မင်းခွဲသွားတဲ့နေ့
Posted on 6/23/2009 by
shweyoat
အရာအားလုံးအသက်မဲ့သွားခဲ့..
မင်းခွဲသွားရက်ပြီလေ..
အခြေနေအားလုံးဝေးဖို့ဖြစ်လာတော့
ဆွေးမယ့်ကိုယ့်စိတ်လေးတွေအတွက်
ဖြေသိမ့်နိုင်မယ့်ဆေးတစ်ခွက်က
အချိန်ကာလတစ်ခုတဲ့
ရင်ကိုဆုပ်ကိုင်လို့ကျန်နေခဲ့ပေမယ့်
မင်းပေးသွားတဲ့ ဒဏ်ရာအတွက်
ကြံရာမရခဲ့ဘဲ ဟန်မဆောင်နိုင်စွာ
ငိုနေရတယ်............................
ရွှေရုပ်(တကယ်ခံစားနေရတယ်)