စာပေဟောပြောပွဲ
Posted on 8/6/2009 by
IDEA MYANMAR
Tags: စာပေဟောပြောပွဲ
ဆောင်းရာသည်မှာကျင်းပလေ့ရှိတဲ့ စာပေဟောပြောပွဲကို မိုးရာသီကျွန်တော်တို့ဆီမှာ မနေ့က ကျင်းပဖြစ်ကြပါတယ်။ နိုင်ငံကျော်ဝါရင့် စာရေးဆရာကြီးများဖြစ်သည့် အားလျှော်စွာ ဆရာကြီး သုံးဦး စေတနာအပြည့်နဲ့ ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုး၊ကိုယ့်ယဉ်ကျေးမှု စာပေ့ ရသများကို အပြိုင်ဖော်ထုတ်သွားခဲ့ကြပါတယ်။ ဆရာ ကောင်းသန့်က စာပေထဲမှအတွေးများအကြောင်းဟောပြောခဲ့ပါတယ်။ ဆရာ ချစ်နိုင်(စိတ်ပညာ) ကအောင်မြင်ကြီးပွားချမ်းသာ အကြောင်း ၊ ဆရာချစ်စံဝင်းကတော့မြန်မာနဲ့မင်္ဂလာ
အကြောင်းဟောပြောကြပါတယ်။ ဆရာကြီးများရဲ့ဟောပြောချက်များဟာ
ဘ၀ အတွက်အရေးကြီးတဲ့ အသိခွန်အားများတိုးပွားစေခဲ့ပါတယ်။
ဆရာကောင်းသန့် က -ကိုယ်နဲ့ရှိနေချိန်မှာ ကိုယ့်ကိုချစ်ခင်ပါစေ၊
- ခွဲသွားတဲ့အခါ ကိုယ့်ကိုလွမ်းဆွတ်သတိရပါစေ
- သေဆုံးသွားတဲ့အခါ ကိုယ့်ကိုနှမြောတသရှိပါစေ။
ပြောခဲ့ပါတယ် အတိုချုပ်ပေါ့။
ဆရာချစ်နိုင် က - ၁။ မေးပါ(စာဖတ်ပါ)
၂။ တွေးပါ
၃။ရေးပါ( ရေးချင်ရာရေး)
၎။ ပေးပါ(မေတ္တာ၊စေတနာ၊ကြင်နာမှု)
လို့ပြောခဲ့ပါတယ်။
ဆရာ ချစ်စံဝင်းကတော့ မင်္ဂလာရပ်ဝန်းမှာနေကြတဲ့ မြန်မာတွေ မြန်မာ့
မင်္ဂလာတရားတွေကိုမမေ့ကြဖို့နဲ့၊မင်္ဂလာ ရှိအောင်
နေထိုင်ဖို့အရေး ဆွေးနွေးခဲ့ကြကြောင်းပါ ခင်ဗျာ။
ဇာနည်။