Blog of 83minlwin09ကပါနော် RSS Available

သူငယ်ချင်းတွေအများကြီးရချင်တယ် ကွန်မက်တွေလဲ ၀င်ရေးပေးကြပါ နော် အားပေးတာကို ကျေးဇူးတင်ပါတယ်..

စဉ်းစားပေးပါ

Posted on 12/26/2009 by 83minlwin09


တူရိယာ တစ်ခုစီ အတွက် မရည်ရွယ်ပါနဲ.
တေးသွားတစ်ခုလုံးအတွက်ရည်ရွယ်ပါ
စုတ်ချက် တစ်ခုတည်းအတွက် မရည်ရွယ်ပါနဲ.
ပန်းချီတစ်ကားလုံးအတွက် ရည်ရွယ်ပါ
တစ်နေရာတည်းမှာ အတူတကွရပ်မှ
တစ်မျိုးတည်းသော အမြင်ကိုမြင်ရမယ်
မင်းဘက် ငါ့ဘက် မရွေးပါနဲ.
( ငါ့ကို ချစ်ခဲ့ရင် )
အချစ်ဆိုတဲ့ ဘက်ကနေ စဉ်းစားပေးပါ။

Read article   Discuss [2]

မင်းသဘောပါ

Posted on 12/26/2009 by 83minlwin09

ငါဟာ
မင်းသားလား လူကြမ်းလား
မင်းပဲဆုံးဖြတ်ပေးပါ
ငါ့ ဇာတ်ရုပ်ငါ ပီပြင်ချင်လို.
နောက်ထပ် သံသယ မကျန်အောင်
ငါ့ကိုချစ်ကြောင်း ပြောပြပါ
ဒါမှမဟုတ်
နောက်ထပ် သံယောဇဉ် မကျန်အောင်
ငါ့ကို မုန်းကြောင်းပြောပြပါ။

အရေအတွက်အရ လူနှစ်ယောက်ရှိပေမယ့်
အရည်အချင်းအရ တစ်ဘ၀ တည်းပဲ
နှစ်ခုမပြား
တစ်သားတည်း မြတ်နိုးကြရင်
“ အဒွိတ္တ မေတ္တာ ”လို.ခေါ်ရမယ်
အဲဒီနေရာမှာ ငါတို.ဆုံချင်ရင်
သစ္စာ တစ်ခုတည်းနဲ.
ပြန်လာနိုင်ပါတယ်ချစ်သူ။ ။

Read article   Discuss [1]

တကယ်ပါဟာ

Posted on 12/26/2009 by 83minlwin09

နင့်ကိုသာရွယ်
ငါ ကဗျာတစ်ပုဒ် ဖျစ်ညှစ်လုပ်ပြီး
ဒါ အချစ်စစ် အဟုတ်ပါလို့
ဖွင့်ဟ ထုတ်ပြပါသော်လည်း။

မမြင်သာဆဲ
လှစ်ဟပြတဲ့ ငါ့ရင်ခွင်တစ်စုံ
ချစ်မရ မဲ့ရွဲ့ နင်မယုံ့တယုံ
ဖြစ်သမျှ ကဲ့ရဲ့ ဆယ်ပုံ့တစ်ပုံ။

ဘယ်လိုပါလဲ
ငါ့အကြည့်က မစူးရှလို့လား
ငါ့အသိက ရူးသွားလို့လား
ငါ့လက်ရှိက မထူးခြားလို့လား
ငါ့ကတိက တူးခါးလို့လား။

တကယ်ပါပဲ
မင်းသာ အဓိက
ငြင်းမရ အတိအကျ
နင်းချ ငတိဘ၀။

နောက်ဆုံးတော့လဲ
သောက်သုံးမကျဆဲ
ကျောက်တုံးဘ၀ပဲ
အောက်ဆုံးကမြဲ
ဘယ်လောက်ရုန်းရမလဲ။

နွားပြာ ဘ၀ထဲ
အောက်သွားမရှိတာ ကြာပြီပဲ
နောက်ထားမိတာ တာရှည်လည်း
မဖောက်ပြားမိပါ မြှာမပွေမြဲ
ထောက်ထားကြည့်ပါ ဗလာချည်အသည်း။

(တိမ်တိုက်)

Read article   Discuss [1]

မျှော်လင့်မိသူ( ၂ )

Posted on 12/22/2009 by 83minlwin09

ဘဝဆို တာ ခဏလေးပါ …..
ရှင်သန်နေတဲ့ အချိန်လေးမှာ တော့
မင်း အနား နေခွင့် ရှိချင်မိတယ် ..
မင်း မျက်ဝန်းမှာ ငါ့ နှလုံးသားလေး နှောင်ရစ်သွားခဲ့ရပြီးလေ …
ရင်ခုန်နေသူရဲ့ အိပ်မက်ထဲ ကို နွယ်လိုရစ်ပတ်ခဲ့
အကြင်နာတွေ ပျော်ဝင်စီးမျောခဲ့ တဲ့ မင်း မျက်ဝန်း
ရူးမတတ်ဖြစ်ခဲ့ရတဲ့ အပြုံးတစ်ချက် ကြောင့်
ငါ့ ရဲ့ ရင်မှာ ဖြစ်တည်နေတဲ့ ခိုင်မာနေမဲ့ အချစ်များ က
မင်း အတွက် သီးသန့် ဖြစ်လာခဲ့ရတယ် ..
ငါ မင်းကို သိပ်ချစ်တယ်ဆိုတဲ့ …မုသားတွေမပါတဲ့
စကားလေးတစ်ခွန်း ကိုပြောလိုက်ချင်မိတယ်…..
ဒါပေမဲ့ ငါ ဟာ မျှော်လင့် နေသူတစ်ယောက် ပဲ
အဆုံးမရှိတဲ့ မြတ်နိုးခြင်းနဲ့ နီးစပ်မဲ့ လမ်း များ
အမြဲ ကြုံတွေ့နေလဲ မင်း မသိတဲ့ အချစ် မို့ ငါ့ဖက်က
ထိန်းသိမ်းရင်းနဲ့ မျှော်လင့်နေသူပေါ့
မင်း သိနှိုင်ပါ့မလား ခုချိန်ထိ ငါ့မှာတော့
မျှော်လင့်ချက် များစွာနဲ့ အိပ်မက်နေဆဲပေါ့ ……

ဒါပေမယ့်
အိမ်မက်လေးကတော့
လူမသိသူမသိ ပျောက်ကွယ်သွားပြီလေ....။     ။

Read article   Discuss [2]

ဆုတောင်းပေးလိုက်ပါတယ်

Posted on 12/21/2009 by 83minlwin09

 

အညာမိသွားတာကငါပါ
ဒါပေမယ့် ခံစားလိုက်ရတာက ငါ့နှလုံးသားလေးပါလား
ချစ်တတ်တဲ့နှလုံးသားကို လှည့်စားရက်သူရေ
မင်းလဲ ၀ဋ်မလည်ပါစေနဲ့ကွာ...
ငါစိတ်မကောင်းတာက
ချစ်တတ်တဲ့ ငါ့နှလုံးသားရဲ့ ချစ်ခြင်းတွေ
မင်းကြောင့်..
အလကားဖြစ်သွားရတာကိုပါပဲ..
လိမ်ညာရက်သူရေ
မင်းအတွက်တော့ဆုတောင်းပေးလိုက်ပါရဲ့
ချစ်ခြင်းကပေးတဲ့ ပစ်ဒဏ်တွေကို
မင်းမခံစားရပါစေနဲ့ကွာ...။          ။
ငါ့မေတ္တာကို စော်ကားတဲ့မင်း
ငါ့မေတ္တာ မစူးပါစေနဲ့ကွာ ...။         ။


Read article   Discuss [1]

မျှော်လင့်နေသူ

Posted on 12/20/2009 by 83minlwin09

  နေ့ စဉ်အမြဲ  တွေ့ နေဆဲမို့   ရင်ထဲတွယ်တာ

      ချစ်မိပါသည်  ရင်ဝယ်မျိုသိပ်  အချစ်စိတ်
   စိတ်ကြောင့်ခံစားရတယ်အချစ်ရယ်
  ချစ်ပါသော်လည်း  မပြောရဲလို့ 
  ရင်ထဲမှာသာကြိတ်မှိတ်ကာဖြင့်
  မေတ္တာနိဂုံး  ရင်မှာပျိုးလို့ 
  မြတ်နိုးနေရ  ကိုယ့်ဘဝ
  ပုလဲသွယ်သွယ်  အလှကြွယ်သား
  အချစ်များစွာ  ရင်မှာခိုအောင်း
  မင်းအကြောင်းပဲတွေးနေမိတယ်
 ပန်းသဇင်နှယ်  ယဉ်ကျေးသွယ်လျ
မေတ္တာများစွာ  ထားရပါသူ
မြတ်နိုးသူရယ်.....
ပန်းလေးညှင်းနှယ်  သင်းထုံကြွယ်သား
သစ္စာများစွာ  ရှိပါလေသူ
ကိုယ့်လိုလူကို......
နှောင်ရစ်တွယ်ထား   မင်းအင်အားတွေ
ကြီးမားနေပြီ   အချစ်ပြည်ကြီး
စွမ်းအင်ကြီးခိုင်   မင်းတည်နိုင်အောင်
စွမ်းဆောင်နိုင်လွန်းလှပါသည်....
နွယ် လိုအစဉ်ရစ်ပတ်  မနက်ဖြန်များစွာ
ရင်မှာစုထား  နှလုံးသားအပြည့်
တစ်ကွေ့ တစ်ဘဝ
မေ့လို့ မှမရတာ..................
 
                                                 
                           { ဇံယောဒီ }
 

Read article   Add Comment

စဉ်းစားကြည့်

Posted on 12/19/2009 by 83minlwin09

အချစ်ကြောင့် ဖြစ်ရတာ

ပျော်ရွှင်ခြင်း

တမ်းတခြင်း

လွမ်းဆွတ်ခြင်း

ကြေကွဲခြင်း

နာကျင်ရခြင်း

ကြည်နူးမှု

အားလုံးကိုပြန်ကြည့်ရင်

ခံစားရတဲ့ဘက်ကများနေတာပဲနော်

Read article   Add Comment

အဖြည့်ခံချစ်သူ

Posted on 12/17/2009 by 83minlwin09



ချစ်သူရေ
နောင်တစ်ချိန်မှာများ
ငါ့ရဲ့လက်တစ်စုံဟာ
မင်းအိပ်မက်ကို ပုံဖော်နိုင်စွမ်း မရှိတဲ့အခါ
မင်း....... ထွက်သွားပါ

ငါ့ရဲ့ ရင်ခွင်တံတိုင်းဟာ
မင်းဘ၀ကို ကာရံနိုင်စွမ်းမရှိတဲ့အခါ
မင်း...... ထွက်သွားပါ

ငါ့အချစ်ရဲ့ ရင်ခုန်သံ
မင်းရဲ့သောကကို ကုစားနိုင်စွမ်း မရှိတဲ့အခါ
မင်း... ....ထွက်သွားပါ

ငါကတော့....
မင်းနှလုံးသား တစ်ရပ်စာမြင့်တဲ့
ချစ်သူကို မြတ်နိုးခွင့်ကလေးနဲ့
ဖြည့်ဆည်းပေးနေပါရစေဦး

ငါတို့နှုတ်မဆက်ခင်စပ်ကြား
အလွမ်းတွေအခါးပေါ့အောင်
သင်ပေးခဲ့ပါဦးကွယ်

ငါ ပြီးပြည့်စုံနေသမျှ
မင်းဘ၀ကို
အလှဆုံးဆေးခြယ်
လူတကာအလယ်မှာ
ချစ်သူမျက်နှာမငယ်စေချင်ရုံကလေးပါ

မြေကြီးကမွေးဖွားခဲ့တဲ့
ကြယ်တစ်ပွင့်
မြေပြင်ပေါ် ပြန်ကြွေလွင့်ရမယ့်အခါ
ငါ့ကို ....
မင်းအနားကထွက်ခွာခွင့်ပြုပါ ချစ်သူ

ဒါမှမဟုတ်
ငါ့အနားက မင်းထွက်သွားပေးပါကွယ်

မင်းအလှကိုမြင်ခွင့်ရရုံ
ငါ ရင်ခုန်ခဲ့တာ မဟုတ်ရပါဘူး
မင်းရဲ့တစ်ဘ၀စာ ရိုကျိုး
ငါ့ရင်ကို အုပ်မိုးစောင့်ရှောက်ချင်ခဲ့တာပါ

ဒါပေမယ့် ချစ်သူရယ်
ကံကြမ္မာဆိုတာ
တရံတစ်ခါပဲ ကောင်းတတ်သလို
အချိန်တန်လို့
နေရာမှန် ပြန်တဲ့ခရီးမှာ
လောကဓံ ဆိုတဲ့အရာကို
မင်းခံနိုင်စွမ်းပါ့မလား

အချစ်နဲ့ကျော်လွှားမယ်ဆိုတဲ့စကား
မင်းနှုတ်ဖျားကပြောလာစေဦး
မင်းအမုန်းကိုပဲ ခံယူပါရစေ..... ချစ်သူ

နှာခေါင်းပေါက်ချင်းအတူတူ
အသက်ဝအောင် မရှူရတဲ့ဘဝ
မင်းနေသားကျမှာ မဟုတ်လို့ပါ.......

အဲဒီလိုတစ်နေ့ဆိုတာ
ဖြစ်လာတဲ့အခါ
မင်း နေရစ်ခဲ့ပါ
ချစ်သူရယ်.........

မင်းဘ၀ထဲကို
အလည်တစ်ခေါက် ရောက်တယ်လို့
အမှတ်ရပေးတယ်ဆိုရင်ပဲ
ငါ.......
လမ်းခွဲရကျိုးနပ်ခဲ့ပြီ.......

ချစ်သူရေ.....
အချစ်ကို အချိန်နဲ့ကုစား
မင်း ငါ့ကိုမေ့သွားမှာပါကွယ်.....

အဲဒီလို.......
တစ်နေ့နေ့ရဲ့.......
တစ်ချိန်ချိန်ဆိုတာတော့........
........................
........................
........................
ဟောဒီဆောင်းက
အချမ်းပေါ့လွန်းတယ်........ ချစ်သူ.

Read article   Discuss [1]

ဗဟုသုတလေးတွေပါ

Posted on 12/13/2009 by 83minlwin09

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ
ကမောက်ကမဖြစ်တတ်သည်။
အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊
ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်
ရောဂါများပိုမိုဖြစ်တတ်သည်။
ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏
ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ
အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။
ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏ
အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ
ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။
နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င်သည်။ ဆောင်းရာသီပြီးလျှင်
နွေရာသီရောက်လေသည်။ သဘာဝလောကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။
လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်းချက်ကျကျ
လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။
ည ၉-နာရီ မှ နံနက်၃-နာရီ    = ခန္ဓာကိုယ်အားဖြည့်ချိန်
ည ၉-နာရီ မှ ည ၁၁-နာရီ     = ရောဂါခုခံကာကွယ်စနစ်အချိန်
(အလယ်တန်းအောက်ကလေးသူငယ်များသည်
ရောဂါခုခံကာကွယ်စနစ်တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်
အိပ်နိုင်လျှင်ကောင်း၏)
ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်
နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်
နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်
(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊
သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ ထို့ကြောင့်
အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်
နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)
နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်
နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)
နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်
(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါ
လေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)
ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်
(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)
ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်
ည ၇-နာရီမှ ည ၉-နာရီ   = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန်
(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)

အကိုး။     ။ လင်ကွမ်ချန်၏ကျန်းမာရေးစာအုပ်မှ
(ပါမောက္ခ ဒေါ်ခင်ဖြူ)

မြတ်မင်္ဂလာစာစောင် အတွဲ-၂၅၊အမှတ်-၁၊ ၂၀၀၉ခုနှစ်၊ ဇူလိုင်လ မှ ကောက်နုတ်ဖေါ်ပြသည်။

Read article   Add Comment

မျှော်လင့်နေသူ

Posted on 12/13/2009 by 83minlwin09

ဘဝဆို တာ ခဏလေးပါ …..
ရှင်သန်နေတဲ့ အချိန်လေးမှာ တော့
မင်း အနား နေခွင့် ရှိချင်မိတယ် ..
မင်း မျက်ဝန်းမှာ ငါ့ နှလုံးသားလေး နှောင်ရစ်သွားခဲ့ရပြီးလေ …
ရင်ခုန်နေသူရဲ့ အိပ်မက်ထဲ ကို နွယ်လိုရစ်ပတ်ခဲ့
အကြင်နာတွေ ပျော်ဝင်စီးမျောခဲ့ တဲ့ မင်း မျက်ဝန်း
ရူးမတတ်ဖြစ်ခဲ့ရတဲ့ အပြုံးတစ်ချက် ကြောင့်
ငါ့ ရဲ့ ရင်မှာ ဖြစ်တည်နေတဲ့ ခိုင်မာနေမဲ့ အချစ်များ က
မင်း အတွက် သီးသန့် ဖြစ်လာခဲ့ရတယ် ..
ငါ မင်းကို သိပ်ချစ်တယ်ဆိုတဲ့ …မုသားတွေမပါတဲ့
စကားလေးတစ်ခွန်း ကိုပြောလိုက်ချင်မိတယ်…..
ဒါပေမဲ့ ငါ ဟာ မျှော်လင့် နေသူတစ်ယောက် ပဲ
အဆုံးမရှိတဲ့ မြတ်နိုးခြင်းနဲ့ နီးစပ်မဲ့ လမ်း များ
အမြဲ ကြုံတွေ့နေလဲ မင်း မသိတဲ့ အချစ် မို့ ငါ့ဖက်က
ထိန်းသိမ်းရင်းနဲ့ မျှော်လင့်နေသူပေါ့
မင်း သိနှိုင်ပါ့မလား ခုချိန်ထိ ငါ့မှာတော့
မျှော်လင့်ချက် များစွာနဲ့ အိပ်မက်နေဆဲပေါ့ ……

Read article   Add Comment

later
http://vzochat.com/en/blog/83minlwin09/page/1
CTRL earlier
http://vzochat.com/en/blog/83minlwin09/page/3

Photos

No Title
0
No Title
0

Tags

Latest comments

ဆုတောင်းပေးလိုက်ပါတယ်
Select the right decorating tip for your needs. Use a cheap juicy couture tip to make dots and lines, and for writing messages…
မျှော်လင့်မိသူ( ၂ )
Get a 2-part coupler so that you can switch several decorating tips without changing the bag. These 2 parts consist of a base …
တကယ်ပါဟာ
Choose from a featherweight, a disposable or a parchment icing juicy couture handbags. Featherweight bags are made from washab…
မင်းသဘောပါ
Whether you want writing or fancy flowers, juicy couture makes perfect if you want to achieve the best results for an awe-insp…
စဉ်းစားပေးပါ
Purchase an insulated lunch bag made out of a waterproof, juicy couture Poly Oxford Nylon material that insulates temperature,…
© 2006-2012 Free Video Chat VZOchat! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.