ရေမြေခြားတဲ့ အဝေးကလူ
Posted on 7/8/2010 by
@_x
Tags: ကိုဇောင်း
လွမ်းရမှာလား
ဝေဒနာတွေကို ပေးကာသွားတဲ့
အဝေးဆုံးကလူ
တမြေ့မြေ့လေးပေါ့
ငါ့ရဲ့ လွမ်းခြင်းတွေလည်း
တောက်လောင်လို့နေ
ရေမြေခြားနေလို့
တွေးရတာ စိတ်တွေပူမိ
နေထိုင်မှကောင်းပါရဲ့လား
ကွယ်ရာမှာ ဘယ်လိုရှိနေမလဲ
တစ်စတစ်စနဲ့
ငါ့ရဲ့ သောကတွေ
တောင်လိုပုံနေခဲ့ပြီ
လွမ်းလွန်းလို့လေ
တွေးတောတောင်းတ
စိတ်တွေေ၀၀ါးခဲ့ရပြီ
တစ်နယ်တစ်ကျေးမှာ
ရေမြေခြားလို့
ပျော်ရွှင်ကာရှိပါစေတော့ကွယ်...
{ဇောင်း}
http://mraungj.multiply.com/journal/item/307/307
Read article
Add Comment
ချစ်စိတ်မွှန်မူး
Posted on 7/7/2010 by
@_x
Tags: ကိုဇောင်း
ချစ်စိတ်ရွယ်ရည်
မုန်းမာန်ဝံ့ချီလို့
အခါတော်ပေး
မင်္ဂလာတေးတောင်
ငါ့ရဲ့နားထဲ ခါးသီးနေတယ်
ချစ်စိတ်မွှန်မူး
လူရူးတစ်ယောက်လို
ယူပါ ကယ်ပါ တစ်ဆာဆာနဲ့
ရင်တွင်းတည်ရှိ
နှလုံးသားတစ်စုံက
အော်ဟစ်နေသော်လည်း
ဥပက္ခာဒေ၀ီလို
သခင်မစိတ်ထား
စိမ်းကားရက်ပေပါ့
ကောင်းကင်နတ်သကြား
ဆင်းကယ်ရင်တောင်
မမီနိုင်တော့ပါဘူး
ရက်စက် စိမ်းကား
ရှောင်ဖယ်ရက်သူ
မထူးတော့တဲ့ဇာတ်မို့
မုန်းမေ့ကာ သွားလိုက်ပါတော့
ချစ်ခြင်းဝေဒနာတွေ
ချူပ်ငြိမ်းပါရစေ....
{ဇောင်း}
ကဗျာတွေကို ဒီမှာလည်း ဖတ်နိုင်၏
http://mraungj.multiply.com
Read article
Add Comment
စိတ်
Posted on 8/7/2009 by
@_x
Tags: ကိုဇောင်း
အစိတ်အပိုင်းနဲ့ ခွဲခြားထားတဲ့ စိတ်တစ်ခုမှာ စိတ်ပျက်ခြင်း၊ စိတ်အားငယ်ခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်ကြည်နှူးခြင်း၊ စိတ်ပျော်ခြင်း၊ စိတ်ရွှင်လန်းခြင်း၊ စတဲ့အရာတွေဖြစ်ပေါ်လာစေတာဟာ ပြုလုပ်သက်ဆိုက်သူနဲ့သာ ပတ်သက်မှုရှိပါတယ်၊ လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို လူတစ်ယောက်က ဖန်တီးပေးသလို မိမိကိုယ်တိုင်လည်း ဖန်တီးပါတယ်၊ လူတစ်ယောက်ရဲ့ စိတ်ပျက်ခြင်းကိုလည်း လူတစ်ယောက်က ပြုလုပ်သလို မိမိစိတ်နဲ့လည်းသက်ဆိုင်ပါတယ်၊ တစ်နည်းပြောရရင် “မည်သူမပြုမိမိမှု”ဆိုသလိုသာ......
လူတစ်ယောက်ကို ပျော်ရွှင်အောင်ထားတယ် ဆိုပေမဲ့လည်း အဲ့ဒီလူရဲ့ ပျော်ရွှင်မှုက ၎င်းရဲ့စိတ်အပေါ်၌သာ မူတည်ပါသည် 
{ကိုဇောင်း}
Read article
Discuss
[1]
စေတနာအတ္တ
Posted on 8/6/2009 by
@_x
Tags: ကိုဇောင်း
လူတွေက ပြောတတ်ကြပါတယ်၊
“အတ္တတော်တော်ကြီးတယ်”လို့၊ အတ္တကြီးတယ်ဆိုတာ ဘယ်လိုမျိုးကို ခေါ်တာလည်း၊ လူတိုင်းမှာလည်း အတ္တကိုယ်စီရှိကြပါတယ်၊ အတ္တကို အသုံးပြုနေကြတာ နှစ်နေရာရှိပါတယ်၊
“စေတနာအတ္တ” နဲ့
“တစ်ကိုယ်ကောင်းဆန်အတ္တ” ပါပဲ၊ ဒီနှစ်ခုကတော့ ကျနော့်အမြင်ပါ၊ စာဖတ်သူအနေနဲ့လည်း သိမြင်ကြားသိသလောက် အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုနိုင်ပါတယ်၊
“စေတနာအတ္တ” မှာ မိမိအတွက် မပါပဲ မိမိနှင့်ပတ်သက်သောသူကို မကောင်းတာမှန်သမျှ မလုပ်ဖို့ မလုပ်မိဖို့ တားဆီးပြောဆိုတဲ့အခါမှာ တစ်ဖက်လူမှာ စေတနာနဲ့ပြောကြောင်းကို မမြင်တော့ပဲ အတ္တဆန်တယ်လို့ မြင်သွားနိုင်ပါတယ်၊ အတ္တဆန်တယ်ဆိုပေမဲ့ ဒီလိုအတ္တက ကောင်းမွန်တဲ့ဖြူစင်တဲ့ စေတနာအတ္တ ပါ။ စေတနာအတ္တ နဲ့ ဆက်စပ်မှုအနေနဲ့ ပြောရရင် လူတိုင်းမှာ စေတနာ ထားတတ်တဲ့ စိတ်ဓါတ်ရှိကြပါတယ်၊ စေတနာထားတဲ့စိတ် အနည်းအများပဲ ကွာခြားပါတယ်၊ မိဘနဲ့သားသမီးမှာ မိဘအနေနဲ့က သား/သမီး ငယ်ရွယ်တဲ့အချိန်မှာ မကောင်းတာတွေ မလွန်ကျူးမိအောင်လို့ တားဆီးပိတ်ပင်တဲ့နေရာမှာ သား/သမီး အနေနဲ့က
“အဖေ/အမေက အတ္တကြီးတယ်၊ သူတို့တွေငယ်ငယ်ကတော့ ဒီလိုတွေ လျှောက်မလုပ်ခဲ့တာကြနေတာပဲ”လို့ ငယ်ရွယ်တဲ့ သားသမီးတွေမှာ အဲ့ဒီလို အတ္တဆန်တဲ့သဘောမျိုးတွေ မြင်တတ်ကြပါတယ်၊ မိဘက သားသမီးကို အမှားတွေမဖြစ်အောင် တားဆီးတယ်ဆိုတာက စကားပုံတစ်ခုလိုပါ
“အဖေဆိုတာ တစ်ချိန်တုန်းက သား၊ အမေဆိုတာ တစ်ချိန်တုန်းက သမီးပါပဲ” ဆိုသလိုပါ။ မိဘတွေ ငယ်ရွယ်တုန်းက ပြုခဲ့ဖူးတာပဲဖြစ်စေ၊ မြင်တွေ့ခဲ့ဖူးတာပဲဖြစ်စေ၊
“မိမိချစ်တဲ့ လူတစ်ဦးတစ်ယောက်ကို ဒုက္ခမရောက်စေဖို့ တားဆီးပိတ်ပင်တယ်ဆိုတာ ကိုယ်ကျိုးမပါတဲ့ “စေတနာအတ္တ”ပါ....။”
လူတစ်ဦးတစ်ယောက် မိမိအပေါ် မိမိလုပ်သမျှကို တားဆီးပိတ်ပင်တယ်ဆိုတဲ့နေရာမှာ ဘာအတွက်ကြောင့်လည်းဆိုတာ စဉ်းစားပါ။ စေတနာဖြင့် တားဆီးတယ်တဲ့အရာမျိုးဆိုရင် သူ့ရဲ့ စေတနာကို နားလည်တတ်ဖို့လိုပါတယ်...
{ကိုဇောင်း}
Read article
Discuss
[3]
ခဏလေးပါလား....
Posted on 8/1/2009 by
@_x
Tags: ကိုဇောင်း
လယ်ယာထဲမှာ နှာဖားကြိုးအထိုးခံထားရပြီး လယ်ထွန်ပေးနေတဲ့ နွားတစ်ကောင်ရဲ့ စည်းစိမ်ဟာ ကောက်ရိုးခြောက်ကို စားရတဲ့ အချိန်ခဏလေးဆိုသလို ဘ၀မှာလည်း ပင်ပန်းမှုတွေကို ပပျောက်စေတာ နွားတစ်ကောင်ရဲ့ စည်းစိမ်လောက်တောင်မရှိဘူး....
စကားအသုံးအနှုန်းကြမ်းတမ်းသွားမယ်ဆိုရင် ၀န္ဒာမိပါ။ လူတစ်ယောက်ရဲ့ မလောက်မငှ ဘ၀ကြီးကို အဲ့လိုပဲ ပမာနှိုင်းရပါလိမ့်မယ်..။
{ကိုဇောင်း}
Read article
Discuss
[10]
မျှော်လင့်ခြင်း
Posted on 7/27/2009 by
@_x
Tags: ကိုဇောင်း
နက်ဖြန်တိုင်းမှာ မျှော်လင့်ခြင်းဆိုရင် ကြင်နာခြင်းဟာ အားဆေးတစ်ခွက်ပါပဲ
ကြည်နာခြင်း = ယုံကြည်နားလည်မှု
Read article
Discuss
[4]
လွမ်းတဲ့အခါ
Posted on 7/21/2009 by
@_x
Tags: ကိုဇောင်း
လွမ်းတဲ့အခါ စာတွေရေးရင်းနဲ့.............
Read article
Discuss
[2]
မာယာနဲ့ဝေးရာ...........
Posted on 7/21/2009 by
@_x
Tags: ကိုဇောင်း
ရိုးရိုးလေးနဲ့လှရက်သူ မင်းရဲ့အပြုံးလေးတွေက ကြောင်တစ်ကောင်လို မာယာတွေသုံးပြီး ဘီလူးတစ်ကောင်လို လှည့်စားမဲ့အထာလေးတွေကြောင့် ဝေးဝေးကရှောင်ဆိုသော ဆိုင်းဘုတ်ကို ဖတ်လိုက်ရသလိုပဲ လိုလိုနေရင်း ဝေးဝေးက ငါရှောင်နေခဲ့တယ်...။ ကြောက်လို့တော့ မဟုတ်ဘူးနော်.. ခံစားရလွယ်တဲ့ ငါ့ရဲ့နှလုံးသားကို ဒါဏ်ရာ ရမှာစိုးလို့ပါ...
Read article
Discuss
[3]
အမှတ်တမဲ့
Posted on 7/21/2009 by
@_x
Tags: ကိုဇောင်း
အမှတ်တမဲ့ပါပဲ
မင်းဝင်ရောက်လာတာ
အမှတ်တမဲ့ပါပဲ
မင်းပြန်လည်ထွက်ခွာသွားတာ
အမှတ်တမဲ့ပါပဲ
ငါလွမ်းလိုက်ရတာ
အမှတ်တမဲ့ပါပဲ
ငါတမ်းတမိတာ
အမှတ်တမဲ့ပါပဲ
ငါခံစားလိုက်ရတာ
အမှတ်တမဲ့ပါပဲ
ငါအသည်းကွဲသွာ
းတာ….
Read article
Discuss
[5]
အတောင်ပံစုံရင် ပြန်ကျစတမ်းလား
Posted on 7/21/2009 by
@_x
Tags: ကိုဇောင်း
လူရယ်လို့ဖြစ်လာကတည်းက ဘ၀များစွာရဲ့ မွန်းကြပ်မှုတွေကြားမှာ ရှင်သန်ကြီးပျင်းလာရသလိုပါပဲ…။ ဆန်ပြုတ်နဲ့ဖရုံသီးပြုတ်ကို မိန်ရည်ရှက်ရည်စားသောက်လာရတဲ့ အချိန်အခါတုန်းက ညအိပ်ရင် အနွေးထွေးဆုံးစောင်က ဂုန်နီအိတ်လေးပေါ့..။ မိသားစုအတွက် နဖူးကချွေး ခြေမကျလည်း ဂရုမစိုက်နိုင်အောင် လုပ်ကျွေးခဲ့တဲ့ အဖေ… အခုတော့ ပင်ပန်းမှုတွေကြားမှာ ကင်းဝေးစွာအနားယူသွားခဲ့လေပြီ။ မိုးလင်းလာတိုင်း ငှက်သိုက်ထဲက ပါးစပ်ဟပြီး အစာအော်တောင်းနေတဲ့ ငှက်ပေါက်လေးတွေလို တစ်ပူတစ်ဆာအော်နေကြတဲ့ သားသမီးတွေကို ကြည့်ပြီး မျက်ရည်ကျမိတဲ့ အမေ… အခုတော့ စိတ်မညစ်ပါနဲ့တော့ အမေ သားသမီးတွေအလှည့်ရောက်ပါပြီ အရိပ်ထဲမှာ ကောင်းမွန်စွာအနားယူပါတော့လား…။ အရွယ်ရောက်ရင် မိခင်ရင်ခွင်ကိုပစ်၍ အတောင်စုံရင်ပျံတဲ့ ငှက်တွေလို မလုပ်ဘူးဆိုတာ စိတ်ချပါယုံပေးပါအမေ…။ မိဘ အခြား နားခိုစရာမရှိ ဆိုသလို လူတစ်ယောက်မှာ တစ်ဦးတည်းသော မိနှင့်ဖ ဆိုတာပဲရှိတယ် အစားထိုးလို့မရနိုင်တော့ကြောင့်……… အစားထိုးလို့ မရနိုင်အရာသည် မိဘ “ဇောင်း”
Read article
Discuss
[1]
CTRL
earlier →
http://vzochat.com/en/blog/mraungj/page/2