Another man! RSS Available

ငါသိငါတတ် ငါသာမြတ်ဟု အရပ်ကြွေးကြော် ငါပြုသော်လည်း သရော်ခြင်းသာခံရမည်။ ငါ့ကိုလာကျော ငါ့မကောနှင့် ငါ့ပြန်ပြောသူ ငါ့ရန်သူဟု ငြူစူစိတ်ပုတ် အကျင့်ယုတ်လျှင် နောက်ဆုတ်ငါပြေးရလိမ့်မည်။

နုညံ့သူသို့

Posted on 7/5/2009 by nakhoe

ချစ်သူ.....

မင်းက ပျင်းရင်နှင်းဆီပွင့်ဖတ်တွေကို ခြွေတတ်တယ်တဲ့...။

ဟုတ်မှာပါ...

အခုတော့

ငါ့ရဲ့ ဖူးသစ်စ အညွန့်လေးတွေသာမက

ရင်ထဲက အလေ့ကျပေါက်တဲ့ သစ်ပင်တွေတောင်

တစ်စ တစ်စ ပြုန်းတီးကုန်ပြီ...။

Read article   Discuss [2]

ကျောက်ဆစ်ရုပ်

Posted on 6/27/2009 by nakhoe

ကျောက်ဆစ်ရုပ်

လှောင်လိုကလှောင်

ပြောင်လိုကပြောင်စေ

ဘယ်ကောင်ဘယ်လို

ပြောဆိုရှုတ်ချ

ပြုမူကြလည်း

ရွေးမျှမလှုပ်

ကျောက်ဆစ်ရုပ်...။

                    ပုံ/

                     Nakhoe

Read article   Discuss [1]

ဝါသနာ

Posted on 6/27/2009 by nakhoe

ဝါသနာ

အရင်းခံ ဗီဇစွဲဟာမို့

ဇွဲနဘဲထုံကာ

ကာရန်မှာ ဘယ်လိုဟပ်လို့

စပ်ကြသဗျာ..။

ဝါသနာ ပါလာတဲ့စာရူး

စိတ်ပြေပျောက်စေဖို့

ရောက်ကရာ ကောက်ကာစပ်တယ်

တတ်လို့ဟုတ်ဘူး...။

Read article   Discuss [2]

someone

Posted on 6/27/2009 by nakhoe

ငါသိငါတတ် ငါသာမြတ်ဟု
အရပ်ကြွေးကြော်
ငါပြုသော်လည်း သရော်ခြင်းသာခံရမည်။
ငါ့ကိုလာကျော ငါ့မကောနှင့်
ငါ့ပြန်ပြောသူ ငါ့ရန်သူဟု
ငြူစူစိတ်ပုတ် အကျင့်ယုတ်လျှင်
နောက်ဆုတ်ငါပြေးရလိမ့်မည်။

Read article   Discuss [3]

သံယောဇဉ် လမ်းခွဲ

Posted on 6/27/2009 by nakhoe

သံယောဇဉ် လမ်းခွဲ

လှပတဲ့ကျိန်စာတစ်ခု

ရွတ်ဆိုခွင့် ရချင်ပေမဲ့

ချိုမြိန်မှုရှိမှာ မဟုတ်လို့

မင်းမကြားချင်ပါနဲ့..။

ငါ့ရဲ့နောက်ဆုံး မျှော်လင့်ခြင်းဟာ

ရလိုမှု မပါတဲ့

ခပ်ပါးပါးသံယောဇဉ်တွေနဲ့

မျက်နှာချင်းဆိုင် လမ်းခွဲလိုခြင်းပါ...။

မျက်ရည်တစ်စက်ဖြစ်ဖြစ်

အပြုံးတုတစ်ခုဖြစ်ဖြစ်

အပြန်အလှန်ပေးခဲ့ရရင်ပဲ

ငါကျေနပ်မိလိမ့်မယ်...။

အဲဒီ နောက်ပိုင်းမှတော့...

ဘယ်နေရာမှာ ဆုံဆုံ

ရင်ခုန်သံတွေကို မေ့ထား

မျက်နှာချင်းဆိုင် တွေ့ဖြစ်ခဲ့ရင်တောင်

ဘယ်တော့မှ...

နှုတ်မဆက်ကြေး...။

Read article   Discuss [2]

ဆွေးမြေ့ရင်ခုန်သံ

Posted on 6/27/2009 by nakhoe

ဆွေးမြေ့ရင်ခုန်သံ

ကောင်းကင်ကို မော့ကြည့်တော့

မင်းမျက်နှာကိုတွေ့တယ်...

ခေါင်းခါပြီး မျက်စိမှိတ်လိုက်တော့

မင်းအပြုံးကိုတွေ့တယ်...

ရင်ထဲမှာဟာတာတာနဲ့

မွန်းကြပ်တဲ့ အသက်ရှူသံကြားမှာ

ရင်ခုန်သံတွေပြေးလွှားနေခဲ့တာ...

မင်းနဲ့ပတ်သတ်ခဲ့တဲ့ အတိတ်

မင်းနဲ့ဖြတ်သန်းခဲ့တဲ့ ပုံရိပ်

အားလုံးကို ကြက်ခြေခတ်ချင်ပေမယ့်

ဖြတ်မရနိုင်တဲ့ သံယောဇဉ်ကြိုးတစ်ချောင်းက

ငါ့နှလုံးသားကို ချည်နှောင်ထားတုန်းလေ...

ပတ်သတ်ခဲ့ပေမယ့်...

ဆက်စပ်လို့ မရတဲ့ဘ၀နှစ်ခုကြားမှာ

ထွက်ပေါက်တစ်ခုအဖြစ်သာ

ငါ့ကို လွတ်မြောက်ခွင့်ပေးပါ...

တစ်ချက်လောက် ပြုံးခဲ့ရင်တောင်

အဲဒါ ငါ့ရဲ့နောက်ဆုံးငိုကြွေးခြင်းပါ...။


Read article   Discuss [1]

မျက်ဝန်းမိုး

Posted on 6/27/2009 by nakhoe

        မျက်ဝန်းမိုး

မငိုပါဘူးလို့ စိတ်တင်းထားကာမှ

တစိမ့်စိမ့်ကျလာတဲ့ မျက်ရည်တွေဟာ

ဇွန်ဇူလိုင်ရဲ့မိုးစက်တွေလို

အမြဲတမ်း မစဲတော့ဘူးလား။

တကယ်ဆို

ပြောင်းလဲလိုတဲ့ မင်းရဲ့သွင်ပြင်တွေ

မုန်းမေ့ချင်တဲ့ မင်းရဲ့မျက်ဝန်းတစ်စုံ

လှည့်စားလာတဲ့ မာယာပုံရိပ်တွေ

ငါသိနေခဲ့တဲ့အတွက်

မင်းနဲ့လမ်းခွဲထွက်ရုံပဲပေါ့။

အခုတော့.....

မင်းကို သိပ်ချစ်မိတော့လည်း

ခွင့်လွှတ်ဆဲနှလုံးသားနဲ့

ရင်ကွဲအောင်ခံစား

မျက်ရည်တိမ်တိုက်များလည်း ပြိုကျ

ငါ့မျက်ဝန်းလှလှမှာ ထာဝရအဖြစ်

မိုးစက်တို့ခရစ်ပြီ။

Read article   Add Comment

အာဂလူ

Posted on 6/26/2009 by nakhoe

အာဂလူ

ကြံသမျှလွဲ

ကံကမွဲ

ရှုံးပွဲတွေအလီလီနဲ့။

အလံမလှဲ

အံကိုခဲ

အောင်ပွဲတစ်နေ့တွေ့ရမည်။



Read article   Discuss [2]

မထိုက်တန်တဲ့သူ

Posted on 6/20/2009 by nakhoe

မျှော်နေမိသူ

ပင်မြင့်ယံပန်းတစ်ပွင့်
လှမ်းလင့်လို့အယူ
တံချုကကျိုး။
လေအနော့........
ကြွေတော့မယ့်
အလှပန်းရယ်
နွမ်းမှာဖြင့်စိုး။

Read article   Discuss [1]

ကိုယ့်ချစ်သူ

Posted on 6/20/2009 by nakhoe

လှပါဘိတစ်သွင်

ယဉ်ပါဘိတစ်မျိုး

ကိုယ့်ချစ်သူ....

ဖြူဖြူဖွေးရယ်

ဝေးမှာဖြင့်စိုး။

Read article   Add Comment

Photos

အထီးကျန်
1
Do you lik…
1
Lovers' Ev…
0
You are mo…
0

Tags

Latest comments

အာဂလူ
ဒီကဗျာလေးကို ဖတ်တော့ဖတ်ဖူးတယ်ဗျ.. ဘယ်မှာ ဖတ်ဖူးမှန်းလည်း မသိတော့ဘူး.. ဒါလေးလည်း တော်တော်ကောင်းတယ်နော်  
someone
i like it... thank fri....
နုညံ့သူသို့
ဟယ်ရင်ထဲမှာလဲ အပင်ပေါက်တက်တယ်ပေါ့ ဘယ်လိုမျိုးလဲဟင်
နုညံ့သူသို့
ကဗျာလေးက တော်တော်လှတယ်ဗျာ
သံယောဇဉ် လမ်းခွဲ
kat par par tanyawzin nae pae lan mar twe yin pyone pya light par naw a yan gyi ma sain kar par nae
© 2006-2012 Free Video Chat VZOchat! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.