အထူးကား
Posted on 5/3/2011 by
shweyoat
တိုး၍သာတက်
တစ်ဖက်ရပ်ဖြင့်
ချွေးဒီးဒီးကျ
လူကျပ်လှသည်
ရှေ့တိုးမရ
နောက်ဆုတ်မကျ
ခုမှအဟုတ်
လူငပိသိပ်ခံရတယ်
လူပိုမတင်သည့်
အထူးယာဉ်တဲ့လေး ။ ။
(ရွှေရုပ်စီးခဲ့ရသော မဟာရန်ကုန်ုမြို့မှ အထူးကားများအား ဤကဗျာစဖြင့် ဂုဏ်ပြုပါ၏)
ပြုံးပျော်နိုင်ပါစေ
ရွှေရုပ်
Read article
Add Comment
အရမ်းအရမ်း ဖလန်းဖလန်းထရဲ့ မေးလိုရာမေး ဖြေချင်တာဖြေမယ် အင်္စီအစဉ်
Posted on 1/4/2011 by
shweyoat
ယခုအပတ် အရမ်းအရမ်း ဖလန်းဖလန်းထရဲ့ မေးလိုရာမေး ဖြေချင်တာဖြေမယ် အင်္စီအစဉ် ကို စီစဉ်သူရွှေရုပ်၊ တွေ့ဆုံမေးမြန်းသူရွှေရုပ်၊ ပြန်လည်ဖြေကြားသူ ရွှေရုပ် တို့က တာဝန်ယူစီစဉ်တင်ဆက်သွားမှာဖြစ်ပါတယ်။.
“ဖြောင်း....ဖြောင်း...ဖြောင်း.”(လက်ခုပ်တီးတာနော် ..ပရိတ်သတ်လဲကိုယ်ဘဲလေ)
စတိတ်စင်ကြီးတစ်ခုလုံးမှာ မီးရောင်စုံ ဆလိုက်များ ၊ နောက်ပြီး မီးခိုးငွေ့များ ၊ရေပူဖောင်းများနဲ့ ကြီးကျယ်လှပနေပါတယ်။ စတိတ်စင်အောက်က ပွဲကြည့်ခုံ ဆိုဖာတွေမှာမှီပြီး ကြည့်နေသည့်ပရိတ်သတ်များမှာ ခန်းမကြီးပြင်ဆင်ထားပုံကို သဘောကျစွာ တီးတိုးပြောနေတဲ့အချိန်မှာဘဲ
“ငါတော့မေ့လို့မရတော့ဘူး ချစ်ဆုံးရေ..”
အခန်းပတ်ပတ်လည်ဘောက်များမှ ညင်သာစွာထွက်ပေါ်လာသော အသံညောင်နာနာက ပရိတ်သတ်မားထဲသို့ စူးကနဲဝင်ရောက်သွားတယ်ဆိုရင်ဘဲ
စတိတ်စင်နောက်မှ အသံတစ်ခုသာယာစွာထွက်ပေါ်လာပါတယ်။
“ယခုစီစဉ်တင်ဆက်သူက ကို့ယို့ကားယား ဖက်ရှင်ကို သူမနဲ့ လိုက်ဖက်ညီစွာ ၀တ်ဆင်ပြီး ထွက်လာပါပြီ။ သူမကတော့ ပရိတ်သတ်တွေ တခဲနက်အားပေးနေတဲ့ ရွှေရုပ်ဘဲဖြစ်ပါတယ်”
ကို့ယို့ကားယားဖက်ရှင် ခေါ်င်းစဉ်နဲ့ညီစွာ ရွှေရုပ်သည် အင်္ကျီပွပွကြီးကို ကို့ယို့ကားယား ၀တ်ဆင်ကာ “ငါတော့မေ့လို့မရတော့ဘူး ချစ်ဆုံးရေ ”သီချင်းကို မာန်ပါပါ သီကြွေးပြီး ကားယားကို့ယို့ လမ်းလျှောက်ပါတော့တယ်။
ပရိတ်သတ်ကြီးမှာတစ်ခါတည်း မတ်တပ်တွေရပ်ကာ လက်ခုပ်တီးပြီး
“ရွှေရုပ်...ရွှေရုပ်...ရွှေရုပ်”
ရွှေရုပ်စင်ပေါ်ကနေ တစ်ချက်ဝေ့ကြည့်ရင်း လက်အုပ်လေးချီကာ ဒူးညွှတ်လို့ ပရိတ်သတ်တွေကို အရိုအသေပေးလိုက်ပါတယ်။ ပရိတ်သတ်တွေရဲ့ ”ရွှေရုပ်..ရွှေရုပ်အားပေးသံတွေက ခန်းမကြီးပေါက်ထွက်သွားမတက် ဆူညံနေပါတယ် ရွှေရုပ်အလှပဆုံးပြုံးကာ (အောင်မလေး ရေးရတာ ဖီး(feel) ရှိလိုက်တာ ။)
“very thank you, thank you so much..”
ရွှေရုပ်တတ်သလောက်မှတ်သလောက် လူအထင်ကြီးအောင် ပြောပြီးနောက်
“အခုလို မင်္ဂလာအချိန်သာမယမှာ ပရိတ်သတ်ကြီးကို အရမ်းအရမ်း ဖလန်းဖလန်းထရဲ့ မေးလိုရာမေး ဖြေချင်တာဖြေမယ် အင်္စီအစဉ် ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်ကတွေ့တဲ့လူကို ဂုတ်ဆွဲပြီး အတင်းအားတမ ဖြေခိုင်းတဲ့ အစီစဉ်ဘဲဖြစ်ပါတယ်။ ဒီအစီစဉ်မှာ ဆိုက်ကားနင်းတဲ့ရေခဲရေရောင်းတဲ့သူကစပြီး ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးအထိ အကုန်လုံးမေးမြန်းသွားမှာဖြစ်ပါတယ်။ ဒီအပတ်မှာတော့ ဟိုအပတ်လို မဟုတ်ပါဘူး အဲ.... အင်းဟုတ်တယ် အခုအပတ်မှာ ဟိုအပတ်လို အရင်ကငါးယောက်အမေးအဖြေမဟုတ်တော့ဘဲ တစ်ယောက်တည်းကိုသာ မေးသွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အခုစာရိုက်နေတဲ့ ရွှေရုပ်တစ်ယောက်လက်ညောင်းလာပြီလို့သတင်းရထားပါတယ်။ သြော်...အိပ်လဲငိုက်နေတယ်တဲ့ ဟင်..သြော်..နောက်တစ်ပတ်မှပိုမေးတဲံ ..အယ် စာရိုက်ရင်းတန်းလန်းရီပြလိုက်သေးတယ်။ေ သြာ်..သြော် ...ဖလိုင်းကစ်တဲ့”
“ဟုတ်ကဲ့ပါ ပရိတ်သတ်ကြီးရှင်...အစီအစဉ်တင်ဆက်သူရွှေရုပ်က တစ်ယောက်မက မေးချင်ပါသော်လည်း စာရေးသူရွှေရုပ်က ပျင်းနေပါသဖြင့် (အင်းနော် ... ကိုယ့်ကိုယ်ကိုယ်လဲ ဇာတ်ကောင်ခွဲသွားရင် အတင်းပြောရတာပါလားနော်) တစ်ယောက်နဲ့သာကျေနပ်ကြပါလို့”
“ယခုအပတ်အလှည့်ကျဖြေပေးမယ့် သူကတော့ စာရေးဆရာမ နာမည်ကြီး ရွှေရုပ်ဘဲဖြစ်ပါတယ်။ ” (ဘာဖြစ်လဲ ကိုယ့်ဘာသာကြီးတာနော်)
နောက်ရွှေရုပ်တစ်ယောက်စင်ပေါ်ကိုရောက်လာပါတယ်။
ပရိတ်သတ်ကြီးက ဒုတိယအကြိမ် မတ်တပ်ရပ်ပြီး လက်ခုပ်တီးကာ
“ရွှေရပြ်...ရွှေရုပ်”
စာရေးဆရာမရွှေရုပ်က ပရိတ်သတ်ကိုဝေ့ကြည့်ကာ
“ရွှေရုပ်ကိုအားပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ် ”
အစီစဉ်တင်တက်သူရွှေရုပ်နဲ့ စာရေးဆရာမရွှေရုပ်တို့ နှစ်ယောက်စင်ပေါ်မှာ တစ်ယောက်တစ်မျိုးစီလှနေပါတော့တယ်(အမယ်ဒါကျတော့ လက်မညောင်းဘူး)
အဲ့အချိန်မှာဘဲ အစီစဉ်တင်ဆက်သူရွှေရုပ်က စပြီး မေးခွန်းတွေ မေးပါတော့တယ်။
မေး - ရွှေရုပ်အခုလို နာမည်ကြီးတာ ဘာကြောင့်ပါလဲ
ဖြေ- ရွှေရုပ်ဆိုတဲ့နာမည်ကို font ကြီးကြီးနဲ့ရေးလို့ပါ
မေး- မှတ်သားစရာပါလားနော် ဒါနဲ့ ရွှေရုပ်စာတွေရေးရင်ဘာကို ဦးစားပေးရေးပါသလဲဟင်.
ဖြေ-သူများမကောင်းကြောင်းကိုယ့်ကောင်းကြောင်း အဟဲဟဲ.....
မေး - အဲ့ဒါကြောင့်နာမည်ကြီးတာနေမှာ ပြီးတော့လေ ရွှေရုပ်ဂီတသံစဉ်တွေမှာဘယ်အမျိုးစားကိုနှစ်သက်ပါသလဲ ။သပမာ ရပ်စ်တို့ပေါ့တို့
ဖြေ-အဲ့ဒါတော့ရွှေရုပ်သိပ်နားမလည်ပါဘူး။ သီချင်းဆိုရင်တော့ ချိုမိုင်မိုင်ချိုဆို့ကစပြီး (၆)နာရီဆိုပြန်လာပေးပါအဖေထိကြိုက်ပါတယ်
မေး- ရွှေရုပ်ရဲ့အချစ်ရေးကိုပြောပြလို့ရမလား
ဖြေ- အုန်းသီးတွေဈေးကြီးနေလို့ အဲ့ဘက်တော့လိုက်မမှီပါဘူးရှင်
မေး- ဒါဆိုအိမ်ထောင်ရေး ကိုရောစိတ်ဝင်စားဘူးလား
ဖြေ- သြော်...ဒါကကျတော့ ယောင်္ကျားတွေကိုယ်ဝန်ဆောင်တဲ့အခါကျရင်တော့ စိတ်ဝင်စားမိမလားဘဲ..”
မေး- အများကြီးတော့ထပ်မမေးတော့ပါဘူး
ဖြေ-ဟုတ်ကဲ့ ကောင်းပါတယ် အခုစာရေးနေတဲ့မရွှေရုပ်ကလဲ စိတ်မရှည်တော့ဘူးလို့ပြောနေပါတယ်”
မေး-နောက်ဆုံးပရိတ်သတ်ကို စကားလက်ဆောင်လေးပေါ့ ပါးပေးပါဦး
ဖြေ- ပျော်ချင်ရင် ”ရွှေရုပ်စာပေ လူ့မိတ်ဆွေတဲ့ ”
်ပြီးတော့အစီစဉ်တင်ဆက်သူက ပရိတ်သတ်ကြီးကို အချိုသာဆုံးပြုံးပြကာ
“အခုလို ဒီအပတ်မှာ နာမည်ကြီး စာရေးဆရာမရွှေရုပ်နဲ့တွေ့ဆုံပြီးတဲံအခါ နောက်အပတ်မှာ ဒါမှမဟုတ်ရှေ့အပတ်မှာ ဘယ်သူနဲ့တွေ့ဆုံမေးမြန်းမလဲဆိုတာစောင့်ကြည့်ပါဦးလို့...”
.....................................................................................................................................................................
ပြုံးပျော်နိုင်ပါစေ
ရွှေရုပ်
Read article
Discuss
[3]
ရှက်လိုက်တာနော်
Posted on 11/30/2010 by
shweyoat
ကျမ ဖုန်းကိုင်ပြီး ခန်းမပြင်သို့ ထွက်ခဲ့ပါတယ်။ သူ့ဆီက ဖုန်းလဲလာတော့မယ် ဗိုက်ထဲမှာလဲ ရစ်ချာစကေးဘယ်လောက်ထိရှိပြီလဲမသိဘူး .။ တစ်ခုတော့စဉ်းစားမိတယ် ။ အိမ်သာတက်ရင်းစာတော့ဖတ်ဖူးနေတာဘဲ ။ ဖုန်းတော့မပြောဖူးသေးဘူး ။ အယ်...အားနာစရာနော် ။ ကိုယ်က အိမ်သာတက်ရက်ကြီး သူနဲ့ လှမ်းကျူလို့လဲ အစဉ်ပြေပါ့မလားလေ။ သူကတစ်ဖက်ဖုန်းကို ကိုင်ရင်းဘာမှမဖြစ်တောင် ကိုယ်က နံနေလောက်တယ် ။ အိုဘာဖြစ်လဲ ဘယ်လိုဘဲ ဖြစ်ဖြစ် အိမ်သာထဲ ဖုန်းပြောတာလဲ ဖီလင်တစ်မျိုးဘဲဟာ... ဒါပေမယ့် ကျမ ဖုန်းလာမှာသိရက်နဲ့ ဖုန်းကိုင်ပြီး အိမ်သာထဲထိုင်မပြောချင်တာ ဂွကျနေတာဘဲ ... ဖုန်းမလာပါစေနဲ့ ...ဖုန်းမလာပါစေနဲ့....
“၀ါကာ ၀ါကာ ရေ့ရေ့ ”
“ဟဲ့ သောက်ပလုတ်တုတ် ...”
ကံမကောင်းပါ အိမ်သာရှေ့အရောက် ဖုန်းက ထမြည်လာခဲ့ပါပြီ။ ကြည့်လိုက်တော့ အချိန်ကိုက်ဆက်သလားတောင်မှတ်ရတယ် ။သူမှသူ ... သူ့ဖုန်းပေါ့ ။ မကိုင်လို့လဲ အစဉ်မပြေ ဖုန်းကိုင်ပြီး အိမ်သာထဲ ၀င်လိုက်တယ်။
“အင်းးးးးပေါ့ .....”
“ အဲ့လိုပါဘဲ ....”
“ဟုတ်ကဲ့ စားနေတာ... ”
အိုဘာတွေဖြေမိပါလိမ့် သူက နေ့လည်စာ စားပြီးပြီလားတဲ့လေ ။ အခု အိမ်သာထဲမှာလို့ ပြောလိုက်ရင်ရှက်စရာ ... ဘာဖြစ်လဲ သူမှမမြင်တာ စားနေတယ် ... အဟီးးးး...
အိမ်သာတက်ရင်း ဖုန်းပြောရတာ ကို ဂုဏ်တောင်ယူချင်သလိုလိုဖြစ်လာတယ် ။လောကမှ အသာယာဆုံး အချိန်နှစ်ချိန်ဆုံတာဘဲ ။ ချစ်သူနဲ့ စကားပြောရတဲ့အချိန်က သာယာချိန်တစ်ခု နောက်တစ်ခုက အိမ်သာတက်နေတဲ့အချိန်ပေါ့ ...
ကျမ အိမ်သာတက်ရင်း .. သူနဲ့ စကားတွေ ဖောင်ဖွဲံ့ရတဲ့အချိန်တွေကို မကုန်စေချင်တော့ဘူး အိမ်သာတက်တာလဲ မပြီးစေချင်သလို .. သူ့ကိုလဲ စကား အပြတ်မခံတော့ဘူးပေါ့.........
ဒါပေမယ့်လေ ..ကျမတက်တဲ့အိမ်သာပြင်က စကားသံတွေကြားလိုက်ရတယ်ဆိုရင်ဘဲ..
“အင်းလေ မင်းက အဲ့ဆော်ကို သေချာသွားကြည့်တာကို .. ဟိုက လက်ဝါးတောင်ပြတာတောင်နည်းသေးတယ်။ ”
“ဟယ် ပြဿနာ အရှည်ကြီးတက်ပြီနဲ့တူတယ် ။ ”
ကျမဖုန်းထဲမှာ စကားမှားသွားပါတယ်။ သူက ဘာပြောတာလဲတဲ့ တော်သေးရဲ့ မကြားသွားလို့ ။ အပြင်မှာ ကောင်လေးတွေ အဖွဲံ့လိုက်။ ကျမဖြစ်လိုက်ရင် အဲ့အတိုင်းဘဲလေ။ကျမ သူဖုန်းလာတာနဲ့ အိမ်သာကို လေဒီတို့ ဂျန်းကဲ တို့ မကြည့်လိုက်မိဘူး အမှန်ပြောရရင် ယောင်္ကျားလေးအိမ်သာထဲကိုဝင်လာမိတာဘဲ ။အမယ် ဟိုအပြင်ဘက်ကကောင်တွေ ကျမဘေးက အိမ်သာတွေထဲကို ၀င်သွားကြပြီ..အို ကျမအိမ်သာတောင်လာခေါက်နေသေး ။ ကျမ အသံ အော်တော်မစ်တစ် တိုးသွားတယ် ။ ဟိုဘက်က သူက မကြားရတော့ဘူးတဲ့လေ။ အဟင့် ခုနက ကြည်နှုးနေတာတွေ ဘယ်ပျောက်ကုန်ုပြီလဲ တောင်မသိတော့ဘူး ။ သူကလဲ ခုမှ ဖုန်းပြောကောင်းနေသေးတယ် ။ ကျမအသံကို မကြားရလို့တဲ့ လှမ်းတောင် ကွိုင်လိုက်သေးတယ်လေ... ကျမလဲသတ်ရင်သတ်လေသံနဲ့  ရှုးရှုး ရှုးရှုး ပြောရတယ် သူက ဘာတွေပြောနေတာလဲတဲ့ ရှုးရှုးဘဲကြားရတယ်တဲ့ ...လာသေးတယ် သူ့ချစ်သူ ဒီဘက်မှ မြွေမိနေတာ သူမှမသိတာ...
“ဒေါက်ဒေါက် .....”
ဟာပြဿနာဘဲ ကျမတက်နေတဲ့ အိမ်သာကို အပြင်ကတစ်ယောက်က ခေါက်နေပြန်ပြီ ။ ဟို ဘက်ခန်းဝင်ထိုင်တဲ့ကောင်တွေ ဂန်းနာကောင်တွေကလဲစကားကိုတိုးတိုးမပြောဘူး ..သူဖုန်းထဲက ကြားသွားမှဖြင့်.. ဟင်းနော် ... ကျမလဲ တံခါးကို အသာအယာပြန်ခေါက်လိုက်ပါတယ်။ ဒါတောင်အပြင်ကကောင်က
“ယောက်ဖ မြန်မြန်လုပ်.. ကိစ္စက ထိပ်ဝရောက်နေပြီ..”
“သေပါ့လား ဂန်းနာကောင်ရဲ့ ..”
ကျမလဲသူဘာတွေပြောနေလဲ စိတ်မ၀င်စားတော့ပါ ။ချွေးတွေ တစ်ပြုံကြီးထွက်လာနေပြီဖြစ်ပါတယ်။ ဖုန်းထဲက တာ့တာတော့ကြားလိုက်တယ် ။။ပြီးတော့သူဖုန်းချသွားတယ် ။အင်းကိစ္စတစ်ခုတော့အေးပြီ။ အပြင်ထွက်လို့မရသေး ။ အပြင်မှာ အပြုံလိုက်ကြီးတန်းစီနေသေးတယ်။ မှားပြီ....သမီးမှားပြီ အမေရဲ့ ချစ်ဇောတွေကြွယ်မိတော့ ယောင်္ကျားလေးအိမ်သာကိုမှားတက်မိပြီ အမေရဲ့ ... ခလုတ်ထိရင် အမိတတယ်တဲ့ ။ တကယ်နော်.. အမယ် ဟိုဘက်ကကောင်က အောက်ကပလုံပလုံနဲ့ စိုင်းစိုင်းသီချင်းတောင်အော်ဆိုနေလိုက်သေးတယ် ။။
“ချစ်ခဲ့တာ လေးနှစ် အပြစ်မဲ့စွာဝေးလွှင့်...”
ခွေးစုတ် ပါးစပ်ထဲ ချီးငွေ့ဝင်ပါစေထွက်ရင် အမြန်ထွက်တာမဟုတ်ဘူး ..အပြင်က ကောင်တွေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားသံတွေကိုကြားရတယ်။ ဒီကောင် အိမ်သာတက်တာ သီချင်းဘယ်နှစ်ပုဒ်လောက်ပြီးမှပြီးမှာလဲမသိဘူး ကျမလဲအပြင်ထွက်ချင်နေပြီ ။.ဒါပေမယ့် အသက်တောင်ကောင်းကောင်းမရှုရဲ။ စိတ်ညစ်တာ အသက်တောင်ပျောက်ချင်တယ်။ အယ်...ဟိုဘက်ကကောင် ရေလောင်းနေပြီ ။ အပြင်ကိုထွက်ပြီ ...
“ဒေါက်ဒေါက်...”
“အဲ....”
ကျမတံခါးကိုလာခေါက်တယ် ။ ကျမလဲ အသာပြန်ခေါက်လိုက်တယ် ။အသံတော့မထွက်ရဲ ။။အဲ့ အိမ်သာထဲမှာ စီးရီးထုတ်တဲ့ကောင်က ဘာပြောတယ်မှတ်လဲ ။
“ ငါလူကြည့်ပေးထားပါ့မယ်။ နင်ဖုန်းကြီးကိုင်ပြီး ပြုံးပြီး ယောင်္ကျားလေး အိမ်သာထဲ ၀င်သွားကတည်းက ငါမြင်တယ်။ သိလား တာ့တာ ။ အမြန်သာထွက်ခဲ့ ။ ”
ကျမအပြင်ကိုပြေးထွက်သွားပေမယ့် ။ခုန စီးရီးထုတ်တဲ့ကောင်ကိုမတွေ့ရ ။ ဒါပေမယ့် တစ်နေရာက ကျမကိုကြည့်ရီနေမှသေချာပါတယ်။ အို ရှက်လိုက်တာနော်..........
...............................................။ ။ ။..................................................................................................
ပြုံးပျော်နိုင်ပါစေ
ရွှေရုပ်
Read article
Discuss
[3]
ရှက်ကြပေဘူးလားရဲ့ကြော်ငြာ
Posted on 11/26/2010 by
shweyoat
ရှက်ကြပေဘူးလား
လူတကာအရမ်းကြိုက်
အသည်းခိုက်အောင်တော်
ဆရာအကြည်တော်တဲ့
အခုတော့ သူများနာမည်အတုခိုး
မရိုးမရွတုပရေး
`နာမ´ကိုတောင် အတော်လေးဆင်အောင်
အ...ခ...တော်
အ...န...တော်
အ.........တော်
အ.........တော်
အ.........တော်
အင်း...တော်လွန်းကြပါပေတကား
ရှက်ကြပေဘူးလား
လူတကာအရမ်းကြိုက်
အသည်ခိုက်အောင်ဆို
Lကိုင်ရာလို Rဇာနည်လိုမျိုးပေါ့
အခုများတော့စာမျက်နှာပေါ် ကလောင်ရွေး
A to Z ပေးကာ ..
အင်းရှက်ကြပေဘူးလား
ရှက်ကြပေဘူးလားရှင်
လူတကာ အရမ်းကြိုက်
အွန်လိုင်းမှာဆို
အသည်းခိုက်အောင်ရှုပ် (အဲ ပတ်တာ(ပြဿနာ)တော့ တတ်ပြီ ..သိဘူးလေကာရံက ဒါဘဲမိတယ်)
ရွှေရုပ်တဲ့လေ
အခုများတော့ သူများနာမည်ကို အင်ထု
`ဖင်´ဖုဖုနဲ့ (ဟုတ်လားမသိဘူး သူ့ကာရံလဲ အဲ့ဒါဘဲရတယ်)ဟိုကောင်မလေးကလဲ နာမည်ရွေး
သူလဲရွှေရုပ်ဘဲပေးတယ်
ဟော...နောက်တစ်ယောက်က တစ်မျိုးလုပ်
ငွေရုပ်တဲ့လေ
ကြွေရုပ်တဲ့လေ
ကြေးရုပ်တဲ့လေ
ခွေးရုပ်တဲ့လေ..(အဲလွန်ကုန်ပြီ..)
တကယ့်ရွှေရုပ်က အလှပကေး(ကြော်ငြာ) အထာတွေလဲမပေးတတ်
ပြောင်စပ်စပ်မျက်နှာဘေးနဲ့(အဲဘယ်ရောက်ကုန်ပါလိမ့် မသိတော့ဘူးဟုတ်တာဘဲဟာ ဟီး.....)
ဟာသတွေဘဲ အမှန်ရေးတယ်
အားပေးကြဦး....
ပြုံးပျော်နိုင်ပါစေ...
ရွှေရုပ်
Read article
Discuss
[4]
မိခင်တို့မည်သည်....
Posted on 6/5/2010 by
shweyoat
“အီးဟီးဟီး ..အဖေရယ်.. အဖေမရှိတော့ရင် လူပုံအလည်ဘယ်မျက်နှာနဲ့နေရမှာတုန်း”
“ဟဲ့ ပန်းကဗျာ နင်ကဘယ်သူ့ မျက်နှာပြောင်းချင်လို့လဲ”
ကုတင်ပေါ်မှာလောကကြီးကို စွန့်ခွာဖို့ အားလုံးပြင်ဆင် ခဲ့ပါတယ်။ အဲ့လိုပြင်ဆင်ဖို့ တုန်လှုပ်ခြောက်ခြားဝမ်းနည်းမှုတွေကို တိုက်ထုတ်ရသလို၊ တစ်ကောင်ကြွက်ဖြစ်ကျန်ခဲ့မယ့် သမီးလေးပန်းကဗျာအတွက်လဲ နှစ်ကောင်ကြွက်ဖြစ်အောင် စီမံခဲ့ရပါသေးတယ်။ ခုတော့စိတ်ချလက်ချသွားနိုင်ပြီတဲ့။
“အီးဟီးဟီး..အဖေကလဲ စကားအဖြစ်ဥပမာပေးတာကို သမီးပြောချင်တာက အဖေသာမရှိရင် သောင်ပြင်မှာလွှတ်တဲ့ ဟိုဟို....”
ပန်းကဗျာ လက်တစ်ချောင်းထောင်ပြီး စကားကပြူတစ်ပြူတစ်ဖြစ်နေတော့ အဖေရောဂါသည်ကြီးက စိတ်မရှည်ဘဲ
“ခွေးလို့ပြောလိုက်ပါသမီးရယ်”
“ဟင့်....ပြောလို့မဖြစ်လို့ပေါ့အဖေရယ်...သမီးခွေးဖြစ်တာအရေးမကြီးပေမယ့် ...ဟင့် ...မျိုးရိုး ကိုထိခိုက်မှာစိုးလို့ပေါ့အဖေရယ်....”
“ဟင် ...ဟုတ်တယ် ခွေးမဟုတ်ဘူး..”
“အဖေသမီးကိုထားမသွားနဲ့နော်.......အီးဟီးဟီး...”
ဦးဘမော်သက်ပြင်းချလိုက်တယ်။ ပြီးတော့ အားလုံးသမီးလေးကိုပြောပြရဦးမယ်လေ”
“သမီးရယ် အဖေသိပါတယ်။ အခုရွာတောင်ပိုင်းက ဒေါ်ပုမကြီးဆုံးသွားတယ်မဟုတ်လား ။သမီးရယ် နာရေးကူငွေတွေများအောင် အဖေလေ လစာထုတ်ပြီး(၁)ရက်နေ့ နောက်ပြီးရုံးပိတ်ရက် စနေတနင်္ဂနွေမှာ အဖေရက်လည်အောင် ဒိတ်နဲ့တိုက်ပြီးအတိအကျသေပါ့မယ် သမီးရယ်...မင်္ဂလာဆောင်သလိုပေါ့...”
“အီးဟီးဟီး အဖေရယ် သေတာတောင် သမီးအတွက်ဆိုပြီးကြည့်တဲ့အဖေရဲ့...”
“ငိုမနေပါနဲ့ အဖေမသေသေးဘူး လလည်ဘဲရှိသေးတယ် ။ လကုန်ခါနီးမှ သေမှာနော်..အဲ့ကျငိုဖို့ချန်ထားဦး သမီးဒီနေ့ မောင်မြတ်ဘုန်းလာလိမ့်မယ်။ သမီးရဲ့ဖူးစာရှင် သူနဲ့သမီးလက်ဆက်ရမယ် ..သူလဲတစ်ကောင်ကြွက် ဆိုတော့ နှစ်ကောင်ကြွက်ဖြစ်ကြပေါ့”
ပန်းကဗျာ အတိတ်ကို ပြန်စဉ်းစားရင်းမျက်ရည်တွေကျနေပါတယ်။ ခုဆို အဖေဆုံးတာ တစ်နှစ်ကျော်ခြဲု့ပီ သမီးတို့ နှစ်ကောင်ကြွက်ဘ၀ကနေ သုံးကောင်ကြွက်ဖြစ်တော့မယ် အဖေရဲ့ စဉ်းစားရင်း ဗိုက်ကို ကိုင်လိုက်တော့ အထဲက ကလေးလှုပ်နေတာကြောင် ပန်းကဗျာပြုံးလိုက်ပါတယ်. နောက်တစ်လဆိုမွေးတော့မယ် . နာရီ့ကိုကြည့်တော့ ညကိုးနာရီခွဲနေပြီ ။နောက်မကျဖူးသောမောင် နောက်ကျနေပါလား။
“မိန်းမရေ မိန်းမ..”
စဉ်းစားနေတုန်း မောင့်အသံကိုရုတ်တရက်ကြားလိုက်မိလို့လန့်သွားပါတယ်။ မောင့်ကိုတံခါးပြေးဖွင့် ပေးတော့ မောင့်မျက်နှာကမကောင်း..
“မောင်နောက်ကျလှချီလား..ဒီမှာကဗျာထမင်းစားဖို့စောင့်နေတယ်..ဟင်မောင်...”
စိတ်ညစ်လာတဲ့အထဲမှာ ပန်းကဗျာအော်လိုက်တာမို့ လန့်သွားသောကြောင့်
“ဟာလန့်လိုက်တာ ဘာလဲကွာ..”
“ဟင်မောင် လုပ်ရက်တယ် ... မောင်တော့ကျိုးပြီ...”
“ဟာဘာကျိုးတာလဲကွာ...”
“ငါးပါးသီလကျိုးတာလေ ..အရက်တွေသောက်လာတယ်မဟုတ်လား”
စိတ်ညစ်တာက ညစ်တာဘဲ ... ပန်းကဗျာ အဲ့လိုပေါက်ကရပြောတတ်တာတွေကြောင့် အရင်က စိတ်ညစ်တာပျောက်ပေမယ့် ခုတော့
“နဲနဲပါ...နဲနဲဘဲသောက်လာတာပါ...”
နဲနဲပါလို့ဘဲပြောနိုင်တဲ့မောင် အိပ်ယာပေါ်ကိုပစ်ကျသွားပါတယ်။ သူများမှားတဲ့သိန်းသုံးဆယ်ကို လျှော်ရမယ်တဲ့ တာဝန်ရှိတယ်ဆိုဘဲလေ။ တစ်လမှ လစာသုံးသိန်း၊ဆယ်နှစ်လုပ်မှ ကြေမယ့်ငွေပမာဏပါဘဲ မှားတဲ့သူလျှော်ပစေပေါ့ ခုတော့ ...ရွာကနေလာကတည်းက ရန်ကုန်မြို့ထဲမှာ အိမ်နဲ့ခြံဝယ်ဖို့ ရွှုာကဟာတွေအကုန်ရောင်းခဲ့တာ ..ခုနောက်ပိုင်းရက်တွေမှာမောင် အရင်က မသောက်ဖူးသော အရက်တွေသောက်ပြီး နေတိုင်းလိုပင် ကျိုး (ငါးပါးသီလ) လာပါတော့တယ်။
............................
ROSEY တံဆိပ် အကျီအမျိုးမျိုးထုတ်လုပ်တဲ့ကုမ္ပဏီကနေ ကိုယ်ဝန်ဆောင် အင်္ကျီဝတ်ပြီးcatwalk လျှောက်ပြိုင်ပွဲံတဲ့ မောင်ရေ ..ပထမဆုရတဲ့ကိုယ်ဝန်ဆောင်မယ်ကို သိန်းသုံးဆယ်တဲ့..”
ဒီနေ့လဲမောင်အရက်တွေမှုးလာပါတယ်။ တီဗွီအစီစဉ်က ကြေငြာကိုကြည့်ကာ အားပါးတရ အော်လိုက်တဲ့ ပန်းကဗျာကို မြတ်ဘုန်း မျက်မှောင်ကျုံ့ ကြည့်ကာ
“အဲ့ဒါဘာဖြစ်လဲ..”
“..........“
မောင့်ကိုအဖော်စပ်လို့ပင်မရ ဒါကြောင့် ရေငုံနှုတ်ပိတ်လိုက်ရပါတယ် .(အဲ ရေမငုံဘဲနှုတ်ပိတ်လိုက်ရပါတယ်)
“ဘယ်မှာ မော်ဒယ်သင်တန်းတက်ခဲ့လဲ..”
“ဟင့်အင်း...”
“အာ ညီမက ကိုယ်ဝန်ကြီးနဲ့လား”
ပန်းကဗျာပြိုင်ပွဲဝင်ဖို့ ဖောင်သွားဖြည့်ပြီး လူတွေ့ စစ်ဆေးနေခြင်းဖြစ်ပါတယ်. ပန်းကဗျာရဲ့ ဗိုက်ကိုကြည့်ပြီးတအံ့တသြပြောလိုက်တာကြောင့် ပန်းကဗျာရီပြလိုက်ပါတယ် . ရီပြလိုက်ခါမှ ပါးချိုင့်လေးကခွက်ပြီး ဆံပင်လေးခါတာတာနဲ့ ချစ်စရာကောင်းမှန်းသိလိုက်ပါတယ်.
“မမတို့ပြိုင်ပွဲက ၀န်ကိုယ်ဆောင် အင်္ကျီဝတ်ပြီးcatwalk လျှောက်ရမယ် မဟုတ်လား ။အဲ့ဒါကိုယ်ဝန်ဆောင်တွေပြိုင်ဖို့မဟုတ်ဘူးလားလို့..”
“အဲ....”
အမှန်တော့မော်ဒယ်တွေနဲ့ပြိုင်စေချင်တာပါ ။ ဗိုက်ကြီးသည်တွေ မလျှောက်တက်လျှောက်တတ်နဲ့ ချော်လဲနေရင် catwalk လျှောက်ပြိုင်ပွဲကနေ သားဖွားမီးယပ် အထူးလေ့ကျင့်ရေးအေဂျင်စီ.ဖြစ်သွားမှာစိုးသောကြောင့်ပင်..
“ဒီလိုရှိတယ် ညီမလေးရဲ့ ...”
“ဟုတ်ကဲ့ မမ ညီမလေး catwalk ကောင်းကောင်လျှောက်တတ်ပါတယ် ..ရွာမှာနေတုန်းက ကန်စင်းရိုးမှာ လျှောက်နေကျ...နော်မမ..ညီမလဲပြိုင်မယ် လုပ်ပါမမရယ် ”
နောက်ဆုံးတော့ ပြိုင်လို့ရသွားပါတယ် ။ ကိုယ်ဝန်ဆောင်တဲ့သူတွေပြိုင်သင့်တယ်လို့ ထောက်ခံလို့ပေါ့..
ဒါပေမယ့် မောင့်ကိုမသိအောင်ပြိုင်ရမှာဖြစ်ပြီး ..အိမ်မှာလဲ မောင်အလုပ်သွားတဲ့အချိန်မှာမှန်ရှေ့မှာကောင်းကောင်းလေ့ကျင့်ရပါတယ်။ နောက် ပြိုင်ပွဲဝင်တဲ့နေ့မှာဂျူးဒိတ်ကလဲ ပြည့်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် ...
မော်ဒယ်တွေ ဗိုက်ကိုခေါင်းအုန်းသေးသေးလေးတွေထည့်ပတ်နေချိန်မှာ ပန်းကဗျာတစ်ယောက် ဗိုက်ကိုပွတ်နေပါတယ်
“သားလေး မေမေနဲ့တူတူလမ်းလျှောက်မယ် ပထမဆုရအောင်ဆုတောင်းပေး ”
ပြိုင်ပွဲမှာ ထူးထူးဆန်းဆန်းတကယ်ကိုယ်ဝန်နဲ့ ပြိုင်မယ်ဆိုတော့ အောက်ကဒိုင်လူကြီးတွေနဲ့တာဝန်ရှိပုဂ္ဂိုလ်တွေက အထူးတလည်စောင့်ကြည့်နေကြပါတယ်။
တကယ်ကိုဘဲပြိုင်တော့လဲ တစ်ခါမှ စင်ပေါ်ကိုသေချာတတ်ပြီးမပြိုင်ဖုးပေမယ့် ... ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့လျှောက်နိုင်ခဲ့ပါတယ်..
ပြိုင်ပွဲမှာ ဒိုင်လူကြီးအဆုံးအဖြတ်က ဆုရယ် ပရိတ်သတ်မဲအများဆုံးဆုရယ် ကြေငြာတော့ ပန်းကဗျာ ဗိုက်တွေအောင့်လာပါတော့တယ်။ပန်းကဗျာ ချွေးစေးတွေထွက်လာပါတယ် ။ မဖြစ်ဘူးဆိုပြီးဆုယူတာနားထောင်တော့ ပထမဆုနှစ်ဆုစလုံးကို ပန်းကဗျာရတော့ တကယ့်မော်ဒယ်လေးတွေပြေးလာပါတယ် ။ ဒီအချိန်မှာဘဲံ ပန်းကဗျာ....
...............................................
“မင်း မောင့်ကိုအသိမပေးဘဲဘာလို့သွားပြိုင်တာလဲ ပန်းကဗျာ ...ဟင်...တစ်ခုခုဖြစ်သွားရင် မောင်ဘယ်လိုလုပ်ရမှာလဲ ..”
ပြောလဲပြောပါတယ် ..ခုမှသမီးလေးမွေးပေးထားတဲ့ ပန်းကဗျာကို မပြောချင်ပေမယ့်လဲ ဂရုဏာဒေါသတွေက သိမ်းထားလို့မရအောင်ဘဲထွက်လာပါတယ် .....
ပန်းကဗျာကတော့ ဘယ်သူ့မှ ဘာမှမပြောဘဲ မောင့်လက်ကလေးကိုကိုင်ကာ ပြုံးနေပါတယ်...ဒါကိုဘဲ မြတ်ဘုန်း ကအသည်းယားကာ
“ဘာလို့လဲ ကဗျာရယ် ပိုက်ဆံလျှော်ရမှာမို့လား ... မောင်ယောင်္ကျားပါ...ခုလဲ ပိုက်ဆံ ပြန်ထွက်လာပါပြီ..တစ်နေရာမှာမှားသွားတာမောင်ပြန်စစ်
ပြန်လိုက်လုပ်လိုက်တယ်... ”
“ဖေကြီးရေ...”
ပန်းကဗျာက ခေါ်လိုက်တာကြောင့် ထူးထူးဆန်းဆန်းဆိုပြီးကြည့်လိုက်ပါတယ်။ပြီးတော့ ပြုံးသွားကာ
“ဗျာ မေကြီးရေ..”
“ဟီးဟီး... ကဗျာလေ..သမီးလေးအတွက်ပြိုင်တာပါ..သမီးလေးသိတတ်တဲ့အရွယ်ရောက်ရင် ပြောပြလို့ရတယ် ...သမီးလေးကိုမမွေးခင်သေးကတည်းက သမီးလေးဆုရတာလို့ဆိုပြီးတော့.....”
ပန်းကဗျာဆက်မပြောတော့ သူပြောမယ့်ရင်ထဲကစကားကိုလဲ မြတ်ဘုန်းသဘောပေါက်သွားပြီဖြစ်ပါတယ် ။ သမီးလေးရဲ့ မိခင်ပီသချင်တဲ့ သူ့ရဲ့ ဇနီးလေးလက်ကိုဆုပ်ကိုင်ကာ ပြုံးလိုက်ပါတယ်..... ဒီအချိန်မှာဘဲံ...
“ကလေးကိုနို့တိုက်လို့ရပါပြီရှင်.........”
........................................................
ပြုံးပျော်နိုင်ပါစေ
ရွှေရုပ်
Read article
Add Comment
ငါမှငါ
Posted on 5/27/2010 by
shweyoat
အိမ်ရဲ့ တံဆတ်မြိတ်ကနေပြီး
ရေတွေကျနေတယ်
ဒါဆိုမိုးရွာနေတယ်ပေါ့....
မိုးရေ.......
အားလုံးကို အေးချမ်းအောင်လုပ်နိုင်လား
ငါ့ရင်ထဲကခံစားချက်တွေ မိုးရေတွေကျလို့ ပူလောင်နေတယ်ထင်ပ
ဒီကမ္ဘာကြီးမှာ ငါဟာသားကောင်လား
မိုးရွာတာ ဖားအော်လို့ပါ
ဖားအော်တာတော့ မြွေကိုက်လို့ဗျို့
အဲ့ဒါမဟုတ်ဘူး ၊အဲ့ဒါငါငြင်းတယ်
ငါကမြွေကိုမြိုမယ့်ဖား
လူတွေ လူတွေ
မရတာကိုမှလိုချင်ကြတယ်တယ်တဲ့
ငါရောလူတစ်ယောက်မဟုတ်လား
လူတွေက အဝေးကိုမင်တယ်
အနီးကိုနှင်တယ်တဲ့
ဒါဆိုရင်....
ငါကရော ။နင်ရော၊သူရော.......?
ဘယ်လိုဘဲဖြစ်ဖြစ်
တန်ဖိုးရှိတဲ့အရာကို
မမြင်ချင်ယောင်ဆောင်ဖို့
ငါ့မျက်လုံး၊နင့်မျက်လုံး၊သူ့မျက်လုံးတွေ တိမ်ဖုံးနေပြီလား
ဘနဲ့ဝနဲ့ပေါင်းမှဘ၀ဖြစ်တာပါ
ဒါပေမယ့် အချိန်ကတိုတိုလေး
တန်ဖိုးနဲ့အဆင့်အတန်းကို ဂုဏ်ရှိစွာ
မှတ်ကျောက်တင်ဖို့ ကြိုးစားနေတဲ့ငါ
မရိုးသားတာတွေပါပေမယ့်
ငါ့လိပ်ပြာ ငါသန့်တယ်
ဒါဆိုနင်ရော၊သူရော.......?
ဒီမှာလေ
ငါတော့မယုတ်မာဘူး
ငါစစ်ပွဲတစ်ခုကိုနွှဲမယ်ဆိုရင်
စစ်သည်အင်အားနဲ့ လက်နက်ပြည့်စုံတဲ့အခါ
ငါစစ်ကြေငြာတိုက်မှာပါ
ဒါဆိုနင်ရောသူရော.......?
ငါ့ကိုအမေက
လောကကြီးတထဲရောက်ရင်
ခေါင်းငြိမ့်တတ်အောင်ဘဲ သင်ထားတာမဟုတ်ဘူး
ငါလေခေါင်းလဲခါတတ်တယ်။
ငါ လမ်းဆုံးရောက်အောင်လျှောက်မယ်
ဖိနပ်ပါးရင်လဲပါးပါစေပေါ့
ငါ့ရဲ့ကလောင်က ခုတော့ အရောင်မှိန်နေမှာပါဘဲ
ဒါပေမယ့်လေ ငါလောင်စာတွေစုနေတယ်။
ငါလျှောက်တဲ့လမ်းလဲ
တွေ့လိုက်ပျောက်လိုက်နဲ့
ပန်းတိုင်ကိုတော့ မြင်နေရတယ်
ရတယ်ဟေ့
ပန်းတိုင်ကိုခြေရာခံရင်း
ဆင်ကန်းလဲတောတိုးမယ်....
မတားပါနဲ့ ၊မဟားပါနဲ့
ငါပန်းတိုင်ကိုသွားမလို့ပါ
ဟော ...ဒီနေရာမှာ ငါ မွန်းကြပ်နေပြီဟာ
ဒီကဗျာမှာလေ ငါ့မျက်ရည်တွေပါတယ်
ဒီကဗျာမှာလေ တွေဝေမှုတွေ အဆုံးသတ်တယ်
ဒီကဗျာကနေ ငါဆက်လျှောက်မယ်
ဒီကဗျာက ငါ့အတွက်လမ်းရှင်းတဲ့ဓား
ကံဆိုတာအလုပ်ပါ
ငါဆိုတဲ့လူမျိုး ကံကြောင့်လို့ထိုင်မငြီးဘူး
တစ်နေ့မှာ ငါမှငါ ဖြစ်စေရမယ်
............................
ပြုံးပျော်နိုင်ပါစေ
ရွှေရုပ်
Read article
Discuss
[1]
သံယောဇဉ်တို့ရဲ့ အခြေခံအုတ်မြစ်
Posted on 5/24/2010 by
shweyoat
``သင်တန်းတက်ခဲ့တာခြင်း တူတူပေမယ့် ပန်းချယ်ရီကိုဘာလို့ မနိုင်ကြတာလဲ ´´
ဟင်းချက်သင်ခန်းစာကိုသင်ပေးတဲ့ စာဖိုမှူးကြီးက စားပွဲံပေါ်ကဟင်းခွက်တွေ ကြည့်ရင်း သင်တန်းသားတွေကို ပြောလိုက်တယ်။ ဒါကို ပေါင်ချိန်(၁၇၀)ရှိ နာမည် အရင် သွယ်လှလှက
``မေမြို့သူမို့´´
နောက်တစ်ယောက်က
``ဦးနှောက်စပယ်ရာပတ် ဆောင်ထားလို့ နေမယ်´´
စာဖိုမှူးကြီးက ခေါင်းကိုညိမ့်ကာ ပြုံးသည်။ သင်တန်းသားတွေ အကုန်ဝိုင်းရီ့ ကြတယ်။ မရီနိုင်သူက ဂန္တ၀င်စိမ်း ။သူမ ပန်းချယ်ရီ ဆိုသည့် ကောင်မလေးကို လှည့်ကြည့်မိသည်။ ကြည့်လိုက်ရင် ယောင်္ကျားဆန်ဆန်နဲ့ ဆံပင် တိုတို ရှပ်အင်္ကျီတွေကိုဘဲ အမြဲ ၀တ်ဆင်တတ်တဲ့ ကောင်မလေး နာမည်က မလိုက်ဖက်စွား ပန်းချယ်ရီတဲ့ ။ထို့အပြင် ပန်းချယ်ရီိဆိုတဲ့ကောင်မလေးက အခုသင်တန်းမှာ အမြဲတန်း ပထမ ။ သူမနာကြည်းစွာ ကြည့်မိသည်။ ထိုအချိန်မှာဘဲ ပန်းချယ်ရီ သူမထံသို့ အကြည့်ရောက် လာပါတယ်။ ပန်းချယ်ရီကသူမကိုကြည့် နေသော ဂန္တ၀င်စိမ်းအားကြည့်မိရာ ဂန္တ၀င်စိမ်းမှ သူမကိုနာနာကြီြး့ကီး ကြည့်နေတာ တွေ့သည့်အတွက် ပထမအံ့အားသင့် သွားသော်လည်း ပြုံးပြလိုက်ပါတယ်။ သူမအပြုံးမှာ `နင်ဘာကြောင့် ဒီလိုကြည့်နေရသလဲ၊ ငါကတော့ ဘယ်သူ့မှ အနိုင်မပေးဘူး။ငါပြိုင်ရင်ငါနိုင်မှ´ ဆိုတဲ့အဓိပ္ပါယ်တွေနဲ့ ။ ဂန္တ၀င်စိမ်းကတော့ `နင်မပြုံးနိုင်တော့အောင် ငါလုပ်ပြပါဦးမယ်´ ဆိုတဲ့အကြည့်မျိုးနဲ့ ဒီအချိန်မှာဘဲ..
``ကဲကဲ ဒီဘက်လှည့် ကြပါ။ သင်တန်းကာလလဲ ကုန်ပြီ။ အဲ့တော့သင်တန်းဆင်းပေးရုံဘဲ ကျန်တယ်။ ဒါပေမယ့် အရင်အပတ်စဉ်တွေတုန်းက ဒီတိုင်းသင်တန်းပြီးသွားပေမယ့်ခုသင်တန်းမှာ အခွင့်အရေး တစ်ခုရလာတယ်။ နောက်အပတ် တနင်္ဂနွေနေ့မှာ ဒီမှာဘဲ ဟင်းချက်ပြိုင်ကြမယ်။ ပထမရမယ့်သူက နိုင်ငံခြားမှာ နောက်ဟင်းချက်သင်တန်းဆက်တက်ခွင့်ရမယ် ။ အဲ့တော့”
ပန်းချယ်ရီနဲ့ ဂန္တ၀င်စိမ်းဒုတိယအကြိမ် မျက်လုံးချင်းဆုံကြတယ်။ ကိုယ်စီအတွေးတွေကတော့
“ကြည့်ကြသေးတာပေါ့ပန်းချယ်ရီရာ””
“ငါဘဲနိုင်မှာပါ”
................................
ပန်းချယ်ရီ ဓါတ်လှေကားရှေ့အရောက်မှာ ဂန္တ၀င်စိမ်းက ပြောင်စပ်စပ်နဲ့ ဓါတ်လှေကားတံခါးကိုပိတ်လိုက်ပါ တယ်။ ပန်းချယ်ရီ အံကြိတ်ကာ အောက်ထပ်ကို ဘယ်နည်းနဲ့ ဘဲဖြစ်ဖြစ်ဂန္တ၀င်စိမ်းထပ်အရင်ရောက်ချင်မိ သွားပါတယ်။ စိတ်ထဲံမှာတော့ “အပုတ်သိုးမ အကျင့်ကိုက အပုတ်သိုးကျင့် အပုတ်သိုးကြံနဲ့ ”ဒီဓါတ်လှေကားပြန်တက်လာလဲမဆင်းချင်တော့ ။ ဂန္တ၀င် ထက်မြန်အောင် အောက်ထပ်ကိုဆင်းဖို့က တွေ့ရာပြတင်းပေါက်ကနေခုန်ချမှရမယ်။ တွေးနေတုန်းမှာဘဲ မီးပြတ်သွားခဲ့တယ်။ ကျိန်းသေပါတယ် ဂန္တ၀င် အောက်မရောက်လောက်သေးဘူး ။အတွေးနဲ့အတူ ရိုးရိုးလှေကားဘက်ကိုပြေးသွားပါတယ်။ စိတ်ထဲကတော့ “မီးမလာပါစေနဲ့ ဦး”
....................................
လှေကားကဆင်းလာတဲ့ ပန်းချယ်ရီကို သူမဓါတ်လှေကားအတွက်မှာ တွေ့လိုက်တာကြောင့် သူမမျက်ခုံးနှစ်ဖတ်ကိုဟန်ပါပါ ပင့်လိုက်ပါတယ်။ ပန်းချယ်ရီကလဲ နင်ဘာတက်နိုင်သေးလဲဆိုတဲ့ ရုပ်မျိုးနဲ့ ခပ်မော့မော့ လှမ်းကာ နှစ်ယောက်စလုံးကတော့ ဒီကအတွက် ရှေ့ဆင်ဝင်မှာ လာရပ်မယ့် ပထမTAXI ကိုဘယ်သူအရင်ရရ ဆိုတဲ့ ဦးတည်ချက်ကြီးကြီးမားမားကို ပြောင်းကာ ခြေလှမ်းတွေသွက်လာကြပါတယ်။ ပန်းချယ်ရီက အတွက် တံခါးရောက်ခါ့နီးမှ ဂန္တ၀င်အနောက်ဘက်သို့ကြည့်ကာ အကြီးအကျယ်ကိုအံ့အား သင့်သွားပါတယ်။ ပြီးတော့ ပါးစပ်ကလဲ “ဟယ်”ဆိုတဲ့အာမေဋိတ်ကို ယောင်ယောင်နန ထွက်သွားပါတယ်။ ဂန္တ၀င်လဲပန်းချယ်ရီကို ကြည့်ကာ သူမအနောက် ဘက်မှာ ဘာဖြစ်နေလဲလို့ ပြန်လှည့်တော့ TAXI နောက်ခန်းမှ ဖလိုင်းကစ် လုပ်ပြနေတဲ့ ပန်းချယ်ရီကို ကြည့်ကာ ညံ့လိုက်လေခြင်းလို့ခံစားမိပါတယ်။ TAXI ထွက်သွားတော့မှ ဒေါက်ဖိနပ်ကို ၀တ်ထားသာ ခြေထောက်ကို အားပါးတရ ခြေစောင့်ချလိုက်ပါတယ်။ ဒေါက်ဖိနပ်ကဒေါက်ချွန်ချွန်လေးက ဂန္တ၀င်စိမ်းရဲ့ မညှာတာမှုကြောင့် ကျိုးသွားတဲ့ အချိန်မှာဘဲ သူမရှေ့ကို TAXI တစ်စီးရောက်လာခဲ့ပါတယ်။
...................................
စာဖိုမှူးကြီးနဲ့ သူဌေးက အပေါ်ထပ်မှ ပန်းချယ်ရီတို့ ဂန္တ၀င်တို့ ကြည့်ကာရီလိုက်ပါတယ်။ ပြီးတော့ သူဌေးက
“ခုသူတို့နှစ်ယောက် အခြေနေက..”
စားဖိုမှူးကြီးက ပြုံးရင်း
“နှစ်ယောက်စလုံးကိုနိုင်ငံခြားလွှတ်ရမှာဘဲ ။သူတို့နှစ်ယောက်စလုံးက အရမ်းတော်ကြပါတယ်။ ပထမတစ်ယောက်က ဟင်းချက်ရာမှာ စိတ်ရှည်တယ် ။ စေတနာပါတယ်။ဒုတိယတစ်ယောက်ကတော့ ဟင်းရဲက အရသာကိုအဓိကထားပါတယ်။ သူတို့နှစ်ယောက်စလုံးအရမ်းကိုတော်ကြပါတယ်။ ”
“ဒါပေမယ့် ပထမရတဲ့သူကိုဘဲ လွှတ်မယ်လို့ပြောထားတယ်မဟုတ်လား ”
“ဟုတ်ပါတယ် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အနိုင်မခံကြပေမယ့် သူတို့ကိုတစ်ယောက်တည်းလွှတ်မယ်လို့ပြောလိုက်တဲံ့အတွက်ကြောင့် အရမ်းကြိဲးစားကြမှာပါ။ နည်းနည်းလေးတောင် မပေါ့စေချင်တဲ့အတွက် ခုလိုပြောထားတာပါ။”
သူဌေးက ခေါင်းတစ်ညိမ့်ညိမ့်လုပ်ကာ ဟိုတယ်အောက်ကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေပါတယ်။
.......................................
ပြိုင်ပွဲံနေ့မှာတော့ ပန်းချယ်ရီနဲ့ ဂန္တ၀င်စိမ်းတို့က ယုံကြည့်မှု အပြည့်နဲ့ ဟင်းလျာများကို ချက်ပြုတ်ပြင်ဆင်နေပါတယ် ။ ဒီပြိုင်ပွဲမှာထူးခြားတာက ဘာဟင်းလျှာဆိုပြီးခေါင်းစဉ်တပ်ပြီး ချက်စေခြင်းမဟုတ်ဘဲ ဒီသင်တန်းရဲ့သူဌေး ဒီဟိုတယ်ရဲ့ ပိုင်ရှင်အတွက် နေ့လည်စာ စီမံပေးရမှာဘဲ ဖြစ်ပါတယ်။ အားလုံးချက်ပြုတ်နေကြပါတယ်။ တစ်ခါတစ်ခါ ပန်းချယ်ရီနဲ့ ဂန္တ၀င်စိမ်းတို့ မျက်လုံးခြင်း စစ်ဖြစ်တဲ့ စက္ကန့်ပိုင်းလေးက လွဲရင် .......
ပြိုင်ပွဲမှာ တတိယဆုကနေစကြေငြာပါတယ်။ဒုတိယဆုကိုကြေငြာအပြီးမှာ အကုန်လုံးရင်ခုန်သွားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပန်းချယ်ရီ နဲ့ ဂန္တ၀င် တစ်ယောက်သောက်ဒုတိယချိတ်ပြီး ကျန်တစ်ယောက်က ပထမလို့ တွက်ထားကြပေးမယ့်ဒုတိယဆုကို နှစ်ယောက်စလုံးမရဘဲ သွယ်လှလှဆိုတဲ့ ဖက်တီးလေးက ရသွားတာကြောင့် ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ ပထမဆုကို ကြေငြာတော့ ပန်းချယ်ရီရော ဂန္တ၀င်စိမ်းပါ ရင်ခုန်မျှော်လင့်သည် မှန်သော်လည်း သူတို့နှစ်ဦးစလုံးက ငါသာပထမရခဲ့ရင် နောက်တစ်ယောက်ကတော့ ဆိုပြီး အားနာနေကြပါတယ်။ ဒါကြောင့် ဒီပထမဆုကိုလိုလဲလိုချင် မလိုလဲ မလိုချင်ဖြစ်လာပါတယ်။ စာဖိုမှူးကြီးကတော့ပြုံးရင်း
“ပထမဆုကိုတော့ပန်းချယ်ရီနဲ့ ဂန္တ၀င်စိမ်းက ပူးတွဲရသွားပါတယ်။ သူတို့နှစ်ယောက်ရဲ့ ကြိုးစားပုံလေးနဲ့ ရင်ထဲက ခံစားချက်လေးတွေကို ဝေမျှနားထောင်ကြစေချင်ပါတယ်။”
ပန်းချယ်ရီ ကျေကျေနပ်နပ်ကြီးပြုံးပြီး
“ကျွန်တော် ပထမဆုံး ဟင်းစီစဉ်တော့ ကျွန်တော်တို့သူဌေးရဲ့ ကျမ်းမာရေး (history)ကိုလေ့လာကြည့် တော့ သူဌေးက ဆီးချိုသွေးချိုရောဂါအပြင် နှလုံးသွေးကြောကျဉ်းရောဂါလဲ ရှိနေတာကိုသိရတော့ သူဌေးနဲ့ လိုက်ဖတ်မယ့် စားလို့ကောင်းတဲ့ ဟင်းလျာတွေကို ဦးစားပေးပြီး ချက်ပြုတ်ခဲ့တာပါ ။ကျွန်တော့် ဟင်းလျာမှာ ကျွန်တော့ ရဲ့ စေတနာတွေကိုထည့်ပြီးချက်ထားပါတယ်။ ဒါကြောင့်လဲ ကျွန်တော်ပထမဆုရတယ်လို့ ထင်ပါတယ်။ဒါပေမယ့် ကျွန်တော် ပထမဆုကိုကြေငြာမှာကို ခုနမိနစ်ပိုင်းလေးမှာ နားမထောင်ရဲသလိုဖြစ်ခဲ့ပါတယ်။ဒါကတော့ ကျွန်တ်ာပထမ မရမှာ ကြောက်လို့ မဟုတ်ဘဲ ကျွန်တော် ပထမရသွားမှာစိုးရိမ်တာကြောင့်ပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့် မသိစိတ်က ခင်တွယ်နေတဲ့ ကျွန်တော့် သူငယ်ချင်း ဂန္တ၀င်စိမ်းကိုလဲ ရစေချင်တာပါ ။ ”
ပန်ချယ်ရီ ပြောရင်း မျက်ရည်တွေ စီးကျလာပါတယ်။ စာဖိုမှူးကြီးနဲ့ တကွ သင်တန်းသားတွေ အားလုံးလက်ခုပ်တီးပြီး အားပေးကြပါတယ်။ ဂန္တ၀င်စိမ်းလဲ ဆုပေးစင်မြင့်ပေါ်ကိုပြေးတက်သွားပါတယ်။ ပြီးတော့ ပန်းချယ်ရီကို သိုင်းဖက်ကာ သူငယ်ချင်းနှစ်ယောက် မျက်ရည်တွေ ရွဲလို့ မျက်နှာလေးတွေမှာ အပြစ်တစ်စက်မှမရှိ ပီတိအပြည့်နဲ့ပေါ့။
..............................................
ဟိုတယ်ကအဆင်း ဓါတ်လှေကားကို နှစ်ယောက်သားဝင်ကာ တစ်ဦးကိုတစ်ဦး ပြုံးကာ စကားတစ်ပြောပြောနဲ့ ဒါပေမယ့် ဓါတ်လှေကားအထွက်မှာတော့ နဂိုဗီဇလေးတွေ ပြန်ပေါ်လာကာ ဆင်ဝင်ရေ့လာရပ်မယ့် ပထမဆုံးTAXI ကိုအရင်ရချင်လာကြတာကြောင့် ဟိုတယ်တံခါ့းပေါက်ကိုမပြေးရုံတစ်မယ် သွက်သွက်လျှောက်လာကြပါတယ်။နှစ်ယောက်စလုံးကလဲ တစ်ယောက်အကြောင်းတစ်ယောက်သိကာ ပြုံးစိစိနဲ့ အလျှင်အမြန်တံခါးရှေ့ရောက်မှ ပန်းချယ်ရီ ဂန္တ၀င်နောက်ကို ကြည့်ကာ အံ့အားသင့်သလိုနဲ့ ဟယ်လို့ အာမေဋိတ်ပြုလိုက်ပါသော်လဲ ဂန္တ၀င် အမြန်ပြေးထွက်ကာ ဆင်ဝင်မှ TAXIကားပေါ်ပြေးတက်လိုက်ပါတယ် ။ သူမတစ်ခါခံရပြီးပြီမဟုတ်ပါလား ။
ကားပေါ်ကနေ ပန်းချယ်ရီကို ဖလိုင်းကစ်ပေးလိုက်ပါတယ်။ ပန်းချယ်ရီလဲ ဟိုတယ်ရှေ့ကိုထွက်လာကာ ဒေါသတော့မဖြစ် အော်ရီလိုက်ပါတယ်။
သူမတို့နှစ်ယောက်ကိုကြည့်ကာ ရီလိုက်တဲ့ သူနှစ် အပေါ်ဆုံးထပ်မှာရှိနေတာ သူမတို့မသိလိုက်ကြချေ။
.......................................................................................
ပြုံးပျော်နိုင်ပါစေ ..............
ရွှေရုပ်
Read article
Add Comment
အားရားရား....အားရားရား....
Posted on 5/14/2010 by
shweyoat
အိမ်ပေါ်ထပ်သို့ ကော်ဖီတစ်ခွက် လက်ဘက်သုတ်တစ်ပွဲ ရေသန့်တစ်ဗူး
ကိုတစ်ခုချင်းတင်ပြီး နောက်ဆုံးတစ်ခေါက်မှာ မေမေသက်သက်သိမ်းထားတဲ့
ကြောင်အိမ်ထဲက ပုစွန်ခြောက်ပုလင်းကို အသာလေးဖွင့်ကာ
ပုစွန်ခြောက်လက်တစ်ဆုပ်ခိုးကာ အိမ်ပေါ်တပ်သို့ ပြေးတက်လာခဲ့ပါတယ်။ ရွှေရုပ်
ညဆို အဲ့လိုဘဲ ရိက္ခာအပြည့်နဲ့ ၀ထ္ထုနှစ်အုပ်ပြီးအောင်ဖတ်တက်တယ်။အပေါ်တပ်မှာ စာအုပ်ဖတ်ဖို့ စာအုပ်ဖွင့ိကာစမှာဘဲ ...
``သစ်ရွက်ခြောက်တို့ကြွေနွေရာသီကိုရောက်တဲ့အခါ မီးကင်းစောင့်ဖို့်ကို လူတွေ အကုန်လုံးစုခေါ်ကာ.....´´
ရွှေရုပ်စာအုပ်ကိုကိုင်ကာ အာရုံက ခုနသီချင်းဆီကိုရောက်သွားပါတယ်။ သီချင်းကိုဖွင့်ထားတာမဟုတ်ဘဲ ဆိုနေကြတာပါ တီးလုံးကတစ်ခြား ဆိုတဲ့အသံကတစ်ခြား ... ရှေ့နှစ်အိမ်ကျော်
မှာ မင်္ဂလာဆောင်ရှိတယ် ။ဒီရပ်ကွက်က မင်္ဂလာဆောင်တွေက အဲ့လိုဘဲ
။မင်္ဂလာဆောင်တော့မယ်ဆိုရင် အဲ့လိုဘဲ မင်္ဂလာမဆောင်ခင်တစ်ညမှာသီချင်းဆိုတဲ့ပိုးရှိသူတွေ ၀ိုင်းအော်ကြတယ် ။ ခုတော့ ရွှေရုပ်နဲ့လဲသိတယ် ။နှစ်အိမ်ကျော်မှာ ဆိုတော့
ပိုပြီးနားညီးတယ်ပေါ့။ ဆိုတဲ့သူကလဲ အော်ဘဲဆိုတတ်တယ်နဲံ့တူတယ်
။ငှက်ဆိုးထိုးသံတောင် သူ့ထက် သာယာနာပျော်ဖွယ်ကောင်းဦးမယ်။
စာထဲကိုပြန်စိတ်ထည့်ပေမယ့်နောက်ကောင်မလေးတစ်ယောက် ဆိုတော့ ခြံထဲံထိုင်နေတဲ့ မေမေတို့ဆီက အသံထွက်လာပါတယ် ။
``သမီးသီချင်းမဆိုချင်ဘူးလား ...သွားဆိုပါလား´´
ရွှေရုပ် စာအုပ်ကိုပိတ်ပြီးပြုံးလိုက်တယ်။ အိမ်မှာဆို အသားကုန်ဟော်ဟစ်ဆိုနေကြဆိုတော့ မေမေတို့ဖေဖေတို့က တောင်းဆိုလာကြပြီ အဲ့လိုဘဲလေ ...ရွှေရုပ်အသံက ရှယ်ဆိုမှ...ဟောကြည့်
စာဖတ်ရင်းမပြုံးရဘူးလေ.... ဒါပေမယ့်ကိုယ့်အိမ်ကိုယ့်ယာမှာ
အော်ဆိုရဲတဲ့ရွှေရုပ်ကတော့
``မေကြီးတို့ကလဲ အဲ့မှာဆိုရင် တစ်ရပ်ကွက်လုံးတောင်မကဘူး ဟိုဘက်ရပ်ကွက်ပါကြားနိုင်တယ်။´´
``ဟော ညည်းကအိမ်ကျယ်ဘဲ .....´´
ဖေဖေရဲ့ အားပေးသံက ရွှေရုပ်ကိုနိုးဆွလိုက်သလို ။
``ရွှေရုပ်က ကြောက်လို့မဟုတ်ပါဘူး ဖေကြီးတို့ အလုပ်ရှုပ်မှာစိုးလို့ပါ
။တော်ကြာရွှေရုပ်အသံကိုကြားရင် ပရိုဂျူဆာတွေဘာတွေရောက်လာ
စာချုပ်တွေဘာတွေချုပ်ဖို့ အတင်းလုပ် ဖေဖေတို့ .......´´
``ဟားဟားဟားဟား.....´´
ရွှေရုပ်ပြောလို့မပြီးသေးဘူး ဖေကြီးတို့ထရီတော့ ရှက်တောင်ရှက်တယ် ။ဒါကိုဖေကြီးကပြောသေးတယ် ။
``ညည်းဇာတ်လမ်းရေးနေတယ်များမှတ်နေလား...အောက်ဆင်းခဲ့ တစ်ပုဒ်လောက်သွားဆို ဖေကြီးဒီကနားထောင်မယ် မုန့်ဖိုးပေးမယ်လေ....´´
မုန့်ဖိုးအသံကြားလိုက်တော့ ခေါင်းကမတ်ကနဲဘဲ ... အဲ့လိုဆိုတော့လဲ သီချင်းလဲဆိုရ မုန့်ဖိုးလဲရမယ် ဂွတ်တယ် ဂွတ်တယ် ။ ရှေ့က
သီချင်းခွေအပုံလိုက်ထဲက ရွေးလိုက်တာ ထွန်းအိန္ဒြာဗိုလ် ...
``ဖေကြီးရွှေရုပ် သွားဟဲမယ် ။ အဲမုန့်ဖိုးကတော့များမှ ဖြစ်မှာနော်......´´
ရွှေရုပ် မင်္ဂလာဆောင်မယ့်အိမ်သို့ ညကြီးမိုးချုပ် သီချင်းပြေးဆိုဖို့ အထွက် မေမေက
``ဟဲ့သမီး ဓါတ်မီးမပါဘာမပါနဲ့ ...´´
``ရတယ်မေမေခြေမျက်စိပါတာဘဲ.....အင့်....´´
ပြောပြီး လှဲထားတဲ့ သစ်ပင်ကိုခုန်ကျော်လိုက်ပါတယ် ... လုက အင့်ကနဲဆို လေးဘက်ထောက်လေြး့ပုတ်ကျတယ် ။။။
``ဟဲ့ဘာဖြစ်တာတုန်း ...´´
``အခွေပြုတ်ကျလို့ကုန်ကောက်တာ ....´´
ပြောလဲပြောပြော ပြန်ထကာ ဖုတ်ဖက်ခါပြီးပြေးတော့တယ်။ မင်္ဂလာမဏ္ဍာပ်ကိုရောက်တော့ အော်ကောင်းဆဲ
တီးလုံးကတစ်ခြား ဆိုသံကတစ်ခြား... ရွှေရုပ် ထွန်းအိန္ဒြာဗိုသီချင်းခွေကို
စက်ဖွင့်တဲ့သူတွေကိုသွားပေးကာ
``အဲ့ထဲကကြိုက်တာဖွင့် .. ဒီသီချင်းပြီးရင်ဆိုမယ်´´
စက်ဖွင့်တဲ့သူတွေက ရှုံ့မဲ့ပြီးခေါင်းငြိမ့်ပြတယ်။ လူကိုကြည့်တာနဲ့
အသံကိုတန်းမှန်းနိုင်လားမသိဘူး အတတ်နိုင်ဘူး ဒီကလဲံဆိုချင်နေတာ ။ပြီးတော့
ခုဆိုနေတဲ့သူကို ပြီးရင်မိုက်ပေးဆိုတာကို အသံတိတ် ပြောပြလိုက်တယ် ။
ဆိုနေတဲ့သူကလဲ ခေါင်းငြိမ့်တယ် ။ရပ်ကွက်ထဲကလူတွေ အများကြီးဝိုင်းလာကြတယ် ။
သီချင်းနားထောင်ဖို့ရော အလှူအတွက် ကုလုပ်ဖို့ရော ။ ရွှေရုပ်လဲ
ဆိုဖို့ကလွဲရင် ။
.....
သူတို့သီချင်းစဖွင့်တော့ ဘီလူးခေါင်းလေးနဲ့ မင်းသားသီချင်း အဲ့သီချင်းအေးတော့အေးတယ် ။ဒါပေမယ့်
ဟိုနေရာကို မကြိုက်ဘူးလေ `ငါလေမြင်နိုင်ရင် နင့်ကိုပြချင်တယ်.....´
အဲ့နေရာမကြိုက်တော့ လက်နဲ့လှမ်းပြရတယ် ကျော်ဆိုတာကို ...တီလုံးအသံနဲ့ လူသံတွေနဲ့
ဘာမှမကြားရ... အဲ့တော့ နောက်တစ်ပုဒ်ကျတော့ တီလုံးကိုက စမြူးတာ
ရွှေရုပ်ကြိုက်တယ် ရွှေရုပ်အဲ့လိုမှဆိုချင်တော့ရပြီဆိုတာကို လက်နဲ့အိုကေပုံစံလုပ်ပြလိုက်တယ် ။ သူတို့က မျက်လုံးပြူးကြည့်တယ်
။အားလုံးကတိတ်ဆိတ်သွားတယ် တီလုံးပေါ်မှာဓျာန်တွေဝင်လို့
ဒီသီချင်းခက်မှန်းသိပါတယ် ။ဒါပေမယ့် မြူးတယ် အော်မယ်...
ခြေဖျားလေးနဲ့အင်ထရိုဝင်နေတာကို သံစဉ်လိုက်မိတယ်။ သီချင်းနေရာရောက်တော့
စဆိုလိုက်တာ ...ကိုယ့်အသံတောင်ကိုယ်မယုံဘူး အသံကအောအောကြီး ဒါပေမယ့်
တီးလုံးအလိုက် မြူမြူးကြွကြဆိုတော့လဲ ဆိုပျော်တာဘဲ ။
နားထောင်တဲ့သူတွေအကုန်လုံး မြူးကြွနေကြတယ် ။အချို့
ဆိုခေါင်းလေးတွေလိုက်လှုပ်လို့ ။. အဲ့တော့ ဘ၀င်က နားထင်ရောက်လာတာပေါ့။
ထွန်းအိန္ဒြာဗိုဘဲမဟုတ်ဘဲ ဘရက်ကီပါ ပါတာမို့ နောက်က
အသံတစ်သံထွက်လာပါတယ်။ဘရက်ကီဘယ်သူ ဆိုမှာလဲံ ....ရွှေရုပ်လဲ
ကိုယ့်ကိုယ်ကိုယ်လက်နဲ့ပုတ်ပြလိုက်တယ်....
ဟုတ်ပါ့မလားဆိုတဲ့အကြည့်ကိုမြင်ရတယ် ...ရွှေရုပ်ကတော့
စည်းချက်အတိုင်း..ဆိုင်ကယ်သံတွေကြားတယ် ။ ဆိုင်ကယ်နဲ့ ၀င်လာတဲ့သူတွေက
ရွှေရုပ် သီချင်းဆိုတဲ့ စည်းချက်အတိုင်းဆိုင်ကယ်နဲ့ ကလာပါတော့တယ်။
ရွှေရုပ်ကြည့်လိုက်တော့ ဟာဟ ငါဆိုတာ တကယ်ဘဲကောင်းလားဆိုပြီး စိတ်ကြီးဝင်တယ်
... ဆိုကောင်းတုန်းမှာဘဲံ သီချင်းကပြီးသွားတယ် ။
လက်ထဲကမိုက်ကိုတစ်ယောက်ယူသွားတယ် ။ ဒီလောက်ဆိုလို့ကောင်းတာကို
တကယ်တန်းများဆိုရရင် စီးရီးငါးခွေစာလောက်ကို
ရေမသောက်ဘဲဆိုလို့ရတယ်။။ဒါပေမယ့် ခုတော့လက်ထဲမှာ မိုက်မရှိတော့ ...
မထူးဘူး ဖေကြီးတို့ မုန့်ဖိုးပေးထားမယ်ပြောတယ် ... အိမ်ကိုပြန်တော့
အဲ့မှာရှိတဲ့အဒေါ်ကြီးတွေက
``ရွှေရုပ်မဆိုတော့ဘူးလား.. ရွှေရုပ်ဆိုတာကောင်းမှကောင်း ပြန်နဲ့ဦးလေ..ဆိုပါဦး..´´
အမယ်အမယ်တယ်ဟုတ်ပါလား ...ရွှေရုပ်လဲဆရာကြီးအထာနဲ့ ပြန်ကြည့်ကာပြုံးပြလိုက်ပြီး
``ဖေကြီးတို့က တစ်ပုဒ်လောက်ဆိုပေးပါဆိုလို့ ပြေးလာတာ .. ခုဆိုပြီးပြီ မုန့်ဖိုးသွားတောင်းတော့မယ် ´´
ကြည့်ကျန်ခဲ့တဲ့သူတွေက အထင်တစ်ကြီးနဲ့ ရွှေရုပ်ခြေထောက်က
မြေကြီးနဲ့ရောထိရဲ့လားမသိဘူး ရှေ့က အုတ်နီခဲနဲ့ ခြေမမိတ်ဆက်တော့မှ
ခြေထောက်နဲ့ မြေကြီးထိမှန်းသိတယ် ။အိမ်ဝရောက်တော့ သီချင်းသံကို
တိုးတိုးလေးငြီးပြီးပေါ့ ...
``ဖေကြီးရေ မုန့်ဖိုးပေး ကြားတယ်မဟုတ်လား ... တစ်ပုဒ်ဆိုပြီးပြီ...´´
``လာခဲ့စမ်း လာခဲ့စမ်း မိဘကို အရှက်ခွဲတယ် ...´´
``ဟာလွဲနေပြီ ဘာတွေ အရှက်ကွဲံလို့လဲ ....´´
``ဘာတွေ အားရားရား အားရားရားဖြစ်နေတာလဲ ...ဟင် ရှက်လိုက်တာ ဒီကြားထဲ စကားကထပြောသေးတယ် ...´´
``အယ် ...´´
ကိုယ့်ဟာကိုယ်သဘောကျနေတာ ကိုယ်ဆိုတာကလဲ အားရားရားဆိုတာမှ အကျယ်ကြီး
ဘာလို့လဲဆိုတော့ အဲ့နားဘဲကောင်းကောင်းရတယ် ...ကျန်တာရောချ
ဘရက်ကီဆိုတဲ့နေရာကို ဖေကြီးက စကားထပြောတယ်ထင်နေတယ် ...
အဲ့ဒါနဲ့ ဖေကြီးတို့ရှေု့က အမြန်ပြေးထွက်ခဲ့မိတယ် .မုန့်ဖိုးနဲ့လဲဝေးပေါ့. ။ အိမ်ပေါ်ထပ်ပြေးတက်တော့ ပါးစပ်ကထုံးစံအတိုင်း
``အားရားရား အားရားရား မောင်ဘာကိုငြင်းမလဲ....´´
``ဟဲ့ ရွှေရုပ် ....´´(ဖေဖေ့ရဲ့ အော်သံ)
``ရှင်...ဘွာတေး ဘွာတေး....´´´
ရွှေရုပ်အိပ်ယာပေါ်ကို ဒိုင်ပင်ပစ်လိုက်တယ် ။
ပြီးတော့ဖတ်လက်စစာအုပ်ကိုကိုင်တော့ အတွေးထဲမှာ အားရားရား စိုးမိုးနေတယ်
။ဖေဖေနဲ့မေမေကသာ ရှက်တယ်ပြောနေတာ ။ ဟိုမှာ၇ှိတဲ့
အဒေါ်ကြီးတွေကကောင်းလို့တဲ့ ဘယ်လိုဘဲဖြစ်ဖြစ်
ကိုယ့်အသံကိုကောင်းမှန်းသိတယ် ... မကြားပါဘူး အကျင့်က
``အားရားရား အားရားရား မောင်ဘာကိုငြင်းမလဲ...´´
``ဟဲ့ရွှေရုပ် .....´´
``အဲ.............´´
ရွှေရုပ်ပါးစပ်ကိုပိတ်လိုက်ရတယ် ဒါတောင်စိတ်ထဲက အားရားနေတုန်း.............
......................................................................
ပြုံးပျော်နိုင်ပါစေ
ရွှေရုပ်
Read article
Discuss
[2]
အပျိုကြီးတစ်ယောက်ရဲ့တန်ဖိုး
Posted on 5/11/2010 by
shweyoat
အသက်(၂၅)နှစ်ကျော်သွားရင် အပျိုကြီးတဲ့ ။ ပြောတြတာဘဲ။ ပြီးတော့
အပျိုကြီးလို့လဲ ပြောသေးတယ်။ စိတ်ဝင်တစားလဲ ရှိကြတယ်။ ယောင်္ကျားလေးဦးရေ
နည်းလာတဲ့ ရာစုနှစ်ကြီးမှာ မိန်းမတွေကို စကေးကိုက်ချရင် တစ်အချိုးသုံးတဲ့
(3 in 1)လို့လဲ ပြောကြသေးတယ်။ ဒါကယောင်္ကျားလေးတွေ ပြောတဲ့စကား ။သူတို့ရှဲု
လောဘကိုပြနေသလိုပါဘဲ။ ဒါပေမယ့် ပြောကြဆိုကြသေးတယ်။ ဒီခေတ်ကြီးမှာ
မိန်းမတွေ ရင်ထုလင်လုရမယ်ဆိုဘဲ။ ကြားနေရတဲ့စကားက အချို့ရှိသေးတယ်။
မိန်းမတွေကြိုးပမ်းတဲ့ခေတ် ။ကိုယ်ကယောင်္ကျားလေး နေတတ်မှကျေနပ်စရာဆိုတာလဲ
ရှိသေးတယ်။ ဒါပေမယ့် မိန်းကလေးတွေ အသက်(၂၅)နှစ်ကျော်လူလွတ်
၊သူတို့ပြောသလိုဆို အပျိုကြီးတွေ ကျတော့လဲ သူတို့ခင်ဗျာ
အသည်းအသန်။သီချင်းလုပ် ဆိုတဲ့သူတွေ ရှိသေးတယ်။ ဘာတဲ့
အိပ်စပယ်ရာဖြစ်ပြီးပုတ်ကုန်တော့မယ် ဟင်း...... အဲ့တိုင်းသာဆိုရင်
မိန်းမတွေက ရောင်းကုန်လား ဒင်းတို့ပြောသလိုဆို ရောင်းကုန်တောင်မှ
ပုတ်တဲ့ဟာမျိုး ။ ကြာကြာထားလေ ကွာလတီကောင်းလေ ဆိုတဲ့ ၀ိုင်လိုမျိုးကျတော့
တစ်ယောက်မှ အသံမထွက်ဘူး ။အင်းးးးးး......ဘာဘဲပြောပြော မိန်းမတွေ
အသက်(၂၅)နှစ် ကျော်မှ လှတယ်၊ တန်ဖိုးရှိတယ်၊ အိနြေ္ဒရတယ်လို့ယူဆပါတယ်။
ပန်းတွေနဲ့ မိန်းကလေးတွေကို နှိုင်းမယ်ဆိုရင် ဒီအချိန်က
အဖူးကလေးတွေ ပွင့်လာတဲ့အချိန် လောကသဘာဝတရားကို
ခေါင်းပြူကြည့်တဲ့အချိန်ပေါ့။ လောကကြီးကို စိန်ခေါ်လက်ခမောင်းထခတ်တဲ့အချိန်
ထမီတော့ခတောင်းမကျိုက်ဘူးနော်။ လက်ခမောင်းခတ်တယ်ဆိုတာနဲ့
ကိုယ့်ရဲ့စာဖတ်တဲ့သူတွေ ဘယ်ထိ ပြေးမြင်မလဲဆိုတာ သိပြီးသား ။
အဲ့တော့ဒီလိုတန်ဖိုးရှိ ဂုဏ်သရေရှိ တဲ့ အသက် (၂၅)နှစ်
ကျော်သွားပြီးဖြစ်သော အပျိုကြီး ဦးရေက ဘယ်လောက်မှ မရှိနိုင် ။
သူတို့ပြောသလိုပြောရရင် တစ်အချိုးသုံး ( အတွးမမှားနဲ့ ပရိတ်သတ်တို့ရေ)
အပျိုကြီးတွေက အနည်းဆုံး မကြိုက်သော်ရှိသုံးယောက်ထဲက တစ်ယောက်တော့ အသာလေး
ခေါင်းခေါက် ရွေးနိုင်တယ်ဆိုတာပါဘဲ။ ဒီလိုအချိန်မှာ
စဉ်းစားဆင်ခြင်နိုင်စွမ်းရှိမယ်။ တိုးတက်တဲ့လားရာကိုမြင်တယ်။
အလှမှာဆိုရင်လဲ ပြီးကောင်ပေါက်အရွယ်ကိုဖြတ်သန်းလာခဲ့တဲ့အတွက်
အားလုံးကိုဆင်ခြင်လာနိုင်ပြီး အတွေးအခေါ်ရင့်သန်တဲ့အတွက် ဒီအချိန်မှာ
အလှဆုံး အချိန်တစ်ခု ၊ဖြတ်သန်းခဲ့တဲ့ (၂၅)နှစ် ကျော်ကာလရဲ့ ထိတွေ့ ဖူးတဲ့
အတွေ့အကြုံကြောင့် ရင့်ကျက်တွေးတောနိုင်တဲ့ တည်ငြိမ်တဲ့အလှ ။ ဒီတော့
အသက်(၂၅)နှစ်ကျော် သွားရင် အပျိုကြီးတွေလို့ ပတ်ဝန်းကျင်က
မဲ့ကာရွဲ့ကာပြောနေကြပေးမယ့် အားကျခြင်းတွေ ရာနှုန်းပြည့်ပါဝင်နေတယ်ဆိုတာ
အပျိုကြီးမမတွေ ကောင်းကောင်းသိကြပါတယ်။ ဒါကြောင့် ဒီအချိန်ဟာ
အပျိုကြီးဆိုသူတွေအတွက် အလှဆုံးအချိန်ပါ။
တန်ဖိုးရှိတဲ့အချိန်ပါလို့.....ရှင်.............
.......................................................................................................ှ အသက်(၂၅)နှစ်အထက်အပျိုကြီးများအား ဤပို့စ်ဖြင့် ဂုဏ်ပြုပါ၏ (ဟိဟိ.....)
ပြုံးပျော်နိုင်ပါစေ။
ရွှေရုပ်
Read article
Discuss
[4]
ရွှေရုပ်နဲ့ နေကာမျက်မှန်
Posted on 5/11/2010 by
shweyoat
ဖေကြီးနဲ့မြို့ထဲရောက်ဖြစ်တယ်။ ဖေကြီးနေမကောင်းတော့ ဖေကြီး
အလုပ်သွားရမယ့်နောက်လိုက်ရတာဘဲ ။ ဖေကြီးနဲ့ ကိစ္စတစ်ခုကြောင့်
မဖြစ်မနေသွားရပေမယ့် အလုပ်ကိစ္စပြောတဲ့အခါကျတော့ ....
``အဲ့ဒါရက်ပြောင်းပြီးသတ်မှတ်လိုက်တယ်လေ....´´
သူတို့ပြောတာကလွယ်လိုက်တာ ။ဖေကြီးနဲ့ ရွှေရုပ်မှာတက်လာရတာ သုံးထပ် ။ ရွှေရုပ်ကသိပ်အရေးမကြီးပေမယ့် ၊ဖေကြီးသူတို့ပြောလိုက်တဲ့ စကားကြောင့် စိတ်ညစ်သွားမှာ စိုးလို့ဖေကြီးကို
ကြည့်တော့ ။ ဖေကြီးက လန်းလန်းဆန်းဆန်း ။တကယ်တန်းစိတ်ညစ်သွားတာက ရွှေရုပ် ။
ဝါသနာအရတော့ ရုံးထိုင်တဲ့ သူကိုစိတ်ကထိကအောင့်ဖြစ်အောင်တော့လုပ်ခဲ့ပါသေးတယ်
``အဲ့လိုရက်ပြောင်းသွားတာကို ဖေကြီးကလွဲပြီး အကုန်သိတယ်။ ဖေကြီးကျတော့မသိဘူး လာရတဲ့ခရီးနီးလား ´´
ဖေကြီးကို ရွှေရုပ်ကစပေးလိုက်တယ်ဆိုရင်ဘဲံ အဲ့ထိုင်နေတဲ့ပုဂ္ဂိုလ်က
မဟုတ်ပါဘူးဆရာခင်ဗျား ကျွန်တော်တို့က ဘာညာ...ဘာညာကွိကွ ကွိကွ ...အဲ့ လိုမျိုး ရှင်းပြပါတယ်
သူရှင်းတာမပြီးသေးဘူး ။ရွှေရုပ်ဖေကြီးကလိုလက်ဆွဲပြီး
ထွက်လာခဲ့ပြီဖြစ်ပါတယ်။ နေချင်သလိုနေခဲ့ဦးပေါ့ ဒီကလာရတာလွယ်တာမှတ်လို့ ...
...........
``သမီး ထမင်းသွားစားဦးမလား ...´´
ရွှေရုပ် ဖေဖေ့ကိုကြည့်လိုက်ပါသည်။ လူကိုစိန်ခေါ်တာလား ။ နောက်
ရွဲ့တာလားမသိ။ ရွှေရုပ် အိမ်က ထမင်းစားလာပါတယ်။ ထမင်းစားတာများသောကြောင့်
အိမ်ကအထွက်မှာပင် `ဖေကြီးရေ သမီးတော့ ရတော့ဘူး စားထားတာ
လည်ပင်းရောက်နေပြီ အောက်ကိုခေါင်းစိုက်လိုက်တာနဲ့ စားပြီးသမျှတွေ
မြေကြီးရဲ့ ဆွဲငင်အားကိုလွန်ဆန်နိုင်မှာမဟုတ်ဘူး ခုတောင် ခေါင်းကို
ယမ်းသွားလို့မရဘူး ။ စားထားတဲ့
ထမင်းတွေလည်ပင်းမှာဘောင်ဘင်ခတ်မှာစိုးလို့....´´
တကယ်ကိုဘဲရွှေရုပ် လည်ပင်းကိုအလိုက်သင့်ဘဲ လမ်းလျှောက်ပါတယ် ။
စောင်းခြင်းခါခြင်းမရှိအောင်ပေါ့......ဖေင်္ကြီးကိုကြည့်တော့ ပြုံးနေတယ် ..
အင်းပေါ့ သူများမစားနိုင်ပါဘူးဆိုမှသက်သက်စနေတာ.........ဒါပေမယ့်
``ဖေကြီး သမီး လက်ဘက်ရည်သောက်ချင်တယ် အိမ်ကထမင်းစားပြီးသာက်မလာခဲ့ရဘူးလေ ´´
သားဖနှစ်ယောက်လက်ဘက်ရည်ဆိုင်ရောက်တော့ ဖေကြီးကတော့ အပြင်စာဘာမှစားလို့မရ
လက်ဘက်ရည်လဲသောက်လို့မရ ဆီးချို သွေးချိုရှိနေတော့ ရွှေရုပ်နဲ့
အပြင်အစားစား စားရင် လိုက်ထိုင်ပေးတာဘဲဖြစ်ပါတယ် ။ဘေးက
ရေနွေးသောက်တယ်ပေါ့။ ဒီလိုနဲ့
``ဖေကြီးရယ် နေပြင်းလိုက်တာ သမီးတို့ နေကာတစ်လက်စီလောက် ၀ယ်ပြီး တပ်ထားမှ ဖေဖေနော်´´
ရွှေရုပ်လိုချင်တာတစ်ခု ရှိရင်
နောက်ကနော်ဆိုတာလေးတစ်လုံးပိုထည့်ပြောတတ်ပါတယ်... ဖေကြီးကတော့
ခေါင်းညိတ်တယ်... ရွှေရုပ်လက်ဘက်ရည်သောက်နေရင်းမှ
ပါမှုန့်ကြက်ဥကြော်တစ်ပွဲမှာလိုက်တယ် ...ဖေကြီးကတော့ ပြူးပြီးကြည့်နေတယ်...
တတ်နိုင်ဘူး လက်ဘက်ရည်သောက်ရင်းလက်စမသတ်ချင်တော့ဘူး ... စားပြီးမှ
ဖြစ်ချင်တာဖြစ် ဒါကြောင့်မေမေကပြောတယ် ... အိမ်ကရွှေရုပ်ကတော့
အစားနဲ့သေမှာဘဲတဲ့လေ.... အားပေးစကားဆိုတော့လဲ အားတတ်မိပါသေးတယ်။
ဆိုင်ထဲကအပြင်ထွက်လိုက်တော့
``ဖေဖေတကယ်အီလည်လည်ကြီး ဖြစ်လာပြီ နေကလဲ ပူလိုက်တာ နေကာနေကာဝယ်မှဖြစ်မယ်...´´
ဖေဖေနဲ့ရွှေရုပ် နေကာဝယ်ပို့ ရွေးလိုက်တာက လမ်းဘေးက လှည်းနဲ့ ရောင်းနေတဲ့ ကုလားလေးတစ်ယောက်ဆိုင် ...
``လေယာဉ်ကြီးနဲ့လာတာ လေယာဉ်ကြီးနဲ့လာတာ...´´
ရွှေရုပ်တို့ လှည်းလေးရဲ့ အရိပ်အောက်ထဲ ၀င်သွားတော့လှည်းပေါ်မှာပစ္စည်း
အစုံဘဲ .. မျက်မှန်ကြီးဘဲရောင်းတာမဟုတ်ဘူး လိုချင်စရာလေးတွေ
ထူးထုးဆန်းဆန်းဓါးတွေရောပေါ့...
``ဘာလိုချင်လဲ ဘာလိုချင်လဲ လိုချင်တာအကုန်ရှိတယ် ... လာမမ ဘာဝယ်မလဲ ... လေယာဉ်ကြီးနဲ့လာတာ လေယာဉ်ကြီးနဲ့လာတာ.....´´
ရွှေရုပ်ကိုကြည့်ပြီးပြောလိုက်တာကြောင့်
``နင့်ဆိုင်က ပစ္စည်းတွေ ဆိုက်ကားနဲ့မလာမှန်းသိတယ်.... ´´
``ခင်ဗျာ....´´
``ငါတို့မျက်မှန်ဝယ်မလို့ ဖေကြီးပြောလိုက်တယ်ဆိုရင်ဘဲ ဈေးရောင်းတဲ့
ကုလားလေး သွက်လက်စွာလှုပ်ရှားလိုက်တော့ ဖေကြီး
ရဲ့မျက်နှာပေါ်မှာနေကာတစ်လက်ရောက်လာပါတယ်.. ဖေကြီးက ရွှေရုပ်ကိုကြည့်ရင်း
``သမီးဖေကြီးနဲ့လိုက်လားး´`
ရုတ်တရက် ပါးစပ်ကထွက်သွားတာတော့
``ဖေကြီးကာတွန်းထဲက ငတတ်ပြားနဲ့တူတယ် ...ဟီးဟီး မျက်မှန်ကအမဲကြီးနဲ့´´
ဖေကြီးရွှေရုပ်ပြောပြီးပြီးခြင်း မျက်မှန်ကိုချွတ်ပြီးသားဖြစ်နေပါတယ်...အဲ့ဒါကို အဲ့ရောင်းတဲ့ကုလားလေးက
``မမကလဲ အန်ကယ်ကြီးနဲ့လိုက်တဲ့ဟာကို .... တကယ်လိုက်တာ အန်ကယ်ကြီးက ...´´
ဖေကြီးကိုလဲ လှည့်ပြောလိုက်သေးတယ်။ ´´
``ငါ့အဖေကို ရေသဘင်တစ်လက်ရှာပေး ။ ဖေကြီး သမီးနဲ့ ဒီမျက်မှန်လိုက်လား ...´´
``အင်းသမီး ကိုရီးယားထဲက လူဆိုးနဲ့တူတယ်..´´
အဲ့လိုအားပေးတော့လဲ ရွှေရုပ်မျက်မှန်ဆွဲချွတ်ပြီးသား အဲ့လိုနဲ့ရွေးလိုက်တာ
ရွှေရုပ်နဲ့ ဖေကြီး ကြိုက်တဲ့ မျက်မှန်တစ်လက်စီရပါတော့တယ် ။ ဈေူးမေးတော့
အားပါးပါး နည်းတဲ့ ဂဏန်းလား လက်မကြီးကနည်းတာမဟုတ်ဘူး အဲလေ
..ဈေးကမနည်းဘူး ဘယ်ရမလဲနော် စစ်တာပေါ့ စစ်မှစစ်ပေါ့
``နင်ဖောက်သည်ဖြစ်မှာနော် ။ ငါပြောတဲ့ဈေးဘဲထားလိုက် ...နင်ငါ့ကိုမမြင်ဖူးဘူးလား ´
``ဟင် မြင်ဖူးပါဘူး.....´´
ဈေးရောင်းတဲ့ကုလားလေးက ယောင်အအ ပြန်ဖြေတယ်....
``ညံ့လိုက်တာဟယ် နင့်ဆိုင်ရှေ့က ငါဖြတ်လျှောက်လာတာ ကိုးရာကိုးဆယ့်ကိုးခါနဲ့ တစ်ဝက်ရှိပြီ ...´´
``အယ် ဘယ်လိုတစ်ဝက်ကပါလာတာလဲ ...´´
``အဲ့တစ်ဝက်က ငါ နင့်ဆိုင်ရှေ့လဲရောက်ရော ဟိုဘက်မှာ ပစ္စည်းကျန်ခဲ့လို့ ပြန်လှည့်တာလေ....´`
``ဟီးဟီး....အမကပျော်တတ်တယ်နော် ဘယ်မှာနေတာလဲ....´`
ဖေကြီးက မျက်မှန်ပေါ်ကနေ ကုလားလေးကိုကျော်ကြည့်တယ်... ရွှေရုပ်ကတော့ ထုံးစံအတိုင်း
``အိမ်မှာနေတယ်......´´
``ဟီးဟီး.....´´
``ဟီးဟီးလုပ်မနေနဲ့ ငါပြောတဲ့ဈေးနဲ့ရောင်းမှာလား မိတ်ဖြစ်ဆွေဖြစ်ပေါ့...´´
``အမကတစ်ဝက်တောင်မကဘူး.....´´
ဒါတော့ပြန်ပြောတတ်သား ဖေကြီးကတော့ သူ့သမီးဘယ်လိုစစ်လဲဆိုတာဘဲ
ပြုံးပြီးကြည့်နေတယ် ``နင့်ဟာလေယာဉ်ပျံကြီးနဲ့လာပြီး
နင်ကပေါချောင်ကောင်းရထားတာလေ ..ငါတစ်ဝက်စစ်ပြီးဝယ်တဲ့ဈေးတောင်
နင်တစ်ဝက်မြတ်ပြီးသား မဟုတ်ဘူးလား ...´´
``ဟုတ်တယ်လေ အာာာာာာာ ဟုတ်ပါဘူး..... ´
``ဟီးဟီး......´´
ဒီတစ်ခါတော့ဖေကြီးရီလိုက်တာ ဖြစ်ပါတယ်....နေကာကမ၀ယ်လို့မဖြစ်တော့ နေက
တော်တော်ပူနေတာ ...မထွက်ဖြစ်လို့တာလမ်းထွက်ရပေမယ့်
ကွန်ပြူတာရှေု့ထိုင်ပြီဇာတ်လမ်းရေးတဲ့ အလုပ်လောက် ဘယ်အလုပ်ကိုမှ သဘောမကျ
နေပူနေလို့လေ.......
``ယူသွားဗျာ အမရာ ... ´´
ကုလားလေးစိတ်ညစ်ပြီထင်တယ် ...
ရွှေရုပ်နဲ့ဖေကြီးနေကာတစ်ယောက်တစ်လက်တပ်ကြည့်တယ် နောက်တော့ သူ့ဆိုင်က
သော့တွဲလှလှလေးတွေကို မျက်စိရောက်တော့ လက်ဝါးတစ်ဝက်လောက်ရှိတဲ့
ခရမ်းသီးလေး တင်ထားတယ် တော်တော်လှတယ် ခရမ်းသီးနဲ့တော်တော်တူတယ် ...ဒါနဲ့
``ဒါကသော့ချိတ်လား ..´´
``ဟုတ်တယ်အမရ ခရမ်းသီးသော့ချိတ်လေ ...´´
``အေးနော် လှသားဘဲ ...ချစ်စရာလေး``
``အမလိုချင်လို့လား သူများကိုတစ်ထောင်ရောင်းတာအမငါးရာဘဲပေး ...´´
``ဒီသေးသေးလေးကိုငါးရာ ယူဘူး ...´´
``ဟုတ်ဘူးလေ ညစ်ကြည့်အသံမြည်တယ် ...´´
ဟုတ်ပါရဲ့ အသံထွက်လာတယ် ရာဘာနဲ့လှအောင်လုပ်ထားတဲ့သော့ချိတ်လေးပါ ..ဒါပေမယ့်
``ယူဘုးဟာ ခရမ်းသီးအစစ်တောင် အပြင်မှာ သုံးလုံးတစ်ရာလောက်ဘဲရှိတာ
...ပြီးတော့ ဒီကအတုကြီး ချက်စားလို့လဲမရဘူး ဒါဘဲဖေကြီးသွားရအောင်......´´
ကုလားလေးပါးစပ်အဟောင်းသားကျန်ခဲ့ပါတယ်။ ဒါပေမယ့် ရွှေရုပ်တို့ အဲ့ဆိုင်လေးရဲ့ အပြင်ကိုရပ်လိုက်တယ်ဆိုရင်ဘဲ ...
``ဟာ......´`
ရန်ကုန်မြို့ကြီးတစ်မြို့လုံး မိုးအုံ့သွားပါတော့တယ်
.........မိုးအုံ့တော့ မဲနေကာ ရွှေရုပ်တို့ သားအဖနေကာမျက်မှန်ကြီးနဲ့
လမ်းလျှောက်နေရင်းဖေကြီးက
``ဟားဟား သမီး ညည်းနေကာမျက်မှန်ဝယ်လို့ မိုးအုံ့တာ ချွတ်ထားတော့ ဒီတိုင်းသွားမယ် နေလဲရိပ်နေတာဘဲ ...´`
ပြောလဲပြောဖေကြီး ကချွတ်လိုက်ပါတယ် ... `
``မချွတ်ပါနဲ့ဖေကြီးကလဲ လှတယ် ...ထားလိုက် ဒီတိုင်းသွားရအောင်....´´
ဖေကြီးက တဟားဟားနဲ့ရီရင်း ရွှေရုပ်ကိုတိုးတိုးကပ်ပြောပါတယ်
``သမီး ညည်းလမ်းလျှောက်တာ ယိုင်တိုင်တိုင်နဲ့
ရှေ့ကဈေးသည်ကိုတက်နင်းမိမယ်နော် မိုးကအုံ့အုံ့နဲ့နေကာမျက်မှန်ကြီးနဲ့
မြင်ရောမြင်ရရဲ့လား...´´
``ဟီးဟီးဖေကြီးကလဲ.....´´
တကယ်လဲ ရွှေရုပ် လျှောက်ပါတယ် တစ်ခါမှမျက်မှန်မတပ်ဖူးသောကြောင့်နားခေါင်းက
တစ်ခုခုကိုကျောပိုးထားသလိုလဲ ခံစားရပါသေးတယ် .... ဒါပေမယ့်
မျက်မှန်တော့မချွတ်မိ ကားပေါ်တက်တော့မှ အမြင့်ကိုခြေလှမ်းတက်တာဘဲ ဘယ်လို
ကားရဲ့လှေကားနဲ့ချိတ်မိမှန်းမသိ ၀ုန်းဆိုဘဲ ဒါပေမယ့်
တရုတ်သိုင်းကားတွေကြည့်ထားတော့ မလဲသွား လူတော့တော်တော်နာသွားတယ်
ကားပေါ်ကလူတွေ အများကြီး ရွှေရုပ်လဲ ရှက်နေတော့ မနာချင်ယောင်ဆောင်ပြီး
ဖေကြီးဘေးနားသွားထိုင်လိုက်တယ် .......... ဖေကြီးကတော့
``သမီး နာတယ်မဟုတ်လား ဟားဟား...´´
``နာတယ်ဖေကြီး ဟီးဟီး.....´´
``မျက်မှန်ချွတ်လိုက်တော့ ..ကားပေါ်ရောက်နေပြီ...´´
ရွှေရုပ်ဖေကြီးကိုရီပြလိုက်ပါတယ်။။ နေနှင့်ဦး ဒီမျက်မှန်အိမ်ထိရောက်အောင်ဝတ်သွားမယ် ...
ကားပေါ်ကလူတွေကတော့ မျက်မှန်ကြီးတပ်ပြီးမမြင်ဘူးဆို ကြိတ်ရီနေကျမှာဘဲ ...ရီပါစေပေါ့ ဂရုစိုက်လို့ ဒီမျက်မှန် လုံးဝမချွတ်ဘူုးးးးး
................................................
ပြုံးပျော်နိုင်ပါစေ
ရွှေရုပ်....
Read article
Add Comment
←
later
http://vzochat.com/en/blog/shweyoat/page/1
CTRL
earlier →
http://vzochat.com/en/blog/shweyoat/page/3