့ကဲဘယ်သူမြတ်လဲ

Posté le 22/06/2009 par shweyoat

နွားနို့ရောင်းတဲ့သူနဲ့ အရက်ရောင်းတဲ့သူ

ရေရောတာချင်းတူပေမယ့်

အရက်ရောင်းတဲ့သူ

စေတနာကိုလူသိတယ်

လူ့အသက်မတိုတောင်းအောင်လို့

ရေရောင်းကူရတယ်.

နွားနို့ရောင်းတဲ့သူ

စေတနာကိုလူသိတယ်

သူ့ရောင်းကုန် အလေးချိန်တိုးအောင်

ရေထိုးယူလိုက်တယ်...


(ကဲပရိတ်သတ်ကြီးဘယ်သူ့ရောင်းတာကိုအားပေးမလဲနော့...ဖြေပေးကြပါ....)

                                                                        ရွှေရုပ်Wink

Discussion

ိုးချစ်သူ sur 22/06/2009 dit:

အယ်.....................................

min thar gyee sur 24/06/2009 dit:

ideas kaung  dae naw.

writer sur 28/06/2009 dit:

နှစ်ခုလုံးက အမှန်တရားမဟုတ်တဲ့အတွက် ဒီမေးခွန်းမှားတယ်လို့ ထင်တယ်ဗျာ၊ ဘာဖြစ်လို့လည်းဆိုတော့ နဂိုကတည်းက မသောက်စေချင်ရင် အစကတည်းက အရက်မရောင်းပဲ တစ်ခြား စီးပွါးရေး လုပ်လို့ရပါတယ်၊ အရက်သမားဆိုတာက သောက်ရင်လည်း မူးမှဗျ၊ ကျွန်တော် တို့လိုပေါ့ ဟဲဟဲ၊ ဒါကြောင့် မူးအောင်သာက်ချင်တဲ့ အရက်သမားအတွက်ကတော့ ပိုက်ဆံပိုကုန် လိုက် ရတဲ့အတွက် အဲဒါ အပြစ်ရှိတယ်၊ နွားနို့သမားကတော့ ပြောမနေပါနဲ့တော့၊ အဓိက ကတော့ ဘယ်သူ တစ်ဦးတစ်ယောက်မှ မိမိဆန္ဒအရ ထိုက်တန်တဲ့ တန်ဘိုး ပြန်မရပဲနဲ့ မိမိ ကိုယ်ပိုင်ငွေကြေးကို အလွယ် တကူ တစ်ပါးသူကို မပေးလိုက်ချင်ကြပါဘူး၊ အဲဒီအတွက် ဘယ်သူရောင်းတာကို အားပေးမလဲ ဆိုတဲ့ မေးခွန်းကို မဖြေနိုင်ပါဘူး။

shweyoat sur 28/06/2009 dit:

ဟုတ်ကဲ့ပါ ၀င်ပြီးဝေဖန်ပေးတဲ့အတွက်ကျေးဇူးပါ...

writer sur 28/06/2009 dit:

စိတ်မဆိုးပါနဲ့နော်၊ ကျွန်တော်က ပျော်တတ်လို့ပါ၊ ကျွန်တော် ပြောထားတဲ့ဟာတွေက ရွှေရုပ် ပြောချင်တဲ့ လိုဂို ကို ပျောက်သွားသလိုဖြစ်သွားတယ်၊ အမှန်တစ်ကယ် စေတနာက အဓိက ပါ၊ မှန်ပါတယ်။

shweyoat sur 28/06/2009 dit:

thank u very much....

linyongshein sur 28/06/2009 dit:

အနော်ပြောချင်တာကတော့ အရက်ရောင်းတဲ့သူတွေဟာ နောက်ဘ၀ဆက်တိုင်း ရူးသွပ်တတ်တယ်လို့ ကြားဖူးပါတယ်။ နွားနို့ရောင်းတဲ့သူတွေကတော့ တစ်နည်းအားဖြင့် နွားနို့ကို ခိုးလိုက်တဲ့သဘောပါပဲလေ။ အရက်က သောက်တဲ့သူရော ရောင်းတဲ့သူပါ ငရဲကြီးပေမယ့် နွားနို့ေ၇ာင်းတဲ့သူတွေကတော့ ရောင်းတဲ့သူပဲ ငရဲကြီးပါတယ်။

unclelay2010 sur 07/07/2009 dit:

အနောက်တိုင်းဖီလိုဆိုဖာတွေရဲ့အတွေးအခေါ်အရ နှစ်ယောက်လုံးကိုအားပေသင့်ပါတယ်၊ ကိုယ့်အတွက်ကို မကြည့်တော့ဘဲ သူအကျိုးအတွက်ဘဲ ကြည့်ပြီး ၂ ယောက်လုံးကို အားပေးလိုက်ပါဗျာ။

ဥပမာဆိုကြပါဆို့ဗျာ (၁) ရောဂါရှိသူတိုင်း ဆေးလိပ်မသောက်ဘဲနေသင့်တယ်၊ ကျွန်ုပ်မှာ ရောဂါရှိတယ် ဒါ့ကြောင့် ကျွန်တော် ဆေးလိပ်မသောက်ဘဲက သောက်နေထက် ပိုသင့်တော်တေယ်။ 

                (၂) တစ်ယောက်သော သူကတော့ အမြဲတမ်း ကိုယ်ခံစာချက်ထက် သူတပါးရဲ့ ခံစားချက်ကိုဘဲ ဦးစားပေးတယ်၊ နှစ်လုံးရောဂါရှိတဲ့သူတစ်ယောက်က ဆေးလိပ်မသောက်သင့်ဘူး ဒါပေမဲ့သူသောက်နေတာကို အနားကလူက အရမ်းကြိုက်နေတယ်၊ ဒါ့ကြောင့် သူများကိုငဲ့ပြီး သူဟာဆေးလောက်သောက်သင့်တယ်ပေါ့နော်၊ အဲဒီတော့ (၁) ရော (၂) ပါ မှန်နေကြတယ်၊ ဘာကိုရွေးမလဲ၊

      အဲဒီတော့ ဘယ်သူမြတက်လဲဆိုတာကို မဖြေဘဲ ဘယ်သူကိုအားပေးသင့်လဲဆိုတာကိုဖြေရမယ်ဆိုရင်တော့ ၂ ယောက်စလုံးကို အားပေးလိုက်ပါ၊ သူအတွက်ကြည့်ပြီးပေါ့ဗျာ။ ။

 

googoo22h sur 08/07/2009 dit:

googoo22h  Y

Sham00 sur 10/07/2009 dit:

lol ! yaung ta`. lu myat tal

UFOAKS sur 10/07/2009 dit:

are  lon ka  ko se par ya  lay

bar loat pyaw chin tar lae

tu ka la` tu me tar su na` lay

Ajouter un commentaire

S"il vous plaît login ou registre à:
  • Voir le profil complet des utilisateurs;
  • trouver de nouveaux amis;
  • écrire des commentaires;
  • envoyer un message personnel.
← လွမ်းတယ်....   Retour au blog   မင်းခွဲသွားတဲ့နေ့ →
© 2006-2012 Free Video Chat VZOchat! Tous droits réservés.
Trouvé un bug ou une erreur dans la traduction? Sélectionnez-le avec la souris et appuyez sur Ctrl Entrée au rapport.