လမင်း နဲ့ ကြယ်စင်.....၂..။

Posted on 7/6/2009 by nyikyalsin369

လောကတခွင်  အလှဆင်လို့  အလင်းဖြာတဲ့ အေးရိပ်ပေးစွမ်း လရိပ်ဖြန်းမှ လှပမယ့် ဒီလောကကြီးအတွက်ကြယ်စင်လေးတွေမစွမ်းဆောင်နိုင်ပေမယ့်  လမင်းအတွက်  တတ်စွမ်းသရွေ့  ဖြည့်ဆည်းပေးခွင့်ရခဲ့တယ် ဆိုရင်  ကြယ်စင်လေးတွေကြွေစမ်းပါစေ....  ကြယ်အလင်းရဲ့တန်ဖိုးကို  လမင်းကတော့  သိမှာပါလေ...။လောကအကျိုးအတွက် သယ်ပိုးတဲ့ လမင်းအတွက် ကြယ်စင်ပေးတဲ့  အလင်းဆိုတာ စာမဖွဲ့လောက်ပါဘူး..။ ဘ၀အဆက်ဆက်  ကြွေစမ်းပါစေ  ကြယ်ကလေးရဲ့  ရင်ထဲမှာကျေနပ်နေပါတယ်..။ ကြယ်စင်တွေငိုတဲ့ခဏ  တိမ်ညိုတွေဖုံးတော့  လမင်း မျက်နှာညှိုးတဲ့အခါ ကြယ်စင်တွေရဲံရင်ထဲမှာ လမင့်းကိုချစ်တဲ့အချစ်ကတော့  ပျောက်မသွားဘူးလေ..။ဒါကြောင့်  လမင်း နဲ့ကြယ်စင်အလင်းယှဉ်လို့  လမင်းရဲ့အလင်းလောက် မတောက်ပနိုင်ပေမယ့် သူတတ်စွမ်းသလောက်    အလင်းရောင်ပေးတဲ့ ကြယ်စင်ဆိုတာ လမင်းနဲ့ လက်တကမ်းမှာ အမြဲရှိနေပါတယ်..။လကွယ်ဆိုတဲ့  လမင်းအိပ်စက်နေချိန်မှာတောင်ကြယ်စင်လေးကတော့

သူ့အလင်းကိုပေးမြဲပေးနေမှာပဲလေ...။လမင်းအတွက် အလင်းပေးဆပ် လိုအပ်နေသမျှ  “ကြယ်စင်”ဘက်က အမြဲအသင့်ရှိနေပါတယ်..။ချစ်သူက“  လမင်း ”ဆိုရင် ငါ..က “ကြယ်စင”်ကလေးပေါ့..။။

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← လမင်း နဲ့ ကြယ်စင်.....၁..။   Return to blog   ကြယ်ပုံပြင်.....(ကြယ်တပွင့်၏ … →
© 2006-2012 Free Video Chat VZOchat! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.