မေမေ့ရဲ့သားလေး
Išsiųsta 2010.03.14 iki
shweyoat
“အူဝဲ ....၀ဲဟဲ ၀ဲ ဟဲ........”
အသံတွေကြားနေရတယ် ။ညက ညလယ်ယံ မြတ်နိုးမေ သီချင်းဆိုပြီး အပြန်ပေါ့ ။ ဗယ်ရီကားကိုလမ်းထိပ်မှာရပ်ခိုင်းခဲ့တယ် ။မြတ်နိုးမေက တစ်ကောင်ကြွက် သူအဖေနဲ့ အမေက သူမမွေးခင်ကတည်းကဆုံးသွားတာ အဲလေ ...အဲ့လိုဆိုဘယ်လိုမွေးမတုန်း ဇာတ်လမ်းက ဒီမှာဘဲရပ်သွားမှာပေါ့ ။ အဲ့တော့ မြတ်နိုးမေ အဖေက နှလုံးရောဂါရှိတယ် ။မြတ်နိုးမေအမေက မြတ်နိုးမေကိုမွေြး့ပီးဆုံးတော့ သူ့အဖေက သူ့ မိန်းမသေတယ်လဲကြားရောနှလုံးဖောက်ပြီးဆုံး အဲ့တော့ြ့မတ်နိုးမေကတစ်ကောင်ြ့ကွတ် ။သူ့ကိုသူ့အဒေါ်က ကျွေးမွေးထားတာ ။ခုဆို သူက ပထမနှစ်ဘဲရောက်ပြီ ။ဒါပေမယ့် ကံမကောင်းချင်တော့ သူ့အဒေါ်က နှစ်လုံးထီ မှုနဲ့ ထောင်ကျသွားရော ။ အဲ့တော့ သူတစ်ယောက်တည်းလုပ်တတ်တာဆိုလို့လဲ သီချင်းဆိုတတ်တာဘဲရှိတော့ အဆိုတော်အလိုရှိတယ်ဆိုရင် သူသွားလျှောက်ရော လစာလဲကောင်းတယ် အစဉ်လဲပြေတယ်။ ဒါပေမယ့် အရက်သောက်ထားတဲ့ သူတွေက ပန်းကုံးလာစွပ်တာဘဲစိုးတယ်။
“အူဝဲ....၀ဲဝဲ...၀ဲ..”
“အယ် ကလေးသရဲလားသိဘူး ...ဘုရားဘုရား....”
ခြေလှမ်းတွေက တွန့်ဆုတ်ဆုတ်နဲ့ ။
“ဟင် ......... ခြင်းထောင်လေးနဲ့ ............”
မြတ်နိုးမေတအံ့တသြရေရွတ်မိတယ် ။ ခြံရှေ့က အပင်ကြီးအောက်ရဲ့ မြေပြင်ပေါ်မှာ အသီးတွေထည့်သလိုမျိုးကြိမ်ခြင်းထောင်းလေးထဲမှာ အနှီးဖြူဖြူလေးနဲ့ လှုပ်စိစိလေးမြင်ရပါတယ်။
ဒါပေမယ့် အဲ့နားကဖြတ်မလျှောက်ရဲ လူတွေလဲ အကုန်အိပ်ကုန်ကြပြီ ။ ကလေးငိုသံမှလွဲ၍ ဘာသံမှမကြားရ။ခြံတံခါးကို တိုးတိုးလေး ဖွင့်လိုက်တယ်။အသံကြားရင်အဲ့ထဲကကလေးကြားပြီးထွက်လာမှာ
ကြောက်သေးတယ်။ ဒါပေမယ့် ကလေးငိုသံက ပိုပြီးကျယ်လောင်လာပါတယ် ။ ခနနေကြတော့ မိုးတွေချိန်းလာပါတယ် ။ရှေ့ကကလေးငိုသံကကျယ်လောင်ဆဲ။ စိုးရိမ်စိတ်သေးသေးလေး ရင်ထဲကိုဝင်လာတယ်။ ဒီကလေးလေးသာမိုးမိရင်ဆိုတဲ့ အတွေးနဲ့အတူးြေ့ခလှမ်းတွေက ခြံရှေ့မှ အပင်ကြီးအောက်သို့
``အူဝဲ ......´`
အနှီးလေးကို လက်လေးနဲ့မလိုက်တယ် ။ ကလေးလေးနီထွေးဥနေတာဘဲ (ဟုတ်တယ်နော် ကလေးတွေက နီထွေးဥနေတာ ) အသဲယားဖို့ကောင်းတယ် ။ နှုတ်ခမ်းသေးသေးလေးကိုကြည့်ရင်းအသဲတွေ ယားလာပါတယ်။
ကောက်ကိုင်လိုက်တော့ အနှင်္ီးကစိုနေတာတွေ့ရတယ် ။ အဲ့အချိန်မှာဘဲ မိုးဖွားလေးတွေကျလာပါတယ် ။ကလေးထည့်ထားတဲ့ ခြင်းထောင်းလေးကို ဆြွဲုပီး အိမ်ဘက်ဆီသို့အမြန်ပြေးလာလိုက်ပါတယ် ။အဲ့အချိန်မှာဘဲ မိုးက သည်းထန်ရွာရွာလိုက်ပါတယ်။ ကလေးအနှီးကိုဖယ်ရှားပြီး သူ့ရဲ့သဘက်ကြီးခြုံပေးလိုက်ပါတယ် ။ ကလေးက ခြင်းထောင်းထဲမှာနေရတာပင်ပန်းလို့လားမသိ အိပ်ပျော်သွားတယ် ။ကလေးလေးက ယောင်္ကျားလေး ။ ဘောလုံးကန်စားခိုင်းရမယ် ခုဆိုဘောလုံးသမား တွေ လစာကောင်းနေတာ ။အယ် ....... ကလေးကိုသူဘယ်လိုလုပ်ရပါ့ ။မနက်ဖြန်မှ ဘေးအိမ်တွေလိုက်မေးကြည့်ရမယ် ။
...............
``အူဝဲ...................´´
ကလေးငိုသံကြောင့်လန့်နိုးလာတယ် ။ကြည့်လိုက်တော့ ခြုံထားတဲ့ သဘက်က သေးတွေရွဲလို့
နောက်တစ်ထည် ဗီဒိုထဲက ထုတ်ပြီး ကလေးကိုပတ်ပေးလိုက်တယ် ။နောက်ကလေးအိပ်အောင်
``ကိုကိုရေ မြန်မြန်လုပ်ရှာ အချိန်မဆွဲနဲ့ ကိုကိုနဲ့နေချင်လှပြီ ချစ်လွန်းလို့ ကံတူအကျိုးပေး ပူစေအေးစေ ချစ်လွန်းလို့ .... ဟင် အိပ်လေ .....´´
ကလေးက မျက်လုံးလေးပြူးကာ သူမ့ကိုကြည့်ရင်းပြုံးနေတယ်။ သူမလဲ ကလေးကိုကြည့်ပြီးပြုံးပြလိုက်တယ်
``အဲ့လိုလား နောက်တစ်ပုဒ်ပေါ့ ... ကလေးရဲ့ ငို ........´´
``ခစ်ခစ် ခစ်ခစ် .....´´
``ဟင် ငိုခိုင်းတာလေ အဲလေ မငိုနဲ့ ... အိပ်အိပ် ...ကလေးရဲ့ ငို ခိုဖမ်းလို့ပေးးးးးးးးးး ပြီးတော့ရော...´´
သီချင်းကအဲ့နားဘဲရတာမို့
``ရဲရဲတောက်ဒို့ ဗမာတွေ သတ္တိခဲတွေ ..... ..................´´
ကလေး အိပ်ပျော်သွားပြီး သူမကလေးလေးကိုကြည့်ရင်း အသဲတွေယားလာတယ် ။ကလေးတွေကတော်တော်ချစ်ဖို့ကောင်းတာဘဲလို့လဲ တွေးမိတယ် ။ နောက်တစ်နေ့မှာတော့ ကလေးကိုခြင်းထောင်းထဲထည့်ပြီးဘေးအိမ်တွေကိုပြကြည့်တယ် ။တစ်ညီတစ်ညွတ်တည်းပြောသည်က
``မိဘမဲ့ဂေဟာကိုပို့ကြဖို့ ..........´´
အဲ့လိုလဲ မပို့ချင် ကလေးကိုလဲ သနားတယ် ။ဒါကြောင့်
``ကလေးထိန်းမယ့်သူတစ်ယောက်လောက်ဘဲရှာပေးကြပါ ။ဒီကလေး ကျွန်မမွေးစားမယ်။ ´´
နောက်တစ်နေ့မှာ သူ့အိမ်မှာ ကလေးတစ်ယောက်နဲ့ နောက်ကောင်မလေးတစ်ယောက်နဲ့ အစဉ်တွေကိုပြေလို့
``သားရေ တီတီပြန်လာပြီ ..... ´´
အိမ်ရောက်တာနဲ့ ကလေးနဲ့ အချိန်တွေကုန်တယ် ။ သားအတွက်ဆိုပြီး ပိုက်ဆံ တွေလဲစုဖြစ်ပါတယ်။ ဒီလိုနဲ့ သံယောဇဉ်တွေကြောင့် စားသောက်ဆိုင်မှာ အဆိုတော်မလုပ်တော့ဘဲ အိမ်ရှေု့မှာ ဆိုင်လေးတစ်ဆိုင်ကိုစုထားတဲ့ပိုက်ဆံနဲ့ ကုန်စုံဆိုင်လေးတစ်ဆိုင်လုပ်ဖြစ်ပါတော့တယ် ။အော် သားလေးနာမည်က မောင်မျိုးဂုဏ်ရှိန် .........ကောက်ရတဲ့နေ့ကို သူ့မွေးသက္ကရာဇ် လုပ်ကာ အဲ့နေ့လေးကိုဘဲနာမည်ပေးလိုက်တာဖြစ်ပါတယ်။ သားလေးစကားပြောတက်ခါစကပေါ့
``မေချီးးးးးးးးးးးးးးးးးးးးးးးး´´
``ဟင် စကောတွေပြားပြီတော့ အဲလေ မယ်နုရေ ..မြန်မြန်လာစမ်း ဒီမှာ သားက .....´´
``မေချီးးးးး ´´
အဲ့နေ့ကစပြီး သားရဲ့ အမေဖြစ်သွားပါတယ်။ သားက တီတီမှမခေါ်တာ ။ ကိုယ်တိုင်ကိုက မေချီး ဖြစ်သွားတယ် ။ ကလေးက လက်ကီးကောင်းမှကောင်း ။ ခုရ့ပ်ကွက်ထဲမှာ မြတ်နိုးမေ ကုန်စုံဆိုင်မှာ မရတာမရှိ အန်းလီမှ စကာ ရှမ်းပြည်က ခေါပုတ်အထိရတယ် ။ ကလေးလဲ စကားပြောတတ်လာသလို မြတ်နိုးမေလဲ ကုန်စုံဆိုင်လေးက ၀န်ထမ်းတွေ ခေါ်ရသည်အထိအစဉ်ပြေလာပါတယ် ။
``သားရေ မနက်ဖြန် မေချီး ဘွဲ့ယူရတော့မယ် ။အဲ့တော့ သားလေးမေချီးနဲ့လိုက်မလားးးး´´
``ရိုက်မယ် သားသားရိုက်မယ် ...ဟေ့ဟေ့ မယ်ရုရေ သားသားရိုက်ကြွားမယ်...´´
``အေး ရိုက်ကြွားရိုက်ကြွားးး´´
မယ်နုကိုတော့ ဆိုင်တာဝန်ခံအဖြစ်ထားပြီး လစာပိုပေးထားရပါတယ်။ အားလုံး အတွက်အားကိုးရခြင်းပေ။ ``သားလေး ကို ပုဆိုးချုပ်ပေးမယ် တိုက်ပုံနဲ့ နောက်ပြီး အောကတ္တီပါ ´´
``အယ် မမက မမသားဘဲစဉ်းစားနေတယ် မမကဘာဝတ်မှာလဲ ´´
``ငါလား အင်း ...ဒီလိုပေါ့...............´´
..................................
ဘွဲ့ယူတဲ့နေ့မှာ
``အယ် ကြည့်စမ်းပါဦး ရုပ်ကလေးက ပြောစရာမရှိဘူး ဒါပေမယ့် ကလေးက လက်ဆွဲလို့ ...´´
အဒေါ်ကြီးတွေက သူ့တို့ရဲ့ သဘာဝ အတိုင်း ဝေဖန်ကြပါတယ် မြတ်နိုးမေက
``ပပ ကလေးကိုခဏခေါ်ထား ငါ တွိုင်းလက် သွားဦးမယ် ...´´
``မယ်မဒီလေးလားမှားမိတယ် သူကကွယ် သိပ်ချောချောလွန်းတယ် ကေသာလေးက ပုတုန်းရောင်ခြည်လှနိုင်လွန်းတဲ့ကာရံလေးရယ်........´´
`ဟယ် ချော်လိုက်တာ အဲလေ ချောတယ် .....´
မြတ်နိုးမေ တစ်ကိုယ်လုံးပူထူသွားပါတယ် ။ ကောင်လေး သုံးယောက် အဲ့ကောင်လေးတွေကိုသူသိတယ် ။အခု နာမည်ကြီးနေတဲ့ အဆိုတော်အဖွဲ့ (really ) အဖွဲ့ပါ ။ သူ့ကို ခလယ်က ကောင်လေးက ပြုံးကြည့်ပြီး ဆိုနေတာကြောင့် သူ အသက်ရှုတွေမှားလာပါတယ် ။သားလေးရောက်လာပြီးကတည်းက ရပ်ကွက်ထဲက သူ့ကိုကြိုက်နေတဲ့သူတွေ ရှောင်သွားကြတာ။နောက် သူ ဆိုင်လေးအစဉ်ပြေလာတော့ ပြန်ကပ်တဲ့သူတွေ သူအကုန် လှစ်လျူ ရှုထားခဲ့ပါတယ် ။ခုတော့ နှလုံးသားတစ်ခု ခလုတ်တိုက်ပြီပေါ့။ အလယ်ကကောင်လေးနာမည်လဲ သူသိတယ် really က ပွန်းပွန်း ။ သူအိမ်သာကိုသွားရမှာ ရှက်လာသလိုလိုခံစားလာရပါတယ် ။ အဲ့ဒါနဲ့ အောင့်ပြီး ပြန်လှည့်ထွက်ခဲ့တယ် ။ သူသွားတဲ့လမ်းကို ကားလေးက တောက်လျှောက်ကပ်ပါလာတာကိုလဲ သူသိပါတယ်။ ဘွဲ့နှင်းသဘင်ခန်းမရှေ့ရောက်တော့ သူ့မသားလေးကိုသတိရတယ် ။ နောက်က ကားတံခါးဖွင့်ပြီး လိုက်လာကြတာကိုလဲ သိတယ် ။ သူမသားလေးဆီကို ခပ်သွက်သွက်
``လှလိုက်တာ ဒီလောက်လှတာ ခုမှမြင်ဖူးတယ် ကြည့်ပါဦး .. ငါတို့ မေဂျာတူတွေနော်...´´
``အေး မင်းကလဲ အဲ့ဒီလောက် လိုက်မငန်းနဲ့လေ ... သူ့မာမီတွေတွေ့သွားရင် မင်းကိုကွိုင်နေဦးမယ် ...´´
``မေချီးရေ................´`
``သားလေး.........´`
``အယ်သေပြီဆရာ .... ´´
``ဟားဟား မင်းကတော့လေ ..........´´
မြတ်နိုးမေလဲ ရှက်သွားပါတယ် ။သားကြောင့်ရှက်ဖူးတာ ဒီတစ်ခါ ပထမဆုံးအကြိမ်ပါ ။ သူတို့သုံးယောက်ကိုကြည့်တော့ ကောင်မလေးတွေ ကြားမှာ လက်မှတ်ထိုးပေးတဲ့သူနဲ့ ဓါတ်ပုံတွဲရိုက်သူတွေနဲ့ပါ ။ ခဏကြာတော့
``အမ အမ´
သားနဲ့ဓါတ်ပုံ ရိုက်နေရင်းလှည့်ကြည့်တော့
``ဟင်ပွန်းပွန်း ....´´
``ဟုတ်ကဲ့ ကျွန်တော်ပါ အမရယ် အမသားလေးရယ်နဲ့ ဓါတ်ပုံတွဲရိုက်ချင်လို့ပါ ...´´
``ရှင် .......´´
``ဟေ့ရောင် ..ဟေ့ရောင် ငပွန်း သူ့ယောင်္ကျား မင်းကို.....´`
``အာ ပပတို့မမက အပျိုပါ ...´´
``ဟင်....´`
ပပ၀င်ပြောတဲ့ စကားကြောင့် အကုန်လုံးအံ့သြကုန်တယ်။ ကလေးတစ်ယောက်နဲ့ အပျိုဆိုတော့ အကုန်လုံးက ဟာကနဲ ဟင်ကနဲပေါ့
မြတ်နိုးမေက ရှက်ပြီးခေါင်းကိုမော့ထားတယ် အဲ ငုံ့ထားတယ် ။ ဘွဲ့ယူတော့လဲ သူတို့ ကြည့်နေမှာစိုးသောကြောင့် ဘယ်ခြေဘယ်လက်တွေလျှောက်မိတယ် ။မတက်နိုင်ဘူးလေ ....
..............
ဒီနေ့တော့ ဆိုင်ထိုင်ပြီးစာရင်းတွေ လိုက်ရှင်းနေတယ်
``ဆပ်ပြာလိုချင်လို့ ...´´
ကြည့်လိုက်တော့
``ဟင် ပွန်းပွန်း ... ´´
``ဟုတ်ကဲ့ မမြတ်နိုးမေ ဆပ်ပြာတစ်တုံးလောက် ...´´
``ဘာဆပ်ပြာလဲဟင်...´´
``ဆင်ချီးတုံး ..´´
``ရှင် ..´´
``အဲလေ ပရိုကဲဘဲပေးပါ´´
အဲ့လိုနဲ့ မြတ်နိုးမေတို့ အိမ်ကို အဆိုတော် ပွန်းပွန်းတစ်ယောက် မြစ်ပေါက် နေခဲ့ပါတယ်။ (ချောင်းကသေးလို့ ချောင်းထက်ကြီးတာ ပေါက်ခိုင်းလိုက်သည်။.) ပွန်းပွန်းနဲ့ မြတ်နိုးမေခင်လာတော့ သားလေးအကြောင်းလဲ သိလာပါတယ်။ အတိုချုပ်ပြီးရေးရရင်တော့ အဲ့မှာ မြတ်နိုးမေနဲ့ ချစ်သွားကြတယ် ။ ကောင်မလေးက ဘွဲ့ရအတည်တကျလေးဆိုတော့ ပွန်းပွန်းအမေက သဘောတူပေမယ့် ကလေးတစ်ယောက်ပါလာတော့ ခေါင်းကိုခါပြီပေါ့ ။.
``မြတ်နိုး မောင့်ကြောင့်ခေါင်းတွေစားနေပြီလား ..တကယ်တော့ ဒီကောင်လေးက မြတ်နိုးသားလေးလဲမဟုတ်ဘူး နောက်ပြီး ကလေးရဲ့ စရိုက်က ..........´´
``တော်ပြီမောင် သားလေးက မြတ်နိုးဘ၀ပါ ..´´
ပွန်းပွန်းပြန်သွားတယ် ။ မြတ်နိုးသားလေးကိုခေါ်ပြီးရင်ခွင်ထဲထည့်ထားမိတယ် ။ သားလေးသာမရှိရင် မြတ်နိုးဘယ်လို အသက်ရှင်ရမှာလဲ ။
အခြေနေက ဒေါ်လေးထောင်ကပြန်ထွက်လာမှ စိုးတော့သည်။
``ဘယ်နှယ့် ငါထောင်ထဲမှာကတည်းက ထားတယ် ။ခုသွားပြီးပို့ မိဘမဲ့ဂေဟာကို ဘယ်သူ့ကလေးမှန်းမသိ ´´
``ဒေါ်လေးသမီးက စာချုပ်ပြီး မွေးတောမလို့ ´´
``စာချုပ်တာဘဲ ဖြစ်ဖြစ် ၀မ်းချုပ်တာဘဲဖြစ်ဖြစ်လာမပြောနဲ့ ဟဲ့ကောင်လေး မင်း အမေဘယ်သူတုန်း ´`
``ဟာဒေါ်လေးကလဲ ဒီကလေး သေးသေးလေးထဲကရောက်တာလေ ..´´
``မေချီး မေချီးနာမည်မသိဘဲ ဘာတွေပေါနေလဲသိဘူး မောင်းထုတ်ရိုက်လေ ...´´
......................
``မောင် မိဘတွေက ဒီကလေးမပါမှလက်ခံမယ်တဲ့ အဲ့တော့ ...´´
မြတ်နိုးမေ ငိုင်ကျသွားတယ် ။ ပြီးတော့ ......
``မြတ်နိုးစဉ်းစားလိုက်ဦးမယ်မောင်.....´´
မြတ်နိုးတစ်ယောက် သားလေးကိုကြည့်ရင်း မျက်ရည်တွေကျလာပါတယ်။မနက်ဖြန်သားကို သူတို့သွားပို့တော့မယ် ။ဒေါ်လေးက ငယ်ငယ်ကတည်းက မြတ်နိုးအား ကျွေးမွေးလာသဖြင့် အမေလို ချစ်ကြောက်ရိုသေနေရပါတယ်။ ဒေါ်လေးကိုလဲ မလွန်ဆန်ရဲ ။ တယောက်တည်းသော အခန်းကျဉ်းထဲမှာ ရှိုက်ခါငိုမိပါတယ်။
မြတ်နိုးမေဒေါ်လေး ငိုသံကြောင့်လန့်နှိုးလာတယ် ။သူမထပြီးမြတ်နိုးအခန်းကိုကြည့်တော့ ကုတင်ပေါ်ကကလေးကို ငုံ့ကာကြည့်ရင်းငိုနေတဲံ့တူမကိုကြည့်ပြီး
``ဒေါ်လေးက သမီးလေးရှေ့ရေးကိုကြည့်တာပါ ။နောက်တော့လဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာပါ...
ဒေါ်လေးတုန်းကလဲ သမီးလေးကိုမွေးစားခဲ့လို့ နှလုံးသားတစ်ခုကို မျက်ကွယ်ပြုခဲ့ရဖူးတယ် ဒေါ်လေးလူကြမ်းကြီးမလုပ်ချင်ဘဲ လုပ်လိုက်ရတာပါကွယ်...´´
တိုးတိုးလေးြေ့ပာကာ ရင်ထဲက သနားစိတ်တွေ ယိုဖိတ်လာပါတယ်။ မျက်ရည်တွေဝဲလို့ နောက်ကိုပြန်လျှောက်လာခဲ့တယ်။
............
``မေချီးလိုက်ဖူးလား ...မေချီးပါမှသားရိုက်မှာ ဘွာဘွားနဲ့ရိုက်ဘူး.....´´
``မြတ်နိုးမေ နင့်ကိုငါပြောတယ်လေ မနက် ဘုရ့ားဖြစ်ဖြစ်သွားနေပါဆိုမှ...´´
``ဒေါ်လေးကလဲ သမီး ခွင့်ပြုပြီးတောင်ခေါ်သွားဖို့ လိုက်ရောနေတာကို ဒါလေးတော့ခွင့်ပြုပါ´´
``မေချီးပါမှာ ရိုက်မှာနော်.... ´`
``သားမေမေနောက်ကလိုက်လာမယ်လေနော် သားကရေချိုးပြီးပြီဆိုတော့ အရင်သွားနှင့် ´´
``ဂျကယ်ရိုက်မှာရား မေချီး ´´
``ဂျကယ်ပေါ့ သားလေးရယ် ....´´
ပြောလဲပြောမျက်ရည်တွေဝဲနေပါတယ် ။ ဆိုင်ကကောင်မလေးတွေလဲ သားလေးကိုကြည့်ကာ မျက်ရည်တွေခိုးသုတ်လို့ သားရဲ့ ပါးနှစ်ဘက်ကို အားရပါးရနမ်းလိုက်ပါတယ် ။ရင်ထဲမှာအောင့်တက်လာပြီး နေလို့မရဖြစ်လာပါတယ် ။အသက်ကိုကြမ်းကြမ်းရှု့လိုက်တော့
``မေချီး မေချီးကို သား ဦးတော်မယ် ...´`
သားလေးထိုင်ကတော့ပြီ ။မြတ်နိုးမေမှာသာဘာလုပ်ရမှန်းမသိ မျက်ရည်တွေ ပေါက်ပေါက်ကျလို့ အပြင်သွားရင် ထိုင် ကန်တော့ဖို့သင်ထားတာ လဲ ကိုယ်ဘဲ ...ခုတော့ သားရယ်......
သားလေးကားပေါ်တက်သွားတော့ ...မြတ်နိုးကြည့်နေနိုင်သေးတယ် ။။ ကားလဲထွက်ရော ...နောက်ကပြေးလိုက်ခဲ့မိတာကို ကိုယ့်ဘာသာသတိမထားမိခဲ့.။။
``မေချီးရိုက်ရာပြီ တားရက် တားရက်....´`
``ဟင် ....´´
မြတ်နိုးမေဒေါ်လေး လန့်သွားတယ် ။ မြတ်နိုးမေ လမ်းအလည်မှာခွေခွေလေးလဲလို့
``ကားရပ် ကားရပ် ...´`
ကားတံခါးဖွင့်ပေးလိုက်တယ် ။ သားလေးပြေးထွက်သွားတယ် ။မြတ်နိုးမေ ထငုတ်တုတ်ထိုင်ရင်းသားရင်ခွင်ထဲဝင်ဖို လက်နှစ်ဘက်ကိုဆန့်ထားပေးလိုက်တယ် ....
``မေချီးးးးးးးးးးးး´´
``သားလေးးးးးးးး´`
``မေချီး မေချီးမပါဘဲ သားဘယ်မှ မရိုက်တော့ဝူးးးး မေချီး ..´´
``မေချီးလဲ သားကိုခွဲတော့ပါဘူးးသားရယ် ´´
ပွန်းပွန်းတစ်ယောက် မြင်လိုက်ရတဲ့မြင်ကွင်းမှာ ပီတိတွေဖြစ်ပြီး မြတ်နိုးကိုလဲ လေးစားသွားမိပါတယ်။ မိန်းကလေးတွေရဲ့ ရင်ထဲက ဖြစ်ပေါ်လာတဲ့ မိခင်စိတ်က အရမ်းဆန်းကြယ်တာလဲ ခံစားမိသွားပါတယ် ။
``မြတ်နိုးလို မိန်းကလေးကို မောင်ဘယ်တော့မှ လက်လွှတ်ခံမှာမဟုတ်ပါဘူး ကလေးကိုလဲ ကိုယ့်သားလေးလိုချစ်သွားမှာပါ ´´
ရင်ထဲမှာတိုးတိုးငြီးပြီး မြတ်နိုးတို့ နားကိုဖြည်ြး့ဖည်းလျှောက်သွားမိပါတယ် ။ မျက်နှာမှာ အပြုံးလေးခိုလို့ မြတ်နိုးမေ ပြုံးပြီးလျှောက်လာတဲ့မောင့်ကို ကြည်ကြည်နှုးနှုလေးကြည့်မိပါတယ် ။ လောကမှာရှိသောပန်းတွေ အားလုံးမွေးကုန်ပြီလား။ မြင်ရတဲ့ အနာဂတ်ကတော့ ပန်းတွေနဲ့ဖွေးနေပြီလေ...
.....................................................................................
ပြုံးပျော်နိုင်ပါစေ
ရွှေရုပ်