လွင့်ပါးသွားခဲ့သော

Posted on 10/02/2012 da နေမင်း

ချစ်နေချိန်မှာ အချစ်ကစိတ်ကူးယဉ်ဆန်တယ်။ ဖမ်းဆုပ်လို့ မရဘူး ရယူပြီးချိန်မှာအချစ်ကလှပချိုမြိန်တယ်။လွမ်းဆွေး

ချိန်မှာ အချစ်ကခါးသက်တယ်။ အသဲကွဲချိန်မှာ အချစ်ကခိုကိုးရာမဲ့ လဲပြိုလို့"ဘာဖြစ်လို့ကျွန်တော့်ကို စွန့်လွှတ်လိုက်

တာတာလဲ" အေးစက်စက်မြေပြင်ပေါ် လဲကျရင်း အချစ်ကမေးတယ်။" ဝါသနာနဲ့ မျှော်မှန်းချက်ကိုပဲ လိုချင်ခဲ့တာ "


ကျွန်တော့်ကို ကောက်ယူပါ။ ကျွန်တော်ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ နောက်တော့ ခင်ဗျားသိမှာပါ "အချစ်က

ခခယယတောင်းဆိုတယ်။"ဟို...."အချစ်ရဲ့ခယတောင်းဆိုမှုမှာ ကိုယ်တွေဝေနေမိတယ်။ ပြောစရာ စကားလုံး ကိုယ်

ရှာမတွေ့ခဲ့ဘူး။ ကိုယ့်အတွေးထဲမှာ အချစ်ကဒြပ်မဲ့ပစ္စည်း မမြင်နိုင်ဘူး၊ ဆုပ်ကိုင်လို့မရဘူး။


ဒါကြောင့် အချစ်နဲ့ မျှော်မှန်းချက်ကြားမှာ မျှော်မှန်းချက်ကိုရွေးဖို့ ကိုယ်ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် မျက်ရည်တွေနဲ့

ပြည့်နှက်နေတဲ့ အချစ် ကိုမကြည့်ရက်ခဲ့လို့ ခါးချိုးဦးညွှတ်ပြီး အချစ်ကို ကိုယ်ကောက်ယူလိုက်မိပြန်တယ်။ ဒီတစ်ကြိမ်

မှာတော့ အချစ်ကကိုယ့်လက်ဖဝါးထဲမှာ တလက်လက်တောက်ပပြီး နွေးထွေးတဲ့ရောင်ခြည်တွေ ယှက်ဖြာနေတဲ့ပုလဲ

တစ်လုံးလိုကိုယ်ခံစားမိတယ်။ ဒါပေမယ့်"ကိုယ့်ရွေးချယ်မှုကို နားလည်ပေးပါ။


အခုအချိန်မှာ အချစ်က မျှော်မှန်းချက်လောက် အရေးမကြီးဘူးလို့ ကိုယ်ထင်တယ်"နောက်ဆုံး အချစ်ကို ကိုယ်တီးတိုး

တောင်းပန်ရင်း လွှတ်ချဖို့ပြင်တယ်။ "မလုပ်ပါနဲ့. ကျွန်တော့်ကိုလွှတ်မချပါနဲ့ ကျွန်တော့်ကိုပေါင်နှံပြီး အလိုရှိတဲ့ပစ္စည်းနဲ့

လဲယူပါ။ တစ်နေ့ကျွန်တော့်ကိုသတိရတဲ့အချိန် ကျွန်တော်ကို ပြန်လာဝယ်ပါ။


အချစ်ကို လက်ဖဝါးထဲထည့်ပြီး ''အချစ်အပေါင်ဆိုင်'' ဆီကို ကိုယ်ရောက်ခဲ့တယ်။ အပေါင်ဆိုင်ပိုင်ရှင်ကခေါင်းမဖော်ဘဲ

မေးတယ်။"ဘာနဲ့ လဲမလဲ?" ''မျှော်မှန်းချက်နဲ့ လွတ်လပ်မှု" စိတ်ထင့်ထင့်နဲ့ ကိုယ်ဖြေတယ်။ "အချစ်ကိုထားပြီး သွားနိုင်

ပါပြီ"ကိုယ့်အချစ်ကို အိတ်တစ်အိတ်ထဲထည့်ပြီး အိတ်ပေါ် အမှတ်တစ်ခုကပ်လိုက်တာကို ကိုယ်လှမ်း မြင်လိုက်တယ်။

အမှတ်ပေါ်မှာက "၁၉၉၈ ခုနှစ် ဇွန်လအချစ်" တဲ့ "မျှော်မှန်းချက်နဲ့လွတ်လပ်မှု" ကိုပိုက်ပြီး အပေါင်ဆိုင်က ကိုယ်အပြေး

ထွက်ခဲ့တယ်။ နောက်ဆုံး အချစ်ရဲ့ ချုပ်နှောင်မှုတွေကင်းခဲ့လို့ ကိုယ်လွတ်လပ်ခဲ့တယ်။


မျှော်မှန်းချက် ကောင်းကင်အောက်မှာ ကိုယ်လွတ်လွတ်လပ်လပ် ဝဲပျံနိုင်ခဲ့တယ်။ ဒါပေမယ့် ကာလတစ်ခုအရောက်မှာ

"အထီးကျန်ခြင်း"ဆိုသူတစ်ဦးက ကိုယ်သတိမထားမိချိန်မှာ ကိုယ့်အနားရောက်ရောက်လာခဲ့တယ်။ သူ့ကို ကိုယ်ဘယ်

လိုမှငြင်းပယ်၊ မောင်းထုတ်လို့ မရခဲ့ဘူး။ ဒီလိုအချိန်ခါမျိုးမှာအချစ်ကိုကိုယ်ပြန်သတိရမိတယ်။ လှပတဲ့ရောင်ခြည်တွေနဲ့

ယှက်သန်းထားတဲ့ အချစ်ကိုကိုယ်ပြန်လွမ်းဆွတ်မိတယ်။ အချစ်အပေါင်ဆိုင်ထဲ ကိုယ်တစ်ခေါက် ရောက်ခဲ့ပြန်တယ်။


အပေါင်ဆိုင်ထဲမှာ အိတ်ကြီးအိတ်သေးတွေ အပြည့်ချိတ်လို့ အပေါင်ဆိုင်ပိုင်ရှင်ကြီးက ခေါင်းမဖော်နိုင်အောင် အလုပ်

တွေရှုပ်နေခဲ့တယ်။ "၁၉၉၈ခုနှစ် ဇွန်လကအချစ် ပြန်ဝယ်ချင်လို့ပါ" "ဘာနဲ့ ဝယ်မလဲ ?" ရင့်ရော်နေတဲ့အသံနဲ့ အပေါင်

ဆိုင်ပိုင်ရှင်ကကိုယ့်ကို အေးစက်စက်နဲ့မေးတယ်။ "ကိုယ်ရဲ့အခုလက်ရှိနဲ့  အနာဂတ်အရာအားလုံး ပြီးတော့ အသဲနှလုံး

တစ်စုံနဲ့ ပြန်ဝယ်မှာပါ" တွေဝေမှုကင်းတဲ့အသံနဲ့ ကိုယ်ပြန်ဖြေတယ်။ တုန်ရီနေတဲ့လက်တွေနဲ့ အိတ်ကိုဖွင့်ကြည့်လိုက်

တယ်။ အိတ်ထဲအချစ်က အရင်အတိုင်း လှပကြွရွနေတာကို တွေ့လိုက်တယ်။


အချစ်ကို တယုတယ ကိုင်တွယ်ရင်း အပေါင်ဆိုင်က ကိုယ်လှည့်ထွက်လာခဲ့တယ်။


အရင်ကတန်ဖိုးထားရကောင်းမှန်းကိုမသိခဲ့လို့ဖြစ်လိမ့်မယ်။ ဒီတစ်ကြိမ်မှာတော့လက်ထဲကအချစ်ကိုလွတ်မကျအောင်

ကိုယ်ဂရုတစိုက်ရှိခဲ့တယ်။ အချစ်ကိုဂရုစိုက်နေခဲ့လို့ ရှေ့ကလမ်းကိုကိုယ်သေချာမကြည့်ခဲ့မိဘူး။ လေပြင်းတိုက်နေတဲ့

ရာသီဥတု အခြေအနေကိုလည်း သတိမရခဲ့ဘူး။  ကိုယ် သတိတစ်ချက်အလွတ်မှာ ဒီနှစ်ရာသီရဲ့ နံပါတ် (၃) ခုမြောက်

"အမှန်တရား"ဆိုတဲ့ လေပြင်းက ကိုယ့်လက်ထဲက အချစ်ကိုလွတ်ကျအောင် တိုက်ခိုက်သွားခဲ့တယ်။

ကိုယ့်လက်ထဲက အချစ်တွေက ပြုတ်ကျပြီး သဲတွေဖြစ်သွားတာကိုကိုယ်မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရတယ်။ "ဟင့်အင်း

ဒါငါ့အချစ်မဟုတ်ဘူး။ ငါ့အချစ်ကပုလဲတွေ" အရူးတစ်ယောက်လိုကိုယ်အော်ဟစ်နေမိတယ်။ အချစ်တွေကဘာဖြစ်လို့

အမှန်တရားဆိုတဲ့ လေပြင်းဒဏ်ကိုမခံနိုင်မှန်း ကိုယ်နားမလည်ခဲ့ဘူး။ "အချစ်ဆိုတာ ပင်လယ်ထဲက သဲတွေပါပဲ။ကိုယ့်

စိတ်နဲ့ တယုတယဂရုစိုက်မယ်။ လွမ်းဆွတ်ခြင်း၊ မျက်ရည်တွေနဲ့  စွတ်စိုစေမှသူဟာ ကိုယ့်နှလုံးသားထဲမှာ အနယ်ထိုင် ပြီးပုလဲတွေ ဖြစ်သွားတာ" အချိန် '' လို့ခေါ်တဲ့ အဘိုးအိုက မလှမ်းမကမ်းကနေ ကိုယ့်ကိုလှမ်းပြောတယ်။  "အချစ်'' ကို

ခင်ဗျား ခွဲထားတာကြာခဲ့လို့ ခင်ဗျားရဲ့အချစ်က အရင်လိုပုလဲတွေ မဟုတ်တော့ဘူး။ ဒါကြောင့် လေပြင်းရဲ့ ဒဏ်ကို သူ

မခံနိုင်တော့ဘဲ သဲတွေအဖြစ် လွှင့်ပါးသွားခဲ့ရပြီ" လက်ထဲကသဲတွေကို တင်းတင်းဆုပ်ကိုင်ထားရင်း ကိုယ့်ရင်တွေ တဆစ်ဆစ်နာကျင်နေမိတယ်။


အရင်ကတန်ဖိုးထားရကောင်းမှန်း မသိခဲ့ပေမဲ့ခုမှအဖိုးတန်မှန်းသိတဲ့ အချစ်ကိုကိုယ်တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထား

ချင်ခဲ့မိတယ်။ ဒါပေမယ့် သဲတွေက ကိုယ်လက်ညှိုးကြားထဲကနေ စီးကျသွားကုန်တယ်။ အချစ်က သဲမှုန့် တွေအဖြစ်

ကိုယ့် အနားကနေလွတ်ကျပျောက်ကွယ်သွားခဲ့ပြန်တယ်။


မှတ်ချက် ။ ။    လွင့်ပါးသွားခဲ့သော အပြာရောင်မိုးတိမ်တိုက်များ (သို့ မဟုတ်) "၁၉၉၈ခုနှစ် ဇွန်လ တမ်းခြင်း"

~~~~~ သူငယ်ချင်းအားလုံးပဲ. အချစ်တွေကို မလွင့်ပါးစေပဲအမိအရ ရယူဖမ်းဆုတ်နိုင်ကြပါစေ။ ~~~~~~

Aggiungi commento

Si prega di login o registro a:
  • View full profile utenti;
  • trovare nuovi amici;
  • scrivere commenti;
  • invia messaggio personale.
← နအဖစစ်အုပ်စုရဲ့ ရုပ်သေးရုပ် နိ…   Return to blog
© 2006-2012 Free Video Chat VZOchat! Tutti i diritti riservati.
Trovato un bug o errori nella traduzione? Selezionare con il mouse e premete Ctrl + Invio per relazione.