(၇၁) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့  ရခိုင်ပြည်နယ်အနှံ့ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာ

Posted on 9/7/2010 by thesunofasia_ashonottama
Tags: သတင်း

မိုးမိုးကျော် (Arakan Review)

စက်တင်ဘာ (၇) ၂၀၁၀

(၂၀၁၀) ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့ တွင် ကျရောက်မည့် (၇၁) နှစ်မြောက် ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့် အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုများကို ရခိုင်ပြည်နယ်ရှိ မြို့နယ် အများအပြားတွင် ပြုလုပ်လျက်ရှိကြောင်း Arakan Review မှသိရှိရသည်။

ရခိုင်ပြည်နယ် (၁၅) မြို့နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ရခိုင်စာပေ ၀ါသနာရှင်များက ဆရာတော်၏ ပုံတော်များနှင့် ထေရုပ္ပတ္တိ စာစောင်များကိုဖြန့် ဝေလျက်ရှိရာ ယခုအခါ ဓာတ်ပုံနှင့် ထေရုပ္ပတ္တိ စာစောင် (၃၀၀၀) ခန့် ဖြန့်ဝေပြီး ဖြစ်ကြောင်းနှင့် စက်တင်ဘာ (၉) ရက်နေ့ အထိ ဆက်လက် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ရခိုင်ပြည်နယ်) တွဲဘက်အတွင်းရေးမှူး ဦးသိန်းလှိုင်က ဆိုသည်။

သူတို့ ဖြန့်ဝေခဲ့သည့် မြို့နယ်များမှာ  စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊  ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ မအီ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ စသည်တို့ ဖြစ်ကြောင်း၊ ဖြန့်ဝေသည့် စာစောင်တွင် ဆရာတော်၏ထေရုပ္ပတ္တိကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြထားကြောင်း ဦးသိန်းလှိုင်က Arakan Review သို့ ပြောပြသည်။

တောင်ကုတ်မြို့ရွာမကျေးရွာ ဆုတောင်းပွဲဆိုင်းဘုတ်

တောင်ကုတ်မြို့၊ရွာမ-ကျောက်ဆိပ်တောင်စေတီ ဆုတောင်းပွဲ

ထို့ ပြင် တောင်ကုတ်မြို့နယ်နှင့် မအီမြို့နယ်တို့ ရှိ ရခိုင်ကျောင်းသားနှင့် လူငယ်များကလည်း ယနေ့တွင် (၇၁) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့  အထိမ်းအမှတ် ဆုတောင်းပွဲများကို ကျင်းပ ပြုလုပ်ခဲ့ကြသည်။ ယနေ့ နံနက်ပိုင်းတွင် တောင်ကုတ်မြို့၊ ရွာမကျေးရွာရှိ ရခိုင် မြောက်ဦးခေတ် သမိုင်းဝင် ကျောက်ဆိပ်တောင် စေတီတော်၌ လူငယ် (၂၂) ဦး၊ မအီမြို့၊ ဘူးရွှေမော် ကျေးရွာအနီးရှိ ဝေသာလီခေတ် သမိုင်းဝင် အိုးထိန်း စေတီတော်၌ လူငယ် (၁၃) ဦး ၀တ်ပြု ဆုတောင်းပွဲများ ကျင်းပ ပြုလုပ် ခဲ့ကြသည်။ ထိုသို့ ပြုလုပ်ရာတွင် ဆရာတော်ဦးဥတ္တမနှင့်တကွ မြန်မာ့ လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး တိုက်ပွဲ သမိုင်းတလျှောက် ကျဆုံးခဲ့ကြသည် အာဇာနည် သူရဲကောင်းအပေါင်း ကောင်းရာ ဘုံဘ၀ ရောက်ကြပါစေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အထိန်းသိမ်းခံ နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက် ကြပါစေဟု ရခိုင်လူငယ်တို့က ဆုတောင်း ခဲ့ကြသည်။

မအီမြို့ အိုးထိန်းစေတီဆုတောင်းပွဲ

စစ်တွေမြို့ရှိ အဖွဲ့ချုပ် အဖွဲ့ဝင်များက ဆရာတော်ဦးဥတ္တမနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒေသခံ ပြည်သူလူထုနှင့် ပူးပေါင်းလျက် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ရည်စူးလျက် စစ်တွေ သံဃာတော်များအား ဆွမ်းလောင်း လှူခဲ့ကြသည်။ ယနေ့သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးရက် အင်္ဂါနေ့နှင့်လည်း ကိုက်ညီနေသဖြင့် ယခုကဲ့သို့ ဆွမ်းလောင်းပွဲ ပြုလုပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (စစ်တွေမြို့နယ်) စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌ- ဦးစံရွှေထွန်းက ပြောပြသည်။

ထို့ပြင် ရခိုင်အဖွဲ့ချုပ် အဖွဲ့ဝင်များသည် ဒေသခံ ပြည်သူလူထုနှင့် ပူးပေါင်းကာ (၇၁) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲ စကားဝိုင်းကို (၉-၉-၁၀) ဆရာတော်ဦးဥတ္တမနေ့ကို တောင်ကုတ်မြို့၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ထိုနေ့တွင်ပင် ရခိုင်ပြည်နယ် မြို့နယ် အတော် များများတွင် ၀တ်ပြုဆု တောင်းပွဲနှင့် ဆွမ်းကပ် လှူဒါန်းခြင်းများ ပြုလုပ်သွားကြမည်ဟု သိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကလည်း စက်တင်ဘာ (၉) ရက်နေ့တွင် စစ်တွေမြို့ရှိ ၎င်းတို့၏ ပါတီဗဟိုဌာနချုပ်၌ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်သွားမည်ဟု ပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

ဆရာတော်ဦးဥတ္တမအခမ်းအနားများ တရားဝင် ကျင်းပခြင်းကို အာဏာပိုင်များက တားမြစ်ထားသော်လည်း ရခိုင်လူမျိုးများက ဦးဆောင်ကာ ဆရာတော်ဦးဥတ္တမနေ့ စက်တင်ဘာ (၉) ရက်နေ့ကို ရည်စူးပြီး ပြည်တွင်း ပြည်ပတွင် အသီးသီး အလျှိုလျှို  ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရှိရသည်။

 

http://arakanreview.net/?p=1953#more-1953

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ဦးဥတ္တမ   Return to blog   ဦးဥတ္တမနေ့ အခမ်းအနား ဘန်ကောက်တ… →
© 2006-2012 Free Video Chat VZOchat! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.