နိုင်ငံတော်သီချင်းဘခင် ဝိုင် အမ် ဘီ ဆရာတင်။ ။
Išsiųsta 2010.03.15 iki အကျော် မြင့်
                                 အခု ကျနော်တို့ဆိုနေကြတဲ့ နိုင်င်တော်သီချင်းကို မွေးထုတ်ပေးခဲ့တဲ   နိုင်ငံတော်သီချင်းဘခင် ဝိုင် အမ် ဘီ ဆရာတင်။    ။
                      နန်းတော်ရှေ့ ဆရာတင်နဲ့ အမှတ် မှားကြတဲ့ ကျနော်တို့  မန္တလေးသားတစ်ယောက်လည်းဖြစ်တဲ့               ၀ိုင်အမ်ဘီသခင်တင်ကို ၁၈၉၃ (မြန်မာနှစ် ၁၂၅၅ တပို့တွဲလဆန်း ၇) မှာ မန္တလေးမြို့ ရွှေဘုန်းရှိန် မင်းသားစုရပ်မှာ အဘ ဦးရန်အောင်, အမိ ဒေါ်သိန်း တို့မှ ဖွားမြင်ပါတယ်။ ဘီတီအင် ခေါ် ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်းနဲ့ ကယ်လီကျောင်းတို့မှာ ပညာသင်ပြီး ၁၉၀၉ မှာ ဆယ်တန်းအောင်ပါတယ်။ အမ်ဘီတီကျောင်းမှာ သုံးနှစ်ခန့် ဆရာ ၀င်လုပ်ပါတယ်။
          ၁၉၁၄ လောက်ကစပြီး သီချင်းတွေ စတင် စမ်းသပ်ရေးပါတယ်။ ၁၉၁၈ မှာ ၀ိုင်အမ်ဘီ ခေါ် ဗုဒ္ဓဘာသာလူငယ်များ အလွတ်ပညာသင်ကျောင်းကို တည်ထောင်ပါတယ်။ အဲဒီအချိန်လောက်မှာပဲ သူ့ရဲ့ “အာကာသစိုး” သီချင်းကို မြခြေကျင်း မငွေမြိုင် သီဆိုရာက စတင် နာမည်ကျော်လာပါတယ်။ သူထောင်တဲ့ ကျောင်းကို အစွဲပြုလို့ ၀ိုင်အမ်ဘီဆရာတင်လို့ အမည်တွင်ပါတယ်။ ၁၉၂၅ နောက်ပိုင်းမှာ ရန်ကုန်နဲ့ မန္တလေး သွားချည်ပြန်ချည်လုပ်ကာ ဓာတ်ပြား, အငြိမ့်, ရုပ်ရှင်သီချင်းများ ရေးပါတယ်။
          ၁၉၂၇ မှာ ၀ံသာနု ဆိုတဲ့ နိုင်ငံရေးနောက်ခံ သီချင်းကို စတင်ရေးခဲ့ပြီး၊ ၁၉၃၀ မှာတော့ မိတ်ဆွေရင်း သခင်ဘသောင်းကို အကြောင်းပြုလို့ တို့ဗမာသီချင်းကိုရေး၊ နာမည်လည်း ၀ိုင်အမ်ဘီသခင်တင် ဖြစ်လာပါတယ်။ ဒီလိုနဲ့ အမျိုးသားရေးတဖက် ဂီတတဖက် နေလာရာက စစ်အတွင်းမှာ မန္တလေးမြောက်ဖက် ဆယ်မိုင်အကွာက သရက်ကန်ရွာကလေးမှာ မထင်မရှား နေရင်း ဂျပန်တော်လှန်ရေးကိစ္စ လျှို့ဝှက်လုပ်ခဲ့ပါတယ်။
          စစ်ပြီးတော့ မြင်းခြံနဲ့ မန္တလေးမှာ လှည့်နေခဲ့ပြီးနောက် ရန်ကုန် ပြန်ရောက်လာပါတယ်။ ၁၉၅၀ ဇန်န၀ါရီ ၄ မှာ အစိုးရက ဆရာ့ကို “၀ဏ္ဏကျော်ထင်”ဘွဲ့ ချီးမြင့်ပါတယ်။
          သခင်တင်ဟာ စစ်အတွင်းနဲ့ နောက်ပိုင်းမှာ မထင်မရှား နေခဲ့တာဟာ အင်္ဂလိပ်ရန် ဂျပန်ရန်တို့ကြောင့် တကြောင်း၊ သူ့ဘ၀ဒဏ်ကြောင့် တကြောင်း ဖြစ်ပါတယ်။ သူ့ရဲ့ အမျိုးသားရေး သီချင်းတွေကို ဓာတ်ပြားမထုတ်ဖို့ မဆိုဖို့ ကိုလိုနီခေတ်နဲ့ ဖက်ဆစ်ခေတ်မှာ တားမြစ်ခံခဲ့ရပါတယ်။ သူ့ဘ၀မှာ အိမ်ထောင် ကွဲသွားပြီးနောက် မိသားစု အသိုက်အ၀န်း မရှိဘဲ တကိုယ်တည်း ဖြစ်သလို နေခဲ့တယ်လို့ ဆိုပါတယ်။
          သခင်တင့် အကြောင်းကို ၂၀၀၈ ဇန်န၀ါရီလထုတ် “ပိတောက်ပွင့်သစ်” မဂ္ဂဇင်း အမှတ် ၁၅ မှာ အတော်ပြည့်စုံစွာ ဖော်ပြထားပါတယ်။ အခြားစာအုပ်တွေလည်း ရှိနိုင်ပါသေးတယ်။
              ဆရာတင်ဟာ  အရင်ကတော့ အုံ့ပုန်းချစ်, ရွှေနွယ်ရိုး, မယ့်ဖူးစာ, ပါးချိုင့်ကလေး စတဲ့ အချစ်သီချင်းတွေ ရေးခဲ့တာပါ။ အခြေအနေအရ ဒီလိုသီချင်းတွေ ရေးခဲ့ပေမယ့် နိုင်ငံ့အရေး ကြုံလာချိန်မှာတော့ အလွန်အင်အားဖြစ်စေတဲ့ တို့ဗမာ, သခင်သီချင်း, မိုးကိုဒူးနဲ့တိုက်, ဦးအောင်ဇေယျ စတဲ့ အမျိုးသားရေး တေးသီချင်းတွေ ရေးသူ ဖြစ်လာခဲ့ပါတယ်။
                 နိုင်ငံတော်သီချင်း ရေးဖို့လုပ်တဲ့ အချိန်မှာတော့ ၀ိုင်အမ်ဘီသခင်တင် မရှိတော့ဘူးလို့ ပြောက်ြပါတယ်။ ဒီအချက်ကလေးကိုတော့ မဟုတ်ပါဘူးလို့ ပြောပါရစေ။ သခင်တင်ဟာ ၁၉၅၀ သြဂုတ်လ ၈ ရက်နေ့ကျမှ ရန်ကုန်ဆေးရုံကြီးမှာ တီဘီရောဂါနဲ့ ကွယ်လွန်သွားတာပါ။
          ဆရာဟာ သက်ရှိထင်ရှားရှိနေပေမယ့်, သူ့သီချင်းကို နိုင်ငံတော်သီချင်းလုပ်ပေမယ့် အဲဒီအလုပ်ထဲ သူမပါခဲ့တာ ဟုတ်ပါတယ်။ ၁၉၄၇ မှာ ဆရာဟာ မြင်းခြံမြို့မှာ ရောက်ရှိနေပါတယ်။ နိုင်ငံတော်သီချင်းကိစ္စကို အာဇာနည် ဒီးဒုတ်ဦးဘချို ဦးဆောင်တဲ့ ဖွဲ့စည်းပြီးကာစ “မြန်မာနိုင်ငံတော် တူရိယာဂီတ အဖွဲ့ချုပ်ကြီး”ကို တိုင်းပြည်ပြုလွှတ်တော်က တာဝန်ပေးခဲ့တာမို့ အဲဒီအဖွဲ့မှာပါတဲ့ ဆရာ ရန်နိုင်စိန်တို့ စောင်းဦးဘသန်း တို့က အဓိက ဆောင်ရွက်ခဲ့ကြတာပါ။
ဒါကြောင့် ဒီစာလေးကိုရေးပါတယ်။ရေးတယ်ဆိုတာမှာ သူများဆီက အချက်အလက်တွေ တော်တော်များများ ယူထားပါတယ် …ကူးထားတာပဲ ဆိုပါတော့…ကျနော့် လက်နဲ့ မရိုက်တော့ ကူးတယ်ပဲ ဆိုပါစို့ရဲ့ ဒီအချက်အလက်တွေထက် သခင်တင်ရဲ့ တို့ဗမာ သီချင်းကို သေသေချာချာ ဖတ်စေ နားထောင်စေချင်တာ ကတော့ ကျနော့ရဲ့ စေတနာပါ…။ကျနော် ကတော့ သိပ်ကြိုက်လို့ နားထောင်ပါတယ် အားတဲ့ အချိန်တိုင်းလိုလိုနဲ့ စိတ်ပါလက်ပါနားထောင်ပါတယ်…။စာသားထဲမှာတော့ ရှေးရခင်မူရင်းက  “ယိုးဒယားနဲ့ ကုလားကိုပါ …တိုက်ခိုက်ခါ အောင်ခဲ့တာ…..တို့ဗမာ” လို့ သိရပါတယ်….ခုတော့ “များစွာပ တိုင်းများကိုပါ ….တိုက်ခိုက်ခါ …အောင်ခဲ့တာ….တို့ဗမာလို့ ” ဆိုတာပဲ ကြားရပါတယ်…။ ဒီသီချင်းကို နားထောင်ပြီး တစ်ခါတစ်လေဝမ်းနည်းမိသလို စိတ်အားတက်တဲ့ အခါလည်းတက်ပါတယ်….။
 ဒီသီချင်းကို ဗမာမှန်ရင် သိရ ကြားဖူးရမယ်လို့ ထင်မိပါတယ်.....နိုင်ငံခြားက ဘော်လုံးသမား အကြော်အမော်တွေ ပွဲမစခင် သူတို့ နိုင်ငံတော်သီချင်းကို ဆိုကြတာတွေ့ဘူးကြမှာပါ...နိုင်ငံကြီးသားတွေဟာ သူတို့ အလံနဲ့ နိုင်ငံတော်သီချင်းကို သိပ်တန်ဘိုးထားတာပါ။ (ပုလဲ ဆိပ်ကမ်းကို ဂျပန်တွေအလစ်ဝင်ဗုံးကျဲတဲ့ အချိန်မှာ အလံတင်ချိန် အလေးပြုနေချိန်ပါ...အမေရိကန်တွေ အသေခံပြီး အလံတင်ပါတယ် အလေးပြုနေကြပါတယ်...ထွက်မပြေးကြပါဘူး...အလံတင် အခမ်းအနားပြီးမှ တိုက်ကြပါတယ်) နိုင်ငံတော်ကို ချစ်ရင် နိုင်ငံတော်သီချင်းလောက်တော့ သိသင့်တယ်ထင်လို့ပါ...နောက်ကြောင်းရာဇဝင်လေးနဲ့ တကွပေါ့...ဘယ်သူရေးတယ် ဘာကြောင့် ဘယ်အချိန်..ဘယ်လိုဖြစ်လာတယ် ဆိုတာလေးတွေသိထားမှ ကိုယ့်နိုင်ငံကို တန်ဘိုးထားရာရောက်မယ်ထင်ပါတယ်...“ဟစ်ပ်ဟော့ပ်” တွေ ရွတ်တတ် ဆိုတတ်တာလည်း ကောင်းကြပါရဲ့ နိုင်ငံတော်သီချင်းတောင် စီးဝါးကြနစွာ မဆိုတတ်ရင်တော့ နိုင်ငံကြီးသား မပီသသေးဘူး ဗမာတစ်ယေက်လို့ ပြောရမှာ ရှက်စရာကောင်းတယ်လို့ ထင်တာပဲ...။နိုင်ငံတော်လို့ ပြောရာမှ အမိ ဗမာပြည်ကြီးကိုသာ ရည်ညွှန်းပါတယ်....နိုင်ငံတော်က ဗမာပြည်ပါ.။။။။ အစိုးရက အစိုးရပါ။ရှင်းကြပါရဲ့လားခင်ဗျာ.။
(စိတ်ထဲရှိရာရေးထားပါတယ်...ကြိုက်သလို ကွန်မန့်ပေးနှိုင်ပါတယ်)
Pridėti komentarą
Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
← နတ်အိုးကွဲသံစဉ်...။ ။(သို့ )…   Grįžti į dienoraštį   ပုလင်းထောင်အလွမ်းဇတ်ကပွဲ →
© 2006-2012 Free Video Chat VZOchat! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.