“နတ်သမီး....ပုံပြင်”..(၄)

Posted on 21/06/2009 da nan_ma_wa

“နတ်သမီး”...နင်...အဲဒီတစ်ယောက်နဲ့..အရောမဝင်နဲ့”...ဟု..'ပင်လယ်' ပြောပြီး ဒေါပွနေသည်..။
“ဘာဖြစ်လို့လဲ..'ပင်လယ်' ရဲ့....သူက..ငါ့ကိုခင်လို့..လာမိတ်ဆက်တာ...သူငယ်ချင်း အသစ်ရတာပေါ့”..
ဟု.. 'နတ်သမီး'ပြောတော့..'ပင်လယ်' ..ပြုံးနေတယ်...။
ပြီးတော့....“အဲဒီ တစ်ယောက်လဲ...“မုန်တိုင်း” ရဲ့...ကိုယ်ပွားပဲ ဖြစ်ရမယ်...ငါ  မသင်္ကာဘူး..မာယာများတဲ့ မိန်းမ...။
နံမည် အမျိုးမျိုးနဲ့...ကိုယ်ပွားတွေ...ပွားထားတာ...
“မုန်တိုင်း”လည်း..သူပဲ..“မိုးကြိုး”လည်း  သူပဲ...“လျှပ်စီး” ဆိုတာလည်း...အဲဒီမိန်းမပဲ...
နင်နဲ့ငါ..ချစ်သူတွေ ဖြစ်နေမှန်းသိလို့...နင့်အနားကို ချည်းကပ်လာတာ”....
'ပင်လယ်' ၏ ပြောစကားကြောင့် 'နတ်သမီး' စိတ်တိုလာတယ်...။
“နင့်ဇာတ်လမ်းတွေကလည်း...ရှုပ်နေတာပဲ....မပြီးနိုင်တော့ဘူးလား 'ပင်လယ်'..ရယ်”...“နင့်မှာ  ရည်းစား
ဘယ်နှစ်ယောက်တောင်ရှိနေရတာလဲ”.....
'နတ်သမီး' ရဲ့..သဝန်တိုမှုတွေ...ငယ်ထိပ်သို့ ရောက်နေပြီ....။
“မဟုတ်ဘူး...မရှိဘူး...သူနဲ့ငါ...အရင်တုန်းက....”.....
'ပင်လယ်.'...ရှင်းပြနေသည်ကို 'နတ်သမီး' နားထောင်နိုင်စွမ်း မရှိတော့၍...ပင်လယ့် ဘေးမှ ထွက်ပြေးခဲ့သည်...။
အဲဒီညက သဝန်တိုစိတ်များကြောင့် နတ်သမီး အိပ်၍မရခဲ့....ပင်လယ့်ထံမှ...Message များ တစ်ခုပြီးတစ်ခု..
'နတ်သမီး'..၏ Phone ထဲသို့ အဆက်မပြတ်ရောက်လာခဲ့သည်...။
'ပင်လယ်'..၏ ဖြေရှင်းချက်များကိုဖတ်ရင်း...'နတ်သမီး' မျက်ရည်ဝဲခဲ့ရသည်..။
အပြစ်မရှိသော...ပင်လယ့် ကို သနားသည်..။ကောက်ထားသော စိတ်များ ပြေလျှော့ချင်နေပြီ...။
“'နတ်သမီး'ရယ်...ငါ့ကြောင့်...နင် စိတ်ညစ်နေရပြီနော်...နင့်ကို ငါ စောင့်နေတယ်”....ဆိုတဲ့...
နောက်ဆုံးဝင်လာသော...ပင်လယ့်ထံမှ Message ကြောင့်...အိပ်ယာထဲတွင် ခွေနေသော ...
'နတ်သမီး'  တစ်ယောက်...ပင်လယ်ရှိရာ ကမ်းခြေဆီသို့...အပြေးလေး လှမ်းရင်း...
ကောက်ထားသော..စိတ်များ ပြေလျှော့ခဲ့ရသည်..။
သဲသောင်ပြင်ပေါ်တွင်..'နတ်သမီး.'.ဒူးထောက်ထိုင်ချလိုက်ချိန်တွင်....ပင်လယ်..လွှတ်လိုက်သော...ပင်လယ်၏ကိုယ်ပွားလှိုင်းလုံးလေးများသည်....
'နတ်သမီး'...၏ ခြေရင်းသို့...မရဲတရဲ ခြည်းကပ်လာသည်ကို...
'နတ်သမီး'...ငုံ့ကြည့်ရင်း....
“နင့်ကို..ငါ...သိပ်ချစ်ပါတယ်..'ပင်လယ်' ရယ်”....ဆိုသော စာတန်းလေးကို....သဲသောင်ပြင် ပေါ်တွင်
ချရေးလိုက်တယ်ဆိုရင်ပဲ...ပင်လယ်မှာ..နတ်သမီးရှိရာသို့....လှိုင်းလုံးအသွင်ဖန်ဆင်းပြီး....
နတ်သမီးအား...ပြေး၍ ထွေးပွေ့ အုပ်မိုးလိုက်လေတော့သည်...။
အဲဒီ...“ည” က....အလည်လွန်နေသော...“လမင်းကြီး” ကို...သူတို့(၂)ယောက်ကြိတ်၍ ..ကျေးဇူးတင်နေမိသည်...။

အဲဒီ...“ည” က......
ပင်လယ်ပြင်သည်....“လ” မသာပဲ....“လှ”နေခဲ့ပါသည်......။

 
 
 
http://www.youtube.com/watch?v=ZTGb08KMmgU
 

Discussione

ိုးချစ်သူ su 22/06/2009 ha detto:

အရေးအသားလေးတွေက..အရမ်းနဲ့ကောင်းပြီးတော့

ဖတ်ရတာလဲအရမ်းအသက်ဝင်လာတယ်။ညလေးတောင်ပင်လယ်နားကို

ရောက်သွားသလိုဘဲမရ...........

nan_ma_wa su 22/06/2009 ha detto:

ကျေးဇူးတင်ပါတယ်...ညီမလေး............

တစ်ချို့သူငယ်ချင်းတွေက....“နတ်သမီး....ပုံပြင်”....ကို....

ဖတ်ရတာ....အဆက်အစပ် မရှိဘူးလို့ ပြောကြတယ်......

အပိုင်းဆက်တွေ ရေးထားတာမို့.......“နတ်သမီး....ပုံပြင်”..(၁)...မှ.

“စ”ပြီး  အစဉ်အတိုင်း  ဖတ်မှ....နားလည်နိုင်ပါလိမ့်မယ်.....။

“မ”ရေးထားတာလေးတွေကို  နားလည်စွာဖတ်ပေးတဲ့ ညီမလေးကို......

ကျေးဇူးအများကြီး တင်ပါတယ်...နော်..။

ronggint75 su 23/06/2009 ha detto:

အစ်မလို.ဘဲရိုသေစွာနဲ.ခေါ်လိုက်မယ်နော်.........ရတယ်မို.လား

ရေးတတ်ချင်လိုက်တာ အစ်မလိုလေ

နောက်လဲဆက်ရှာဖတ်မယ် မ ဆီကပညာများများယူအုန်းမှာ

nan_ma_wa su 23/06/2009 ha detto:

ကျေးဇူး...(၂) ခါတင်ပါတယ်...ညီမလေး..............

(ပ)ကျေးဇူးက.......ညီမလေးနဲ့ ပါတ်သက်ပြီး 

 .http://test-pna.blogspot.com/ ကို သိခွင့်ရခဲ့လို့.......။

(ဒု)ကျေးဇူးကတော့........“မ” ဆီကို လာလည်လို့................။

နောက်လဲ တွေ့မယ်နော်............

ရွှင်လန်းချမ်းမြေ့ပါစေ.................။

 

Aggiungi commento

Si prega di login o registro a:
  • View full profile utenti;
  • trovare nuovi amici;
  • scrivere commenti;
  • invia messaggio personale.
← “အဖေ”   Return to blog   “ဆံထိုးလေး”...... →
© 2006-2012 Free Video Chat VZOchat! Tutti i diritti riservati.
Trovato un bug o errori nella traduzione? Selezionare con il mouse e premete Ctrl + Invio per relazione.