ဦးဥတ္တမနေ့ အခမ်းအနား ဘန်ကောက်တွင် ကျင်းပ

โพสต์ใน 7/9/2553 โดย thesunofasia_ashonottama
Tags:သတင်း

ဘစောတင် Monday, September 06, 2010

(၇၁) ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဖလန်ဆောင် ထက်ခမ်းအရပ်ရှိ ၀ပ်ထက်ခမ်း ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ကျင်းပပြုခဲ့ကြောင်း သိရသည်။


ဦးဥတ္တမနေ့ အခမ်းအနား မြင်ကွင်း။ (ဓာတ်ပုံ – ဧရာဝတီ)

“ဆရာတော်ဟာ အမှန်တရားအတွက် အများပြည်သူအတွက် ကိုယ်ကျိုးဆိုတာကို တစက်ကလေးမှ ထည့်မတွက်ဘဲ နေမ၀င် အင်ပါယာပိုင်ရှင်ကို ဆန့်ကျင်ခဲ့တယ်။ အကြမ်းမဖက် တော်လှန်ရေးရဲ့ ပထမဆုံးပါပဲ။ ဆရာတော်ဟာ ဒီလို ရဲရဲတောက် မိန့်ခွန်းတွေ၊ ရေးသားချက်တွေနဲ့ ကျွန်သဘောက်ဘ၀မှာ အိပ်မောကျနေတဲ့ တိုင်းပြည်ကို လှုပ်နှိုးခဲ့တယ်။ နိုးထစေခဲ့တယ်” ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) ဥက္ကဋ္ဌ ဦးထွန်းဝင်းက ပြောသည်။

၁၉၁၈ ခုနှစ်တွင် မြန်မာပြည်ဘုရင်ခံဖြစ်သော ဆာဂျီရယ် ကရက်ဒေါက် အား “ကရက်ဒေါက် ဂက်ဒေါက် (ကရက်ဒေါက် မြန်မာပြည်မှ ပြန်ထွက်သွားပါ) ဟု ဆရာတော် ဦးဥတ္တမက စတင်ကာ စိန်ခေါ်ခဲ့သည်။

ပရိသတ် ၄၀၀ ခန့် တက်ရောက်သော ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ)၊ ရခိုင်ဝံသာနု စာပေအသင်း (ဘန်ကောက်)၊ ရခိုင်အလုပ်သမား အစည်းအရုံး (ဘန်ကောက်)၊ ရခိုင်အမျိုးသား သတင်းစာနှင့် Network for Migrant Workers Development အဖွဲ့တို့ စုပေါင်းကျင်းပကြသည်။

ယင်းအခမ်းအနားတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) ဥက္ကဋ္ဌ ဦးထွန်းဝင်း၊ NCGUB မှ ၀န်ကြီးချုပ်ရုံး ၀န်ကြီး ဦးဝင်းလှိုင်၊ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်၊ မြန်မာ သတင်းသမဂ္ဂ ဒုဥက္ကဌ ဦးဇင်လင်း၊ ဇော်မင်း (လူ့ဘောင်သစ်)၊ ဘန်ကောက်မြို့ ရပ်ချထ၀ီအရပ်ရှိ ချစ်သောမြန်မာပြည် ကျောင်းမှ ကျောင်းအုပ်ကြီး ဦးမြင့်ဝေ၊ ဆရာတော် ဦးကုဏ္ဍလနှင့် ရခိုင်အမျိုးသား သတင်းစာ အယ်ဒီတာ ဦးဌေးဝင်းတို့က ဟောပြောကြသည်။

မဆလခေတ်တွင် ဆရာတော် ဦးဥတ္တမနှင့် ပတ်သက်၍ အခြေခံပညာ ကျောင်းသုံးဖတ်စာ စာအုပ်တွင် သင်ကြားရန်သာ ပြဌာန်းခဲ့ပြီး နအဖခေတ်တွင်မူ ဆရာတော်၏ အခန်းကဏ္ဍကို လုံးဝ လျစ်လျူရှုထားခဲ့သည်။

သဘာပတိအဖြစ်ဆောင်ရွက်သော ဆရာတော် ဦးကုဏ္ဍလက “ဘုန်းကြီးတွေကို နိုင်ငံရေးနဲ့ မပတ်သက်ရဘူးလို့ အခုခေတ်မှာ လိုက်ပြောနေတာ၊ အများကောင်းကျိုးအတွက် ဆောင်ရွက်တဲ့ သံဃာတွေကို အတုအယောင်လို့ ပြောတာဟာ နအဖရဲ့ လှည့်စားချက်သာ ဖြစ်တယ်။ အခုခေတ် ရွှေဝါရောင် သံဃာတွေလည်း အာဏာအတွက် လုပ်ကြတာမဟုတ်ဘူး။ အခု နအဖတွေက သံဃာတွေကို အကြမ်းပတမ်း ဖိနှိပ်သတ်ဖြတ်၊ ထောင်ချတာဟာ ဆရာတော် ဦးဥတ္တမတို့လို ပုဂ္ဂိုလ်တွေ နောက်ထပ် ပေါ်ထွန်းလာမှာ စိုးရိမ်ထိတ်လန့်လို့ပါ” ဟု အခမ်းအနားတွင် ဟောပြောမိန့်ကြားသည်။

အင်္ဂလိပ်ခေတ်တွင် အကြမ်းမဖက်သောနည်းဖြင့် တော်လှန်သောကြောင့် ပထမဆုံးထောင်ချခံရသူမှာ ဆရာတော် ဦးဥတ္တမ ဖြစ်သည်။

ဆရာတော် မျိုးစေ့ချပေးခဲ့သော စိတ်ဓာတ်ကို ဆက်လက်စွဲကိုင်ပြီး နအဖ စစ်အာဏာရှင်များရဲ့ ဆက်လက်တော်လှန် တိုက်ပွဲဝင်သွားကြရမည် ဖြစ်ကြောင်း ရှစ်လေးလုံး ကျောင်းသား ခေါင်းဆောင် ကိုမိုးသီးဇွန်က တက်ရောက်လာသည့် ပရိသတ်များကို ပြောသည်။

ဆရာတော် ဦးဥတ္တမသည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြို့ နယ် ညောင်တုန်း ကျောင်းတိုက်တွင် ပျံလွန်တော်မူခဲ့ပြီး ထိုနေ့ကို ဆရာတော်ဦးဥတ္တမနေ့ဟု တရားဝင် သတ်မှတ်ခဲ့သည်။
ယခု ကန်တော်မင် (ကန်တော်မင်္ဂလာ) ပန်းခြံမှာ ဆရာတော် ဦးဥတ္တမ ပန်းခြံအဖြစ် ယခင်က အစိုးရက သတ်မှတ်ပေးခဲ့သော ပန်းခြံဖြစ်သည်။

ဂျပန်နိုင်ငံတွင်လည်း ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို တိုကျိုမြို့ Toshima-ku Kumi Center ခန်းမတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။

ယင်းအခမ်းအနားတွင် “မြန်မာ့လွတ်လပ်ရေး မီးရှုးတန်ဆောင် ဦးဥတ္တမ” စာတမ်းဖတ် ပြိုင်ပွဲကိုလည်း ထည့်သွင်း ကျင်းပခဲ့ရာ ပထမဆုကို ကိုမင်းထက်ဇော်၊ ဒုတိယဆုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက် နယ်မြေ (NLD-LA) မှ ကိုထွန်းငြိမ်းနှင့် တတိယဆုကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကိုမျိုးမြင့်ဆွေ၊ နှစ်သိမ့်ဆုများကို ကိုအောင်ထွန်းလင်း (LDB) နှင့် ကိုကျော်သန်းလှိုင် ရခိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ALD-Exile) တို့မှ ရရှိကြကြောင်း သိရသည်။

(ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြပါသည်။)

เพิ่มความคิดเห็น

กรุณาเข้าสู่ระบบ หรือลงทะเบียน ไปที่:
  • ดูโปรไฟล์ผู้ใช้เต็ม;
  • หาเพื่อนใหม่;
  • เขียนความคิดเห็น;
  • ส่งข้อความส่วนตัว.
← (၇၁) နှစ်မြောက် ဆရာတော် ဦးဥတ္တ…   กลับไปยังบล็อก   ဆရာတော် ဦးဥတ္တမ →
© 2006-2555 ฟรี VZOchat Video Chat! . สงวนลิขสิทธิ์
พบข้อบกพร่องหรือผิดพลาดในการแปลเลือกด้วยเมาส์และกด Ctrl Enter รายงาน.