သူတော်ကောင်း သူ ယုတ်မာ
Posted on 8/25/2009 by nyeinmahaw08
ခုခေတ် မှာ သူတော်ကောင်း သူယုတ်မာ ဆို တာဘယ်လို ခွဲခြား ရမလဲ ဆို  လူငယ်တွေ တွက်ခက်ခဲ ပါတယ်မိတ်ဆွေစစ်  မိတ်ဆွေ ကောင်း   မိတ်ဆွေယုတ်ဆိုတာ ဘယ်လို ခွဲခြား ရမယ်တာ သိထားဖို့ တွက် ဗုဒ္ဓ ဘုရား ဟောကြား ခဲ့ တယ် သူတော်ကောင်းဆိုတာဘယ်လို သူယုတ်မာ ဆိုတာဘယ်လို ဆို တာကို သိထားသင့်ပါတယ် ......
ခုခေတ်မှာ သူတော်ကောင်းရောင်ဆောင်တာတွေ ကလည်းများသား ပြီးတော့လောကမှာ ရခဲ တဲ့ ရတနာတွေလိုပဲ သူတော်ကောင်းမိတ်ဆွေ စစ်ဆို တာကိုသိဖို့ လဲ အင်မတန်ခက်ခဲပါတယ်။
လောက မှာ မိတ်ဆွေ စစ်  သူတော်ကောင်းနဲ့ တွေ့  ရ
ဖို့ ကလဲခက်ခဲ ရခဲ ပါတယ်  ။
ကျောက်တိုင်းက လဲကျောက်ကောင်းမဟုတ်ပါဘူး
 လူငယ်တွေ အနေနဲ့   သူတော်ကောင်း အင်္ဂါ သုံးပါး
နဲ့ သူယုတ်မာ အင်္ဂင်္ါ သုံး ပါး ကို ရော သူတော်ကောင်း လို့ သိကြောင်း လက္ခဏာ နဲ့  သူယုတ်မာလို့ သိကြောင်း လက္ခဏာ တွေ ကို သိထားသင့်တယ်...
သူတော်ကောင်း မိတ်ဆွေ ကောင်းလက္ခဏာ
သုံး ပါး က တော့
(၁) သူတော်ကောင်းဟာ ကုသိုလ်ဖြစ် ကြောင်း ကောင်းမှုကိုသာ ကြံစည်တယ်
(၂) စကားပြောတဲ့အခါ မှာလဲ အပြစ်ကင်းတဲ့ စကား ၊ကုသိုလ်  ဖြစ်ကြောင်း ကောင်းတဲ့စကားကိုသာပြောတယ်
(၃)ပြီးတော့အလုပ်လုပ်တဲ့ အခါမှာလဲ ကုသိုလ်ဖြစ်ကြောင်း  ကောင်းမှုကိုသာလုပ်တယ်တဲ့ ..။
သူယုတ်မာလို့ သိကြောင်း လက္ခဏာ တွေက တော့
(၁) သူ ယုတ်မာ ဟာ အကုသိုလ်ဖြစ်ကြောင်း မကောင်းမှုကိုသာ ကြံစည်တယ်
(၂)စကားပြောတဲ့အခါမှာ လဲ အပြစ်မကင်းတဲ့ စကား ၊အကုသိုလ်ဖြစ်ကြောင်းမကောင်းတဲ့စကားကိုသာပြောတယ်
(၃) အလုပ်လုပ်တဲ့ အခါမှာလဲ အကုသိုလ် ဖြစ်ကြောင်း မကောင်းတဲ့ အလုပ်၊ အပြစ်မကင်းတဲ့ အလုပ်ကိုပဲ လုပ်တယ် တဲ့ ...။
သူတော်ကောင်းလို သိကြောင်းလက္ခဏာ နဲ့  သူယုတ်မာလို သိကြောင်းလက္ခဏာ တွေ ကတော့
သူယုတ်မာလို့ သိကြောင်းလက္ခဏာ လေးမျိုးရှိတယ် ..
(၁) သူယုတ်မာတို့ မည်သည်  သူတစ်ပါးရဲ့ အပြစ်ကိုဘယ်သူမှမမေးပဲ နဲ့ လည်းပြောတတ်တယ်၊
မေးရင်တော့လဲ ဖြစ်တာကနည်းနည်း  ပုံကြီးချဲ့ ပြီးပြောတတ်တယ် ၊
(၂) ကိုယ့်အပြစ်ကိုကျတော့တတ်နိုင်သလောက်ဖုံးထားတတ်
တယ်..မေးရင်တောင်မှမပြောချင်ရင်ဘူး ပြောရင်လဲ ဆင်ခြေရှာပြီး ကာကွယ်ပြီးပြောတယ်
(၃) သူများရဲ့ ဂုဏ်ကျေးဇူး ကို ထုတ်ဖော် ပြောဆိုဖို့ ကိုကျတော့ အလွန်ဝန်လေးတယ်  ၊
ချီးကျူးစကား ဆိုဖို့ ကိုလဲအင်မတန်ဝန်လေးတယ်  မေးတဲ့ လူရှိရင်ပြောကိုမပြောချင်ဘူး ပြောလဲမပြောဘူး
တခါတလေ မကောင်းတတ်လို့ အနည်းကျဉ်းကိုပြောတာတောင်  မကောင်းတတ်
လို့ သာပြောရတယ် အပြစ်လေးရှာထည့်ပြီးပြောတယ်
(၄) သူယုတ်မာ ကကိုယ့်ဂုဏ်ကိုကျတော့ မမေးဘဲနဲ့ ထုတ်ဖော်ပြောဆိုချင်ကြတတ်တယ် မေးတဲ့ လူရှိရင်တော့ ပိုပိုလိုလို ခပ်ကြွားကြွားလေးနဲ့ ပြောတတ်တယ်  ဒါကြောင့်ရှေးလူကြီးတွေက 
ကိုယ့် ကိုကိုယ်ဖော်မသူတော်  လို့ ပြောခဲ့ တာ ပါ   သူတော်ကောင်းမဟုတ်တဲ့ လူက ကိုယ့်ဂုဏ်ကိုဖော်တတ်ကြတယ်။ 
အဲဒီလိုသူယုတ်မာတွေက တကယ်တော့သနားစရာကောင်းပါတယ် အဓိကချွတ်ယွင်းနေတာ ဥာဏ်မရှိတာပါ ။ ပညာရှိသူတော်ကောင်း တွေ ကျ  သူ တစ်ပါးအပြစ်ကိုဘယ်တော့မှ မပြောဘူး တစ်စုံတစ်ယောက်ကမေးရင်တောင် သိပ်မပြောဘူး နည်းနည်းပါးပါး ပဲပြောတယ် ခွင့်လွတ်တဲ့ စိတ်လေးနဲ့ ပြောတယ်..... သူတော်ကောင်းတွေကျတော့ထူးခြားတယ်  ကိုယ်အပြစ်ကိုမမေးလဲပြောရဲ တယ်  မေးလာရင်လဲ မိမိအပြစ်ကို ၀န်ခံတယ် ပြည့်ပြည့်စုံစုံပြောပြီးတော့
နောက်ထူးခြားတာတခုက တော့ မိမိရဲ့ ဂုဏ်ကျေးဇူး ကိုမဖော်ပြဘူး သိုသိပ်ထားတယ်  သူများမေးလာရင်တောင်အနည်းကျဉ်းပဲပြောတယ် ဒါတွေက သူတော်ကောင်း သူယုတ်မာခွဲခြား တဲ့ လက္ခဏာတွေ ပါပဲ  ပြီးတော့သူတော်ကောင်းအရည်ချင်းတွေ ကို လည်း သိထားသင့်ပါတယ်
သူတော်ကောင်းအရည်ချင်းတွေက တော့
ရတနာသုံးပါးနဲ့ ကံတရား ကို ယုံကြည်တဲ့ (သဒ္ဓါ) တရားနဲ့ ပြည့်စုံတယ်
ကုသိုလ်ကောင်းမှုတို့ ကို မမေ့တဲ့ (သတိ)နဲ့ ပြည့်စုံတယ်၊
မကောင်းမှု့ ကိုပြုရမှာ သိပ်ရှက်တယ်(ဟီရိ)
မကောင်းမှု ပြုရမှာကိုလည်း သိပ်ကြောက်တယ်(သြတ္တပ္ပ)  
အပြစ်ကင်းတဲ့ အကြားအမြင်(သုတ)နှင့်လည်းပြည့်စုံတယ်
ကုသိုလ် ကောင်းမှု အတွက် အားထုတ်တဲ့ (၀ီရိယ) လည်းရှိတယ် ပြီးတော့ ရုပ်နာမ် ဓမ္မတို့ ရဲ့ 
ဖြစ်ပျက်ကိုလည်း သိမြင်တဲ့ (ပညာ) လည်းရှိတယ် ...
 ကဲ ဒီလောက်ဆို သူတော်ကောင်း သူယုတ်မာ   ကိုခွဲခြား  တတ်ပြီး     မိတ်ဆွေကောင်း မိတ်ဆွေ ယုတ်
ကို လဲ  ဘယ်လို ဆိုတာ ခွဲခြား ပေါင်း သင်း တတ်ဖို့ ဆန္ဒ ပြုလျှက် .........................
Discussion
Zlm1234 on 8/25/2009 says:
very good contribution!
khinegood on 8/25/2009 says:
ညီမလေး အဲဒီဟာတွေ သိယုံနဲ့ ခွဲလို့ မရပါဘူး
သူတော်ကောင်း နဲ့ သူယုတ်မာ ဟာ အတူတူ လောက် နီးပါးဖြစ်နေပါပြီ
bikelay on 8/27/2009 says:
တော်သေးတာပေါ့ ခုမှ ဘဲ သူတော်ကောင်းနဲ့ သူယုတ်မှာခွဲ တတ်တော့တယ်
ကျေးဇူး  တီလေး
ayeayethin007 on 8/28/2009 says:
သူတော်ကောင်းဆိုတာ..သဘာဝဓါတ်ငွေ့ ဖြစ်နိုင်သလို..
သူယုတ်မာဆိုတာ....
ဆော့ခရိတ္တိ  ရြ့ လက်ကျန်အဆိပ်ဖြစ်နိုင်တယ်.။
မေမေ
nyeinmahaw08 on 8/28/2009 says:
ဟုတ်တာပေါ့မေမေ  
phoaung008 on 8/28/2009 says:
ရှိသေးတယ်လေ။ တွေ့ချင်တာတော့ သူတော်ကောင်းတွေကြည့်ပါပဲ။ ဒါပေမဲ့ လောကမှာ သူယုက်မာတွေလဲ လာကသံသရာမှာ ဘယ်လိုလူပဲတွေ့တွေ့ အဆင်ပြေအောင်နေဘို့ပေါင်းတက်ဘို့ဆိုတာ ကိုယ်ကိုယ်တိုင်ကိုကကောင်းနေဘို့ပါပဲ။ ဒါမှ ကိုယ့်အကြောင်းကို စဉ်းစားမိတိုင်း စိတ်ချမ်းသာရမယ်လေ။
kzayyaro on 8/29/2009 says:
မိန်ကလေး.......သူတော်ကောင်းတွေက သင်္ချိန်မှာ ရှိတယ်.....
ဒါပေမဲ့ လူဟာ ရိုသာရင် ကြောက်စရာကောင်တယ်.
ဆိုရင်လဲ ကြောက်စရာကောင်တယ်...
အဲဒါကြောက် ကောင်းမူတွေကိုဘဲလုပ်ပါ..........အဲဒါသူတော်ကောင်း....
အမှာ မလုပ်ပါနှင့်.........
kzayyaro on 8/29/2009 says:
မိန်ကလေး.......သူတော်ကောင်းတွေက သင်္ချိန်မှာ ရှိတယ်.....
ဒါပေမဲ့ လူဟာ ရိုသာရင် ကြောက်စရာကောင်တယ်.
ဆိုရင်လဲ ကြောက်စရာကောင်တယ်...
အဲဒါကြောက် ကောင်းမူတွေကိုဘဲလုပ်ပါ..........အဲဒါသူတော်ကောင်း....
အမှာ မလုပ်ပါနှင့်.........
myo135 on 8/30/2009 says:
သူတော်ကောင်း ဘယ်နှဏ်ယောက် ဆုံဘူးသလဲ.
သူယုတ်မာဘယ်နှစ်ယောက် ကြုံဘူးသလဲ။
သူတော်ကောင်း က အမြဲ ကောင်းနိုင်သလား။
သူယုတ်မာကရော အမြဲ ယုတ်မာနိုင်သလား။
nyeinmahaw08 on 9/13/2009 says:
ကြုံဘူး တယ်  ဆုံဘူး တယ်  ဒါပေမယ့် လူဆိုတာ ကောင်းမကောင်းဆင်ခြင်ဥာဏ် ရှိတဲ့ သတ္တ၀ါတွေ ပဲ  လေ အမြဲမကောင်း ကောင်းဆိုတာ ဆိုတာ အချိန်နေ အချိန်ခါပေါ်မှာပဲမူတည်နေတယ်အဲဒီလူရဲ့ စိတ်အခြေအနေ စိတ်ဓာတ်နဲ့ လဲ လုံးဝ သက်ဆိုင်နေတယ်လေ ဒါကြောင့် ... ဘုရားဟော ထားတဲ့တရားတွေ က  အလကားမှမဟုတ်တာ လေ .... 
kslmepe on 10/11/2009 says:
လောကမှာ ဒီလိုပါပဲ.......အသက်တရာမနေရပေမဲ့ အမှုတရာ တွေ့ရတတ်တယ် ဆိုတာ လောကကြီးရဲ့ သင်ခန်းစာတွေပါ....ကံအလိုက် သင်ကြရတာပဲလေ.....စူးစမ်းချင့်ချိန်ပြီး ဆက်လျှောက်ရမှာပဲ.... လမ်းဆုံးတဲ့အထိပေါ့............
phoaung008 on 10/13/2009 says:
သောတာပန်လောက်တောင်မှ မတည်မြဲနိုင်တဲ့ သာမန်ပုတုဇဉ်လူရဲ့စိတ်ဟာ ကောင်းလိုက်မကောင်းလိုက် ဖြစ်နေအုံးမှာပါပဲ။ ဒါပေမဲ့ အချိန်တော်တော်များများကောင်းနေဘို့တော့ ရေးကြီးတယ်နော်။
sithu1141 on 5/3/2010 says:
thank you sister , you be careful
Add Comment
Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← နားလည် ပေးပါ။    Return to blog   ကျွန်မနဲ့ ကျွန်မ မေမေ →
© 2006-2012 Free Video Chat VZOchat! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.