အသိပညာ Vs အတတ်ပညာ
Posted on 8/7/2009 by
linyongshein
Mood: နှာစီးနေတယ်ဗျို့ (နေမကောင်းဖြစ်တော့မယ်).
Tags: ကွာဟချက်လေးတစ်ခုပါ
တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့
သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစ်စီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
" ခင္ဗ်ား သခ်ာၤေဗဒတတ္သလား"
" ကျွန်တော် မတတ်ပါဘူး"
"ရူပဗေဒ တတ်သလား"
"ဒါလဲ မတတ်ပါဘူး"
"ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား"
"စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး"
ထိုအခါ ဆရာမှာ ခေါင်းခါပြီး
"သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်"
"ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"
"ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘ၀၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ"
ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။
ထိုအခါ လှေသမားက ဆရာအား " ခင်ဗျား ရေကူးတတ်သလား" ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး
"ကျွန်တော် မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး" ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး..
" ဒါဆိုရင် အခုချိန်မှာ ခင်ဗျားရဲ့ဘ၀ ၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်" ဟု
ပြန်ဖြေခဲ့သည်။
လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲမှာ ဆရာဟာ ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ
အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာအဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ (ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။)
လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက
သူ့အတွက် "ရှင်သန်" ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမယ့် အရေးကြုံလာတဲ့အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင်ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။
ဒ့ါကြောင့်
- တစ်ပါးသူကို အထင်မသေးပါနဲ့။
- "ငါ"ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
- ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကိုမကြံစည်တတ်ဘူး။
- ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကိုကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။
ငါရဲ့ "အရည်အချင်း" သူ့မှာမရှိသလို သူ့ရဲ့ "အရည်အချင်း"လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။
စာရေးသူအမည်မသိပါ..သိရှိပါကဖေါ်ပြပေးပါမည်။
လင်းရောင်ရှိန်
Read article
Discuss
[7]
တကယ်လို့ ကိုယ့်ချစ်သူက တခြားကောင်မလေးတစ်ယောက်နဲ့ စကားပြောနေတယ်ဆိုရင်
Posted on 8/2/2009 by
linyongshein
Tags: if you see your boyfriend walking with another girl….!!
မိန်းကလေး စုမိပြီဆိုလျှင် ဟိုရောက် ဒီရောက် စကားများတတ်တာ သဘာဝ။ ဖက်ရှင်အကြောင်း၊ အစားအသောက်တွေအကြောင်းကနေ သမီးရည်းစားတွေ အကြောင်းထိ ပြောတတ်ကြသလို၊ မိန်းမချင်းချင်း ပွင့်ပွင့်လင်းလင်းတွေလည်း ဆွေးနွေးတတ်ကြတာပေါ့။ ဒီလိုပါပဲ.. ဟိုနေ့က သူငယ်ချင်းတွေ စုမိပြီး ထွေရာလေးပါ စကားများဖြစ်ကြတယ်။ စလိုက်တာကတော့ ငါအခု ဘာကျောင်းတက်နေတယ်၊ ဒါပြီးရင် ဘာဆက်လုပ်မယ် ဆိုတာကိုတော့ စပြောကြတာပဲ။ နောက်တော့ ဘယ်သူက ဘယ်လိုစပြီး ပြောလိုက်တယ် မသိဘူး.. အချစ်အကြောင်း ရောက်သွားလေရဲ့။
ယောင်္ကျားတွေက မကောင်းဘူးလို့ ပြောပြီး အဲဒီ ယောင်္ကျားတွေနဲ့ ကင်းကင်းမနေနိုင်ကြတာဟာလည်း မိန်းမတွေပါပဲရှင်။ သြော် အလုပ်ထဲမှာ၊ ကျောင်းမှာ၊ စီးပွားရေး လုပ်တဲ့နေရာမှာလည်း ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်းရတယ် မဟုတ်လားရှင့်။ အိမ်မှာတောင် အဖေတွေ မောင်လေးတွေ ရှိတတ်ကြသေးတယ်လေ.. ဟုတ်တယ် မဟုတ်လား။ အဲလို အဲလိုနဲ့ ပြောနေကြ ဆိုနေကြတုန်း မေးခွန်းလေး တစ်ခုထွက်လာလို့ ကျွန်မ အားလုံးသော သူငယ်ချင်း မိန်းကလေးများကို မေးလိုက်မိတယ်။
“ကိုယ့် ချစ်သူကို နောက်ကောင်မလေး တစ်ယောက်နဲ့ လမ်းမှာ တွဲလာနေတာကို တွေ့ရင် ဘာလုပ်မှာလဲ” လို့! ကျွန်မပြောတဲ့ နောက်ကောင်မလေးက သူတို့ရဲ့ နောက်ရည်းစား တစ်ယောက်ကို ပြောတာပါ။
အဖြေတွေကတော့ အမျိုးမျိုးပါပဲ…..
“ငါ သာဆိုရင်တော့ အဲနေရာမှာတင် ပွဲက ပြတ်သွားမှာ”
“တွေ့ကြည့်လိုက်လေ.. ပြုံးပြုံးကြီး ကြည့်ပေးလိုက်မယ်.. နေနှင့်အုံးပေါ့ကွာ ဆိုတဲ့ ပုံစံနဲ့”
“အမလေးလေး ငါးလောင်းပြိုင် လူသတ်မှုထက်ကို ဆိုးသွားမှာ ဘာမှတ်တုန်း”
“ငါသာဆိုရင် သွားနုတ်ဆက်ပြီး မိတ်ဆက်ပေးအုံးလေလို့ ပြောမိမှာပဲ”
“ကိုယ့်ရည်းစားကိုတော့ ဘာမှ မလုပ်ပါဘူးအေ.. အဲဒီမိန်းမကို ပါးသွားချလိုက်မယ်” (ဘုရား၊ ဘုရား)
ကိုယ်စတဲ့ မေးခွန်းက နောက်တော့လည်း ကိုယ့်ဘက်ပြန်လှည့်လာရော….”နေပါအုံး နင်ဆိုရင်ကော ဘာလုပ်မှာတုန်း”
ကျွန်မဆိုရင်ကော ဘာလုပ်မှာလဲ… ?????????
တစ်ကယ်လို့များ ကိုယ်ချစ်ရတဲ့ ယောင်္ကျားတစ်ယောက်က ကွယ်ရာမှာ နောက်ကောင်မလေးတွေနဲ့ ရှုပ်နေတာကို သိခဲ့ရင်၊ မတော်တဆ လမ်းမှာ သူတို့နဲ့ တွဲသွားတာနဲ့ ဆုံခဲ့ရရင် ကျွန်မ ဘာလုပ်မိမှာလဲ။ ကျွန်မသူတို့ကို တစ်ကယ့်စိတ်ခံစားချက်အတိုင်း အဖြေပေးလိုက်ပါတယ်။
“ငါ သာဆိုရင် ပြေးပုန်းမှာ..၊ ငါ ချစ်တဲ့လူ ပျော်ဖို့အတွက် ငါ ဘာတွေပဲ သိထား သိထား၊ မသိသလိုပဲ နေပေးမှာပေါ့။ ထားခဲ့ရင်တောင် ကျေကျေနပ်နပ်ကြီး နေခဲ့လိုက်အုံးမယ်”
ကျွန်မလို မိန်းမမျိုးလည်း လောကကြီးမှာ တော်တော်များများ ရှိကြမှာပါ။ ရှိမယ်လို့ ယုံကြည်တယ်။ မိန်းမတွေကို နားလည်ရခက်တယ်လို့ ယောင်္ကျားတွေက ပြောကြတယ်။ ဒါဆိုရင် သူတို့တွေရဲ့ နားလည်မှု စွမ်းရည်တွေ နည်းနေလို့ပေါ့ရှင်။
Read article
Discuss
[3]
ဒိုင်ယာရီတစ်အုပ်၏ ခံစားချက်လေးများ
Posted on 8/2/2009 by
linyongshein
Mood: ပျော်ပါတယ်(အကျီတစ်ထည် ၀ယ်လိုက်လို့).
Music: I Love You !(ေ.
Tags: တစ်နေ့ အနော် ဒိုင်ယာရီလေးတစ်အုပ်ကောက်ရခဲ့တယ်။, ပြီးတော့ သူ့မျက်ရည်လေးတွေကို တွေ့လိုက်တယ်။
အချစ်ဆိုသောအရာကို ကျွန်မလုံးဝကြီး နားလည်လိုက်သောအချိန်တွင် ကျွန်မ၏ နှလုံးသားများသည် နာကျင်မှုကြောင့် တစ်ဆတ်ဆတ်တုန်လျက်ရှိသည်။
ကျွန်မသည် ယောင်္ကျားတစ်ယောက်ကို ပုံ၍ ချစ်ခဲ့သော်လည်း ကျွန်မ၏ ခံစားချက်များကို အလေးမထားတတ်သော ယောင်္ကျားတစ်ယောက်ကိုသာ ချစ်ခဲ့ခြင်းဖြစ်သည်။ ထိုယောင်္ကျား၏ ပျော်ရွှင်ခြင်း ၀မ်းနည်းများကို မျှဝေခံစားရန် ကြိုးစားနေဆဲမှာပင် ကျဆုံးသွားခဲ့ရသော သူတစ်ယောက်ဖြစ်သည်။ ကျွန်မနားလည်ထားသော ချစ်သူကို ပိုမိုပေးဆပ်ဖို့ အရှိန်နောက်တစ်ဆင့် မြင့်လိုက်စဉ်မှာ လဲပြိုကျသွားခဲ့ရသော သူတစ်ယောက်ဖြစ်သည်။
ချစ်သူအား ကျွန်မ၏ ချစ်ခြင်းများဖြင့် တုပ်နှောင်ခြင်းကို မခံစေလိုသော စေတနာကြောင့် ကျွန်မအပေါ်တွင်ထားသော သူ၏ စိတ်ဓါတ်မှန်ကို သိရှိစေခြင်းငှာ လှည့်ကွက်တစ်ခုထွင်လိုက်ရာမှ ကိုယ့်ဇာတ်ကိုယ် မနိုင်ဖြစ်သွားရသော အချစ်ဇတ်ဆရာ တစ်ယောက်ဖြစ်သည်။ ထိုကဲ့သို့ ကျရှုံးမှုများဖြင့် နပန်းလုံးခဲ့ရသော်လည်း ရည်းစားသက်တမ်းတစ်လျှောက် ကျွန်မကိုယ်တိုင် မှန်းဆ၍ မရခဲ့သော ချစ်သူ၏ စိတ်များကို လုံးဝ သိရှိနားလည်လိုက်ခြင်းသည် ကျွန်မအတွက် အရှုံးထဲမှ အမြတ်တစ်ခုဖြစ်ပါသည်။
တစ်ကယ်တော့ ကျွန်မသည် ကိုယ့်အတ္တ၊ မာနနှင့် အနိုင်ရလိုမှုများအတွက် အတွက် အရာရာကို တိုက်ခိုက်တတ်သော ယောင်္ကျားတစ်ယောက်ကိုသာ ချစ်ခဲ့မိခြင်းဖြစ်သည်။ ပကတိရိုးသား၍ လှည့်ကွက်မများသော ပတ်ဝန်းကျင်တွင် ရိုးရှင်းသောသူများနှင့်သာ ဆက်ဆံခဲ့ရသော ကျွန်မသည် သဘာဝတရား၏ ပြောင်းလဲမှုများ လှည့်ကွက်များကို မသိရှိ နားမလည်ခဲ့ရိုး အမှန်ပါ။
ကျွန်မကြုံတွေ့ခဲ့ရသည့် အကွေ့အကောက်များဆိုသည်မှာလည်း အလုပ်နှင့်ပတ်သက်သော အတက် အကျများသာဖြစ်သည်။ အသက် ဆယ့်ခုနှစ်နှစ်တိုင်အောင် အချစ်ဆိုသောအရာကို မကြုံဖူးခဲ့သော ကျွန်မသည် ဘ၀၏ သုံးပုံတစ်ပုံ အစိတ်အပိုင်းကို ရောက်ကာမှ ချစ်မိခဲ့ခြင်းကြောင့် အချစ်နှင့်ပတ်သက်သော လှည့်ကွက်များကိုလည်း ကြိုမတွေး၊ ကြိုမမြင်နိုင်ခဲ့ပါ။ အချစ်ဆိုတာ ချစ်နေရုံမျှဖြင့် ပြီးမနေကြောင်းကို အသိနောက်ကျခဲ့သူ တစ်ယောက်လည်းဖြစ်သည်။
ယောင်္ကျားများ၏ လွတ်လပ်စွာနေလိုသော သဘာဝကို အတိုင်းအတာ တစ်ခုထိသာ နားလည်ခဲ့ပြီး Limit ကျော်နေခြင်းကို ခွင့်လွတ်ဖို့ကိစ္စတစ်ခုအဖြစ် မတွေးတောမိခဲ့သော သူတစ်ယောက်လည်း ဖြစ်သည်။ ချစ်သူ၏ အတိတ်မှ အပြစ်များအားလုံး (တစ်ကယ်တော့ သူက အပြစ်ဟု မယူဆထသောအရာများလည်း ဖြစ်နိုင်သည်) ကို ခွင့်လွတ်နိုင်ခဲ့သော်လည်း လက်ရှိ ကျွန်မနှင့် ချစ်နေစဉ်တွင် အတိမ်းအစောင်းလေး တစ်ချက်ကိုတောင် အသဲပွင့်မတတ် ခံစားခဲ့ရသော သူတစ်ယောက်ဖြစ်သည်။
အဝေးရောက်ချစ်သူနှင့် မဆုံနိုင်ခင်စပ်ကြားလေးတွင် လွတ်လပ်စွာနေလိုသော ယောင်္ကျားတစ်ယောက်၏ သဘောသဘာဝကို လျစ်လျူမရှုနိုင်ခဲ့သော သူတစ်ယောက်လည်း ဖြစ်သည်။ ခေတ်မီလွန်းနေသော ယောင်္ကျားတစ်ယောက်ကို အမီလိုက်ကာ နားမလည်နိုင်ခဲ့သော မိန်းမတစ်ယောက်လည်း ဖြစ်သည်။ သို့သော် ကျွန်မသည် ချစ်သူ၏ ချစ်တမ်းကစားပွဲမှ သားကောင်တစ်ကောင်လည်း ဖြစ်နေနိုင်ခဲ့ပါသည်။ သူသည် ကျွန်မကို ချစ်ချင်လည်း ချစ်ခဲ့ပါလိမ့်မည်။ သဘောကျရုံသက်သက်လည်း ဖြစ်နေနိုင်ခဲ့ပါသည်။ ယောင်္ကျားတော်တော်များများသည် ထက်မြက်သောမိန်းမများကို သဘောကျတတ်ကြသော်လည်း တစ်ကယ်တမ်း သူတို့လိုချင်သည်မှာ သူတို့ပြောသမျှ ခေါင်းညိတ်တတ်သော၊ ပြောသမျှယုံတတ်သော၊ သူတို့နောက်ကိုလိုက်ကာ သူတို့လုပ်သမျှ လိုက်မစုံစမ်းတတ်သော ခပ်အေးအေးမိန်းမများကိုသာ ဖြစ်သည်။
ထိုအဖြစ်သည် ယောင်္ကျားတိုင်းအတွက် ဟုတ်ချင်မှ ဟုတ်မည်ဖြစ်သော်လည်း တော်သောယောင်္ကျား တော်တော်များများသည် ထိုကဲ့သို့ စိတ်ထားများ ရှိနေတတ်ကြပါသည်။ ကျွန်မကိုယ်ကျွန်မ တစ်ခြားယောင်္ကျားများနှင့် အကင်းရှင်းဆုံး နေထိုင်ခဲ့သော်လည်း ချစ်သူကိုလည်း ကိုယ့်လိုကင်းရှင်းစေချင်ခဲ့သော စိတ်ကြောင့် ကျွန်မ အသဲများ ကြေမွခဲ့ရခြင်း ဖြစ်သည်။
ယောင်္ကျားဆိုတာ တစ်ခါ တစ်လေ လွှတ်ထားရတယ် ဆိုသော စကားများကို လစ်လျူရှုခဲ့ခြင်းကြောင့် ရင်ဘတ်ကြီးတစ်ခုလုံး စူးရှနာကျင်ရသည့် အဖြစ်မျိုးကို ကြုံခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ကျွန်မသည် ချစ်သူကို ကျွန်မ၏ စကားများနှင့် စိတ်မညစ်စေချင်ခဲ့သောကြောင့် တစ်ကယ်မဟုတ်သော အကြောင်းပြချက်တစ်ခုဖြင့် ကိုယ့်ကိုကိုယ် နာကျင်စေမည့်လမ်းကို ရွေးချယ်လိုက်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် အချစ်ကြီးသော်လည်း မချစ်တတ်သည့် ကိုယ့်ကိုကိုယ်ဒဏ်ခတ်လိုက်ခဲ့ခြင်းသာ ဖြစ်သည်။
ချစ်သူသည် ကျွန်မကို ချစ်တတ်အောင် သင်ကြားပေးခဲ့သော ကျွန်မ၏ အချစ်လက်ဦးဆရာ ဖြစ်သည်။
ချစ်သူသည် အလွမ်းများကြောင့် ရီဝေနေသော ကျွန်မ၏ မျက်ဝန်းများကို ငေးမကြည့်ဖူးသူ ဖြစ်သည်။
ချစ်သူသည် ခံစားချက်များကြောင့် ဆတ်ဆတ်တုန်နေသော ကျွန်မ၏ နုတ်ခမ်းနှင့် မျက်ရည်လဲ့နေသော မျက်လုံးများကို မမြင်ဖူးသူဖြစ်သည်။
ချစ်သူသည် ကျွန်မထက် တစ်ခြားအရာများကို ဦးစားပေးချစ်ခဲ့သော ယောင်္ကျားတစ်ယောက် ဖြစ်သည်။
ချစ်သူသည် ကျွန်မ၏ စိုးရိမ်ပူပန်မှုများကို နားမလည်ခဲ့သော သူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း
ချစ်သူသည် ကျွန်မ အချစ်များကို တစ်ဘ၀စာလုံးအတွက် သိမ်းပိုက်သွားခဲ့သူ တစ်ယောက်သာ ဖြစ်ပါတော့သည်။
တကယ်တမ်းကျတော့ ................ကျွန်မသည် အတွေ့အထိမပါသော အငွေ့ချစ် သက်သက်ဖြင့် ကျွန်မချစ်သူကို ရှိသမျှပုံချစ်ခဲ့သောမိန်းမတစ်ယောက်သာဖြစ်ပေတော့သည်။
ကျောင်းမှကောက်ရသော ဒိုင်ယာရီတစ်အုပ်၏ ခံစားချက်လေးများ ဖြစ်ပါသည်။
လင်းရောင်ရှိန်
Read article
Add Comment
Fashion Sense of Women
Posted on 8/2/2009 by
linyongshein
ကျွန်မတို့ လူသားတွေအသက်ရှင်နေထိုင်လာခဲ့တဲ့ ကာလတစ်လျှောက်မှာ အမျိုးမျိုးသော ဖက်ရှင်ရေစီးကြောင်းတွေနဲ့ တွေ့ကြုံရင်ဆိုင်လာခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲလာတဲ့ ဖက်ရှင်ကို လိုက်လျောညီထွေ နေထိုင်ခြင်းဟာလည်း နေ့စဉ် Lifestyle တွေထဲက မရိုးနိုင်တဲ့ ပြောင်းလဲခြင်း တစ်ခုပဲဖြစ်ပါတယ်။ လူတွေရဲ့ ဖက်ရှင်ပြောင်းလဲမှုဟာ ခေတ်အလိုက်သာမက အသက်အရွယ်အလိုက် လူတန်းစားအလိုက် ကွာဟမှုရှိတာလည်း တွေ့ရပါတယ်။ ကဲ ဒီနေ့ခေတ်မှာ ရွေးချယ်ဝတ်စားနေကြတဲ့ ဖက်ရှင်တွေ ဘယ်နှစ်မျိုးလောက်ရှိလဲဆိုတာ လေ့လာကြည့်ရအောင်နော်။
Style Sleekers

ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှုရှိတဲ့ ဟန်ပန်မူယာတွေနဲ့ စတိုင်လ်ကို ဖော်ဆောင်တဲ့ နေရာမှာလည်း အတွေ့အကြုံရှိတဲ့ သူမျိုးတွေပဲဖြစ်ပါတယ်။ ဘယ်လိုနေနေ လုံးဝ Smart ဖြစ်အောင် နေထိုင်တတ်တဲ့ သူမျိုးတွေပဲပေါ့။ သူတို့တွေဟာ ခေတ်ကိုမျက်ခြေပြတ်မခံတဲ့ သူမျိုးတွေ ဖြစ်ပြီး ဖက်ရှင်ကျကျနေရတာလည်း နှစ်လိုတဲ့သူတွေပါ။ ဒါပေမယ့် Fashion Trend တိုင်းကို လိုက်လံတုပ ၀တ်ဆင်တာမျိုးတော့ မဟုတ်ပြန်ပါဘူး။ ခေတ်မီတယ်၊ ဖက်ရှင်ကျတယ်၊ မိန်းမဆန်တဲ့ ဆိုတဲ့ အချက်အလက်တွေ နဲ့ပြည့်စုံနေသူမျိုးပေါ့။ သူတို့တွေဟာ shopping ထွက်ရတာကို နှစ်သက်တတ်ကြပြီး၊ stylish and smart ဆိုတာကတော့ မွေးရပါ talent အဖြစ်ပါလာတတ်ကြသူတွေပေါ့။
Trendy Comfy Casuals (Key Target)

သူတို့လေးတွေ အဓိကဦးစားပေး ရွေးချယ်တဲ့ စတိုလ်မျိုးကတော့ သက်တောင့်သက်သာရှပြီး လွတ်လွတ်လပ်လပ်နေလို့ရတဲ့ စတိုင်လ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမယ့်သူတို့တွေဟာလည်း Fashionable clothes and shoes တွေကို စိတ်ဝင်တစ်စားရှကြပါရဲ့။ သူတို့တွေရဲ့ကြိုက်နှစ်သက်မှုကတော့ Casual Fashion ပဲဖြစ်ပါတယ်။ သူတို့တွေရဲ့ Lifestyle ကို အ၀တ်အစားတွေကနေတစ်ဆင့် ပြသရတာ ကျေနပ်ကြသူရယ်ပါ။ အ၀တ်အစားနဲ့ ပတ်သက်လို့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်အပြည့် ရှိကြပြီး သူတို့ကိုကြည့်လိုက်ရင်လည်း အမြဲတမ်း comfort ဖြစ်နေသလိုပါပဲ။
Comfy Casuals

သူတို့တွေကတော့ လွပ်လပ်မှုကို ဦးစားပေးတဲ့ သူမျိုးတွေပေါ့။ သက်တောင့်သက်သာ နဲ့ အလွယ်တကူ ၀တ်ဆင်လို့ရတဲ့ သာမန်မ၀တ်တွေကိုပဲ နှစ်သက်ကြသူတွေပါ။ သူတို့တွေဟာ ဖက်ရှင်တွေကို သိပ်စိတ်ဝင်စားမှု မရှိကြသလို Brand စွဲလည်း မရှိကြတဲ့ သူမျိုးပါ။ ဒါပေမယ့် ဖြစ်သလိုနေထိုင်တတ်ကြတဲ့ သူမျိုးတွေလည်း မဟုတ်ပြန်ပါဘူး။ ဘယ်နေရာကိုမဆို ထသွား ထလာဝတ်ဆင်လို့ရတဲ့ စတိုင်လ်မျိုးကိုပဲ နှစ်သက်ကြတဲ့ သူမျိုးတွေပေါ့ရှင်။
Younger Classics

သူတို့တွေကတော့ သွားမယ့်နေရာအလိုက် အ၀တ်အစားတွေ ဖက်ရှင်တွေ ပြောင်းလဲ တတ်သူမျိုးပေါ့။ Style, quality ဆိုတာမျိုးကို သေချာဂရုစိုက်တတ်သူမျိုးတွေ ဖြစ်ပြီး၊ ဖက်ရှင်တွေကိုလည်း အမျိုးမျိုးပြောင်းနေဖို့ နှစ်သက်သူတွေပေါ့။ ဥပမာ. အ၀တ်အစားအတွက်ဆိုရင်လည်း ကိုယ်ကြိုက်နှစ်သက်တဲ့ အရောင်တွေချည်းပဲ ၀တ်ဆင်နေတတ်တာမျိုး မဟုတ်ပဲ၊ အရောင်အသွေးစုံ ကာလာစုံပြောင်းလဲ ၀တ်ဆင်သူမျိုးပေါ့။ ၀တ်စားထားတဲ့ ၀တ်စုံမျိုးနဲ့ လိုက်ဖက်တဲ့ Fashion Accessories တွေကိုလည်း တွဲဖက်ဝတ်စားတတ်သူတွေပါ။
Classics (Aged 45+)

သူတို့ရဲ့ နေထိုင်ဝတ်စားမှုပုံစံဟာ သူတို့တွေရဲ့ Personality ကိုထင်ဟပ်စေပါတယ်။ ထသွား ထလာ အ၀တ်မျိုးကို ၀တ်ဆင်ချိန်မှာတောင် သပ်ရပ် သပ်ရှင်းအောင် ၀တ်တတ်သူမျိုးတွေပေါ့။ သူတို့တွေဟာ traditional and classic fashion မျိုးကိုစိတ်ဝင်စားတတ်ကြပြီး၊ ဖက်ရှင်ထက် quality ကိုအသားပေးတတ်ကြသူမျိုးတွေပေါ့။ သူတို့ရဲ့ အ၀တ်ဗီဒိုတွေထဲမှာလည်း အပေါ်အောက် လိုက်ဖက်တဲ့အ၀တ်အစားတွေကို အမြဲတွဲလျက်ထားတတ်ကြပါတယ်။ အ၀တ်အစားတွေကိုလည်း အရမ်းဂရုစိုက်တတ်ကြပြီး သပ်ရပ် သန့်ရှင်းမှုကိုလည်း အလေးပေး ဆောင်ရွက်တတ်ကြပါသေးတယ်။
ဒီလိုမျိုးလူတွေ မဟုတ်ပဲ ဖိုသီ ဖတ်သီ ဖြစ်သလိုဝတ်စားတတ်ကြတဲ့ သူမျိုးကိုလည်း ကျွန်မတို့တွေ တွေ့ဖူးကြမှာပါ။ ဒီလိုလူတွေကို တွေ့မြင်တဲ့အခါ သူတို့တွေ အပေါ်မှာ ကျွန်မတို့ ဘယ်လိုသဘောထားလေ့ရှိပါသလဲ။ လူတစ်ယောက်ရဲ့ တန်ဘိုးဟာ စိတ်ဓါတ်ကိုကြည့်ပြီး အကဲဖြတ်တာ ဖြစ်ပေမယ့်လို့ လူတွေနဲ့ဆက်ဆံရတဲ့ အခါမှာ မြင်တွေ့ရတဲ့ First Impression ဆိုတာကိုလည်း ထည့်မတွက်လို့မရပါဘူး။ ဘယ်လောက်ပဲ ရိုးသားတဲ့၊ ကောင်းမွန်တဲ့ စိတ်ဓါတ်ရှိနေပါစေ သင့်တော် ကောင်းမွန်တဲ့ ဖက်ရှင်မျိုးကို ရွေးချယ်မ၀တ်တတ်ဘူးဆိုရင် ကျွန်မတို့အနေနဲ့ လူဝင်ဆန့်မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှု အပြည့်ရှိစေဖို့၊ လူတကာကြားမှာ စူပါစတားဖြစ်အောင်နေဖို့ Fashion ဆိုတာလည်း ဂရုစိုက်ရမယ့် အချက်ထဲမှာ တစ်ချက်အပါအ၀င် ဖြစ်တယ်ဆိုတာ စာဖတ်သူရော လက်ခံလိမ့်ထင်ပါတယ်ရှင့်။
Read article
Discuss
[4]
အလှအပအကြောင်း နည်းနည်းလောက် ပြောကြရအောင်နော်
Posted on 7/29/2009 by
linyongshein

မိန်းကလေးမှန်ရင်တော့ လှဖို့ ပဖို့ကို
နည်းမျိုးစုံနဲ့ ကြိုးပမ်းကြတာ ချည်းပါပဲ။ ခေါင်းအစ ခြေအဆုံး တစ်သသနဲ့ တမမ
ဖြစ်နေကြတာဟာလည်း မိန်းကလေးတို့ရဲ့ သဘာဝပဲ မဟုတ်လား။ အချိန်မရှိဘူး၊
မလှချင်ပါဘူးဆိုရင်တောင် အနည်းဆုံးတော့ ခေါင်းလေးဖြီးလိုက်၊ သနပ်ခါးလေး
လူးလိုက်တော့ လုပ်တတ်ကြပါသေးတယ်။ လှချင်တဲ့အကြောင်းကို ပြောနေတာနဲ့ပဲ
ပြောစရာကို မပြောရပဲ ဖြစ်တော့မယ်။ မိန်းကလေး တော်တော်များများဟာ
နုတ်ခမ်းအလှကိုလည်း ဖော်ပြတတ်ကြသေးတာမို့ နုတ်ခမ်းနီဆိုတာလည်း
မိန်းမတို့အတွက် မရှိ မဖြစ်လိုအပ်ပါတယ်။ တစ်ချို့က နုတ်ခမ်းနီ မဆိုးပဲ
မနေတတ်ကြဘူး။ လှတစ်မျက်နှာဆိုတာဟာလည်း နုတ်ခမ်းနီပါမှ ပြီးပြည့်စုံတာလေ။
ကျွန်မဆိုတဲ့ မိန်းမကတော့ နုတ်ခမ်းနီဆိုးဖို့ကို ဘယ်လိုမှ ဖီလ်းမလာတဲ့
မိန်းကလေးရှင့်။ ပွဲလမ်း သဘင်သွားမှပဲ ခပ်ဖျော့ဖျော့လေး ဆိုးလေးရှိပါတယ်။
ဒါပေမယ့် မိန်းကလေး တိုင်းကတော့ နေ့တိုင်းပဲ ဖြစ်ဖြစ် တစ်ခါတစ်လေပဲ
ဖြစ်ဖြစ် နုတ်ခမ်းနီတော့ ဆိုးကြတာ ချည်းပါပဲ။ ကျွန်မတို့ဆိုးနေတဲ့
နုတ်ခမ်းနီတွေနဲ့ ပတ်သက်ပြီး ဗဟုသုတ ရစရာလေးတွေကိုလည်း ပြောပြပေးချင်ပါတယ်။

နုတ်ခမ်းနီလို့ ပြောလိုက်တာနဲ့
စစချင်းသတိရမိစေတာကတော့ အီဂျစ်လူမျိုးတွေကိုပဲ ဖြစ်ပါတယ်။
အီဂျစ်လူမျိုးတွေဟာ မိပ်ကပ် cosmetic တွေကို စတင်တီထွင်ခဲ့တဲ့
သူတွေမဟုတ်လား။ နုတ်ခမ်းနီဆိုးဖို့ကိုလည်း သူတို့တွေကပဲ စတင်ခဲ့တာပါ။
အီဂျစ်လူမျိုးတွေနောက်မှာတော့ ဂရိလူမျိုးတွေနဲ့ ဘေဘီလုံတွေက
မိတ်ကပ်လိမ်းခြယ်ခြင်းရဲ့ ကနဦးလူသားတွေအဖြစ် ရပ်တည်လို့နေကြပါတယ်။
နောက်ပိုင်းတွေမှာမှ အနောက်နိုင်ငံတွေကို ပျံ့နှံ့ရောက်ရှိလာခဲ့တာပါ။
အဲလိဇဘက် ဘရင်မဟာ သူမရဲ့နုတ်ခမ်းတွေလှပဖို့အတွက် မာကျူရီဆာလဖိုဒ်ကို
လိမ်းခြယ်ခဲ့တယ်လို့ သိရပါတယ်။ သူမသာမက သူမရဲ့အထိန်းတော်
အပျိုတော်တွေကိုလည်း ဒါကိုလိမ်းခြယ်ဖို့ တိုက်တွန်းအားပေးလေ့ ရှိပါသတဲ့။
နုတ်ခမ်းနီတွေအကြောင်းကို
ပြောရမယ်ဆိုရင်တော့ ဖြူ၊ မဲ ရုပ်ရှင်တွေခေတ်က မင်းသမီးတွေကို
သတိရမိပါသေးတယ်။ သူတို့တွေရဲ့ နုတ်ခမ်းဟာ များသောအားဖြင့် မဲနေတတ်ကြတယ်
မဟုတ်လား။ တစ်ကယ်တော့ဒါဟာ နုတ်ခမ်းတွေ မဲနေတာတော့ မဟုတ်ဘူးရှင့်။
အနီပုပ်ရောင် နုတ်ခမ်းနီတွေကို ဆိုးထားခြင်းသာ ဖြစ်ပါတယ်။ ပြီးတော့
နုတ်ခမ်းနီ ဆိုးလိုက်ရင် မိန်းကလေးတွေဟာ အနည်းနဲ့ အများတော့ sexy အသွင်လေး
ဆောင်သွားတတ်ကြတယ်ရှင့်။ အခု ကျွန်မတို့ အသုံးပြုနေကြတဲ့ push-up
နုတ်ခမ်းနီကိုတော့ 1915 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ နုတ်ခမ်းနီမှာ
မဓိကပါဝင်တာတွေကတော့ ရောင်ခြယ်ပစ္စည်းတွေနဲ့ အဆီတွေပဲဖြစ်ပါတယ်။
နုတ်ခမ်းနီတွေနဲ့ ပတ်သက်ပြီး တိုးတက်လာမှု အခြေအနေတွေကတော့….
1952: စစ်ကြီးပြီးတဲ့
အချိန်ပေါ့။ Revlon ကုမ္ပဏီက ကမ္ဘာ့အကြီးကျယ်ဆုံးသော
နုတ်ခမ်းနီကြော်ငြာတွေကို လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက သူကြော်ငြာခဲ့တာက
“Fire & Ice” ဆိုတဲ့ အမျိုးအစားပေါ့။ နောက်ပိုင်းမှာတော့
မဂ္ဂဇင်းစာမျက်နှာ တော်တော်များများမှာ နုတ်ခမ်းနီကြော်ငြာတွေကို
တွေ့လာရတော့တာပါပဲ။
1957: Gala ကနေထုတ်လိုက်တဲ့
နုတ်ခမ်းနီဟာ ကမ္ဘာပေါ်မှာ ပထမဆုံးသော tube ပုံစံနုတ်ခမ်းနီ ဖြစ်လာပါတယ်။
အမျိုးသမီးတွေက နုတ်ခမ်းနီဆိုးဖို့ Brush ကိုသုံးနေမကျသေးတဲ့
အချိန်ဖြစ်လို့ အဲဒီတုန်းက နုတ်ခမ်းနီဆိုးဖို့ကို မိနစ် 20လောက်
အချိန်ယူခဲ့ရတယ်လို့လည်း မှတ်သားရပါတယ်။
1958: Max Factor ကပြောတယ်..
နုတ်ခမ်းနီ မဆိုးထားတဲ့ မိန်းမတစ်ယောက်ဟာ လူရှေ့သူရှေ့မှာ
အ၀တ်ဝတ်မထားတာနဲ့ တူတူပါပဲ… တဲ့။ ခုတော့ မိန်းကလေးတော်တော်များများလည်း
နုတ်ခမ်းနီတွေ ဆိုးကုန်ကြလေပြီ။
1959: မာရီလင် မွန်ရိုးပါတဲ့
ရုပ်ရှင်တွေမှာ မိန်းမတွေဟာ အရောင်အသွေးတောက်ပတဲ့ နုတ်ခမ်းနီတွေဆိုးပြီး
ပုရိသတွေကို သွေးဆူအောင် ဖမ်းစားနေလေရဲ့။
1973: Bonne Bell က အရောင်
အနဲ့ ထူးခြားတဲ့ lip gloss တွေကို စတင်ရောင်းချပါတယ်။ ခုလက်ရှိ Bonne Bell
ကထုတ်တဲ့ ပစ္စည်းတွေကိုကြည့်ရင်တော့ အဲဒီတုန်းက သူတို့ထုတ်တာ ဘယ်လောက်များ
ထူးခြားလို့လဲလို့ မေးလာနိုင်စရာရှိပါတယ်။ အဲဒီတုန်းကတော့ lip gloss တွေက
တော်တော်လေးကို နည်းသေးတယ်လေ။ အဲလိုနည်းသေးတဲ့ အချိန်မှာ Bonne Bell က
အရမ်းကိုရှားပါးတဲ့ စတော်ဘယ်ရိနံ့၊ ဂျယ်လီနံ့တွေလိုမျိုး Lip Gloss
မျိုးတွေကို ထုတ်လုပ်နိုင်ခဲ့တာပါ။ ခုတော့ လူတွေက Bonne Bell ကထုတ်တဲ့
နုတ်ခမ်းနီတွေကို သိပ်စိတ်မ၀င်စားကြတော့ပါဘူး။ တစ်ခြား Brand တွေကိုပဲ
အာရုံကျနေတာ များပါတယ်။
1986: မက်ဒေါနားက
သူမရဲ့အကြိုက်ဆုံး နုတ်ခမ်းနီဟာ M-A-C’s Russian Red ဖြစ်တယ်လို့
ကြေငြာလိုက်တော့ မိန်းမ တော်တော်များများ အဲဒါကို လိုက်ဝယ်ကြတော့တာပါပဲ။
အဲဒီအချိန်က စပြီး နာမည်ကြီးတွေ တစ်ခုခုကြေငြာလိုက်တာနဲ့ လူတွေနောက်ကနေ
လိုက်ဝယ်တတ်ကြတယ်ဆိုတာ သတိပြုမိလာကြပါတယ်။ ခုချိန်ထိပဲစိုပါစို့။
1996: နုတ်ခမ်းနီအရောင်
ဖျော့ဖျော့လေးတွေ ပိုနာမည်ကြီးလာတယ်။ သဘာဝနုတ်ခမ်းသား အတိုင်းလိုမျိုး
နုတ်ခမ်းနီရောင် လေးတွေပေါ့။ တစ်ချို့တွေကတော့ နုတ်ခမ်းနီဆိုးတယ်..
ပြီးတော့ တစ်ရှူးတို့ ပေပါတို့နဲ့ ပြန်ဖျက်ပြီး နုတ်ခမ်းနီအရောင်
ဖျော့ဖျော့လေးဖြစ်အောင် ထားတတ်ကြသေးတယ်။
2000: Trend ကတော့ တော်တော်ကြီးကို ပြောင်းလဲလာပါပြီ။ အသစ် အသစ်တွေကလည်း ပေါမှ ပေါ ပါပဲ

နုတ်ခမ်းနီတွေရဲ့ သမိုင်းကြောင်းနဲ့
ဖြစ်တည်မှုလေးကတော့ ဒီလောက်ပါပဲရှင်။ ဆက်လက်ပြီး နုတ်ခမ်းနီ
ဝယ်တော့မယ်ဆိုရင် အရောင်ကို ဘယ်လိုရွေးချယ်မလဲ၊ ဘယ်လိုအမျိုးအစားကို
ဝယ်သင့်သလဲဆိုတာကိုလည်း တစ်ချက်လောက် ကြည့်ကြရအောင်။
1. ကိုယ့်နုတ်ခမ်းသား အရောင်နဲ့ အနီးစပ်ဆုံး တူတဲ့နုတ်ခမ်းနီကို
ရွေးချယ်ရပါမယ်။ အသားမဲတဲ့ သူတွေကတော့ အနီရင့်ရောင်၊ ၀ိုင်အရက်ရောင်တွေနဲ့
လိုက်ဖက်ပြီး အသားဖြူတဲ့သူမျိုးတွေကတော့ ပန်ရောင်၊ အညိုရောင်
လိမ္မော်ရောင်လိုမျိုးတွေနဲ့ သင့်တော်ပါတယ်။
2. နေ့ဘက်တွေမှာ
ပေါ့ပါးပေါ်လွင်တဲ့ အရောင်မျိုးကိုဆိုးပြီး ညဘက်တွေမှာတော့ အရောင်ရင့်ရင့်
နုတ်ခမ်းနီမျိုးကို ဆိုးသင့်ပါတယ်။ ပြီးတော့ နေ့ဘက်တွေမှာ ရိုးရိုး cream
နုတ်ခမ်းနီမျိုးက သင့်တော်ပြီး ညနေခင်းတွေမှာဆိုရင်တော့ gloss လိုမျိုး
အရောင်လက်လက်လေးတွေကို သုံးဖို့ ပိုသင့်တော်ပါတယ်။
3.
ဖြစ်နိုင်မယ်ဆိုရင်တော့ မိတ်ကပ်ပညာရှင်တွေဆီသွားပြီး ကိုယ့်နုတ်ခမ်းဟာ
ဘယ်လိုအရောင်မျိုးနဲ့ သင့်တော်တယ်ဆိုတာကို စမ်းသပ်ကြည့်သင့်ပါတယ်။
ပြီးတော့ သဘာဝ အလင်းရောင်ထဲမှာပဲ ကိုယ်ဆိုးထားတဲ့ အရောင်ဟာ
ကိုယ်နဲ့လိုကမလိုက် ကြည့်စေချင်ပါတယ်။
4. အရောင်တွေကို
ကိုယ့်ဖာသာကိုယ်လည်း စပ်ကြည့်နိုင်ပါတယ်။ ကိုယ်နှစ်သက်တဲ့ အရောင်တွေကို
ရှာဝယ်လို့ မရနိုင်ရင်တော့ ကိုယ့်ဘာသာကိုယ် စပ်လိုက်တာ အကောင်းဆုံးပါပဲ။
5. နောက်တစ်ခုကတော့ ကိုယ့်နုတ်ခမ်းနီ အရောင်ထက်ရင့်တဲ့ သို့မဟုတ် အရောင်တူတဲ့ lip liner မျိုးကို သုံးရပါမယ်။
6. နုတ်ခမ်းနီ ဆိုးပြီးသွားရင်တော့ Lip Liner လေးဆွဲပြီး အဆုံးသတ်ဖို့ တိုက်တွန်းပါရစေရှင်။
နောက်တစ်ခါ နုတ်ခမ်းနီနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန် မှတ်သားရန် အချက်ကလေးတွေကတော့..
1. Lip Liner တွေဟာ နုတ်ခမ်းနီ အရောင်နဲ့ လိုက်ဖက်မှု ရှိရပါမယ်။
ပန်းရောင် နုတ်ခမ်းနီဆိုးပြီး အနက်ရောင် လိုင်နာကြီး ဆွဲတာမျိုးတော့
မလုပ်ရဘူးလေနော်။
2. Brush တစ်ချောင်း အမြဲဆောင်ထားပါ။
နုတ်ခမ်းနီဆိုးတဲ့ brush တွေက နုတ်ခမ်းနီဆိုးတဲ့အခါ သေသေသပ်သပ်
ပြီးမြောက်အောင် ဖြည့်ဆည်းပေးနိုင်သလို နုတ်ခမ်းနီတွေ ဘေးကို
မပြန့်အောင်လည်း ထိန်းထားပေးနိုင်ပါတယ်။
3. အသက် 40
ကျော်နေပြီဆိုရင်တော့ Lip Gloss တွေ မဆိုးတာ အကောင်းဆုံးပါပဲ။
ခရမ်လိုမျိုး နုတ်ခမ်းနီတွေကသာ လေးဆယ်ကျော် မမလှလှတွေနဲ့ သင့်တော်ပါတယ်။
4. လိမ္မော်ရောင် နုတ်ခမ်းနီတွေကတော့ သင့်ရဲ့သွားတွေကို ပေကျံစေတတ်ပါတယ်။ သွားတွေလည်း အရောင်ပြောင်းပြီး ၀ါသွားတတ်တယ်ပေါ့လေ။
5.
နုတ်ခမ်းနီ အရောင်ကို မကြိုက်ရင်တော့ ပါးနီိလိုလည်း
စမ်းကြည့်နိုင်ပါသေးတယ်။ တစ်ချို့နုတ်ခမ်းနီတွေဟာ နုတ်ခမ်းပေါ်မှာ
အရောင်မလှပေမယ့် ပါးပေါ်မှာတော့ တော်တော်လေးကို လှနေတတ်ပါတယ်။
6. ပါးနီအဖြစ်ပါ သုံးလို့ မကြိုက်သေးဘူး ဆိုရင်တော့ တစ်ခြားနုတ်ခမ်းနီ အရောင်တွေနဲ့ ရောစပ်ပြီး ဆိုးကြည့်နိုင်ပါသေးတယ်။
7. နုတ်ခမ်းနီတွေဟာ ရေခဲသေတ္တာထဲမှာ သိမ်းထားရင် အရောင်ကြာရှည်ခံတယ်လို့လည်း သိရပါတယ်။
ကျွန်မရဲ့ Blog Post တွေကို အချိန်ပေးပြီး ဖတ်တဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်ရှင်။
Read article
Discuss
[2]
အချစ်တွေအကြောင်းပြောကြရအောင်နော်
Posted on 7/25/2009 by
linyongshein
အချစ်လေးမျိုးရှိတယ်တဲ့....
1. Ego Love
2. One-sided Love
3. Blind Love
4. True Love
1. Ego Love
ဒီအမျိုးအစားကတော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ရပါတယ်.... အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့... ကိုယ်ချစ်တဲ့သူကို... ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်... မျက်စိအောက်က အပျောက်မခံချင်ဘူး... သ၀န်တိုနေတယ်... ချစ်သူက ကိုယ့်ကိုပဲ ဂရုစိုက်စေချင်တယ်ဆိုရင်.... အဲဒါ ego love ဖြစ်နေပါပြီ... အဲဒီလိုလူတွေက... ချစ်သူကို စိတ်ဆိုးလွယ်တယ်... သူက ငါ့ကို ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေးမျိုး.. ခဏခဏ၀င်တတ်ပါတယ်... အမှားဆိုရင် သေးသေးလေးတောင် သည်းမခံတတ်ကြပါဘူး.... အချစ်ကြီးပြီး အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလည်းပါတယ်ပေါ့...
2. One-sided Love
ဒီအမျိုးအစားက...ကိုယ်ကပဲချစ်နေချင်တယ်...... အရာရာပေးဆပ်နေချင်တယ်...... အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်...... ဒါပေမယ့် တစ်ဖက်လူက... ကိုယ်လုပ်ပေးနေတာတွေကို လိုချင်ရဲ့လားဆိုတာ... ဘယ်တော့မှမစဉ်းစားပါဘူး... အဲဒါကြောင့် တစ်ခါတစ်ခါ... တစ်ဖက်လူက စိတ်ကျဉ်းကျပ်တာတွေ... စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်... အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့....... မကြာခင်မှာ ဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်...
3. Blind Love
ဒီလိုအချစ်အမျိုးအစားကို... စိတ်ကစားတာလို့လည်းခေါ်နိုင်ပါတယ်... အချစ်မှာမျက်စိမရှိဘူးလို့ပြောနေကြတဲ့သူတွေပေါ့... အရာရာကို ရင်ဆိုင်ရဲလာမယ်... သူ့အတွက်နဲ့ အရာရာကိုစွန့်လွှတ်ရဲတဲ့ စိတ်တွေဝင်လာမယ်... ဒါဆိုရင် blind love ဖြစ်နေပါပြီ... ဖြစ်သင့်မဖြစ်သင့်... လုပ်သင့်မသင့်တွေလည်း မစဉ်းစားမိတော့ဘူးလေ.... ဒါပေမယ့် ဒီလိုအချစ်မျိုးက ကြာကြာမခံပါဘူး.... အချစ်တွေပျောက်သွားတဲ့အချိန်မှ... ကိုယ်လုပ်မိတာတွေအတွက်...နောင်တရနေတတ်ပါတယ်...
4.True Love
နောက်ဆုံးအမျိုးအစားပါ.... မေတ္တာလို့လည်းခေါ်နိုင်တယ်ပေါ့..... အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါတယ်... ပေးဆပ်ခြင်းနဲ့လည်း မကြေကွဲရဘူး.... ရယူလိုခြင်းအတွက်လည်း မပူလောင်ရတဲ့အချစ်မျိုးပါ.... ဒီလိုအချစ်မျိုးကတော့.... အင်မတန်ရှားပါတယ်... လူတစ်ယောက်ကို.... တစ်ခြားဘာကိုမှမကြည့်ဘဲ.... သူဖြစ်နေတဲ့အတွက် ချစ်နေတဲ့အချစ်မျိုးပါ.... အသဲကွဲတယ်ဆိုတာလည်းမရှိဘူး.... သူနဲ့မပေါင်းရလည်း... ဘာမှမဖြစ်ဘဲ... တစ်သက်လုံး... စိတ်ထဲမှာထားပြီး.... ချစ်သွားနိုင်တဲ့အချစ်မျိုးပါ.... အဲဒါကြောင့် တစ်ချို့က ၅၂၈ မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်....
အပေါ်မှာရေးခဲ့တဲ့အချစ်လေးမျိုး မှာ Ego Love နဲ့ One-sided Love က နည်းနည်းဆင်ပါတယ်... တစ်ချို့က တစ်ခါတစ်လေ...Blind Love ကို True Love နဲ့လည်း မှားတတ်ကြပါတယ်... ဆင်တာကိုး... မတူကတော့... Blind Love က လွယ်လွယ်နဲ့ပျောက်သွားတတ်ပြီး... True Love ကတော့ နှစ်တွေဘယ်လောက်ကြာကြာ မပျောက်သွားတတ်ပါဘူး... အဲဒါကြောင့်...... ချစ်မိပြီဆိုရင်..... ကိုယ့်ကိုကိုယ်မှန်မှန်ကန်ကန် သုံးသပ်နိုင်ပြီး... ရင်ဆိုင်ရမယ့်ပြသနာတွေကိုဖြေရှင်းနိုင်ကြပါစေ... ....
စာကြွင်း - Forward Mail တစ်ခုမှရရှိပါသည်။
ချစ်သူရှိသူများအတွက်ပါ...
လင်းရောင်ရှိန်
Read article
Discuss
[10]
←
later
http://vzochat.com/en/blog/linyongshein/page/1
CTRL
earlier →
http://vzochat.com/en/blog/linyongshein/page/3