စစ်တွေ ဆရာတော်ဦးဥတ္တမနေ့ ကျင်းပခွင့် ပယ်ချခံရ
Опубликовано 08.09.2010
thesunofasia_ashonottama
Метки: သတင်း
မောင်အေး
--------------
ဆရာတော်ကို ရခိုင်အမျိုးသားများက အမြဲ ဦးညွှတ် ဂါရ၀ပြုကြသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ) မှ ၇၁ နှစ်မြောက် ဆရာတော်ဦး ဥတ္တမနေ့ အခမ်းအနား ကျင်းပခွင့် တောင်းဆိုထားမူကို အာဏာပိုင်များက လက်မခံဘဲ ပယ်ချလိုက်ကြောင်း ပါတီ တာဝန်ရှိသူ တစ်ဦးကပြောသည်။
“အဓိကတော့ ခွင်ပြုချက် တောင်းခံတာ နောက်ကျလို့ ဆိုပီး အကြောင်း ပြပါတယ်။ ဒီလို အခမ်းအနားတွေ ပြုလုပ် ကျင်းပမယ် ဆိုရင် ၂ ပတ် ကြိုတင်ပြီး သက်ဆိုင်ရာကို ခွင့်ပြုချက် တင်ပြ ရပါတယ်။ ကျွန်တော်တို့က တပတ်အလိုလောက်မှ တင်ဖြစ်တော့ သက်ဆိုင်ရာက ခွင့်မပြုတော့ဘူး” ဟု သူက ပြောသည်။
ဆရာတော် ဦးဥတ္တမနေ့ကျင်းပခွင့် ပယ်ချ ခံလိုက်သဖြင့် မနက်ဖြန် နံနက် ၉ နာရီတွင် စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှိ ဆရာတော်၏ ကြေးရုပ်ထုရှေ့တွင် ပါတီလူကြီးများမှ သွားရောက် လွမ်းသူ့ ပန်းခွေချမည့် အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရသည်။ သို့သော်လည်း ပါတီရုံးတွင် ဆရာတော် အခမ်းအနားနေ့ကို အကျဉ်းချုပ် ပြုလုပ်မည်ဖြစ်ကြောင်း ပါတီဗဟို အဖွဲ့ဝင် တဦးကပြောသည်။
စစ်တွေမြို့မှ ပါတီနှင့် နီးစပ်သူ ကျောင်းသားတဦးက ယခုကဲ့သို့ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပ ပြုလုပ်ခွင့် ပယ်ချခံရသည့် အပေါ် သူ့အမြင်ကို မေးကြည့်ရာ ယခုကဲ့သို့ ပြောသည်။
“ဆရာတော်ဦးဥတ္တမနေ့ ကျင်းပခွင့်ကို ပယ်ချလိုက်တယ်ဆိုတာကတော့ သူတို့ သက်သက် ညစ်တာလို့ မြင်ပါတယ်။ ပါတီက ကျင်းပခွင့် မတောင်းရင်တောင်မှ ဆရာတော် ဦးဥတ္တမနေ့ကို အာဏာပိုင်တွေက ကျင်းပ ပြုလုပ် ပေးသင့်တယ်လို့ မြင်ပါတယ်။ ဆရာတော်က ဗြိတိသျှ နယ်ချဲ့အောက်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရေး ဦးဆောင်ကြိုးပမ်းခဲ့တဲ့ ဆရာတော် တပါး ဖြစ်နေတဲ့ အတွက် အာဏာပိုင်တွေ အနေနဲ့ သူ့ကျေးဇူးကို အောက်မေ့ ဂုဏ်ပြုပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပ ပြုလုပ်သင့်တယ်လို့ မြင်ပါတယ်။”
ဆရာတော် ဦးဥတ္တမမှာ မြန်မာ လွတ်လပ်ရေး မျိုးစေ့ကို စတင် ချပေးခဲ့သော ခေါင်းဆောင် တစ်ဦး ဖြစ်သော်လည်း ရခိုင်ဆိုသော လူမျိုးရေး အမြင်ကြောင့် ဆရာတော်ဦးဥတ္တမနေ့ကျင်းပခွင့်ကို ဗမာ အုပ်ချုပ်သူ အဆက်ဆက်က တင်းတင်းကျပ်ကျပ် ပိတ်ပင် တားမြစ်ထားသည်။
သို့အတွက် ဆရာတော်ကို ဂုဏ်ပြု ပူဇော်လိုသူသော ရခိုင်အမျိုးသားများ အနေဖြင့် ဆရာတော် ဦးဥတ္တမနေ့ကို လျို့ဝှက်စွာ ကျင်းပ ပြုလုပ်ရပြီး ဆရာတော်နေ့ကို ကျင်းပ သူများကိုလည်း အစိုးရ ဆန့်ကျင်သူများ အဖြစ် ကင်းပွန်းတပ်ကာ အာဏာပိုင်များက ဖမ်းဆီး လေ့ရှိသည်။
ယခုနှစ်တွင်လည်း ဆရာတော် ဦးဥတ္တမ အခမ်းအနား ကျင်းပခွင့်ကို ဆက်လက် ပိတ်ပင် ထားသော်လည်း ရခိုင်ပြည်နယ် တောင်ကုတ် ၊မအီ ၊ရမ်းဗြဲ ၊ ကျောက်ဖြူနှင့် တခြားမြို့များတွင် ဆရာတော်၏ ထေရုပတ္တိ အကျဉ်းရေးသားထားသည့် လက်ကမ်း စာစောင်များကိုလည်း လူငယ်များက ဖြန့်ဝေခဲ့ကြသည်ဟု သိရသည်။
၂၀၁၀ စက်တင်္ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် ၇၁ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို ဘင်္ဂလာဒေခ်ျ့၊ အိန္ဒိယ၊ အမေရိကန်၊ ထိုင်း စသည့် နိုင်ငံများ အပြင် ရန်ကုန်မြို့တွင် ရခိုင်အမျိုးသားများနှင့် ရဟန်းတော် များက ကျင်းပ ပြုလုပ်ရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
Читать статью
Добавить комментарий
ဦးဥတ္တမနေ့ အခမ်းအနား ဘန်ကောက်တွင် ကျင်းပ
Опубликовано 07.09.2010
thesunofasia_ashonottama
Метки: သတင်း
ဘစောတင် Monday, September 06, 2010
(၇၁) ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဖလန်ဆောင် ထက်ခမ်းအရပ်ရှိ ၀ပ်ထက်ခမ်း ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ကျင်းပပြုခဲ့ကြောင်း သိရသည်။

ဦးဥတ္တမနေ့ အခမ်းအနား မြင်ကွင်း။ (ဓာတ်ပုံ – ဧရာဝတီ)
“ဆရာတော်ဟာ အမှန်တရားအတွက် အများပြည်သူအတွက် ကိုယ်ကျိုးဆိုတာကို တစက်ကလေးမှ ထည့်မတွက်ဘဲ နေမ၀င် အင်ပါယာပိုင်ရှင်ကို ဆန့်ကျင်ခဲ့တယ်။ အကြမ်းမဖက် တော်လှန်ရေးရဲ့ ပထမဆုံးပါပဲ။ ဆရာတော်ဟာ ဒီလို ရဲရဲတောက် မိန့်ခွန်းတွေ၊ ရေးသားချက်တွေနဲ့ ကျွန်သဘောက်ဘ၀မှာ အိပ်မောကျနေတဲ့ တိုင်းပြည်ကို လှုပ်နှိုးခဲ့တယ်။ နိုးထစေခဲ့တယ်” ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) ဥက္ကဋ္ဌ ဦးထွန်းဝင်းက ပြောသည်။
၁၉၁၈ ခုနှစ်တွင် မြန်မာပြည်ဘုရင်ခံဖြစ်သော ဆာဂျီရယ် ကရက်ဒေါက် အား “ကရက်ဒေါက် ဂက်ဒေါက် (ကရက်ဒေါက် မြန်မာပြည်မှ ပြန်ထွက်သွားပါ) ဟု ဆရာတော် ဦးဥတ္တမက စတင်ကာ စိန်ခေါ်ခဲ့သည်။
ပရိသတ် ၄၀၀ ခန့် တက်ရောက်သော ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ)၊ ရခိုင်ဝံသာနု စာပေအသင်း (ဘန်ကောက်)၊ ရခိုင်အလုပ်သမား အစည်းအရုံး (ဘန်ကောက်)၊ ရခိုင်အမျိုးသား သတင်းစာနှင့် Network for Migrant Workers Development အဖွဲ့တို့ စုပေါင်းကျင်းပကြသည်။
ယင်းအခမ်းအနားတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) ဥက္ကဋ္ဌ ဦးထွန်းဝင်း၊ NCGUB မှ ၀န်ကြီးချုပ်ရုံး ၀န်ကြီး ဦးဝင်းလှိုင်၊ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်၊ မြန်မာ သတင်းသမဂ္ဂ ဒုဥက္ကဌ ဦးဇင်လင်း၊ ဇော်မင်း (လူ့ဘောင်သစ်)၊ ဘန်ကောက်မြို့ ရပ်ချထ၀ီအရပ်ရှိ ချစ်သောမြန်မာပြည် ကျောင်းမှ ကျောင်းအုပ်ကြီး ဦးမြင့်ဝေ၊ ဆရာတော် ဦးကုဏ္ဍလနှင့် ရခိုင်အမျိုးသား သတင်းစာ အယ်ဒီတာ ဦးဌေးဝင်းတို့က ဟောပြောကြသည်။
မဆလခေတ်တွင် ဆရာတော် ဦးဥတ္တမနှင့် ပတ်သက်၍ အခြေခံပညာ ကျောင်းသုံးဖတ်စာ စာအုပ်တွင် သင်ကြားရန်သာ ပြဌာန်းခဲ့ပြီး နအဖခေတ်တွင်မူ ဆရာတော်၏ အခန်းကဏ္ဍကို လုံးဝ လျစ်လျူရှုထားခဲ့သည်။
သဘာပတိအဖြစ်ဆောင်ရွက်သော ဆရာတော် ဦးကုဏ္ဍလက “ဘုန်းကြီးတွေကို နိုင်ငံရေးနဲ့ မပတ်သက်ရဘူးလို့ အခုခေတ်မှာ လိုက်ပြောနေတာ၊ အများကောင်းကျိုးအတွက် ဆောင်ရွက်တဲ့ သံဃာတွေကို အတုအယောင်လို့ ပြောတာဟာ နအဖရဲ့ လှည့်စားချက်သာ ဖြစ်တယ်။ အခုခေတ် ရွှေဝါရောင် သံဃာတွေလည်း အာဏာအတွက် လုပ်ကြတာမဟုတ်ဘူး။ အခု နအဖတွေက သံဃာတွေကို အကြမ်းပတမ်း ဖိနှိပ်သတ်ဖြတ်၊ ထောင်ချတာဟာ ဆရာတော် ဦးဥတ္တမတို့လို ပုဂ္ဂိုလ်တွေ နောက်ထပ် ပေါ်ထွန်းလာမှာ စိုးရိမ်ထိတ်လန့်လို့ပါ” ဟု အခမ်းအနားတွင် ဟောပြောမိန့်ကြားသည်။
အင်္ဂလိပ်ခေတ်တွင် အကြမ်းမဖက်သောနည်းဖြင့် တော်လှန်သောကြောင့် ပထမဆုံးထောင်ချခံရသူမှာ ဆရာတော် ဦးဥတ္တမ ဖြစ်သည်။
ဆရာတော် မျိုးစေ့ချပေးခဲ့သော စိတ်ဓာတ်ကို ဆက်လက်စွဲကိုင်ပြီး နအဖ စစ်အာဏာရှင်များရဲ့ ဆက်လက်တော်လှန် တိုက်ပွဲဝင်သွားကြရမည် ဖြစ်ကြောင်း ရှစ်လေးလုံး ကျောင်းသား ခေါင်းဆောင် ကိုမိုးသီးဇွန်က တက်ရောက်လာသည့် ပရိသတ်များကို ပြောသည်။
ဆရာတော် ဦးဥတ္တမသည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြို့ နယ် ညောင်တုန်း ကျောင်းတိုက်တွင် ပျံလွန်တော်မူခဲ့ပြီး ထိုနေ့ကို ဆရာတော်ဦးဥတ္တမနေ့ဟု တရားဝင် သတ်မှတ်ခဲ့သည်။
ယခု ကန်တော်မင် (ကန်တော်မင်္ဂလာ) ပန်းခြံမှာ ဆရာတော် ဦးဥတ္တမ ပန်းခြံအဖြစ် ယခင်က အစိုးရက သတ်မှတ်ပေးခဲ့သော ပန်းခြံဖြစ်သည်။
ဂျပန်နိုင်ငံတွင်လည်း ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို တိုကျိုမြို့ Toshima-ku Kumi Center ခန်းမတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။
ယင်းအခမ်းအနားတွင် “မြန်မာ့လွတ်လပ်ရေး မီးရှုးတန်ဆောင် ဦးဥတ္တမ” စာတမ်းဖတ် ပြိုင်ပွဲကိုလည်း ထည့်သွင်း ကျင်းပခဲ့ရာ ပထမဆုကို ကိုမင်းထက်ဇော်၊ ဒုတိယဆုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက် နယ်မြေ (NLD-LA) မှ ကိုထွန်းငြိမ်းနှင့် တတိယဆုကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကိုမျိုးမြင့်ဆွေ၊ နှစ်သိမ့်ဆုများကို ကိုအောင်ထွန်းလင်း (LDB) နှင့် ကိုကျော်သန်းလှိုင် ရခိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ALD-Exile) တို့မှ ရရှိကြကြောင်း သိရသည်။
(ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြပါသည်။)
Читать статью
Добавить комментарий
(၇၁) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့  ရခိုင်ပြည်နယ်အနှံ့ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာ
Опубликовано 07.09.2010
thesunofasia_ashonottama
Метки: သတင်း
မိုးမိုးကျော် (Arakan Review)
စက်တင်ဘာ (၇) ၂၀၁၀
(၂၀၁၀) ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့ တွင် ကျရောက်မည့် (၇၁) နှစ်မြောက် ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့် အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုများကို ရခိုင်ပြည်နယ်ရှိ မြို့နယ် အများအပြားတွင် ပြုလုပ်လျက်ရှိကြောင်း Arakan Review မှသိရှိရသည်။
ရခိုင်ပြည်နယ် (၁၅) မြို့နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ရခိုင်စာပေ ၀ါသနာရှင်များက ဆရာတော်၏ ပုံတော်များနှင့် ထေရုပ္ပတ္တိ စာစောင်များကိုဖြန့် ဝေလျက်ရှိရာ ယခုအခါ ဓာတ်ပုံနှင့် ထေရုပ္ပတ္တိ စာစောင် (၃၀၀၀) ခန့် ဖြန့်ဝေပြီး ဖြစ်ကြောင်းနှင့် စက်တင်ဘာ (၉) ရက်နေ့ အထိ ဆက်လက် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ရခိုင်ပြည်နယ်) တွဲဘက်အတွင်းရေးမှူး ဦးသိန်းလှိုင်က ဆိုသည်။
သူတို့ ဖြန့်ဝေခဲ့သည့် မြို့နယ်များမှာ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ မအီ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ စသည်တို့ ဖြစ်ကြောင်း၊ ဖြန့်ဝေသည့် စာစောင်တွင် ဆရာတော်၏ထေရုပ္ပတ္တိကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြထားကြောင်း ဦးသိန်းလှိုင်က Arakan Review သို့ ပြောပြသည်။
တောင်ကုတ်မြို့ရွာမကျေးရွာ ဆုတောင်းပွဲဆိုင်းဘုတ်

တောင်ကုတ်မြို့၊ရွာမ-ကျောက်ဆိပ်တောင်စေတီ ဆုတောင်းပွဲ
ထို့ ပြင် တောင်ကုတ်မြို့နယ်နှင့် မအီမြို့နယ်တို့ ရှိ ရခိုင်ကျောင်းသားနှင့် လူငယ်များကလည်း ယနေ့တွင် (၇၁) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့  အထိမ်းအမှတ် ဆုတောင်းပွဲများကို ကျင်းပ ပြုလုပ်ခဲ့ကြသည်။ ယနေ့ နံနက်ပိုင်းတွင် တောင်ကုတ်မြို့၊ ရွာမကျေးရွာရှိ ရခိုင် မြောက်ဦးခေတ် သမိုင်းဝင် ကျောက်ဆိပ်တောင် စေတီတော်၌ လူငယ် (၂၂) ဦး၊ မအီမြို့၊ ဘူးရွှေမော် ကျေးရွာအနီးရှိ ဝေသာလီခေတ် သမိုင်းဝင် အိုးထိန်း စေတီတော်၌ လူငယ် (၁၃) ဦး ၀တ်ပြု ဆုတောင်းပွဲများ ကျင်းပ ပြုလုပ် ခဲ့ကြသည်။ ထိုသို့ ပြုလုပ်ရာတွင် ဆရာတော်ဦးဥတ္တမနှင့်တကွ မြန်မာ့ လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး တိုက်ပွဲ သမိုင်းတလျှောက် ကျဆုံးခဲ့ကြသည် အာဇာနည် သူရဲကောင်းအပေါင်း ကောင်းရာ ဘုံဘ၀ ရောက်ကြပါစေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အထိန်းသိမ်းခံ နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက် ကြပါစေဟု ရခိုင်လူငယ်တို့က ဆုတောင်း ခဲ့ကြသည်။
မအီမြို့ အိုးထိန်းစေတီဆုတောင်းပွဲ
စစ်တွေမြို့ရှိ အဖွဲ့ချုပ် အဖွဲ့ဝင်များက ဆရာတော်ဦးဥတ္တမနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒေသခံ ပြည်သူလူထုနှင့် ပူးပေါင်းလျက် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ရည်စူးလျက် စစ်တွေ သံဃာတော်များအား ဆွမ်းလောင်း လှူခဲ့ကြသည်။ ယနေ့သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးရက် အင်္ဂါနေ့နှင့်လည်း ကိုက်ညီနေသဖြင့် ယခုကဲ့သို့ ဆွမ်းလောင်းပွဲ ပြုလုပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (စစ်တွေမြို့နယ်) စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌ- ဦးစံရွှေထွန်းက ပြောပြသည်။
ထို့ပြင် ရခိုင်အဖွဲ့ချုပ် အဖွဲ့ဝင်များသည် ဒေသခံ ပြည်သူလူထုနှင့် ပူးပေါင်းကာ (၇၁) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲ စကားဝိုင်းကို (၉-၉-၁၀) ဆရာတော်ဦးဥတ္တမနေ့ကို တောင်ကုတ်မြို့၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ထိုနေ့တွင်ပင် ရခိုင်ပြည်နယ် မြို့နယ် အတော် များများတွင် ၀တ်ပြုဆု တောင်းပွဲနှင့် ဆွမ်းကပ် လှူဒါန်းခြင်းများ ပြုလုပ်သွားကြမည်ဟု သိရသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကလည်း စက်တင်ဘာ (၉) ရက်နေ့တွင် စစ်တွေမြို့ရှိ ၎င်းတို့၏ ပါတီဗဟိုဌာနချုပ်၌ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်သွားမည်ဟု ပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။
ဆရာတော်ဦးဥတ္တမအခမ်းအနားများ တရားဝင် ကျင်းပခြင်းကို အာဏာပိုင်များက တားမြစ်ထားသော်လည်း ရခိုင်လူမျိုးများက ဦးဆောင်ကာ ဆရာတော်ဦးဥတ္တမနေ့ စက်တင်ဘာ (၉) ရက်နေ့ကို ရည်စူးပြီး ပြည်တွင်း ပြည်ပတွင် အသီးသီး အလျှိုလျှို ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရှိရသည်။
http://arakanreview.net/?p=1953#more-1953
Читать статью
Добавить комментарий
မတရားဖမ်းဆီးထားခြင်းခံနေရသည့် ဆရာတော် ပညာစာရ လွတ်မြောက်ရေး ရခိုင်တမျိုးသားလုံး ပါဝင်ကြရန် တိုက်တွန်း
Опубликовано 01.09.2010
kyaukphru
Метки: သတင်း
စက်တင်ဘာ (၁)၊ ၂၀၁၀။

ဆရာတော် ပညာစာရအား ပြီးခဲ့သော ဇူလိုင်လ (၂၇) ရက်နေ့က စစ်တွေမြို့ရှိ ဒေသခံ အာဏာပိုင်များမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်တွေတရားရုံးတွင် အမှု (၇) မှုဖြင့် စွဲချက်တင်ကာ စစ်ဆေးနေသည်ကို နိုင်ငံတကာရောက် ရခိုင်အသိုင်းအ၀န်းတခုလုံးမှ ကန့်ကွက်နေပြီး ဆရာတော် လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
စစ်တွေတရားရုံးတွင် အမှု (၇) မှုနှင့် တရားစွဲဆိုထားပြီး တရားလိုပြ သက်သေများ စစ်ကြောရေး စခန်းနှင့် တရားရုံးတွင် ထွက်ဆိုချက် မတူညီမှုကြောင့် ဆရာတော် ပညာစာရအား အရေးယူရန် အခက်တွေ့နေပြီး ရုံးချိန်းအား မကြာခဏပေးကာ နောက်ထပ် သက်သေများကို အပူတပြင်း ရှာဖွေနေကြကြောင်း စစ်တွေ တရားရုံးမှ လာသော ခိုင်လုံသော သတင်းများအရ သိရသည်။
ယင်းကဲ့သို့ ရခိုင်သမိုင်းသုတေသီ ဆရာတော် အသျှင် ပညာစာရအား စစ်တွေ ဒေသခံ အာဏာပိုင်များက မတရားဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့် ဆရာတော် ရှာဖွေ ထိန်းသိမ်းစုဆောင်းခဲ့သော ရခိုင့်ယဉ်ကျေးမှု အမွေအနှစ် သမိုင်းစာပေများ၊ ဆရာတော်၏ ဆိုဆုံးမမှုအောက်တွင် စနစ်တကျ ပညာသင်ကြားပြီး လိမ္မာရေးခြားရှိနေပြီ ဖြစ်သည့် မိဘမဲ့ ရခိုင်ကလေးငယ်များအား စစ်သုံ့ပန်သဖွယ် အထက်ဗမာပြည်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းတို့ အပေါ် ပြည်တွင်း၊ ပြည်ပရှိ ရခိုင့် အသိုင်းအ၀န်းတခုလုံးက ပြင်းပြင်း ထန်ထန် ဆန့်ကျင်ကန့်ကွက်ပြီး ဆရာတော် အပါအ၀င် ၎င်းအရာများအားလုံး ပြန်လည်ရရှိရေး အတွက် လက်မှတ်ရေးထိုးကာ တောင်းဆိုမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
ဆရာတော်အား မတရား ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် ရခိုင်မျိုးဆက်သစ် ကလေးငယ်များအား စစ်သုံ့ပန်သဖွယ် အာဏာပိုင်များက သိမ်းယူသွားခဲ့
အဆိုပါ လက်မှတ်ရေးထိုး တောင်းဆိုမှုအား နိုင်ငံတကာရောက် ရခိုင့်လူမျိုးများ အဖွဲ့အစည်း World Arakanese Community) မှ ဦးဆောင်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။
လက်မှတ်ရေးထိုးရန် (Petition) ၏ ကြွေးကြော်သံမှာ “အသျှင်ပညာစာရနဲ့ ရခိုင်ပြည်အပေါ် နအဖရဲ့ လုပ်ရပ်ကို ဆန့်ကျင်သူတိုင်း လက်မှတ်ရေးထိုးပေးကြပါ” ဟု သိရှိရသည်။
ရခိုင်ယဉ်ကျေးမှု သမိုင်းဝင် အမွေအနှစ်များကို ဖျက်ဆီးမှု၊ ရခိုင်လူမျိုး ကလေးငယ်များ ရာနှင့် ချီပြီး အစုလိုက် အပြုံလိုက် လူမျိုးပြောင်းမှု၊ ဆရာတော် အသျှင် ပညာစာရ ဖမ်းဆီးမှု စသည့် လုပ်ရပ်များအား ဆန့်ကျင်သော ပြည်တွင်း၊ ပြည်ပရောက် ရခိုင်လူမျိုးများ အားလုံး လူမျိုးကြီးဝါဒီ နအဖ စစ်အာဏာရှင်တို့၏ မတရားသော လုပ်ရပ်များကို ဆန့်ကျင်ကြရန် နိုင်ငံတကာရောက် ရခိုင်လူမျိုးများ အဖွဲ့အစည်း(World Arakanese Community) မှ တိုက်တွန်းနေကြောင်း သိရှိရသည်။
ဆရာတော် ပညာစာရနှင့် ၎င်းစုဆောင်းခဲ့သော ရှေးဟောင်း သမိုင်းစာပေများ အပြင် ရခိုင်လူမျိုး ကလေးငယ်များအား ပြန်လည် လွတ်မြောက်ရရှိရေးအတွက် ဤနေရာတွင် လက်မှတ် ထိုးပေးကြပါ။
Читать статью
Добавить комментарий
ရခိုင်သံဃာတော်အမှု မိသားစုကြားနာခွင့်ပိတ်
Опубликовано 31.08.2010
kyaukphru
Метки: သတင်း
ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက လူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ စစ်တွေမြို့မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းက သမိုင်း သုတေသီ ဆရာတော် ဦးပညာစာရကို ဒီကနေ့ မနက် ၁၁ နာရီလောက်က စစ်တွေခရိုင် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ရာမှာ မိသားစု ဆွေမျိုးတွေကို တက်ရောက် နားထောင်ခွင့် ပိတ်ပင်ခဲ့တယ်လို့ တရားရုံးကို သွားရောက်ခဲ့သူတဦးက RFA ကို ပြောပါတယ်။
“ရဲအရာရှိက အတင်းအကျပ်လုပ်လို့ ဘာမှ အဆက်အသွယ် မရခဲ့ပါဘူးခင်ဗျာ၊ အဲဒီမှာနေပြီးတော့ စခန်းမှူးတယောက်ကယ်၊ တရားရုံးမှာ စခန်းမှူးရာထူးပေါ့၊ နှစ်ပွင့်ပေါ့နော်၊ အဲဒီတယောက်ကနေပြီးတော့ ရှိနေပါတယ်။ အပြင်လာတဲ့လူကို အစစ်အဆေးတွေ များလွန်းလို့ ကျွန်တော်တို့ ဘယ်သူမှ နားထောင်ခွင့် မရပါဘူးခင်ဗျာ။”
ဆရာတော် ဦးပညာစာရကို ဒီကနေ့ စတုထ္ထအကြိမ်မြောက် ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဆရာတော်ကို တတိယအကြိမ်အဖြစ် သြဂုတ်လ ၂၄ ရက်နေ့က ရုံးထုတ် စစ်ဆေးခဲ့ရာမှာ ပြင်ပလူတွေကို နားထောင်ခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။ ဆရာတော်ဟာ သမိုင်းသုတေသီ မဟုတ်ကြောင်း စစ်အစိုးရဖက်က စွပ်စွဲထားချက်ကို ဆရာတော်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန်က အထောက်အထားနဲ့ တကွ တရားရုံးကို ရှင်းလင်း တင်ပြထားတယ်လို့ သိရပါတယ်။။
သက်တော် ၅၇၊ ဝါတော် ၃၇ ရှိတဲ့ ဆရာတော် အရှင် ဦးပညာစာရဟာ စစ်တွေထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။
ဆရာတော်ကို စစ်အစိုးရက ဘာသာသာသနာ ညှိုးနွမ်းစေမှု၊ သာသနာ့မြေကို ငှားရမ်း အသုံးပြုမှု၊ နိုင်ငံတည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု စတဲ့ ပုဒ်မ ၇ ခုတပ် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/family_barred_court_hearing-08302010143102.html
Читать статью
Добавить комментарий
အရှင်ပညာစာရတရားခွင် တံခါးပိတ်စစ်ဆေး
Опубликовано 31.08.2010
kyaukphru
Метки: သတင်း
စစ်တွေမြို့မှ အရှင်ပညာစာရကို စစ်တွေ တရားရုံးတွင် တရားစွဲဆိုနေရာ ယမန်နေ့က တရားခွင်သည် လွတ်လပ်သည့် တရားခွင် မဖြစ်ခဲ့ကြောင်း သိရသည်။
“မနေ့ကရုံးချိန်းမှာ မိသားစုဝင်ကလွဲရင် ကျန်တဲ့သူတွေကို ၀င်ရောက်နားထောင်ခွင့်မပေးဘူး ၊ နောက်ပြီး ဆွဲချခေါ်တဲ့ ဥပဒေ အရာရှိကလည်း အသစ်တယောက်ဖြစ်လာတယ် ၊ နောက်ရောက်တဲ့သူက သဘောထားတင်းမာတယ်"ဟု တရားခွင်သို့ တက်ရောက်ခဲ့သည့် အရှင်ပညာစာရ၏ မိသားစုဝင်တဦးက ပြောသည်။
ယမန်နေ့ကပြုလုပ်ခဲ့သော စတုတ္ထမြောက်ရုံးချိန်းတွင် အရှင်ပညာစာရ၏ ရှေ့နေဒေါ်အေးနုစိန်က တရားလိုပြသက်သေများ ဖြစ်သော ဒေါ်မာလာ ၊ မအေးသင်းခိုင် ၊ ခိုင်အောင်လင်းနှင့်ကျော်မိုးထွန်းတို့ကို စစ်မေးခဲ့ကြောင်း သိရသည်။
တရားခွင်တွင် စခန်းမှူး မြို့ဆွေ ၊ ရဲအုပ်အောင်မြင့်တို့ အချိန်ပြည့်စောင့်ကြပ်နေခဲ့ကြကာ တရားလိုပြသက်သေများ စစ်မေးမှုကို ဖြေဆိုစဉ် အစိုးရဥပဒေအရာရှိက၂ပေခန့်အကွာ ရှေ့မှရပ်ကာ တရားလိုပြသက်သေများကို ကြည့်နေခဲ့ကြောင်း ၊ ၁၀ ပေ ပတ် လည် ခန့်ရှိ တရားခွင်အတွင်း တရားခံစောင့်ရဲ ၂ ဦးအပြင် အခြားရဲ ၃ ဦးပါ ၀င်ရောက်စောင့်ကြပ်ခဲ့ကြကြောင်း တရားခွင်ရောက်ခဲ့ သူ တဦးက ပြောသည်။
“တရားလိုပြသက်သေတွေကို လွတ်လွတ်လပ်လပ် စစ်မေးခွင့်မရဘူး ၊ နောက်ပြီး တရားခွင်ထဲမှာ တရားခံစောင့်ရဲ ၂ ဦးထက် ပိုပြီး ၀င်ရောက် နေတာဟာ ဥပဒေနဲ့ မလျော်ညီဘူး"ဟု တရားခွင်ရောက်ခဲ့သူက ပြောသည်။
အရှင်ပညာစာရအား ပုဒ်မ ၄၂၀ လိမ်လည်မှု၊ ပုဒ်မ ၂၉၅ (က) ဘာသာသာသနာ ညှိုးနွမ်းစေမှု၊ ပုဒ်မ ၄၀၆ ယုံကြည်အပ်နှံထား သည့် ပစ္စည်းကို အလွဲသုံးစားမှု၊ ပုဒ်မ ၅၀၅ နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု၊ ပုဒ်မ ၂၉၂ သာသနာ့နယ်မြေကို အခကြေးငွေဖြင့် ငှားရမ်းအသုံးပြုမှု၊ နိုင်ငံခြားငွေ လဲလှယ်ရေး အက်ဥပဒေ ပုဒ်မ ၂၄ (၁)၊ စည်ပင်သာယာ အက်ဥပဒေ ပုဒ်မ ၆၁ (ဂ) စသည့် ပုဒ်မ တို့ဖြင့် စွပ်စွဲကာ အစိုးရက တရားလိုလုပ်၍ တရားစွဲဆိုထားခြင်းဖြစ်သည်။
“ထောင်ထဲမှာ အ၀တ်တစုံပဲပေးထားတယ်တဲ့ ၊ ပြင်ပအစားအစာပို့ဆောင်ခွင့်မရဘူး ၊ ဆရာတော် ခန္ဓာကိုယ်ဖောယောင်နေတယ် ၊ ကျန်းမာရေးကောင်းပုံမပေါ်ဘူး ၊ နောက်ပြီး ဆရာတော်နဲ့ သူ့ရှေ့နေ ထောင်ထဲမှာတွေ့ဆုံချိန်မှာလည်း လွတ်လွတ်လပ်လပ် တွေ့ခွင့် မရဘဲ ရဲက စောင့်ကြည့်တယ်လို့ သိရပါတယ်"ဟု မိသားစုဝင်တဦးက ပြောသည်။
ဆရာတော် အရှင်ပညာစာရကို စွပ်စွဲချက် အမျိုးမျိုးနှင့် အာဏာပိုင်များက အသင့်ရေးပြီး ယူဆောင်လာသော စာရွက် စာတမ်း များ ကို ဖတ်ပြကာ ပြည်နယ်ရဲမှူးကြီး ကိုယ်တိုင် ဇူလိုင်လ ၂၇ ရက်နေ့က လာရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဆရာတော်အား ဖမ်းဆီးသွားသည့် အပြင် ကျောင်းတိုက်ရှိ ရခိုင် ရှေးဟောင်းဘုရားများ၊ စာရွက်စာတမ်းများ၊ ရှေးဟောင်း ရွှေဒင်္ဂါးများ၊ ငွေဒင်္ဂါးများ၊ ပေစာ၊ ပုရပိုက်စာများ၊ ရှေးဟောင်း ရခိုင် ယဉ်ကျေးမှု အမွေ အနှစ်များ စသည့် ပစ္စည်းများကိုပါ အာဏာပိုင်များက ယူဆောင်သွားကြကြောင်း ကျောင်းတိုက်နှင့် နီးစပ်သူများက ပြောဆိုသည်။
အရှင်ပညာစာရသည် စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်တွင် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ကို ၁၉၉၀ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး မိဘမဲ့ ကလေးများကို လက်ခံ စောင့်ရှောက်ထားကာ ရခိုင်ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို ရှာဖွေစုဆောင်း လေ့ရှိသည့် သမိုင်းသုတေသီတဦးဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အရှင်ပညာစာရ ဖမ်းဆီးခံရပြီးနောက် အာဏာပိုင်များက ကျောင်းတိုက်ကို ချိပ်ပိတ်ပစ်ခဲ့သည့်အပြင် ကျောင်းတိုက်မှ ထိန်းသိမ်း စောင့်ရှောက်ထားသည့် မိဘမဲ့ကလေး ၁၀၀ ကျော်ကိုလည်း မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့ရှိ လူမှုဝန်ထမ်း ဦးစီးဌာနများသို့ ပို့ဆောင်ခဲ့သည်။
ဧရာဝီသတင်းဌာနမှ http://www.irrawaddy.org/bur/index.php/news/1-news/3953-2010-08-31-11-18-04
<!-- .style1 {color: #3366CC} .style2 { color: #CC0000; font-family: Zawgyi-One; } -->
Читать статью
Добавить комментарий
မဟာမုနိ ဗုဒ္ဓ၀ိဟာရမှ မိန်းခလေး ၃ ဦးကို အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းထား
Опубликовано 27.08.2010
kyaukphru
Метки: သတင်း
အရှင်ပညာစာရ ဦးစီး တည်ထောင်ခဲ့သော မဟာမုနိ ဗုဒ္ဓ၀ိဟာ ပရဟိတ ကျောင်းမှ အာဏာပိုင်များ၏ ခေါ်ဆောင်သွားခြင်းကို ခံရသူ အမျိုးသမီးငယ် ၃ ဦးကို ယခုအချိန်ထိ မိဘများလက်သို့ လွဲပြောင်း ပေးအပ်ခြင်း မရှိဘဲ ဆက်လက်ပြီး အကျယ်ချုပ်ဖြင့် ထိန်းသိမ်း ထားကြောင်း သတင်း ရရှိသည်။
အဆိုပါ အမျိုးသမီးငယ် ၃ ဦးမှာ မဖြူဖြူဝင်း (၁၈ နှစ်)၊ မအေးသိန်းခိုင် ( ၁၆ နှစ်)နှင့် မသန်းနွယ် (၁၆ နှစ်) တို့ ဖြစ်ကြသည်။
“သူတို့က ကျောင်းသူတွေ ဖြစ်ကြပါတယ်။ သူတို့ကို ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက ခေါ်ထုတ် သွားပြီး ပထမ သူတို့ကို အမှတ် ၁ ရဲစခန်းမှာထားပါတယ်။ အခုသူတို့ကို ရူပတောင် ဦးအောင်စိုးသာ ဗွီဒီယိုရုံနားက ရဲလိုင်းတန်းမှာ ပြောင်းရွှေ့ ထားပါတယ်။ မိသားစုတွေ သွားတွေ့လို့ ရပေမယ့် အပြင်ကို ခေါ်ခွင့် မပြုဘဲ တားမြစ်ထားပါတယ်” ဟု သူမတို့၏ ဆွေမျိုး တဦးက ပြောသည်။
မဖြူဖြူဝင်းမှာ ဦးစိန်ရွှေအောင် သမီးဖြစ်ပြီး ၁၀ တန်းကျောင်းသူ ဖြစ်သည်။ သူမ၏ နေရပ် ဇာတိမှာ မင်းပြားမြို့နယ် ကြိမ်ချောင်းကျေးရွာ ဖြစ်ကြောင်း သိရသည်။
မအေးသိန်းခိုင်မှာ ဦးအောင်ကျော်သောင်း သမီးဖြစ်ပြီး ၉ တန်းကျောင်းသူ ဖြစ်သည်။ သူမ၏ ဇာတိမှာ ကျောက်တော်မြို့နယ် အုန်းပတီးကျေးရွာ ဖြစ်သည်။
မသန်းနွယ်မှာမူ ၉ တန်းကျောင်းသူ ဖြစ်ပြီး ငယ်ငယ်ကတည်းက မိဘမရှိဘဲ ဆရာတော်ကျောင်းကို ရောက်ရှိလာသူ ဖြစ်သဖြင့် နေရပ်လိပ်စာ မရှိကြောင်း သိရသည်။
“သူတို့ကို ဘာကြောင့် ထိန်းသိမ်းထားသလဲ ဆိုတာတော့ တိတိကျကျ မသိရဘူး။ သက်ဆိုင်ရာ မိဘတွေက လာခေါ်ပေမယ့် ရဲက ပေးမပြန်ဘူး။ ဒါကြောင့် သူတို့က ကျောင်းမတက်ရဘဲ ရဲစခန်းက လိုင်းတန်းမှာ နေထိုင်နေကြရပါတယ်” ဟု သူက ဆက်ပြောသည်။
ဆရာတော် အရှင်ပညာစာရ ကျောင်းတွင် မိဘမဲ့ကလေးများ အပြင် ဆင်းရဲနွမ်းပါး သဖြင့် ပညာ မသင်နိုင်သူ ကလေး ၁၂၀ ကျော်ရှိပြီး အများစု အသက်အရွယ် ငယ်ရွယ်သူ ကလေးငယ်များကို ဗမာပြည်သို့ အာဏာပိုင်များက ပို့ဆောင်လိုက်သည်။
စစ်တွေတွင် ကျန်ရှိနေသူ အဆိုပါ အမျိုးသမီးငယ် ၃ ဦးအား ယခုအချိန်ထိ မိဘများထံ လွဲပြောင်း ပေးအပ်ခြင်း မရှိသေးဘဲ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသဖြင့် သူမတို့၏ အနာဂတ် အရေး အတွက် မိသားစုများက စိုးရိမ်နေကြသည်ဟု သိရသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
Читать статью
Добавить комментарий
ရခိုင်ဆရာတော်လွတ်မြောက်ရေး ရခိုင်အမျိုးသမီးများအဖွဲ့ချုပ် ကင်တာနားဆီစာပို့
Опубликовано 27.08.2010
kyaukphru
Метки: သတင်း
Читать статью
Добавить комментарий
အရှင်ပညာစာရ ကြားနာ စစ်ဆေးမူ တရား ဥပဒေ နည်းလမ်းမကျ
Опубликовано 25.08.2010
kyaukphru
Метки: သတင်း
အရှင်ပညာစာရ ကြားနာ စစ်ဆေးမူ တရား ဥပဒေ နည်းလမ်းမကျ
(ရှေ့နေမကြီးက တရားလို သက်သေများကို မေးခွန်း ၆ ခု မေးမြန်းခဲ့)
အရှင်ပညာစာရအား သြဂတ်စ်လ ၂၄ ရက်နေ့က စစ်တွေ ခရိုင်တရားရုံးတွင် တတိယအကြိမ်မြောက် ရုံးတင် စစ်ဆေးခဲ့ရာ အစိုးရ တရားလို သက်သေ နှစ်ဦးကို စစ်ဆေးခဲ့ပြီး တရားခွင်သို့ ပြည်သူ ၅၀ ခန့် တက်ရောက် နားထောင်ခဲ့သည်ဟု သိရသည်။
ထိုသို့ စစ်ဆေးရာတွင် တရားရုံးတွင် ပတ်ဝန်းကျင်နှင့် တရားရုံးအတွင်း လုံခြုံရေး ထူထပ်စွာ ချထားသည်သာမက တရားရုံး၏ ဥပဒေကို ချိုးဖေါက်ပြီး ရဲအရာရှိ တဦးက တရားရုံး စစ်ဆေး မေးမြန်းချက်များကို မှတ်တမ်းယူခဲ့သည်ဟု သိရသည်။
တရားခွင်သို့ တက်ရောက်ခဲ့သူ အမည်မဖေါ်လိုသူ တရားရေးနှင့် ပတ်သက်ပြီး နားလည်သူ တဦးက နိရဉ္စရာသို့ သူအမြင်ကို ယခုကဲ့သို့ စတင်ပြောကြားသည်။
“ဆရာတော် ပညာစာရကို အမူ စစ်ဆေးတဲ့ နေရာမှာ တရားဥပဒေ နည်းလမ်းမကျတာတွေကို အများကြီးတွေ့ရပါတယ်။ အဓိက နည်းလမ်းမကျတာက ရဲအရာရှိ နှစ်ပွင့်နဲ့ တဦးက တရားရုံးမှာ စစ်ဆေး မေးမြန်းတာတွေ ထွက်ဆိုတာတွေ အားလုံးကို မှတ်တမ်း လိုက်ယူပါတယ်။ တရားရုံးမှာ ခုလိုရဲက မှတ်တမ်း လိုက်ယူခွင့် မရှိပါဘူး။ ဒါဟာ တရားဥပေဒကို ပြောင်းပြောင်း တင်းတင်း ချိုးဖေါက် တာဘဲ ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ ဥပဒေရေးရာ သုံးသပ်ရေး အဖွဲ့ တာဝန်ခံ ဦးမျိုးကို နိရဉ္စရာက ဆက်သွယ် မေမြန်းရာ သူက “ တရားရုံးမှာ ရဲက မှတ်တမ်း လိုက်ယူခွင့် မရှိပါ။ ရဲနဲ့ တရားရုံးမှာ မှတ်တမ်းလိုက်ယူမယ့် ကိစ္စနဲ့ ဘာမှ မပတ်သက်ပါ။ တရားရုံးက တာဝန် ရှိသူတွေကဘဲ မှတ်တမ်းလိုက်ယူခွင့် ရှိပါတယ်” ဟု ပြောသည်။
၎င်းပြင် တတိယနေ့ အဖြစ် အရှင်ပညာစာရအား ရုံးတင် စစ်ဆေးသောအခါလည်း တရားရုံး ပတ်ဝန်းကျင်နှင့် တရားရုံးထဲတွင် ရဲသားများကို လက်နက်ခဲယမ်းမီးကျောက် အပြည့်အစုံဖြင့် အစောင့်ချထားခဲ့သည်ဟု သိရသည်။
“ ခုလို ရဲတွေကို မလိုအပ်ဘဲ တရားရုံးထဲမှာ ချထားတာဟာ အရှင် ပညာစာရနဲ့ ပတ်သက်ပြီး သူ့ဘက် လိုက်ပါ ဆောင်ရွက် ပေးမယ့် ရှေ့နေတွေ အပါအ၀င် သက်သေတွေကို ခြိမ်းခြောက်တဲ့ သဘော ဖြစ်ပါတယ်။ တရားရုံးဟာ လွတ်လပ်တဲ့ တရားခွင်လို မဟုတ်ဘဲ စစ်ခုံရုံး တခုနဲ့ သွားတူနေတာကို တွေ့ရပါတယ်”ဟု တရားခွင်သို့ တက်ရောက်ခဲ့သူက ဆက်ပြောသည်။
တတိယနေ့ တရားခွင်သို့ ပြည်သူ ၅၀ နီးပါးခန့် တက်ရောက်နားထောင်ခဲ့ပြီး တရားလို သက်သေ နှစ်ဦးကို ခေါ်ယူစစ်ဆေးခဲ့သည်ဟု သူက ပြောသည်။
“ ခေါ်ယူ စစ်ဆေးတဲ့ နေရာမှာလည်း တရားလိုသက်သေထဲက အရေးကြီးတဲ့ သူတွေကို အဓိက စစ်ဆေးတာ မဟုတ်ဘဲ နံပတ် ၂၀ မှာရှိနေတဲ့ စစ်တွေ အမှတ် ၁ စခန်းမှူး ဦးမျိုးဆွေနဲ့ အစိုးရ ရှေ့နေ တဦးကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ တရားခံဘက်က ရှေ့နေ ဒေါ်အေးနုစိန်ကတော့ တရားလို သက်သေ စခန်းမှူး ဦးမျိုးဆွေကို မေးခွန်း ၅ ခုနဲ့ တရားလို အစိုးရ ရှေ့နေကို မေးခွန်း တစ်ခု မေးမြန်း ခဲ့တာကို တွေ့ရပါတယ်” ဟု ပြောသည်။
ရှေ့နေမ ဒေါ်အေးနုစိန်မှ ဖေါ်ပြပါ မေးခွန်း ၅ကို မေးမြန်းခဲ့သည်။
(၁) ဆရာတော် အရှင် ပညာစာရ စုဆောင်းထားတဲ့ စာအုပ်စာပေတွေကို လေ့လာဖတ်ကြားရင်း အမျိုးသား စာပေဆုရသွားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို သိပါသလား။ (၂) နိုင်ငံခြားသားများ ဆရာတော် စုဆောင်းထားသော စာအုပ်စာတန်းတွေကို လေ့လာ ဆည်းပူးဖို့ မကြာခဏ စစ်တွေကို ရောက်ရှိပြီး ထိုထဲက တဦး ရခိုင်သမိုင်းနဲ့ ဒေါက်တာဘွဲ့ရသွားတာကို သိပါသလား။ (၃) ဆရာတော်ရဲ့ ပရဟိတ ကျောင်းကို စပိန်က ငွေကြေး ထောက်ပံ့တယ်ဆိုတာ သိပါသလား။ (၄) စင်္ကာပူက လှူဒါန်းတဲ့ ငွေကြေးတွေနဲ့ စာအုပ် စာတန်းတွေကို ၀ယ်ယူစုဆောင်းတယ်ဆိုတာ သိပါသလား (၅) ဆရာတော်ကျောင်းတိုက်မှာ စာကြည့်တိုက် ၂ ခုရှိတယ် ဆိုတာသိပါသလား စသည်တို့ ဖြစ်သည်။
၎င်းအပြင် ဒေါ်အေးနုစိန်မှ အစိုးရ ရှေ့နေအား ဆရာတော် သီတင်းသုံးနေရာ ကျောင်းဝင်း အတွင်းတွင် ဆရာတော်၏ မယ်တော် အုတ်ဂူရှိတယ်ဆိုတာ သိပါလားဟု မေးမြန်းခဲ့သည်။
“ အဲဒီ တရားလိုတွေက အရှင်ပညာစာရကို သမိုင်းသုတေသီဆိုတဲ့ အချက်ကို ပယ်ဖျက်လိုတဲ့ အတွက် သူဟာ သမိုင်းသုတေသီ မဟုတ်ကြောင်း တင်ပြလာတဲ့ အပေါ်မှာ ဒေါ်အေးနုစိန်က ခုလို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ တရားလို ရှေ့နေက ကလေးတွေ အလောင်းတွေကို ဖျောက်ဖျက် တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဆရာတော်ရဲ့ မယ်တော် အုတ်ဂူ ရှိတယ် ဆိုတာကို သိသလားလို့ မေးတာ ဖြစ်ပါတယ်။ ကလေးတွေကို ကျောင်းတိုက်မှာ မြုပ်နှံထားတဲ့ ကိစ္စကိုကျတော့ တရားစွဲတယ်။ မယ်တော်ကို မြုပ်နှံထားတာကို ကျတော့ သူတို့က ဘာမှ မပြောတဲ့ အတွက် ဒေါ်အေးနုစိန်က အချက်ကျကျ မေးမြန်းခဲ့တာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။
တရား စစ်ဆေးမူကို နေ့လည် ၂ နာရီတွင် ရပ်နားခဲ့ပြီး နောက်ထပ် ရုံးချိန်းကို သြဂတ်စ်လ ၃၀ နေ့တွင် တရားရုံးက ပေးခဲ့သည်ဟု သိရသည်။
သြဂတ်စ်လ ၁၇ ရက်နေ့က စစ်ဆေးခဲ့သော ဒုတိယအကြိမ် ရုံးချိန်းတွင် အစိုးရ တရားလို သက်သေ နှစ်ဦး ဖြစ်သည့် ဦးထွန်းသိန်းနှင့် ဒေါ်မာလာအား စစ်ဆေးခဲ့သည်။ ဒေါ်မာလာအား စစ်ဆေးမေးမြန်းရာ သူမက မိမိ အနေဖြင့် ဆရာတော်နှင့် ဖေါက်ပြန်ခဲ့ခြင်း မရှိကြောင်းနှင့် ဆရာတော်အား စွပ်စွဲရခြင်းမှာ တရားစွဲဆိုသူများမှ ကျပ် သိန်း ၂၀ ကို မက်မော ရယူလိုသဖြင့် ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။
ဆရာတော်၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်ကြောင်း သိရသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
Читать статью
Добавить комментарий
ရခိုင်ပါတီ ဆွေမျိုးများကို ရဲခေါ်စစ်မှု ကန့်ကွက်
Опубликовано 24.08.2010
kyaukphru
Метки: သတင်း
နယူးဒေလီ (မဇ္ဈိမ) ။ ။ ပါတီခေါင်းဆောင်များ၏ ဆွေမျိုးများကို လုံခြုံရေးတပ်ဖွဲ့များက ခေါ်ယူစစ်ဆေးနေမှုကို တားမြစ်ပေးရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး (RNDP) ပါတီက ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်သို့ ယခုလ ၂ဝ ရက်နေ့က တိုင်ကြားလိုက်သည်။
ယခုလဆန်းမှစ၍ RNDP ခေါင်းဆောင်အချို့၏ ဆွေမျိုးများကို ရဲ၊ အထူးရဲသတင်းတပ်ဖွဲ့ (SB) နှင့် ဒုစရိုက်နှိမ်နင်းရေး (ဒန) တပ်ဖွဲ့ဝင်များက ကိုယ်ရေးအချက်လက်များနှင့် RNDP ပါတီအကြောင်း စစ်ဆေးမေးမြန်းခဲ့သည်ကို ပြည်ထောင်စုနှင့် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်များထံ စာရေးသား ကန့်ကွက်ခြင်းဖြစ်သည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အလံ
“အမျိုးတွေက ဒီလိုမေးမြန်းခံရတာတွေရှိတော့ ကြောက်ပြီး ကျနော့်ကို စိုးရိမ်တကြီးနဲ့ ပြောကြတယ်၊ နိုင်ငံရေး မလုပ်နဲ့တော့လို့။ အခုလို ပြည်သူတွေက နိုင်ငံရေးနဲ့ပတ်သက်ပြီး အကြောက်တရား လွှမ်းမိုးနေချိန်မှာ ဒီလိုလုပ်ခြင်းဖြင့် ပါတီဝင်ဖို့ရော၊ ပါတီကို အားပေးထောက်ခံဖို့ကိုပါ ခြိမ်းခြောက်နေပါတယ်” ဟု RNDP အတွင်းရေးမှူး ခိုင်ပြည်စိုးက မဇ္ဈိမကို ပြောသည်။
လဆန်းက စစ်တွေမြို့နယ် RNDP အတွင်းရေးမှူး ဦးအောင်မြကျော်ကို ရဲတပ်ဖွဲ့နှင့် ဒုစရိုက်နှိမ်နှင်းရေး (ဒန) က သီးခြားစီ ခေါ်ယူမေးမြန်းခဲ့သလို မောင်တောမြို့တွင် နေထိုင်သည့် ၎င်း၏ ညီကို SB က စစ်ဆေးမေးမြန်းခဲ့သည်။ မင်းပြားမြို့နယ် သစ်ပုပ်တောင်ကျေးရွာတွင် နေထိုင်သည့် ခိုင်ပြည်စိုး၏ အမကိုလည်း ကျေးရွာ ရယကမှတဆင့် မြို့နယ် SB တပ်ဖွဲ့က ခေါ်ယူမေးမြန်းခြင်း၊ အကိုဖြစ်သူ၏ နေအိမ်သို့ အထူးရဲသတင်းတပ်ဖွဲ့က လာရောက်စစ်ဆေးခြင်းများ ရှိခဲ့သည်။
ထို့အပြင် စစ်တွေမြို့ RNDP ရုံးချုပ်ရှေ့ ပါတီကြော်ငြာဘုတ်တွင် ကြေညာချက်နှင့် ကြွေးကြော်သံများ ရေးထားသည်ကို ပြီးခဲ့သည့်လ ၂၇ ရက်နေ့ နောက်ပိုင်း SB က နေ့စဉ် ဓာတ်ပုံရိုက်ယူလေ့ရှိရာ ကော်မရှင်သို့ ကန့်ကွက်စာပို့ပြီး နောက်တနေ့ နံနက်တွင် မိုးရွာသဖြင့် သိမ်းဆည်းထားသည့် ယင်းကြော်ငြာဘုတ်ကို အာဏာပိုင်များက ရုံးအတွင်း ဝင်ကာ ဓာတ်ပုံရိုက်သွားကြောင်းလည်း သိရသည်။
“’အရင်က SB ပဲ လာပြီး ဓာတ်ပုံရိုက်တာ။ အခုတော့ (ဒန) ရယ်၊ ရဲတပ်ဖွဲ့ရယ် ပေါင်းပြီးလာတော့ တရုန်းရုန်း ဖြစ်သွားတာ” ဟု ခိုင်ပြည်စိုးက ပြောသည်။
မိဘမဲ့ကလေးများကို စောင့်ရှောက်ပေးနေသည့် စစ်တွေမြို့မှ ဆရာတော် ဦးပညာစာရအကြောင်း RNDP က ကြေညာချက်ထုတ်သဖြင့် သတင်းမှားများ ဆက်ထုတ်လျှင် ပါတီဖျက်သိမ်းပစ်မည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ယခုလ ၁၁ ရက်က ခေါ်ယူသတိပေးခဲ့သေးသည်။
ဦးပညာစာရမှာ ယခုအခါ စစ်တွေမြို့ အကျဉ်းထောင်တွင် ချုပ်နှောင်ခံနေရပြီး လိမ်လည်မှု (ပုဒ်မ ၄၂ဝ)၊ သာသနာတော် ညှိုးနွမ်းစေမှု (၂၉၅၊ ၂၉၂)၊ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှု (၄ဝ၆)၊ အစိုးရကို အကြည်အညို ပျက်စေသော စာရွက်စာတမ်းများ လက်ဝယ်ထားရှိမှု (၅ဝ၅ - ခ)၊ စည်ပင်အက်ဥပဒေ (၆၈ - ဂ)၊ နိုင်ငံခြားငွေ လဲလှယ်မှု အက်ဥပဒေ (၂၄ - ၁) ဖြင့် ယခုလ ၁ဝ ရက်နေ့တွင် တကြိမ်၊ ၁၇ ရက်နေ့တွင် တကြိမ် စစ်တွေခရိုင် တရားရုံးတွင် အစစ်ဆေးခံနေရသည်။
နိုဝင်ဘာရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ စစ်အစိုးရဝန်ကြီးများ ဦးဆောင်သည့် ကြံ့ဖွံ့ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ရခိုင်တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု၊ မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေး၊ မြိုတိုင်းရင်းသား၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမန်အမျိုးသား ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
Читать статью
Добавить комментарий
←
позже
http://vzochat.com/ru/blog/tag/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/page/2
CTRL
раньше →
http://vzochat.com/ru/blog/tag/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/page/4