ပဉ္စ၀တီ FM မှ ဆရာတော် အရှင်ပညာစာရ မကောင်းကြောင်း သတင်းများ ထုတ်လွှင့်

发布2010/10/2的 kyaukphru
标签:သတင်း

Listening FM Radio

စစ်တွေမြို့မှ ထုတ်လွှင့်နေသော ပဉ္စ၀တီ FM မှ ဆရာတော် အရှင်ပညာစာရ မကောင်းကြောင်း သတင်းများကို ထုတ်လွှင့်နေကြောင်း သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ လူငယ် တစ်ဦးက “ သူတို့က သီချင်းတွေ လွင့်တယ်။ ပီးရင် ဆရာတော် မကောင်းကြောင်း သတင်းတွေကို လွှင့်တယ်။ နောက် သတင်းတွေလာတယ်။ သီချင်းတွေက လူငယ်တွေ အကြိုက်ဆိုတော့ လူငယ် အများစုက နားထောင်ကြပါတယ်။ အဲသလို နားထောင်တဲ့ လူငယ်တွေကို ဆရာတော်ကို အရေးယူရတာဟာ မကောင်းမူ ကိုလုပ်တဲ့ အတွက် ဖြစ်တယ်ဆိုပီး သူတို့က ၀ါဒဖြန့်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင် တခြား ရဟန်းငယ် တစ်ပါးကလည်း “ ပြည်ပ သတင်းဌာနတွေက ဆရာတော် ပညာစာရ သတင်းလာပီဆိုရင် နောက်တစ်နေ့မှာ ပဉ္စ၀င်္တီက ဆရာတော် မကောင်းကြောင်းကို လွင့်ထုတ် ပါပြီ။ ဦးဇင်းတစ်နေ့ နားထောင်တော့ သူတို့က ဘယ်လို လွင့်သလဲဆိုရင် ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အထူးတည်ငြိမ်အေးချမ်းတဲ့ ပြည်နယ် တစ်ခု ဖြစ်တယ်။ ဒါကို မနာလို မရှု့စိမ့်တဲ့ သူတွေက ဗုံးခွဲဖို့ ကြံစည်ကြိုးစားတဲ့ အတွက် အချိန်မှီ ဖမ်းဆီး အရေးယူနိုင်ခဲ့တယ်။ ခုလည်း ဆရာတော် ပညာစာရဟာ ရခိုင်ပြည်နယ် တည်ငြိမ်ရေးကို ထိပါး နှောင့်ယှက်လာတဲ့ အတွက် သာသနာ့ သန့်ရှင်းရေး အတွက် ဖမ်းဆီး အရေးယူရတာ ဖြစ်တယ်ဆိုပီး ထုတ်လွှင့်သွားတာကို ဦးဇင်း နားထောင်လိုက်ရပါတယ်” ဟု ပြောသည်။

ပဉ္စ၀တီ FM မှာ ရခိုင်ပြည်နယ်ကို ဖွဲ့စည်းထားသော ဒွါရ၀တီ၊ ရမ္မာဝတီ၊ မေဃ၀တီနှင် ဓည၀တီတို့ အပြင် ဧရာဝတီတိုင်းသို့ပါ ထုတ်လွင့်သဖြင့် ပဉ္စ၀တီဟု အမည်ပေးထားင်္ပြီး နံနက် ၆ နာရီမှ ညနေ ၁၀ နာရီထိ ထုတ်လွှင့်ကြောင်း သိရသည်။

ယခင်က ရခိုင်စကားဖြင့် တစ်နာရီနီးပါးခန့် ထုတ်လွင့်ခွင့်ရရှိခဲ့သော်လည်း ယခုအခါ နာရီဝက်ခန့်သာ ရရှိပြီး နံနက်ပိုင်းနှင့် ညနေပိုင်းတွင် တစ်ရက် နှစ်ကြိမ်စီ ထုတ်လွင့်ကြောင်း သိရသည်။

“ အစပိုင်းကတော့ လူတွေ အတော်များများ နားထောင်ကြပါတယ်။ ခုတော့ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာကိုတော့ သိလာတဲ့ အတွက် နားထောင်တဲ့သူက အရမ်းနည်းလာပါတယ်။ FM တစ်ခု ရှိတာတောင် ဒေသစကားပြောနဲ့ မလွင့်ရဘဲ ဗမာစကားနဲ့ လွင့်တယ်ဆိုကတည်းက ဘာရည်ရွယ်ချက်လဲ ဆိုတာ လူတွေက အခုတော့ အကုန်လုံး နားလည် သဘောပေါက်လာကြပြီ ဖြစ်ပါတယ်” ဟု အဆိုပါ လူငယ်က ပြောသည်။

ယခုအခါ ပဉ္စ၀တီ FM မှ နအဖ အကျိုးပြု ဆောင်းပါးများ၊ လုပ်ဆောင်ချက်များကိုသာ အဓိက ထုတ်လွင့်လာသဖြင့် လူထု အကျိုးပြုရေးထက် နအဖ ပေါ်လစီ မူဝါဒများကို ၀ါဒဖြန့်ရန်အတွက် ရခိုင်တွင် အခြေစိုက် လာခြင်း ဖြစ်သဖြင့် နားထောင်သူ အရေအတွက် ယခုအခါ အထူး လျော့နည်းလာကြောင်း သတင်း ရရှိသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

 

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

http://www.narinjara.com/detailsbur.asp?id=2769

新增评论

登录注册到:
  • 查看档案完整的用户;
  • 寻找新的朋友;
  • 写意见;
  • 传送个人信息。
← အရှင်ပညာစာရကို နှစ်ရှည်ထောင်ဒဏ…   返回博客   အရှင်ပညာစာရကို ထောင်ချတာဟာ လူမ… →
© 2006-2012 免费视频聊天VZOchat! 保留所有权利。
发现了一个bug或翻译错误?选择它与鼠标和按Ctrl + Enter报告。