အနှစ်မပါ သစ္စာစကားတွေ
Posted on 8/3/2011 by
prettygloria
Tags: အနှစ်မပါ သစ္စာစကားတွေ
သြော်................ အနှစ်မပါ သစ္စာစကားတွေနဲ့
အချစ်ညာ ပစ်ခွာသွားသူရဲ့
ပျားသကာ ချိုသာစကားတွေလည်း
အမှားရှာ တမာလို ခါးပါပေါ့
မင်းခွဲသွားတဲ့ ငါ့အသည်းမှာ
တနင့်ဒဏ်၇ာ အနာပြင်းပေမဲ့
အမြင့်စံမှာ မင်းမော်ကာ ပျော်ပါစေလို့
တော်ရာနေ တိတ်တိတ် ပြုံးပါမယ်
(အချစ်ရယ်)
မုန်းပေါ့အမြဲ။
Read article
Discuss
[6]
အချစ်သည်။
Posted on 8/3/2011 by
prettygloria
Tags: အချစ်သည်။
စာရွက်ပေါ်က အက္ခရာ
ဖျက်စရာခဲဖျက်ရှိသော်ငြား
နှလုံးသားထက်က အက္ခရာ
ဖျက်ပါရင် အသည်းအက်မှာမို့
စွဲမက်ဘူးကိုယ့်အဖြစ်က
ဖုံးချစ်မိမှား။
Read article
Add Comment
ချစ်သူရေ
Posted on 6/25/2011 by
prettygloria
Tags: ချစ်သူရေ
မင်းစိတ်ဓါတ်ကျနေတဲ့အချိန်တိုင်း
အနားကအားပေးတဲ့သူဖြစ်ချင်တယ်
မင်းပျော်ရွှင်နေတဲ့အချိန်တိုင်း
အဝေးကနေငေးကြည့်ချင်ခဲ့တယ်
မင်းစိတ်ညစ်နေတဲ့အချိန်တိုင်း
အနားကဖေးမပေးတဲ့သူ ဖြစ်ချင်တယ်
Read article
Discuss
[4]
Name
Posted on 6/23/2011 by
prettygloria
Tags: name
ရင်ခုန်စရာပန်းပွင့်တွေ
သယ်လာပေးတဲ့သူဟာ
ချစ်သူဆိုရင်
နှလုံးသားနုနုကို
လှီးဖြတ်မဲ့ဓါးသွားတွေ
သယ်လာတဲ့သူကိုရော....
ဘယ်လိုခေါ်မလဲဟင်
Read article
Add Comment
ဝေး.....ဆွေး........ရင်း........ငေး………
Posted on 5/28/2011 by
prettygloria
Tags: ဝေးဆွေးရင်းငေး………
ဝေးဆွေးရင်းငေး……….နေရတဲ့
ဝေးးးးးးးးးးးးးးးးးးးးး
တစ်နေရာဆီဝေးခဲ့ရပေမယ့်
မြဲမြံနေတဲလက်တစ်စုံတော့
ငါ့အတွက် ထားပေးထားပါ ချစ်သူ
ဆွေးးးးးးးးးးးးးးးးးးးးး
တစ်နေ၀င်တစ်နေထွက် ဆွေးခဲ့ရပေမယ့်
သတိရခြင်း စိတ်တစ်စုံတော့
ငါ့အတွက်တားပေးထားပါ ချစ်သူ
ရင်းးးးးးးးးးးးးးးးးးးးးးး
နင့်အတွက် ရင်းနှီးမှုတွေများခဲ့ပေမယ့်
ငါ့မငြိုငြင်ခဲ့မှုအတွက်
စောင့်ဆိုင်းနေခွင့်လေးတော့
ငါ့အတွက်ထားပေးထားပါ ချစ်သူ
ငေးးးးးးးးးးးးးးးးးးးးးးးးး
လမ်းဟောင်းလေးကို ငေးမောရင်း
နင်ပြန်လာမယ့်နေ့ကလေးကို စောင့်ဆိုင်းနေမှုအတွက်
ပြန်လည်နီးစပ်ခွင့်လေး တစ်ရက်လောက်တော့
ငါ့အတွက်ထားပေးထားပါ ချစ်သူ
နောက်ဆုံးတော့
တွေးးးးးး
ဆွေးးးး
ရင်းးးး
ငေးး
နေရတာ
Read article
Add Comment
တခါတလေ
Posted on 5/28/2011 by
prettygloria
Tags: တခါတလေ
တခါတလေ ပျော်စေပြီ..
တခါတလေ ငိုစေတယ်...
တခါတလေ ကြင်နာပြီး..
တခါတလေ နာကြင်စေတယ်..
တခါတလေ နွေးထွေးပြီး..
တခါတလေ အေးစက်နေတက်တယ်..
တခါတလေ ကြည်နူးစေပြီး..
တခါတလေ ၀မ်းနည်းစေတယ်..
တခါတလေတွေနဲ့
ပြောင်းလဲတက်တဲ့ချစ်သူကို
မပြောင်းလည်းတက်တဲ့
ငါ့ရဲ့ချစ်ခြင်းမေတ္တာတွေ
အပြီးပေးခဲ့တာပါ
တန်ဖိုးမကြီးပေမယ့်...
အဖိုးဖြတ်လို့မ၇တဲ့
ငါ့ရဲ့အချစ်တွေက....
ချစ်သူရေ ...တခါတလေမဟုတ်ဘူးနော်.....
Read article
Discuss
[2]
ရင်နာတယ်
Posted on 5/28/2011 by
prettygloria
Tags: ရင်နာတယ်
ပြတိုက်သွင်းခံရတဲ့ ပုံရိပ်အချို့ အတွက်
ငါ့ကို ငါ လိပ်ပြာမလုံခဲ့တဲ့ အကြောင်း
မိုးဦးရဲ့ တီးတိုးရေရွတ်မှုကို
ကြောက်လန့် တကြား နားစိုက်မိတဲ့အခါ
ငါဟာ သစ်ရွက်အိုဖြစ်နေခဲ့တဲ့အကြောင်း
အရာအားလုံးကို အတိတ်ထဲမှာ
ထုပ်သိမ်းပြီးတဲ့နောက်
နေ၀င်ချိန်တွေကို ငေးမောရတာ
ဝီစကီ တစ်ခွက်သောက်ရသလို
မိုးတွေ ညှို့ လိုက်ရင်
တိတ်ဆိတ်သွားတဲ့ စိတ်ကလေးကို
အသေအချာ စောင့်ကြည့်ရင်း
ဖြစ်သင့် ဖြစ်ထိုက်တဲ့ လောကဓံဟာ
ကိုယ့်ကို ကိုယ် ရာထူးတိုး
ဒီရနံ့ တွေရရင်
ဒီရင်ဘတ်က
နာကျင်တာဟာ
သစ္စာတရားပါ..။
Read article
Add Comment
ထိုကြောင့်
Posted on 5/28/2011 by
prettygloria
Tags: ထိုကြောင့်
ခဏတာ စွဲလမ်းမှုဖြစ်သည်ကို အကြိုက်ဟုခေါ်ပြီး
တစ်ဘ၀တာမခွဲတမ်း ရူးမိသည်ကို အချစ်ဟုခေါ်သည် ..
အကြိုက်တွင် အပြုံးများသာရှိပြီး
အချစ်တွင် နှလုံးသားသာရှိသည်
Read article
Add Comment
ဖြေပေးပါ
Posted on 5/28/2011 by
prettygloria
Tags: ဖြေပေးပါ
ဟူစိမ်လဲ..ရှောင်ပုန်းတာတော်တယ်..
ဘင်လာဒင်လဲ..ရှောင်ပုန်းတာတော်တယ်...
ငါ့ချစ်သူလဲရှောင်ပုန်းတာတော်တယ်..
.အခု..
ဟူစိမ်လဲသေပြီ...
ဘင်လာဒင်လဲသေပြီ...
ချစ်သူရေ....
နင်ရော.....
အခြေနေကောင်းရဲ့လား?
Read article
Discuss
[3]
အချစ်ဆုံးသို့
Posted on 4/24/2011 by
prettygloria
Tags: အချစ်ဆုံးသို့
လွမ်းတယ်(အနေဝေးရင်)...
ပိုင်ဆိုင်ချင်တယ်(တစ်ဘ၀စာ)...
အရမ်းချစ်မယ်(တစ်သက်လုံး)...
သတိရတယ်(မတွေ့ ရတဲ့ အခါ)...
အတူဆုံချင်တယ်(ဘ၀ဆက်တိုင်း)
ကြင်နာချင်တယ်(ဖြူစင်စွာ)...
ထိုင်ကြည့် ချင်တယ်(၂၄နာရီ)...
စိတ်ချချင်တယ်(အနားမရှိရင်)....

Read article
Discuss
[2]
←
later
http://vzochat.com/en/blog/prettygloria/page/1
CTRL
earlier →
http://vzochat.com/en/blog/prettygloria/page/3