ချစ်တတ်သူတို့ နှလုံးသား

Posté le 19/06/2009 par linyongshein


တခါတုန်းက မျက်မမြင်မလေးတစ်ဦးရှိတယ်။ သူမကတော့ သူမ မျက်မမြင်ဖြစ်နေရတဲ့ဘ၀ကို အလွန်မုန်းတီးခဲ့တယ်။ ပြီးတော့ သူမက သူမ ချစ်သူတစ်ယောက်ထဲကလွဲပြီး လူတိုင်းကို မုန်းတီးနေသူလည်းတယ်။ ဘာလို့လဲဆိုတော့ သူမချစ်သူတစ်ယောက်တည်းက လွဲပြီး သူမကို ချစ်နိုင်တော့မယ့်သူ မရှိဘူးလို့သူထင်နေလို့ပါဘဲ။ သူမဘ၀ ရဲ့စိတ်ကူးထဲမှာ သူမချစ်သူကို တွေ့ချင်နေမိတယ်၊ လက်ထပ်ချင်တယ်။ သူမ လက်ထပ်မဲ့ သူကလဲ သူမ သိပ်ချစ်ရတဲ့ သူမချစ်သူတစ်ယောက်ဘဲ ဖြစ်ရမယ်လို့ ပြောခဲ့တယ်။

တစ်နေ့မှာ သူမအတွက် မျက်စိလှူပေးမယ့် အလှူရှင်တစ်ဦးပေါ်ပေါက်လာခဲ့ပါတယ်။ သူမကတော့ အရာအားလုံးကို မြင်နိုင်တော့မယ်။ အထူးသဖြင့် သူမရဲ့ချစ်သူကို မြင်နိုင်တော့မယ်ဆိုပြီး အပျော်ကြီးပျော်နေခဲ့တာပေါ့။ အဲ့ဒီအချိန်မှာ သူမချစ်သူကောင်လေးက မေးတယ်။ သူမသာ မျက်လုံးပြန်မြင်နိုင်မယ်ဆိုရင် သူ့ကို တကယ် လက်ထပ်နိုင်မလားတဲ့။ သူမအရမ်းတုန်လှုပ် ချောက်ခြားသွားတယ်။ စိတ်ကူးနဲ့ ရူးခဲ့တာတွေ ဆန္ဒတွေ အကောင်အထည်ပေါ်တော့မှာကို တစ်နေ့တစ်နေ့လက်ချိုးရည်ရင်း ရင်ခုန်နေမိတော့တယ်။ နောက်တော့ သူမ တကယ်မျက်စိ ပြန်မြင်လာခဲ့တယ်။ မျက်စိ ပြန်မြင်လာပြီးတော့ နောက်ပိုင်းမှာ သူမ ချစ်ခဲ့တဲ့ သူမချစ်သူကို တွေ့လိုက်ရတယ်။ သူမချစ်တဲ့သူကို တွေ့လိုက်တော့ သူမ အရမ်းအံ့သြတုန်လှုပ်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ သူမ တွေ့လိုက်ရတဲ့ သူမရဲ့ချစ်သူဆိုတာ မျက်မမြင်တစ်ဦးဖြစ်နေလို့ပဲလေ။ အဲ့ဒီတော့ သူမက သူ့ကို လက်ထပ်ဖို့ ငြင်းဆိုလိုက်ပါတယ်။ သူမချစ်သူက အဲ့ဒီလိုစကားမျိုးကြားလိုက်တဲ့အချိန်မှာ မျက်ရည်စတွေနဲ့ သူမရှေ့ကနေ လှည့်ထွက်လာခဲ့ပါတယ်။ နောက်ဆုံးတော့ သူမအတွက် စာလေးတစောင်ထားခဲ့တယ်လေ။ စာရွက်ပေါ်မှာရေးထားခဲ့တာကတော့ ......."ကိုယ့်မျက်လုံးတွေနဲ့ပဲ အသက်ရှင်သန်နေခဲ့ပါ ကိုယ်ကတော့မင်းကို တသက်လုံး ထာဝရချစ်သွားမှာပါ" တဲ့........

Discussion

dusk sur 09/07/2009 dit:

ကောင်းလိုက်တာ

လူဆိုတာအဲဒါပဲ

Ajouter un commentaire

S"il vous plaît login ou registre à:
  • Voir le profil complet des utilisateurs;
  • trouver de nouveaux amis;
  • écrire des commentaires;
  • envoyer un message personnel.
← အချစ်နှင့်သူ၏အပြုအမူလေးများ   Retour au blog   သိမှတ်ဖွယ်ရာလေး တစ်ခုပါ →
© 2006-2012 Free Video Chat VZOchat! Tous droits réservés.
Trouvé un bug ou une erreur dans la traduction? Sélectionnez-le avec la souris et appuyez sur Ctrl Entrée au rapport.