ချစ်သူအတွက်ဆို.....(နားခိုရာ မင်းအနား...၂)
Geschrieben am 02.07.2009 von
nyikyalsin369
လမ်းခွဲစကားပြောနေမှမဟုတ်ပါဘူး ငါဟာအလိုက်သိတတ်သူပါ... နှစ်သိမ့်စကားလှလှလေးတွေ နဲ့အလိုမကျ မျက်မှောင်တွန့်နေတာမြင်ရုံနဲ့ မင်း.. မနှင်ခင်ကတည်းက ငါ တဖြည်းဖြည်း ထွက်သွားပြီးသားပါ...။ မင်း ရဲ့အနားလား..?..နေချင်တာပေါ့ ချစ်သူရယ်.. အလိုချင်ဆုံးဆုလာဘ် ဘ၀ အဆက်ဆက်က တောင့်တမက်မောခဲ့ရဖူးတာထင်ပါရဲ့...မွတ်သိပ်တမ်းတသတိယခြင်း အလွမ်းတွေနဲ့ မင်း ခွင့်ပြုတာနဲ့ ခဏချက်ချင်း (ဒီ့ထက်တောင် မြန်ချင်မြန်နေဦးမယ်..) အလင်းရဲ့အလျဉ်နှုန်းနဲ့ ငါရောက်လာချင်လိုက်တာ .....မင်းရဲ့အနား {ငါ့ နှလုံးသား နာလန်ထစလေး အတွက်} နားခိုရာလေးပေါ့.....။ ။