VZOchat Blogs RSS Available

Filtered by tag ကိုဇောင်း

ကာရံမဲ့အလွမ်း....................

Posted on 7/18/2009 by @_x
Tags: ကိုဇောင်း

တစ်နေ့သောအခါက မင်းကိုလွမ်းလို့ အော်တဲ့ငါ့အသံကြောင့် ကမ္ဘာတစ်ခြမ်းတောင် အမှောင်ထဲမှာ ပုန်းနေလေရဲ့...။ အလင်းဘက်ရောက်နေသော နေမင်းကြီးကတော့ ငါ့ကိုသနားလို့လား ကဲ့ရဲ့ချင်လို့လားမသိ တစိမ့်စိမ့်ကြည့်နေဆဲ....။ လောကကြီးရယ် ကျွန်တော့်ရဲ့ ချစ်သူကိုတွေ့ရင် ပြောပေးပါလား နီးလျှက်နဲ့ဝေးနေ ရတဲ့အဖြစ်ကို လွန်ချင်ပါပြီလို့......

 

{ကိုဇောင်း} www.zaung.net www.zaung.zaung.net

Read article   Discuss [2]

ချစ်လျက်နဲ့ဝေး........

Posted on 7/18/2009 by @_x
Tags: ကိုဇောင်း

“ငါသွားတော့မယ်... လွတ်လပ်တယ်ဆိုပြီး... ပွေမနေနဲ့နော်”တဲ့ မှတ်မိနေဆဲပါ။ စိတ်ချပါချစ်သူ မင်းမရှိတဲ့အချိန်တွေမှာ ချောက်ခြားစွာ အထီးကျန်နေရင်တောင် မဖောက်ပြားပါသစ္စာနဲ့....။ ကဲ့မယုံရင်ဒီမှာကြည့်... မင်းကိုလွမ်းလို့ ငါရဲ့လွမ်းခြင်းတွေတောင် စာသားတွေ အဖြစ်ပြောင်းလဲကုန်ပြီ...။ အရာရာတိုင်းမှာမင်းပဲစိုးမိုးနေတယ်လို့ပြောရင် ပိုတယ်လို့မင်းထင်လိမ့်မယ်...။ တစ်ကယ်ပါ ချစ်တတ်သူ တိုင်းရဲ့စိတ်ထဲမှာ ခံစားတတ်ရင် သိလာပါလိမ့်မယ်...။ လွမ်းတဲ့အကြောင်းကို ပြောရရင် ငါလွမ်းသလို မင်းလည်းလွမ်းနေမှာလား...။ ငါလွမ်း သလိုသာ မင်းလည်းလွမ်းနေမယ်ဆိုရင် ပျော်စရာတွေ ပျောက်ဆုံးတဲ့ ချောက်ခြားညလိုဖြစ်သွားနိုင်တယ်...။ ဒါတွေက အလွမ်းဒဏ်ကြောင့်လေ...။ မျှော်လင့်မထားတဲ့ ခွဲခွာခြင်းတွေကြောင့် တို့နှစ်ယောက်ရဲ့ စိတ်တွေ သဲန္တာရထဲမှာ အဖော်မဲ့စွာ လမ်းလျှောက်နေရသလို ဖြစ်ခဲ့ရတယ်...။ တို့နှစ်ယောက်ရဲ့ အမုန်းမရှိတဲ့ ကမ္ဘာမှာ ချစ်လျှက်နဲ့ဝေးရတာ မဆုံနိုင်တော့တဲ့ ခွဲခွာခြင်းမျိုး နဲ့ဆိုရင် အပြစ်မရှိတဲ့ ငါ့ရဲ့နှလုံးသားကို ဒဏ်ခတ်လိုက်ပါတော့မယ်........

 

 

{ကိုဇောင်း} www.zaung.net www.zaung.zaung.net

Read article   Discuss [2]

အချစ်နဲ့ရှင်သန်ခြင်း

Posted on 7/18/2009 by @_x
Tags: ကိုဇောင်း

တိမ်တိုက်ရေလှိုင်းပေါ်က လက်ခုပ်သံတွေကို

ငါနားစွင့်ရင်း သာယာမိခဲ့တဲ့နောက်

တစ်စစီကြေမွသွားတဲ့ လေထုလောက်

အဖြစ်ဆိုးမယ်မထင်ခဲ့...........

နီဝါရောင် မီးပုံထဲကို ခုန်းဆင်းလိုက်ပါဆိုရင်

မင်းကိုချစ်တဲ့ ငါ့ရဲ့အချစ်ကြောင့်

ဘယ်တော့မှ ခုန်ဆင်းမှာမဟုတ်

အချစ်အတွက်နဲ့ အသက်ပင်သေသေတဲ့

"ကျန်စစ်မင်း"လို ငါဘယ်တော့မှမပြော

အချစ်သည် ထာဝရ ရှင်သန်နေသကဲ့သို့

ငါလည်းငါ့ရဲ့ အသက်ရှင်သန်နေမှ

မင်းကို ဆက်၍ချစ်နိုင်မရ်.....

 

{ကိုဇောင်း} www.zaung.net www.zaung.zaung.net

Read article   Add Comment

ဆန္ဒ

Posted on 3/8/2009 by @_x
Tags: ကိုဇောင်း

  • စိတ်ရဲ့စေရာတိုင်းမှာ ဖြစ်ချင်တာတစ်ခုတာ တည်ရှိနေပေမဲ့ လွတ်မြောက်နိုင်ဖို့ အရာဟာ မိမိရဲ့ တားမြစ်နိုင်တဲ့ စိတ်တစ်ခုပါ အရာရာတိုင်းဟာ သူများအလိုကျ ငိုပြနိုင်ဖို့ထက် မိမိရဲ့ စိတ်ကို ထိန်းချူပ်နိုင်ရင် အောင်မြင်တစ်ခုသာ...........

Read article   Add Comment

ပိုင်းခြားချက်

Posted on 10/21/2008 by @_x
Tags: ကိုဇောင်း

လိုချင်တတ်မတ် လောဘတွေက မီးတောက်မီးလျှံလို တောက်လောင်နေချိန် အဖြူအမဲ ခွဲခြားမသိ မမြင်နိုင်တဲ့အခိုက်မှာတော့ အမှားပေါင်းများစွာ ကို ကျူးလွန်ခဲ့သူ သင်ဟာ မာန်နတ်ကို ဆရာတင် အမဲကိုအဖြူမြင် အလင်းကိုအမှောင်မြင် အမှားကိုအမှန်ထင်တော့ ကျန်လူများစွာ ဒုက္ခကို အလှဆင်ခဲ့ကြရပြီ….။ မထူးတော့တဲ့ ဇာတ်ကို မိုးလင်းအထိ ထိုင်ကြည့်နေဖို့ မတတ်နိုင်တော့တဲ့နောက်တော့ အိမ်ကိုပြန်ဖို့ ခွန်အားသစ်တွေ မွေးရပေအုံးမည်။

အလင်းဆိုတာ ရှိနေသ၍တော့ အမှောင်ဆိုတာ ဆက်လက်ရှိနေအုံးမှာပဲ….

Read article   Discuss [2]

later
http://vzochat.com/en/blog/tag/%E1%80%80%E1%80%AD%E1%80%AF%E1%80%B1%E1%80%87%E1%80%AC%E1%80%84%E1%80%B9%E1%80%B8/page/2
CTRL
© 2006-2012 Free Video Chat VZOchat! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.