တန်ဖိုးရှိသောမိန်းကလေး

Posted on 6/23/2009 by shweyoat

မိန်းကလေးများကို အားလုံးက ပန်းကလေးများလို့တင်စားကြတယ်...မိန်းကလေးတွေကပန်းကလေးတွေလိုလှကြလို့ပေါ့...

မိန်းကလေးတွေတန်ဖိုးကို ဘာပေတံနဲ့တိုင်းလဲ ဆိုတော့ စိတ်ထားပေါ့..ပြီးတော့ သိက္ခာတရားပေါ့..

မိန်းမကောင်းပီသတယ်ဆိုတာ ပါးစပ်ကိုလက်လေးနဲ့ပိတ်ပြီးလှုပ်လီလှုပ်လဲ့ရီတာကိုမဆိုလိုတော့ပါဘူး..

ပြီးတော့ ဟားတိုက်ပြီးအမြဲတမ်းဟီလာထနေတာလဲမဟုတ်ဘူး ရီချင်ရင်ရဲရဲဝင့်ဝင့်ရီလိုက်လို့ရတယ်..

ဒါတွေဟာ မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးနဲ့ဘာမှမဆိုင်ပါဘူး...အရာရာကိုရှက်ကြောက်နေဖို့လဲ

မလိုပါဘူး အရာအားလုံးမှာ ထက်ထက်မြက်မြက်ရှိစေချင်တယ်..မိန်းကလေးဖြစ်ပြီယောင်္ကျားလေးရဲ့

နောက်ကလိုက်ပြီး သူပြောသမျှလိုက်လုပ်နေတာလဲ တန်ဖိုးလို့မထင်ဘူး အရာအားလုံးကိုကိုယ်ပိုင်

ဥာဏ်နဲ့ လဲ စဉ်းစားနိုင်ရမယ်..ဘယ်ဟာကတော့မှားနေတယ် ဘယ်ဟာမှန်နေတယ်ပေါ့...ပြီးတော့

စိတ်ထားကိုလဲရှင်းလင်းနေအောင်ထားရမယ်... မိန်းကလေးတစ်ယောက်အရမ်းအလှတွေပြင်ပြီး

စိတ်ထားမရှင်းရင် အဲ့မိန်းကလေးကမလှဘူး   ပြောမယ်ဆိုပြည့်စုံအောင်မလှဘူးပေါ့ ...မိန်ကလေးတစ်ယောက်ရဲ့တန်ဖိုးဟာသူ့ရဲ့ အလှပေါ်မှာလဲမှုတည်တယ်..စိတ်ထာလေးရှင်းပြီး

မိန်းမကောင်းအရည်အချင်းရှိမယ်ဆိုရင် ဒီမိန်းကလေးတော်တော်တန်ဖိုးရှိတယ်လို့ပြောရမယ်..

စိတ်ကိုရှင်းထားတက်ရတယ်...အဲ့လိုတယ်လို့ပြောတာတော်တော်ခက်ခဲပါတယ်..လူတွေမှာ စိတ်ဒုက္ခတွေတော်တော်များမျာရှိတယ်..အားလုံးပြည့်စုံတယ်ဆိုတာမရှိသလောက်ပါဘဲ..ဒါပေမယ့် လောဘကိုမေ့ထားတက်ရတယ်.. သောကကိုလဲဖျောက်တက်ရတယ်..  ဒါပေမယ့် ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုတော့မပျောက်စေနဲ့ပေါ့... ပြီးတော့ ကိုယ့်ကိုကိုယ်တန်ဖိုးရှိတဲ့မိန်းကလေးလို့

စိတ်ထဲမှာသတ်မှတ်ထားနိုင်ရမယ်..အဲ့လိုသတ်မှတ်လိုက်နိုင်တာနဲ့ အဲ့ဒီမိန်းကလေးဟာတန်ဖိုးတော်တော်ရှိသွားပြီပေါ့...ပြီးတော့သိက္ခာတရားကိုတော်တော်ဂရုစိုက်ရမယ်

မြန်မာနိုင်ငံကမိန်းကလေးတွေဖြစ်နေတဲ့အတွက် မြန်မာဓလေ့စရိုက်နဲ့ညီအောင်နေသင့်ပါတယ်..

လမ်းလျှောက်ရင်ဆင်မယဉ်သာလှမ်းပြီးမခို့တရို့ပြုံးတာကိုပြောတာမဟုတ်ဘူးနော်..သဘောပေါက်

လွဲမှာစိုးလို့ပြောတာပါ ...ဒါတွေကတော့ရွှေရုပ်ဘလောက်ထဲကိုဝင်ဖတ်တဲ့မိန်းကလေးတွေအတွက်

လက်ဆောင်ပေါ့...စိတ်ထားလေးရှင်းလှပြီးတန်ဖိုးရှိတဲ့မိန်းကလေးများဖြစ်နိုင်ကြပါစေ............

                                                               ရွှေရုပ်Wink

Discussion

ိုးချစ်သူ on 6/23/2009 says:

ကျေးဇူးတင်ပါတယ်ရှင်....................နောက်လဲရေးပေးနော်

 

sumonwin09 on 6/25/2009 says:

တန်ဖိုး?

sumonwin09 on 6/25/2009 says:
shweyoat on 6/25/2009 says:

နားမလည်ရင်နောက်တစ်ခေါက်ပြန်ဖတ်ပါ.......

dno on 6/26/2009 says:

ရေးတာကြိုက်လို့ ကူးယူဖော်ပြခွင့်ပြုပါ

shweyoat on 6/26/2009 says:

ဟုတ်ကဲ့ပါ ရပါတယ်ရှင်

dno on 6/29/2009 says:

http://tunlinaung.yolasite.com/essay.php ဒီမှာ ထည့်ထားပါတယ်

shweyoat on 6/29/2009 says:

ဟုတ်ကဲ့ပါ

theinhtike07 on 7/4/2009 says:

ကူးသွားပြီဗျာ အကုန်လုံးကို... RazzRazzRazz

monmyatmaung3 on 7/4/2009 says:

ေ၇းထားတာအ၇မ်းကောင်းတယ် နောင်လဲစာကောင်းကောင်းလေးတွေ အမြဲေ၇းနိုင်ပါစေ

Thandar8190 on 7/5/2009 says:

မမေ၇းတာတွေအကုန်လုံးလက်ခံပါတယ်။

UFOAKS on 7/10/2009 says:

min  low main ka lay tin thit par say 

moenyathawtar on 7/12/2009 says:

ArrowArrowalway clear phyit tae soul ko twae yin pya par lar

min pyaw tar half pae mhan mal htin tal

girl so tar alway boy naut mhar par pae

bal nay yar thar loz lae

hote BOO lar

IdeaIdeaIdeaIdeaIdeaIdeaIdeaIdeaIdeaIdeaIdea

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← မင်းခွဲသွားတဲ့နေ့   Return to blog   စိတ် →
© 2006-2012 Free Video Chat VZOchat! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.