ္စ တခုခု ဖြစ်၍လား ဟုလည်း စဉ်းစားမိခဲ့သေးသည်။

ဤသို့နှင့် တဖြည်းဖြည်းချင်းလှိမ့်လာသော ဘတ်စ်ကားမှာ နောက်မီးပွိုင့်သို့ ရောက်သွားတော့မှ ယာဉ်ကြောအကြာကြီးပိတ်နေသည့် အဖြစ်မှန်ကို သိရသည်။ တရုတ်ဘုံကျောင်းတွင် တရုတ်နှစ်ကူးဆုတောင်းပွဲရှိသောကြောင့်ဖြစ်သည်။ ဘုံကျောင်းရှေ့မှ  ဘတ်စ်ကား အဖြတ်တွင် ဘုံကျောင်းထဲ၌ ကြီးကြီးငယ်ငယ် တရုတ်လူမျိုးများကို ဝတ်ကောင်း စားကောင်းများဖြင့် ပျော်ရွှင်စွာ တွေ့ရသည်။ တရုတ်တို့၏ မော်တော်ယာဉ်များက လွန်စွာ ပြည့်နှက်နေသောကြောင့် ယာဉ်ထိန်းရဲ ၁၀ ဦးခန့်က မနည်းပင် လမ်းရှင်းပေးနေရသည်။

ဘုံကျောင်းလာတရုတ်များကို အုံလိုက်ကျင်းလိုက် တွေ့လိုက်ရသည့်အခါတွင် ဘတ်စ်ကား စပယ်ယာက  ခရီးသည် အမြောက်အမြားရရန် ရည်ရွယ်ချက်ဖြင့် ယာဉ်မောင်းကို ဝမ်းသာစွာ လှမ်းအော်ပြောလိုက်သည်။ ဘုံကျောင်းကိုအကျော်တွင် ယာဉ်မောင်းက မှတ်တိုင်သို့ ဇွတ်အတင်း ဝင်ကပ်ကာ စပယ်ယာက ဘုံကျောင်း အသွားအလာ တရုတ် လူအုပ်ကြီးရှိရာသို့ “ရန်ကင်း၊ ၁၂ လုံးတန်း၊ တောင်ဥက္ကလာ၊ ဘေလီ၊ ဒဂုံရောက်မယ်” ဟု အားတက်သရော အော်ခေါ်တော့သည်။ သို့သော် ထိုဘုံကျောင်းလာ လူအုပ်ကြီးထဲမှ ခရီးသည် တဦးတယောက်မျှ တက်မလာပေ။ ၁၀ မိနစ်ခန့်ကြာသည်အထိ စပယ်ယာခမျာ အဆက်မပြတ် အော်ခေါ်ရှာသည်။ ဒုံရင်းက ဒုံရင်းပင်။ တယောက်မျှပင် တက်မလာပေ။

ဤတွင် ကားပေါ်ပါသော ခရီးသည်ထဲမှ အမျိုးသားတဦးက စောင့်ဆိုင်းနေရသည်ကို သည်းမခံနိုင်ကြောင်း ပြောတော့မှ ဘတ်စ်ကားမှာ မထွက်ချင်၊ ထွက်ချင်ဖြင့် ထွက်လာရတော့သည်။ မှန်းချက်နှင့်နှမ်းထွက် တက်တက်စင်အောင် လွဲသွားပြီးနောက် စပယ်ယာဖြစ်သူမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။  

မှတ်တိုင်မှ အထွက်တွင် ကျနော့်ခေါင်းထဲသို့ တွေးစရာတွေ တပုံတခေါင်းကြီး ဝင်လာသည်။ ကျနော် ပထမဆုံး တွေးမိသည်မှာ မြန်မာပြည်က တရုတ်တွေ ဒီလောက်တောင် ချမ်းသာနေကြပြီလား ဟူ၍ပင်။ များစွာသော ဘုံကျောင်းလာ တရုတ် လူမျိုးများ အားလုံး ကိုယ်ပိုင်ကား၊ စုပေါင်းစပ်ပေါင်းကား၊ သို့မဟုတ် တက္ကစီဖြင့်သာ လာရောက်သည်မှာ အဆိုပါ ဘုံကျောင်းဘေးမှ ဘတ်စ်ကားမှတ်တိုင်လေးက သက်သေပြနေသည်။ အခြားသော ဘတ်စ်ကားများမှာလည်း ထိုနည်း အတိုင်းပင် ခရီးသည် တဦးတယောက်မှ မရပေ။ ဘုံကျောင်း ရှေ့နှင့် ဝဲ၊ ယာ တဘက် တချက်စီတွင် ကိုယ်ပိုင်ကား ကြီးငယ်အသွယ်သွယ်နှင့် တက္ကစီကားများ ပြည့်နှက်နေသည်။

အတွေ့အကြုံအရ ပြောပါက မြန်မာ့ရိုးရာပွဲတော်များ၊ ဘာသာရေးပွဲများနှင့် အခြားသော ပျော်ပွဲရွှင်ပွဲများဟူသည် ဘတ်စ်ကား ဒရိုင်ဘာတို့နှင့် စပယ်ယာတို့အတွက် မုတ်ဆိတ်ပျားစွဲ ဖန်တီးပေးခဲ့ကြသည်ချည်းသာ ဖြစ်သည်။ မြောက်ဥက္ကလာက မယ်လမုဘုရားပွဲ၊ မိုးကောင်းဘုရားပွဲ၊ ဦးချစ်မောင်ရပ်ကွက်က ရာသီအလိုက် ဘုရားလှည့်ပွဲတိုင်း လိုလိုတွင် ဘတ်စ်ကားများ အလွန် အလုပ် ဖြစ်ကြသည်။ သို့သော် တရုတ်လူမျိုး အများစုသာ ပါဝင်သည့် ဘုံကျောင်း ဆုတောင်းပွဲကမူ တမျိုးတဘာသာ ဖြစ်သည်။ ဘုံကျောင်းလာသူ တရုတ် အများစုမှာ အဲပုဂံ လေကြောင်းလိုင်းနှင့် အခြားသော ဧရာမ စီးပွားရေး လုပ်ငန်းကြီးများကို ပိုင်ဆိုင်သော သူဌေးကြီး ဦးတေဇလောက် မချမ်းသာသည့်တိုင် အချိုးချကြည့်ပါက သာမန် မြန်မာလူမျိုးများထက် ချမ်းသာကြသည်မှာ သေချာသလောက် ရှိသည်။

ညနေပိုင်းရောက်တော့ အဆိုပါ ဘုံကျောင်းရှေ့က အဖြစ်အပျက်ကို ထပ်၍စဉ်းစားမိနေပြန်သည်။ မြန်မာတွေဘာကြောင့် တရုတ်တွေလောက် မချမ်းသာကြတာလဲ။ မိတ်ဆွေတွေထဲက တရုတ်လူမျိုးတို့၏ ဓလေ့စရိုက်များကိုလည်း ဆန်းစစ်ကြည့်မိသလို တရုတ်လူမျိုးများ၏ ဓလေ့စရိုက် အပေါ် အပြစ် ပြောသူများနှင့် အကောင်းပြောသူများ၏ စကားသံများကိုလည်း စိတ်ထဲတွင် ပြန်ဖွင့်ကြည့်မိသည်။ သေချာသည့် အချက်နှစ်ချက် ပေါ်လာသည်။ တချက်က တရုတ်တို့သည် ပိုက်ဆံ ရှာရာတွင် အာရှသားများထဲ၌ အထူးချွန် အပြောင်မြောက်ဆုံး သူများဖြစ်သည်။ နောက်တချက်မှာ တရုတ်လူမျိုးများတွင် ပျင်းရိသူဟူသည် ယနေ့ခေတ်တွင် အတော့်ကို ရှားသည်ဟု ထင်သည်။ ကျနော်နှင့် ရင်းနှီးသော တရုတ်မကြီးတဦးက ပြောဖူးသည်။ “ငါတို့က တနေ့ ပိုက်ဆံ တကျပ် မဝင်ရင် နေမကောင်း ဖြစ်သလို ခံစားရတယ်” ဟူ၏။  သူ၏ သားသမီးများ စင်ကာပူတွင် တလကို ဒေါ်လာ ထောင်ချီရသည့် အလုပ်အကိုင် ရှိနေသည့်တိုင် ထိုတရုတ်မကြီးက ရန်ကုန် တရုတ်တန်း  လမ်းဘေးတွင် ပဲမုန့်နှင့် အချိုမုန့်များကို ယနေ့ထိတိုင် ရောင်းချနေဆဲဖြစ်သည်။

တရုတ်တို့သည် ငွေနှင့်ပတ်သက်လာပါက ညီအစ်ကို၊ မောင်နှမ၊ မိဘချင်းပင် ခြွင်းချက် မထားနိုင်သူများအဖြစ် တချို့က ပြောဖူးသည်။ တရုတ်တို့ အလေ့အထကို ပြစ်တင်ဝေဖန်သည့် သဘောဖြင့် ပြောသည့် ပုံစံမျိုး ဖြစ်ပါလိမ့်မည်။ ကျနော်ကိုယ်တိုင်ပင် အဆိုပါ အလေ့အထမျိုးနှင့် ကြုံဖူးသည်။ 

တခါသော ညချမ်းက အိမ်ပြန်ချိန်မှာ အတော့်ကို နောက်ကျခဲ့သည်။ အိတ်ကပ်ထဲတွင်လည်း ပိုက်ဆံ ၂၂၅၀ ကျပ် တိတိသာ ကျန်တော့သည်။ အချိန်က ည ၁၁ နာရီ ကျော်ကျော်ဖြစ်သောကြောင့် လိုင်းကားမရှိတော့ဘဲ ကြားကား (ရန်ကုန်အခေါ် အောက်ဆိုဒ်ကား) လောက်သာ ရှိတော့သည်။ တက္ကစီငှားလျှင် ကျပ် ၂၀၀၀ ကျိန်းသေပေးရမည်။ ထို့ကြောင့် ၂၂၅၀တွင် ၂၅၀ ကျပ်သာ ပိုတော့မည် ဖြစ်သည်။ တချိန်တည်းမှာပင် အိမ်ပြန်ရောက်ချိန်နှင့် နံနက် အိပ်ရာထစ အချိန်တွင် သောက်ရန် စီးကရက်တဘူး မဖြစ်မနေ ဝယ်ရဦးမည်။

သောက်နေကျ စီးကရက်က တဘူးကို ကျပ် ၃၀၀ ပေးရ၏။ ထို့ကြောင့် တက္ကစီသာ ငှားပါက စီးကရက်တဘူး ဝယ်ရန် ၅၀ ကျပ် လိုနေမည် ဖြစ်သည်။ မည်သို့ဆိုစေ ၅၀ ဖြင့် တက္ကစီငှားမည့်ကိစ္စကို မဖျက်ချင်သလို၊ စီးကရက် ဝယ်မည့် ကိစ္စကိုလည်း မဖျက်လိုပေ။ ထို့ကြောင့် ဝယ်နေကျ စီးကရက်ဆိုင်ကို ရောက်အောင်သွားသည်။ ဖောက်သည် ဖြစ်နေတော့ ဒီတကြိမ် ၅၀ တော့ လျှော့ပေးကောင်း လျှော့ပေးနိုင်မည်ဟု အတွေးဖြင့် သွားခြင်းလည်း ဖြစ်သည်။

စီးကရက်ဆိုင် ပိုင်ရှင်က တရုတ် အမျိုးသား ဖြစ်သည်။ သူက ကျနော့်ကို မြင်သည်နှင့် စီးကရက်တဘူးကို ထုတ်ပေးသည်။ ကျနော်က အကြွေ အခက်အခဲကို ဦးစွာ ရှေ့တန်းတင်သည့် အနေဖြင့် “ အကိုရေ အကြွေက ၂၅၀ ပဲပါတယ်။ ကျန်တာက ထောင်တန်ဖြစ်နေလို့” ဟုပြောလိုက်သည်။ အခြားသော ဆိုင်များဆိုလျှင် ၅၀ လောက်ဖြင့် အကြွေ အခက်အခဲ ဖြစ်နေလျှင် လျှော့ပေးလေ့ရှိသည်ကို တွေ့ကြုံဖူးသောကြောင့် ယင်းသို့ ပြောလိုက်ခြင်း ဖြစ်ပါသည်။ သို့သော် ကျနော် မှန်းသလို ဖြစ်မလာပါ။ “ရတယ်၊ ထောင်တန်ပဲပေး”ဟု သူကပြောသည်။ ကျန်သည့် ၅၀ မနက်ဖြန်မှ ပေးပါမည်ဟု ပြောသော်လည်း သူက မရပါဟု ပြုံးပြုံးရွှင်ရွှင်နှင့်ပင် တုံ့ပြန်ပါသည်။

ထိုညက ငွေ ၅၀ ပြဿနာကြောင့် ကျနော်သည် တက္ကစီ မငှားနိုင်တော့။ ၃၀၀ ကျပ်ပေးရသည့် ကြားကားကို စိတ်ရှည်ရှည် စီးကာ ပြန်လာရသည်။ အချိန်လည်း ၄၅ မိနစ်ကျော် ပိုပေးလိုက်ရသည်။ စီးကရက်များ မသောက်တတ်လျှင် ဘယ်လောက် ကောင်းလိုက်လေမလဲ ဟု တွေးမိသည်။ ထားပါတော့။

ကျနော် ပြောချင်သည်မှာ တရုတ်လူမျိုးများ ငွေကြေးနှင့် ပတ်သက်လာပါက မည်မျှ အတိုင်းအတာ အထိ စည်းစနစ် ရှိသည်ကို ကျနော် ကွက်ကွက် ကွင်းကွင်း မြင်ခဲ့ရပါသည်။ အဆိုပါ စီးကရက် ရောင်းသည့်ဆိုင်မှ ပုဂ္ဂိုလ်ကိုလည်း တရက်တာ ငွေ ၅၀ အကြွေး မပေးနိုင်သောကြောင့် စိတ်မဆိုးမိပါ။ နောက်နေ့တိုင်း သူ့ဆိုင်ကပင် ပုံမှန် ဝယ်ဖြစ်မြဲပင် ဖြစ်သည်။ သူငယ်ချင်း တဦးကတော့ “ငါသာဆို ၅၀ နဲ့ လျှော့ပေးလိုက်မယ်။ ရေရှည်ရမယ့် ဖောက်သည်မျက်နှာကို ကြည့်ရမယ်လေ” ဟု မှတ်ချက်ပြုသည်။ သူ၏မှတ်ချက်ကို ကျနော် ဘာမှ မပြောလိုပါ။ တရုတ်လူမျိုးများ ပိုက်ဆံ ရှာရာတွင် မြန်မာလူမျိုးများထက် တိကျ ပြတ်သားပုံကိုသာ တရေးရေး မြင်ယောင်မိနေပါသည်။

တရုတ်တို့သည် ယင်းသို့ ပိုက်ဆံကို တိတိကျကျ၊ ပြတ်ပြတ်သားသား ရှာသည့် အလေ့အထ ရှိရုံသာမက ငွေကြေး အခက်အခဲများ အပေါ် တုံ့ပြန်ရာတွင်လည်း လွန်စွာ ထူးချွန်သူများဟု ဆိုနိုင်သည်။ ယမန်နှစ် ၂၀၀၉ ခုနှစ် က ဖြစ်ပွားသော ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကိုလည်း တရုတ်တို့ ကောင်းစွာ တုံ့ပြန်ခဲ့ကြသည်။ တရုတ်မိတ်ဆွေ တချို့၏ အဆိုအရ ထိုစဉ်က တရုတ်နှစ်ကူးကို တတ်နိုင်သမျှ ငွေ နည်းနည်းပါးပါးမျှသာ သုံးပြီး ကူးခဲ့ကြသည်။ မကြာသေးခင်က တရုတ်ကွန်မြူနစ် အစိုးရက တရုတ်ပြည်သည် ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်းမှ ဦးစွာ ရုန်းထွက်နိုင်ပြီ ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ပြောသည်။   မြန်မာတွေမှာတော့ သူတို့လို မဟုတ်။ ထိုနှစ်က သင်္ကြန်တွင် ပျော်မြဲ ပျော်ကြသည်။ ငွေကြေး မပြည့်စုံသည့်တိုင် ဘီယာသောက်ပြီး လမ်းမများပေါ် အော်နိုင်ခဲ့ကြသော မြန်မာများကို တွေ့ရသည်ဟု မိတ်ဆွေတဦးက ပြောသည်။ “မြန်မာတွေက ပိုက်ဆံ မရှိရင်တောင် ချေးငှားပြီး ရအောင် ပျော်ကြတာ” ဟုပင် သူက ဆိုခဲ့သည်။ ကျနော်တို့ မြန်မာတွေ ဤမျှလောက် အပျော်အပါး များလွန်းသလား။

သွားလေသူ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာလူမျိုးများအပေါ် ပေးခဲ့သော မှတ်ချက်များမှာ ခပ်ကြမ်းကြမ်းကြီး ဖြစ်နေသည်။ မြန်မာလူမျိုးများသည် လှေလှော်ပြိုင်ပွဲ ဝင်သည့်အခါ နိုင်ပြီဆိုတာ သိပါက ဆက်မလှော်ဘဲ တက်မကို မိုးပေါ် ထောင်ပစ်လေ့ ရှိခြင်းကို  ဗိုလ်ချုပ်က ပြစ်တင် ကဲ့ရဲ့ဖူးသည်ဟု ကြားဖူးပါသည်။ ယုတ်စွအဆုံး ဗိုလ်ချုပ်က “ဒီပုံစံမျိုးနဲ့ဆို မြန်မာနိုင်ငံ ဟိုဟာနိုင်ငံ ဖြစ်လာလိမ့်မယ်” ဟုပင် ခပ်ကြမ်းကြမ်း သတိပေးခဲ့ဖူးသည်။ ဗိုလ်ချုပ် မမှားပါ။ ယနေ့ တရုတ်လူမျိုးများ ပိုင်ဆိုင်သော စားသောက်ဆိုင်၊ ကေတီဗီ၊ ကလပ်နှင့် အနှိပ်ခန်းတို့တွင် အလုပ် လုပ်နေသူများကို ကြည့်ပါက မြန်မာ မိန်းကလေးများပင် အများဆုံးဖြစ်သည်။ ဤသို့ဖြစ်နေခြင်းကြောင့် တရုတ်လူမျိုးများကို အပြစ် တင်မည်လော။ အပြစ် တင်မိပါကလည်း ကိုယ့်မျက်ချေး ကိုယ်မမြင်သည့် ပြစ်တင်မှုမျိုးသာ ဖြစ်ပါလိမ့်မည်။ အဓိပ္ပာယ်လည်း ရှိမည် မဟုတ်ပါ။

ကျနော်ရိုးရိုးလေးသာပြောချင်ပါသည်။ မြန်မာတွေ ထကြွလုံ့လစိုက်ရေးအတွက် တိုက်တွန်းချင်ခြင်းသာ ဖြစ်သည်။ အဆိုပါ အရေး ကိစ္စတို့ကို အတိုက်အခံ နိုင်ငံရေးသမားများအား ပြောမိပါက စစ်အစိုးရကို အပြစ်တင်မည်။ စစ်အစိုးရ လိုလားသူများကို ပြောပါက အမေရိကန် စီးပွားရေး ပိတ်ဆို့မှုကြောင့်ဟု မေးငေါ့ကြလိမ့်မည်။ ကျနော့်အမြင် ပြောရပါမူ အဆိုပါ ကိစ္စများမှာ ကိုယ်တိုင်နှင့် သက်ဆိုင်ပါသည်။ 

တရုတ်လူမျိုးများ နှစ်သစ်ကူးတွင် ကိုယ်ပိုင်ကား ကိုယ်စီနှင့် ဘုံကျောင်း လာနိုင်သည်မှာ သူတို့ ဝါယမ စိုက်ထားသလောက် သူတို့တတွေ အကျိုး ခံစားနေရခြင်းသာ ဖြစ်ပါသည်။ မြန်မာတွေ မပျင်းမရိ၊ အပါးမခို၊ ကြိုးစားကြပါက တနေ့နေ့ တချိန်ချိန်တွင် မြန်မာဟု ရင်ကော့နိုင်မည် ဖြစ်သည်။

(မြသောင်းတင်သည် မြန်မာပြည်တွင်းမှ လူငယ် စာနယ်ဇင်းသမား တဦး ဖြစ်သည်)

ကျွန်မ ဖတ်ပြီးတော့ ကြိုက်လွန်းအားကြီး ၍  VZO သူငယ်ချင်းများအား သိရှိဖတ်စေလို.ငှာ 

ဧရာဝတီဂျာနယ်ရှိ မြန်မာပြည်မှပေးစာ  မှ ကောက်ယူ ၊ကူးယူဖော်ပြထားခြင်းပါ.......

၎င်းစာနှင့်ပတ်သတ်သော ( Comment )များကိုဖတ်ချင်ပါက www.irrawaddymedia.com/bur

သို.သွားရောက်ဖတ်၈ှုပါ.........

阅读文章   新增评论

အမေရိကန် ဒီဗွီ အကြောင်းအရာပါ.....

发布2010/3/6的 thi da nge

Each year, the Diversity Lottery (DV) Program makes 55,000 immigrant visas available through a lottery to people who come from countries with low rates of immigration to the United States. Of such visas, 5,000 are allocated for use under NACARA beginning with DV '99. The State Department (DOS) holds the lottery every year, and randomly selects approximately 110,000 applicants from all qualified entries. The DOS selects the approximately 110,000 applications since many will not complete the visa process. However once 55,000 are issued or the fiscal year ends, the DV program is closed. If you receive a visa through the Diversity Visa Lottery Program you will be authorized to live and work permanently in the United States. You will also be allowed to bring your spouse and any unmarried children under the age of 21 to the United States.

The annual DV lottery program is a good opportunity for potential immigrants to obtain the status as a permanent legal resident of the USA. This program runs each year and provides 50,000 "Green Cards" to applicants randomly selected in a lottery process - known as Green Card Lottery. A Green Card is a permanent residence visa and gives a person the legal right to LIVE, WORK AND STUDY permanently in the United States and to enter and leave the country freely. You may work in any government, public and private job that is available. A permanent residence visa is generally good for life. Green Card holders also receive health, education, retirement, taxation, social security and other benefits. The Green Card DOES NOT affect your present citizenship. A Green Card holder may later apply for United States Citizenship, if desired.

The Diversity Immigrant Visa Lottery has been established in the 1990 Immigration Act in order to give immigration opportunity to natives from countries other than the main source of immigration to the U.S.A. This official U.S. government program aims to diversify the American population by creating an immigration opportunity to under-represented ethnic groups. The U.S. government makes available 50.000 permanent residence visas each year through a computer-generated lottery drawing. A permanent residence visa is commonly referred to as Green Card. This visa class entitles the holder to live and work in the United States of America permanently.

Application to this program is open for all individuals worldwide that fulfill the two basic entry requirements. You can read about the requirements in the next section.

The US Green Card Services registration service provides an easy and convenient registration service for the annual Green Card Lottery program. We will ensure your application is registered in time and without errors. Each application is checked and you will be contacted if corrections or additional submissions are required in order for your application to be valid. Each year approximately 25% of all entries are disqualified, many for formal reasons. Using a registration and application submission service will ensure your application stands a full chance in this program.

A registration service also provides for address changes of people travelling frequently. You can nominate any new address for notification in case your name is selected.

www.usgreencardlottery.com မှ ကူးယူဖော်ပြထားခြင်းပါ။

阅读文章   讨论 [2]

၎.၃.၂၀၀၇ နေ.အတွက် ၀မ်းနည်းခြင်း အမှတ်တရ

发布2010/2/26的 thi da nge

သတိပေးချက်။    ။သံဃာတော်များ ၊အသက်ဆယ့်ရှစ်နှစ်အောက် ကလေးများ နှင့် ယဉ်ကျေးသိမ်မွေ. အရှက်အကြောက်ကြီးသော မြန်မာမိန်းကလေးများ မဖတ်ပါရန် ။

၎.၃.၂၀၀၇ ရက်နေ.တွင် ကွယ်လွန်သွားရှာပြီး ဖြစ်သော ကျွန်မ ရဲ.

စာပေဆရာကဲ့သို.လည်းကောင်း ၊အချစ်ဆုံးသူငယ်ချင်းကဲ့သို.လည်းကောင်း၊

မွေးချင်းမောင်နှမအရင်းမရှိတဲ့ တစ်ဦးတည်းသော သမီးဖြစ်တဲ့ ကျွန်မ အဖို.

တော့ အစ်ကို အရင်းကဲ့သို. ခင်မင်ချစ်ရပါသော ကိုဇော်လတ် ဆုံးသွားတာ

အခု လာမဲ့ ၄.၃.၂၀၁၀ နေ.တွင် (၃)နှစ်တိတိ ပြည့်ပါပြီး ။

၎င်းသေဆုံးသွားတာ သုံးနှစ်ပြည့်ခဲ့ပြီး ဖြစ်ပေမဲ့ ကျွန်မရင်ထဲမှာတော့

တစ်နေ.မှ မေ့လို. မရပါ။

ဒါကြောင့်လည်း ၄င်းသိပ့်နှစ်ချိုက်လှသော စာရေးခြင်း ကို ကျွန်မမှ ၄င်းကို

အမှတ်တရ အနေနှင့် ၄င်းအတွက် ရည်ရွယ်ပြီး အတု ဆိုတဲ့ ခေါင်းစဉ်နှင့်

ကိုဇော်လတ် မသေခင် ရေးသားထားခဲ့သော စာမူကြမ်းကို လိုတာဖြည့် ၊

ပိုတာဖြုတ်ပြီး  ပြန်လည်ဖော်ပြထားခြင်းပါ။

၎င်း အတု ဆိုသောခေါင်းစဉ်ပါ စာမှာကိုဇော်လတ်ရဲ. စာဖြစ်သောကြောင့်

တစ်ခုခု အမှားအယွင်းများ ပါရှိခဲ့ရင် ကိုဇော်လတ် ကိုယ်စား တောင်းပန်

ပါရစေလို.

(Fake) အတု ဖြစ်သော၊ အစစ်အမှန်မဟုတ်သော။

စာရေးသူက နယ်မြို.လေးတစ်မြို.မှာ မွေးပြီး အဲ့ဒီမြို.လေးမှာပဲ ကြီးလာတယ်ဆိုတော့

ကျွန်ုပ်ကို တောသားလို.ပြောလို. ရပါတယ်။စာရေးသူတို. ရပ်ကွက်ထဲ မသီတာမိုးဖြူ

ဆိုတဲ့ မိန်းကလေး လမ်းလျှောက်ထွက်လာပြီး ဆိုရင် ယောင်္ကျားလေးများ သာမက

မိန်းကလေးများကပါ ထွက်ကြည့်ထွက်ငေး ရလောက်အောင် အရမ်းပဲ လှပါတယ်။

၎င်းမှာလည်း စာရေးသူအစ်မနှင့် သူငယ်ချင်းဖြစ်သောကြောင့် ကျွန်ုပ်တို. အိမ်သို.

အမြဲတမ်းလိုလိုပဲ လာလည်တတ်ပါတယ်။

ကျွန်ုပ် အိမ်သို.မကြာခဏ လာလည်တတ်တဲ့ မသီတာကို အနီးကပ်ကြည့်ခွင့်ရတဲ့

ကျွန်ုပ်မှာ ၄င်းရဲ.ရိုးရိုးအေးအေး ဘာမှမပြုမပြင် ချယ်သမှုမရှိတဲ့ အလှကို စာရေးသူ

ကိုယ်တိုင်လည်း ငေးမောဖူးပါတယ်။ကျွန်ုပ် အသက်အရွယ် ရောက်လာလို. ပြည်ပ

နိုင်ငံခြားသို. ထွက်ခွါလာခဲ့တော့ နိုင်ငံတစ်ကာက မိန်းကလေး အလှ တော်တော်

များများကို အနီးကပ်ရော ၊အဝေးကရော တွေ့ မြင်ဖူးပါတယ်။ဒါပေမဲ့ သူတို့ 

လှပါတယ်ဆိုတဲ့ အလှအပဟာ တစ်ကယ်တော့ ပင်ရင်းအစစ်အမှန် မဟုတ်ဘဲ

အတု တွေသာများပါတယ်။ဥပမာ။     ။

ဆံပင် ပေါ့ ။ယခုခေတ် လူငယ်လူရွယ်တော်တော်များများလေး ဆံပင် ဆေးဆိုး

ကြပါတယ်။အဲဒီလို ခေတ်ရေစီးကြောင်းအရ ဆံပင်ဆေးဆိုးပြီး လှပါတယ် ဆိုတဲ့

မိန်းကလေးဟာ ၄င်းမိခင်မွေးထုတ်လိုက်တဲ့ ဆံပင်အရောင်မဟုတ်တော့တဲ့ အတွက်

အတု နဲ.သာလှပနေတာပါ။တစ်ချို.ဆိုရင် တင်(ဖင်) အတု ၊ရင်(နို.အုံ) အတု ၊

မျက်တောင် အတု ၊အစရှိတဲ့ အတု အတု များစွာဖြင့် လှပနေပါတယ်။

မသီတာလို သနပ်ခါး ပါးကွက်ကြား ပါးပါးလေးနဲ. အေးချမ်းတဲ့ အလှ၊ ဆံပင်ရှည်ကို

အုန်းဆီသန်.သန်.နဲ. အမြဲတမ်းခေါင်းလျှော်ပြီးတိုင်း သုတ်လိမ်းကာ ကျော့ရှင်းတဲ့

အလှ ၊ရံဖန်ရံခါမှသာ သွားတိုက်ဆေးသုံးပြီး နေ.စဉ်နေ.တိုင်းဆားဖြူဖြူလေးနှင့်

သာသွားတိုက်ထားလို. ပုလဲလေးလိုလှပတဲ့ ၄င်းရဲ.ဖြူဖွေးညီညာပြီး သွားပိုးမရှိတဲ့

သွားကလေးများ အလှ ၊အ၀တ်အစားဆိုလည်း တံတောင်ဖုံး ရိုးရိုးအေးအေးနဲ.

အရောင်တောက်တောက်ပပ မရှိဘဲ ၀တ်စားဆင်ယင်တတ်တဲ့ အလှ ၊စကားပြောရင်

လည်း ယဉ်ကျေးသိမ်မွေ.ပြီး ဒေါသထွက်ရင်တောင် ဆဲဆိုတိုင်းထွာရေး မရှိတဲ့ အလှ၊

မိဘ ဆရာသမား လူကြီးသူမ များအား ရိုသေလေးစားပြီး ဘာသာရေးကိုင်းရှိုင်းသော

အလှ ၊ကျန်တဲ့ ၄င်းရဲ. စစ်မှန်သော အလှအပများကို မရေးလိုတော့ပါ။

ဟိုး...အရင်တုန်းက ကြားဖူးတဲ့ စကားပုံမှာ လူရိုး သချိုင်းကုန်း မှာပဲရှိတယ် ။

ကျွန်ုပ်စဉ်းစားမိတာ ဒီဘက်ခေတ်မှာ မသီတာလို အေးဆေးတည်ငြိမ် ရိုးရိုးအေးအေး

 မိန်းကလေးလိုမျိုးကို သချိုင်းကုန်းမှာတောင် ရှာလို.များ  ရနိုင်ပါတော့မလားပဲ။

ရှိရင်တောင် တမင်တကာ လူစိတ်ဝင်စားအောင် ပဲများပြီး လုပ်ထားတဲ့ အတုအပ

အလှအပ မျိုးလို.ပဲ ကျွန်ုပ် ထင်တယ်။ရှိတော့ ရှိတယ် အလွန်ပဲ ရှားပါးသွားပါပြီး။

ကျွန်ုပ်ဆိုလိုရင်းမှာ ၄င်းမသီတာလို ပါရမီအရ လှပတဲ့မျက်နှာ ၊တောင့်တင်းတဲ့

ကိုယ်ခန္ဓာ အစရှိသလို လှပတဲ့ အလှ သေချာပေါက် ရှိရမယ် မဆိုလိုပါ။

ယခုခေတ် မိန်းကလေးများကိုလည်း ရင်ဖုံးလက်ရှည်အင်္ကျီ ၊ထမီခြေမျက်စီဖုံး ၀တ်ရ

မည်လို လည်းမဆိုလိုပါ။

ဖြစ်နိုင်ရင် သဘာဝအလှထက်ကျော်လွန်၍  ဘာမှမပြုမပြင်ဘဲနဲ. ခေတ်ရှေ. သိပ်

လွန်စွာ မလုပ်ဘဲ ပုံမှန်လေးသာ ခြယ်သပြီး လှပအောင်သာ လုပ်စေချင်တာပါ။

အဆိုးဆုံးကတော့ စာဖတ်သူသင်ဟာ ဗုဒ္ဓဘာသာဝင်မြန်မာမိန်းကလေး စစ်စစ်ဆိုရင်

နိုင်ငံတစ်ကာတွင် ကျင့်သုံးနေတဲ့ပုံစံမျိုးလို အတုမခိုးမိစေရန် ပြောပါရစေ။ 

ကာမပိုင် လင်ရှိနေတာတောင်နောက်ထပ် လင်ငယ်နဲ. ထပ်၈ှုပ်တဲ့ ပုံစံမျိုး လိုပေါ့ ။

ရည်စားတစ်ထောင် လင်ကောင်းတစ်ယောက် လို.ဆိုထားတာရှိတဲ့ အတွက်

ဝါသနာပါရင် ရည်းစားတစ်ထောင်မကလို. ရည်းစားအယောက် တစ်သောင်းလဲ

ထားနိုင်ပါတယ်။အေး...ဒါပေမဲ့ တရားဝင်စာချုပ်စာတမ်းနှင့် လူသိရှင်ကြား

လက်ထပ်ထားပြီး ပါကအဲဒီမျိုး အလုပ်ကို ကျွန်ုပ် အနေနှင့် ပြောရ

လျှင် လုံးဝ မသင့်တော်ဘူးလို. ထင်ပါတယ်။

ဥပမာ။     ။ကျွန်ုပ်ရောက်ခဲ့သောနိုင်ငံများထဲမှ ဟောင်ကောင်နိုင်ငံတွင် နေထိုင်တာ

အကြာဆုံးပါ။ဆိုတော့ အဲဒီက တရုတ်မတွေဟာ အလွန်ပဲဆိုးပါတယ်။အားလုံးကို

မဆိုလိုပါ။အသက်ငယ်ငယ် ရွယ်ရွယ်နှင့် လင်ယူ သားမွေး တယ်။ပြီးတော့ သူကြိုက်

တဲ့ အကောင်တွေနှင့် လစ်ရင်လစ်သလို ထပ်ကုန်းပါတယ်။ အဲဒီလို အရှုပ်ကို ကျွန်ုပ်

အနေနှင့် တစ်ခုစဉ်းစားမိတာ အဲဒီက တရုပ်မလေးတွေဟာ ကျွန်ုပ်တို. မြန်မာ

မိန်းကလေးအများစုလို လင်ယူသားမွေးပြီး ၀၀ပြဲပြဲ စည်ပိုင်းလို ပုံပျက်ပန်းပျက်တွေ

မဟုတ်ပါ။သူတို.တွေက ကလေးကိုနို.မတိုက်သလို ၄င်းတို.ရဲ.ခန္ဓာကိုယ် အလေးချိန်

ကို ထိန်းသိမ်းတော့ ကလေးအမေသာဆိုတယ် အပျို တွေပါ အရှုံးပေးရလောက်

အောင်ကို ပိန်ပိန်သေးသေး ဖြူဖြူဖွေးဖွေးလေးနဲ.ကို  လှပါတယ်။တစ်ချို.ကျပြန်တော့

လူ.သဘာဝအရ ဟိုအပေါက်မှကလေးမမွေးဘဲ ခွဲမွေးတာတို. ဘာတို.လည်း

လုပ်လာကြတယ်။ ဟုတ်တယ်လေ...သူကသာ သူ.မှာလင်ရှိပါတယ် ကလေးပါ

ရှိပါတယ်  ထုတ်မပြောလို.က ဘယ်လိုလုပ် သိနိုင်မှာလဲ။

ကိုးရီးယားရုပ်သံဇာတ်လမ်းမှာလဲ တွေ့ နိုင်ပါတယ်။သူ.လင်ငါယူ ငါ့လင်သူများအုပ်နဲ.

အတော်လေးကိုယုတ်ညံ့အောင်တန်းကျတဲ့ အဲဒီလိုမိန်းကလေးမျိုးဟာ ဘယ်လောက်

ပဲ လှလှပပ ၄င်းရဲ.ပြင်ပ အရည်ပြားတစ်ထောက်က လှပတဲ့ အလှအပ ဖြစ်ပြီး

တစ်ကယ့်အလှအပ မဟုတ်တဲ့ အတွက် အတု အလှအပ သာ ဖြစ်ပါတယ်။

မည်သူမှ မိမိကိုယ်ကို ထိခိုက်နစ်နာမဲ့ ၊မိမိ အသက်ပါထိခိုက်နိုင်လောက်မဲ့ ၊ဥပဒေ

နဲ. မလွှတ်ကင်းဘဲ ထောာင်ထဲဝင်နိုင်မဲ့ အတု မျိုးကို မလုပ်ချင်ကြပါ။ဒါပေမဲ့

လောဘကြောင့် ပိုက်ဆံ ၊အရက် ၊ဆေးလိပ် ၊နာရီ ၊စီဒီ ဓါတ်ပြား အစရှိသော

အတု အတု များစွာကို ဥပဒေနဲ. မလွှတ်ကင်းမှန်သိပေမဲ့ မိမိကိုယ်ပိုင်တီထွင်စရာ

မလို သလိုပဲ ၊ပိုက်ဆံရှာရတာပိုမို လျှင်မြန်၍ အတု လိုက်လုပ်ကြပါသည်။

ဥပမာ။     ။မြန်မာနိုင်ငံတွင် (CD)၊ (VCD) ၊(DVD) ကာလာအိုကေ ခိုးကူးခွေ အတု

လုပ်သူတွေ ယနေ.ထက်ထိတိုင်အောင် ပေါများစွာ တွေ.ရပါလိမ့်မည်။

ကျွန်ုပ် ငယ်ငယ်ကတည်းက လွန်စွာနှစ်သက်သော ကမ္ဘာကျော် အဆိုတော်

ပေါ့ဂီတ ဘုရင်လို.တင်စားကြတဲ့ မိုက်ကယ်ဂျက်ဆင် ဆိုရင် သမင်ဖြူရောဂါ ရှိ

သလိုလို ဘာရောဂါရှိ သလိုလို အကြောင်းပြပြီး ၄င်းရဲ.မျက်နှာကို ပြုပြင် ခွဲစိတ်ခဲ့

ပါတယ်။နဂိုအသားအရေ မည်းမည်းကနေ ၄င်းသေဆုံးသည်အထိ ခွဲစိတ်လိုက်လို.

ဖြူဖွေးတဲ့ အသားအရေ တစ်မူထူးခြားပေမဲ့ ၄င်းရဲ. အမေရိကန်ရှိ လူမည်းများက

ကန်.ကွက်ခဲ့ကြသေးတယ်။ဘာပဲပြောပြော မိုက်ကယ် ကတော့ အတု ဖြစ်တဲ့ ၄င်း

ရဲ. မျက်နှာဖြူလေးကိုတော့ ပရိသတ်များက လက်ခံကြပါတယ်လေ။

မည်သူ တစ်ဦးတစ်ယောက်ကို မှ ဒုက္ခပေးတဲ့ အတု မဟုတ်တဲ့ အတွက် ၄င်းရဲ. အတု

မှာ ကောင်းသော အတုလို.ပဲ ဆိုရပါမည်။

ကျွန်ုပ် ငယ်စဉ်ကတည်းက အခုထိမှတ်မိနေဆဲဖြစ်သော စကားပုံလေး တစ်ခုမှာ 

အမေကျော်၍ဒွေးတော်လွမ်းတယ် ဆိုတဲ့စကားပုံလေးပါ။ကျွန်ုပ်ပြည်ပနိုင်ငံခြားသို.

မထွက်ခွါခင် မြန်မာပြည်မှာရှိနေတုန်းက (ဖအန)အစိုးရက ဒေါ်.... အားရည်ညွှန်ပြီး

မြန်မာ့အလင်းသတင်းစာမှာသော် လည်းကောင်း ၊ ကြေးမုံသတင်းစာမှာသော်

လည်းကောင်း ခဏခဏ ဖော်ပြသုံးစွဲခဲ့တဲ့ စကားပုံလေးပါ ။  ဒေါ်  ....   ဟာ

ငယ်စဉ်ကတည်းက အင်္ဂလန်သို.ရောက်ခဲ့ပြီး အဲဒီမှာနေ ၊အဲဒီမှာ ပညာသင် ၊

အဲဒီမှာ အိမ်ထောင်ကျ ကလေးရတယ် ။ကျွန်ုပ်မြန်မာပြည်မှာပဲရှိစဉ်က ဒေါ် ....

ကိုတောင် အမြင်တစ်မျိုးစောင်းခဲ့မိသေးတယ် ။အခုတော့ ကျွန်ုပ်ကိုယ်တိုင် အခြား

တစ်နိုင်ငံရောက်တော့ အဲဒီမှာ စာကလည်းမတတ် ၊စကားကလည်းမတတ် အဲဒီက

လူမျိုးတွေရဲ. အနှိမ်ခံထိ ၊အနိုင်ကျင့်ခံထိပေါ့ ။အဲဒီလို အနိုင်ကျင့်တာကို ခေါင်းငုံခံပြီး

သည်းခံရုံမှ တပါးရွေးစရာလမ်းကလဲ မရှိတဲ့ ဘ၀ဆိုတော့ ။ အရသာကတော့

ဘာကောင်းသလဲ မမေးနဲ. ဆိပ့်နေတာပဲ ။အိုးချင်းထား အိုးချင်းထိ ၊ကြိုးချင်းထား

ကြိုးချင်းညှိ ဆိုသလို အဲဒီက အင်္ဂလန်နိုင်ငံသားနှင့် အိမ်ထောင်ကျတာကို အခုလို

ကိုယ် ကိုယ်တိုင်နိုင်ငံခြားရောက်မှ ကိုယ်ချင်းစာမိပါတယ်။ 

ဥပမာ။     ။မလေးရှားနိုင်ငံဆိုပါစို.။ အဲဒီနိုင်ငံရဲ. စာ ၊စကား မတတ်လို.ကတော့ ဒုက္ခ

အနည်းနဲ. အများတော့ ရမှာပဲ။ကျွန်ုပ်လို အသားအရေမည်းနေတဲ့ကောင်ဟာ မလေး

မှာတော့ အပြင်ထွက်လို. စကားမပြောရင်သူလိုကိုယ်လို ရောယောင်လို.ရတယ်။အဲ..

ဟောင်ကောင်လို တရုတ်နိုင်ငံမျိုးမှာ ကျွန်ုပ်တို.လို အသားအရေမျိုးဆိုရင်

ကြည့်လိုက်တာနဲ. ၄င်းတို.ရဲ.တရုတ်လူမျိုး မဟုတ်မှန်းသိသာပါတယ်။အင်္ဂလိပ်စာ ၊

အင်္ဂလိပ်စကားဟာ အင်တာနေရှင်နယ် စကားဖြစ်ပေမဲ့ ဂျပန်နိုင်ငံရောက်ရင် ဂျပန်

စကား ၊တရုတ်နိုင်ငံရောက်ရင် တရုတ်စကား ၊မလေးရှားနိုင်ငံရောက်ရင် မလေး

စကား ဟာ ပထမဘာသာစကားဖြစ်ပြီး အင်္ဂလိပ်စကားဟာ အလိုအလျှောက် 

ဒုတိယ ဘာသာစကားဖြစ်သွားပါတယ် ။တကယ်လို.သင်ဟာ ကိုးရီးယားနိုင်ငံမှာ

အလုပ်သွားလုပ်ချင်တယ်ဆိုပါစို.။သင်အနေနှင့် ဦးစွာ အဲ့ဒီနိုင်ငံရဲ. စကားကို တတ်

အောင်သင်မှဖြစ်မည်။အဲဒီလိုမှ မဟုတ်ရင် သင့်အနေနှင့် နေရေး ၊ထိုင်ရေး ၊အလုပ်

အကိုင်အခွင့်အလမ်းတွေ များစွာ ထိခိုက်နစ်နာမည်သာ မှတ်ပေတော့။ 

တကယ်လို. သင်သည် ကြက်ကန်းဆန်အိုးတိုး လို.ပဲဖြစ်ဖြစ် ၊ ခွေးကန်းချီးပုံတိုး

လို.ပဲဆိုဆို ၊အရူးချီးပန်းပြီး ထီလက်မှတ်ကောက်ရတယ်ပဲထားထား နှစ်စဉ်နှစ်တိုင်း

အမေရိကန်နိုင်ငံရဲ. DV (Program)Lottery  မှာပါဝင် ကံစမ်းကြည့်မိလို. မဲပေါက်

ကံကောင်းခဲ့၍ ( Green Card ) ရခဲ့လို. သင်နှင့် သင့်ရဲ. ဇနီး(သို.)လင် ၊သင့် သား

သမီး များအားလုံး ၄င်းအမေရိကန်နိုင်ငံသို. တစ်မိသားစုလုံး သင်မချစ်တဲ့ မြန်မာ

နိုင်ငံမှ တစ်သက်စာ အပြီးအပိုင် ပြောင်းရွေ.သွားသည်ဆိုပါစို.။နောင် နေတာကြာ၍

၎င်းနိုင်ငံရဲ. စည်းကမ်းအတိုင်း အမှားအယွင်းမရှိ နေထိုင်၍ သင့်စိတ်ဆန္ဒ

(Desired ) အတိုင်း မြန်မာနိုင်ငံ (Passport) ကို စွန်.၍ အမေရိကန်နိုင်ငံ

(Passport) သို. တစ်သက်တာအတွက် နောင်တမရှိ ပြောင်းလဲလိုက်သည် ဆိုပါစို.။

တစ်ခုသော သင့်ရဲ. ခွင့်ရက်ရှည် အလုပ်အားရက်တွင် အခြားနိုင်ငံတစ်ခုခုသို.

သင့်မိသားစုတို. အပျော်ခရီးထွက်တယ် ဆိုကြပါစို.။ဥပမာ။    ။စင်္ကာပူနိုင်ငံ ပဲထား။

၎င်းနိုင်ငံထဲသို.၀င်လျှင် စင်္ကာပူ လ.၀.က(Immigration Dept: ) မှဖြတ်သောအခါ

သင့်နှင့် သင့်မိသားစု ဟိုးအရင်တုန်းကလို မြန်မာ(P P)ကို ကိုင်ထားစဉ်အခါက

မျက်နှာငယ်လေးနှင့် အောက်ကျို.ခဲ့ရပေမဲ့ အခုလို အမေရိကန်(P P)ပြောင်းကိုင်

လိုက်သောအခါ သင့်အနေနှင့်သောက်ဂရုစိုက်စရာမလိုပဲ မာနထောင်ချင်ရင်တောင်

ထောင်လွှားခွင့်ရှိသွားပြီလေ။ဒါပေမဲ့ ၀မ်းနည်းစရာ တစ်ခုကောင်းတာကတော့

မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဖြစ်တဲ့ အတွက်  (Country of Birth)

မှာတော့ သင့်မွေးတိုင်းပြည် (Myanmar) ဆိုတဲ့ အရာကြီးကိုတော့ ပြင်လို.မရပါ။

ထို.ကြောင့် သင်ဟာ ၄င်းအမေရိကန်နိုင်ငံသား စစ်စစ် မဟုတ်တဲ့အတွက်ကြောင့်

ဝင်ကစွတ်ကောင်တွေ ခရုခွံထဲ ၀င်နေရသလို သင်ဟာလည်း ခရုအတု( Sorry ! )

ဆောရီးနော်..... သင်ဟာလဲ အမေရိကန်နိုင်ငံသား အတု ပါပဲ။ဘာကြောင့်လဲ

ဆိုတော့ မုန်းဟင်းခါးတို.  ငပိတို. စားပြီးတော့ ၊ (April) လ ရောက်တိုင်း 

တူးပို. တူးပို. လို.ဆိုတဲ့ သင်္ကြန် ကိုဆင်နွှဲ ၊ဟိုး လူမှန်းသိတတ်တဲ့ အချိန်ကစပြီး

 ဗျည်း(၃၃)လုံး ရှိတဲ့ နိုင်ငံတစ်ကာမှာ အသုံးမ၀င်သော စာနှင့် ညားခဲ့ပြီး ၊ ငယ်စဉ်က

တည်းက လုံချည် တို. ထမိန်တို.၀တ်ခဲ့ပြီး အဲ့ဒီမှာ သင်  ကြီးပြင်းလာ ခဲ့လို.ပါပဲ ။

စာရေးသူ အမှာစာ

( VZO ) စတင်သုံးစွဲခဲ့တဲ့ အချိန်ကစပြီး ကျွန်မဟာ ကိုဇော်လတ်ရဲ. စာမူကြမ်းကိုသာ

ပြုပြင်သုံးစွဲခဲ့တယ်။ (မြန်မာစာကိုသာ ဆိုလိုပြီး အင်္ဂလိပ်စာ ကို မဆိုလိုပါ)

အဲဒီလို မိမိကိုယ်ပိုင်ဥာဏ်နဲ. စာကိုရေးသားနိုင်စွမ်း ၊စဉ်းစားနိုင်စွမ်းအား မရှိတော့

စာရေးသူ သိပ်ဖြစ်ချင်တဲ့ ကျွန်မဟာ ကိုဇော်လတ် ရဲ.စာများကို ( VZO ) ပေါ်မှာ

ကောင်းနိုင်ရာရာများကိုသာ သုံးစွဲဖော်ပြထားပါတယ်။ ဗုဒ္ဓဘာသာဝင် မိဘနှစ်ပါးမှ

မွေးဖွားလာခဲ့တဲ့ ကျွန်မဟာ ဗုဒ္ဓဘာသာဝင် မိန်းကလေး တစ်ယောက်ဖြစ်တာ

မဆန်းပါ။ ဒါပေမဲ့ လူတိုင်းလူတိုင်း အချိန်တန် အရွယ်ရောက်လာလို.သင်ယုံကြည်ရာ 

ဘယ်ဘာသာမဆို ကိုးကွယ်ခွင့်ရှိပါတယ် ။သို.ပေမဲ့ ကျွန်မကတော့ ဗုဒ္ဓဘာသာ ကိုပဲ

သက်ဝင်ယုံကြည်ကိုးကွယ်တာ ယနေ.ထက်ထိ တိုင်အောင်ပါပဲ။ ဗုဒ္ဓဘာသာ ၀င်

တိုင်း ဗုဒ္ဓဘာသာဝင် စစ်စစ် မဟုတ်သလို ကျွန်မဟာလည်း  မိရိုးဖလာဗုဒ္ဓဘာသာဝင်

မှ တကယ့် ဗုဒ္ဓဘာသာဝင်စစ်စစ် တစ်ယောက်ဖြစ်အောင် ကြိုးစားနေဆဲပါ။

ယခုလည်း ခေါင်းစဉ်မှာ အတု ဆိုတော့ ကိုဇော်လတ် ရေးသားထားတဲ့ စာကို

( VZO ) မှာ အခုလို ပြန်လည်ဖော်ပြ သုံးစွဲခဲ့တဲ့ ကျွန်မ ဟာလည်း ဒီနေ. ဒီအချိန်ထိ

စာရေးသူ   အတ်ုယောက်ပင် ဖြစ်ပါတော့လေသတည်း ။

 

Written By:

THIIDA MOE PHYU (Japan)

President and Chief Operating Officer<Myanmar - editor >   

Thidange VZO Corp:

and

ANNIE-MARI SIM (United States)

Co - Chairman and CEO

Thidange VZO Corp:

 

阅读文章   新增评论

THE YEAR OF THE TIGER (Born 1938,1950,1962,1974,1986 and 2010 )

发布2010/2/20的 thi da nge

This is the year of the Tiger, so it is your year.However,don't let this fool you into thinking your luck this year must be good.In fact, it will not be as good as you might hope.You will have some fairly big ups and downs.You should bo quite careful with your financial affairs because you are going to have some big swings.Try not to overspend when you come inti money, because you can lose it lose just as fast as you won it.

This year, you shouldn't overbet or play too many different games.Bet carefully and place some small, stable bets, on games you are familiar with.Don't overstretch yourself.

Lucky Colours                   : Red, White and Yellow.

Lucky Numbers                 : 3 and 4.

Lucky Directions                : East, Northeast and Southeast.

Unlucky Colours                : Grey and Black.

Unlucky Directions             : South and Southwest.

Unlucky Numbers              : Nil .  

 

Written By:

THIDA MOE PHYU (Japan)

President and Chief Operation Officer<Myanmar - editor >    

Thidange VZO Corp;

and

MICHAEL REARDON (Switzerland)

Reader Support (For English)   

Thidange VZO Corp;

                               

 

阅读文章   新增评论

CTRL
http://vzochat.com/zh/blog/thidange/page/2

照片

用户还没有照片。

标签

最新评论

၂၀၁၀ ခုနစ်အတွက် ကျွန်မရဲ. ပုံပြင်လေးတစ်ပုဒ်
ဒို.က သောကြာ သမီးဆိုတော့ ဟိုအရုပ်ကလေးနဲ. ကစားတိုင်း ၊ ကစားတိုင်း တစ်နေ.ကို ခြောက်ကြိမ် ၊ခြောက်ခါလောက် အဲဒီအရုပ်ကလေးနဲ.ကို …
© 2006-2012 免费视频聊天VZOchat! 保留所有权利。
发现了一个bug或翻译错误?选择它与鼠标和按Ctrl + Enter报告。