Blog of prettygloria RSS Available

"တကယ်လို့"

에 게시됨 2012-04-05에 의해 prettygloria

တကယ်လို့..နင်သာဆွဲထားခဲ့ရင်
ငါနင့်ဘေးမှာ ရှိနေချင်ခဲ့တာပါ....
တကယ်လို့...နင်သာတားခဲ့မယ်ဆိုရင်
ငါနင့်ဘေးက ထွက်မသွားချင်ခဲ့တာပါ...
တကယ်လို့...နင်သာဆန္ဒရှိခဲ့ရင်
ငါနင့်ဘ၀ထဲကို ၀င်လာချင်ခဲ့တာပါ....
တကယ်လို့...နင်သာသေချာခဲ့မယ်ဆိုရင်
ငါနင့်ဘေးကို လာချင်ခဲ့တာပါ...
တကယ်လို့....နင်သာနားထောင်ချင်ခဲ့မယ်ဆိုရင်
ငါနင့်ဘေးမှာ ပြောလိုက်ချင်ခဲ့တာပါ
"ငါနင့်ကို သတိရနေမယ်နော်"

기사 읽기   댓글 올리기

လမ်း

에 게시됨 2011-08-30에 의해 prettygloria
태그 :လမ်း

အတွေးတိုင်း၏သခင်

အိပ်မက်တို့၏ဘုရင်

စိတ်ကူးများ၏ပလ္လင်

စိုးမိုးထားသူ အသင်

ပြိုကွဲလုလုငါ့ရင်ခွင်

ကြေကွဲခြင်းများနှင့်ယခင်

အတိတ်တို့အားပြန်မြင်

ကြည်နူးခြင်းများကိုယ်စီ

ပြန်တွေးမိတိုင်းနာကျင်ရက်စက်ခြင်းဖြင့်

သူသည်ထားရစ်ခဲ့တော့

ဒီရင်ပျော်ရွှင်ခြင်းဟာ ဘယ်ဆီ

ပြန်တွေ့ဖို့လမ်းတော့ မမြင်ပြီ.

기사 읽기   댓글 올리기

ထာဝရ သူငယ်ချင်း ထာဝရ အဖော်

에 게시됨 2011-08-19에 의해 prettygloria
태그 :ထာဝရ သူငယ်ချင်း ထာဝရ အဖော်


အခန်းကျဉ်းလေးထဲမှာ ...ငါ တစ်ယောက်တည်း...
ဒါပေမယ့်... အထီးကျန်ခြင်းက...ငါ့ဆီ အလည်မလာဘူး..။

ငါ့ အိမ်ခန်း ရှေ့မှာ ...ဖြတ်သန်းစီးဆင်းနေတဲ့..ချော
င်းကလေး...

လှမ်းမြင်နေရတယ်... မင်းဟာ ...ငါ့ သူငယ်ချင်းပဲပေါ့....
တောအုပ်ကလေးက...မင်းရဲ့အနားမှာ...စိမ်းစို ယိမ်းနွဲ့လို့...
မင်းကို ကြည့်လိုက်တိုင်း...မင်းရဲ့ ငြိမ်းချမ်းတဲ့ ရှင်သန်စီးဆင်းမှုဟာ...
ငါ့ဆီကို စီးကူးလာနေတယ်...ကျေးဇူးပါ..သူငယ်ချင်း...။။

လေပြေညင်းကလေး...ချောင်းကလေးကို ဖြတ်သန်းပြီး...
ခွင့်မတောင်းဘဲ...တိုးသက် ညင်သာစွာနဲ့...ငါ့ဆီ ...မင်းအလည်လာတယ်...
ငါ့ကို နှုတ်ဆက် နမ်းရှိုက်ပြိး...ငါ့ဆံနွယ်တွေကို ဆော့ကစားတယ်...
လတ်ဆတ်အေးမြတဲ့ ရနံ့ကို လက်ဆောင်..အဖြစ်..ယူလာသေးတယ်...
ကျေးဇူးပါ...သူငယ်ချင်း...။။။

နေမင်းကြီးက...ငှက်ကလေးတွေ တေးဆိုတဲ့ မနက်ခင်းမှာ...
သူရဲ့ ရွှေရောင်အလင်းတန်းတွေကို ငါ့အိပ်ခန်းအထိ ဖြန့်ကျတ်...
အိပ်မောကျနေတဲ့...ငါ့ မျက်ဝန်းတံခါးတွေကို လာခေါက်တယ်...
ကျေးဇူးပါ...သူငယ်ချင်း ရေ...
တစ်နေ့တာကို ဖြတ်သန်းဖို့ ...နွေးထွေးမှုနဲ့ခွန်အားတွေ..လာပေးတဲ့ အတွက်ပေါ့....။။။။

လမင်းကြီးရေ...ငါ့ရဲ့ နေမင်းကြီး နှုတ်ဆက်အပြန်မှာ...
မင်းထွက်ပေါ်လာပြီး..အေးမြတဲ့ အလင်းရောင်တွေနဲ့
တစ်နေ့တာ ဘ၀..အမောတွေကို ဖြေဖျောက် ပေးပြန်တယ်...
ကျေးဇူးပါ...သူငယ်ချင်း....။။။။။

ကြယ်ကလေးတွေ...လမင်းကြီး အလည်လွန်တဲ့...ညတွေမှာ...
မင်းတို့တွေက ``မှိတ်တုတ်´´ ``မှိတ်တုတ်´´နဲ့ ...
ငါ့ကို အားပေးစကား တီးတိုးပြောနေသယောင်...
စစ်မှန်တဲ့ (သူငယ်ချင်း/အဖော်) ကောင်း ကို
တောင်းတနေတဲ့....ငါ့ဆန္ဒတွေ ပြည့်ဝ အောင်... တခါတရံ မှာ...
လှပတဲ့ အလင်းတန်းတွေနဲ့... ကြွေ လွင့် ပေးကြသေးတယ်နော်....။။။။။။

သူငယ်ချင်းတို့ရေ.......
ငါ့ဆီကို ...အထီးကျန်ခြင်းတွေ...
အလည်..လာလို့မရအောင်... မင်းတို့တွေက...အဖော်ပြုပေးကြတယ်နော်...
သူငယ်ချင်းတို့ရဲ့ ...ပေးဆပ်ခြင်း သာရှိပြီး...
တုံ့ပြန်မှု ...တစုံတရာကို ...မမျှော်လင့်တက်ကြတဲ့...
ဖြူစင်..မွန်မြတ် တဲ့ ခင်မင်မှုကို..`` ထာဝရ´´...ကျေးဇူး တင်နေမှာပါ...။။။။။။။

ငါ့ဖက်က ..ပြန်ပေးနိုင်တာ က....
သူငယ်ချင်းတို့ အားလုံး....``ထာဝရ´´ တည်တံ့ပြီး...
ကျန်းမာ..ပျော်ရွှင် စေကြောင်း...
တောင်းဆု မေတ္တာ တစ်ခု....
ငါ့ အသက်...ရှင်သန်နေသရွေ့...ပေးဝေေ နပါရစေ....။။။။။။။။

기사 읽기   댓글 올리기

တချို့က အချစ်ကို ဒီလိုပြောကြတယ်

에 게시됨 2011-08-19에 의해 prettygloria
태그 :တချို့က အချစ်ကို ဒီလိုပြောကြတယ်


(၁) လူရယ်လို့ဖြစ်လာရင် ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ပျော်ရွှင်သလို သူ့အ
တွက်လဲ ပျော်ရမယ်။ ပျော်ရွှင်တဲ့လူဟာ အလှပဆုံးဖြစ်တယ်။ ဆွဲဆောင်မူ အ
ရှိဆုံးဖြစ်တယ်။ ယောက်ျားလေးတွေ အသက်ရှင်တာ မေ့လျော့ခြင်းကို လက်
ကိုင်ထားလို့။ မိန်းကလေးတွေ အသက်ရှင်တာ မှတ်သားခြင်းကို လက်ကိုင်
ထားလို့။ ............Socrates

(၂) လင်မယားဆိုတာ ကပ်ကြေးတစ်လက်နဲ့တူတယ်။ ထက်မြက်တဲ့ အသွား
နှစ်ခုဟာ ဘယ်တော့မှ မခွဲဘူး။ ဆန့်ကျင်ဖက် ဖြစ်နေပါစေ ကြားဝင်လာတဲ့
ပစ္စည်းကိုတော့ အသွားနှစ်ဖက်ပေါင်းပြီး ညှပ်ပစ်လိုက်နိုင်တယ်။..S. Smith

(၃) လူငယ်တွေရဲ့ အိပ်မက်ဟာ အချစ်၊ ငွေကြေးနဲ့ ကျန်းမာရေးတဲ့။ ဒါပေမဲ့
တချိန်ချိန်မှာတော့ ကျန်းမာရေး၊ ငွေကြေးနဲ့ အချစ်လို့ ပြောင်းလဲသွားတာကို
သူတို့ သတိပြုမိကြလိမ့်မယ်။.....Paul Jiruidi

(၄) မိန်းကလေးတွေဟာ စကားပြောတဲ့ အချိန်မှာ သူတို့ကို လျစ်လျူရှူထား
တဲ့ ယောက်ျားတွေနဲ့ပြောရင် အသံကျယ်ကျယ်နဲ့ ပြောတယ်။ သူတို့ကို ပျော်
အောင် စိတ်လှုပ်ရှားအောင်လုပ်တဲ့ ယောက်ျားတွေနဲ့ ဆိုရင် အသံတိုးတိုးနဲ့
ပြောတယ်။ သူတို့တကယ်ချစ်တဲ့ ယောက်ျားလေးနဲ့ကျတော့ အသံတိတ်နေ
တတ်တယ်။......George Eliot

(၅) ယောက်ျားလေးတွေအတွက် လက်ထပ်ခြင်းဆိုတာ သူတို့ရဲ့ လွတ်လပ်မူ
နဲ့ လောင်းကစားလုပ်တာပဲ။ မိန်းကလေးတွေကတော့ သူတို့ရဲ့ ပျော်ရွှင်ခြင်းနဲ့
လောင်းကစားလုပ်တာပဲ။....W. Somerset Maugham
အင်္ဂလိပ်စာရေးဆရာ W. Somerset Maughamနဲ့ အချို့စာရေးဆရာရဲ့ စာ
အချို့ကို ဒီထဲမှာ ကြည့်နိုင်ပါသေးတယ်။

(၆) အချစ်ဆိုတာ မီးတအိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိ
မှသာ မီးရဲ့ အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မညိမ်းနိုင်ဘူး။
Henry H. Hansa

(၇) ယောက်ျားလေးတွေ စီးကရက်တလိပ် သောက်ပြီး စိတ်ဖြေတာဟာ မိန်း
ကလေးတွေ တခါလောက် အားရပါးရ ငိုလိုက်တာနဲ့ ညီမျှတယ်။
Edwards.Mbowe Reighton

(၈) မိန်းကလေးတွေရဲ့ နုပျိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော်သိလိုက်ပြီ။ အဲဒါ
ကတော့ အသက်လိမ်ခြင်းပဲ။........ Shakespeare

(၉) အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။
Shannon Fafe

(၁၀) မိန်းကလေးတိုင်း ရွေးချယ်မူတခုကို ရင်ဆိုင်ရမှာပဲ။ လူချစ်လူခင်ပေါတဲ့
ယောက်ျားလေးကိုလက်ထပ်ရင် စိတ်မချဘူး။ လူချစ်လူခင်နည်းတဲ့ယောက်ျား
လေး ကျပြန်တော့ စိတ်မပါဘူး။..........Mark Twain

(၁၁) အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ပန်းတပွင့်နဲ့တူတယ်။
အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။......

Shakespeare

(၁၂) အချစ်ဟာ ဘ၀ကို လောင်မြိုက်စေတယ်။
အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။.....Johann W. Goethe

(၁၃) လူတွေရဲ့ အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူ
တယ်။ လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။
Gelinbeier

(၁၄) အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလို
ယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။.....History Myers

(၁၅) ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘ၀မှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာမရှိရင်
ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ ရှိမှာမဟုတ်ဘူး။
Honore de Balzac

(၁၆) ငွေကြေးကြောင့် လက်ထပ်တဲ့လူလောက် ယုတ်မာတာ မရှိဘူး။
အချစ်တခုတည်းအတွက်နဲ့ လက်ထပ်တဲ့လူလောက် မိုက်မဲတာ မရှိဘူး။
Johnson

(၁၇) သာယာတဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက်မှာ တူညီတဲ့ခံစားမူတွေ
ရှိရမယ်။ တယောက်လွတ်လပ်မူကို တယောက်က ၀င်မစွက်ဖက်ရဘူး။ပေါင်း
ဖက်ရခြင်းကို တန်ဖိုးထားရမယ်။ ချစ်ခင်မူကို ထိန်းသိမ်းရမယ်။ ဒီအချက်တွေ
ကို လက်ကိုင်ထားရင် လက်ထပ်ခြင်းဆိုတာ ယောက်ျားလေးနဲ့ မိန်းကလေး
အတွက် အလှဆုံးနဲ့ အရေးပါဆုံးဖြစ်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။
Bertrand Russell

(၁၈) အချစ်ကို ပိုင်ဆိုင်ဖူးသလို အချစ်ကို ဆုံးရှုံးဖူးတာက တခါမှ မချစ်ဖူးတာ
ထက်စာရင် ကောင်းသေးတယ်။ Alfred Tennyson

(၁၉) အိမ်ဆိုတာ လူတွေရဲ့ အဆိုးအပြစ်နဲ့ ကျဆုံးခြင်းတွေ သိုဝှက်ထားတဲ့
တခုတည်းသော နေရာဖြစ်သလို ချစ်ခြင်းမေတ္တာနဲ့ ချိုမြိန်မူတွေကို သိုလှောင်
ထားတဲ့ နေရာလည်းဖြစ်တယ်။ Bernard Shaw

(၂၀) လူ....လူ...လူ...လူဆိုတာ ရယ်မောခြင်းနဲ့ မျက်ရည်ကြားက ချိန်သီးတစ်
လုံးဖြစ်တယ်။ Lord Byron

အချစ်.....အချစ်.....အချစ်ရဲ့ ရင်ခုန်သံဟာ အကောင်းဆုံး အိပ်ရာဝင်တေး
တစ်ပုဒ်ဖြစ်တယ်။( ငယ်လေး)

기사 읽기   댓글 올리기

How Old R U?

에 게시됨 2011-08-15에 의해 prettygloria
태그 :how old r u

At 3yrs ''Mommy I love you''.

At 10yrs ''Mom whatever''.

At 16yrs ''My mom is so annoying''.

At 18yrs ''I'm leaving this house''.

At 25yrs "Mom you were right''.

... At 30yrs '' Wanna go to mom's house''.

At 50yrs ''Don't wanna lose my mom''.

At 70yrs "I would give up everything to have my mom here with me''.

Now How old r u?

You only have one mommy. Post this on your wall if you appreciate your mom.

기사 읽기   댓글 올리기

Day

에 게시됨 2011-08-15에 의해 prettygloria
태그 :day

Sun likes Sunday

Moon likes Monday

But

I like one day

that"s your Birthday.

기사 읽기   댓글 올리기

ငါသာလျှင်ဖြစ်ခဲ့ရင်

에 게시됨 2011-08-11에 의해 prettygloria
태그 :ငါသာလျှင်ဖြစ်ခဲ့ရင်


   ငါသာအသိုင်းအ၀ိုင်းအပြင်ကလူတယောက်ဖြစ်ခဲ့ရင်

  နင်ကိုအတိုင်းအဆမဲ့စွာနဲ့ပေးဆပ်မှုတွေပေးချင်ပါတယ်
 ငါသာချမ်းသာတဲ့လူတယောက်ဖြစ်ခဲ့ရင်
 နင်ကိုအဝေးကနေမမျှော်လင့်တဲ့ထူးဆန်းမှုတွေပေးချင်ပါတယ်။
 ငါ့သာမိန်းမချောလေးတယောက်ဖြစ်ခဲ့ရင်
  နင်ပြန်လာတိုင်းအမောပြေသံပုရာရည်လေးနဲ့အနမ်းတချို့ပေးချင်ပါတယ်
ငါသာထီးတစ်လက်ဖြစ်ခဲ့ရင်
နင်အတွက်ဥတုဒဏ်ကိုကာကွယ်ပေးချင်ပါတယ်။
အခုတော့ငါမှာဘာမှမပိုင်ဆိုင်သလိုငါမှာဘာမှလည်းမ၇ှိပါဘူး။
   ကဲဒါတော့ငါဘယ်လိုလုပ်ရမလဲ

기사 읽기   댓글 올리기

တံတိုင်း

에 게시됨 2011-08-11에 의해 prettygloria
태그 :တံတိုင်း


စတွေ့တဲ့နေ့လေးကို  ပြန်ပြီးမကြည့်ချင်တော့ဘူး
အရင်ကလိုနင်အပေါ် ခင်တွယ်တဲ့မျက်လုံးတွေနဲ့ကြည့်ခွင့်ရှိပါ့မလား။

နင်ကောင့ါကိုအရင်လိုဂရုစိုက်မှုတွေ ပေးနိုင်ပါ့မလား။
တံတိုင်းလေးခြားနေပြီလေ။

ငါရဲ့လက်ကလေးကိုတင်းကျပ်စွာနဲ့ဆုပ်ကိုင်ထားတဲ့နေ့လေးတနေ့
ငါအရမ်းပျော်ခဲ့တယ်။
အကြောင်းသင့်လို့ငါလက်ကလေး  နင်ဘေးမှာ၇ှိနေခဲ့သေးရင်...................
တံတိုင်းလေးကတားမြစ်နေပြီလေ


အရင်လို နင်၇ဲ့နွေးထွေးတဲ့ရင်ခွင်ကိုတော့မမျှော်လင့်ရဲတော့ပါဘူး
တံတိုင်းလေးကခိုင်မာနေပြီလေ။

အရင်လိုတွေ့ကြရင်တောင်မှ
အရင်လိုနင်ဘေးမှာ နေခွှုင့်ရနေရင်တောင်မှ
အရင်လိုဂရုစိုက်မှုတွေပေးနေတယ်ဆိုရင်တောင်မှ

    ငါပျော်ပ့ါတော့မလားချစ်သူရယ်။

기사 읽기   댓글 올리기

ဆုတောင်း

에 게시됨 2011-08-11에 의해 prettygloria
태그 :ဆုတောင်း

       
ချစ်သူနင်အတွက်ဆိုရင် အရာအားလုံးကိုပြောင်းလဲပေးချင်တာပါ။

နင်အတွက်ဆိုရင်ဘာမှတန်ဖိုးမ၇ှိတဲ့ငါ့အပြုံးကိုတောင်မိုနာလီဇာနဲ့ပြိုင်ရင်အနိုင်ရချင်ပါတယ်။


ငါဟာစုဖုရားလတ်လိုလက်ညှိုးညွန်ရာရေမဖြစ်နိုင်ပေမဲ့
နင်ရဲ့အောင်မြင်မှုလက်တလှမ်းကိုတော့ခေါ်နိုင်ပါတယ်။


ရှင်စောပုလိုယောင်္ကျားတိုင်းအပေါ်အာဏာစကားမသက်ရောက်ပေမဲ့
သစ္စာရှိပါဆိုတဲ့စကားတခွန်းတော့နင်အပေါ်သက်ရောက်ခြင်း၇ှိပါစေ။


ငါ့အချစ်က ရိုမိယို  ဂျူးလိယက် လိုမပြောင်မြောက်ပေမဲ့
သူတို့ထက်မလျော့တဲ့အချစ်နဲ့ပေးဆပ်နေမှာကိုတော့ယုံပေးပါချစ်သူရယ်.။

기사 읽기   댓글 올리기

မင်းထူမှထမယ်....ထမယ်"

에 게시됨 2011-08-03에 의해 prettygloria
태그 :မင်းထူမှထမယ်ထမယ်

ငါ၏ အိမ်ရှေ့

လမ်းချိုးကွေ့တွင်

တွေ့သူတစ်ယောက်

အရက်သောက်၍

မှုးမှောက်ပြိုလဲ

ဆိုဆဲနေလေ၏။

.....

ကူညီပေးရန်

ရည်သန်စိတ်ကဲ

လဲနေတဲ့သူ

တဖက်လူကို

တွဲထူရန်ထ သွားလေ၏။

.............

သို့သော် ငမှုး

ထိုအရူး၏

သီကျူးညည်းခြင်း

သူသီချင်းကြောင့်

ခံပြင်းဒေါဖောက်

ထိုလူနောက်အား

ခေါင်းခေါက်ထားခဲ့မိလေ၏။

...........

မောင်မူးဆိုညည်း

သီချင်းကြီးမှာ

"မယ်မင်း ပ..ပ..ခင်ပျိုရယ်

မင်းထူမှထမယ်....ထမယ်"

ဟူသတဲ့။

기사 읽기   댓글 올리기

CTRL 이전
http://vzochat.com/ko/blog/prettygloria/page/2

사진

태그

최근 코멘트

တခါတလေ
naing235: ကဗျာလေးတွေ ကို ကြိုက်တယ် အင်း
အနှစ်မပါ သစ္စာစကားတွေ
naing235: Hine,......... ဘာလဲဟ
တခါတလေ
ကဗျာလေးတွေ ကို ကြိုက်တယ်
အနှစ်မပါ သစ္စာစကားတွေ
prettygloria:   0123456789: ဘာလဲ ဟ... အစက်လေးတစက်က ဘာပြောချင်တာလဲ?ပြောစရာမရှိတော့လား? ပြောကိုမပြောချင်တော့တာ…
© 2006-2012 무료 화상 채팅 VZOchat! 판권 소유.
버그 또는 번역에 오류가? 발견 그것을 마우스로 선택하고 Ctrl 키를 눌러 보고서를 입력합니다.