Blog of 83minlwin09ကပါနော် RSS Available

သူငယ်ချင်းတွေအများကြီးရချင်တယ် ကွန်မက်တွေလဲ ၀င်ရေးပေးကြပါ နော် အားပေးတာကို ကျေးဇူးတင်ပါတယ်..

အတု

Posted on 1/12/2010 by 83minlwin09

ဖိနပ်တွေကို တန်ဖိုးထားတဲ့
ငါ့အတွက်တော့
နင်က တန်ဖိုးကြီး
ဖိနပ်တရံပေါ့
မထင်မှတ်တဲ့အချိန်မှ
ဈေးနည်းနည်းနဲ့ရခဲ့တော့
တန်ဖိုးထားကာ ယုံကြည်စွာနဲ
ဝယ်ခဲ့တယ်
မထင်ခဲ့ပါဘူး
အတုလို့
သေချာသိလိုက်တဲ့အချိန်မှာ
စီးလိုက်တိုင်း
ဖိနပ်ပေါက်တယ်
အဆင်ပြေတဲ့ဖိနပ်တရံ
ဝယ်စီးဖို့လည်း
ငါ့မှာ ပိုက်ဆံမရှိတော့ဘူးလေ
ဒီလိုပဲ
နင့်အချစ်တု
ရင်နာပေမယ့်
နောက်တစ်ယောက်ပြောင်းဖို
နှလုံးသား
ငါ့မှာ မ ရှိတော့ဘူး

Read article   Discuss [1]

OLD FLAME

Posted on 1/12/2010 by 83minlwin09

အရင်က ချစ်သူ
အခုတော့ တခြားသူ
မာနတွေနဲ့ ပြိုင်ဆိုင်ခဲ့တဲ့
နှလုံးသားနှစ်ခုရဲ့
အဆုံးသတ်က
လမ်းခွဲခြင်းပေါ့

အခုချိန်မှာ
ငါတို့နှစ်ယောက်ရဲ့ ဘ၀တွေက
ဘ၀သစ်ထဲမှာ
ချစ်သူ အသစ်တွေနဲ့
နေသားကျနေပါပြီ

ဒါပေမယ့်လေ
အချိန်တွေ ဘယ်လောက်ကြာကြာ
မင်းကို ပြန်တွေ့တဲ့အချိန်တိုင်းမှာ
ငါ့နှလုံးသားက တခဏတော့
ပူလောင်သွားတတ်သေးတယ်
ဟုတ်မှာပါလေ
လူတွေကပြောကြတယ်
တကယ်တော့
ရည်စားဟောင်းဆိုတာ
အိုဟောင်းနေတဲ့
မီးတောက်လေးတစ်ခုပါပဲတဲ့။

Read article   Add Comment

ရင်နာတယ်ချစ်သူ

Posted on 1/12/2010 by 83minlwin09

ရင်နာတယ် ချစ်သူ...
မင်းချစ်ခြင်းတွေကမင်းကိုစားသုံး
ငါ့ရဲ့အမုန်းလို့ခေါင်းစဉ်တပ်
ဝေဒနာတွေကိုစုစည်း
အရှုံးလို့အမည်တွင်စေပြီး
ငါ့အတွက်နာကျည်းချက်တွေစုပုံ
ရင်ခုန်သံတွေကိုအရခြုံထားပြီး
ကိုယ့်နှလုံးသားကိုဒါင်္ဏ်ရာတွေပေးအပ်ဝံ့သူ.........


ချစ်သူ
အေးစက်စက်လေးပါ
မင်းနှုတ်ဆက်သွားခဲ့တာက
မျက်ရည်စက်လက်နဲ့
သွေးစိမ်းရှင်ရှင်ပန်းတွက်လာအောင်
ခံစားလိုက်ရတာငါ......

ရက်စက်တယ်လို့
မပြောရက်ပါဘူး ချစ်သူ
တယောက်ထဲ သေလောက်အောင်
ခံစားလိုက်မယ်
မင်းကိုတော့ ငါဘာမှမပြောရက်ခဲ့ပါဘူး

ငါ့ဘ၀စုပ်ပြတ်သွားပါစေ
မင်းကိုချစ်နေမယ်
သေလောက်အောင်ခံစားရင်သေသွားပါစေ
ငါကျေနပ်ပါတယ် မင်းမသိသလိုလေးနေလိုက်ပါ ချစ်သူ......။

Read article   Discuss [2]

ရင်နာတယ်ချစ်သူ

Posted on 1/12/2010 by 83minlwin09

ရင်နာတယ် ချစ်သူ...
မင်းချစ်ခြင်းတွေကမင်းကိုစားသုံး
ငါ့ရဲ့အမုန်းလို့ခေါင်းစဉ်တပ်
ဝေဒနာတွေကိုစုစည်း
အရှုံးလို့အမည်တွင်စေပြီး
ငါ့အတွက်နာကျည်းချက်တွေစုပုံ
ရင်ခုန်သံတွေကိုအရခြုံထားပြီး
ကိုယ့်နှလုံးသားကိုဒါင်္ဏ်ရာတွေပေးအပ်ဝံ့သူ.........


ချစ်သူ
အေးစက်စက်လေးပါ
မင်းနှုတ်ဆက်သွားခဲ့တာက
မျက်ရည်စက်လက်နဲ့
သွေးစိမ်းရှင်ရှင်ပန်းတွက်လာအောင်
ခံစားလိုက်ရတာငါ......

ရက်စက်တယ်လို့
မပြောရက်ပါဘူး ချစ်သူ
တယောက်ထဲ သေလောက်အောင်
ခံစားလိုက်မယ်
မင်းကိုတော့ ငါဘာမှမပြောရက်ခဲ့ပါဘူး

ငါ့ဘ၀စုပ်ပြတ်သွားပါစေ
မင်းကိုချစ်နေမယ်
သေလောက်အောင်ခံစားရင်သေသွားပါစေ
ငါကျေနပ်ပါတယ် မင်းမသိသလိုလေးနေလိုက်ပါ ချစ်သူ......။

Read article   Discuss [1]

ချစ်တယ် သခင်

Posted on 1/12/2010 by 83minlwin09

ချစ်တယ်သခင်
ရင်ခွင်မှာ စာမဖွဲ့
တေးသီကာ စာစီမနွဲ့တတ်လည်း
ပြောပြ၍ မနိုင်
ချစ်မိသည်က သက်ဆုံးတိုင်ပေါ့....

ခွဲမနေချင်ပါသခင်
ဆန္ဒကိုဖေါ်ထုတ်
ကာရန်လုပ်မဟန်လည်း
ပြင်းပြအာသီသ
သခင့်အနားမှာ ထာဝရပေါ့.......

မဝေးချင်ပါသခင်
ဘ၀ပေးအခြေအနေ
ခနဝေးနေအခြေလည်း
ရင်တွင်းအသဲမှာက
သခင်ရှိနေသည် အစဉ်မပြတ်ပေါ့....

ဘာတွေဘယ်လိုဖြစ်ဖြစ်
ဘယ်သူတွေဘယ်လိုပြောပြော
ဘယ်အခြေ
ဘယ်ကမ်းရောက်ရောက်
ချစ်မိသည်က ဘ၀နှင့်အမျှပါသခင်။

Read article   Add Comment

မမေ့နိုင်ပါ

Posted on 1/12/2010 by 83minlwin09

အနေတွေဝေးကွာ
ဘ၀ခရီးမှာ
အတူမနီးပါလည်း
ရင်တွင်းမှာ သခင်ကအစဉ်
ရှိမြဲရှိနေလျှက်ပါသခင်....

ဒေသအခြေတွေဝေးကွာ
နေ့ညအချိန်တွေမှာ
ကာလအချိန်တွေကွာလည်း
ဒီအသဲအထက်မှာ သခင်သာအမြဲ
ကြီးစိုးနေမြဲရှိနေဆဲသခင်....

လေမြေရေခြား
ရှိနေငြားလည်း
ကာလံဒေသံ
မစည်းကာဘူး
ဒီရင်အသဲမှာ သခင့်မေတ္တာက
ကိန်းအောင်းတည်နေ မမေ့နိုင်ပေ။

Read article   Discuss [1]

ရင်တွင်းဖြစ်

Posted on 12/30/2009 by 83minlwin09

ရင်ကွဲအောင်ချစ်ခဲ့ပေမယ့်
ရင်မနာပါရစေနဲ့လားချစ်သူ...
 
ရင်ဘတ်တွေကျိုးကြေခဲ့ဖူးပေမယ့်
ရင်ခုန်ခဲ့တာကမင်းတစ်ယောက်တည်းပါ
ရင်မှာအရှိုးရာအထပ်ထပ်ခံယူရင်းက
ရင်နှင့်မဆံ့စွာရူးသွပ်မိခဲ့တော့
ရင်တွေပွင့်ထွက်လုမတတ်ခံစားပြီး
ရင်နင့်အောင်တပ်မက်ခဲ့ရတယ်လေ
ရင်ထဲတိတ်တိတ်ပိုကြွေရင်းနဲ့ပဲ 
ရင်တထိတ်ထိတ်ကြိတ်လွမ်းမိပြန်တော့
ရင်အရှိုက်မှာဖိတ်ကျလာတဲ့
ရင်တွင်းဖြစ်ကဗျာလေးတစ်ပုဒ်ရဲ့
ရင်လှိုက်တေးစများစွာကိုဝေမျှဖို့
ရင်ခမိုးစက်တို့နမ်းရှိုက်ရာ
ရင်ဆွတ်ပန်းလေးတစ်ခင်းလောက်
ရင်ခွင်ဥယျာဉ်ထဲလာအပျိုးကို
ရင်တစ်ခုလုံးပုံအောခင်းကျင်းပြီး
ရင်ဖွင့်ကမ်းလင့်နေရတာ
ရင်အစုံကျွမ်းလုမတတ်ပါပဲ မျက်ဝန်းလေးရယ်...
 
ရင်ကွဲအောင်ချစ်ခဲ့ပေမယ့်လို့
ရင်တော့မနာပါရစေနဲ့လားကွယ်... ။      

Read article   Add Comment

ဆန့်ကျင်ဘက်တွေပေးတဲ့သူ

Posted on 12/26/2009 by 83minlwin09


ခြောက်သွေ.မှုကို
စိုပြေအောင် ရေလောင်းခဲ့ပြီးမှ
စိုပြေမှုကို
နာလန်မထူအောင် မီးမြိုက်ခဲ့ပြန်တယ်
လွမ်းစရာသိပ်မကောင်းလှတဲ့
ဇာတ်လမ်း ဆိုရင်တောင်မှ
ရင်က နာရ လေတယ်။

နာကျည်းမှု၊ မြတ်နိုးမှု
အချစ် ၊ အမုန်း
ငါ့ရင်ထဲမှာ အကန်.လိုက်ရှိနေတော့
ဘယ်အခန်းမှာ ဘယ်မျက်နှာဖုံးနဲ.ထွက်ရမှာလဲ
မင်းပဲသင်ပေးပါ
ငါ့ဒဏ်ရာဟာ င့ါကိုစိမ်ခေါ်မှုပါပဲ။

ဘယ်လောက် ဖြောင့်တဲ့မြားဖြစ်ဖြစ်
မျက်လုံးနှစ်ဖက် ဖွင့်ချိန်ရင်
ပစ်မှတ်ကို မမှန်နိုင်ဘူး
မင်းရပ်တည်မှုကို
မင်းပြန်မသုံးသပ်မချင်း
မင်း မြင်နိုင်မှာမဟုတ်ဘူး
မင်းအနားက
စုန်းတောက်တဲ့ မြူတွေကို
ငါ မုန်းတယ်။

တို.နှစ်ဦးထဲ လှနေတဲ့ဇာတ်မှာ
ဘာလို. တတိယလူ ပေါ်လာရသလဲ
ဒါ…………ရာမာယဏ မဟုတ်ဘူး
လေးတင်ပွဲ မဟုတ်ဘူး
သရဖူ ကာကွယ်ပွဲ။

Read article   Discuss [1]

ပြန်ပေးပါ

Posted on 12/26/2009 by 83minlwin09

မုန်းသူက မပြုံးဘူး
ချစ်သူက ပြုံးရတယ်
မတွေ.ချင်သူက မလာဘူး
တွေ.ချင်သူက လာရတယ်
ဒီမျိုးဆက်
ငါ့အတွက် မတိမ်ကောခဲ့ချေ။

လူတစ်ယောက်ဟာ
ကံကြမ္မာကို ရွေးချယ်ခွင့်ရှိရင်တောင်
အချစ်ကိုတော့ ရွေးချယ်ခွင့်မရှိဘူး
သူက
ဟိုး………အတွင်းထဲက လာတယ်
မင်းသိလား
ဝဋ်ကြွေးလို.ခေါ်တယ်။


ငါ့ကို ချစ်တဲ့သူကို ငါကမချစ်ဘူး
ငါက ချစ်တဲ့သူက ငါ့ကိုမချစ်ဘူး
အဲဒီလို တစ်ဘ၀စာ
အံဝင်ခွင်ကျ လွဲချော်မှုကို
ဝဋ်ကြွေးလို.ခေါ်တယ်။

ကိုယ့်အရှုံးကိုယ် ပြုစုမွေးမြူနေရတာ
အဆိုးဝါးဆုံး ၀ဋ်ကြွေးပဲဖြစ်မယ်
အားကောင်းမောင်းသန် ရှုံးဘူးလို.
အားကောင်းမောင်းသန် နိုင်ချင်တာ
ချစ်သူ
င့ါမေတ္တာကို အရင်းအတိုင်းပြန်ပေးပါ။

Read article   Add Comment

မနှစ်သိမ့်နဲ့

Posted on 12/26/2009 by 83minlwin09

မျက်ရည်ဆိုတာ
နှလုံးသား ထဲမှာ
သွေးကို ထည့်မီးမြိုက်လို.
ရ လာတဲ့ ပေါင်းခံရည်ပဲ
ဟောဒီ အပြုံးဟာ
နာကျင်မှုကို ချွေးသိပ်နေတာဖြစ်တယ်
ဆေးမြီးတိုပေါ့။

အရှေ.ကို ရောက်ဖို.
အနောက်ကို ရွက်လွှင့်ခဲ့သူ
ကိုလန်ဘတ်စ်
ခင်ဗျား သိပ်တော်တယ်
သူခိုးကို ရွှေတိုက်စိုး ခန်.တာလည်း
အတွေးအခေါ်ဆိုင်ရာ
စွန်.စားခြင်းတစ်မျိုးပဲ မဟုတ်လား။

ခွင့်လွှတ်တယ် ဆိုတာ
ကိုယ်ကိုတိုင် ပင်ပန်းတကြီး တည်ဆောက်ထားရတဲ့
နာကျည်းမှုကို
ကိုယ်ကိုတိုင် ပင်ပန်းတကြီး
ဖြိုဖျက်ပစ်လိုက်ရတာပဲဖြစ်တယ်။
ချစ်သူ
ရာဇ၀င်ကို ကုလားဖန် ထိုးလို.မရဘူး
နွားခြေရာနောက်ကနေ
လှည်းဘီးရာ ထပ်ကြပ်လိုက်သလို
အတိတ်ကို ခွာချလို.မရဘူး
အချို.သောဆေးမြီးတိုဟာ
ရောဂါကိုပိုဆိုးစေတယ်
ငါ့ကို တစ်ပွဲတိုးမနှစ်သိမ့်ပါနဲ.။

Read article   Discuss [2]

CTRL earlier
http://vzochat.com/en/blog/83minlwin09/page/2

Photos

No Title
0
No Title
0

Tags

Latest comments

ဆုတောင်းပေးလိုက်ပါတယ်
Select the right decorating tip for your needs. Use a cheap juicy couture tip to make dots and lines, and for writing messages…
မျှော်လင့်မိသူ( ၂ )
Get a 2-part coupler so that you can switch several decorating tips without changing the bag. These 2 parts consist of a base …
တကယ်ပါဟာ
Choose from a featherweight, a disposable or a parchment icing juicy couture handbags. Featherweight bags are made from washab…
မင်းသဘောပါ
Whether you want writing or fancy flowers, juicy couture makes perfect if you want to achieve the best results for an awe-insp…
စဉ်းစားပေးပါ
Purchase an insulated lunch bag made out of a waterproof, juicy couture Poly Oxford Nylon material that insulates temperature,…
© 2006-2012 Free Video Chat VZOchat! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.