ရည်းစားရှိခြင်း၏ advandages &disadvandages!

Posted on 5/14/2009 by linyongshein

လူငယ်များ၏ ရည်းစား မရှိခြင်းကောင်းကျိုး (၁၁) ချက်

()      Online ဖိုးပိုက်ဆံ အကုန်အကျသက်သာခြင်း

()      အပို့အကြိုကိစ္စ ဖြစ်သော ဖယ်ရီ မရှိခြင်း

()      အချော့ရသက်သာခြင်း စိတ်ပင်ပန်းဆင်းရဲမှုမှ ကင်းဝေးစေခြင်း

()     မုန့်ဖိုးအား လောက်ငှစွာ သုံးစွဲလို့ရခြင်း

()     အချိန်မရွေးနေရာမရွေး လွတ်လပ်စွာနေထိုင်နိင်ခြင်း

)     အစားမှန် အအိပ်မှန် အထမှန်ခြင်း နှင့် ကျန်းမာရေးကောင်းနေခြင်း

()     အိမ်မှ ဖုန်းဘေလ် ငွေနှုန်းများ သက်သာလာခြင်း

()     ပါးစပ်အား နံစေသော ဆေးလိပ် ကွမ်းယာ သေရည် ဒညင်းသီးများအား
         
အချိန်မရွေး စားသုံးလို့ရခြင်း

()     ရည်းစားမရှိ၍ သူငယ်ချင်းအား ရင်မဖွင့်ရသဖြင့် သူငယ်ချင်းဖြစ်သူက
          
နားငြီးသက်သာသောကြောင့် သင့်အား အလိုက်အသင့် ဆက်ဆံခြင်း

(၁၀)   ရည်းစားမရှိပါက ဘီယာတိုက်တဲ့ ပိုက်ပိုက် သက်သာစေခြင်း
          
(ဘီယာတိုက်ပြီး ရင်ဖွင့်တဲ့သူရှိလို့ပါ)

(၁၁)  ရည်းစား နားပူနားဆာအမိန့်များ ကင်းဝေးခြင်း တို့ဖြစ်ပါသည်။

လူငယ်များ၏ ရည်းစား ရှိခြင်းကောင်းကျိုး (၁၁) ချက်

()   လူအများကြား၌ ကြွားကြွားဝါ၀ါ နေနိုင်ခြင်း

()   ကိုယ်မရှိရင် သူပေး သူမရှိရင် ကိုယ်ပေး ဖြင့်နေနိုင်ခြင်း

()   ငှက်ပျောတုန်းဖက်သေစရာ မလိုခြင်း

()   ဟုတ်ဟုတ် မဟုတ်ဟုတ် လူရှိန်နေခြင်း

()   ကိုကို မောင် ချစ် မေ လို့ ယုယစွာ
      
စကားလုံးများအကန့်အသက်မရှိ ပိုင်ဆိုင်စေခြင်း

()   Website ပေါ်တွင်ကဗျာ များသစ်လွင်နေခြင်း နှင့် လန်းဆန်းတက်ကြွနေခြင်း

()   လက်သည်းခြေသည်း ရှည်ခြင်းမှကင်းဝေးစေခြင်း နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိခြင်

()   ရည်းစားမရှိသူအား နှိမ်၍ မင်းမှာရောရည်းစားရှိလို့လားလို့ မေးလို့ရခြင်း

()   ဆောင်းတွင်းဖြစ်သည့်တိုင်အောင် အနွေးထည် ၀ယ်ရသည့် ငွေကုန် သက်သာစေခြင်း

(၁၀) အမြဲတမ်း ပိုက်ဆံချေးလို့ရခြင်း နှင့်

(၁၁) နောက်ဆုံးရုံတင် ရုပ်ရှင်ကားများ အဆက်မပြက် ကြည့်ရခြင်း တို့ပဲ ဖြစ်ပါသည်။

 

အနော်ကတော့ ရည်းစားမလိုချင်ပေမယ့် သုတေသနပြုထားတာပါ။

ဖတ်ကြည့်လို့ကြိုက်ရင် Comment ပေးကြပါနော်..............။Wink

 

 

 

 

 


Discussion

thura86 on 5/14/2009 says:

ဟဟ .. ကြိုက်တယ်

အဲဒီအထဲက ရီးစားရှိခြင်း အကျိုးတွေထဲက နံပါတ် (၁၀) ကို အကြိုက်ဆုံးဘဲ...

thura86 on 5/16/2009 says:

ရီးစားမလိုချင်ဘူးလဲ ပြောသေးတယ်.. ဘာလို့ သုတေသန ပြုထားတာလဲ..

တချိန်ချိန်လိုအပ်မယ်ထင်လို့ပေါ့နော်

nan_ma_wa on 5/20/2009 says:

For...Linyongshein...

အရမ်းမှန်တာပဲ.....ညီမလေးက...တော်တယ်နော်...

thura86 on 5/21/2009 says:

ဘယ်လိုမှန်တာလဲ.. အရက်မူးသမားတွေ မှန်သလိုလား...

putaro7 on 5/21/2009 says:

ညီမလေးရည်းစား မရှိဘူးဆိုတော့ ဒို့နဲ့ ဘ၀တူသွားပြီပေါ့

        ဘ၀တူချင်းလုပ်လိုက်ကြစို့ 

      ဘယ်လိုသဘောရလဲ

nan_ma_wa on 5/22/2009 says:

FLOWER PICTURES BY LYNN

photherhtoo on 6/4/2009 says:

အင်း

ကောင်းတော့ကောင်းပါတယ်။

မကောင်းတာလဲမကောင်းဘူးပေါ့လေ။

ဘယ်ဟာကောင်းပြီး။ ဘယ်ဟာမကောင်းဘူးလို့ ငါလဲမသိဘူး။ ငါ့မှာကရည်းစားကရှိလဲရှိတယ်။

မရှိလဲမရှိဘူးလေ။ အဲဒီထဲကအချက်တွေနဲ့ တူတာတွေလဲရှိတယ်။ မတူတာတွေလဲရှိတယ်ဟ။

 

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← Do you want to smile?   Return to blog   အချစ်နှင့်သူ၏အပြုအမူလေးများ →
© 2006-2012 Free Video Chat VZOchat! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.