ကျောက်တစ်ပွင့် တန်ဖိုး

Publicado el 27/04/2011 por tharhtootbr

တစ်ချိန်တုန်းက ထင်းကောက်သော ဖိုးခွေးဆိုတဲ့ ကောင်လေး တစ်ယောက်က ထင်းကောက်ရင်း ကျောက်ခဲတစ်ခုကို လှတယ်ဆိုပြီး သူအိပ်ထဲထည့်ပြီး အိမ်ပြန်လာခဲ့သည်။ လမ်းခုလက်မှာ ကျောင်းနေဘက်သူငယ်ချင် မိနွေးနဲတွေ့တော့ မိနွေးကို သူကောက်လာတဲ့ကျောက်ခဲလေးကို ပြသ သည်.။ မိနွေးလဲ မိန်းကလေးတို့ သဘာဝ လှတာမြင်ရင် လိုချင်တယ်ဆိုတဲ့အတိုင်း ဖိုးခွေးအားကျောက်ကလေးကိုပေးရန်ပြောလေသည်။ ဖိုးခွေးက တွေးသည်..." အာ! ငါဒီကျောက်က ငါတောထဲကတွေ့တာ ဘာမှာတန်ဖိုးမရှိဘူး မိနွေက ငါ့သူငယ်ချင်း..။ဒီကျောက်ကတန်ဖိုးရှိတာလဲမဟုတ်ဘူး မိနွေးကိုပေးလိုက်ရင် ငါဘာမှာဖြစ်မသွားဘူး မပေးပဲနေလဲ ဘာမှာဖြစ်မလာဘူး..။ပေးလိုက်မယ်..။ " အခုလိုတွေးပြီး မိနွေးအား ကျောက်ကလေးကို ပေးလိုက်ပါသည်..။ မိနွေးလဲ ကျောက်ခဲလေးကိုရတော့ ဝမ်းသာသွားသည်.။ကျောက်ခဲလေးကိုယူပြီး သူအိမ်ပြန်လာခဲ့သည်။ ဒီလိုနဲတစ်ရက်နှစ်ရက်ကြာတော့ သူစိတ်ထဲမှာ ကျော်ခဲလေးက ရိုးသွားသတဲ့ မလှတော့ပါဘူး ဒီကျောက်ခဲက .။ လူတွေရဲ့ စိတ်သဘောက ဒီလိုပါပဲ ကြာရင်ရိုးသွားတတ်ကြတာပါပဲ..။ အခုလဲမိနွေးကျောက်ခဲလေးကို ဖြစ်သလို ရေအိုးစဉ်ပေါ်တင်ထားလိုက်လေသည် .။ တစ်နေ့မှာ အိမ်ကို ဧည်သည်လာတော့ ဧည့်သည်က ရေအိုစဉ်သွား ရေသောက်ရင်း အဲဒီကျောက်ခဲလေးကို တွေ့ လေသည်..။ တွေ့တယ်ဆိုရင်ပဲ ကျောက်ခဲလေးလို့ချင်လို့ေ၇ာင်းမယ်ဆို ဝယ်ချင်ပါတယ် ဟု၍မေးလေသည်။ မိနွေးက တွေးပါသည်..။"ဒီကျောက်ခဲက ဖိုးခွေးဆီက အလကားရတာ ငါအတွက်ဘာမှာမထူဆန်းတော့ဘူး ဒီဟာကိုရောင်းရင် ပိုက်ဆံတောင်ရလိမ့်အုံးမယ်.. ။ဒါကြောင့်ရောင်းမယ်..။ ကျောက်ခဲလေးကို ဧည့်သည် အား ၃၀၀ ကျပ်နှင့်ရောင်းလိုက်ပါတယ်။ ဧည်သည်လဲ ကျောက်ခဲလေးကိုယူလာပြီးသူအိမ် ဧည်ခန်းမှာထားပါလေသည်..။ တစ်နေ့သောအခါ သူ့အိမ်ကို ကုန်သည်တစ်ယောက် အရောင်းအဝယ်နှင်လာရင်း ကျောက်ခဲလေးကိုတွေသွားလေသည်..။ ကုန်သည်ကလဲ ကျောက်ခဲလေးကို လိုချင်၍ ငါးထောင်ပေးပြီး ဝယ်ချင်ကြောင်းပြောလေသည်..။ အိမ်ရှင်က ထိုသို့တွေးသည် " ဒီကျောက်ခဲက ၃၀၀ ပေးဝယ်လာတာ အခုရမှာက ငါးထောင်ဆိုတော့ ရောင်းလိုက်မယ်" ။ နောက်ဆုံးတွင် ငါးထောင်ကျပ်ဖြင့်ကုန်သည်က ကျောက်ခဲလေးအား ဝယ်ဖြစ်သွားသည်..။ ကုန်သယ် သည် ထိုကျော်ခဲလေးကို ကျောက်ကုန်သည်သို့ပြသည်...။ ကျောက်ကုန်သည်က ထိုကျောက်ကို ငါသောင်းနှင့်ဈေးဖြတ်ပေးသည်...။ ကုန်သည် သည် ထိုသို့တွေးသည် " ဟ ငါပွတာပဲ ငါဝယ်လာတုန်းက ငါးထောင် အခုငါးသောင်း ဆယ်ဆတောင်မြတ်တာ..။" ထိုသိုတွေး၍ ငါးသောင်းနှင့်ရောင်းလိုက်သည်...။ ကျောက်ကုန်သည် သည် ထိုကျောက်လေးအား ကျောက်သွေးလိုက်သည်..။ ကျောက်သွေးပြီနောက် ထိုကျောက်လေးကိုကျောက်ပွဲစားမျာအား ပြသည်...။ ထိုကျောက်လေးကို လေလံတင်၍ ရောင်းသည်..။ ထိုကျောက်လေး၏ တန်းဖိုးမှာ နောက်ဆုံးတွင် သိန်းငါးရာနှင် ရောင်းချဖြစ်သွားပါသည်.။ အထက်ဖော်ပြပါပုံပြင်လေးကို ကျွန်တော်ငယ်စဉ် ရှစ်တန်းကျောင်းသား ဘဝတွင် ဆရာဦးသက်တင် က အခန်းထဲရှိကျောင်းသား/သူ တိုင်းကို စာသင်ချိန်တွင် ပြောကြားခဲ့သောပုံပြင်ကလေးဖြစ်ပါသည်...။ ပုံပြင်သည်ရိုးရှင်း၍ စိတ်ဝင်စားစရာလုံးဝမကောင်းပါ သို့ပေမဲ့ ပုံပြင် လေးက ကျွန်တော်တို့၏ အတွေးအခေါ်ကို ပိုမိုရင့်ကျက်စေခဲ့ပါသည်..။ ကျောက်တစ်ပွင့်၏ တန်ဖိုးသည် ကျောက်ကြည့်သူ၏ အတွေးအခေါ်နှင့် ပညာမှာသာ မူတည်နေပါသည်..။ ကျောက်ကောင်း ကျောက်ပွင့်တို့ဟူသည် မသွေးခင် အချိန်က ကျောက်၇ိုင်းတုန်းများသာဖြစ်ပါသည်...။ ထိုအပြင် ကျွန်တော်တို့ ပညာသင်နေခြင်းသည် ကျောက်တစ်ပွင့်၏ တန်ဖိုး အစစ်အမှန်ကို ဆုံဖြတ်တတ်ဖို့ ပညာသင်နေခြင်းမဟုတ်ပါ့လား...။ ဆရာက ထိုပုံပြင်လေးကို ပြောကြားပြီးနောက် ဆရာနောက်ဆုံးပြောခဲ့သောစကားသည်..။ တပည်တို့သည် ကျောက်ရိုင်းတုန်းလေးနှင့် ပုံတူလေသည်..။ တပည်တို့၏ အရည်အချင်းကို ပညာနှင့် သွေးလျင် တန်ဖိုးရှိသော ကျောက်ပွင့်ကလေးများ ဖြစ်လာမှာသေချာပါတယ်။ ထိုပုံပြင်လေးကိုနားထောင်ပြီးနောက် ကျွန်တော်စိတ်ထဲတွင် ငါသည် ကျောက်ရိုင်းတစ်တုံးဖြစ်လေသည်..။ ငါ၏တန်ဖိုးသည် ငါ့ကိုမြင်သူကြည့်သူ၏ အရည်အချင်း အပေါ်မူတည်၍ နည်းချင်နည်းမည်။ များချင်များမည်..။ မည်သူငါကိုမကောင်းဘူးပြောပြော ငါသည် ကျောက်တစ်ပွင့်ဖြစ်သည်အတွက် ငါ ပကတိ တန်းဖိုးရှော့နည်းသွားမည်မဟုတ်..။ ငါ့ကိုယ်ငါ့ ပညာနှင့် သွေးရမည်ဟု စိတ်နုလုံကိုသွင်း၍ ကြိုးစားခဲ့ပါသည်...။ ထိုအတူ ကျွန်တော်တို့၏ သူငယ်ချင်းများ ယခုစာဖတ်သူတို့သည်လည်း ကျောက်ရိုင်းတစ်တုံးသာ ဖြစ်သည်မဟုတ်ပါလား..။ မိမိကိုယ်ကိုယ် ပညာဖြင့် ကျောက်ကောင်းတစ်ပွင့်ဖြစ်စေရန် သွေးကြပါစို့လား...။ ဆရာဦးသက်တင်၏ ဂုဏ်ကျေးဇူးကို ဦညွှန့်လျက် ရိုကျိုးကန့်တော့ လျှက် ယခုဆောင်းပါးကိုရေးသားပါသည်...။ -- TBR(လင်း)

Añadir comentario

Si sesión o registro a:
  • Ver perfil de usuario completo;
  • encontrar nuevos amigos;
  • escribir comentarios;
  • enviar un mensaje personal.
← မြန်မာသမိုင်းနှင့် မှန်နန်းရာဇ…   Volver al blog
© 2006-2012 Free Video Chat VZOchat! Todos los derechos reservados.
Encontrado un fallo o error en la traducción? Seleccione con el ratón y pulse Ctrl Enter para informe.