၇၁ နှစ်မြောက် အသျှင် ဥတ္တမနေ့ အခမ်းအနား နိုင်ငံအများအပြားတွင် ကျင်းပ (သတင်းစုံ)
에 게시됨 2010-09-12에 의해
thesunofasia_ashonottama
태그 :သတင်း
၇၁ နှစ်မြောက် မြန်မာ့လွတ်လပ်ရေး မီးရှု့တန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ဂျပန်၊ မလေးရှား၊ ဘင်္ဂလာဒေခ်ျ၊ အမေရိကန်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် ကျင်းခဲ့ကြသည်။
ထိုအထဲမှ အခမ်းအနားများ ကျင်းပခဲ့ကြပုံကို အကျဉ်းချုပ် တင်ပြပေးလိုက်ပါသည်။

ဂျပန် (Japan)
ဂျပန်နိုင်ငံတွင်(၇၁)ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဂျပန်)က စက်တင်္ဘာလ ၅ ရက်နေ့တွက် တိုကျိုမြို့ ကျင်းပ IKEBUKURO KUMI CENTER တွင် ကျင်းပခဲ့သည်။
စာတမ်းဖတ်ပွဲ အခမ်းအနားကို ညနေ ၆ နာရီမှ ၁၀ နာရီထိ ပြုလုပ်ခဲ့ပြီး အခမ်းအနား သဘာပတိ အဖြစ် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဂျပန်) ဥက္ကဌ ဦးလှအေးမောင်၊ ဒုဥက္ကဌ(၁) ဦးထွန်းအောင်ခင်၊ ဒုဥက္ကဌ(၂) ဦးးခင်မောင်ထွန်း၊ အခမ်းအနားမှူးများအဖြစ် အထွေထွေ အတွင်းရေးမှူး ဦးပေါ်ထွန်းအောင်၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး(၂) ဦးအောင်သန်းဌေးတို့က ဆောင်ရွက်ခဲ့သည်။
သဘာပတိ ဦးလှအေးမောင်မှ အခမ်းအနားအဖွင့်အမှာစကားပြောကြားပြီးဖွင့်လှစ်ခဲ့သည်။ ထိုနောက် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်ဂျပန်ဌာနခွဲ ဆရာတော် ဦးဓမ္မဇောတိမှ သြ၀ါဒ ချီးမြှင့် ပေးကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) နာယက ဦးဇော်မင်းခိုင်မှ စာတမ်းဖတ်ပွဲ ကျင်းပရခြင်း အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် အမှတ်ပေးဒိုင်လူကြီးများကိုယ်စား ဦးလွင်အောင်စိုးမှ အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားကာ စာတမ်းဖတ်ပွဲကို ကျင်းပခဲ့သည်။
အမှတ်ပေး ဒိုင်လူကြီးများ အဖြစ် ဦးလွင်အောင်စိုး (Save Burma)၊ ဦးမိုင်ကျော်ဦး(NDF)၊
ဦးကျော်ကျော်စိုး(LDB)၊ ဦးလှဟန်(NLD-JAPAN)၊ ဦးရဲငြိမ်း (အလင်းအိမ်စာပေ)၊
ဒေါ်လဲ့လဲ့ (BDA) တို့မှဆောင်ရွက်ခဲ့သည်။
စာတမ်းဖတ်ပွဲတွင် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များက ၀င်ရောက်ယှဉ်ပြိုင်ကြရာ ပထမဆုကို ကိုမင်းထက်ဇော်(တသီးပုဂ္ဂလ)၊ ဒုတိယဆုကို ကိုထွန်းငြိမ်း(NLD)၊ တတိယဆုကို ကိုမျိုးမင်းဆွေ(ဗကသ)မှရရှိခဲ့သည်။ ထို့နောက် ရခိုင်ဒီမိုကရေစီချုပ်(ပြည်ပ-ဂျပန်) ဒုဥက္ကဌ(၂) ဦးခင်မောင်ထွန်းမှ ဆုရရှိသူများကို ဆုချီးမြှင့်ခဲ့ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပဂျပန်)ဒုဥက္ကဌ(၁) ဦးထွန်းအောင်ခင်မှနိဂုံးချုပ်အမှာစကားပြောကြားကာအခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) သည် ယခင်နှစ်များက ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို အခမ်းအနား ပုံစံအတိုင်း ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် မျိုးဆက်သစ်လူငယ်များ ဆရာတော် ဦးဥတ္တမ အကြောင်းကို သိရှိစေရန်နှင့် တခြား တိုင်းရင်းသားများကလည်း ဆရာတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကို နားလည်စေရန် စာတမ်းဖတ်ပွဲ အနေဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) အဖွဲ့ဝင်များနှင့် ဧည့်ပရိသတ် (၁၀၀) ကျော်တက်ရောက်ခဲ့သည်။

အမေရိကန် (Buffalo-USA)
၇၁ နှစ်မြောက် ဆရာဦးဥတ္တနေ့ အခမ်းအနား အမေရိကန် နိုင်ငံ နယူးယောက် မြို့အနီးရှိ ဘက်ဖဲလိုမြို့ Buffalo တွင် ကမ္ဘာ့ ရခိုင်ဖွံ့ဖြိုးရေး အဖွဲ့ (World Arakan Foundation) မှ ဦးဆောင်ပြီး စက်တင်္ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့သည်။
အခမ်းအနားကျင်းပရာ မြို့မှာ နယူးယောက်မြို့ တောင်ဘက် ၁၈ မိုင်ခန့်တွင် တည်ရှိပြီး အခမ်းအနားကို အဆိုပါမြို့ရှိ Mettananda Temple ဘုန်းကြီး ကျောင်းတွင် ပြုလုပ် ခဲ့ကြောင်းသိရ သည်။
“ကျနော်တို့ ဆရာတော် ဦးဥတ္တမနေ့ကို ၉ ရက်နေ့က မလုပ်နိုင်ခဲ့တာက လူတွေ အလုပ် မအားလို့  ဖြစ်ပါတယ်။ အဲဒီ အတွက်ကြောင့် မနေ့က စက်တင်ဘာ ၁၁ ရက်နေ့မှာ လုပ်ဖြစ် တာပါ။ ကျနော်တို့ ဆရာတော်နေ့ကို နှစ်စဉ် နှစ်တိုင်း လုပ်ဖြစ်ပါတယ်” ဟု အခမ်းအနားကို ဦးဆောင်သူ ကိုခိုင်လင်းဇံက နိရဉ္စရာသို့ ပြောသည်။
အခမ်းအနားတွင် သဘာပတိ အဖြစ် ဦးခိုင်မင်းသိမ်းက တာဝန်ယူပြီး အခမ်းအနားမှူးအဖြစ် ကိုနေထက်ကျော်မှ တာဝန် ယူဆောင်ရွက်ခဲ့သည်။
တက်ရောက်လာသူများမှ ဆရာတော်နှင့် ပတ်သက်သည့် သမိုင်းကြောင်းများကို အသီးသီး ပြောကြားခဲ့ကြပြီး ဆရာတော်ဦးနန္ဒ၀ံမှ ယခုကဲ့သို့ မိန့်ကြား သည်။
“ဆရာတော်ဟာ ရခိုင်အမျိုးသား တစ်ဦး ဖြစ်ပေမဲ့ ရခိုင်အမျိုးသား တခုတည်းအတွက် လုပ်ဆောင်ခဲ့တာ မဟုတ် ဘူးဆိုတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ အရှေ့တောင် အာရှ တခွင်လုံးမှာ ပထမဆုံး လွတ်လပ်ရေးကို ဦးဆောင် လမ်းပြခဲ့တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်သလို မြန်မာ့ လွတ်လပ်ရေးကို အဓိက ကြိုးပမ်းခဲ့တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တဲ့ အတွက် ရခိုင်တ မျိုးသားလုံး တောင်မက မြန်မာတနိုင်ငံလုံးက အမြဲတန်း အမှတ်ရစေဖို့ အတွက် ဦဇင်းတို့ မျိုးဆက်သစ် လူငယ် တွေကို လက်ဆင့်ကမ်း အသိပေးရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ အခမ်းအနားသို့ ဆရာတော် ၄ပါးကြွရောက် ချီးမြှင့်ခဲ့ပြီး ကရင်၊ ဗမာ၊ ကယား၊ ရှမ်း မွန်၊ ရခိုင်နှင့် မြန်မာနိုင်ငံမှ မွတ်ဆလင်များ စုစုပေါင်း လူအင်အား ၂၀၀ ခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။
အခမ်းအနား ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး နိရဉ္စရာမှ မေးမြန်းကြည့်ရာ သဘာပတိ အဖြစ် ဆောင်ရွက်သူ ဦးခိုင်မင်းသိန်းမှ ယခုကဲ့သို့ ပြောသည်။
“အဓိကတော့ ဆရာတော် စွမ်းဆောင်ခဲ့တဲ့ သူ့ရဲ့သမိုင်းကြောင်းကို လူအများက သိစေဖို့ရယ်။ ပီးတော့ ဆရာတော် ဟာ မြန်မာ့ လွတ်လပ်ရေးကို မျိုးစေ့ ချပေးခဲ့တဲ့ ပုဂ္ဂိုလ် တပါး ဖြစ်သလို လွတ်လပ်ရေး တိုက်ပွဲကို အကြမ်း မဘက်တဲ့ နည်းလမ်းနဲ့ နယ်ချဲ့ဝါဒီတွေကို တော်လှန် နိုင်ခဲ့တဲ့ အတွက် ကျနော်တို့အားလုံးက အစဉ်အမြဲ အောက်မဲ့ အမှတ်ရစေဖို့ရယ်။ ပီးရင် မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲမှာ ဆရာတော်ဟာ ဘုန်းကြီး တပါး အနေနဲ့ ပထမဆုံး ရှေ့ဆောင် လမ်းပြခဲ့တဲ့ အတွက်ကျနော်တို့ အားလုံးက ဂုဏ်ယူ သတိရစေရန် ဖြစ်ပါတယ်“ ဟုပြောသည်။
အခမ်းအနား မစတင်မီ နံနက် ၁၀ နာရီကနေ ၁၂ အတွင်း တက်ရောက် လာသည့် ဘုန်းကြီးများနှင့်လူပုဂ္ဂိုလ်များ အားဆွမ်းဘောဇံတို့ဖြင့် ဧည့်ခံ ကျွေးမွေးခဲ့သည်ဟု သိရသည်။

မလေးရှားနိုင်ငံ (Malaysia)
၇၁နှစ်မြောက် အာရှနေ၀န်း မြန်မာ့လွတ်လပ်ရေး မီရုးတန်ဆောင် ပြည်ထောင်စှု ဗိသုကာ ဆရာတော် အသျှင် ဥတ္တမ အောက်မေ့ဖွယ် အခမ်းအနားနေ့ကို မလေးရှားရှိ ရခိုင် အဖွဲ့အစည်း (၅) ခုမှ ပူပေါင်းပြီး စက်တင်္ဘာလ ၉ ရက်နေ့က ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့ကြသည်။
ကျင်းပခဲ့ကြသော အဖွဲ့အစည်းများမှာ ရခိုင်ဒုက္ခသည်များ ကယ်ဆယ်နေရာ ချထားရေး ကော်မတီ(KL)၊ ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ
(မလေးရှားဌာနခွဲ)၊ ရခိုင်ဒုက္ခသည်များ ကယ်ဆယ်နေရာချထားရေး ကော်မတီ(ပူချုန်း)ှနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) မလေးရှားဌာနခွဲတို့ ဖြစ်သည်။
အခမ်းအနားကို စက်တင်္ဘာလ နေ့လည် ၁ နာရီမှ ၄ နာရီခွဲ အထိ ကွာလာလမ်ပူရှိ တရုတ်တန်း အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပြည်ပရောက် ရဟန်း သံဃာတော်များ၊ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ ၊ ပြည်ထောင် စုဖွား တိုင်းရင်းသား ပြည်သူများ စုစုပေါင်း(၁၀၀) ကျော် တက်ရောက် ခဲ့သည်။
တက်ရောက်လာကြသောရဟန်းသံဃာတော်များ၊ကိုယ်စားလှယ်တော်များနှင့်မိဘပြည်သူများကတစ်မိနစ် ငြိမ်သက်ပြီး ဆရာတော် အသျှင်ဥတ္တမ၏ တိုင်းပြည်လွတ်လပ်ရေး အတွက် ကိုယ်ကျိုး စွန့် လွတ် အနစ်နာခံ ဆောင်ရွက်ခဲ့မှုများအား အမှတ်ရ ဂုဏ်ပြုပူဇော်ခဲ့ကြသည်။ ထို့နောက် ကြွရောက် လာကြသော အဖွဲ့အစည်းအသီးသီးမှ တိုင်းရင်းသား ကိုယ်စားလှယ် များမှ ဆရာတော် အတွက် အမှတ်တရ ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြသည်။
ဆရာတော်ရဲ့ ၇၁ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပရသော ရည်ရွယ်ချက်ကို ကျင်းပရေး ကော်မီတီ ကိုယ်စား ကိုမျိုးခိုင်က ယခုကဲသို့ ပြောသည်။
“ ကျွန်တော်တို့ ဆရာတော်ဦးဥတ္တမနေ့ ကျင်းပရတဲ့ ရည်ရွယ်ချက်က ဆရာတော် ဦးဥတ္တမဟာ အာရှနေ၀န်းလို့ တင်စားခံရတဲ့ လွတ်လပ်ရေး မီးရှူးတန်ဆောင်ဖြစ်တယ်။ နောက် င်္ပြီးတော့ မြန်မာ့နိုင်ငံရေးမှာ နိုင်ငံရေးမျိုးစေ့ကို စတင်ချပေးခဲ့တဲ့ အာဇာနည် ပုဂ္ဂိုလ် တစ်ပါးဖြစ်ပါတယ်။ “ဂရက်တောက် ထွက်သွား” ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ မြန်မာ့ နိုင်ငံရေးနိုးကြားလာအောင် လုပ်ပေးခဲ့တဲ့ ပုဂ္ဂိုလ်တပါးဖြစ်တယ်။ ဒါပေမယ့် ဆရာတော် ဦးဥတ္တမရဲ့ အခန်းကဏ္ဍကို ဗမာအာဏာရ စစ်ကောင်စီအဆက်ဆက်ကနေပြီးတော့ မြန်မာ့ သမိုင်းကနေ မှေးမှိန်အောင် လုပ်ဆောင်နေတာတွေကို တွေ့ရပါတယ်။ ယနေ့ထက်ထိ ဆရာတော် ဦးဥတ္တမနဲ့ ပတ်သက်ပြီးတော့ အောက်မေ့ဖွယ် အခမ်းအနားတွေကိုလည်း ပြည်တွင်းမှာ ကျင်းပခွင့် မရခဲ့ဘူး။ နောက်ပြီးတော့ မြန်မာသင်ရိုးညွန်းတမ်းတွေမှာလည်း ဆရာတော် ဦးဥတ္တမရဲ့ နိုင်ငံရေးလုပ်ဆောင်ချက် အခမ်းကဏ္ဍတွေကို မှေးမှိန် အောင် လုပ်ဆောင် လာတယ်။ နောက်ပြီး ဆရာတော်ဦးဥတ္တမနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အားလုံးကို ဖျောက်ဖျက်လာတယ်။ ဒါတွေကို ကျွန်တော်တို့ ရခိုင်လူငယ်တွေက နေပြီးတော့ ဖေါ်ထုတ်ဖို့တာဝန်ရှိပါတယ်။ အဲဒီအတွက်ကြောင့် မလေးရှားနိုင်ငံမှာ ရှိကြတဲ့ ရခိုင် အဖွဲ့ အစည်း ၅ ဖွဲ့ကနေပြီးတော့ ဆရာတော်ရဲ့ အခန်းကဏ္ဍကို မှေးမှိန် မပျောက်သွားရအောင်နဲ့ နောင်လာ နောက်သားတွေ အစဉ်အမြဲ သတိရနေစေဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။”
အိန္ဒိယ (New Delhi- India)
၇၁ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို ရခိုင်အမျိုးသားကောင်စီက ကြီးမှူးပြီးတော့ အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့ BCRC မြန်မာရိပ်သာ ခန်းမမှာ ကျင်းပခဲ့သည်။ အခမ်းအနားသို့ သံဃာတော်များ အပါအ၀င် လူပေါင်း ၄၀ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
http://www.narinjara.com/detailsbur.asp?id=2731
기사 읽기
댓글 올리기
ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ရတပ မှ စစ်တွေတွင် ကျင်းပ
에 게시됨 2010-09-10에 의해
thesunofasia_ashonottama
태그 :သတင်း
သင်းသဇင်ခိုင် (မောင်တော)
------------------------------

၇၁ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ရတပ) မှ စစ်တွေမြို့ရှိ ဗဟိုဌာနချုပ်ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အဖွဲ့ဝင် တစ်ဦးက “ မနက်ပိုင်းမှာ ပါတီရုံးမှာ သံဃာတော် ကိုးပါးကို ပင့်ဖိတ်ပြီးတော့ ဆွမ်းကပ် လှူဒါန်းပီး အမျှအတန်း ပေးဝေပါတယ်။ အခမ်းအနားကတော့ ပါတီရုံးမှာ တစ်နေ့လုံး လိုလိုဘဲ လုပ်ဖြစ်ပါတယ်။ နေ့လည် ပိုင်း တစ်နာရီမှာတော့ ဆရာတော် ဦးဥတ္တမနဲ့ ပတ်သက်ပီး ဟောပြောပွဲ လုပ်ပါတယ်။ ညနေ ၄ နာရီမှာ အခမ်းအနားက ပီးဆုံး သွားခဲ့ ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။
အခမ်းအနားသို့ လူပေါင်း ၇၀ ခန့်တက်ရောက်ခဲ့ကြပြီး ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေး လမ်းစဉ်နှင့် ဖြတ်သန်းမူ ဘ၀ ပုံရိပ်လွှာများကို တက်ရောက်လာသူ စာရေးဆရာများနှင့် သမိုင်းဆရာများက ဟောပြော ခဲ့ကြသည်။
အခမ်းအနား ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုလည်း ယခုကဲ့သို့ သူက ရှင်းလင်း ပြောကြားသည်။
“ အဓိကတော့ ရည်ရွယ်ချက် ၅ ရပ်နဲ့ ကျင်းပတာ ဖြစ်ပါတယ်။ စာရွက်စာတန်းတွေ ထုတ်ဝေတဲ့ အထဲမှာလည်း ရိုက်နှိပ် ဖေါ်ပြထားပါတယ်။ အဓိက ၅ ချက်ကတော့ ရခိုင်တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်ရေးကို ဦးဥတ္တမ စိတ်ဓါတ်နဲ့ လုပ်ဆောင် သွားရန်၊ မျိုးဆက်သစ်များကို ဦးဥတ္တစိတ်ဓါတ်ဖြင့် ရှေ့ဆောင် လမ်းပြ သွားရန်၊ တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွတ် အနစ်နာခံသော ဦးဥတ္တမ စိတ်ဓါတ် မွေးမြူရန်၊ ရသင့် ရထိုက်သော အခွင့်အရေးကို မကြောက်မရွံ့ပဲ တောင်းဆို ရဲသော ဦးဥတ္တမ စိတ်ဓါတ်ရှိစေရန်နဲ့ မည်သည့် အခက်အခဲရှိစေကာမူ ကြံ့ကြံ့ခံနိုင်သော ဦးဥတ္တမ ဇွဲသတ္တိရှိကြရန် စတဲ့ ရည်ရွယ်ချက်တွေကို ဖေါ်ဆောင်လိုတဲ့ အတွက် ကျင်းပ ပြုလုပ် ခဲ့ကြတာ ဖြစ်ပါတယ်။”

အခမ်းအနားတွင် အခမ်းအနားမှူး အဖြစ် ပါတီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးသာလှမှ ဆောင်ရွက်ခဲ့သည်။ တက်ရောက် လာသောသူများကို ပါတီဖွဲ့စည်းပုံ စည်းမျဉ်း စည်းကမ်းချက်ချက်များ ပါသည့်စာရွက် စာတန်းများကိုလည်း ဖြန့်ဝေ ခဲ့ကြသည်။
မြန်မာ့ လွတ်လပ်ရေး မီးရှု့တန်ဆောင် ဆရာတော် ဦးဥတ္တမ အခမ်းအနားကို ရခိုင်နိုင်ငံရေး ပါတီ တစ်ခုအနေဖြင့် ရခိုင်ပြည်နယ် အတွင်း ပထဆုံး အကြိမ် လူသိ ရှင်ကြား ကျင်းပခဲ့ခြင်း ဖြစ်ပြီး အခမ်းအနား ကျင်းပရာ ရုံးအနီးတ၀ိုက်တွင် လုံခြုံရေးများ အပြည့် ချထားသော်လည်း တစုံတရာ တားမြစ်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီအနေဖြင့် ဆရာတော် ဦးဥတ္တမ အခမ်းအနား အား ပါတီဥက္ကဌ ဦးအေးမောင် အပါအ၀င်ဗဟိုကော်မတီဝင် ရှစ်ဦးတို့ဖြင့် စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှိ ဆရာတော် အရှင် ဦးဥတ္တမ ရုပ်ထုတော်အား ဂါဝရပြု ပန်းခွေချပြီး အခမ်းအနား စတင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုချက် မပေးခဲ့ကြောင်း သိရသည်။
စစ်တွေရှိ ဆရာတော် ဦးဥတ္တမ ပန်းခြံမှာ လုံခြုံရေး အရ တင်းကျပ်ထားသော နယ်မြေ ထဲတွင် ပါဝင်သဖြင့် ပါတီ အဖွဲ့အစည်းများ အနေဖြင့် စုဝေးခွင့် မရှိဟု ဆိုကာ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ခဲ့သည်ဟု သိရသည်။ စက်တင်္ဘာလ ၉ ရက်နေ့ တွင် ဦးဥတ္တမ ပန်းခြံအား ၀င်းတံခါးအား မည်သူမျှ မ၀င်နိုင်အောင် ပိတ်ထား ခဲ့သည်ဟု မျက်မြင်များက ပြောသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
http://www.narinjara.com/detailsbur.asp?id=2726
기사 읽기
댓글 올리기
ဦးဥတ္တမနေ့ အခမ်းအနား ဘင်္ဂလားဒေ့ခ်ျ့တွင် ကျင်းပဦးဥတ္တမနေ့ အခမ်းအနား ဘင်္ဂလားဒေ့ခ်ျ့တွင် ကျင်းပ
에 게시됨 2010-09-09에 의해
thesunofasia_ashonottama
태그 :သတင်း
ထွန်းထွန်း
-------------

မြန်မာ့ လွတ်လပ်ရေး မီးရှုးတန်ဆောင် အာရှနေ၀န်း ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် ၇၁ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား တရပ်ကို ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ ကော့ဘဇားခေါ် ဖလောင်းချိတ်မြို့တွင် ရက္ခိတ အားမာန် စာကြည့်တိုက် အဖွဲ့မှ ဦးဆောင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် သဘာပတိ အဖြစ် ဦးမောင်ဟန်၊ ဆရာတော် အရှင် စန္ဒာဝရနှင့် ဦးအာဏာနီတို့က ဆောင်ရွက်ပြီး အခမ်းနားမှူး အဖြစ် ကိုအောင်သန်းမှ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားကို မဖွင့်လှစ်မှီ ဆရာတော်အား အမျိုးသားရေး ကိုနိုင်နိုင်မှ ဆရာတော်၏ ပုံတော်ရှေ့တွင် လွမ်းသူ့ ပန်းခွေများချပြီး တမိနစ်ခန့် ဆရာတော်အား ဂရ၀ပြုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာသူ အသီးသီးမှ ဆရာတော်နှင့် ပတ်သက်သည့် အတ္ထုပတ္တိ သမိုင်းအ ကျဉ်းချုပ်များပြောကြားကြသည်။ အခမ်းအနားတွင် ကျေညာချက် စာရွက်စာတမ်းများကို ဖြန့်ဝေ ခဲ့ကြသည်။
အခမ်းအနားသို့ ရဟန်းတော်များ၊ ရခိုင်ဒီမိုကရေစီ အင်အားများစုနှင့် တသီး ပုဂ္ဂလများ စုစုပေါင်း လူအင်အား ၃၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။
ဆရာတော် ဦးဥတ္တမနေ့တွင် ရက္ခိတ အားမာန်အဖွဲ့ ကျေညာချက် တစ်စောင် ထုတ်ပြန်ရာ ကျေညာချက်ထဲတွင် အောက်ပါ အချက်များကို တောင်းဆိုထားသည်။
(က) မြန်မာနိုင်ငံအစိုးရမှ ဦးဥတ္တမပန်းခြံအဖြစ် ယခင်အသိအမှတ်ပြုခဲ့ပြီးဖြစ်သော ကန်တော်မန် ပန်းခြံကိုပြန် လည်၍ ဦးဥတ္တမပန်းခြံ အဖြစ် အသိအမှတ်ပြုပြီး သက်ဆိုင်ရာ အစိုးရမှ တရားဝင်ကြေ ငြာပေးရန်၊ (ခ) အာရှနေ ၀န်းကြီး၏ အတ္ထုပတ္ထိအကျဉ်းကို သက်ဆိုင်ရာ အစိုးရကျောင်းများတွင် သာမက ပုဂ္ဂလိက ကျောင်းများတွင်ပါ သမိုင်းသင်္ခန်းစာတခု အဖြစ် သင်ကြားပေးရန်၊ (င) မြန်မာနိုင်ငံတွင် ဆရာတော်ဦး ဥတ္တမနေ့ကို နိုင်ငံတော်ရုံးပိတ် ရက်အဖြစ် သတ်မှတ်ပေးရန်တို့ ဖြစ်သည်။
အခမ်းအနားတက်ရောက်သူများအား နံနက် ၈ နာရီတွင် ရခိုင်မှုန့်တီဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အခမ်းအနားကို နံနက် ၉ နာရီမှစတင်ဖွင့်လှစ်ပြီး မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
http://www.narinjara.com/detailsbur.asp?id=2725
기사 읽기
댓글 올리기
ပြည်တွင်းမှာ ခွင့်မပြုသည့် ဦးဥတ္တမ အခမ်းအနား ချင်းမိုင်မှာ ကျင်းပ
에 게시됨 2010-09-09에 의해
thesunofasia_ashonottama
태그 :သတင်း
ပြည်တွင်းမှာ ခွင့်မပြုသည့် ဦးဥတ္တမ အခမ်းအနား ချင်းမိုင်မှာ ကျင်းပ
http://www.rfa.org/burmese/news/arakanese_commemorate_martyr_monk-09082010165433.html
အောက်က Proxy ကိုသုံးလို့ဖတ်နိုင်
www.4proxy.de
기사 읽기
댓글 올리기
ဦးဥတ္တမရုပ်တု ဂါရဝမပြုရန် ရခိုင်ပါတီကို တားမြစ်
에 게시됨 2010-09-09에 의해
thesunofasia_ashonottama
태그 :သတင်း
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီ (RNDP) က မနက်ဖြန်တွင် ကျရောက်မည့် ဦးဥတ္တမနေ့အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် ဆရာတော်ရုပ်တုအား ဦးချဂါရဝပြုမည့် အစီအစဉ်ကို ရွေးကောက်ပွဲကော်မရှင်က တားမြစ်လိုက်သည်။
ဆရာတော်ပျံလွန်ခြင်း ၇၁ နှစ်မြောက်တွင် RNDP ပါတီဗဟိုကော်မတီဝင် ၉ ဦးက ဦးဥတ္တမပန်းခြံအတွင်းရှိ ရုပ်တုရှေ့၌ ၅ မိနစ်ခန့် ဦးချ ဂါရဝပြုမည့် အစီအစဉ်ကို “နိုင်ငံရေးပါတီများ ဟောပြောစည်းရုံး မဲဆွယ် ရန်မသင့်သည့် လုံခြုံရေးအရ ကန့်သတ်ဧရိယာ” ဟု အကြောင်းပြ တားမြစ်ခဲ့သည်။
လွတ်လပ်ရေးမီးရှူးတန်ဆောင် ရခိုင်အမျိုးသား ဆရာတော် ပျံလွန်တော်မူသည့် ၁၉၃၉ ခု စက်တင်ဘာ ၉ ရက်ကို ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ထားသည်။
RNDP ဥက္ကဌ ဒေါက်တာအေးမောင်က “ဒီဥစ္စာ နိုင်ငံရေးလုပ်တာ မဟုတ်ဘူး။ အမျိုးသားခေါင်းဆောင်၊ ဝံသာနုရက္ခိတ စိတ်ဓာတ်ကို မြန်မာပြည်မှာ မျိုးစေ့ချပေးခဲ့တဲ့ ပုဂ္ဂိုလ်ကို လွတ်လပ်စွာ ပူဇော်တဲ့အခမ်းအနားလေးပါ” ဟု မဇ္ဈိမကိုပြောသည်။
သို့သော် ပါတီဌာနချုပ်၌ ဆရာတော်၏ ဓာတ်ပုံရှေ့တွင် ဆက်လက် ကျင်းပရန် စီစဉ်ထားကြသည်။ မနက်ဖြန်နေ့လည်ပိုင်းတွင် စာရေးဆရာ ဦးမောင်ဘသိန်း၊ ပန်းချီမင်းညို (RNDP စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)၊ စာရေးဆရာမတဦးနှင့် နာမည်ရကဗျာဆရာတဦးက မြို့မိ မြို့ဖ ၅ဝ ကျော် ရှေ့ တွင် ဆရာတော်ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးများကို ဟောပြောကြမည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာစာသင်သံဃာတော်များသမဂ္ဂက ဦးဆောင်ပြီး ရန်ကုန်မြို့ ရွှေတိဂုံ ဘုရား၌ သံဃာ ၄၁ ပါး ယနေ့ မေတ္တာပို့ခဲ့ကြသည်။
“ ဟိုက ၅ပါး၊ ဒီက ၃ ပါး လာကြပြီး ဆရာတော် ဦးဥတ္တမပုံပါတဲ့ စာစောင်လေး အမှတ်တမဲ့ ကိုင်ထားကြတယ်ပေါ့။ အချင်းချင်း မသိတဲ့ပုဂ္ဂိုလ်တွေလည်းပါတယ်။ နောက်တော့ ဓမ္မာရုံတခုမှာပဲ စုလိုက်တယ်” ဟု ဆုတောင်းပွဲ စီစဉ်သူ ဦးဇင်းက မဇ္ဈိမကို မိန့်သည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ်မှ ပါတီဝင်များနှင့် ရခိုင်စာပေဝါသနာရှင်များ စုပေါင်း၍ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဆရာတော် ထေရုပ္ပတ္တိနှင့် ဓာတ်ပုံပါ စာစောင် ၃,ဝဝဝ ခန့်ကို ယခုလဆန်းမှစ၍ ဖြန့်ဝေနေကြောင်း ရခိုင်ပြည်နယ်စည်း တွဲဘက် အတွင်းရေးမှူး ကိုသိန်းလှိုင်က မဇ္ဈိမကို ပြောသည်။
စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မာန်အောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မအီ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ မြို့နယ်များတွင် ဖြန့်ဝေခဲ့သည်ဟုဆိုသည်။
ထို့ပြင် ၂ဝဝ၇ က စစ်တပ်က သံဃာတော်အချို့ကို ရိုက်နှက်ခဲ့သော ပခုက္ကူမြို့တွင် ယခုရက်ပိုင်းအတွင်း သံဃာတော်များက အစိုးရဆန့်ကျင်ရေးလှုံ့ဆော်စာကပ်ခဲ့ကြသည်ဟု ရန်ကုန် မဇ္ဈိမသတင်းထောက်က ပြောသည်။ အာဏာပိုင်များက အလျင်အမြန် လိုက်ခွာရသည် ဆိုသည်။
http://www.mizzimaburmese.com/news/inside-burma/6003-2010-09-08-15-10-24.html
기사 읽기
댓글 올리기
ရွေးကောက်ပွဲကော်မရှင်က ဦးဥတ္တမရုပ်တုကို ဂါရ၀ပြုခွင့် ပိတ်ပင်
에 게시됨 2010-09-09에 의해
thesunofasia_ashonottama
태그 :သတင်း
기사 읽기
댓글 올리기
ဆရာတော် ဦးဥတ္တမရုပ်တု ဂါရ၀ပြုခွင့်မရ
에 게시됨 2010-09-09에 의해
thesunofasia_ashonottama
태그 :သတင်း
ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့် ၇၁ နှစ်မြောက် အထိမ်းအမှတ် အဖြစ် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက စစ်တွေ ဦးဥတ္တမ ရုပ်တုရှေ့တွင် ဂါရ၀ပြုခွင့် တောင်းခံခဲ့ရာ စစ်တွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ခွင့်မပြုကြောင်း သိရသည်။
စစ်တွေမြို့ရှိ ဦးဥတ္တမရုပ် (ဓာတ်ပုံ - Kumara)
“ကျနော်တို့ ဒီလ ၂ ရက်နေ့က ဆရာတော် ဘုရားရဲ့ ရုပ်တုရှေ့မှာ ပါတီ ဗဟိုကော်မတီဝင် ၉ ဦးက ငြိမ်သက်စွာ ဂါရ၀ပြုခွင့်ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းပါတယ်၊ ၇ ရက်နေ့မှာတော့ ခွင့်မပြုတဲ့ အကြောင်းပြန် ခဲ့ပါတယ်"ဟု ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေ ရွေးကောက်ပွဲ ကော်မရှင်၏ အကြောင်း ပြန်စာတွင် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီဝင် ၉ ဦးက ဦးဥတ္တမ ခန်းမရှေ့ရှိ ဦးဥတ္တမ ရုပ်တုအား လာရောက် ဂါရ၀ပြုရန် တင်ပြချက်နှင့် ပတ်သက်၍ အဆိုပါ နေရာသည် နိုင်ငံရေး ပါတီများ ဟောပြောစည်းရုံး မဲဆွယ်ရန် မသင့်သည့် လုံခြုံရေးအရ ကန့်သတ်ဧရိယာဖြစ် ခြင်းကြောင့် ခွင့်မပြုပါဟူ၍ ရေးသား ဖော်ပြထားကြောင်း သိရသည်။
စစ်တွေ ရွေးကောက်ပွဲကော်မရှင်၏ အကြောင်းပြန်ကြားချက်နှင့်စပ်လျဉ်း၍ ဒေါက်တာအေးမောင်က“ဒီအကြောင်းပြချက်ဟာ ဆီလျော်မှု မရှိပါဘူး ၊ကျနော်တို့က ဟောပြောစည်းရုံးမှာလည်း မဟုတ်ပါဘူး ၊ ဆရာတော် ဦးဥတ္တမနေ့ကို လုပ်ခွင့်မပြုတာ တော်တော်ကြာပါပြီ ၊ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်နေပါပြီလို့ ဆိုထားတဲ့အတွက် တမျိုးသားလုံး လွတ်လပ်ရေး မျက်စိကို ဖွင့်ပေးခဲ့တဲ့ ဆရာတော်ကို ဂါရ၀ပြုခွင့် တောင်းခဲ့တာပါ ၊ နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ထားတဲ့ ဆရာတော်ရဲ့ ရုပ်တုနဲ့ ပန်းခြံဟာ ကျနော်တို့ ပြည်သူတွေရဲ့ ငွေကြေးတွေပါ ၊ အခုတော့ စည်ပင်က ပိုင်သွားပြီနေမှာပေါ့ဗျာ"ဟု ဆိုသည်။
ဆရာတော် ဦးဥတ္တမသည် ၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် တနင်္ဂနွေနေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိ ရူပရပ်တွင် ဖခင် ဦးစံ မြ နှင့် မိခင် ဒေါ်အောင်ဖြူတို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်ပေါ်ထွန်းအောင် ဖြစ်သည်။ ဆရာတော်သည် ငယ်ရွယ်ချိန်အခါကတည်းက ပညာရေးထူးချွန်ခဲ့ပြီး အသက် ၁၆ နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေ ၀တ်ပေးရာ ရှင်ဥတ္တမ ဘွဲ့အမည် တွင်ခဲ့သည်။
အသက် ၁၉နှစ်တွင် ရဟန်းပြုပြီးနောက် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ရဟန်းဝတ်နှင့်ပင် သွားရောက်ခဲ့ရင်း နိုင်ငံ ရေးစိတ်၊ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားခဲ့သည်။
ထို့နောက် ဆရာတော်သည် ၁၉၂၀ ခုနှစ် တွင် ဗမာတပြည်လုံးသို့ လှည့်လည်ကာ နယ်ချဲ့ဆန့်ကျင်ရေး တရားများကို ဟောပြောခဲ့ သည်။ ထိုသို့ ဟောပြောမှုဖြင့် ၁၉၂၀ မတ်လ တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်၁၂ လ အပြစ်ပေးခံရသည်။
ဆရာတော်သည် ၁၉၂၄တွင်လည်း“အစိုးရမကောင်းလျှင်မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ၊ ဒီအခွင့်အရေးဟာ ငါတို့မှာ ရှိတယ်၊ ငုံ့မခံကြနဲ့” ဟု ပြည်သူများကို လှုံ့ဆော်ဟောပြောခဲ့သည့်အတွက်ကြောင့် ဒုတိယ အကြိမ် ထောင် ၃ နှစ် ကျခဲ့ပြီး ၁၉၂၈ တွင် တတိယအကြိမ် အဖမ်းခံခဲ့ရသည်။
ထိုအချိန်က ဗြိတိသျှအစိုးရ ဘုရင်ခံချုပ်ကိုလည်း “ဆာ ရယ်ဂျီနယ် ကရက်ဒေါက် မင်းဗမာပြည်မှထွက်သွားပါ” ဟူသော စာကိုရေးသားပေးပို့ခဲ့သည်။
ဆရာတော်သည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မှုခဲ့ပြီး ပျံလွန်တော်မှုချိန်တွင် သက်တော် ၆၀ နှစ်၊ ဝါတော် ၄၁ ၀ါ ဖြစ်သည်။ ဆရာတော် ပျံလွန်ချိန်အထိ နယ်ချဲ့အစိုးရကိုဆန့်ကျင်ခဲ့သည်။
ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီ အစိုးရ တက်လာပြီး နောက်ပိုင်းမှစ၍ ဆရာတော်ဦးဥတ္တမနှင့် စပ်လျဉ်းသော အခမ်းအနားများ ပြည်တွင်း၌ ကျင်းပခွင့်မရတော့သည်မှာ ယနေ့တိုင်ဖြစ်သည်။
http://www.irrawaddy.org/bur/index.php/news/1-news/4017-2010-09-08-11-55-38
기사 읽기
댓글 올리기
ဆရာတော် ဥတ္တမနေ့ အခမ်းအနား ရခိုင်ရဟန်းတော်များ ရွှေတိဂုံစေတီတွင် ကျင်းပ ပြုလုပ်
에 게시됨 2010-09-09에 의해
thesunofasia_ashonottama
태그 :သတင်း
မောင်အေး
----------------
ရန်ကုန်မြို့တွင် သီတင်း သုံးနေထိုင်ကြသည့် ရခိုင်ရဟန်းတော်များမှ စုပေါင်းပြီး ၇၁ နှစ်မြောက် ဆရာတော်ဦးဥတ္တမ အထိမ်းမှတ်နေ့ကို ရွှေတိဂုံ စေတီတော်တွင် ( ယနေ့) စက်တင်္ဘလာလ ၈ ရက် နေ့လည်က ကျင်းပ ပြုလုပ်ခဲ့ကြသည်။
“ အာဏာပိုင်တွေက စောင့်ကြည့် နေပါတယ်။ ဒါပေမယ့်လည်း လုပ်စရာ ရှိတဲ့ အလုပ်ကို ဆက်လုပ် ခဲ့ကြပါတယ်။ မူလ စီစဉ်ထားတဲ့ အတိုင်း ဆုတောင်းပွဲကို နေ့လည် ၁ နာရီ ကျော်မှာ စပါတယ်။ ဆရာတော်ကို ရည်မှန်းပီးတော့ ဆီးမီး ပူဇော်တယ်။ မေတ္တာပို့ဆုတောင်းမူကို ပြုလုပ်ခဲ့ကြပါတယ်။ သံဃာ စုစုပေါင်း ၄၁ ပါး တက်ရောက်ခဲ့တယ်လေ” ဦးဆောင် ရဟန်းတော် တပါးက ပြောသည်။
ဆရာတော် အရှင် ဦးဥတ္တမနေ့ ကျင်းပရခြင်းနှင့် ပတ်သတ်ပြီး အဆိုပါ ရဟန်းတော်က ယခုကဲ့သို့ နိရဉ္စရာသို့ ပြောသည်။
“အမှန်ကတော့ မနက်ဖြန်မှ ဆရာတော်ရဲ့နေ့ ဖြစပ်ပါတယ်။ ဒါပေမဲ့ ဦးဇင်းတို့ ဒီနေ့ ကြိုတင်ပြီး လုပ်ရတာက ဒီနေ့က ဥပုသ်နေ့ဆိုတော့ ဦးဇင်းတို့ အပြင်ထွက်ဖို့ အဆင်ပြေတယ်။ ပီးတော့ ဘုရား မှာလည်း လူများ တယ်ဆိုတော့ အဲဒီကြားထဲမှာ ဦးဇင်းတို့လုပ်လိုက်တာဖြစ် တယ်။ မနက်ဖြန် ဆိုရင် ဦးဇင်းတို့ ဒီလောက်လူစုလို့ ရမှာမဟုတ် ဘူး ဒါကြောင့် ဒီနေ့ဘဲ ကြိုတင်ပြီးလုပ်လိုက် တာဖြစ်တယ်။”
အဆိုပါ ဆုတောင်းပွဲတွင် ဆရာတော်ဦးဥတ္တပုံနှင့် ဆရာတော် နိုင်ငံရေး လှုပ်ရှားမှု ကောက်နှုတ်ချက် နှင့် ယနေ့ မြန်မာနိုင်ငံရေးအခြေအနေများကို ရေးသားထားသည့် လက်ကမ်း စာစောင်ကိုလည်း ဖြန့်ဝေခဲ့ကြသည်ဟု သူက ပြောသည်။
အခမ်းအနားသို့ တက်ရောက်ခဲ့ကြ သည့် ရဟန်းတော် တချို့ကို အရပ်ဝတ် ရဲများမှ မေးမြန်း မှုများရှိခဲ့ သော်လည်း တစုံတစ်ရာ ပြဿနာ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း အဆိုပါ ရဟန်းတော်မှ ပြောသည်။
“တချို့ဦးဇင်းတွေက ၁၂ နာရီလောက်ကတည်းက ကြိုပြီး ရောက်နေကြတယ်ဆိုတော့ ရဟန်းတွေ စုနေတဲ့ နေရာတွေကို သူတို့က ဓါတ်ပုံရိုက်တယ်။ ပီးရင် ဦးဇင်းတို့ ဘုရားမှာ ဆုတောင်းဖို့ လာတာ လားလို့ မေးပါတယ်။ ဟုတ်တယ် ဦးဇင်းတို့ဆုတောင်းရအောင် လာတာပါ။ ပီးရင် ဆရာတော်ကြီးတွေ ဟောတဲ့တရားတော်တွေကို လာပီးနား ထောင်တာ ဖြစ်တယ်လို့ဘဲ ပြန်ပြောလိုက်တယ်။ ဖမ်းဆီးတာတို့ ဟန့်တားတာတွေတော့ မရှိပါဘူး တကာ” ဟု ပြောသည်။
ယခုကဲ့သို့ သံဃာအပါး ၄၀ ကျော် တစုတရုံးတည်း ညီညီညာညာဖြင့် ဘုရားဆီးမီးထွန်း ၀တ်ပြုသည်ကို တွေ့ရသည့် အတွက် ဘုရားပေါ်သို့ ရောက်နေသူများနှင့် နိုင်ငံခြားသားများ လာရောက် ကြည့်ရှု ခဲ့ကြသည်ဟု သူက ပြောသည်။
ဆရာတော်အား ရည်စူးပြီး ရွှေတိဂုံစေတီ အရှေ့ဘက်မုခ်တွင် ငှက် ၇၁ ကောင်လွတ်ပေးကာ စေတီမြောက်ဘက် မုခ်ရှိ သွေးဆေးကန်တွင်လည်း ရဟန်းတော်များက ငါးစာများ ကျွေးမွေး လှူဒါန်းခဲ့ကြသည်ဟု သိရသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
기사 읽기
댓글 올리기
ချင်း မိုင် ရောက် ရ ခိုင် လူ ငယ် များ က ဆ ရာ တော် ဦး ဥ တ္တ မ နိ ကို ကျင်း ပ ခ ပါ ရေ ။
에 게시됨 2010-09-08에 의해
thesunofasia_ashonottama
태그 :သတင်း
ဂနိ ချင်းမိုင်ရောက် ရခိုင် လူငယ်မောင်မရ်တိက ဦးဆောင်လို့  ၇၁-နှစ်မြောက် ဆရာတော် ဦးဥတ္တမနိကို ချင်းမိုင်တက္ကသိုလ်
Uniserv အဆောက်အအုံဟိ မန္တလေးခန်းမဆောင်တခုမှာ မိုးသောက်ဖက် ၁၀-နာရီကနီ ၁၂-နာရီထိ ကျင်းပခပါရေ။
အခမ်းအနားသို့  ချင်းမိုင်တက္ကသိုလ်မှာ တက်ရောက်ပညာသင်ယူနီဂတ်တေ ပန်းဇင်းရို့ အပါအ၀င် ရခိုင်သူ ရခိုင်သားများနန့် 
အခြားတိုင်းရင်းသားလူမျိုး၊ နိုင်ဂံခြားသားများ တက်ရောက်ခပါရေ။ အခမ်းအနားမှာ ဆရာတော်ကို မိမိရို့ ကိုးကွယ်ရေ
ဘာသာအလိုက် တမိနစ် ငြိမ်သက်စွာ ဆုတောင်း ဂါရ၀ပြုဂတ်ပြီး ဆရာတော်၏ ကိုယ်ရေးရာဇ၀င်နန့်  ဆရာတော်လုပ်ဆောင်ခရေ
သမိုင်းရာဇ၀င်များကိုလေ့ တက်ရောက်လာသူ ရခိုင်ရဟန်းပန်းဇင်းများနန့်  ပုဂ္ဂိုလ်အသီးသီးက အမှတ်တရ စကားများပြော ကြားခပါရေ။ “သတ္တ၀ါအားလုံးကို မိတ္တာထားပါ။ မိမိရို့ အမျိုးသီလကိုလေ့ စောင့်ရှောက်ပါ” မြတ်စွာဖရားရှင် ဟောပြောခရေ
တရားတော်အတိုင်း ဆရာတော်ရေ မိမိရို့ ရခိုင်အမျိုးတခုတည်အတွက်မဟုတ်ဘဲ မြန်မာတနိုင်ဂံလုံးအတွက်သာမက အာရှတခွင်အတွက်လွတ်လပ်ရေးမျိုးဇိချပီးခရေ မီးရှူးတန်ဆောင်ကြီး ဖြိုက်ပါရေ။ ဆရာတော်၏ ပြည့်ပြည့်စုံစုံ ရွီးသားထားရေ လက်ကမ်းစာစောင်ကိုပါအခမ်းအနားမှာ ဖြန့် ဝီခပါရေ။ ယင်းအပြင် ကမ္ဘာကျော် ဦးဥတ္တမတေးခြင်းကို ရခိုင်လူငယ်များက သီဆိုခဂတ်ရေ။ အခမ်အနားအပြီးမှာ ရခိုင်လူငယ်များ ဇွဲကောင်း ချက်ပြုတ်ထားရေ ရခိုင်မုန့် တီနန့်  တက်ရောက်လာသူများကို ဧည့်ခပါရေ။ မှေးမှိန်နီရေ ကျေးဇူးရှင် ဆရာတော် ဦးဥတ္တမ၏ သမိုင်းကြောင်းကို ဒေထက်မက သိနိုင်ရန်အတွက်
မိမိပတ်ဝန်းကျင်မှ မျိုးဆက်သစ်လူငယ်များကို ပြောကြားပီးနိုင်ဂတ်ပါဇီလို့  ဒေနီရာက ဆန္ဒပြုလိုက်ပါရေ။ ကျေးဇူးတင်ပါရေ။
http://thearakanesemeetingpoint.com/profiles/blogs/2206333:BlogPost:749306

기사 읽기
댓글 올리기
စစ်တွေ ဆရာတော်ဦးဥတ္တမနေ့ ကျင်းပခွင့် ပယ်ချခံရ
에 게시됨 2010-09-08에 의해
thesunofasia_ashonottama
태그 :သတင်း
မောင်အေး
--------------
ဆရာတော်ကို ရခိုင်အမျိုးသားများက အမြဲ ဦးညွှတ် ဂါရ၀ပြုကြသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ) မှ ၇၁ နှစ်မြောက် ဆရာတော်ဦး ဥတ္တမနေ့ အခမ်းအနား ကျင်းပခွင့် တောင်းဆိုထားမူကို အာဏာပိုင်များက လက်မခံဘဲ ပယ်ချလိုက်ကြောင်း ပါတီ တာဝန်ရှိသူ တစ်ဦးကပြောသည်။
“အဓိကတော့ ခွင်ပြုချက် တောင်းခံတာ နောက်ကျလို့ ဆိုပီး အကြောင်း ပြပါတယ်။ ဒီလို အခမ်းအနားတွေ ပြုလုပ် ကျင်းပမယ် ဆိုရင် ၂ ပတ် ကြိုတင်ပြီး သက်ဆိုင်ရာကို ခွင့်ပြုချက် တင်ပြ ရပါတယ်။ ကျွန်တော်တို့က တပတ်အလိုလောက်မှ တင်ဖြစ်တော့ သက်ဆိုင်ရာက ခွင့်မပြုတော့ဘူး” ဟု သူက ပြောသည်။
ဆရာတော် ဦးဥတ္တမနေ့ကျင်းပခွင့် ပယ်ချ ခံလိုက်သဖြင့် မနက်ဖြန် နံနက် ၉ နာရီတွင် စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှိ ဆရာတော်၏ ကြေးရုပ်ထုရှေ့တွင် ပါတီလူကြီးများမှ သွားရောက် လွမ်းသူ့ ပန်းခွေချမည့် အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရသည်။ သို့သော်လည်း ပါတီရုံးတွင် ဆရာတော် အခမ်းအနားနေ့ကို အကျဉ်းချုပ် ပြုလုပ်မည်ဖြစ်ကြောင်း ပါတီဗဟို အဖွဲ့ဝင် တဦးကပြောသည်။
စစ်တွေမြို့မှ ပါတီနှင့် နီးစပ်သူ ကျောင်းသားတဦးက ယခုကဲ့သို့ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပ ပြုလုပ်ခွင့် ပယ်ချခံရသည့် အပေါ် သူ့အမြင်ကို မေးကြည့်ရာ ယခုကဲ့သို့ ပြောသည်။
“ဆရာတော်ဦးဥတ္တမနေ့ ကျင်းပခွင့်ကို ပယ်ချလိုက်တယ်ဆိုတာကတော့ သူတို့ သက်သက် ညစ်တာလို့ မြင်ပါတယ်။ ပါတီက ကျင်းပခွင့် မတောင်းရင်တောင်မှ ဆရာတော် ဦးဥတ္တမနေ့ကို အာဏာပိုင်တွေက ကျင်းပ ပြုလုပ် ပေးသင့်တယ်လို့ မြင်ပါတယ်။ ဆရာတော်က ဗြိတိသျှ နယ်ချဲ့အောက်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရေး ဦးဆောင်ကြိုးပမ်းခဲ့တဲ့ ဆရာတော် တပါး ဖြစ်နေတဲ့ အတွက် အာဏာပိုင်တွေ အနေနဲ့ သူ့ကျေးဇူးကို အောက်မေ့ ဂုဏ်ပြုပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပ ပြုလုပ်သင့်တယ်လို့ မြင်ပါတယ်။”
ဆရာတော် ဦးဥတ္တမမှာ မြန်မာ လွတ်လပ်ရေး မျိုးစေ့ကို စတင် ချပေးခဲ့သော ခေါင်းဆောင် တစ်ဦး ဖြစ်သော်လည်း ရခိုင်ဆိုသော လူမျိုးရေး အမြင်ကြောင့် ဆရာတော်ဦးဥတ္တမနေ့ကျင်းပခွင့်ကို ဗမာ အုပ်ချုပ်သူ အဆက်ဆက်က တင်းတင်းကျပ်ကျပ် ပိတ်ပင် တားမြစ်ထားသည်။
သို့အတွက် ဆရာတော်ကို ဂုဏ်ပြု ပူဇော်လိုသူသော ရခိုင်အမျိုးသားများ အနေဖြင့် ဆရာတော် ဦးဥတ္တမနေ့ကို လျို့ဝှက်စွာ ကျင်းပ ပြုလုပ်ရပြီး ဆရာတော်နေ့ကို ကျင်းပ သူများကိုလည်း အစိုးရ ဆန့်ကျင်သူများ အဖြစ် ကင်းပွန်းတပ်ကာ အာဏာပိုင်များက ဖမ်းဆီး လေ့ရှိသည်။
ယခုနှစ်တွင်လည်း ဆရာတော် ဦးဥတ္တမ အခမ်းအနား ကျင်းပခွင့်ကို ဆက်လက် ပိတ်ပင် ထားသော်လည်း ရခိုင်ပြည်နယ် တောင်ကုတ် ၊မအီ ၊ရမ်းဗြဲ ၊ ကျောက်ဖြူနှင့် တခြားမြို့များတွင် ဆရာတော်၏ ထေရုပတ္တိ အကျဉ်းရေးသားထားသည့် လက်ကမ်း စာစောင်များကိုလည်း လူငယ်များက ဖြန့်ဝေခဲ့ကြသည်ဟု သိရသည်။
၂၀၁၀ စက်တင်္ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် ၇၁ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို ဘင်္ဂလာဒေခ်ျ့၊ အိန္ဒိယ၊ အမေရိကန်၊ ထိုင်း စသည့် နိုင်ငံများ အပြင် ရန်ကုန်မြို့တွင် ရခိုင်အမျိုးသားများနှင့် ရဟန်းတော် များက ကျင်းပ ပြုလုပ်ရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
기사 읽기
댓글 올리기
CTRL
이전 →
http://vzochat.com/ko/blog/thesunofasia_ashonottama/page/2