ငသလောက်ပေါင်းအစိုးရနှင့် အနာဂတ်မြန်မာနိုင်ငံတော်

Опубликовано 26.01.2012 နေမင်း

ပီးခဲ့သောမနေ့က .၃၀.၃.၂၀၁၁.နေ့က အစိုးသစ်ဟု သတင်းမီဒီယာ များနှင့်သတင်း ၀က်ဆိုက်ဒ်များက အဖန်တလဲလဲ ပြောနေသော ဗိုလ်ချုပ်ကြီး သိန်းစိန် ခေါ်ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရ အသစ်အား ယခင် နိုင်ငံတော် အေးချမ်း သာယာေ၇းနှင့် ဖွံ့ဖြိုးရေး ကောင်စီက .၂၀၀၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရ အပြီးအပြတ် အာဏာလွဲ လိုက်သည်ဟု ပြည်တွင်း သတင်းစာများ၊ မီဒီယာများက တခန်းတနား ဖေါ်ပြကြသည်၊

ကျနော့်အနေဖြင့်ပြောရရင်တော့ အစိုးရသစ်. အစိုးသစ်ဟု ပြောသံများကို သေချာ စဉ်းစားကြည့်မိသည်၊
အစိုးရသစ်ဆိုတာ ဘယ်လို အင်္ဂါ ရပ်များနှင့်ညီညွတ် ရမည်လဲ?.
ယခင် နအဖ အဖွဲ့နှင့် ယနေ့ဦးသိန်းစိန် အစိုးရသည် မတူဘူးလား.?.
အကယ်၍မတူဘူးဆိုပါက ဘယ်လိုမတူကွဲပြားပါသလဲ.?
ထို့ကြောင့်ကျနော် ဘာသာ တယောက်တည်း စဉ်းစား သုံးသပ်ကြည့်မိသည်၊

ယခုဦးသိန်းစိန်သည် ယခင် နအဖအဖွဲ့ထဲတွင်လည်း ဗိုလ်ချုပ်ကြီး သိန်းစိန်ဟု ဆိုကာ အာဏာသိမ်း စစ်အစိုးရ အဖွဲ့တွင်လည်း ပါဝင်ခဲ့၏ ။

ယခုလည်းထိုဗိုလ်ချုပ်ကြီးသည် ဦးသိန်းစိန် အမည်နှင့် စစ်ယူနီဖေါင်း ချွတ်ကာ သမ္မတဦးသိန်းစိန် ဆိုပြီးတော့ ပါလာပြန်လေပြီ၊ ဆိုတော့ကျန်သောအဖွဲ့ဝင်ဝန်ကြီးများတွင်လည်း ယခင် ဗိုလ်ချုပ် ဟောင်းများ၊ ဗိုလ်ချုပ်ကြီး ဟောင်းများပင် တသီတတန်းကြီး ပါလာလေ။

အားလုံးသည်မောင့်ကျက်သရေ ခေါင်းပေါင်းနှင့် ချိပ်ကြီးပုဆိုး၊ ယောင်္ကျားအဆင်လား ၊မိန်းမအဆင် လား မသိ၊
ခပ်တည်တည်နှင့်ဝတ်၍ ထွက်လာကြ လေပြီ။

ကျနော်အယူအဆပြောရရင် အနုပညာ လောကသားများ၊ နိုင်ငံေ၇း လောကသား များ၊ မီဒီယာလောက သားများက အာရုံစိုက်ပြီး ချောင်းနေကြသည်၊
ကျမ်းသစ္စာ ကျိန်ပြီး ပြီဟေ့ လဲဆိုရော... ဒီနေ့ပြီး တချို့က ဒီနေ့တင်ပဲ ဒါတွေပြင်သင့်တယ်၊
ဟိုဟာတွေပြင်သင့်တယ်၊ပြောကြ၏ ..
တချို့ကတော့ ကျမ်းသစ္စာကျိန်ပြီးနောက်.. နောက်တနေ့မှာ ပြောကြ၏..ဆိုကြ ၏ ...

ကျနော်အယူအဆပြောရရင်တော့ ဗိုလ်သန်းရွှေကြီး ကတော့ ရီနေလောက်ပြီထင်သည်၊
ကိုယ့်ဇတ်ထုတ် ဇတ်ညွှန်းကိုယ် ရေးထား၊ ကိုယ် ဒါရိုက်တာ၊ ကိုယ် ထုတ်လုပ်သူ..မင်းသားကျတော့ ကျနော်တို့ ငယ်ငယ်က ခေတ်စား ခဲ့သည့် ရုပ်သေးရုပ်လိုပင်.. ရုပ်သေးရုပ်သည် သူ့အလိုလို ဘာမှ လှုပ်၍မရ ..
.ကြိုးဆွဲသူက လိုရာကိုကြိုးဆွဲမှာ က ပြ ရသည့် အမှန်စင်စစ် အရုပ်တရုပ်မျှသာပင်ဖြစ်တော့သည်။

ဦးသိန်းစိန်မှ မောင်စိန်သိန်း ပြောင်းပြောင်း၊ နံမည်ပြောင်းတာဘဲဖြစ်သည်.ဘာမှ အရာမထင်၊
အကြောင်းမထူး၊ထူးသည်က စစ်ယူနီဖေါင်းနဲ့ တိုက်ပုံ ချိတ် ပုဆိုးလား ချိပ်ထမီလားမသိ .. အဲဒါတွေပဲ ပြောင်းသည်၊

ဒါကို ဘဲ ပြောင်းလဲမှုလို့ပြောလိုကပြောလို့တော့ရသည်၊
သို့သော်. အ၀တ်အစားပြောင်းရုံနဲ့တော့ ဘာမှ အကြောင်းမထူး၊ တိုင်းပြည်လူထု စီးပွားရေး ကျပ်တည်း စုတ်ပြတ်နေတာကို ဘာမှ သက်ရောက်မှု့မရှိ၊
တမြေထဲနေတရေထဲသောက်သည့်ကိုယ့်ညီအကို အချင်းချင်း တိုက်နေသည့် ပြည်တွင်း စစ်ပွဲများလည်း ရပ်စဲလိမ့်မည် မထင်၊
ထောင်တွင်း အကျဉ်းချထားသည့် ဒေါင်ဒေါင်မည် နိုင်ငံေ၇း လှုပ်ရှားသူ. ၈၈.မျိုးဆက် ကျောင်းသား အုပ်စုများ ကိုသော်၎င်း၊ ရွှေဝါရောင် တော်လှန်ရေးတွင် လက်ချ့ည်းဗလာ ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖေါ်ခဲ့သည် ဖြူစင်သော ရဟန်း သံဃာတော် များကို လည်း၎င်း၊ တကိုယ်တော်ဆန္ဒပြခဲ့သည့် ရဲရဲတောက် မျိုးချစ်များကို လည်းကောင်း၊လုံးဝ စဉ်းစား လိမ့်မည်မဟုတ်ပေ၊

ဦးသိန်းစိန်ခေါ် သမ္မတကြီးဦးသိန်းစိန်သည် အာဏာပြည့်ဝစွာ အသုံးချခွင့်လုံးဝမရှိ၊
ကြိုးဆွဲရာ က ရမည့်ရုပ်သေးအရုပ်တရုပ်သာဖြစ်သောကြောင့်ပင် ဖြစ်တော့သည်၊
ထို့ကြောင့်ထိုဦးသိန်းစိန်သည် မည့်သည့်ထောက်ခံချက်မှ မပေးနိုင်၊
မည်သည့်ဂတိကိုမျှလည်းမပေးခဲ့၊ အဘယ်ကြောင့်ဆိုသော် ထိုဦးသိန်းစိန်သည်သူ့ ကိုယ့်သူ သူ သိ၏ .

.မသိသည်က ဒီမိုကရေစီအမည်ခံ လွှတ်တော် အမတ်ဆိုသူများနှင့် တချို့သော အတိုက်အခံ ပါတီများ တို့ဖြစ်သည်။
သမ္မတကြီး ဦးသိန်းစိန်သည်ရွေးကောက်ပွဲမ၀င်ပါကသူ့ တွင်အလုပ်ရှိတော့မည်မဟုတ်၊စစ်တပ်ကလဲထွက်ရမည် ဘာမှ လက်ဆုပ်လက်ကိုင် မရှိပဲ အခန့်မသင့်လျှင် သူရမြင့်အောင် နောက် လိုက်သွားရ နိုင်သည်၊

ဒါကို ဦးသိန်းစိန်ကောင်းကောင်း သဘော ပေါက်လေသည်၊ ထို့ကြောင့် တလသိန်း ၅၀ နှင့် အဆောင် အယောင် ကား၊ တိုက်၊ လုံခြုံေ၇း၊ အစရှိသည်တို့နှင့်ခပ် တည်တည် နေနိုင်ပေမည်၊
ဗိုလ်သန်းရွှေသည်ပြုံးနေလောက်တော့မည်၊ ဗိုလ်မောင်အေးလည်း အရင်အတိုင်း အရက်သောက်မပျက်၊
နိုင်ငံတကာက ဆူသံပွက် သံများကိုလည်း နားညီးစရာ မလိုတော့ပြီ၊
သူတို့အစား ဦးသိန်းစိန် ကြားဝင် နားပူခံတော့မည်၊
သူတို့ကိုယ်စား ဦးသိန်းစိန်အာညောင်းအောင်ပြောတော့မည်၊

အခင်းအကျင်းကတော့သူ့ဟာနဲ့သူတော်တော်ပီပြင်သည်၊
သို့သော် အတိုက်အခံပါတီကြီးတခုကတော့မြွေ မြွေချင်း ခြေမြင်သည်၊
ဒီလောက်တော့မညံ့..

သမ္မတကြီးဦးသိန်းစိန်ကိုလည်း ဗိုလ်သန်းရွှေက နဲနဲမှမယုံ...ဒါကြောင့် ယူနီဖေါင်းပင် မချွတ်သေးပဲ.. နိုင်ငံတော်ကာကွယ်ေ၇းနှင့်လုံခြုံရေးကောင်စီဆိုပြီး UN ..က လုံခြုံေ၇း ကောင်စီကို အားကျ၍ပဲလားမသိ၊
စတန့်ထွင်၍ဖွဲ့ထားလိုက်ပြီး နောက်ကနေ သမ္မတသိန်းစိန်ကို နွားဖားကြိုး၍လိုရာကို မောင်းတော့မည်၊

တကဲ့ဖြစ်စဉ်အခင်းအကျင်းအမှန်တွင်မူ ဒီမိုကရေစီအမည်ခံအမတ်များဆိုသူတို့မှာလည်း၎င်း၊ တိုင်းရင်းသားပါတီ အမတ်တို့မှာ လည်း၎င်း၊ ဒီမိုကရေစီ မဆို ထားနဲ့ ဆိုင်ရာိုင်းရင်းသား ဘာသာစကားကို စာသင်ကျောင်း များတွင် ပြဌာန်းသင်ကြားခွင့် လေးတောင် မပေးခဲ့၊
ရအောင်လဲမလုပ်နိုင်ခဲ့၊ဒါတောင်မိုးပြောဂျိုး ပြော.. ဘေးပြော နံပြောနဲ့ အရူးချေးပန်း အရှက်ပြေ ရှောက်ပြောခဲ့သော ပြောဆို သံများ၊ ပြောဆိုသံများ လည်း ကြာလေ ပျောက်လေ ဖြစ်လာတော့မည်သာ ဖြစ် သည်၊

သို့ပေသည့်ွတ်တော် အမတ်မင်း ဆိုသူများသည် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်မှာ သေချာတာ တခုတော့ ရှိသည်၊
နေပြည်တော်တွင် ဒုက္ခခံ၊ စိတ်ညစ် ခံပြီး အောင့်အီး နေခဲ့ရသည့် ကာလက လွတ်မြောက် သွားသည့်အတွက် အမတ်မင်းတို့၏ ဇနီး သားမယားများနှင့် သားသမီးများလည်း ပျော်နေမည်မှာ အမှန်ပင် ဖြစ်ပေ တော့သည်၊

ရွေးကောက်ပွဲကာလ ပတ်ဝန်းကျင်က ကြွေးကြော်ခဲ့သော် တခြမ်းပဲ့ အတိုက်အခံ ဒီမိုကရေစီ ပါတီ များ၏ လေကြီး မိုးကြီး လူပြိန်းကြိုက် စကားလုံးများဖြစ်သော ..ပူးသတ်မည်၊ လုံးသတ်မည်၊ အထဲရောက်မှ ရသလောက်ပြင်ယူမည်ဆိုသူ အမတ်မင်း တို့ကိုလည်း ဗိုလ်သန်းရွှေက အရင်ပူးသတ် သွားလေပြီ၊

ဗိုလ်သန်းရွှေကပင် အထဲအေ၇ာက်သွင်းပြီး လုံးသတ်သွားလေပြီ၊
ဘာများအမတ်မင်းများ လူထုအတွက်ရလိုက်ပါသနည်း မေးခဲ့သော် ..မည်သို့ ဖြေမည်ကို ကြားချင်လွန်းလှသည်၊
ဗိုလ်သန်းရွှေ သည် လျှင်၏... ပါးနပ်၏...ရွေးကောက်ခံ အမတ်မင်းများ၏ အတွေးအခေါ် လောက်တော့ ဗိုလ်သန်းရွှေက ပျင်းတောင် ပျင်းသေးတယ်လို့ တကိုယ်ထဲ ကြိတ်တွေးပြီး ရီနေအုန်း တော့မည်မှာ သေချာလှသည်၊

နောက်ဆုံးတော့ အတိုက်အခံ အမတ်မင်းတို့ သည်လည်း ဘာမှ လုပ်မရ အတူတော့ ..မထူးပါဘူး ..

အထဲမှာတင် သူတို့နဲ့ပြေလည်အောင် ပေါင်းပြီး စားလိုက်တာ အေးတော့မည်ဟု ဆုံးဖြတ် လိုက်ကြတော့မှာ သေချာ လှသည်၊

.. အေး ..နောက်ဆုံး အခြေအနေ တခုတခုမှာတော့ ဗိုလ်သန်းရွှေ ခင်းထားသော အခင်းအကျင်း ထဲမှာ အစိုးသစ်ဆိုသော သမ္မတနှင့် ၀န်ကြီးများသော် ၄င်း ၊အတိုက်အခံ အမတ်မင်းတို့သည်၎င်း၊ ငသလောက် ငါးနှင့်တူတော့သည်၊
အဘယ်ကြောင့်ဆိုသော် ငသလောက် ငါးသည် ကြော်စားပါကလည်း အရိုးများ သဖြင့် စားမကောင်းချေ.
.ချက်စားပါကလည်းအရိုးများသောကြောင့်ပင် စားလို့မကောင်း၊ သို့သော်.. ပေါင်းစားလိုက်သော် အခါ ငသလောက်ငါး၏ အရိုး လည်း မစူးပဲ အရိုးပါစားလို့ ရသဖြင့် စားရသည်မှာ အရသာရှိလှတော့သည်၊

ထို့အတူပင် လွတ်တော်အထဲေ၇ာက် အတိုက်အခံ အမတ်များ၊ တိုင်းရင်းသား အမတ်ဆိုသူ များသည်လည်း ဦးသိန်းစိန် အစိုးရ ၀န်ကြီးများ အားလုံးနှင့် အရိုးစူး မခံဘဲ ငသလောက် ငါးပေါင်း စားသကဲ့သို့ အားလုံးပျော်ပျော် ပါးပါး ပေါင်းစား ကြတော့မည် မှာ မကြာခင် မျက်ဝါးထင်ထင် မြင်ရ တွေ့ရ ပေအုန်းတော့မည်မှာ မြေကြီး လက်ခတ်မလွဲပင် ဖြစ်ပေတော့ သတည်း။

Обсуждение

SALEISHA на 28.01.2012 сказал:

ကောင်းလိုက်တဲ့ ငါးသလောက်ပေါင်း blog.

Добавить комментарий

Пожалуйста, войдите на сайт или зарегистрируйтесь, чтобы:
  • просматривать полные профили пользователей;
  • искать новых пользователей;
  • писать комментарии;
  • отправлять личные сообщения.
← ပြည်သူပိုင် စီးပွားရေးလုပ်ငန်း…   Вернуться в блог   သမ္မတကြီး၊ လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ … →
© 2006-2012 бесплатный видео чат VZOchat! Все права защищены.
Нашли ошибку на сайте или в переводе? Выделите её и нажмите Ctrl + Enter.
Rating@Mail.ru Rambler's Top100