တနေ့ မှာ အဖွား ကြီး တယောက် သွား ကိုက် ဝေဒနာ uper
发布2010/2/10的
15ttitan15
တနေ့ မှာ အဖွား ကြီး တယောက် သွား ကိုက် ဝေဒနာ ကို အပြင်း အထန် ခံ စား နေ ရ ရှာ သ တဲ့... နောက် ဆုံး မ ခံ စား နိုင် တာ နဲ့ .. ဆရာဝန် နဲ့ သွားပြ သတဲ့... ဒါပေမယ့် ခက် တာ က သူပြ တဲ့ ဆရာဝန် က သွား ဆရာဝန် မဟုတ် ပဲ... O.g ဖြစ် နေတယ်..
အဘွားကြီး ။ ။ ကျွန်မ မခံ မရပ် နိုင် အောင် ကိုက် ခဲ နေ တာ ပဲ ဆရာရယ်
ဆရာဝန် ။ ။ ဟုတ်ကဲ့အဖွား..ကျွန်တော်သေသေချာချာ စစ် ဆေး ပေး ပါ့မယ် ဆရာဝန် မှာ သေ သေ ချာ ချာ စစ် ဆေး ပြီး....
ဆရာဝန်။ ။ အဖွား ရ... ဘာမှ လည်း မဖြစ် ပါလား.....
အဘွားကြီး။ ။ မသိပါဘူး ဆရာရယ် သွားက တနေ့ထက်တနေ့ ပိုပို ပြီး ကိုက် လာ လို့ လာ ဆေးခန်းလာပြတာ ပဲ....
ဆရာဝန်။ ။ အမ် အဖွား က သွား ကိုက် နေ တာ လား... ဘာ လို့ ကျွန်တော့ ကို စောစော က မပြောလည်း..... ထိုအခါ အဘွားကြီး ပြော လိုက်ပုံ က.........
အဘွားကြီး ။ ။ မသိဘူး လေ ဆရာရယ် ... ကျွန်မက .. သွား ရဲ့ အမြစ် ကို ရှာနေတာမှတ်လို့..
阅读文章
新增评论
ဗေဒင်ကို အင်မတန်ယုံကြည်သောလင်မယားနှစ်ယောက်
发布2010/2/10的
15ttitan15
ဗေဒင်ကို အင်မတန်ယုံကြည်သောလင်မယားနှစ်ယောက်စကားပြောနေကြသည်။
ယောင်္ကျား။ ။ဗေဒင်ဆရာပြောတာမှန်လည်းမမှန်ဘူး။ငါ့မှာတော့စိတ်ဆင်းရဲ လိုက်ရတာ။
မိန်းမ။ ။ဆရာကဘာပြောလို့ လည်း ၊ရှင်ကစိတ်ဆင်းရဲရအောင်။
ယောင်္ကျား။ ။မင်းကိုယ်ဝန်ရှိတုန်းကဗေဒင်ဆရာပြောလိုက်တာလေ ၊ မှတ်မိသေးလား။
မိန်းမ။ ။အငိးမှတ်မိသားပဲ။ ကလေးကဖေဖေလို့ ခေါ်တဲ့ နေ့ ကြရင် ကလေးအဖေသေမယ်ဆိုတာမှတ်လား။
ယောင်္ကျား။ ။အေးလေ။မနက်ကပဲသားလေးကငါကို ဖေဖေ လို့ခေါ်တယ်လေ။ အခုည ( ၁၂ )နာရီကျော်ပြီလေ။ငါသေမှမသေသေးတာကွ။ သူပြောတာမှားတာပေါ့။
မိန်းမ။ ။သူပြောတာမမှားပါဘူးမောင်ရယ်။ နေ့ ခင်းက အကိုအလုပ်သွား နေတုန်း ဟိုဘက်အိမ်က ကိုဖိုးအောင်ကြီးဆုံးသွားတယ်လေ။
阅读文章
新增评论
har tha
发布2010/2/10的
15ttitan15
တစ်ခါက ခွဲစိတ်ခန်းကနေ လူနာတစ်ယောက် ထွက်ပြေးလာတာကို အပြင်မှာရှိတဲ့လူနာရှင်အမေက မေးတယ်.....
အမေ။ ။သားခွဲစိတ်လို့ မပြီးသေးဘဲနဲ့ ဘာလို့ ထွက်လာတာလဲ...
သား။ ။မကြောက်ပါနဲ့ ခွဲစိတ်မှုအောင်မြင်မှာပါလို့ ပြောလို့အမေရ
အမေ။ ။သြော်သားကလည်း ဒါကအားပေးစကားလေ ကြောက်ပြီးထွက်ပြေးစရာမလိုပါဘူး...သားကြောက်မှာစိုးလို့ပြောတဲ့ဟာကို...
သား။ ။ကြောက်တာပေါ့အမေရ..သားကိုပြောတာမှ မဟုတ်တာ..သူနာပြုဆရာမက ဆရာဝန်လက်တုန်နေတာတွေ့လို့ ပြောတာအမေရ...
阅读文章
新增评论