“အဖေ”
Posté le 21/06/2009 par
nan_ma_wa
ဒီနေ့ ဟာ....“အဖေ” များနေ့ပါ.....
အဖေများနေ့မှာ....အမှတ်တရလေး ဖြစ်စေချင်တာနဲ့......
ကျမရဲ့...အလေးစားရဆုံး....ကျမရဲ့ မြင်ဆရာ...“ဆရာဖေမြင့်”ရေးတဲ့....
“အဖေ”....ဆိုတဲ့...POST လေးကို....မျှဝေပေးလိုက်ပါတယ်......။
“အဖေ”
ကျွန်တော်.....
၎နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆို လုပ်တတ်တယ်.....။
၅နှစ်...ငါ့ဖေဖေကြီး မသိတာ ဘာမှမရှိဘူး......။
၆နှစ်...ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ...။
၈နှစ်...တို့အဖေက အကုန်လုံးတော့လည်း အတိအကျ မသိဘူး...။
၁၀နှစ်...အဖေတို့ ငယ်ငယ်တုန်းနဲ့အခုနဲ့က တခြားစီပဲ...။
၁၂နှစ်...အင်း...အဲဒါတော့ အဖေလည်း ဘယ်သိပါ့မလဲ၊သူက အသက်သိပ်ကြီးပြီဆိုတော့..ကလေးတုန်းက အကြောင်းတွေ မမှတ်မိနိုင်တော့ဘူး...။
၁၄နှစ်...အဖေတော့ထည့်ပြောမနေနဲ့၊သူက ရှေးရိုးသမားကြီး...။
၂၁နှစ်...အဘိုးကြီးလား...ထားပါ၊အောက်နေပြီ..လုံးဝအောက်နေပြီ...။
၂၅နှစ်...အဖေလည်း နည်းနည်းပါးပါးတော့ သိတယ်၊မသိလို့လည်း မဖြစ်ဘူးလေ၊လူကြီးပဲဟာ...။
၃၀...အဖေကို နည်းနည်းပါးပါးမေးမြန်းကြည့်ရင် ကောင်းမယ်ထင်တယ်၊ဘာပဲပြောပြောသူက အတွေ့အကြုံ အများကြီးရှိတယ်..။
၃၅နှစ်...အဖေနဲ့ တိုင်ပင်ပြီးမှပဲ ဒီကိစ္စတွက် ငါတစ်ခုခုလုပ်နိုင်မယ်...။
၄၀...အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲမသိဘူး၊အဖေက အတွေ့အကြုံဆုံတယ်၊အမြော်အမြင်လည်းရှိတယ်...။
၅၀...ဒီကိစ္စ အခုနေသာ အဖေနဲ့တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်...။အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်းသတိမထားမိခဲ့တာ သိပ်နှမျောစရာကောင်းတယ် ။တစ်ကယ်ဆို ငါ့အဖေဆီက အများကြီးရလိုက်ဖို့ကောင်းတာ...
ကျမရဲ့...“ဖေဖေ”ဟာ...ကျမအတွက်တော့...“Hero”..တစ်ယောက်ပါပဲ........
“ကမ္ဘာလောကထဲတွင် .........ရှိသော “အဖေ”များအားလုံးအတွက်....HAPPY FATHER's Day....."