ကြယ်ပုံပြင်.....(ကြယ်တပွင့်၏ နောက်ဆုံးလင်းလက်ခြင်း.....)
पर पोस्ट किया 09-07-2009 द्वारा
nyikyalsin369
ချစ်သူရေ.... သိပ်ချစ်ရလွန်းတဲ့ငါ့ဘ၀မှာ ငါချစ်တဲ့ ချစ်ခြင်းမေတ္တာတွေဟာ ချစ်သူအတွက် လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ...ငါ့ အတွက်တော့ ကြယ်တပွင့်ရဲ့ နောက်ဆုံးလင်းလက်ခြင်းပါ..။ငါ့..ရဲ့ချစ်ခြင်းအလင်းရောင် ဟာ နေရောင်ခြည်လောက် မဟုတ်ပေမယ့်ငါ တတ်စွမ်းသလောက်ပေးရတဲ့ အလင်းနဲ့ အနွေးဓာတ်ပါပဲ..။ချစ်တဲ့သူရဲ့ ရင်ထဲမှာ ငါ ရှိနေတယ်.. ရှိမနေဘူးဆိုတာ မသိနိုင်ပေမယ့်..အချိန်တွေပြောင်းလဲသွားလို့..ဒီကမ္ဘာကြီးမှာ..ငါမရှိတော့တဲ့အခါ ချစ်သူရဲ့ဘ၀ တစိတ်တပိုင်းမှာ (မင်းကို....)ရင်နင့်စွာနဲ့ သိပ်ချစ်ခဲ့ရဖူးတဲ့ {နောက်ဆုံး လင်းလက်တောက်ပသွားတဲ့..} ကြယ်ကလေးတပွင့် ရှိခဲ့ဘူးတယ်ဆိုတာ...သတိယနေလိုက်ပါ....။ ဟိုး......မိုးကောင်းကင်ပေါ်မှာ ကြယ်ပွင့်ကလေးတွေ အများကြီး ၇ှိကောင်းရှိမယ်..။အဲဒီအထဲက...ငါ တို့တတွေဟာလဲ..ကြယ်ကလေးတွေထဲက ကြယ်ပွင့်ကလေးတွေပဲ မဟုတ်လား..?..။ဘယ်အချိန်မှာ ဒီ ကြယ်ကလေးတွေ အလင်းလက်ဆုံး တောက်ပပြီး ကြွေလွင့်သွားရမယ်ဆိုတာ..ဘယ်သူမှ မသိနိုင်ဘူးနော်....။ တိမ်ကင်းစင်တဲ့ ညတွေမှာ ကေင်းကင်ပြင်ကြီးပေါ်က ကြယ်ကလေးတွေ ကြည့်တဲ့ခဏ..အလင်းရောင်တောက်ပစွာနဲ့ ကြွေကျသွားတဲ့ ကြယ်ပွင့်ကလေးတွေကို တွေ့ဖူးပါတယ်..။ဘာရယ်လို့မဟုတ်ပေမယ့် ရင်ထဲမှာ နှမြောတ သ.သလို ၀မ်းနည်းစိတ်မေ ကာင်းဖြစ်ရသလို ခံစားမိတယ်..။ကြယ်ပွင့်ကလေးတွေက ကြွေလွင့်သွားရမယ့်အချိန်မှာ သူ့အစွမ်းရှိသလောက် သူ့အလင်းကို နောက်ဆုံးလင်းလက်တောက်ပပေးပြီး ကြွေခဲ့ရတာဆိုတော့ သူ့ရဲ့ရင်ထဲမှာလဲ လောကအတွက် အကောင်းဆုံးဖြစ်ပေးသွားချင်တဲ့ ဆန္ဒတွေလဲ ရှိနေမှာပဲလို့ ယုံကြည်မိတယ်..။... တကယ်တော့..ငါ.. ဟာလဲကြယ်ကလေးတွေထဲက ကြယ်တပွင့်ဖြစ်နေတဲ့အခါ........ကြွေလွင့်ခါနီး....ငါ့ ပတ်ဝန်းကျင် ...ငါ့...အနားက..ငါချစ်တဲ့သူအတွက်...အကောင်းဆုံးတွေကို လုပ်ဆောင်ပေးသွားချင်ပါတယ်....ချစ်သူ...ရယ်...။ မင်းနဲ့ဆုံခွင့်ရတဲ့ ဘ၀ရဲ့ ခဏတာ အချိန်လေးမှာငါ ချစ်တဲ့သူအတွက် ..လိုအပ်မယ်လို့ ငါ..ထင်မှတ် သိရှိလိုက်တဲ့အချိန်မှာ.........ငါ့..အတွက်တော့ ဘ၀ရဲ့နောက်ဆုံးအချိန်တွေ ဖြစ်နေခဲ့ပြီလေ..။ဒါကြောင့် နေရောင်....လရောင် လို မတောက်ပနိုင်ခဲ့ပေမယ့် ငါ ..သိပ်ချစ်တဲ့ ချစ်သူ.အတွက်ငါ့ နှလုံးသားရဲ့အနွေးဓာတ် နဲ့အတူ..ငါ့အစွမ်းရှိသလောက် အလင်းဓာတ်ပေးစွမ်းနိုင်ဖို့ ငါ ကြိုးစားခဲ့ပါတယ်..။အဖြူထည်သက်သက် ချစ်ခြင်းတွေနဲ့ ငါတတ်စွမ်းသရွေ့ပေးဆပ်ရင်း.....ချစ်နေခွင့်ရတဲ့ ငါ့ အတွက်...ဒါဟာ ကြယ်တပွင့်ရဲ့..နောက်ဆုံးလင်းလက် တောက်ပခြင်း...ပါ..ချစ်သူ.........။။။ဇာတ်လမ်းတခုမပြီးဆုံးသေးခင်...မိုး မချုပ်မီနေ၀င်ခဲ့ရတဲ့ ငါ့ အတွက်နေရတဲ့ခဏတာ အချိန်လေးဟာ.. ချစ်သူအတွက် ``အဖော်မွန်´´ ဖြစ်ခဲ့တယ်ဆိုရင်.....ချစ်သူရဲ့ အနား နေရတဲ့...ဒီခဏတာလေး...က ငါ့ ..အတွက် ကျေနပ်သွားနိုင်ပါတယ်....ချစ်သူ......ရယ်.....။
लेख पढ़ें
टिप्पणी जोड़ें
လမင်း နဲ့ ကြယ်စင်.....၂..။
पर पोस्ट किया 06-07-2009 द्वारा
nyikyalsin369
လောကတခွင် အလှဆင်လို့ အလင်းဖြာတဲ့ အေးရိပ်ပေးစွမ်း လရိပ်ဖြန်းမှ လှပမယ့် ဒီလောကကြီးအတွက်ကြယ်စင်လေးတွေမစွမ်းဆောင်နိုင်ပေမယ့် လမင်းအတွက် တတ်စွမ်းသရွေ့ ဖြည့်ဆည်းပေးခွင့်ရခဲ့တယ် ဆိုရင် ကြယ်စင်လေးတွေကြွေစမ်းပါစေ.... ကြယ်အလင်းရဲ့တန်ဖိုးကို လမင်းကတော့ သိမှာပါလေ...။လောကအကျိုးအတွက် သယ်ပိုးတဲ့ လမင်းအတွက် ကြယ်စင်ပေးတဲ့ အလင်းဆိုတာ စာမဖွဲ့လောက်ပါဘူး..။ ဘ၀အဆက်ဆက် ကြွေစမ်းပါစေ ကြယ်ကလေးရဲ့ ရင်ထဲမှာကျေနပ်နေပါတယ်..။ ကြယ်စင်တွေငိုတဲ့ခဏ တိမ်ညိုတွေဖုံးတော့ လမင်း မျက်နှာညှိုးတဲ့အခါ ကြယ်စင်တွေရဲံရင်ထဲမှာ လမင့်းကိုချစ်တဲ့အချစ်ကတော့ ပျောက်မသွားဘူးလေ..။ဒါကြောင့် လမင်း နဲ့ကြယ်စင်အလင်းယှဉ်လို့ လမင်းရဲ့အလင်းလောက် မတောက်ပနိုင်ပေမယ့် သူတတ်စွမ်းသလောက် အလင်းရောင်ပေးတဲ့ ကြယ်စင်ဆိုတာ လမင်းနဲ့ လက်တကမ်းမှာ အမြဲရှိနေပါတယ်..။လကွယ်ဆိုတဲ့ လမင်းအိပ်စက်နေချိန်မှာတောင်ကြယ်စင်လေးကတော့
သူ့အလင်းကိုပေးမြဲပေးနေမှာပဲလေ...။လမင်းအတွက် အလင်းပေးဆပ် လိုအပ်နေသမျှ “ကြယ်စင်”ဘက်က အမြဲအသင့်ရှိနေပါတယ်..။ချစ်သူက“ လမင်း ”ဆိုရင် ငါ..က “ကြယ်စင”်ကလေးပေါ့..။။
लेख पढ़ें
टिप्पणी जोड़ें
လမင်း နဲ့ ကြယ်စင်.....၁..။
पर पोस्ट किया 06-07-2009 द्वारा
nyikyalsin369
ထွန်းလင်းတောက်ပတဲ့ လမင်း ဟာ ကြယ်ဝန်းရံခ လို့လှနေတာဆိုရင် ကြယ်တွေဆိတ်သုဉ်း အမှောင်ဖုံးတဲ့ညမှာ လမင်း ဘယ်လောက်လင်းလင်း ကာရန်ကင်းမဲ့ လမင်း မလှနိုင်ဘူးပေါ့..။လမင်းနဲ့ကြယ်စင် ဆိုတာယှဉ်တွဲထားတဲ့ ညခင်းဆည်းဆာရဲ့ အလှတွေပါ..။ တကယ်တော့ ကြယ်စင်ကလေးတွေရဲ့ ၀န်းရံမှုဟာ လမင်း ရဲ့လှပမှုအတွက် အညဖြည့်ခံသက်သက်ပါ ။ဒါ့အပြင် ကြယ်အလင်းဆိုတာ “လ”တစင်းရဲ့ အဖျော်ဖြေခံတေးတပုဒ်ပါပဲ..။သံစဉ်လှဖို့ တေးဖွဲ့သီတဲ့ ကြယ်စင်လေးတွေလဲ တခါတခါ ကြေကွဲခံစားရတတ်ပါတယ်..။ကြွေဆင်းကျလာတဲ့ ကြယ်စင်မျက်ရည် တွေဟာ လောကကိုပက်ဖျန်းဖို့ မိုးစက်ကလေးတွေ ဖြစ်တည်လာခဲ့တယ်.။ တိမ်ညိုကင်းတဲ့ လမင်းအလင်းဟာ ကြယ်စင်လင်းမှ လှတယ်ဆိုရင် ကြယ်စင်လေးတွေ နောက်ဆုံးကြွေကျတဲ့ အထိလင်းလက်တောက်ပပေးပြီး လမင်းအတွက် ကာရန်သံစဉ် ဖြစ်စေပါ့မယ်..။
लेख पढ़ें
टिप्पणी जोड़ें
အမြဲစိမ်းအချစ်....။ Ever Green Love....
पर पोस्ट किया 03-07-2009 द्वारा
nyikyalsin369
ချစ်သူရေ.... ငါ့..အတွက်တော့ ပန်းတွေကြွေတာ ကြယ်တွေကြွေတာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ... ဒါပေမယ့်....ငါ့..ရင်ထဲက အလွမ်းတွေ..သတိယတမ်းတခြင်းတွေ..နားလည်မှု... ချစ်ခြင်းတရားတွေကတော့ .. ဘယ်တော့မှကြွေမှာ.. မဟုတ်တဲ့..လတ်ဆတ်သော အမြဲစိမ်းအချစ် တွေပါ......။ DEAR LOVER! love is miss...love is emotion..love is everything for understanding to lover!So love is ever green love of my side.
लेख पढ़ें
चर्चा
[1]
ချစ်သူအတွက်ဆို.....(နားခိုရာ မင်းအနား...၂)
पर पोस्ट किया 03-07-2009 द्वारा
nyikyalsin369
လမ်းခွဲစကားပြောနေမှမဟုတ်ပါဘူး ငါဟာအလိုက်သိတတ်သူပါ... နှစ်သိမ့်စကားလှလှလေးတွေ နဲ့အလိုမကျ မျက်မှောင်တွန့်နေတာမြင်ရုံနဲ့ မင်း.. မနှင်ခင်ကတည်းက ငါ တဖြည်းဖြည်း ထွက်သွားပြီးသားပါ...။ မင်း ရဲ့အနားလား..?..နေချင်တာပေါ့ ချစ်သူရယ်.. အလိုချင်ဆုံးဆုလာဘ် ဘ၀ အဆက်ဆက်က တောင့်တမက်မောခဲ့ရဖူးတာထင်ပါရဲ့...မွတ်သိပ်တမ်းတသတိယခြင်း အလွမ်းတွေနဲ့ မင်း ခွင့်ပြုတာနဲ့ ခဏချက်ချင်း (ဒီ့ထက်တောင် မြန်ချင်မြန်နေဦးမယ်..) အလင်းရဲ့အလျဉ်နှုန်းနဲ့ ငါရောက်လာချင်လိုက်တာ .....မင်းရဲ့အနား {ငါ့ နှလုံးသား နာလန်ထစလေး အတွက်} နားခိုရာလေးပေါ့.....။ ။
लेख पढ़ें
टिप्पणी जोड़ें
နားခိုရာ မင်းအနား...။
पर पोस्ट किया 02-07-2009 द्वारा
nyikyalsin369
မရွယ်ပါနဲ့ ကြွေပေးပါ့မယ် ရင်မှာခံရခက်လွန်းလို့ပါ..ခြွေမချခင်ကတည်းက ရော်ရွက်ကြွေ သူ့ဘ၀ ကြွေပါစေတော့သဘာဝလေ...။ အကြည့်တချက်မှာတောင် အဆိပ်သင့်အောင့်မျက် နာကျင်ခဲ့ဖူးတော့ စကားလုံးမြှားအချိုတွေ သုတ်လိမ်းပြီးပစ်ခွ င်းစမ်းပါစေ.. ဒီရင်က နှလုံးသားကမ ပစ်ခွင်းမီက ကြေမွနေချင်သူပါ။ စိမ်းတဲ့စကား ပြောနေမှမဟုတ်ပါဘူး.. အရိပ်လိုအမြဲကြည့်နေတဲ့ ငါ့မျက်ဝန်းရှေ့မှာ မင်းပြုံးနေတဲ့ အပြုံးလေးမှာတောင် နှုတ်ခမ်းတွန့်ကွေးမဲ့ပြုံးလေး ဖြစ်နေတတ်တာ...ငါသိပါတယ် ချစ်သူရယ်...
लेख पढ़ें
टिप्पणी जोड़ें
My life style
पर पोस्ट किया 30-06-2009 द्वारा
nyikyalsin369
लेख पढ़ें
टिप्पणी जोड़ें