သံယောဇဉ် လမ်းခွဲ

Posted on 6/27/2009 by nakhoe

သံယောဇဉ် လမ်းခွဲ

လှပတဲ့ကျိန်စာတစ်ခု

ရွတ်ဆိုခွင့် ရချင်ပေမဲ့

ချိုမြိန်မှုရှိမှာ မဟုတ်လို့

မင်းမကြားချင်ပါနဲ့..။

ငါ့ရဲ့နောက်ဆုံး မျှော်လင့်ခြင်းဟာ

ရလိုမှု မပါတဲ့

ခပ်ပါးပါးသံယောဇဉ်တွေနဲ့

မျက်နှာချင်းဆိုင် လမ်းခွဲလိုခြင်းပါ...။

မျက်ရည်တစ်စက်ဖြစ်ဖြစ်

အပြုံးတုတစ်ခုဖြစ်ဖြစ်

အပြန်အလှန်ပေးခဲ့ရရင်ပဲ

ငါကျေနပ်မိလိမ့်မယ်...။

အဲဒီ နောက်ပိုင်းမှတော့...

ဘယ်နေရာမှာ ဆုံဆုံ

ရင်ခုန်သံတွေကို မေ့ထား

မျက်နှာချင်းဆိုင် တွေ့ဖြစ်ခဲ့ရင်တောင်

ဘယ်တော့မှ...

နှုတ်မဆက်ကြေး...။

Discussion

seagull17 on 7/3/2009 says:

စာသားတွေ ကမိုက်တော.မိုက်တယ်.။ဒါပေမယ်.တွေ.ရင်နှတ်မဆက်ကြေးလို.ကိုယ်.ဘက် က စပြောရင်ရှုံးသွားမှာပေါ.။ ဒါကြောင်.လမ်းခွဲပြီး လမ်းမှာတိုက်ဆိုင်လို.ပြန်ဆုံရင် ကိုယ်.ဘက် ကဘာမှမဖြစ်ခဲ.သလိုနဲ.အေးအေးဆေးဆေးပြုံးပြစေချင်တယ်

အိုကေ

kalaylay8888 on 7/10/2009 says:

kat par par tanyawzin nae pae lan mar twe yin pyone pya light par naw

a yan gyi ma sain kar par nae

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ဆွေးမြေ့ရင်ခုန်သံ   Return to blog   someone →
© 2006-2012 Free Video Chat VZOchat! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.