ချစ်တယ်တဲ့

Posted on 1/20/2010 by linyongshein


ချစ်သူတွေဖြစ်ကြသော ကောင်မလေးနဲ့ ကောင်လေးနှစ်ယောက် လမ်းလျှောက်လာကြပါတယ်…

ကောင်မလေး ။ ။ နင်ငါ့ကို တကယ်ချစ်တာ သေချာလား

ကောင်လေး ။ ။ သေချာတာပေါ့..တကယ်ဘဲဟာ

ကောင်မလေး ။ ။ ဒါဆို ချစ်တယ် လို့နင်ငါ့ကို ပြောပါလား.. ငါကြားချင်လို့..

ကောင်လေး ။ ။ မပြောချင်ပါဘူး

ကောင်မလေး။ ။ဘာလို့လဲ.. နင်ပြောတော့ တကယ်ချစ်တယ်ဆို.. ဘာကြောင့် မပြောချင်ရတာလဲ….

ကောင်လေး ။ ။ အင်း… ဘာကြောင့်လဲဆိုတော့…..

ကောင်မလေး။ ။ပြောစမ်းပါဟယ်.. နင့်ပါးစပ်က ပြောတာ ငါကြားချင်လို့ပါ..

ကောင်လေး ။ ။ဟင့်အင်း ..မပြောနိုင်ပါဘူး

ကောင်မလေးထံမှ ငိုရှိုက်သံ သဲ့သဲ့လေးထွက်လာပါတယ်.. ပြီးတော့ကောင်လေးကို ပြောလိုက်တယ်..

ဒါဆို နင်ငါ့ကို တကယ်မချစ်ဘူးပေါ့နော်…

ကောင်လေး ဘာမှပြန်မပြောပါဘူး.. သူတို့၂ယောက်လုံး တိတ်ဆိတ်စွာနဲ့ လမ်းဆက်လျှောက်နေကြတယ်.. ကောင်မလေး အိမ်ရှေ့ရောက်တော့ ၂ယောက်လုံး ရပ်လိုက် ကြပါတယ် ပြီးတော့ ကောင်လေးက ကောင်မလေးလက်ကို အသာဆုပ်ကိုင်လိုက်တယ်..

ကောင်မလေး။ ။ နင်ဘာမှ ပြောစရာမရှိတော့ဘူးလား

ကောင်လေး ။ ။ ငါပြောမဲ့ စကားကို နင်တကယ် ကြားချင်တာလား….

ကောင်မလေး။ ။ (ခပ်ရွံ့ရွံ့တွန့်ဆုတ်ဆုတ် လေသံလေးနဲ့ ) အင်း

ကောင်လေးက ကောင်မလေးရဲ့ ပုခုံးလေးကို အသာအယာပွေ့ဖက်လိုက်တယ်.. ပြီးတော့ နှဖူးလေးကို ဖွဖွညင်သာ နမ်းရှိုက်လိုက်ပြီး ကောင်မလေးရဲ့ နားရွက် နားလေးကို ကပ်ကာ နူးညံ့တဲ့အသံနဲ့ တိုးတိုးလေး ပြောလိုက်ပါတယ်..

ဘာလို့ငါမပြောချင်တာလဲဆိုတော့ နင့်ကိုချစ်တဲ့အချစ်တွေက “ချစ်တယ်” ဆိုတဲ့ စကားလေး နှစ်ခွန်းနဲ့ ငါ့အချစ်ကို လုံလောက်အောင် မဖော်ပြ နိုင်လို့၊ မပြည့်စုံနိုင်လို့ပေါ့ကွယ်…

(ရေလည် လန်းတယ်ကွာ...........)
=============================================================

မှန်ပါတယ်နော်.. တစ်ခါတစ်လေမှာ ချစ်တယ်ဆိုတဲ့ ရင်ထဲက ခံစားချက်ဟာ စကားလေး၂လုံးနဲ့ ပြည့်စုံ လုံလောက် အောင် အဓိပ္ပါယ်ဖွင့်ဆိုဖို့ ခက်ခဲလွန်းနေပါ သေးတယ်… တစ်ယောက်ယောက်ကို ချစ်မိပြီဆိုရင် ချစ်တဲ့စိတ်နဲ့ ကိုယ့် ဘ၀ကြီးတစ်ခုလုံး အချစ်ရနံ့တွေ ထုံမွန်းပြီး လှပ နေတတ်တယ်..

အရာရာကို ပျော်ရွှင်စရာ တွေနဲ့၊ လောကကြီး တစ်ခုလုံး သာယာ ကြည်နူးစရာရယ်လို့ထင်တတ်ကြပေမယ့် ချစ်သူနဲ့ ဝေးကွာ၊ ခွဲခွာနေတဲ့ အခါမှာတော့ လောကကြီး တစ်ခုလုံးဟာ အထီးကျန် စရာ၊ စိတ်ပျက်ငြီးငွေ့စရာရယ်လို့ မြင်တတ်ကြပြန်ပါတယ်.. ဒါဟာ အချစ်ဆိုတဲ့ အရာ လေးရဲ့ စွမ်းဆောင်ချက်ကြောင့်ပဲ မဟုတ်ပါလား…

အချစ်ရှိရင် ကမ္ဘာ လောကကြီး တစ်ခုလုံးကို အကောင်းမြင် နေတတ်ပေမဲ့ အချစ်မရှိတော့တဲ့အခါ လောကကြီးတစ်ခုလုံးကို အဆိုးမြင်လာအောင် စွမ်းဆောင်နိုင်တဲ့ ဒီအချစ်ကို ဘယ်လိုများ စကားလေး၂လုံးနဲ့ စာဖွဲ့လို့ပြည့်စုံနိုင်မှာလဲရှင်… ဒီတော့ စကားလေးနဲ့ ပြောဖို့ မလုံလောက်တဲ့အခါ ကိုယ်ဘယ်လောက် ချစ်ကြောင်း ချစ်သူကို သိစေဖို့အတွက် အမူအရာလေးတွေ ဂရုစိုက်မှု လေးတွေ ၊နားလည်မှု လေးတွေ ပြဖို့ လိုအပ်လာတာပေါ့နော်…

ချစ်သူတွေ တစ်ယောက်နဲ့ တစ်ယောက် ပိုချစ်လာတဲ့ အခါ အကြင်နာ စိတ်တွေ ပိုလာကြသလို နားလည် သိတတ်မှုတွေလည်း ပိုတိုးလာကြပါတယ်.. ဒါဟာ အချစ်အကြောင်းကို ညွှန်းဆို ပြသ နေကြခြင်းသာ ဖြစ်ပါတယ်… စာဖတ်သူ များလည်း ကိုယ်ချစ်တဲ့သူကို ချစ်တဲ့ အကြောင်း သူသိအောင် ပြောပြဖို့အတွက် စကားလေး၂လုံးနဲ့ မလုံလောက်တဲ့အခါ နားလည်မှု၊ စာနာ ဂရုစိုက်မှု ၊ ကြင်နာ သိတတ်မှု လေးတွေနဲ့ အချစ်အကြောင်းလေးတွေကို ပိုပြီး ပြည့်စုံ လေးနက်အောင် ပြောပြလိုက်ကြပါလို့…………

Author unknown ရဲ့ Three Words ကို ဘာသာပြန်ပါတယ်ရှုင်…

(မမတစ်ယောက်ရဲ့ဘလော့လေးပါ)

                                                            လင်းရောင်ရှိန်

Discussion

violent528 on 1/20/2010 says:

THANKS YOU !       LINYOUNGSHEIN .

chitmoenyo120 on 1/21/2010 says:

linyongshein on 1/23/2010 says:
chitmoenyo120:

ဖိုးသင်္ကြန်က သူ့ကောင်မလေးကို အဲ့ဒီ့လောက်ထိ ချစ်တယ်တဲ့

oo oo on 1/28/2010 says:

ဘယ်လိုများ ပြေ့စုံလုံလေါက်အောင် သက်သေပြချင်နေလည်းမသိ

ငါတော့ ကြောက်ကြောက်ဘဲ

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ကောင်ကလေးရဲ့ချစ်ပုံပြင်.......…   Return to blog   ပလေတို နဲ့ ဆိုကရေးတီးပြောတဲ့ (… →
© 2006-2012 Free Video Chat VZOchat! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.