အတု
Išsiųsta 2010.01.12 iki
83minlwin09
ဖိနပ်တွေကို တန်ဖိုးထားတဲ့
ငါ့အတွက်တော့
နင်က တန်ဖိုးကြီး
ဖိနပ်တရံပေါ့
မထင်မှတ်တဲ့အချိန်မှ
ဈေးနည်းနည်းနဲ့ရခဲ့တော့
တန်ဖိုးထားကာ ယုံကြည်စွာနဲ
ဝယ်ခဲ့တယ်
မထင်ခဲ့ပါဘူး
အတုလို့
သေချာသိလိုက်တဲ့အချိန်မှာ
စီးလိုက်တိုင်း
ဖိနပ်ပေါက်တယ်
အဆင်ပြေတဲ့ဖိနပ်တရံ
ဝယ်စီးဖို့လည်း
ငါ့မှာ ပိုက်ဆံမရှိတော့ဘူးလေ
ဒီလိုပဲ
နင့်အချစ်တု
ရင်နာပေမယ့်
နောက်တစ်ယောက်ပြောင်းဖို
နှလုံးသား
ငါ့မှာ မ ရှိတော့ဘူး