ဘုတ်အီးကောက်မျက်ဖြေသံပေါက်
Išsiųsta 2009.12.23 iki
အေကျော် မြင့်
ဘုတ်အီးလေးကောက် မန်းကျော်ဂေါက် ဆေးရုံရောက်တတ်သည်။
နေ့လည်းမအား ညမနား ချက်တင်ပွား၇သည်။
ဘုတ်အီးကဆူ ဂေါင်းကပူ ရင်ပါပူလာသည်။
ချက်တင်ထိုင်ဆဲ မူးမေ့လဲ သေပွဲဝင်နိုင်သည်။
စာနာပေးရန် သနားခံ တောင်းပန်အပ်ပါသည်။
ဘုတ်အီးမုန်းလျင် အမြန်ပင် သေလိုက်ချင်တော့သည်။
မသေသေးခင် တစ်ခုပင် တောင်းပန်ချင်ပါသည်။
မန်းကျော်ချစ်တာ ဘုတ်အီးသာ သိစေချင်ပါသည်။
ဘုတ်အီးကလွဲ ဖွဲဆန်ကွဲ ရင်ထဲမရှိပြီ။
ဘုတ်အီးငြိုငြင် မုန်းစိတ်ဝင် ရင်တွင်မချိပြီ။
ဘုတ်အီးလေးရာ သိစမ်းပါ ချစ်တာတကယ်အတည်။
ဘုတ်အီးဝေးရာနေရတာ ရင်မှာ မပျော်ပြီ။
နှစ်နှစ်ပြည့်ကာ အမြန်သာ ပြန်လာချင်လှပြီ။
လူကြီးစုံရာတောင်းရမ်းကာ လက်ထပ်ချင်ပါပြီ။