VZOchat Blogs RSS Available

Posts of linyongshein friends

လောကမှာ မိန်းမမရသင့်သောယောင်္ကျားများ

Posted on 2/1/2012 by shweyoat

လောကမှာ မိန်းမမရသင့်သောယောင်္ကျားများ

(က)မှ (အ)အထိ  အူကြောင်ကြောင်ယောင်္ကျားများ

၁။ကြောင်တောင်တောင်အထာနဲ့ အိမ်ပစ္စည်းဗလာနဲ့ယောင်္ကျား

၂။ခွေးချစ်ဟန်ဆောင် ဖွန်အလွန်ကြောင်တဲ့ယောင်္ကျား

၃။ဂိုက်ပေးကြမ်းပြီး လက်သရမ်းတဲ့ယောင်္ကျား

၎။ငိုင်တိုင်တိုင်နဲ့ အလွန်မှိုင်တဲ့ယောင်္ကျား

၅။စိတ်ကပျို ကိုယ်ကမနု အပျိုဆို “အခု” “အခု” ဖြစ်နေတဲ့ယောင်္ကျား

၆။ဆရာကြီး အရမ်းလုပ် ဘာမှမဟုတ်ဘဲ ဟန်လုပ်တဲ့ယောင်္ကျား

၇။“ဇ”ကိုမသုံး အကြံတုံးတဲ့ယောင်္ကျား

၈။ဈေးဝယ်ရင်ကပ်စီး လက်ချည်းပြန်လာတဲ့ယောင်္ကျား

၉။ညစ်ငြမ်းတဲ့ကား မတရားကြည့်တဲ့ယောင်္ကျား

၁၀။တရားဗန်းပြ သြကာသတောင် မရတဲ့ယောင်္ကျား

၁၁။ထိုင်ရာမထ တိုင်ပင်ဖော်တောင်မရတဲ့ယောင်္ကျား

၁၂။ဒီနားဆိုပြီး ကာရာအိုကေသွားတဲ့ယောင်္ကျား

၁၃။ဓူဝံကြယ်တောင်ဘက်ပြောင်းမယ် အပြောနဲ့ ဗိုက်မှာဟောင်းလောင်းယောင်္ကျား

၁၄။နားကပ်တစ်ဖက်နဲ့ ရှိုးထုတ် အပုတ်အသိုးရုပ်နဲ့ယောင်္ကျား

၁၅။ပလီပလာစကားတွေနဲ့ မှုယာတွေများတဲ့ယောင်္ကျား

၁၆။ဖုန်းတစ်လုံးနဲ့ဟန်လုပ် အကြံပုတ်တဲ့ယောင်္ကျား

၁၇။ဗိုင်းကောင်းကျောက်ဖိဆိုပြီး အမတွေ အများကြီးရှိတဲ့ယောင်္ကျား

၁၈။ဘိုင်ပြတ်ကျရင် တိုင်ပတ်ကချင်တဲ့ယောင်္ကျား

၁၉။“မ”၀ါသနာထုံ မှုံယိုနေတဲ့ယောင်္ကျား

၂၀။ယိမ်းနွဲ့ကာလမ်းလျှောက် အခြောက်စတိုင်နဲ့ယောင်္ကျား

၂၁။ရစ်ထုတ်ကြီးဘွဲ့နဲ့ အတင်းတုတ်ပြီးနေတဲ့ယောင်္ကျား

၂၂။လူရာကဖြင့်မ၀င် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးတဲ့ယောင်္ကျား

၂၃။ဝမရှ်ိဘဲဝိလုပ်ချင်တဲ့ယောင်္ကျား

၂၄။သေရည်သေရက်ကိုအသေမက်တဲ့ယောင်္ကျား

၂၅။ဟိုလိုဒီလိုနဲ့ အထာပိုတဲ့ယောင်္ကျား

၂၆။အအိပ်အရမ်းမက် ပုဆိုးလည်ပင်းပက်တဲ့ယောင်္ကျား

ဒါကတော့ ကကြီးကနေအအထိပါ နောက်ဆက်တွဲလေးတွေကို အားပေးကြပါကုန်

၂၇။ရှိုးပွဲမှာ အချိန်ဖြုန်း ပိုက်ဆံအလွန်သုံးတဲ့ယောင်္ကျား

၂၈။ အစားကိုချွေတာ အရက်နဲ့ပတ်သတ်ရင် လက်ဖွာတဲ့ယောင်္ကျား

၂၉။ဘောင်းဘီဖင်ကျပ်နဲ့ လင်မက်တဲ့ယောင်္ကျား

၃၀။ဘီယာအလွန်ကြိုက် ဗိုက်အလွန်ပူတဲ့ယောင်္ကျား

၃၁။Talkyအရမ်းပြော ရုပ်မချောတဲ့ယောင်္ကျား

၃၂။ပိုက်ဆံချွေတာသုံး နှပ်ချီင်္းလုံးစားတဲ့ယောင်္ကျား

၃၃။Oneway ဆံပင်ထောင်နဲ့ ဘောင်းဘီတိုဖင်ပြောင်တဲ့ယောင်္ကျား

၃၄။ တစ်မျက်နှာလုံးအပေါက်ဖောက် စာခြောက်ရုပ်နဲ့တူတဲ့ယောင်္ကျား

၃၅။ပါးစပ်ဟောင်ဖွာပြော လူတောဆိုမတိုးတဲ့ယောင်္ကျား

၃၆။အရက်ဆိုသောက်ပါဘိ မက်လောက်စရာ တစ်ကွက်မှမရှိတဲ့ယောင်္ကျား

၃၇။လမ်းတကာသွားလေကျယ် လူတကာကြားလေလည်တဲ့ယောင်္ကျား

၃၈။စားသောက်ဆိုင်နေ့တိုင်သွား အဆိုတော်မလေးတွေကြားပန်းကုံးစွပ်တဲ့ယောင်္ကျား

၃၉။အားကစားကြောင်းအရမ်းပြော ခြေငါးလမ်းလောက်လျှောက်ရင်တောင် အမောမခံနိုင်တဲ့ယောင်္ကျား

၄၀။မိန်းမမြင်အလွန်ကြိုက်လူမိုက်နဲ့တူတဲ့ယောင်္ကျား

၄၁။လမ်းသွားရင်မြှောက်ကြွ လမ်းပေါက်က ပြုတ်ကျတဲ့ယောင်္ကျား

၄၂။ပိုက်ဆံဆိုမရှိကြောင်းပြော ဘောပွဲ အသေအလဲလောင်းတဲ့ယောင်္ကျား

၄၃။“မ”မြင်ရင် အရှိန်တက် နွားသိုးကြိုးပြတ်နဲ့ယောင်္ကျား

၄၄။ပိုက်ဆံကို အိမ်ပြန်ခိုး နှစ်လုံးထီလိုက်ထိုးတဲ့ယောင်္ကျား

၄၅။အသက်ကြီးပြီး အရာမထင် အလုပ်ပင် မယ်မယ်ရရ မရှိတဲ့ယောင်္ကျား

၄၆။ဘောလုံးအကြောင်းမတရားပြော လ္ဘက်ရည်ဆိုင်အလွန်ထိုင် ရေနွေးကြမ်းကို ဖရီး(free) ကိုင်တဲ့ယောင်္ကျား

၄၇။ရည်းစားနဲ့လမ်းသွား ပိုက်ဆံများများမပါတဲ့ယောင်္ကျား

၄၈။အခက်အခဲတစ်ခုဖြစ် အကူညီဖြင့် မရတဲ့ယောင်္ကျား

၄၉။ဖွန်ဆိုအရမ်းကြောင်ဘာကိုမှဦးမဆောင်နိုင်တဲ့ယောင်္ကျား

၅၀။အိုင်တွေ့ခြေဆေး၊ ဘိုင်ကျဗိုက်မှောက် အလကားနေ“တောက်”ခေါက်နေတတ်တဲ့ယောင်္ကျား

၅၁။အွန်လိုင်းတက်ပြီး ဖူးစာရှာ ၊ ဗူးတာတောင် အထာမကျတဲ့ယောင်္ကျား

၅၂။နှမချင်းမစာနာ ပါးစပ်ဟောင်ဖွာပြောတတ်တဲ့ယောင်္ကျား

၅၃။ပိုက်ဆံကို အလွန်သုံး အိမ်ကတောင်ပြန်ဘုံးတဲ့ယောင်္ကျား

၅၄။ တွေ့ကရာလူ မြှောက်ပင့်ကပ်စား အကျင့်တပြားမှ မကောင်းတဲ့ယောင်္ကျား

ဘယ်သူ့ကိုမှမရည်ရွယ်ပါဘူး တစ်ခုခုကိုဖတ်မိလို့ ငါရောရေးတတ်ပါ့မလားဆိုပြီး စမ်းရေးကြည့်တာပါ ။ လွန်တာရှိရင် အပြစ်မယူကြပါနဲ့ အဖတ်တွေယူကြပါကုန်။(ဟိ…ဟိ)

                                                                                         ရွှေရုပ်

Read article   Discuss [2]

ကိုယ်အရင်လုပ်ပြပါ

Posted on 1/12/2012 by shweyoat

                        လူ့လောကကြီးမှာကျင်လည်ကျက်စားပြီဆိုရင်လူတိုင်းဟာ ကောင်းတယ်ဆိုတဲ့အရာတွေကို

ဘဲရွေးချယ်တတ်ကြပါတယ်။ကာင်းတယ်ဆိုတာနဲ့ ပတ်သတ်ပြီး  မိမိကိုယ်တိုင်လူတော်လူကောင်းဖြစ်ချင်သလို

မိမိချစ်ရတဲ့ သူတွေကိုလဲ ကောင်းစေချင်တယ်။ လူတော်လူကောင်းတွေ ဖြစ်စေချင်ကြတာပေါ့။မိမိတို့၏တပည့်အပေါ်

သူငယ်ချင်းအပေါ် ညီမ/အမတွေအပေါ် ဂရုဏာဒေါသနဲ့ ပြောဆိုမိကြတာလဲရှိတာပေါ့။  ဒီလိုအချိန်မှာအားမလိုအားမရ

“နင်လုပ်တာ ဒါကတော့မှားနေတယ်/ဒါကတော့မမှန်ဘူး/ဒါကလမ်းကြောင်းလွှဲနေတယ်ဒါကတော့ ရေလိုက်

လွှဲနေတယ် ”စသဖြင့်ပြောဆိုလာတတ်ကြပါတယ်။အဲ့လိုပြောဆိုတတ်တဲ့သူတွေကကိုယ်ကိုယ်တိုင် ထိုအမှားကို

မရှောင်နိုင်ဘဲသူတစ်ပါးကိုရှောင်ခိုင်းတာကတော့ကိုယ်သွန်သင်တဲ့၊ကိုယ့်အုပ်ထိမ်းမှုအောက်မှာရှိတဲ့

သူတွေကို

သက်သက်ဟာသစကားပြောသလို ဖြစ်နေတယ်ဆိုတာ စဉ်းစားကြည့်ဖို့လိုအပ်ပါတယ်။ ဥပမာ အိမ်ထောင်

တစ်ခုမှာရှိတဲ့ အိမ်ဦးနတ်ဆိုတဲ့ ဖခင်က ဆေးလိပ်အလွန်ကြိုက်တယ်ဘဲထားပါတော့။ အဲ့အချိန်မှာသူမွေးထားတဲ့

သူ့သားဆေးလိပ်သောက်မှာမကြိုက်တဲ့အတွက်သူ့ရဲ့သားကို ဆေးလိပ်မသောက်ပါနဲ့

ပြောကောင်းပြောလိမ့်မယ်။ သားလုပ်တဲ့သူကလည်း  အဖေရှေ့မှာကြောက်လို့ မသောက်ကောင်း

မသောက်လိမ့်မယ်။ သူ့အဖေရဲ့ ကွယ်ရာမှာတော့ဆေးလိပ် သောက်မြဲသောက်မှာပါဘဲ။

ဘာဖြစ်လို့လဲဆိုတော့ သူ့အဖေကိုယ်တိုင်ဆေးလိပ် သောက်တာသူမြင်နေကျ

ဖြစ်နေပြီကိုး။ ဒါကြောင့်သူတစ်ပါးကိုဖြစ်စေချင်တဲ့အရာဆိုရင် ကိုယ်ကိုယ်တိုင်လုပ်ပြပြီး

ဆုံးမတာအကောင်းဖြစ်ပါ လိမ့်မယ်။ နောက်ဆုံး မတတ်နိုင်တဲ့ခါမှာတော့ သားရှေ့မှာ ပေါ်ပေါ်တင်တင် မသောက်နဲ့ပေါ့

ဒါက မေတ္တာရှေ့ထားတဲ့စေတနာတစ်ခုပါ။

          အချို့အချို့ဆို မေတ္တာမထားနိုင်တာကြောင့် သူတစ်ပါးကို နစ်နာစေချင်တဲ့သဘောအရပြောဆိုတာ တွေလဲ

ရှိပါတယ်။ ဥပမာပြောရရင် “ဒီကောင်မပေါ့ အမြဲတန်း ကာရာအိုကေဆိုင်မှာတွေ့နေရတယ် ”

ဆိုတာမျိုး အေးပေါ့လေ တွေ့နေရမှာပေါ့ ပြောတဲ့သူကိုယ်တိုင်ရောက်နေမှပေါ့ တွေ့နေရပြီပေါ့။

“အဲ့တော့ အဲ့ဒီနေရာမှာလဲ “သူများမျက်ချေးပေနေတာကိုမြင်တယ် ကိုယ်ပေနေတာ

ကြတော့မမြင်ဘူး”ဆိုတဲ့ စကား အလကား ရှိတာမှ မဟုတ်ဘဲ  သူတစ်ပါးကိုပြောချင်ရင်

ကိုယ်ကိုယ်တိုင်ကောင်းအောင် အရင်နေဖို့လိုပါတယ်။

         အချို့ ကုမ္ပဏီလူကြီးတွေလဲရှိပါသေးတယ်။သူဌေးဖြစ်သူက ဒီပရောဂျက်ပြီးအောင်လုပ်လို

ပြောသွားတဲ့ အတွက်ကြောင့် ထိုလူကြီး ကိုယ်တိုင် အားသွန်ခွန်တိုက် ကြိုးစား အိပ်ကာ

အောက်လက်ငယ်သားကို “မင်းတို့ ညံ့လိုက်တာ မပြီးနိုင်ဘူး ဘာညာ ဘာညာ နဲ့ ”

ခုခေတ်စကားလိုဆို အီးပေါက်တယ်ပေါ့လေ ။ ကဲ အဲ့လိုဆိုရင် ဘယ်

အလုပ်သမားက ဒီလူကြီးကိုလေးစားတော့မလဲ အလုပ်သမားတွေကိုယ်တိုင်ကိုက သုံးလောက်ဆိုတော့

(အဲရောပြီ)ဘယ်လေးစားတော့မလဲလေ။ငါပြောသလိုလုပ်ငါလုပ်သလိုမလုပ်နဲ့ဆိုတာလိုမျိုး

ဖြစ်စ်နေမှာပေါ့။ ထိုလူကြီးလိုအားကြိုးမာန်တက်ကြိုးစားအိပ်ကြတော့မှာပေါ့။ ဒီတော့

ဒီပရောဂျက်ကြီးဘယ်တော့မှ ပြီးတော့မလဲလေ။ ဒါကြောင့်သူတစ်ပါးကိုဖြစ်စေချင်ရင်

ကိုယ်ကိုယ်တိုင်လုပ်ပြမှ တော်ရာကျတော့မပေါ့။

       အချို့တွေကျတော့  ကိုယ်ဖြစ်ချင်တဲ့အရာကို ကိုယ်မဖြစ်ခဲ့ရတော့ ကိုယ့်ရဲ့နောက်မျိုးဆက်

တွေကို ဖြစ်စေချင်တဲ့ စေတနာနဲ့ “ဒါတော့ ဖြစ်စေချင်တယ် ဖြစ်အောင်လုပ်ပေးပါလား

ငါ့အလှည့်တုန်းက မဖြစ်ခဲ့လို့ပါ ဆိုတာမျိုး ။ဥပမာ ခုခေတ် ဘောလုံးသမားတွေ ကို အရင့်အရင်

သဘာရှိ ဘောလုံးသမားတွေက ကမ္ဘာဖလားယူခိုင်းတာမျိုးပေါ့ ။ အဲ့တော့မှလည်း

 နောက်မျိုးဆက်သစ်တွေလဲ အားရှိတော့မပေါ့ ။ ငါတို့အလှည့်ရရမယ်ဆိုတဲ့အတွေးမျိုးနဲ့

ခြေစစ်ပွဲလောက်ဖြစ်ဖြစ် နိုင်အောင် ကန်ချင်စိတ်လေးတွေပေါ်လာမှာပေါ့။ဖလားကို မရသော်ရှိ အင်တာနက်ကနေ ဒေါင်းပြီး စကန်ဖတ် အိမ်မှာကပ်တော့မပေါ့နော်။

          အချုပ်ဆိုရသော် ကိုယ့်အရင်လုပ်ပြပြီးမှ သူများနမှုနာယူသူဖြစ်ပါစေ။ ကိုယ်ကတော့ သူများကို လူရှေ့သူရှေ့ ဒါမဖြစ်ဘူး ညံ့လိုက်တာဟုပြောလိုက်ပြီးမှ အပြောခံရသူက ကိုယ့်ရဲ့ ကွယ်ရာမှာ

သူရောဟုတ်လို့လားဆိုတာမျိုး အပြောမခံရအောင်နေတတ်နိုင်ပါစေလို့ တိုက်တွန်းလိုက်ပါတယ်။

ပြုံးပျော်နိုင်ပါစေ

                                                                  ရွှေရုပ်

Read article   Add Comment

၂၀၁၁ အမိုက်စားငိုချင်း

Posted on 8/22/2011 by shweyoat


အို
   ကျမမောင်
    မောင်သာစည်ပင်ဆို
    ကျမက ကားလမ်းဘေးမျာ ဓါတ်ကြိုးမလွတ်တဲ့သစ်ပင် ဖြစ်ပေလိမ့်မည်။
သို့အတွက်ဆို..
မောင်ကျမကိုခုတ်ထွင်ရှင်းလင်းပြီးဖြစ်၏။
     မောင်သာမုဆိုးဆို
     ကျမကသားကောင်ရှေ့က တောကြမ်းလမ်းတစ်ခုဖြစ်ပေလိမ့်မည်။
သို့အတွက်ဆို
 မောင်ကျမကို ခုတ်ထွင်ကာ လမ်းရှင်းပြီးဖြစ်၏။
    မောင်သာအိမ်တစ်လုံးပိုင်ရှင်ဆို
    ကျမက ထိုအိမ်ကိုအုပ်မိုး ရုပ်ဆိုးစွာပြိုကျဟန်တူတဲ့ သစ်ပင်အိုကြီး တစ်ပင်ဖြစ်ပေလိမ့်မည်။
သို့အတွက်ဆို
မောင်က ကျမကိုခုတ်ထွင်  အိမ်အတွက်ပင် ရှင်းပြီးဖြစ်၏။
   မောင်သာ သိုက်တူးသူဆို
   ကျမကမောင့်သိုက်ရဲ့ ဂူအပေါက် ပိန်းပိန်းပျောက်အောင် လုပ်တဲ့ခြုံပုတ်ကြီး တစ်ခုဖြစ်ပေလိမ့်မည်။
သို့အတွက်ဆို
မောင်ကျမကိုခုတ်ထွင်ဂူထဲဝင်ပေလိမ့်မည်။
အိုဘယ့်
   ဘယ်လိုပင်ဆိုစေကာမှု
သစ်တစ်ပင်ကောင်းမောင်တစ်ယောက်သာနားနိုင်သည်ကို ခုတ်ထွင်၏ အဟင့်......
နွယ်မြက်သစ်ပင်ဆေးဘက်ဝင်သည်ကိုမောင်ဖျက်စီး၏ အဟင့်........
ခုဆို...
    ကျမရဲ့သံယောဇဉ်တော ဟောလို့ဟင်းလင်း ဟာလာဖြစ်လို့ ထိုးထိုးထောင်ထောင်နဲ့ မီးလောင်ပြီးနေရာအလား   အဟင့်.......
ဒီမှာမောင်...
သစ်တစ်ပင်စိုက် အကြိုက်ခူးစားနိုင်အောင် နှစ်ချီ ကြိုးစားရတာမသိပေဘူးလား
သစ်တစ်ပင်ရဲ့အောက်ဆီဂျင် လူအတွက်အသုံးဝင်တယ်ဆိုတာ သိပေဘူးလား
အား.......ဟား..........ဟား..........(ငိုတာနော်)
အခုတော့ ကျမငိုချင်းချ
အနှစ်သုံးဆယ်နီးပါး မွေးတဲ့သံယောဇဉ်တော မောင်ရဲ့ရှင်းလင်းခြင်းသဘောအရ တောလဲပြုန်း တောင်လဲကတုံးဖြစ် ခဲ့ရပြီ...အဟင့်........
တောင်ကတုံးလဲ နေရှိန်ရင်ပူ လေတိုက်ရင်အေး   သြော် မောင်အမွေပေးခဲ့ပေါ့..........
ခုတော့လေ
ကံအထာမကျ နှစ်သုံးဆယ်နီးပါး သံသရာက ကျမလေ တောင်ကတုံးမ....
ဝါးးးးးးးးးးးးးး ၀ါးးးးးးးးးးးးးးးး လုပ်ရက်လိုက်လေခြင်း.......................
------------------------------------------------------------------
ပြုံးပျော်နိုင်ပါစေ

                  “မောင်ရဲ့  သံယောဇဉ်ဖြတ်ကပ်ကျေးကြောင့် ကျမရဲ့ကြွက်မြီးတိုချိန်၌ စပ်သော ၂၀၁၁ ငိုချင်း..”

                                                                                 ရွှေရုပ်
                                                                                                                                                      ရွှေရုပ်

Read article   Discuss [1]

မှားပုံ

Posted on 5/8/2011 by shweyoat

 အဆောင်ရှေ့မှစတိတ်စင်ကြောင့် ရွှေရုပ်အံ့သြသွားမိပါတယ်။ မီးစလိုက်များနှင့် စပွန်ဆာကုမ္ပဏီတံဆိပ်ကထည်ဝါစွာ
  “သီချင်းတစ်ပုဒ်ကို ငါးရာနဲ့ဆိုလို့ရတယ်”
ရွှေရုပ်ရဲ့ အဆောင်မှ ကောင်မလေးတစ်ယောက်ရဲ့ပြောလိုက်တဲ့အသံက ရွှေရုပ်ရဲ့ အနုပညာပိုးကို ထိုးလိုက်သလို အဲလေ လှုပ်နှိုးလိုက်သလိုဖြစ်သွားပါတယ်။.
  “အယ်ဂယ်ကြီးလား...ဒါပေမယ့် ငါးရာကများတယ်...သုံးပုဒ်ငါးရာဆိုတော်သေးနော်..ဒါနဲ့ ဘာအထိမ်းအမှတ်ပွဲလဲဟင်”
   “ဘုရားရန်ပုံငွေပွဲလေ”
အဆောင်မှကောင်မလေးများက ရွှေရုပ်ကို ပွဲတောင်းနေတယ်(အဟီး.... ကိုယ်ကဆိုချင်တာလဲပါတာပေါ့လေ)
“ဆိုပါလား ရွှေရုပ်ရယ် နင်ဆိုတတ်တာငါသိပါတယ်”
“ဟုတ်တယ် ..အမရွှေရုပ်ဆို....ဆိုနော်...”
“ဆို......ဆို..”
အားလုံးက ရွှေရုပ်ရဲ့လက်မောင်းကို ကိုင်ကာ အတင်း လှုပ်တောင်းဆိုတယ်။ အကုန်လုံးက မျက်နှာငယ်လေးများနှင့် ပြုံးပြုံးဖြဲဖြဲ ။ ပြူးပြူးပြဲပြဲ ၊ ကလူးကလဲ ..အဲလေ ဘယ်တွေရောက်... အဲ့ဒါနဲ့ပေါ့ ရွှေရုပ်လဲ မှုးကာ ဟင် မှားပြန်ပြီ မှုကာ
“ဒီတိုင်းတော့မဆိုချင်ဘူးဟာ ဒီလိုစတိတ်စင်နဲ့ဆိုလူတွေတော်တော်လာကြည့်မှာ ..”
“ဟာငါတို့ဆုချမှာပေါ့ ..”
အယ်.... ရွှေရုပ်တော်တော်ပျော်သွားပါတယ်။ သိတယ်မဟုတ်လား၊ ပြတ်တုန်းလပ်တုန်း နှစ်ဆယ့်သုံး ၊လကုန်ခါနီး နှစ်ဆယ့်သုံးရက်လောက်ကတည်းကပြတ်တာ ငတ်တလှည့် ပြတ်တလှည့်ပေါ့ ငါတို့ဆုချမှာဆိုတဲ့ စကားက စားရကံကြုံတော့မုတ်ဆိတ်ကိုပျားတုတ်တာဘဲ ...
“အင်း အနည်းဆုံးငါးထောင်ဘဲ”
“အေးနင်လဲ အနည်းဆုံးငါးပုဒ်”
“ဟာငါက နှစ်ထောင့်ငါးရာ ဘဲမြတ်မှာပေါ့”
“အဲ့လိုတော့မပြောနဲ့ဟာ ငါတို့လဲ အများကြီးဆုချချင်တာပေါ့ လကုန်ရက်နင်လဲသိသားနဲ့ ”
အဲ့လောက်ဆိုရပြီလေ။ နှစ်ထောင့်ငါးရာလဲရမယ် ။သီချင်းငါးပုဒ်လဲအလကားဆိုရမယ့် အခွင့်အရေး ။ ဟိုကဗျာထဲကလို ခွင့်သာဆဲမှာ ဟဲလိုက်ပါ့မယ်(ကဗျာထဲကတော့ခဲတာ ရွှေရုပ်ကတော့မိုက်ကိုကိုင်ပြီး) ။တကယ်ရှင် အဲလိုနဲ့ပေါ့။
“ကြုံဆုံလာတဲ့ ကျမနဲ့လမ်းမပေါ် ဟန်တွေပန်တွေကိုဘဲကြည့်နေတုန်း.......ကျမစိတ်မလုံပါဘူး အို ထမီများကျွတ်လို့လား အဲလေ.... ”
သီချင်းကတော့အပီအပြင်ဟဲတာပါဘဲ။ တစ်ပုဒ်ပြီးတစ်ပုဒ် ။ နောက်ဆုံးတောင် ဖြူဖြူကျော်သိန်းနဲ့ပြီးလိုက်သေးတယ်.ဒီလိုလေး
“ငါတော့မေ့လို့မရတော့ဘူး အကြွေးတွေ ...ငါတော့မေ့လို့မရတော့ဘူး..အကြွေးတွေ..”
အရမ်းမိုက်တယ်သိလား ။ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ် အစဉ်ကိုပြေလို့ ။ ရွှေရုပ်လဲ ဒီရပ်ကွက်ကအဆောင်ကိုပြောင်းလာတာ တစ်ပတ်ကျော်ကျော်တောင်ရှိသွားပြီလေ. ခုတစ်ရပ်ကွက်လုံးသိသွာြး့ပီလေ။ အဲ့တော့ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ် အင်း လက်ခုပ်သံတွေကြာမှာရွှေရုပ်က ပြုံးလို့ပျော်လို့ ဆုချတဲ့စာအိတ်ကိုဖွင့်ပြီး ငါးထောင်တန်တစ်ရွက်ကို မွေ့ရမ်းပြလိုက်ပါတယ် ။ပြီးတော့
“အရမ်းကိုကျေးဇူးတင်ပါတယ်ရှင် ။ရွှေရုပ်ကို ဆုချတဲ့ ရွှေရုပ်အဆောင်မှ ညီမများနဲ့ ရပ်ကွက်သူရပ်ကွက်သားများကိုပါကျေးဇူးတင်ပါတယ် ။ရွှေရုပ်သီချင်းတက်ဆိုရတဲ့အဓိကအကြောင်းကတော့ ဆုရလို့ပါ ..အဟီး..”
အားလုံးပွဲကျသွားပါတယ်။ ပြီးတော့အဆောင်ရောက်တော့မှ ။။
“ရွှေရုပ် အဲ့ပိုက်ဆံလေး ငါပြန်ယူလိုက်ပြီနော် ”
“ဟင် .”
.ခုနဘဲသူတို့ဆုချသေးတယ်။ ခုအဲ့ပိုက်ဆံက သူတို့လက်ထဲကိုပြန်ရောက်သွားတော့ အံသြနေတုန်းမှာဘဲ
“ဒီပိုက်ဆံကလေ ဘုရားမဲတွေသိလား ။ဒီရပ်ကွက်က လူကြီးတွေရောင်းခိုင်းထားတာ ။ငါတို့လဲနင်ဆိုတာကိုကြည့်ချင်တာနဲ့ အဟဲ.... ”
“ဟုတ်တယ် မမရွှေရုပ် အရမ်းအဆိုတော်တာသိလား ...”
“ဟင့် ... ငါးထောင်တန်လေး..”
“ဟုတ်တယ်လေ ..ညလေးတို့ဆီမှာ ဒီအချိန်ဘယ်လိုလုပ် ငါးထောင်တန်ကိုင်နိုင်မှာလဲ ။ အဲ့ဒါလေ ဒီမှာ ဘုရားမဲတွေ .ရောင်းထားတာ”
“ဟင့်...”
ရွှေရုပ် ရင်ထဲမှာမိုးတွေသည်းနေပါပြီ နှစ်ထောင့်ငါးရာကိုမြင်မိလို့ နှစ်ထောင့်ငါးရာကိုစွန့်လိုက်တာခုတော့ကုန်ပါပြီကောနှစ်ထောင့်ငါးရာ....ဟင့်......အင်းနော် မှားပုံများ ပြောလိုက်ချင်ပါဘူး အရပ်ကတို့ရယ်။

ပြုံးပျော်နိုင်ပါစေ
                                                                                                                                        ရွှေရုပ်

Read article   Add Comment

ဗီဒီယိုလောက

Posted on 5/8/2011 by shweyoat

မနက်ရှုတင် ၁၀း၃၀ ၀င်ကာ
တစ်နေ့(၁၀)စင်း အတင်းဗျင်း၍
ယုတ္တိရှ်ိမရှိ လှည့်မကြည့်ဘဲ
ရှုတင်မန်နေဂျာ၊နဲ့ ဒါရိုက်တာ
စာရေးဆရာနဲ့ ဇာတ်ညွှန်းဆရာ
မီးထိုးအလုပ်နဲ့ ထီးမိုးအုပ်
တစ်ယောက်တည်းရှုပ်ကာ
သုံးရက်တစ်ကားစံချိန်တင်
အံမ၀င်ဂွင်မကျ မော်နီတာရောက်မှ
ပိုက်ဆံအများအပြားရသည်တည့်
----------------------------------------------------------------

 ပြုံးပျော်နိုင်ပါစေ

                                        ရွှေရုပ်

Read article   Add Comment

အလုပ်ရှင်နဲ့ အလုပ်သမားထောက်ထားစရာ

Posted on 5/8/2011 by shweyoat

ဒီဆောင်းပါးလေးကို ရေးမယ်ကြံတော့ ကုန်ဈေးနှုန်းဆိုတာကြီးနဲ့စရတော့မှာဘဲ ။ ရွှေရုပ်တို့ အဖိုးခေတ်တုန်းက ဆီတစ်ပိဿာမှ သုံးကျပ် ဆိုလား . အင်းအဖိုးတို့ရတဲ့လစာက အဲ့တုန်းက (၇၆၀)ဆိုလား အဲ့တော့ တစ်မိသားစုလုံးဘာမှမလုပ်နဲ့ထိုင်စားလေသတည်းပေါ့
          အခုခေတ်မှာတော့ အိမ်ရှိလူကုန်အလုပ်လုပ်မှ ထမင်းနပ်မှန်မည့် အိမ်ထောင်စုကြီးဘဲဖြစ်လာတော့  အလုပ်သမားတွေများလာပါတော့တယ်။ အလုပ်သမားတွေက အလုပ်လုပ်ပေးလို့အလုပ်ကြီးတွက် အမြတ်အစွန်းရလာပါတယ် ။
ဒီအမြတ်အစွန်းတွေကို အလုပ်ရှင်နဲ့အလုပ်သမား ပြန်ခွဲယုတော့မှ လုပ်ဖော်ကိုင်ဖက် ဆိုတာမျိုးဖြစ်လာပါတယ်။
          ကဲဒီတော့ အလုပ်လုပ်သလောက် အမြတ်အစွန်းကို အလုပ်သမားတွေဆီရာခိုင်နှုန်းအလိုက်အကျိုးခံစားခွင့်ရမယ်ဆိုရင် ဒီအလုပ်သမားတွေ ကြိုးစားနှုန်းတွေ မြင့်လာပါလိမ့်မည်။ဒီတော့ ထိုအလုပ်လဲ တိုးတက်လာပါလိမ့်မည်။.
           အလုပ်သမားတို့၏ ကြိုးစားနှုန်းမြင့်တက်လာမှုကြောင့် အခုခေတ်မှာ အလုပ်ဝင်ရင် အလုပ်ရှင်အချို့ အချို့ က စကားအေးကိုချိုချိုသာသာပြောပါလိမ့်မည်။အလုပ်လ်ုပရင် အလုပ်ကို မိသားစုအလုပ်လိုသဘောထားလုပ်စေချင်တဲ့အကြောင်း အကုန်လုံးမိသားစုဝင်တွေပါဘဲ ဆိုသလိုပေါ့ ပြောကြပါတယ်။ ဒါပေမယ့် တကယ်တန်းထိုမိသားစုဝင်တွေက (အလုပ်ရှင်တွေကပေါ့) အလုပ်သမားကို မိသားစုလို သဘောမထားဘဲ အလုပ်သမား (ပိုက်ဆံပေးထားရသူ)ဆိုပြီးဘဲမြင်ကြပါတယ်။ အနည်းငယ်သာ ကိုယ့်အလုပ်သမား တွေကို မိသားစုလိုသဘောထားကြတာတွေ့ရပါတ.ယ်။ တကယ်တန်း  အဲ့လိုသဘောထားနိုင်သူတွေရဲ့ အလုပ်တွေက အရမ်းတိုးတက်နေတာကိုလဲ မြင်နိုင်ပါလိမ့်မယ်။
          အလုပ်သမားကို ပိုက်ဆံပေးပြီးခိုင်းရတာဘဲ ဆိုတဲ့ အတွေးခေါ်မျိုးနဲ့အလုပ်ရှင်တွေကျတော့ ခိုင်းချင်တာခိုင်းလို့ရတယ်ဆိုပြီး အလုပ်နဲ့မပတ်သတ်တဲ့အခြားကိစ္စတွေ အစစ်လို့သဘောထားကာ ခိုင်းကောင်းနဲ့ခိုင်းလာကြပါတော့တယ်။ ပြီးတော့တန်အောင်ခိုင်းမယ်ဆိုတဲ့ အလုပ်ရှင်တွေလဲအများကြီးပါဘဲ။
         ဒီနေရာမှာတစ်ဦးက မေတ္တာတစ်ဦးကစေတနာ ဆိုတဲ့စကားနဲ့ ဂျင်းစိမ်းနဲ့ မိတ်သလင် သူကြင်မှ ကိုယ်ကြင် ဆိုတဲ့စကားတွေက တော်တော်အရာရောက်လာပါတော့တယ်။
          အလုပ်သမားတွေက ဒီလို အလုပ်ရှငတွေနဲ့ကြုံရတော့ “လကုန်ရင် ပိုက်ဆံ (လစာ) ဒီလောက်ဘဲရမှာဘဲ ကိုယ်ပိုကြိုးစားပြတော့ရောလစာတိုးလာတာမှမဟုတ်တာ ”ဆိုတဲ့အတွေးခေါ်တွေဝင်လာပြီး ကိုယ်လုပ်နေတဲ့အလုပ်ကို ကိုယ့်အလုပ်ဟု မခံယူနိုင်တော့ဘဲ အလုပ်ရောက်တာနဲ့ ရသလောက်ချောင်ခိုကာ အလုပ်ဆင်းချိန်ဘဲနာရီကြည့်နေတဲ့ အလုပ်သမားတွေများလာပါတော့တယ်။ ဒီတော့ ကိုယ်လုပ်နေတဲ့အလုပ်ရဲ့ အောင်မြင်မှုကို မခံယူတတ်တဲ့ အလုပ်သမားတွေဖြစ်လာပါတော့တယ်။ အဲ့တော့ အလုပ်မှာလဲပျော်စရာအကြောင်းမရှိတော့ပါဘူး။ ဒီနေရာမှာ အလုပ်နဲ့တိုးတက်မှု ပျောက်ပါတော့တယ်။
        တကယ်တော့အလုပ်ရှင်နဲ့အလုပ်သမားဆိုတာ ကျွန်းကိုင်းမှီကိုင်းကျွန်းမှီပေါ့ ။ အလုပ်သမားတွေရဲ့လုပ်ရည်ကိုင်ရည် အရည်အချင်းကြောင့် ထိုအလုပ်ကြီးတိုးတက်ရသလို အလုပ်ရှင်ရဲ့ ဥာဏ်အမြှာ်မြင်ကြောင့် အလုပ်သမားတွေ နေရာရ ငွေရ ကြမှာပါ.
        ကဲဒီတော့ အလုပ်ရှင်များက အလုပ်သမားတွေရဲ့ကြိုးစားမှုကြောင့် ရလာတဲ့အလုပ်တိုးတက်မှုကို အလုပ်သမားတွေကိုပေးခံစားရင်
                         အလုပ်သမားများက သူတို့ရဲ့  ကြိုးစားမှုကြောင့် အလုပ်တိုးတက်မှုကို မျက်ဝါးထင်ထင်မြင်ကြရရင်...........
                          အလုပ်ရှင်က အလုပ်သမားကို အလုပ်သမားလိုလေးစားပြီး အလုပ်သမားကအလုပ်ရှင်ကို လေးစားမှုတွေရှိလာခဲ့ရင်.....................
             အားလုံးအစဉ်ပြေသွားလိမ့်မယ်လို့ထင်ပါတယ်ရှင်။
    --------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------                  
ပြုံးပျော်နိုင်ပါစေ။။                                                                      
                                                                                                                        ရွှေရုပ်

Read article   Add Comment

CTRL earlier
http://vzochat.com/en/blogroll/linyongshein/page/2
© 2006-2012 Free Video Chat VZOchat! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.