Blog of linyongshein RSS Available

Gefiltert nach Tag ဒီစာလေးကို ဖတ်ပြီး တစ်ဦးပေါ်တစ်ဦး နားလည်နိုင်ကြပါစေ။

Neue Beiträge in diesem Blog. Suche diesem Tag in anderen Blogs.

အချစ်နှင့်သူ၏အပြုအမူလေးများ

Geschrieben am 17.06.2009 von linyongshein
Stimmung: သူငယ်ချင်းတွေကို လွမ်းနေတယ်. Musik: မျောက်ဖြစ်ချင်တယ်(ဘာလာလာ).
Tags:ဒီစာလေးကို ဖတ်ပြီး တစ်ဦးပေါ်တစ်ဦး နားလည်နိုင်ကြပါစေ။

သင်ဟာ အသည်းတွေခဏခဏ ကွဲနေတဲ့လူလား ? ပျော်ရွှင်နေတဲ့အချစ်ရေးကို ဒီထက်ပိုပြီးပျော်အောင် ဖန်တီးချင်လား? အချစ်မှာကံကောင်းစေဖို့  မသိလိုက်တဲ့လျို့ ဝှက်တဲ့ အဆောင်လေးတွေ ရှိပါတယ် ။ ကဲလေ့လာကြည့်ကြမယ်နော် ။

နားလည်မှုအချစ်

ကြားစကားတွေကိုဘယ်တော့မှမယုံမိပါစေနဲ့ ။ ကြားစကားတွေနဲ့ လည်း ချစ်သူကို စကားနာမထိုးမိပါစေနဲ့ နော် ။ သင်ကိုယ်တိုင် မျက်မြင်လူတွေဟာ အချစ်နဲ့ တွေ့ ရင် အရည်ပျော်သွားတတ်ကြသလို ၊ စိုးရိမ်ပူပန်မှုတွေလည်းရှိလာတတ်ကြတယ် ။ အဲ့ဒါက အပြစ်တော့မဟုတ်ပါဘူး ။သဘာဝထဲက သဘာဝတစ်ခုပဲလေ ။ အဲ့ဒီတော့ အထူးသတိထားရမယ့် အချက်က လက်ရှိအချစ်မှာ လိုက်လျောညီထွေဖြစ်အောင် နေဖို့ ပါပဲ။ caseတစ်ခုဖြစ်လာပြီဆိုရင် နှစ်ဦးနှစ်ဘက် မျှတွေးပေးပါ။ သင့်ရဲ့ စိုးရိမ်ပူပန်မှု ၊ သ၀န်တိုမှုတွေကြောင့် တစ်ဖက်သားအတွက် ကြောက်လန့် စိုးရွံစရာတွေ မဖြစ်စေဖို့ ဂရုပြုသင့်ပါတယ်။ ပြီးတော့ နောက်တစ်ခုက သင်ကသူ့ ကိုချစ်ပါလျက်နဲ့ အေးစက်စက် အပြုအမူတွေ ၊ အပြောအဆိုတွေကြောင့် သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦး လမ်းခွဲလိုက်ကြတယ်ဆိုတဲ့ အဖြစ်မျိုးတွေ မကြုံရအောင် လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့  နားလည်မှု ဆိုတဲ့ အရာလေးပါ တစ်ပါတည်း မွေးဖွားပေးလိုက်မယ်ဆိုရင်တော့ ပိုပြီးပျော်ရွှင်နိုင်လိမ့်မယ်ထင်ပါတယ်နော်။

မျက်မြင်ကိုယ်တွေ့ မှယုံပါ

ချစ်သူနှစ်ဦးကြားမှာ ပြသနာတစ်ခုဖြစ်ပြီဆိုရင် ကိုယ်တွေ့ မဟုတ်ဘဲနဲ့ ၁၀၀%မယုံမိပါစေနဲ့ ။ တစ်ကယ်လို့ အဲ့ဒီအဖြစ်တွေဟာ အမှန်တွေဖြစ်ခဲ့မယ်ဆိုရင် သင်ထံမကြာမီရောက်လာမှာပါ။ သင့်ဘက်ကသာ အစစ်အမှန်တွေပေးခဲ့မယ်ဆိုရင် စစ်မှန်တဲ့ အကြောင်းအရာတွေကို ကံတရားက သင့်အတွက်ချန်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြစ်မလာသေးတဲ့ ပြသနာတွေကို တွေးပြီင်္းစိတ်ပူမနေပါနဲ့ ။ သင်ဟာနဂိုကတည်းက သံသယ များတတ်တယ်ဆိုရင်တော့ အစကတည်းက သင်သိချင်တဲ့ အကြောင်းအရာတွေကို အားမနာစတမ်းမေးထားပါ ။ သူဘယ်အချိန် ဘယ်နေရာမှာ ရှိနေမယ်ဆိုတာကို ဇယားချထားပါ ။ နှစ်ဦးနှစ်ဘက်မညာစတမ်း ပွင့်ပွင့်လင်းလင်းစကားပြောထားပါ ။ ဒါကြောင့် အရေးမကြီး တဲ့စွပ်စွဲချက်တွေကို ရှောင်ရှားဖို့  အစကတည်းက နှစ်ဦးကြားမှာ ပွင့်လင်းမှုတွေနဲ့  ပိတ်ပင်ထားပါ။

တိုက်ဆိုင်မှု တွေနဲ့ အချစ်အဓွန့် ရှည်ပါစေ

အချစ်ကို တွေ့ ရှိပြီးနောက် ကိုယ့်ဆီကထွက်မသွားစေဖို့  ချစ်သက်တမ်းတစ်လျှောက် အံ့သြမှုလေးတွေ ၊ တိုက်ဆိုင်မှုလေးတွေ နဲ့ ချစ်သက်တမ်းလေးဆွဲဆန့် ကြည့်ပါ ။သင့်အတွက် နေ့ စဉ်အလုပ်တွေ လုပ်နေရင်းနဲ့ တောင် တိုက်ဆိုင်မှုလေးတွေ ရှိအောင် ဖန်တီးနိုင်ပါတယ်။ ဒီနေ့ သူဝတ်ထားတဲ့ အင်္ကျီအရောင်နဲ့  သူဝတ်ထားတဲ့အင်္ကျီအရောင်လေးတွေကအစ စားသောက်မှုလေးတွေ ၊အကြိုက်လေးတွေ အဆုံးနေ့ စဉ်စကားပြောတိုင်း တိုက်ဆိုင်ကြည့်ပါ ။ သင်ဟာသူ့ ကို တကယ်ချစ်ရင် အနေဝေးနေပေမဲ့  အနီးမှာရှိနေသလို ခံစားရပါလိမ့်မယ် ။ ဒါပြင် သင်သိပ်ကြိုက်တဲ့ မင်းသား ၊ မင်းသမီး ၊ အစားအစာ ၊ ရုပ်ရှင် ၊ အရောင် စသည်ဖြင့် သူ့ ကိုပြောပြထားပါ ။ သူရဲ့ အကြိုက်လေးတွေကိုလည်း မေးပြီးမှတ်သားထားပါ ။ အံ့သြစေမယ့်အကြောင်းအရာလေးတွေကိုလည်းမှတ်သားထားပါ ။ တစ်ခါတစ်ရံ တစ်ဘက်သား မမျော်လင့်တဲ့  နေရာမျိုးတွေဆီကနေ အံ့သြစရာ အဖြစ်အပျက်တွေ နဲ့ စကားအဆန်လေးတွေကို ကြိုးစားပြီးဖန်တီးပြပါ ။ အချစ်ဆိုတဲ့ အရာက မြေပြင်လို ငြိမ်သက်နေတာထက် လှိုင်းကြပ်ခွပ်လေးတွေလို လှုပ်ရှားမှုလေးတွေ ရှိနေမှ ပျော်ရွှင်စရာ ကောင်းမှာပေါ့ ။ ဟုတ်ဘူးလား။

အလေ့အကျင့်လေးတွေနဲ့ ရှေ့ ဆက်ပါ

သင်တို့ နှစ်ယောက်ရဲ့ အချစ်တွေကို ဘယ်သူမှ့ အသိအမှတ် မပြုပေးရင်တောင် သင်တို့ နှစ်ယောက်ကြားက အချစ်တွေ ဘယ်တော့မှမပြယ်ပါစေနဲ့ ။ မဖြစ်နိုင်ဘူးဆိုရင်တောင် ယခုထိဆက်ချစ်နေသေးတဲ့ သင်တို့ နှစ်ယောက်ရဲ့ ရဲရင့်မှုတွေကို ဂုဏ်ယူပေးပါ ။ဒီအလေ့အကျင့်လေးတွေကို သင်တစ်ယောက်တည်းမဟုတ်ဘဲ နှစ်ယောက်စုံစုံညီညီနဲ့  အချစ်မှတ်တိုင် နေ့ ရက်ကလေးတွေမှာ ကျင်းပပေးပါ ။ ဒီလိုအလေ့အကျင့်လေးတွေကို ဖန်တီးတဲ့အခါ ပျော်ပျော်ရွင်ရွင် နက်နက်နဲနဲ ဖန်တီးပြပါ ။ချစ်သက်သေတွေပြပြီးတဲ့ အခါ သင့်ရဲ့ လုပ်ဆောင်မှုအတွက် အပြုံးတစ်ပွင့်နဲ့  ဂုဏ်ပြုတဲ့ အကျင့်ကို အမြဲ ရယူပါ ။ ချစ်သူရဲ့ အပြုံးတစ်ပွင့်ဟာ ရှေ့ ဆက်ရမယ့် ချစ်သက်တမ်းအတွက် အားအင်အသစ်တွေ နဲ့ နွေးထွေးမှုတွေကို အပြည့်အ၀ပေးနိုင်တဲ့ စိတ်ခွန်အားပေး တဲ့ ဖန်တီးမှုလေးတစ်ခုပါ ။

လက်တွဲဖော်မှန်ပါစေ

သင်ရွေးချယ်တဲ့သူဟာ အချိန်တိုင်းသင့်ကို လိုအပ်နေတယ် ။ သင်အတွက် ဘယ်အရာမဆို ပြောင်းလဲပစ်ဖို့ အဆင်သင့်ရှိသူလား ။ အချစ်ကံကောင်းစေဖို့  ၊ အချစ်မှာပျော်ရွှင်ဖို့ အတွက် အခြားလိုအပ်မှုပေါင်းများစွာကို ထည့်စဉ်းစားဖို့ တော့လိုအပ်ပါတယ် ။ လောကကြီးထဲမှာရှိတဲ့ လူသားတွေရဲ့ ဘ၀မှာ အရာတိုင်းကပြည့်စုံနေတယ် ဆိုတာတော့မရှိပါဘူး ။ လိုအပ်ချက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ် ။ဒါပေမဲ့ အချစ်စစ်သမားအတွက်တော့ အရာရာဖြည့်ယူမယ် ၊ နားလည်မှုတွေပေးမယ် ၊ ညှိနှိုင်းကြမယ် ဆိုတဲ့ ပန်းတိုင်ကိုမျှော်လင့်နိုင်ပါတယ် ။ဆင်ခြေတွေကို အမြဲမပေးပါနဲ့  ။

လက်ရှိအခြေအနေတွေကို ရိုးသားပါ ။

ကိုယ်ကလည်းအစစ်အမှန်ကို ရချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း အစစ်အမှန်တွေ ပေးမှဖြစ်မှာပေါ့ ။ဟုတ်ဘူးလား ။ သင့်စိတ်ထဲမှာ သူမှတစ်ပါး အခြားသူကို ပေးဆပ်ဖို့  ဘယ်တော့မှမစဉ်းစားပါနဲ့  ။ဒါကိုလည်း သူသိအောင်လုပ်ပါ ။ သင်တို့ နှစ်ဦင်္းကြားက စစ်မှန်မှုတွေကို ထုတ်ဖော်လေလေ ယုံကြည်မှုတွေ ခိုင်မြဲလေလေ ဖြစ်လာပါလိမ့်မယ် ။

တောင်းပန်ချက် ။ ။ သူများရေးထားတာလေးတွေပါ ။ ချစ်သူတွေ မှတ်ထားသင့်တယ်ထင်လို့ တင်ပေး လိုက်တာပါ ။ ရေးထားသူကိုယ်တိုင် ဒီဘလော့ကိုဖတ်မိတယ်ဆိုရင်လည်း  ခွင့်လွတ်ပေးဖို့တောင်းပန်ပါတယ် ။ အများသိစေချင်တဲ့စေတနာနဲ့ ပါ ။ အနော်ကတော့ ဘဲဘဲမရှိသေးတော့ လေ့လာသူအဆင့်ပဲရှိပါသေးတယ်။ ဟဲဟဲ အားလုံးပျော်ရွှင်နိုင်ကြပါစေ။

                                      လင်းရောင်ရှိန်

Artikel lesen   Diskutieren [8]

© 2006-2012 Free Video Chat VZOchat! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.