VZOchat Blogs RSS Available

Posts of linyongshein friends

ခေတ်သစ် သူတောင်းစားများ

Posted on 3/6/2011 by nan_ma_wa

“မုသားမပါ လင်္ကာမချော”...တဲ့

အမေ့ကိုလိမ် အဖေ့ကိုလိမ်

ဆရာကိုလိမ် သူငယ်ချင်းကိုလိမ်

ချစ်သူကိုလိမ် ကိုယ့်ကိုယ်ကိုလိမ်

ကိုယ်လိမ်တာ ကိုယ်သိနေသ၍တော့ မင်းလူမိုက်မဖြစ်သေးဘူး....။

လှည့်စားမှုတွေ ကျားကွက်ရွှေ့ကြတဲ့အခါ

တစ်ကွက်မှားရင် အစားခံရမယ်

“လျင်”သူ စားကြေးဆိုပေမယ့်

“လည်လွန်းတဲ့ဘီး ...! *%$&*#)(>?"| ” ..သင့်တတ်သတဲ့

အရူးမှန်ရင် “ဒီ”ကြိုးဝိုင်းထဲဝင်မလာဘူး

အရူးကွက်နဲ့ ခြေတစ်လှမ်းအဆုတ်ကို “အရှုံး”လို့ လျှော့မတွက်နဲ့

ဝှက်ဖဲ ဆိုတာ လူတိုင်းမှာရှိတယ်

သကာဖုံးတဲ့ မာယာ“လင်းတ”တွေကြား

“ခေါင်း” မပါသူတွေ လည်စဉ်းပေးကြ

အဖြူတွေကြား အမဲတွေကများ

မာယာနဲ့လိမ် တဏှာနဲ့လိမ်

မျက်လုံးအိမ်ထဲမှာအလိမ် နှလုံးအိမ်ထဲမှာလိမ်

သနားအောင်လိမ် စကားဗျောင်လိမ်

ပေးအောင်လိမ် ကျွေးအောင်လိမ်

သူလိမ် ကိုယ်လိမ်

လူလိမ်ဈေးကွက်ထဲက အရှုံးနဲ့ထွက်သူလည်းရှိရဲ့

အပြုံးမပျက်သူတွေလည်းရှိသကွဲ့

သူဋ္ဌေးဖြစ်သူ ခွေးဖြစ်သူများ

“ခေတ်သစ်သူတောင်းစား” ဂုဏ်ပုဒ်ကိုလက်ဝယ်ထား

ဇာတ်နာပြကာ လုပ်စားနေတဲ့သူတွေကြား

ငါ...

မျက်စိကိုမှိတ် နားကိုပိတ်

ခပ်စိတ်စိတ်နဲ့ မသိသလိုပဲနေတော့မယ်...။


 

မှတ်ချက်။ ။ ကျမရဲ့ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အကြောင်းတွေကို ကဗျာတပုဒ်အဖြစ် ပုံဖော်ထားခြင်းဖြစ်ပါသည်။ (ဤကဗျာသည် ချစ်သူနှင့်လုံးဝ မသက်ဆိုင်ပါကြောင်း)။

Read article   Discuss [2]

ကျမနဲ့ပတ်သက်နေသော အိပ်မက်ထဲက မြွေနဂါးများ

Posted on 2/25/2011 by nan_ma_wa


ရေးမယ်..ရေးမယ်နဲ့ ကျမကို “ဂေါက်”နေတယ်လို့ ပြောခံရမှာကြောက်တာကြောင့် ဒီပို့စ်ကို မရေးဖြစ်ခဲ့ပါဘူး။
ဒီနေ့တော့ စိတ်ထဲမှာ ရေးချင်စိတ်တွေ ပေါက်လာတာနဲ့ပဲ အရဲစွန့်ပြီး ချရေးမိပါတယ်..။

2010,July လတုန်းက မြန်မာပြည်ကို ကျမအလည်ပြန်ခဲ့တဲ့ အချိန်တုန်းကပေါ့..။
ဆိုက်ပရပ်စ်နိုင်ငံကနေ မြန်မာပြည်ကိုရောက်ဖို့ လေယာဉ်(၃)ဆင့်စီးရပါတယ်။
ဆိုက်ပရပ်စ်နိုင်ငံ လာနကာ လေဆိပ်မှ ဂျော်ဒန်နိုင်ငံရှိ အာမန်လေဆိပ်သို့(၁နာရီခွဲကြာ) ၊ အာမန်လေဆိပ်မှ ထိုင်နိုင်ငံ ဘန်ကောက်လေဆိပ်သို့(၈နာရီခွဲကြာ) ၊ ထိုမှတဆင့် ဘန်ကောက်လေဆိပ်မှ မြန်မာပြည်သို့ရောက်ရှိခဲ့တယ်။

ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်ကိုရောက်လို့ မြန်မာပြည်ကိုသွားမယ့် လေယာဉ်ရဲ့ စင်္ကြန်နံပတ်ကို လိုက်ရှာနေစဉ်မှာပဲ အမှတ်မထင်တွေ့လိုက်ရတဲ့ ထိုင်းလူမျိုးများရဲ့ ရိုးရာနတ်စင်တခုကို ကျမတွေ့လိုက်ရတယ် ဆိုရင်ပဲ ကျမရဲ့ခြေလှမ်းများ တုန့်ကနဲ ရပ်ဆိုင်းသွားခဲ့တယ်..။

အဲဒီနတ်စင်မှာ တွေ့လိုက်ရတာကတော့ အုန်းရွက်များနဲ့ပြုလုပ်ထားတဲ့ လက်ရာမြောက်လှတဲ့ အုန်းနဂါးများပါပဲ..။


အဲဒီနတ်စင်ကိုကြည့်ရင်း မြွေနဂါးများနဲ့ ပတ်သက်တဲ့ ကျမရဲ့အိပ်မက်တချို့ကို ပြန်ပြီးသတိရခဲ့ရတယ်..။

လွန်ခဲ့တဲ့(၁၃)နှစ်လောက်ကတည်းက မြွေနဂါးများနဲ့ ပတ်သက်တဲ့ အစွဲလေးတခု ကျမမှာရှိနေခဲ့တယ်။
အဲဒီအစွဲရဲ့ အစ ကတော့ ရှမ်းပြည်နယ်၊ ကလောမြို့တနေရာက “ပေါက်ရတနာမွန်” ဆိုတဲ့ နတ်နန်းတခုကို အသိမိတ်ဆွေများဖြစ်ကြတဲ့ ရုပ်ရှင်သရုပ်ဆောင်(မ)တင့်တင့်ထွန်း၊ ၊တောင်ကြီးမြို့မှ“နန်းကေသီ လှရိပ်မြုံပိုင်ရှင်” ကိုကြီးဖေ၊ တို့နဲ့အတူ လိုက်သွားရင်း ကျမရောက်ခဲ့တယ်။


နတ်နန်းဆိုတော့လည်း (၃၇)မင်း၊ အထက်ပုဂ္ဂိုလ် အောက်ပုဂ္ဂိုလ်များရဲ့ ရုပ်ထုတွေနဲ့ ပြည့်နှက်နေတာပေါ့။
“နတ်နန်း”လို့ ခေါ်မယ့်အစား “ဓာတ်ခန်း” လို့ပဲ ကျမတို့ကခေါ်ကြပါတယ်၊ ဘာလို့လည်းဆိုတော့ (၇)ရက်သားသမီးများရဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အစရှိတဲ့ အခက်အခဲများကို အဲဒီနတ်နန်းက ဆရာမက ဓာတ်ရိုက် ဓာတ်ဆင်လုပ်ပေးရင်း (၇)ရက်သားသမီးများကို ကူညီနေလို့ပါပဲ။

အဲဒီဓာတ်ခန်းကို ကျမရောက်သွားတယ်ဆိုရင်ပဲ စပ်စုတတ်တဲ့ကျမဟာ ၁၂ပေခန့်သာရှိတဲ့ ဓာတ်ခန်းထဲက ပုံတော် ရုပ်ထုတွေကို လျှောက်ကြည့်နေမိရင်း ရုပ်ထုတခုဆီသို့ အကြည့်ရောက်သွားခဲ့တယ်။

လူတရပ်ခန့်အမြင့်ရှိပြီး မြစိမ်းရောင် မင်းသမီးဝတ်စုံကို ဝတ်ဆင်ထားတဲ့ ချောမောလှပတဲ့ အမျိုးသမီးတယောက်ရဲ့ရုပ်ထုတခုပါ။

လက်အုပ်ချီ အနေအထားနှင့် ခေါင်းမှာလည်း နဂါးရုပ်ပါတဲ့ ဆီးပုံ ခေါင်းဆောင်းကို ဆောင်းထားတဲ့ အမတော်မြနန်းနွယ်ရဲ့ ပုံကို ကြည့်ရင်း စိတ်ထဲမှာ ဝမ်းနည်းသလို ခံစားမိဖူးတယ်။
(ရုပ်ထုဆိုပေမယ့် တကယ့်ကို အသက်ဝင်တဲ့ သူ့ရဲ့အကြည့်ကို အခုချိန်ထိ ကျမ မှတ်မိနေဆဲပါ)။

အဲဒီနောက်ပိုင်းမှာတော့ မြွေနဂါးများနဲ့ ပတ်သက်တဲ့ အိပ်မက်များကို မှတ်မှတ်ရရ မကြာခန ဆိုသလို မက်တတ်လာခဲ့တယ်။
ကျမ မက်ခဲ့ဖူးတဲ့ အိပ်မက်တချို့ကို ပြောပြမယ်နော်...။

၃၆လမ်းမှာ ဖွင့်ထားတဲ့ ကျမ အဒေါ်ရဲ့ ဗီဒီယို ထုတ်လုပ်ဖြန့်ချီရေးကုမ္ပဏီရုံးခန်းရှိပါတယ်၊ အဲဒီရုံးခန်းရဲ့ မျက်နှာကျက်ရဲ့ ဒေါင့်တနေရာမှာ မိုးရေကြောင့် သစ်သားတချို့ဆွေးမြေ့ပျက်စီးပြီး ၁ ပေပတ်လည်ခန့် အပေါက်တခုဖြစ်နေပါတယ်။
တနေ့မှာ ကျမ အိပ်မက် မက်ခဲ့ပါတယ်။
ဆောင်းတွင်းအိပ်မက်မို့ ကယောက်ကယက် မက်သည်ပဲလားဆိုတာ ကျမကိုယ်တိုင် မဝေခွဲတတ်ခဲ့ပါဘူး။
ကျမရဲ့အိပ်မက်ထဲမှာ အဲဒီအပေါက်ထဲကနေ မြွေတကောင် ဆင်းလာပါတယ်။
အဲဒီမြွေရဲ့အရောင်ဟာ အဖြူရောင်ပေါ်မှာ လိမ္မော်ရောင် အကွက်တွေရှိပါတယ်၊ စာဖတ်သူများ အလွယ်တကူ မြင်အောင် ပုံဖော်ရမယ်ဆိုရင် အလှမွေးတဲ့ ရွှေဝါငါးကြင်းလိုမျိုး အဖြူနဲ့ လိမ္မော်အကွက်တွေနဲ့ပါ ။
ထူးခြားတာက အဲဒီမြွေရဲ့ဦးခေါင်းမှာ ကြက်ဖတွေမှာ ပါရှိတဲ့ အမောက်အနီရောင် သေးသေးလေးတောင် ပါလိုက်ပါသေးတယ်။
အိပ်မက်ဆိုတော့လည်း မက်ချင်ရာ မက်မှာပေါ့နော်။
အိပ်မက်ကို ဆက်ရအောင်..
လူတွေလည်း ကြောက်လန့်တကြား ထွက်ပြေးကြတာပေါ့၊ ကျမလည်း ပြေးပါတယ်၊ အဲဒီမြွေဟာ ကျမရဲ့နောက်ကို ထပ်ကြပ်မခွာ လိုက်ပါတယ်။
နောက်ဆုံးမှာ ကျမလည်း မပြေးနိုင်တော့ပဲ အမိခံဖို့ ဆုံးဖြတ်လိုက်တယ်။
စိတ်ထဲကလည်း “ကဲ..ငါ့နောက်ကို ဒီလောက်လိုက်နေတာ ကိုက်ချင်လည်း ကိုက်ပါစေတော့ နင့်ကို ငါမေတ္တာပို့မယ်” ဆိုပြီး မြွေလာရာဘက်ကို မျက်နှာမူလိုက်ပါတယ်၊ ပြီးတော့ မျက်လုံးမှိတ် လက်အုပ်ချီပြီး မေတ္တာသုတ်ကိုရွတ်နေလိုက်ပါတယ်။
အဲဒီလိုနဲ့ မြွေဟာ တရွေ့ရွေ့နဲ့ကျမရဲ့ကိုယ်ပေါ်ကို တက်လာပါတယ်။
ကျမလည်း ကြောက်လည်းကြောက် အသည်းယားယုံကလွဲလို့ ဘာတတ်နိုင်မှာလည်းနော်။
ဘုရားစာကိုပဲ ကြိုးစားပြီးရွတ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဲဒီမြွေဟာ ကျောကုန်းနားအရောက်မှာ ကျမ အိပ်မက်က လန့်နိုးခဲ့ရတယ်။
အိပ်မက်က လန့်နိုးသည်အထိ ကျမဟာ မလှုပ်ရဲပဲ ခနကြာမျှ ငြိမ်နေခဲ့ပါတယ်။
...................................................................................................

ဓာတ်ပုံရဲမြင့်လွင်နှင့် တပည့်(၂)ယောက်၊ ကျမနဲ့ ကျမရဲ့အဒေါ်၊ မော်ဒယ်(၄)ယောက်တို့ဟာ ပြကဒိန်အတွက် ဓာတ်ပုံရိုက်ဖို့ ကယားပြည်နယ် လွိုင်ကော်မြို့ကို သွားခဲ့ကြဖူးတယ်။
အဲဒီအချိန်က ကယားပြည်နယ်မှာ တိုက်ပွဲမကြာခန ဖြစ်တယ်လို့ဆိုပါတယ်။
ရန်ကုန်က ဗီဒီယိုရိုက်ကူးရေးအဖွဲ့အတွက် အဲဒီနယ်မှာ တာဝန်ကျတဲ့ စစ်ဗျူဟာမှူးနဲ့လည်း ခင်နေတဲ့အတွက် သူကပဲ လုံခြုံရေးအတွက် စစ်တပ်မှ လူတချို့ကို ကျမတို့အဖွဲ့နဲ့အတူ ရှိနေစေခဲ့ပါတယ်။
ကယားပြည်နယ်က အလှဆုံးရှုခင်းနေရာတွေနဲ့ အရပ်သားများ သွားခွင့်မရှိတဲ့ ကျောက်လှိုင်ဂူကြီး ၂ခုထဲကိုလည်း ဗျူဟာမှူးရဲ့အကူအညီနဲ့ ရောက်ရှိခဲ့ဖူးပါတယ်။

အဲဒီဂူထဲမှာ ကျောက်စက်ရေကြောင့် သဘာဝ ဖြစ်ပေါ်နေတဲ့ စိတ်ကူးနဲ့ပုံဖော်လို့ရတဲ့ ရုပ်ပုံများနှင့်အတူ စစ်တပ်က ကိုးကွယ်ပူဇော်ထားတဲ့ နဂါးရုံဘုရားတဆူကိုလည်း ဖူးမျှော်ခဲ့ရဖူးပါတယ်။

အဲဒီညမှာပဲ ကျမ အိပ်မက်တခု မက်ခဲ့ပြန်ပါတယ်..။
လွိုင်ကော်မြို့ထဲက ဘီလူးချောင်းထဲမှာ လူတဖက်စာလောက်ရှိတဲ့ မြွေကြီးတစ်ကောင် ရေကူးနေတာကို ကျမတွေ့ရတယ်။

ထူးဆန်းတာက အဲဒီမြွေဟာ တခြားမြွေတွေလို လှုပ်ရှားခြင်းမျိုးမဟုတ်ပဲ စက်ပလိန်လိုမျိုး တဖက်ရစ်ပုံစံနဲ့ လှုပ်ရှားနေတာပါပဲ။
................................................................................................

ကျမတို့ကုမ္ပဏီက ထုတ်လုပ်တဲ့ “ပျံသန်းငှက်တို့နားခိုရာ” လူငယ်ပညာပေး ဗီဒီယိုဇာတ်ကားကို ရိုက်ကူးဖို့ အတွက် ကျမတို့ ချောင်းသာကို သွားခဲ့ကြတယ်။
အဲဒီညမှာပဲ ကျမရဲ့အိပ်မက်ထဲမှာ အဖိုးအိုတယောက်ဟာ ကျမကို ချောင်းသာ ပင်လယ်ရေအောက်မှာ ရှိတဲ့လှိုင်ဂူတခုဆီကို ခေါ်ဆောင်သွားခဲ့တယ်။

သစ်လုံးတွေကို နံရံမှာကပ်ပြီး အိမ်အဖြစ်ဖန်တီးထားတဲ့ ရှေးကျတဲ့ပျဉ်ထောင်အိမ်တလုံး၊ အဲဒီအိမ်ထဲက သစ်သားစားပွဲဟောင်းတခုပေါ်မှာတော့ ရွှေအစစ်လို့ယူဆရတဲ့ ပုံစံကွဲပြားခြားနားတဲ့ ရွှေဘုရားများကို သပ္ပါယ်စွာ ဖူးမျှော်ခဲ့ရတယ်။

အဲဒီဘုရားတွေထဲကမှ “အဲဒါ ခလေးမ ကိုးကွယ်ရမယ့် ဘုရားပဲ” လို့ဆိုပြီး အဖိုးအိုညွှန်ပြခဲ့တဲ့ ဘုရားတဆူကတော့ အနေအထား မတူညီသော နဂါး(၉)ကောင် ဝိုင်းရံယှက်ထားတဲ့ (ကုလားမြွေ ဘုရားနဲ့ခပ်ဆင်ဆင်တူပါတယ်) နဂါးရုံဘုရားတဆူပါပဲ။

နောက်တနေ့ မနက်မှာတော့ ကျမရဲ့အိပ်မက်အကြောင်းကို အဒေါ်ကိုပြောပြခဲ့ပြီး ချောင်းသာကမ်းစပ်မှာရှိတဲ့ ဘုရားတဆူမှာ အမွှေးတိုင်၊ ဖုယောင်းတိုင်များနဲ့ အိပ်မက်ပေးသူများကို အမျှပေးဝေခဲ့ပါတယ်။
(အဲဒီအိပ်မက်ကြောင့် ချောင်းသာပင်လယ်ထဲကို ကျမ ဆင်းကစားခွင့်မရခဲ့ပါဘူး)။
...................................................................................................

မကြာခန မက်တတ်တဲ့ အိပ်မက်တချို့ကတော့ ဘယ်နေရာမှာမှန်းမသိတဲ့ တောနက်ကြီးတစ်ခု...
ဘုရားတည်ရန် ရာထားတဲ့ သဲဖြူခင်းထားတဲ့ မြေကွက်လပ်တခု....
ဘိလပ်မြေ၊ အုတ်များဖြင့် တည်ထားသည့် ဆေးမသုတ်၊ ရွှေမချရသေးသည့် ဘုရားတဆူ....
ဘုရား၏ အမည်ကိုရေးရန် ကဗျည်း (ဘာမှရေးမထားရသေးသည့်) ဆိုင်းဘုတ်အလွတ်တခု...
မှန်စီရွှေချရန် ကျန်ရှိနေသေးသည့် ဘုရားကို ဝန်းရံထားသော အုတ်တံတိုင်းပေါ်က အမှီးချင်းဆိုင်၊ ခေါင်းချင်းဆိုင် အနေအထားရှိသည့် နဂါးရုပ်ထု(၂)ခု...
တို့ပဲဖြစ်ပါတယ်..။
....................................................................................................

အဲဒီအချိန်က“စ”လို့ မြွေနဂါးများနဲ့ပတ်သက်တဲ့ အိပ်မက်များကြောင့် ကျမရဲ့စိတ်မှာ အစွဲတခုဖြစ်လာခဲ့တယ်။
မြန်မာပြည်မှာကျမ နေစဉ်အခါတုန်းက ဗိုလ်တထောင်ဘုရားမှာရှိတဲ့ အမတော် မြနန်းနွယ်ဆီကို သွားရောက်လေ့ရှိပါတယ်။
ဘုရားရှိခိုးတိုင်းလည်း မြွေနဂါးများကို မေတ္တာပို့ အမျှပေးဝေပါတယ်။
အစားအသောက် စားရာမှာလည်း မြွေကဲ့သို့ ရှည်လျှားသည့် ခန္ဓာကိုယ်ရှိသော အသားများ(အရှည်သားများ)ကိုလည်း ရှောင်ပါတယ်။
ကြေးခွံမပါသော ရေသတ္တဝါ အသားများ ကိုလည်းရှောင်ကျဉ်ပါတယ်။
ခြေ(၄)ချောင်းသားများကိုလည်းရှောင်ပါတယ်။
...............................................................................................

ဆိုက်ပရပ်စ်နိုင်ငံမှာ ၆နှစ်ခွဲကြာမျှ နေထိုင်ခဲ့ပြီး မြန်မာပြည်ကို လွန်ခဲ့တဲ့ ၈လခန့်က အလည်ပြန်ခဲ့တဲ့အချိန်မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လေဆိပ်မှာတွေ့ခဲ့ရတဲ့ အုန်းနဂါးများကြောင့် ကျမ မက်ခဲ့ဖူးတဲ့ အိပ်မက်ထဲက မြွေနဂါးများကို ပြန်လည်သတိရသွားခဲ့ပါတယ်။

တိုက်ဆိုင်လို့ပဲလား... အစွဲအလန်းကြောင့်ပဲလား...ပဋ္ဌာန်းဆက်ကြောင့်ပဲလား ဆိုတာကို အခုချိန်ထိ အတိအကျမပြောနိုင်သေးပေမယ့် မြန်မာပြည်ကို အလည်အဖြစ်ပြန်လာခဲ့တဲ့ကျမကို မြွေနဂါးများက ၎င်းတို့နဲ့ပတ်သက်တဲ့ ကျမမက်ခဲ့ဖူးတဲ့အိပ်မက်များကို ပြန်လည်သတိရစေခဲ့ပါတယ်။

ကျမရဲ့ အိပ်မက်အရ ရေနှင့်ပတ်သက်တဲ့ မြွေနဂါးများဖြစ်နေတာကြောင့် ကျမသည် မြစ်၊ ချောင်း၊ ပင်လယ် အစရှိသည့် ရေနှင့်နီးသော နေရာဒေသတွင်သာ အသက်မွေးဝမ်းကြောင်းပြုရမည်ဟု လူကြီးတယောက်က ပြောပြခဲ့ဖူးပါတယ်။
ပြီးတော့ ပင်လယ်ထဲမှာ ၅မိနစ်ထက်ကြာအောင် ကျမ ရေမကူးရဲပါဘူး။
ရေထဲကနေ တခုခု ကျမဆီကို လာနေသလို ခံစားနေရလို့ပါ။
အဲဒီလိုမျိုး ခနခနဖြစ်တာကြောင့် ပင်လယ်ထဲကိုလည်း သိပ်ဆင်းလေ့မရှိပါဘူး။


မည်သို့ပင်ဆိုစေကာမူ လောလောဆယ်တော့ ဆိုက်ပရပ်စ်နိုင်ငံက ပင်လယ်ရေများဝိုင်းရံထားတဲ့ ကျွန်းကလေးတခုပေါ်တွင် ယခုအချိန်ထိ ရှိနေခဲ့ပါတယ်။

စာဖတ်သူ သူငယ်ချင်းများကရော...
ကျမရဲ့ အိပ်မက်များနဲ့ပတ်သက်ပြီး ယုံကြည်ခြင်း.. မယုံကြည်ခြင်း တို့အပေါ် ဘယ်လိုကွဲလွဲချင်ပါသလဲ....။

မူရင်းနေရာဖြစ်သော http://seaandangel.blogspot.com နေရာတွင် လည်း လာရောက်ဆွေးနွေးနိုင်ပါသည်ရှင်။..............................................................................................

မှတ်ချက်။ ။ အထက်ပါ အကြောင်းအရာများသည် ကျမ အမှန်တကယ်မက်ခဲ့သော အိပ်မက်များပင်ဖြစ်ပါသည်။
ဇာတ်လမ်းတပုဒ်ဖြစ်စေရန် လုပ်ကြံရေးထားခြင်း တခုမှမပါဝင်ပါကြောင်း ဤနေရာတွင် သစ္စာဆိုပါသည်။
ကျမ၏ သစ္စာမှန်ကန်ပါက သာသနာပြုခွင့်ရသော သူတယောက်ဖြစ်ရပါလို၏။
အကယ်၍ လုပ်ကြံရေးသားခြင်း ဖြစ်ခဲ့ပါက ကျမပြုခဲ့သော လိမ်လည်မှု၏ အကျိုးကို ကျမပြန်လည်ခံရပါစေသား...။

 

Read article   Discuss [1]

Valentine လက်ဆောင်

Posted on 2/25/2011 by nan_ma_wa

ကျမရဲ့ လွမ်းဆွတ်ခြင်းတွေက “Valentine's Day” ကို ကျရှုံးစေတယ်...

သူ့ရဲ့ချစ်ခြင်း “နှလုံးသား”လေးက

ကျမရဲ့ရွှေလည်တိုင်မှာတွဲလဲခိုလို့...

နှင်းဆီနီနီတွေကြားက ချော့ကလက်လေးရေ...

အာရုဏ်အတက် ဒီမနက်မှာ

ရှင့်ရဲ့ အနမ်းချိုချိုတခွက်နဲ့

ကျမကို လှုပ်နှိုးလှည့်ပါ

Valentine တောင်ပံတစုံကို

“သူ့”အတွက် လက်ဆောင်ပေးချင်လို့ပါ...။

Read article   Add Comment

အရမ်းအရမ်း ဖလန်းဖလန်းထရဲ့ မေးလိုရာမေး ဖြေချင်တာဖြေမယ် အင်္စီအစဉ်

Posted on 1/4/2011 by shweyoat



   ယခုအပတ် အရမ်းအရမ်း ဖလန်းဖလန်းထရဲ့ မေးလိုရာမေး ဖြေချင်တာဖြေမယ် အင်္စီအစဉ်  ကို စီစဉ်သူရွှေရုပ်၊ တွေ့ဆုံမေးမြန်းသူရွှေရုပ်၊ ပြန်လည်ဖြေကြားသူ ရွှေရုပ် တို့က တာဝန်ယူစီစဉ်တင်ဆက်သွားမှာဖြစ်ပါတယ်။.
   “ဖြောင်း....ဖြောင်း...ဖြောင်း.”(လက်ခုပ်တီးတာနော် ..ပရိတ်သတ်လဲကိုယ်ဘဲလေ)
   စတိတ်စင်ကြီးတစ်ခုလုံးမှာ မီးရောင်စုံ ဆလိုက်များ ၊ နောက်ပြီး မီးခိုးငွေ့များ ၊ရေပူဖောင်းများနဲ့ ကြီးကျယ်လှပနေပါတယ်။ စတိတ်စင်အောက်က ပွဲကြည့်ခုံ ဆိုဖာတွေမှာမှီပြီး ကြည့်နေသည့်ပရိတ်သတ်များမှာ ခန်းမကြီးပြင်ဆင်ထားပုံကို သဘောကျစွာ တီးတိုးပြောနေတဲ့အချိန်မှာဘဲ
   “ငါတော့မေ့လို့မရတော့ဘူး ချစ်ဆုံးရေ..”
အခန်းပတ်ပတ်လည်ဘောက်များမှ ညင်သာစွာထွက်ပေါ်လာသော အသံညောင်နာနာက ပရိတ်သတ်မားထဲသို့ စူးကနဲဝင်ရောက်သွားတယ်ဆိုရင်ဘဲ
စတိတ်စင်နောက်မှ အသံတစ်ခုသာယာစွာထွက်ပေါ်လာပါတယ်။
   “ယခုစီစဉ်တင်ဆက်သူက ကို့ယို့ကားယား ဖက်ရှင်ကို သူမနဲ့ လိုက်ဖက်ညီစွာ ၀တ်ဆင်ပြီး ထွက်လာပါပြီ။ သူမကတော့ ပရိတ်သတ်တွေ တခဲနက်အားပေးနေတဲ့ ရွှေရုပ်ဘဲဖြစ်ပါတယ်”
    ကို့ယို့ကားယားဖက်ရှင် ခေါ်င်းစဉ်နဲ့ညီစွာ ရွှေရုပ်သည် အင်္ကျီပွပွကြီးကို ကို့ယို့ကားယား ၀တ်ဆင်ကာ “ငါတော့မေ့လို့မရတော့ဘူး  ချစ်ဆုံးရေ ”သီချင်းကို မာန်ပါပါ သီကြွေးပြီး ကားယားကို့ယို့ လမ်းလျှောက်ပါတော့တယ်။
ပရိတ်သတ်ကြီးမှာတစ်ခါတည်း မတ်တပ်တွေရပ်ကာ လက်ခုပ်တီးပြီး
  “ရွှေရုပ်...ရွှေရုပ်...ရွှေရုပ်”
ရွှေရုပ်စင်ပေါ်ကနေ တစ်ချက်ဝေ့ကြည့်ရင်း လက်အုပ်လေးချီကာ ဒူးညွှတ်လို့ ပရိတ်သတ်တွေကို အရိုအသေပေးလိုက်ပါတယ်။ ပရိတ်သတ်တွေရဲ့  ”ရွှေရုပ်..ရွှေရုပ်အားပေးသံတွေက ခန်းမကြီးပေါက်ထွက်သွားမတက် ဆူညံနေပါတယ် ရွှေရုပ်အလှပဆုံးပြုံးကာ (အောင်မလေး ရေးရတာ ဖီး(feel) ရှိလိုက်တာ ။)
  “very thank you, thank you so much..”
ရွှေရုပ်တတ်သလောက်မှတ်သလောက် လူအထင်ကြီးအောင် ပြောပြီးနောက်
“အခုလို မင်္ဂလာအချိန်သာမယမှာ ပရိတ်သတ်ကြီးကို အရမ်းအရမ်း ဖလန်းဖလန်းထရဲ့ မေးလိုရာမေး ဖြေချင်တာဖြေမယ် အင်္စီအစဉ် ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်ကတွေ့တဲ့လူကို ဂုတ်ဆွဲပြီး အတင်းအားတမ ဖြေခိုင်းတဲ့ အစီစဉ်ဘဲဖြစ်ပါတယ်။ ဒီအစီစဉ်မှာ ဆိုက်ကားနင်းတဲ့ရေခဲရေရောင်းတဲ့သူကစပြီး ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးအထိ အကုန်လုံးမေးမြန်းသွားမှာဖြစ်ပါတယ်။ ဒီအပတ်မှာတော့ ဟိုအပတ်လို မဟုတ်ပါဘူး အဲ.... အင်းဟုတ်တယ် အခုအပတ်မှာ ဟိုအပတ်လို အရင်ကငါးယောက်အမေးအဖြေမဟုတ်တော့ဘဲ တစ်ယောက်တည်းကိုသာ မေးသွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အခုစာရိုက်နေတဲ့ ရွှေရုပ်တစ်ယောက်လက်ညောင်းလာပြီလို့သတင်းရထားပါတယ်။ သြော်...အိပ်လဲငိုက်နေတယ်တဲ့  ဟင်..သြော်..နောက်တစ်ပတ်မှပိုမေးတဲံ ..အယ် စာရိုက်ရင်းတန်းလန်းရီပြလိုက်သေးတယ်။ေ သြာ်..သြော် ...ဖလိုင်းကစ်တဲ့”
“ဟုတ်ကဲ့ပါ ပရိတ်သတ်ကြီးရှင်...အစီအစဉ်တင်ဆက်သူရွှေရုပ်က တစ်ယောက်မက မေးချင်ပါသော်လည်း စာရေးသူရွှေရုပ်က ပျင်းနေပါသဖြင့် (အင်းနော် ... ကိုယ့်ကိုယ်ကိုယ်လဲ ဇာတ်ကောင်ခွဲသွားရင် အတင်းပြောရတာပါလားနော်) တစ်ယောက်နဲ့သာကျေနပ်ကြပါလို့”
   “ယခုအပတ်အလှည့်ကျဖြေပေးမယ့် သူကတော့ စာရေးဆရာမ နာမည်ကြီး ရွှေရုပ်ဘဲဖြစ်ပါတယ်။ ” (ဘာဖြစ်လဲ ကိုယ့်ဘာသာကြီးတာနော်)
နောက်ရွှေရုပ်တစ်ယောက်စင်ပေါ်ကိုရောက်လာပါတယ်။
  ပရိတ်သတ်ကြီးက ဒုတိယအကြိမ် မတ်တပ်ရပ်ပြီး လက်ခုပ်တီးကာ
“ရွှေရပြ်...ရွှေရုပ်”
စာရေးဆရာမရွှေရုပ်က  ပရိတ်သတ်ကိုဝေ့ကြည့်ကာ
“ရွှေရုပ်ကိုအားပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ် ”
အစီစဉ်တင်တက်သူရွှေရုပ်နဲ့ စာရေးဆရာမရွှေရုပ်တို့ နှစ်ယောက်စင်ပေါ်မှာ တစ်ယောက်တစ်မျိုးစီလှနေပါတော့တယ်(အမယ်ဒါကျတော့ လက်မညောင်းဘူး)
အဲ့အချိန်မှာဘဲ အစီစဉ်တင်ဆက်သူရွှေရုပ်က စပြီး မေးခွန်းတွေ မေးပါတော့တယ်။
မေး - ရွှေရုပ်အခုလို နာမည်ကြီးတာ ဘာကြောင့်ပါလဲ
ဖြေ- ရွှေရုပ်ဆိုတဲ့နာမည်ကို font ကြီးကြီးနဲ့ရေးလို့ပါ
မေး- မှတ်သားစရာပါလားနော် ဒါနဲ့ ရွှေရုပ်စာတွေရေးရင်ဘာကို ဦးစားပေးရေးပါသလဲဟင်.
ဖြေ-သူများမကောင်းကြောင်းကိုယ့်ကောင်းကြောင်း အဟဲဟဲ.....
မေး - အဲ့ဒါကြောင့်နာမည်ကြီးတာနေမှာ  ပြီးတော့လေ ရွှေရုပ်ဂီတသံစဉ်တွေမှာဘယ်အမျိုးစားကိုနှစ်သက်ပါသလဲ ။သပမာ ရပ်စ်တို့ပေါ့တို့
ဖြေ-အဲ့ဒါတော့ရွှေရုပ်သိပ်နားမလည်ပါဘူး။ သီချင်းဆိုရင်တော့ ချိုမိုင်မိုင်ချိုဆို့ကစပြီး (၆)နာရီဆိုပြန်လာပေးပါအဖေထိကြိုက်ပါတယ်
မေး- ရွှေရုပ်ရဲ့အချစ်ရေးကိုပြောပြလို့ရမလား
ဖြေ- အုန်းသီးတွေဈေးကြီးနေလို့ အဲ့ဘက်တော့လိုက်မမှီပါဘူးရှင်
မေး- ဒါဆိုအိမ်ထောင်ရေး ကိုရောစိတ်ဝင်စားဘူးလား
ဖြေ- သြော်...ဒါကကျတော့ ယောင်္ကျားတွေကိုယ်ဝန်ဆောင်တဲ့အခါကျရင်တော့ စိတ်ဝင်စားမိမလားဘဲ..”
မေး- အများကြီးတော့ထပ်မမေးတော့ပါဘူး
ဖြေ-ဟုတ်ကဲ့ ကောင်းပါတယ် အခုစာရေးနေတဲ့မရွှေရုပ်ကလဲ စိတ်မရှည်တော့ဘူးလို့ပြောနေပါတယ်”
မေး-နောက်ဆုံးပရိတ်သတ်ကို စကားလက်ဆောင်လေးပေါ့ ပါးပေးပါဦး
ဖြေ- ပျော်ချင်ရင် ”ရွှေရုပ်စာပေ လူ့မိတ်ဆွေတဲ့ ”

်ပြီးတော့အစီစဉ်တင်ဆက်သူက ပရိတ်သတ်ကြီးကို အချိုသာဆုံးပြုံးပြကာ 
“အခုလို ဒီအပတ်မှာ နာမည်ကြီး စာရေးဆရာမရွှေရုပ်နဲ့တွေ့ဆုံပြီးတဲံအခါ နောက်အပတ်မှာ ဒါမှမဟုတ်ရှေ့အပတ်မှာ ဘယ်သူနဲ့တွေ့ဆုံမေးမြန်းမလဲဆိုတာစောင့်ကြည့်ပါဦးလို့...”
.....................................................................................................................................................................
      ပြုံးပျော်နိုင်ပါစေ
                                                                          ရွှေရုပ်

Read article   Discuss [3]

later
http://vzochat.com/en/blogroll/linyongshein/page/2
CTRL earlier
http://vzochat.com/en/blogroll/linyongshein/page/4
© 2006-2012 Free Video Chat VZOchat! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.