“ဆံထိုးလေး”......

Posted on 6/23/2009 by nan_ma_wa

ဆိုင်မှာ...အလုပ် လုပ်နေရင်း...သူငယ်ချင်းဖြစ်သူ...တရုတ်မလေးတစ်ယောက်၏ “အလုပ်ပြီးရင် အိမ်မှာ ပါတီပွဲရှိတယ်”...ဆိုတဲ့...Information ကြောင့် ဆိုင်က ကျွေးတဲ့..Staff's dinner ကို မစားတော့ပဲ...အိမ်သို့ပြန်လာခဲ့ကြတယ်..။
အိမ်ရောက်တော့...ဟင်းပွဲ...စားစရာ..သောက်စရာ...အစုံအလင်နဲ့...ပါတီပွဲလေး“စ”ခဲ့ကြတယ်...။
ကျမအလုပ် လုပ်သော...Chinese Restaurant တွင်...တရုတ်လူမျိုး ဝန်ထမ်းများနှင့်...(ကျမ အပါအဝင်) မြန်မာ( ၄) ယောက်ရှိသည်။
ဝန်ထမ်းပေါင်း(၂၅)ယောက်ကျော်ရှိသော
ဤစားသောက်ဆိုင်ကြီးမှာ..အလုပ်လုပ်ရတာ..ပျော်စရာကောင်းသောနေ့တွေ...ရှိသလို..စိတ်ညစ်စရာနေ့များလည်းရှိခဲ့ပါတယ်...။(“မ” တစ်ထောင်သားတွေ မို့လား)။
 တစ်နေ့...ဝန်ထမ်းအသစ်များဖြစ်ကြသော...တရုတ်မလေး..“Dicy" နှင့် သူမ၏ ချစ်သူ “Gai” ဆိုသူတို့...ဤဆိုင်တွင်...
အလုပ် လုပ်ရန်ရောက်ရှိလာခဲ့သည်..။သူတို့(၂)ယောက်စလုံးဟာ...အလွန်ဖော်ရွှေပြီး အလုပ်ကြိုးစားသူများ ဖြစ်ကြသည်ကို...
မနာလိုသော..စားပွဲထိုးများလည်းရှိသည်။ သူတို့ အလုပ်“စ” ဝင်သည့်နေ့မှ...(၂)ပါတ်ခန့် အကြာတွင်...တရုတ်မလေး..
“Dicy” သည်..Restaurant ၏ အနောက်ဖက်တွင်...ငိုနေသည်ကို...ကျမ တွေ့လိုက်ရသည်..။သူမ၏ ရည်းစား...
ပြောပြချက်အရ...သူတို့ကို...တရုတ်ဝန်ထမ်းဟောင်းများက...ဝိုင်းဝန်း နှိပ်ကွပ်ကြကြောင်း...သူတို့ သိ/တတ် သမျှကို
မသင်ပေးပဲ..မှားကွက်ကိုသာ..စောင့်နေကြောင်း...နှင့်...တရုတ်မလေး..“Dicy” မှာ...English စကားကို ကျွမ်းကျင်စွာ
မပြောတတ်သည့် အတွက်...လွန်စွာစိတ်ဓာတ်ကျပြီး...အလုပ်မှနှုတ်ထွက်တော့မည်ဟုသာ....တွင်တွင်ပြောနေလေတော့သည်...။
“ Dicy ” အား ကျမ ဘဝတွင် ကြုံတွေ့ခဲ့ဖူးသော...အခက်အခဲများ ...ဖြတ်သန်းခဲ့ပုံများကို...ပြောပြရင်း အလုပ်မထွက်ရန် အားပေးခဲ့သည်..။
ပြီးနောက်...ကျမ၏ ဆံထုံးတွင် အမြဲတန်း ထိုးထားသော...“ဆံထိုး” လေးကိုဖြုတ်ပြီး...“Dicy”၏ ဆံထုံးတွင် ထိုးပေးရင်း...
“ဒီ...ဆံထိုးလေး....မင်းနဲ့ အတူရှိနေသ၍....ငါ...မင်းရှေ့မှာ အမြဲရှိနေမယ်”......
ဟု...ပြောလိုက်စဉ်...“Dicy” ထံမှ...အပြုံးတစ်ခုကို...ကျမမြင်လိုက်ရသည်..။
အဲဒီနေ့က..“စ”ပြီး...“Dicy”ဟာ...ကျမတို့ဆိုင်အတွက်...အားထားရတဲ့ ဝန်ထမ်းကောင်းအဖြစ်...ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်ရင်း..
(၆)လ ခန့် အကြာတွင်...အကြောင်းကိစ္စတစ်ခုကြောင့်...တစ်ခြားဆိုင်သို့...အလုပ်ပြောင်းသွားခဲ့သည်..။
သူမ၏ ချစ်သူ..“Gai” ကတော့...ယ္ခုထိတိုင်...ကျမတို့၏ ဆိုင်တွင် ရှိနေဆဲပါ...“Dicy” အလုပ်မှ ထွက်သွားသော်လည်း...
သူမ၏ ချစ်သူဆီသို့ မကြာခန လာလည်ရင်း...ကျမဆီသို့ ဝင်လာတတ်ပါတယ်..သူမအတွက် ပိုကောင်းသွားတာက....
သူမ လက်ရှိလုပ်နေသော...Restaurant မှ...“သူမ”...ရသော...လစာသည်...ကျမ၏လစာထက်...ပိုများနေခြင်းကို...
ကျမရော...သူမ၏ ချစ်သူပါ...သူ့အတွက်..ဝမ်းသာခဲ့ရသည်..။
 
ဒီည....ကျမတို့ရဲ့ ပါတီပွဲတွင်...“Dicy” နှင့်“Gai”တို့..စုံတွဲလည်းပါဝင်ခဲ့သည်..။ ကျမ၏ ဘေးတွင် “Dicy” ထိုင်သည်..။
ကျမကို..Post Card တစ်ခု လက်ဆောင်ပေးသည်....။အဲဒီထဲမှာရေးထားတာကတော့...
“Dear...Nan,
Wish you  happy every day,a happy life!
Thank you once I am in the most difficult
time to encourage me, let me stay.
I have been here before.
I am very grateful to you !
I hope you like my give
I love you.
             From: Dicy and Gai
 
လွန်ခဲ့သော(၆)လခန့်က...အလုပ်ထွက်လုဆဲဆဲသူမကို...အားပေးခဲ့တဲ့အတွက်..သူမ အားတက်ခဲ့ရကြောင်း....
လက်ရှိအလုပ်မှာ...လစာလည်းကောင်းကြောင်း...၊အလုပ်ထဲမှာလည်း နံမည်ကောင်းနှင့် Custamer များ၏
ချစ်ခင်မှုကို ရရှိကြောင်း...ကို Englishဘာသာဖြင့်...ကျွမ်းကျင်စွာရှင်းပြရင်း....သူမ၏ လွယ်အိတ်ထဲမှ....
ကျမ ပေးခဲ့သော...“ဆံထိုးလေး”ကို ထုတ်ပြခဲ့သည်...။
“ငါ့ မှာ...စိတ်ဓာတ်ကျစရာနဲ့ ကြုံလာတိုင်း....ဒီ..“ဆံထိုးလေး”ကိုကြည့်ပြီး...
အားပြန်မွေးတယ်...ဒီ“ဆံထိုးလေး”ထဲမှာ..မင်းရဲ့ “အားပေးမှု”တွေရှိနေတယ်..
လို့..ငါ ယုံကြည်တယ်..”...

ဆိုတဲ့ ...သူမရဲ့...စကားကြောင့်...ကျမ ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်....။
 အဲဒီ..“ည” က...ပါတီပွဲမှာ..စားခဲ့တဲ့...အစားအစာတွေဟာ...   
ကျမအတွက် နတ်သုဒ္ဓါ ထက်ပိုပြီး..အရသာရှိခဲ့တယ်..ဆိုပါလျှင်..။
                                             (နမ်းမဝ)

Discussion

ronggint75 on 6/24/2009 says:

ဒို.မှာလဲ အတူနေတဲ.သူငယ်ချင်းကောင်းတစ်ယောက်ရှိတယ် အလုပ်လုပ်တဲ.နေရာကမတူဘူး

သူကအလုပ်ကိုနေ.တိုင်းtaxi နဲ.သွားရတယ်

ဒို.ကနေတဲ.နေရာနဲ.အလုပ်လုပ်တဲ.နေရာက အတူတူဘဲ

သူကစတ်ညစ် စရာတွေပိုများတယ် သူစတ်ညစ်ပြီဆို ဒို.ဘာလုပ်ပေးရမှန်းမသိဘူး

လူကိုမချော.တတ်ဘူး အားလဲမပေးတတ်ဘူး

မနန်းမ၀ က စကားအရမ်းပြောကောင်းတယ်နော်

 

nan_ma_wa on 6/24/2009 says:

အဲဒီလိုလည်း မဟုတ်ပါဘူး............

ဘဝမှာ...ထိုးနှက် တိုက်ခိုက်  ခံရတာတွေကြောင့် ..“ရ”ခဲ့တဲ့....အတွေ့ကြုံတွေလို့.......ထင်ပါရဲ့.........၊ကိုယ်ဖြစ်ခဲ့ ဖူးတာကို...ရိုးရိုးလေး ပဲပြောပြလိုက်တာပါ.....“Dicy”ရဲ့...ပြဿနာ ဟာ....ကျမအရင်က ဖြစ်ခဲ့ဖူးတဲ့......ပြဿနာနဲ့ ယှဉ်လိုက်ရင်...ဘာမှမပြောပလောက်ဘူးဆိုတာ....“  Dicy ”သိမြင်သွားတာပါ....။အဓိက....ကတော့......“စိတ်”နဲ့....စကားပြောလိုက်တာပါ.....“Dicy” ရဲ့ “စိတ်”ကို....ကျမ..အနိုင်ရလိုက်တာပါပဲ........။

 

phyo151 on 6/24/2009 says:
ကျွန်တော့်ဆီ ရောက်လာတာ ကျေးဇူးပါပဲ။ ကျွန်တော် VZO မသုံးတာ အတော်ကြီးကြာပါပြီ။ မေ့တောင်နေပါပြီ။ ကျွန်တော့် ဘလော့ကို နောက်လည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။
chitmoenyo120 on 6/24/2009 says:

“ မ” ရေ .....

                   “ ဆံထိုးလေး ” လာဖတ်သွားတယ်နော် ....အရာရာဆုံးရှုံးသွားပေမယ့် စိတ်ဓါတ်တွေ ခွန်အားတွေ မ ဆုံးရှုံးဖို့ က အရေးကြီး ပါတယ် ............

ိုးချစ်သူ on 6/25/2009 says:

မရယ်......အဓိကကစိတ်ဓါတ်ပါဘဲ

မရေးတာလေးတွေဖတ်ပီးရင်လေ

ရင်ထဲမှာ

တစ်ခုမဟုတ်တခုအမြဲကျန်ခဲ့တယ်

သိလား

 

 

nan_ma_wa on 6/25/2009 says:

ကျေးဇူးပါ...ညီမလေး...

nan_ma_wa on 7/4/2009 says:

ဒီ Post ထဲက...“Dicy” ရဲ့ ရည်းစား.....ပြီးတော့...
အမေပေးတဲ့.....“အား”...............မှ............“Gai” ရဲ့...နောက်တက်တွဲ ဖြစ်ရပ်ပါ......။

***************************************************

ပြောရအုံးမယ်...သူငယ်ချင်းတို့ရေ........

ညက....အလုပ်ထဲမှာ...."Gai" လေ....

“ဝိုင်”ဖန်ခွက်တွေတိုက်ရင်း....ဖန်ခွက်ကွဲပြီး....လက်ရှသွားလို့....၃ချက်ချုပ်လိုက်ရတယ်...

ဒီကောင်ကံကို..ဆိုးနေတာ....။ဆေးရုံမှာ သူ့လက်ကို ဆရာဝန်က

ချုပ်ပေးနေစဉ်....သူ အရမ်းငိုတယ်တဲ့(မန်နေဂျာမ ပြောပြတာ)....။

ဒါဏ်ရာက...နာလို့ငိုတာတော့ မဖြစ်နိုင်ဘူး....ရင်ထဲက ဒါဏ်ရာကြောင့်လို့

ကျမ ယူဆပါတယ်....။

ကံကောင်းခြင်းတွေ...သူ့ဆီရောက်လာအောင်...ကျမတို့...

ဝိုင်းပြီးဆုတောင်းပေးလိုက်ကြရအောင်နော်.....။

(သူငယ်ချင်းတို့ရဲ့...“ဆုတောင်း comment”

လေးတွေကို...သူ့ကို ပြလိုက်ပါ့မယ်).... 

ကျမ ကို...Comment လေးတွေ ရေးပေးခြင်းဖြင့်...ကူညီကြပါအုံး.... ***English လို..ရေးဖို့ မမေ့နဲ့အုန်းနော်***

ကျမ မျှော်လင့်ပါတယ်...........

သူငယ်ချင်းတို့ရဲ့ Comment လေးတွေကို...သူတွေ့ရင်တော့.........

yyyenanda08 on 7/5/2009 says:

ကျွန်တော်ကတော့ ဖြစ်လာတတ်တဲ့ problem ကို သိပ်စဉ်းစားမနေချင်ဘူး။သူများကိုလည်း အပူမပေးချင်ဘူး။အချစ်ကိုလည်း ဦးစားမပေးချင်ဘူး။ကျွန်တော့်အတွက်နဲ့ သူုငယ်ချင်းတွေကို စိတ်ဒုက္ခမရောက်ချင်ဘူး။မ က အရမ်း ကျင်နာတတ်တာဘဲ။ချီးကျုးပါတယ်။

                                                                              ရဲနန္ဒ

moenyathawtar on 7/12/2009 says:

be happy GaiBiggrin

sail on 8/25/2009 says:

It's always nice when you can help someone with advice and that person returns a small gift of appreciation in a heart felt poem.

Sometimes that gift can bring more happiness months later even though you may not be aware of it. If your not sure about this last statement then think about this simple thought:

Happy Birthday Dicy!

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← “နတ်သမီး....ပုံပြင်”..(၄)   Return to blog   “ရှင်သန်ခွင့်” →
© 2006-2012 Free Video Chat VZOchat! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.