သတိ- မလုပ်ရ။
Posted on 4/9/2011 by
prettygloria
Tags: သတိ- မလုပ်ရ။
- နိုးစက်ကို ပိတ်ပြီးပြန်အိပ်တတ်ခြင်း။ အချိန်ကပ်မှ အတင်းထပြီး
ဝရုန်းသုံးကားဖြင့် အလုပ်ကိုအူယားဖားယား ပြေးသွားတတ်ခြင်း။
- အရေးတစ်ကြီးသွားစရာရှိမှ အ၀တ်အစားကို မနက်သွားခါနီး ပျာယိပျာယာယာ
မီးပူထိုးခြင်း။ တစ်ခါတစ်ရံ အရမ်းပူနေ၍ ခဏမ၀တ်သေးပဲ စောင့်နေရခြင်း။
ဖိနပ်မှာကြိုးပါလျှင် ကောက်စွပ်၍ ဓါတ်လှေခါးစီးရင်းမှ ချည်ခြင်း။
- မနက်ရုံးအလုပ်ဖိုင် အရင်မဖွင့်သေးပဲ ဂျီတော့၊ ဂျီမေး၊ ဘလော့၊ ဖေ့ဘွတ်၊
စီဘောက် စသည်များကို မီနီမိုက် အရင်လုပ်ထားခြင်း။
- မနက် ဘရိတ်ဖတ် စားရင်းဖေ့ဘွတ်၊ ဘလော့ဖတ်ခြင်း။ ဘယ်လက်ဖြင့်မုန့်စားရင်း
ညာလက်ဖြင့် ဂျီတော့ပြောခြင်း။ စင်တူမနက်စာကို နေ့စဉ်ဗိုက်ဝပြီးရော
မြိုချခြင်း။ ( ဥပမာ- ကော်ဖီနှင့် အန်ဆွဲထဲက ဘီစကစ်ထုတ် )
- မနက် 8:30 ရုံးတက်သော်လည်း 9:30 မှအလုပ် စလုပ်ခြင်း။ အလုပ်စားပွဲကို
တစ်မင်ပွအောင် ဖရိုဖရဲလုပ်ထားခြင်း။ မည်သို့ပင် အလုပ်ရှုပ်နေစေကာမူ
ဂျီတော့နှင့် ဖေ့ဘွတ်စတက်တပ်တို့တွင် ခံစားရမှုများကို အချိန်ကိုက် Update
လုပ်ခြင်း။ ဖေ့ဘွတ်ပေါ် ရင်းနှီးမှုမပျက်စေရန် ရည်သန်ပြီး ကော့်မက်များ
ရေးရခြင်း။
- ရုံးတွင် အလုပ်တစ်ခုမပြီးသေးပဲ နောက်တစ်ခုလာခိုင်းရင် မျက်နှာကို
ပုပ်သိုးအောင် လုပ်ထားခြင်း။ ပြီးပြီးသားပရောဂျက်ကို နောက်အသစ်ထပ်ပေးမှာ
ဆိုး၍တစ်မင် အထပ်ထပ်ပြင်နေခြင်း။
- စီဘောက်၊ ဂျီတော့များပြော၍ တစ်ခါတစ်ခါ ပြုံးမိခြင်း၊ ရယ်မိခြင်း။
အရမ်းရယ်ချင်လာလျှင် ဘေးနားရေဗူးမှ ရေကိုမဆာပဲ သောက်ပစ်ခြင်း။
- သူဌေးကဲ့သို့ အရေးကြီးပုဂ္ဂိုလ်များရှေ့တွင် ဟိုဟာလုပ်သလိုလို၊
ဒီဟာရှုပ်သလိုလို နေပြခြင်း။ တစ်နေ့လုံးမင်သေသေဖြင့်
အလုပ်ရှုပ်ချင်ယောင်ဆောင် နေခြင်း။
- ရုံးဆင်းခါနီး ဂျီတော့၊ ဂျီမေးတို့မှ ထူးဆန်းသောလင့်ကို ရ၍ရုံးတွင်
အချိန်ပို နေခြင်း။ တစ်ကယ်အလုပ်ရှိ၍ အချိန်ပို နေရလျှင်စိတ်တိုလာခြင်း။
- ထမင်းစားချိန်နှင့် ရုံးဆင်းချိန်တို့တွင် အလုပ်တွေရှုပ်နေသယောင်
တစ်မင်နောက်ကျမှ ထွက်ခြင်း။ ( ဂျီတော့၊ စီဘောက်များတွင် မစားသေးဘူးလား၊
စားပီးပီလား၊ မပြန်သေးဝူးလား၊ တာ့တာဘိုင့်ဘိုင်!@#$%& ဘာညာပြောနေခြင်း။ )
- ကင်တင်းသွားစားရင် ထမင်းသာစား၍ အအေးမသောက်ခြင်း။ ( ရုံးပြန်ရောက်မှ
ရေသောက်ခြင်း။ ချွေတာရေး။ )
- နေ့လည်စာစားပြီးချိန် အိနြေ္ဒမရလောက်အောင် ငိုက်မြည်းခြင်း။
မထိန်းနိုင်တော့လျှင် အိမ်သာထဲဝင်ပြေးပြီး အိပ်ခြင်း။
- စနေ၊ တနင်္ဂနွေကဲ့သို့ အားလပ်ရက်များတွင် လျှောက်လည်ရိုက်ထားသော ဓါတ်ပုံ၊
ဗီဒီယိုများကို ဖေ့ဘွတ်သို့ Upload ခြင်း၊ အတူသွားခဲ့တဲ့ ဘော်ဒါတွေဆီ
ပို့ပေးခြင်း။ ပုံကောင်းလေးများ ထွက်ရှိစေရန် အလို့ငှာ Photo shop၊ အစစ
သိသမျှအလကား ဆော့ဝဲလ်မှန်သမျှ ဒေါင်း၍ပညာမှောင်ခို ကူးနေခြင်း။
- ရုံးဖုန်းဖြင့်သာ သူငယ်ချင်းများကို ခေါ်ပြောပြီး၊ ကိုယ်ပိုင်ဖုန်းကို
Incoming Call သာစောင့်နေခြင်း။ Incoming Call လာလို့ကတော့ တစ်ဖက်က
ဒါပဲနော်မပြောမချင်း သစ္စာရှိစွာဖြင့် ခင်ပြခြင်း။
- လက်ရှိကုမ္ပဏီမှပြောင်းလို၍ တစ်ခြားမှ အင်တာဗျူးဖုန်းလာလျှင် အိမ်သာသို့
ရုတ်တရက်ဝင်ပြေးခြင်း။
- မဖျားပဲ MC ယူခြင်း။ Leave ယူပြီး အင်တာဗျူး သွားဖြေခြင်း။
- ရုံးတွင်ကိုယ့်လူမျိုးအချင်းချ င်း ဒင်း( လူမျိုးခြား ) တို့ကို
အတင်းတုတ်လျှင် မြန်မာသရုပ်ဆောင် နာမည်များဖြင့် အစားထိုးခြင်း။
သို့တည်းမဟုတ် ငါ့အရှေ့က၊ နဘေးက၊ ဘိုးတော်( သူဌေး )၊ သူ့မိန်းမ စသဖြင့်
နာမ်စားသုံး ပြောဆိုခြင်း။
- ဒစ်စကောင့်မှန်သမျှ ဖလန်းဖလန်းထအောင် အသုံးမလိုပဲ လိုက်ဝယ်တတ်ခြင်း။
အားလပ်ရက်ဆက် လေးများရှိလျှင် ဘယ်သူနဲ့ ဘယ်သဝေထိုးရမလဲတွေးပြီး
လူ့တန်းဝင်အောင် မရောက်ဖူးတဲ့ နေရာမှန်သမျှ ထောင့်စေ့အောင် သွားဖို့
ကြံစည်ကြခြင်း။
- ကိုယ်ပိုင်ဘလော့ လေးများရှိရင် ဘယ်သူဖတ်ဖတ်၊ မဖတ်ဖတ် စိတ်ကူးကြံဆပြီး
တွေးရ၊ ရေးရခြင်း။ ( ဒါသိပ်ဆိုးတယ်။ )
- တရားပွဲမက်ဆေ့ဆို သူများတွေကို ဖော်ဝေါ့လုပ်ပေးပြီး
ကိုယ်တိုင်မသွားခြင်း။ အိမ်ကနေတိုက်ရိုက်နာသည် ဟုလူကြားကောင်းအောင်
ပြောဆိုခြင်း။
- အင်တာနက်ကို မလှုပ်မယှက် နာရီပေါင်းများစွာ ကြည့်နိုင်သော်လည်း
အာနာပါနရှုလျှင် တရားသဘောကို သဘောတရားလောက်သာ ရှုမှတ်ခြင်း။
ထိုမျှလောက်သောကုသိုလ်ကို ဘုရား၊တရား လုပ်သည်ဟု ပညတ်မိခြင်း။
- ဖေ့ဘွတ်မှဂိမ်းများအား ညဥ့်နက်သည်အထိ ဆော့ခြင်း။ အိပ်တော့မည်ဟု
အကြိမ်ကြိမ်ဆုံးဖြတ်၍ သန်းခေါင်ကျော်အထိ နေမိခြင်း။
- မနက်မှ ဘုရားရှိခိုးတော့မယ်လို့ တွေးပြီးအိပ်ခြင်း။ မသကာ
ပေါက်ဆိန်ပေါက် သုံးကြိမ်ပေါက်၍ အိပ်ခြင်း
Read article
Discuss
[3]
တောင်းပန်ပါရစေမရက်စက်ပါနဲ့
Posted on 4/9/2011 by
prettygloria
Tags: တောင်းပန်ပါရစေမရက်စက်ပါနဲ့
နေမင်းကြီးရေ
အရမ်းကြီး မပူလိုက်ပါနဲ့
အရိပ်မိုးပေးမဲ့ ချစ်သူမရှိတော့လို့ပါ ...
မိုးမင်းကြီးရေ
အငြိုးအတေးတွေနဲ့
မိုးတွေ ဒလဟောမသွန်ဖြိုးလိုက်ပါနဲ့
ထီးမိုးပေးမဲ့ ချစ်သူမရှိတော့လို့ပါ ...
ဆောင်းနှင်းတို့ရေ
တဖွဲဖွဲ ကျမနေပါနဲ့ နှင်းမှုန်တွေကြားမှာ
နှင်းခဲတွေနဲ့ ဆော့မဲ့သူချမ်းအေးလွန်းရင်
ပြေးဝင်ခိုဖို့ ချစ်သူရင်ခွင်မရှိတော့လိုပါ ...
လေညင်းလေးတွေရေ
ငါ့ဆံပင်ကို မကျီစယ်ပါနဲ့
မျက်နှာပေါ်ဝဲကျလာတဲ့ ဆံပင်တွေ
ဖယ်ပေးမဲ့ချစ်သူမရှိတော့လို့ပါ ...
လမင်းကြီးရေ
ကောင်းကင်မှာ သာချင်တိုင်းသာမနေပါနဲ့
အနားမှာ သီချင်းဆိုပြမဲ့ချစ်သူမရှိတော့လို့ပါ ...
ချစ်သူရေ. . .
မင်းရဲ့ဝိညာဉ် ဘယ်သွားနေလဲ
ငါ ဒီမှာ . . . .
မိုးရွာရင်လည်း မင်းကိုလွမ်းတယ် ...
နေပူရင်လည်း မင်းကိုလွမ်းတယ် ...
ချမ်းအေးလွန်ရင်းလည်း မင်းကိုလွမ်းနေတယ်လေ ....
မျက်ရည်တွေ . . . မျက်ရည်တွေ
မင်းတို့ကရော ဘာလို့ထွက်လာရပြန်တာလဲ ...
မျက်ရည်သုပ်ပေးမယ့် ချစ်သူမရှိတော့ဘူးလေ
ထွက်မလာပါနဲ့ ....
Read article
Discuss
[2]
ယောင်္ကျားလေးချစ်သူဆိုတာ......
Posted on 4/9/2011 by
prettygloria
Tags: ယောင်္ကျားလေးချစ်သူဆိုတာ
၁) မိုးသက်လေပြင်းကျချိန် ချစ်သူ စိုမှာစိုးလို့ အကာအကွယ်ပေးပြီးလိုက်မိုးပေးသူ
၂) သူ့လက်ကို တွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့မှုတွေ အဝေးကိုပြေးစေသူ
၃) ချမ်းအေးတဲ့ ဆောင်းမနက်မှာ ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ
၎) ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံ ငှားပေးသူ
၅) ဂျူလီယာ ရောဘတ်ကို ကြိုက်ပေမယ့် ဒီကမ္ဘာမှာ ကောင်းဆုံး အလှဆုံးဟာ ကိုယ်ပါလို့ပြောသူ
၆) ဂျက်ကီချန်းကားတွေ ကြိုက်ပေမယ့် လွမ်းဆွေးစရာ ကိုးရီးယားကားတွေကို မပျင်းမရိဘဲ ကိုနဲ့အတူ လိုက်ကြည့်တတ်သူ
၇) ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့အတူ စိတ်ရှည်လက်ရှည် လိုက်ရေတတ်သူ
၈) ကိုယ်မွေးနေ့ကို မှတ်မိပြီး လက်ဆောင်ပစ္စည်း ၀ယ်ဖို့ မမေ့တတ်သူ
၉) သူ့ရင်ဘတ်ကို ထုပြီး ကိုယ်ဒေါသထွက်ချိန် အနမ်းတစ်ပွင့်နဲ့နှစ်သိမ့်တတ်သူ
၁၀) မျိုမကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ
ဒါတွေအားလုံးဟာ ယောင်္ကျားလေးတွေ ကိုယ်ချစ်သူအပေါ်မှာထားတတ်ကျတဲ့ ရင်တွင်းစာလေးပါ
ရှာဖွေတင်ဆက်ထားခြင်းဖြစ်ပါတယ်ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
Read article
Add Comment
လတ်တလော
Posted on 3/30/2011 by
prettygloria
Tags: လတ်တလော
လတ်တလော
စိတ်နဲ့လူနဲ့.......သဟဇာတမဖြစ်ဘူး
လတ်တလော
အိမ်မက်တွေ ....အဖော်မဲ့နေတယ်
လတ်တလော
အချစ်နဲ့ကျမ.......အတွဲအညီဘူး
လတ်တလော
ရင်ခုန်သံတွေ......ခြေချင်းလိမ်နေတယ်
လတ်တလော
အရင်အထာတွေက.....အရာမထင်ဘူး
လတ်တလော
သတိရခြင်းတွေ....အထီးကျန်နေတယ်
ဒါကြောင့်
လတ်တလော
သဲထဲကိုရေသွန်လိုက်ပါတယ်.........
ပျက်ခဲ့တဲ့ရည်းစာတွေကို
အမျှဝေရင်းပေါ့..................
Read article
Add Comment
သို့ဖြစ်ပါသဖြင့်.........................
Posted on 3/22/2011 by
prettygloria
Tags: သို့ဖြစ်ပါသဖြင့်
လေတိုက်တိုင်းသာ ရွက်ကြွေပါမူ
ဘယ်မှာ သစ်ရွက်ကျန်မည်နည်း၊
ရေတိုက်စားတိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း၊
ကျဆုံးတိုင်းသာငိုရပါမူ
ဘယ်မှာမျက်ရည်ကျန်မည်နည်း၊
ချစ်တိုင်းသာ ညာစေကာမူ
ဘယ်မှာ အသဲကွဲကျန်မည်နည်း။
တောင်းတိုင်သာ ရစေကာမူ
ဘယ်မှာဆုတောင်းကျန်မည်နည်း။
သို့ဖြစ်ပါသဖြင့်.........................
Read article
Add Comment
အချစ်တဲ့
Posted on 3/1/2011 by
prettygloria
Tags: အချစ်တဲ့
(၁) အချစ်ကမ္ဘာဟာ စိတ်ညစ်၊ ကြေကွဲခြင်းပေါင်းတစ်ထောင် ထည့်ထားနိုင်လောက်အောင် ကြီးသလို လူသုံးယောက်ဝင်နေရင် အသက်ရှူမဝ မွန်းကျပ်လောက်အောင်လည်း သေးငယ်သတဲ့။
(၂) ကမ္ဘာကြီးအဖို့တော့ သင်ဟာ လူတွေထဲက လူတစ်ယောက်ပေါ့။ ဒါပေမယ့် လူတစ်ယောက်အဖို့တော့ သင်ဟာ သူ့ကမ္ဘာဖြစ်တယ်။
(၃) သင့်အတွက် အချိန်မပေးနိုင်သူအပေါ် သင့်အချိန်တွေကို မဖြုန်းပါနဲ့။
(၄) တစ်ကြိမ်တစ်ခါမှ မချစ်ဖူးတာထက် ချစ်ဖူးပြီးမှ အချစ်ကိုဆုံးရှုံးတာက ပိုကောင်းတယ်။
(၅) အချစ်ဟာ လူကိုရင့်ကျက်စေတယ်။ ဒါမှမဟုတ် နစ်မွန်းစေတယ်။
(၆) ပြီးဆုံးသွားတဲ့အချစ်အတွက် ငိုကြွေးမနေနဲ့... ချစ်ခဲ့ဖူးတဲ့အချစ်အတွက် ပြုံးလိုက်ပါ။
(၇) ကိုယ်ချစ်တဲ့လူကလည်း ကိုယ့်ကိုယ်ချစ်နေတယ်ဆိုရင် ဒါဟာ ထူးဆန်းအံ့သြစရာတဲ့။ ဒီအံ့သြစရာကို ဘုရားသခင်က ချစ်သက်ဝင်တယ်လို့ အမည်ပေးခဲ့တယ်။
(၈) ကိုယ်ချစ်တဲ့လူရဲ့ အချစ်ကိုခံရတဲ့ ခံစားချက်က ဘယ်လိုလဲ? ဘယ်လိုခံစားချက်မျိုးလဲ?
ဒါကို သင်ချက်ချင်းဖြေချင်နေခဲ့ရင် သင်ဟာ အပျော်ဆုံးလူဆိုတာ သိထားလိုက်ပါ။
(၉) မျှော်လင့်ချက်နဲ့ ယုံကြည်မှုဆိုတာ အိမ်မြှောင်ရဲ့အမြီးနဲ့တူတယ်။ အချိုးခံရပြီးလည်း ပြန်ပြန်ထွက်တယ်။
(၁ဝ) ကိုယ်မုန်းတဲ့အရာပေါ် အောင်နိုင်တာထက် ကိုယ်ချစ်တဲ့အရာပေါ် ရှုံးနိမ့်တာက ပိုကောင်းတယ်။
(၁၁) ဝမ်းနည်းကြေကွဲနေလည်း မျက်နှာကို ရှုံ့မဲ့မထားနဲ့။
သင့်အပြုံးကို ချစ်မိသွားနိုင်မယ့်သူ ရှိလို့ပါ။
(၁၂) ငါ့ကိုထားသွားပြီဆို ကျေးဇူးပြုပြီး မနှစ်သိမ့်နဲ့တော့.....
အပ်တစ်ချက်ချုပ်တိုင်း ချုပ်ရာတစ်ချက် နာရလို့ပါ။
(၁၃) ပျော်ရွှင်ခြင်းရဲ့သော့ချက်ဆိုတာ ပြီးပြည့်စုံတဲ့လူနဲ့ ကြုံရလို့မဟုတ်ဘူး။
ပြီးပြည့်စုံတဲ့ဘဝဖြစ်အောင် အတူကြိုးစားမယ့်လူနဲ့ ကြုံတာဖြစ်တယ်။
(၁၄) သူ့ရဲ့ကောင်းကွက်ကိုပဲချစ်တဲ့ အချစ်ကို အချစ်လို့မခေါ်ဘူး။
သူ့ရဲ့ဆိုးကွက်ကိုလည်း ချစ်တဲ့အချစ်မှ အချစ်လို့ခေါ်တယ်။
Read article
Add Comment
စိတ်မပျက်နဲ့ကွယ်...ကလေးရယ်
Posted on 3/1/2011 by
prettygloria
Tags: စိတ်မပျက်နဲ့ကွယ်ကလေးရယ်
ကလေးရေ
စိတ်ပျက်နဲ့ကွယ်
ကိုယ်တိုင်ကမှပြဇာတ်ထင်တာ
လူတွေရဲ့သဘာဝပါကွယ်............
..။
ကလေးရေ
စိတ်ပျက်နဲ့ကွယ်
ကိုယ်ကတဲ့ဇာတ်မှာ ကိုယ်ပဲမင်းသားဖြစ်ချင်ကြတာ
လူတွေရဲ့သဘာဝပါကွယ်..............။
ကလေးရေ
စိတ်မပျက်နဲ့ကွယ်
ကိုယ်တိုင်ဖြတ်တဲ့ဓမ္မသတ် ကိုယ့်ဘက်ပဲမှန်တက်ကြတာ
လူတွေရဲ့သဘာဝပါကွယ်.................။
ကလေးရေ.
့စိတ်မပျက်နဲ့ ကွယ့် 
ပညာဆိုတာ
စာသင်ခန်းတွေမှာသာ
သင်ကြားနိုင်တာမဟုတ်ပါဘူး
ကျောင်းမနေဖူးတဲ့
တောင်အာဖရိကသမ္မတကြီး
ဂျက်ကော့ဇူးမား က ကလေးအတွက်စံနမူနာ ပါကွယ်...၊
ကလေးရေ
စိတ်မပျက်ပါနဲ့ ကွယ်
နေမကောင်းတခါတရံဖြစ်တာ
စတီဖင်ဟော့ကင်းဆိုတဲ့
သွက်ချာပါဒရောဂါသည်ဒုက္ခိတ က
သိပ္ပံပညာရှင်တစ်ယောက်ဖြစ်နိုင်ပါသေးတယ်ကလေးရယ်။
ကလေးရေ..
စိတ်မပျက်ပါနဲ့ ကွယ်
ရှင်သန်ခြင်းအတွက်
အမိအဖကိုစောင့်ရှောက်ခြင်းနဲ့
ဘ၀မှာရပ်တည်နိုင်ခြင်းတွေ က
မြင့်မြတ်သူတွေလမ်းစဉ်ဘဲ ပါကလေးရယ်
ကလေးရေ
စိတ်ပျက်နဲ့ကွယ်
သွေးဆာနေတဲ့ မတော်လောဘတွေကြောင့်
ဝမ်းနည်းမှုစစ်ပွဲတွေပြီးရင်ငြိမ်းချမ်းရေး
ပြုပြင်မှုရောင်ခြည်လာပါမှာမလို့ အားမလျှော့ လိုက်ပါနဲ့ ကွယ်......။
ကလေးရေ
စိတ်ပျက်နဲ့ကွယ်
ပြူတင်းတစ်ပေါက်ကကြည့်တာ ချင်းအတူတူ
ရွံ့နဲ့ကြယ် အမြင်ခြင်းမတူနိုင်တာ
လူတွေရဲ့သဘာဝပါကွယ်.............။
ကလေးရေ
ဘာတွေပဲဖြစ်ဖြစ် စိတ်မပျက်နဲ့ ကွယ်..........
ကမ္ဘာဆိုတာ လူတိုင်းကို ဗဟိုပြုလည်နေတာပါကွယ်..........
......။
Read article
Add Comment
“မလှတာ ကျွန်မအပြစ်လား မောင်ရယ်”
Posted on 3/1/2011 by
prettygloria
Tags: “မလှတာ ကျွန်မအပြစ်လား မောင်ရယ်”
- ကျွန်မရုပ်သွင် မောင်အမြင်ပဲ၊
ယခင်ရှေးက တွေ့ခါစပင်
အလှမရှိခဲ့ပါ မောင်........
- ရုပ်ဝါဆင်းပြင် အသွင်မလှ
မြင်မလှလည်း ရင်လွှာထဲမှ
အသည်းဖြူစင် မောင်တွေ့မြင်လို့
ကြင်နာယုယ မေတ္တာမျှတော့
ဘ၀ကုံလုံ ပြီးပြည့်စုံပြီ
ယုံကြည်မှတ်ထင်ခဲ့သော်လည်း....
- အသည်းသာလှ လူမလှဟု
မောင်က ငြိုငြင် အပြစ်တင်ပြီး
ပြင်ပြင်စိမ်းကာ မေ့ကွက်ရှာတော့
မျက်နှာငယ်ရ ကျည်းတန်မမှာ
ချေပစရာ ခွင့်မသာခဲ့......
- သေချာနှိုင်းဆ မှတ်ချက်ချသော်
ခုမှမဆိုး ရှေးက ဆိုးသည့်
ရုပ်ဆိုးကျွန်မ မလှပတာ
မဆန်းပါဘူး......
မောင်သာ နှစ်လို အချစ်ပိုက
ရွှေကိုယ်မိုးကျ နတ်မယ်လျလို
ကျွန်မ လှနေမှာပေါ့ မောင်..........။
Read article
Discuss
[8]
*ငါ*
Posted on 3/1/2011 by
prettygloria
Tags: ငါ
ငါပြောမှမှန်၊ ငါကြံမှဟုတ်
ငါ့ကိုယ်ငါ ငါပွဲထုတ်
ငါစွဲသရုပ်။
ငါပြင်မှယဉ်၊ ငါဆင်မှလှ
ငါ့ကိုယ်ငါ ငါအားကျ
ငါစွဲအတ္တ။
ငါထင်ရာ ငါတကောရယ်နဲ့
ငါ့သဘော ငါ့အမြင်
ငါသာလျှင် စင်းလုံးချော
ငါ့အပြော သဲလဲစင်
ငါ့ကိုယ်ငါ ရှေ့တန်းတင်
ငါ့ကိုယ်လျှင် ငါတင်စား
ငါတကားရယ်နဲ့
ငါ့အမှား ငါမမြင်တဲ့
ငါ့အသွင် အရှက်ကင်းတယ်
သိမ်ဖျဉ်းဘိတကား..။ ။
Read article
Add Comment
အဘယ့်ကြောင့်ဆိုသော်
Posted on 2/18/2011 by
prettygloria
Tags: အဘယ့်ကြောင့်ဆိုသော်
အလွမ်းတွေပြိုးရင်း
မနက်ခင်းတစ်ခု
ရောက်ခဲ့ပြန်ပြီ
ချစ်သူ…….
မင်းကတော့
ငါ့ကိုမေ့ပျောက်နေရောပေါ့
မင်းပေးခဲ့ဘူးတဲ့ အနမ်းတွေထဲမှာပျော်ဝင်ရင်းနဲ့
ငါ့မနက်ခင်းတွေပျောက်ဆုံးကုန်တာ
ကြာလှပေါ့။
ဒီလိုနဲ့ဘဲ
ငါ့အသက်တစ်နှစ်ကြီးသွားပြန်တယ်
နင့်ကိုလွမ်းရင်းပေါ့……..
Read article
Add Comment
←
later
http://vzochat.com/en/blogroll/nyi1240/page/2
CTRL
earlier →
http://vzochat.com/en/blogroll/nyi1240/page/4